ပင်မခန္ဓာ၏ ပေါ်ထွက်လာမှု
Vol. 118 Ch. 1764
“ဟဲဟဲဟဲဟဲ”
သွေးမိစ္ဆာဧကရာဇ်၏ အမူအရာက ပြောင်းလဲသွားပြီး ရုတ်တရက် ရယ်မောလိုက်၏။
အစက သူက ရယ်မောနေရုံမျှသာဖြစ်၏။ နောက်ဆုံးမှာ သူက ဟားတိုက်ရယ်မောလာခဲ့လေသည်။
“ဟားဟားဟားဟားး..”
သူ၏ ရယ်သံက ကျယ်လောင်ပြီး စွမ်းအားကြီးမားသော စိတ်စွမ်းအားတစ်ခုနှင့်အတူ နေရာအဘက်ဘက်သို့ ဖြန့်ကြက်သွားလေသည်။
ပုံမှန်အခြေအနေမှာဆိုလျှင် သူ အပင်ပန်းဆင်းရဲခံ၍ နှစ်ပေါင်းကြာမြင့်စွာ ကျင့်ကြံခဲ့ရသော တတိယမြောက်ကိုယ်ပွားက သူ၏ ထိန်းချုပ်မှုအောက်ကနေ လုံးဝ လွတ်ထွက်သွားသည့်အတွက် အဲဒါက သွေးမိစ္ဆာဧကရာဇ်အတွက် ကြီးမားသည့် ထိုးနှက်ချက်တစ်ခု ဖြစ်သင့်လေသည်။
ဒါ့အပြင် ဤအချက်သည် သွေးမိစ္ဆာဧကရာဇ်က ကိုယ်တော်တာမင်းကို ဤတစ်ခေါက်မှာ ရှုံးနိမ့်သွားပြီဟု အဓိပ္ပာယ်ရ၏။
အဲဒါက သွေးမိစ္ဆာဧကရာဇ်အတွက် ဘယ်လိုမှ လက်မခံနိုင်သည့် ကိစ္စတစ်ခု ဖြစ်သင့်လေသည်။
သို့သော်လည်း သွေးမိစ္ဆာဧကရာဇ်သည် အရာရာတိုင်းကို ဂရုမစိုက်သည့်အလား.. ဒေါသမထွက်ဘဲ ရယ်မော၏။ သူ၏ ခန္ဓာကိုယ်က သွေးချီဖြင့် ပြည့်လျှမ်းလာပြီး သူ၏ အော်ရာက တလိပ်လိပ် ထိုးတက်လာ၏။
“တာမင်း.. ငါက နှစ်ကြိမ်မှားယွင်းတွက်ချက်ခဲ့တယ်ဆိုရင်တောင်မှ ကိစ္စမရှိဘူး”
“ငါ အဲဒါကို ထပ်ပြီး ပြန်လုပ်မယ်.. အခြေအနေက ငါ့ရဲ့ ထိန်းချုပ်မှုအောက်မှာပဲ ရှိနေသေးတယ်”
“မင်းက မိစ္ဆာသွေးသန့်စင်ထုတ်သုတ္တန်ကို ချေဖျက်နိုင်တယ်ဆိုပေမဲ့ မင်းက ငါ့ကို ယှဉ်နိုင်မှာ မဟုတ်ဘူး.. ငါက မင်းကို ဖိနှိမ်လိုက်တာနဲ့ ငါ့ရဲ့ မိစ္ဆာနည်းစနစ်နဲ့အတူ မင်းကို အပြည့်အဝ ပြန်ပြီးထိန်းချုပ်နိုင်ဦးမယ်.. နောက်ဆုံးမှာတော့ မင်း ငါ့ကို နိုင်မှာ မဟုတ်ဘူး”
ကိုယ်တော်တာမင်းက သူ၏ ခေါင်းကို ညင်သာစွာ ခါပြလိုက်၏။
“ငါ့ကို ဖိနှိမ်ဖို့ဆိုတာ အဲ့လောက်ထိ ဘယ်လွယ်ပါ့မလဲ”
သွေးမိစ္ဆာဧကရာဇ်က ဝင့်ကြွားစွာဖြင့် ပြောလိုက်၏။
“မင်းရဲ့ ခွန်အားကို ငါကောင်းကောင်းသိတာပေါ့.. မင်းက ဒီတစ်ခေါက် မျိုးနွယ်စုတစ်သောင်းတိုက်ပွဲမှာ မျိုးဆက်သွေးပေါင်းများစွာကို စုပ်ယူသန့်စင်ခဲ့တယ်ဆိုရင်တောင် ငါ့ရဲ့ ကိုယ်ပွားတစ်ခုကတင် မင်းကို ကောင်းကောင်းဖိနှိမ်နိုင်တယ်”
ကိုယ်တော်တာမင်းက ပြုံးပြလိုက်၏။
“သွေးမိစ္ဆာ.. ဒါကတော့ မင်းရဲ့ တတိယမြောက် မှားယွင်းတွက်ချက်မှုပဲ”
“အမ်”
သွေးမိစ္ဆာဧကရာဇ်က သူ၏ မျက်လုံးကို အနည်းငယ် မှေးကျဉ်းလိုက်၏။
ကိုယ်တော်တာမင်းက မှင်သေသေဖြင့် ပြောလိုက်လေသည်။
“မင်းရဲ့ တွက်ချက်မှုကနေ လွတ်ထွက်နေတဲ့ လူတစ်ယောက် ရှိနေသေးတယ်”
“မဖြစ်နိုင်ဘူး”
သွေးမိစ္ဆာဧကရာဇ်က ပြတ်သားစွာ ပြောလိုက်၏။
“ငါက နှစ်လေးသောင်းကြာအောင် ကြံစည်နေခဲ့တာ.. ထျန်ဟွမ်ကုန်းမြေတိုက်မှာ မွေးဖွားလာတဲ့ ပြိုင်စံရှားတွေနဲ့ ပြန်ဝင်စား မွန်းစတားတိုင်းက ငါ့ရဲ့ မျက်စိအောက်ကနေ ပြေးမလွတ်ဘူး”
ကိုယ်တော်တာမင်းက တစ်ဘက်သို့ လှည့်ပြီး လေဟာနယ်ကို ကြည့်ကာ ပြောလိုက်လေသည်။
“ငါက သွေးမိစ္ဆာရဲ့ ကိုယ်ပွားတစ်ခုကိုပဲ ကိုင်တွယ်နိုင်မယ်.. သွေးမိစ္ဆာရဲ့ ပင်မခန္ဓာနဲ့ သူ့ရဲ့ နောက်ထပ်ကိုယ်ပွားကိုတော့ ငါ မင်းကို လွှဲပေးရမှာပဲ”
ကိုယ်တော်တာမင်းက တစ်စုံတစ်ယောက်ကို စကားပြောဆိုနေသည်မှာ သိသာလေသည်။
သို့သော်လည်း လေဟာနယ်က လုံးဝ ဗလာကျင်းနေ၏။
ဧကရာဇ်များကလည်း မည်သူ့ကိုမှ မတွေ့မြင်ရပေ။
သွေးမိစ္ဆာဧကရာဇ်က သူ၏ မျက်လုံးကို မှေးကျဉ်းလိုက်ပြီး အဲဒါက သွေးရောင်အလင်းဖြင့် တောက်ပလာခဲ့၏။ သူက စိတ်ဝိညာဉ်အသိစိတ်ကို ထုတ်ဖော်ပြီး လေဟာနယ်ကို လွှမ်းခြုံကာ အဲဒါကို လုံးဝ ချိတ်ပိတ်လိုက်လေသည်။
“ဘယ်သူမှ မရှိပါ့လား”
သွေးမိစ္ဆာဧကရာဇ်၏ မျက်လုံးထဲမှာ တွေဝေရှုပ်ထွေးသည့် အရိပ်အယောင်တစ်ခု ထင်ဟပ်လာ၏။
ကိုယ်တော်တာမင်းကို သူနားလည်ထားသလောက် ထိုသူသည် အကြောင်းရင်း မရှိဘဲ ဤကဲ့သို့ နားဝေတိမ်တောင် ဖြစ်စေမည့်စကားကို သေချာပေါက် ပြောဆိုလိမ့်မည် မဟုတ်ပေ။
သို့သော်လည်း ထျန်ဟွမ်ကုန်းမြေတိုက်မှာ ဘယ်သူကများ သူ၏ အာရုံခံ အသိစိတ်ကနေ ပုန်းကွယ်နိုင်တာလဲ။
ရုတ်တရက်.. လေဟာနယ်ထဲမှာ လှုပ်ခတ်မှုတစ်ခု ဖြစ်ပေါ်သွားပြီး ရေမျက်နှာပြင်ကဲ့သို့ လှိုင်းဂယက်များ ပေါ်ထွက်လာ၏။
လေဟာနယ်ဝဲဂယက်များကြားကနေ လူတစ်ယောက်က ဖြည်းဖြည်းချင်း လျှောက်လှမ်းထွက်လာ၏။
ထိုသူက ခရမ်းရောင်ဝတ်ရုံကို သူ၏ ပခုံးထက်ကနေ လွှမ်းခြုံကာ ဝတ်ဆင်ထားလေသည်။ သူ၏ မျက်နှာကို မြူခိုးတစ်လွှာက ဖုံးအုပ်ထားပြီး သူ့မျက်နှာက မှုန်ရီဝေဝါးနေ၏။
ချက်ချင်းပင် အကြည့်ပေါင်းများစွာက ခရမ်းရောင်ဝတ်လူပေါ်သို့ ဆင်းသက်သွား၏။
“အဲဒါ ဘယ်သူလဲ”
“သူ့ရဲ့ ကျင့်ကြံမှုက ဘယ်အဆင့်မှာလဲ”
ဧကရာဇ်များစွာက တွေဝေရှုပ်ထွေးသွားကြ၏။
အရင်တုန်းက မျိုးနွယ်စုတစ်သောင်းစုဝေးပွဲ ကျင်းပနေစဉ် သိုင်းတာအိုပင်မခန္ဓာသည် ကောင်းကင်စင်ရော်ဂိုဏ်း၊ ဆိုးယုတ်မြေကမ္ဘာဂိုဏ်းနှင့် ဖန်းလိုင်ကျွန်းမှ ကျင့်ကြံရေး နည်းစနစ်များနှင့် လျှို့ဝှက်အတတ်များကို လုယူရန် ထွက်ပေါ်လာခဲ့ဖူး၏။
သို့သော် လက်ရှိဧကရာဇ်များထဲ မည်သူကမှ သူ့ကို မတွေ့မြင်ကြဖူးပေ။
ဧကရာဇ်များကို အံ့အားအသင့်စေဆုံးအရာမှာ သူတို့သည် ဤလူ၏ မျက်နှာပေါ်ရှိ မြူခိုးများကို ထွင်းဖောက်မမြင်နိုင်ရုံသာမက သူတို့သည် ဤလူ၏ ကျင့်ကြံမှုအဆင့်ကိုလည်း မထောက်လှမ်းနိုင်ပေ။
ဤလူနှင့် ပတ်သက်သည့် အရာရာတိုင်းက လျှို့ဝှက်ဆန်းကြယ်မှုတစ်ခု ဖြစ်နေ၏။
ပုံပြောအဘိုးအိုက တိတ်တဆိတ် မနောဗေဒင်တွက်ချက်ကြည့်လိုက်၏။
သိပ်မကြာခင်.. ပုံပြောအဘိုးအိုက ဆတ်ခနဲ တုန်ယင်သွားလေသည်။
သူသည် မည်သည့်အရာကိုမှ တွက်ချက်နိုင်ခြင်း မရှိပေ။
အရင်တုန်းက သူသည် ဆူဇီမိုကို တွက်ချက်ခဲ့စဉ်ကတောင် သူသည် ထိုသူ၏ နောက်ခံအချို့ကို သိမြင်နိုင်ဆဲဖြစ်ပြီး လမ်းတစ်ဝက်မှာသာ ကျရှုံးခဲ့လေသည်။
သို့သော်လည်း ဤလူကိုတော့ သူ လုံးဝ ခြေရာမကောက်နိုင်ပေ။
သွေးမိစ္ဆာဧကရာဇ်၏ အမူအရာကလည်း ညိုမည်းလာခဲ့၏။
သူပင်လျှင် ခရမ်းရောင်ဝတ် အမျိုးသား၏ နောက်ခံနှင့် ကျင့်ကြံမှုကို မပြောနိုင်သောကြောင့် ဖြစ်၏။
သို့သော်လည်း သွေးမိစ္ဆာဧကရာဇ်က သိပ်ပြီး စိုးရိမ်ပူပန်နေခြင်း မရှိပေ။
ထျန်ဟွမ်ကုန်းမြေတိုက်၏ လောကက ပြီးပြည့်စုံသွားခဲ့ပြီဖြစ်၏။ ကောင်းကင်နှင့်မြေကြီး၏ နိယာမ ဥပဒေသများကလည်း တည်ငြိမ်သွားလေပြီ။
ဤလူသည် အထက်ဘုံမှ ပညာရှင်တစ်ယောက်ဖြစ်စရာ ဘယ်လိုမှ အကြောင်းမရှိပေ။
ဤလူက အောက်ဘုံမှ တစ်စုံတစ်ယောက် ဖြစ်နေသည်ဆိုမှတော့ သူသည် သူ၏ အစွမ်းအစနှင့်အတူ ဤလူကို ဖိနှိမ်နိုင်သည်ဟု သွေးမိစ္ဆာဧကရာဇ်က ယုံကြည်လေသည်။
“မင်း ဘယ်သူလဲ”
သွေးမိစ္ဆာဧကရာဇ်က သူ၏ မျက်လုံးကို မှေးကျဉ်းပြီး အေးစက်စွာ မေးလိုက်၏။
သိုင်းတာအိုပင်မခန္ဓာက ပြန်မဖြေရသေးခင်မှာပင်.. ကိုယ်တော်တာမင်းက ညင်သာစွာ ပြုံးပြလိုက်၏။
“သွေးမိစ္ဆာ.. မင်းက သိုင်းဧကရာဇ်ကို လျှော့တွက်ထားပါတယ်လို့ စောစောကတင် ငါပြောခဲ့သားပဲ”
“သိုင်းဧကရာဇ်လား”
သွေးမိစ္ဆာဧကရာဇ်က မျက်မှောင်ကြုတ်လိုက်၏။
“အဲဒီလူက အထီးကျန်သိုင်းသခင်နဲ့ ဘယ်လိုများ ပတ်သက်နေတာလဲ”
သိုင်းတာအိုပင်မခန္ဓာက အံ့အားသင့်သွားပြီး ကိုယ်တော်တာမင်းကို တစ်ချက်လှည့်ကြည့်ကာ ပြုံးစစဖြင့် မေးလိုက်၏။
“ခင်ဗျား ဘယ်တုန်းက သိသွားတာလဲ”
“ရှေးဟောင်းတိုက်ပွဲမြေမှာတုန်းက”
ကိုယ်တော်တာမင်းက ပြောလိုက်၏။
“အဲဒီအချိန်တုန်းက မင်းနဲ့ငါက ဧကရာဇ်တွေ ဖြစ်လာပြီး သီယွီနဲ့ အလောင်းဧကရာဇ်ကို သတ်ဖြတ်ခဲ့စဉ်တုန်းက မင်းရဲ့ တည်ရှိမှုအကြောင်းကို ငါက မင်းရဲ့ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကို ပြောပြခဲ့သေးတယ်”
“မင်းရဲ့ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာက အနည်းငယ် အံ့အားသင့်သွားပုံရပေမဲ့ သူက တည်ငြိမ်လွန်းနေတယ်.. သိချင်စိတ် ပြင်းပြလာတာမျိုး မရှိဘူး.. အဲဒီအချိန်ကတည်းက ငါက အဲဒါကို ခန့်မှန်းမိလိုက်တယ်”
သိုင်းတာအိုပင်မခန္ဓာက စိတ်ထဲကနေ ကြိတ်ပြီး ချီးကျူးလိုက်၏။
ကိုယ်တော်တာမင်းသည် တကယ့်ကို ပါးရည်နပ်ရည်ရှိပြီး သူတွေ့ကြုံဖူးသမျှ ကျင့်ကြံသူများထဲ ပါရမီအရည်အချင်း အရှိဆုံးဖြစ်လေသည်။
သူသည် မိစ္ဆာသွေးသန့်စင်ထုတ်သုတ္တန်ကို ချေဖျက်နိုင်ခဲ့သည့်အချက်ကပင် သူက ဘယ်လောက်သန်မာပြီး ဘယ်လောက် ပါရမီအရည်အချင်းရှိကြောင်း သက်သေပြပေးနေ၏။
ကိုယ်တော်တာမင်းက သူ့ကို ဖော်ထုတ်လိုက်ပြီဖြစ်တာကြောင့် သိုင်းတာအိုပင်မခန္ဓာအနေဖြင့် ဆက်လက်၍ ဖုံးကွယ်ထားစရာ မလိုတော့ပေ။
သူ့မျက်နှာပေါ်ရှိ မြူခိုးများက တဖြည်းဖြည်း ပျက်ပြယ်သွားပြီး သူ၏ အစစ်အမှန်သွင်ပြင်က ပေါ်ထွက်လာခဲ့၏။
အစကတော့ သိုင်းတာအိုပင်မခန္ဓာနှင့် ကိုယ်တော်တာမင်းကြား အပြန်အလှန်ပြောဆိုမှုကို ကြားရသောအခါ ဧကရာဇ်များက တွေဝေရှုပ်ထွေးနေခဲ့ကြ၏။
သို့သော်လည်း သိုင်းတာအိုပင်မခန္ဓာက သူ၏ အစစ်အမှန်သွင်ပြင်ကို ထုတ်ဖော်ပြသလိုက်သောအခါ အဲဒီမှာ အုန်းအုန်းကျက်ကျက် အသံများ ထွက်ပေါ်လာ၏။
“အား.. “
“အဲဒါ ဘယ်လိုဖြစ်နိုင်မှာလဲ”
“သိုင်းဧကရာဇ်လား…”
ဧကရာဇ်များက မယုံကြည်နိုင်စွာဖြင့် မျက်လုံးများ ပြူးကျယ်သွားကြ၏။
ပုံပြောအဘိုးအိုသည် နဂါးဖီးနစ် အစစ်အမှန်ခန္ဓာ၊ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာနှင့် သိုင်းတာအိုပင်မခန္ဓာကို တစ်လှည့်စီ ကြည့်ပြီး သူ၏ ပါးစပ်က အနည်းငယ် ပွင့်ဟနေ၏။
အဲဒါက သိုင်းဧကရာဇ်၏ တတိယမြောက် အစစ်အမှန်ခန္ဓာလား..
သွေးမိစ္ဆာဧကရာဇ်ကလည်း တကယ့်ကို အံ့မခန်း ပုဂ္ဂိုလ်တစ်ယောက် ဖြစ်လေသည်။ သူက ခဏမျှ တုန်လှုပ်သွားပြီးနောက် သူ၏ စိတ်ကို ပြန်လည်တည်ငြိမ်စေကာ သိုင်းတာအိုပင်မခန္ဓာကို အေးစက်စွာ ကြည့်လိုက်၏။
“စိတ်ဝင်စားစရာပဲ”
သွေးမိစ္ဆာဧကရာဇ်က ပြုံးပြလိုက်၏။
“မင်းရဲ့ ကိုယ်ပွားက ငါ့ကို အရူးလုပ်နိုင်အောင်အထိ ကောင်းကောင်းသိုဝှက်နိုင်ခဲ့တာပဲ”
သူသည် သူ၏ မိစ္ဆာနည်းစနစ်ကို တိတ်တဆိတ် လှည့်ပတ်လိုက်ပြီး သူ၏ မျက်လုံးက သွေးရောင် အလင်းတစ်ခုဖြင့် တောက်ပလာ၏။ သူသည် သိုင်းတာအိုပင်မခန္ဓာကို ထိန်းချုပ်ဖို့ ကြိုးစားကြည့်ချင်လေသည်။
“ဘာမှ ကြိုးစားမနေနဲ့တော့”
သိုင်းတာအိုပင်မခန္ဓာက သွေးမိစ္ဆာဧကရာဇ်၏ စိတ်အကြံကို ဖတ်မိနိုင်ပြီး သူက မှင်သေသေဖြင့် ပြောလိုက်၏။
“မင်းရဲ့ မိစ္ဆာနည်းစနစ်က ငါ့အတွက် အလကားပဲ”
သိုင်းတာအိုပင်မခန္ဓာ၏ မွေးဖွားပေါ်ထွက်လာမှုသည် အစကတည်းက မူကွဲတစ်ခု ဖြစ်လေသည်။
ဤအစစ်အမှန်ခန္ဓာသည် သိုင်းတာအိုသစ်သီးကနေ ဖြစ်ပေါ်လာခဲ့ပြီး သိုင်းတာအို၏ စိတ်စွမ်းအား၊ သက်ရှိအားလုံး၏ ယုံကြည်သက်ဝင်မှုနှင့် အခြားသော စွမ်းအားများစွာကို စုဆောင်းထားခဲ့လေသည်။ အဲဒီမှာ မိစ္ဆာသွေးသန့်စင်ထုတ်သုတ္တန်၏ မည်သည့်အရိပ်အယောင်မှ မပါရှိပေ။
“ကောင်းတယ်ကွာ.. ကောင်းတယ်.. ကောင်းတယ်”
သွေးမိစ္ဆာဧကရာဇ်က ထပ်တလဲလဲ ခေါင်းညိတ်ပြလိုက်၏။
“နှစ်လေးသောင်းကြာ ကြံစည်နေခဲ့တာတောင် ဒီလိုမျိုး အလှည့်အပြောင်းတစ်ခုက ပေါ်ထွက်လာတုန်းပဲ”
“ဒါပေမဲ့ ကိစ္စမရှိဘူးလေ.. ထျန်ဟွမ်ကုန်းမြေတိုက်မှာ ဘယ်သူကများ ငါ့ရဲ့ တိုက်ခိုက်မှုကို ခုခံနိုင်မလဲ ကြည့်ရသေးတာပေါ့”
“သတ်”
သွေးမိစ္ဆာဧကရာဇ်၊ ထောင်ဝူသားရဲဧကရာဇ်နှင့် ကြယ်တာရာ အင်မော်တယ်ဧကရာဇ်တို့ထံမှ သွေးချီက တလိပ်လိပ်ထိုးတက်လာပြီး သူတို့က ကြောက်မက်ဖွယ်ရာကောင်းသော သွေးမျက်နှာများကို ထုတ်ဖော်ကာ အဘက်ဘက်ကနေ ဟိန်းဟောက်လိုက်ကြ၏။
တိုက်ပွဲက ချက်ချင်းပင် ဖြစ်ပွားလာတော့လေသည်။
ပုံပြောသူ၊ လုံရန်နှင့် အခြားသူများသည် သွေးမိစ္ဆာဧကရာဇ်ထံမှာ အညံ့ခံထားခဲ့ပြီဖြစ်သော သွေးကျွန်ဧကရာဇ်များဆီသို့ ချက်ချင်းပင် ဦးတည်လိုက်ကြ၏။
သွေးမိစ္ဆာဧကရာဇ်နှင့် သူ၏ ကိုယ်ပွားနှစ်ခုကို သိုင်းတာအိုပင်မခန္ဓာနှင့် ကိုယ်တော်တာမင်းက ရင်ဆိုင်ရပေမည်။
ဤအဆင့်တိုက်ပွဲတစ်ပွဲမှာ ညဝိညာဉ်ပင်လျှင် ဝင်မပါနိုင်တော့ပေ။