← Chapters

သွေးပိုက်ကွန်

Vol. 118 Ch. 1767

သွေးပိုက်ကွန်

Vol. 118 Ch. 1767

အခြားသော ဧကရာဇ်များကြား တိုက်ပွဲက လူသားမျိုးနွယ်မှ ဧကရာဇ်များအပေါ် ခြိမ်းခြောက်မှုများစွာ မရှိပေ။

ဘာပဲပြောပြော ညဝိညာဉ်သည် အန္တိမ နတ်ဘုရားစွမ်းအားနှစ်ခုကို နားလည်ဆင်ခြင်ထားပြီး ဧကရာဇ်များကြားမှာ ပြိုင်ဘက်ကင်းသလောက်နီးပါး ဖြစ်နေ၏။

သို့သော်လည်း ဤနေရာမှာ ရှိသော အခြေအနေ၏ ရလဒ်က အခြေအနေတစ်ရပ်လုံးကို ဆုံးဖြတ်ပေးနိုင်လိမ့်မည် မဟုတ်ပေ။

သွေးမိစ္ဆာဧကရာဇ်ကို အပြီးတိုင် သတ်ဖြတ်ခြင်းဖြင့်သာ ထျန်ဟွမ်ကုန်းမြေတိုက်သည် ဤကပ်ဘေးကနေ လွတ်မြောက်နိုင်ပေလိမ့်မည်။

သိုင်းတာအိုပင်မခန္ဓာသည် သွေးမိစ္ဆာဧကရာဇ်နှင့် ထောင်ဝူသားရဲဧကရာဇ်ကို ဖိနှိမ်နေသော်လည်း အဲဒါက တစ်ယောက်နှင့် နှစ်ယောက် ရင်ဆိုင်နေရခြင်း ဖြစ်သည်ကို ဧကရာဇ်များက ရှင်းလင်းစွာ တွေ့မြင်နိုင်လေသည်။

သူသည် သွေးမိစ္ဆာဧကရာဇ်ကို အချိန်တိုအတွင်းမှာ တိုက်ရိုက်သတ်ဖြတ်ချင်သည် ဆိုပါက မဖြစ်နိုင်သေးပေ။

တစ်ဖက်မှာတော့.. ကိုယ်တော်တာမင်းနှင့် ကြယ်တာရာ အင်မော်တယ်ဧကရာဇ်အကြား ရလဒ်က ပေါ်ထွက်လာတော့မည့်ဆဲဆဲ ဖြစ်နေ၏။

ကိုယ်တော်တာမင်း၏ ကျင့်ကြံမှုအချိန်က အရမ်းကို တိုတောင်းလွန်းနေ၏။

ကိုယ်တော်တာမင်းသည် မိစ္ဆာသွေးသန့်စင်ထုတ်သုတ္တန်ကို ချေဖျက်ပြီး ဗုဒ္ဓကျောင်းတော်များ၏ လေးနက်သိမ်မွေ့မှုများစွာကို ပိုင်ဆိုင်ထားသော်လည်း သူ့အနေဖြင့် နှစ်သောင်းချီ ကျင့်ကြံမှုကို လိုက်မီဖာထေးနိုင်ဖို့ ခက်ခဲနေဆဲဖြစ်၏။

ခွန်အားနှင့် နတ်ဘုရားစွမ်းအားများကို အသုံးပြုရာမှာ ကိုယ်တော်တာမင်းက အရေးနိမ့်နေ၏။

တိုက်ပွဲ၏ ဤနေရာအရောက်တွင် ကိုယ်တော်တာမင်းသည် ဒဏ်ရာများဖြင့် ပြည့်နှက်လာခဲ့ပြီဖြစ်ပြီး သွေးချီအမြောက်အများကိုလည်း သုံးစွဲခဲ့ရပြီးလေပြီ။

သို့သော်လည်း ကြယ်တာရာ ဧကရာဇ်က များစွာပိုမိုကောင်းမွန်သည့် အခြေအနေမှာ ရှိနေ၏။ သူ၏ အဝတ်စက တဖျပ်ဖျပ်လွင့်နေပြီး သူပြုလုပ်သော လှုပ်ရှားမှု တစ်ခုချင်းစီက လွတ်လပ်ပေါ့ပါးနေဆဲဖြစ်၏။

သူတို့ကြား ကွာဟချက်က သိသာရှင်းလင်းလာလေသည်။

ပုံပြောအဘိုးအိုက စိုးရိမ်ပူပန်လာခဲ့၏။

ကိုယ်တော်တာမင်းက ကြယ်တာရာ အင်မော်တယ်ဧကရာဇ်၏ ဖိနှိမ်ခြင်းကို ခံရမည်ဆိုလျှင် သိုင်းတာအိုပင်မခန္ဓာသည် သုံးယောက် တစ်ယောက် တိုက်ခိုက်ရတော့မည်ဟု အဓိပ္ပာယ်ရလေသည်။

ပို၍ပင် ကြောက်စရာကောင်းသည်မှာ ထိုအချိန်တွင် သွေးမိစ္ဆာဧကရာဇ်က ကိုယ်တော်တာမင်းကို ဖိနှိမ်နိုင်သည်နှင့် သူ၏ တတိယမြောက် ကိုယ်ပွားကို သန့်စင်မွမ်းမံနိုင်ဖို့ မြင့်မားသည့် အခွင့်အရေးရှိလေသည်။

ထိုအချိန်ကျလျှင် သိုင်းတာအိုပင်မခန္ဓာသည် သွေးမိစ္ဆာဧကရာဇ်၏ ပြီးပြည့်စုံသော မိစ္ဆာနည်းစနစ်ကို ယှဉ်နိုင်တော့မည် မဟုတ်ပေ။

ထိုစဉ်မှာပင်.. သေရေး ရှင်ရေးဖြစ်နေသော တိုက်ပွဲနယ်မြေမှာ နောက်ထပ် အပြောင်းအလဲတစ်ခုက ပေါ်ထွက်လာ၏။

သွေးမိစ္ဆာဧကရာဇ်သည် သိုင်းတာအိုပင်မခန္ဓာ၏ ဖိနှိမ်ခြင်းကို ခံနေရပြီး သူ၏ မျက်လုံးထဲရှိ သွေးရောင်အလင်းက တရုန်းရုန်း ထကြွလာ၏။ သူက အဲဒါကို ဆက်လက်၍ သည်းမခံနိုင်တော့ပေ။

ထောင်ဝူသားရဲဧကရာဇ်၏ ဘက်မှာ အခြေအနေက ပို၍ပင် ဆိုးရွားပြီး သူက သွေးများဖြင့် စိုရွှဲနေ၏။

“စုပ်ယူစမ်း”

ရုတ်တရက်.. သွေးမိစ္ဆာဧကရာဇ်သည် သူ၏ သိုလှောင်အိတ်ထဲကနေ ငါးဖမ်းပိုက်ကွန်တစ်ခုကို ထုတ်ယူပြီး သူ၏ လျှာဖျားကို ကိုက်လိုက်၏။ သူက အဆီအနှစ်သွေးတစ်လုတ်ကို ငါးဖမ်းပိုက်ကွန်အပေါ်သို့ ထွေးထုတ်လိုက်လေသည်။

ဇီး..

ပိုက်ကွန်က သွေးရောင်အလင်းဖြင့် တောက်ပလာပြီး တစ်ခဏချင်းမှာပင် နီဆွေးသွားကာ အလွန်တရာ ဆိုးယုတ်သော အော်ရာတစ်ခုကို ဖြာထုတ်ပေးလိုက်၏။

သွေးမိစ္ဆာဧကရာဇ်က သူ၏ လက်ကို ဝှေ့ယမ်းလိုက်လေသည်။

သွေးနီရောင် ပိုက်ကွန်က သိုင်းတာအိုပင်မခန္ဓာပေါ်သို့ လွှမ်းခြုံလာခဲ့၏။

သိုင်းတာအိုပင်မခန္ဓာသည် မျက်မှောင် အနည်းငယ်ကြုတ်ပြီး ဘေးဘက်သို့ ဖျတ်ခနဲ ရှောင်တိမ်းလိုက်လေသည်။

သူ၏ အာရုံခံသတိစိတ်ကနေတစ်ဆင့် သွေးနီရောင် ငါးဖမ်းပိုက်ကွန်က ကိုင်တွယ်ရ မလွယ်ကူဘူးဆိုတာကို သိုင်းတာအိုပင်မခန္ဓာသည် အာရုံခံမိသွားပြီဖြစ်၏။

သို့သော်လည်း သိုင်းတာအိုပင်မခန္ဓာက ဘယ်လိုပင် ရှောင်တိမ်းသည်ဖြစ်စေ.. သူသည် ထိုငါးဖမ်းပိုက်ကွန်၏ လွှမ်းခြုံမှုအောက်ကနေ မလွတ်မြောက်နိုင်ပေ။

သိုင်းတာအိုပင်မခန္ဓာက ထပ်တလဲလဲ ရှောင်တိမ်းနေရ၏။ သူသည် သွေးနီရောင် ပိုက်ကွန်ကနေ ရုန်းမထွက်နိုင်ရုံသာမက သူက အဲဒါနှင့် ပို၍ပင် နီးကပ်လာခဲ့၏။

“ဟမ့်”

သွေးမိစ္ဆာဧကရာဇ်က လှောင်ရယ်လိုက်၏။

“ငါက အထက်ဘုံက လျှို့ဝှက်အတတ်တစ်ခုကို သုံးပြီး နှစ်လေးသောင်းကြာအောင် ဒီသွေးပိုက်ကွန်ကို သန့်စင်မွမ်းမံထားတာ.. မင်းက မြေလျှိုးမိုးပျံနိုင်မယ်ဆိုရင်တောင် လွတ်မြောက်နိုင်မှာ မဟုတ်တော့ဘူး”

ထိုသို့ သူပြောလိုက်ပြီးနောက် သွေးနီရောင် ပိုက်ကွန်က ဆင်းသက်လာပြီး သိုင်းတာအိုပင်မခန္ဓာပေါ်သို့ အုပ်မိုးလာခဲ့၏။

သွေးနီရောင် ပိုက်ကွန်သည် သိုင်းတာအိုပင်မခန္ဓာနှင့် ထိတွေ့မိသည့် ခဏမှာပင် ၎င်းက အဆက်မပြတ် ကျုံ့ဝင်လာခဲ့၏။

”ပျက်စမ်း”

သိုင်းတာအိုပင်မခန္ဓာ၏ သွေးချီက တလိပ်လိပ် ထိုးတက်လာပြီး သူ၏ ခန္ဓာကိုယ်က ပြန့်ကားလာ၏။ သူ၏ အသားများက ပွယောင်းလာပြီး သူ့ခန္ဓာကိုယ်၏ စွမ်းအားနှင့်အတူ သွေးနီရောင် ပိုက်ကွန်ထံကနေ ရုန်းထွက်ချင်လေသည်။

သို့သော်လည်း သွေးနီရောင် ပိုက်ကွန်က ပြန့်ကားလာသော သူ့ခန္ဓာကိုယ်အတိုင်း လိုက်ပါပြန့်ကားလာခဲ့၏။

သူ၏ စွမ်းအားသည် သွေးနီရောင် ပိုက်ကွန်နှင့် ရင်ဆိုင်ရာမှာ မည်သို့မှ သုံးစားမရဖြစ်နေ၏။

ပိုက်ကွန်သည် အစကတည်းက နူးညံ့ပျော့ပြောင်းမှု ရှိလေသည်။

သိုင်းတာအိုပင်မခန္ဓာ၏ စွမ်းအားက ကြမ်းကြုတ်ခက်ထန်မှု အရှိဆုံးဖြစ်သော်လည်း ငါးဖမ်းပိုက်ကွန်၏ တန်ပြန်ဒုက္ခပေးခြင်းကို ခံနေရ၏။

သိုင်းတာအိုပင်မခန္ဓာ၏ ရုန်းကန်ပေါက်ကွဲအားက ကြမ်းကြုတ်ခက်ထန်သော်လည်း ပိုက်ကွန်သည် အဘက်ဘက်ကနေ ဖြန့်ကြက်၍ အဲဒါကို ချေဖျက်ပစ်နေ၏။ ထိုမျှသာမက သွေးနီရောင် ပိုက်ကွန်က သိုင်းတာအိုပင်မခန္ဓာ၏ အသားနှင့် နီးကပ်လာသောအခါ ၎င်းသည် သူ၏ ခရမ်းရောင် ဝတ်ရုံကနေတစ်ဆင့် သူ၏ ခန္ဓာကိုယ်ထဲသို့ ဆိုးယုတ်သွေးချီတစ်ခုကို စိမ့်ဝင်ထိုးဖောက်လာစေ၏။

သိုင်းတာအိုပင်မခန္ဓာ၏ မျက်မှောင် အနည်းငယ်ကြုတ်လိုက်၏။

သွေးနီရောင် ပိုက်ကွန်က တကယ်ပင် ကြောက်စရာကောင်းလေသည်။

သူသည် ပိုက်ကွန်ကနေ ရုန်းမထွက်နိုင်ဘူးဆိုလျှင် သွေးမိစ္ဆာဧကရာဇ်ကို သတ်ဖြတ်ဖို့နေနေသာ သူကိုယ်တိုင်ပင် အလွယ်တကူ ဝါးမျိုခံရပေလိမ့်မည်။

အခြေအနေက နောက်တစ်ဖန် ပြောင်းလဲသွား၏။

တစ်ခဏချင်းမှာပင် သိုင်းတာအိုပင်မခန္ဓာက အသည်းအသန် ခုခံရသော အခြေအနေသို့ ရောက်ရှိသွားလေပြီ။

အခြားတစ်ဖက်မှာ..

ကိုယ်တော်တာမင်းသည် အနည်းငယ် စိတ်အားညှိုးငယ်သည့်ပုံပေါ်နေသော်လည်း သူသည် မလှမ်းမကမ်းတွင် ရှိသော ကြယ်တာရာ အင်မော်တယ်ဧကရာဇ်ကို ကြည့်ရင်း သူ၏ အကြည့်က အကြင်နာ မေတ္တာဓာတ်ကို ဖြာထုတ်ပေးနေဆဲဖြစ်၏။

သူသည် သူ၏ လက်ဖဝါးနှစ်ဖက်ကို ယှက်၍ သူ၏ မျက်လုံးနှစ်ဖက်ကို မှိတ်ကာ ဂါထာမန္တန်တစ်ခုကို ရွတ်ဆိုလိုက်၏။

ရုတ်တရက်ဆိုသလို…

ကြယ်တာရာ အင်မော်တယ်ဧကရာဇ်၏ ဘေးပတ်လည်မှာ မြင့်မား၍ မြင့်မြတ်ထည်ဝါသော ဗုဒ္ဓများက ပေါ်ထွက်လာပြီး ပြိုင်ဘက်ကင်း စွမ်းပကားတစ်ခုနှင့်အတူ တလက်လက် တောက်ပလာခဲ့၏။

ဗုဒ္ဓတစ်ပါးချင်းစီက ဓမ္မသုတ္တန်များကို ရွတ်ဆိုပြီး လောကတစ်ခွင် ပဲ့တင်ထပ်သွားစေ၏။

နတ်နဂါးနှင့် နတ်ဆင်တို့၏ အရိပ်များက ဧရာမ ဗုဒ္ဓများ၏ ဘေးပတ်လည်မှာ တဖြည်းဖြည်း ပေါ်ထွက်လာ၏။

နတ်နဂါးများက ဟိန်းဟောက်လိုက်ပြီး နတ်ဆင်များကလည်း အော်မြည်လိုက်ကြ၏။

အဲဒါသည် ဗုဒ္ဓကျောင်းတော်များ၏ အသန်မာဆုံး အန္တိမ နတ်ဘုရားစွမ်းအား ဗုဒ္ဓနဂါးဆင်ဖြစ်၏။

လူတစ်ယောက်သည် ဗုဒ္ဓဝါဒအပေါ် အနက်ရှိုင်းဆုံး နားလည်ဆင်ခြင်မှုရှိပြီး ဗုဒ္ဓကျောင်းတော်များ၏ လေးနက်သိမ်မွေ့မှု များစွာနှင့် ပေါင်းစည်းထားမှသာလျှင် ဗုဒ္ဓနဂါးဆင်ကို နားလည်ဆင်ခြင်နိုင်ပေလိမ့်မည်။

အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာပင်လျှင် ထိုအန္တိမ နတ်ဘုရားစွမ်းအားကို နားလည်ဆင်ခြင်နိုင်ခြင်း မရှိပေ။

ဗုဒ္ဓနဂါးဆင်က ဆင်းသက်လာပြီး ကြောက်စရာကောင်း​သော စွမ်းအားတစ်ခုက ကြယ်တာရာ အင်မော်တယ်ဧကရာဇ်ကို ဖိနှိမ်လာခဲ့၏။

“ကြယ်ကြွေခြင်း”

သုန်မှုန်နေသော အမူအရာတစ်ခုနှင့်အတူ ကြယ်တာရာ အင်မော်တယ်ဧကရာဇ်က မဆင်မခြင် ပြုမူရဲခြင်း မရှိဘဲ သူ၏ အန္တိမ နတ်ဘုရားစွမ်းအားကို အလောတကြီး ထုတ်ဖော်လိုက်၏။

ချက်ချင်းပင် လောကက လှုပ်ခါသွား၏။

မိုးကောင်းကင်ထက်မှ မရေမတွက်နိုင်သော ကြယ်များက ကြောက်စရာကောင်းသော အော်ရာများနှင့်အတူ တရိပ်ရိပ် ဖြတ်သန်းလာပြီး ထျန်ဟွမ်ကုန်းမြေတိုက် ရှိရာသို့ မီးတောက်များနှင့်အတူ ဆင်းသက်လာခဲ့၏။

သို့သော်လည်း ဗုဒ္ဓအလင်းနှင့် နဂါးဆင်တို့၏ ကာကွယ်မှုနှင့်အတူ ထိုကြယ်များက ဗုဒ္ဓ၏ စွမ်းအားကို လှုပ်ခတ်စေနိုင်ခြင်း မရှိပေ။

“ငရဲသွေးဒိုင်းကာ”

ကြယ်တာရာ အင်မော်တယ်ဧကရာဇ်၏ အမူအရာက ရုတ်ချည်းပြောင်းလဲသွားပြီး အန္တိမ နတ်ဘုရားစွမ်းအားတစ်ခုတည်းက ဗုဒ္ဓနဂါးဆင်ကို မကိုင်လှုပ်နိုင်ဘူးဆိုတာကို နားလည်သဘောပေါက်သွား၏။ ထို့နောက် ချက်ချင်းပင် သူက ဒုတိယမြောက် အန္တိမ နတ်ဘုရားစွမ်းအားကို ထုတ်ဖော်လိုက်၏။

ဗုဒ္ဓနဂါးဆင် ပေါ်ထွက်လာသည့် ခဏမှာပင် ကြယ်တာရာ အင်မော်တယ်ဧကရာဇ်သည် အဲဒါကို ခုခံဖို့အတွက် အန္တိမ နတ်ဘုရားစွမ်းအားနှစ်ခုကို ဆက်တိုက်ထုတ်ဖော်ခဲ့၏။

ဘုန်း.. ဘုန်း.. ဘုန်း..

ဗုဒ္ဓ၏ စွမ်းအားက ကြယ်များနှင့် ထိတွေ့ရိုက်ခတ်သွား၏။

များပြားလှစွာသော ဂါထာမန္တန်အသံများက ကြယ်တာရာ အင်မော်တယ်ဧကရာဇ်ကို ဖိနှိမ်လာခဲ့၏။

အဆုံးမဲ့ ဗုဒ္ဓအလင်းရောင်ခြည်က ဆင်းသက်လာပြီး ကြယ်တာရာ အင်မော်တယ်ဧကရာဇ်ကို ဆေးကြောသန့်စင်ပေးချင်လေသည်။ သို့သော်လည်း ကြယ်တာရာ အင်မော်တယ်ဧကရာဇ်က အလွန်တရာ လျင်မြန်စွာ တုံ့ပြန်ပြီး သူ၏ ဦးခေါင်းထက်မှာ တလက်လက် တောက်ပနေသော သွေးနီရောင်ဒိုင်းကာကို ဆင့်ခေါ်ကာ သူက ၎င်း၏ နောက်မှာ ပုန်းကွယ်လိုက်လေသည်။

ဂါထာမန္တာန်များနှင့် ဗုဒ္ဓအလင်းများက ငရဲသွေးဒိုင်းကာပေါ်သို့ ဆင်းသက်လာပြီး ဝဲဂယက်များကို ဖြာထွက်လာစေ၏။

ကြယ်တာရာ အင်မော်တယ်ဧကရာဇ်၏ မျက်နှာက အနည်းငယ် ဖြူဖျော့သွားလေသည်။

သူသည် ပထမဆုံးအကြိမ်အဖြစ် ကိုယ်တော်တာမင်းထံမှ ခြိမ်းခြောက်မှုကို ခံစားလာရ၏။

ကံကောင်းထောက်မစွာဖြင့် သူ၏ ကျင့်ကြံမှုအဆင့်က အလွန်တရာ နက်ရှိုင်းနေပြီး ဗုဒ္ဓနဂါးဆင်ကို အန္တိမ နတ်ဘုရားစွမ်းအားနှစ်ခုနှင့်အတူ ခုခံနိုင်ခဲ့၏။

သူက အဲဒါကို ခုခံနိုင်ခဲ့ပြီဆိုမှတော့ ကိုယ်တော်တာမင်း သေရတော့မည့်အချိန်သို့ ရောက်ရှိလာလေပြီ။

အခြားသော တိုက်ပွဲနယ်မြေတွင်..

သိုင်းတာအိုပင်မခန္ဓာသည် အဲဒါကို အာရုံခံမိသောအခါ သူကလည်း စိတ်အားမာန်တက်ကြွလာ၏။ သူ့ခန္ဓာကိုယ်ထဲရှိ သိုင်းစိတ်ဝိညာဉ်မီးက ဒေါသတကြီး လောင်ကျွမ်းလာပြီး သွေးနီရောင် ငါးဖမ်းပိုက်ကွန်ကို လောင်ကျွမ်းပြာချပစ်ချင်နေသည့် ဧရာမ မီးဖိုတစ်လုံးအဖြစ် အသွင်ပြောင်းလဲသွားသည်ဟု ထင်ရ၏။

ဇီး.. ဇီး..

သို့သော်လည်း သွေးနီရောင် ပိုက်ကွန်သည် သိုင်းတာအိုမီးဖိုကို ခုခံဆန့်ကျင်ပြီး သွေးချီစီးကြောင်းများကို ထုတ်ဖော်လိုက်၏။

သိုင်းတာအိုမီးဖိုက အဲဒါကို ချက်ချင်း ပြာချပစ်နိုင်ခြင်း မရှိပေ။

သွေးမိစ္ဆာဧကရာဇ်က အဲဒါကို တွေ့မြင်သောအခါ သူက မျက်မှောင် အနည်းငယ်ကြုတ်ပြီး မအီမသာ ခံစားလာရ၏။

“ငါဆက်ပြီး အချိန်ဆွဲလို့ မရတော့ဘူး.. ဒီတိုက်ပွဲကို မြန်မြန် အဆုံးသတ်ပေးရတော့မယ်”

သွေးမိစ္ဆာဧကရာဇ်၏ မျက်လုံးက သွေးရောင်အလင်းဖြင့် တဖျတ်ဖျတ်တောက်ပလာ၏။

“သွေးဆူပွက်လှံ”

တစ်ချိန်တည်းနီးပါးမှာပင်.. သွေးမိစ္ဆာဧကရာဇ်နှင့် ထောင်ဝူသားရဲဧကရာဇ်သည် သူတို့၏ အမြုတေစိတ်ဝိညာဉ်များကို လှည့်ပတ်ပြီး အန္တိမ နတ်ဘုရားစွမ်းအားများကို စုဖွဲ့လိုက်ကြ၏။

သွေးသံရဲရဲ လှံများက ဧကရာဇ်နှစ်ပါး၏ လက်ဖဝါးထဲမှာ စုဖွဲ့လာခဲ့လေသည်။ သူတို့၏ မျိုးဆက်သွေးများက တလိပ်လိပ်တက်လာပြီး သွေးလှံနှစ်စင်းကို သိုင်းတာအိုပင်မခန္ဓာ ရှိရာသို့ ပစ်ထုတ်လိုက်ကြ၏။

All Chapters