← Chapters

သွေးမျက်နှာဖုံး

Vol. 118 Ch. 1768

သွေးမျက်နှာဖုံး

Vol. 118 Ch. 1768

သွေးပိုက်ကွန်က အဆက်မပြတ် ကျုံ့ဝင်သွားပြီး သွေးချီက ဖြန့်ကြက်လာကာ သိုင်းတာအိုပင်မခန္ဓာ၏ လှုပ်ရှားမှုများကို ကန့်သတ်လာခဲ့၏။

အဲ့ဒါသည် အန္တိမနတ်ဘုရားစွမ်းအားနှစ်ခုသာဆိုလျှင် သူတို့သည် သိုင်းတာအိုပင်မခန္ဓာကို ခြိမ်းခြောက်နိုင်လိမ့်မည် မဟုတ်ပေ။

သို့သော်လည်း သွေးပိုက်ကွန်ထဲမှာ သိုင်းတာအိုပင်မခန္ဓာသည် သူ၏ စွမ်းအားကို လုံးဝထုတ်ဖော်နိုင်ခြင်း မရှိတော့ပေ။

သူ၏ ခန္ဓာကိုယ်က သွေးများဖြင့်စိုရွှဲလာပြီး ဖိနှိမ်ခံလာရ၏။

သွေးကနေ ပြုလုပ်ထားသော လှံနှစ်စင်းသည် ချစ်ချစ်တောက်အော်ရာတစ်ခုနှင့်အတူ လေထုကို ဆုတ်ဖြဲလာခဲ့၏။

ထိုအန္တိမနတ်ဘုရားစွမ်းအားနှစ်ခုသည် သိုင်းတာအိုပင်မခန္ဓာကို ယခုအချိန်ထိ မသတ်ဖြတ်နိုင်သေးပေ။ သို့သော်လည်း သူသည် သွေးပိုက်ကွန်ကနေ ရုန်းထွက်နိုင်ခြင်းမရှိလျှင် သိုင်းတာအိုပင်မခန္ဓာသည် သက်ရှိပစ်မှတ်တစ်ခုနှင့် တူညီသွားပေလိမ့်မည်။ သွေးမိစ္ဆာဧကရာဇ်နှင့် ထောင်ဝူသားရဲဧကရာဇ်က အဆက်မပြတ်တိုက်ခိုက်၍ ကြမ်းကြုတ်ခက်ထန်သောတိုက်ခိုက်မှုများကို တရစပ်ထုတ်ဖော်လိုက်ကြ၏။

သိုင်းတာအိုပင်မခန္ဓာ၏ ခန္ဓာကိုယ်ကပင် အဲ့ဒါကို ခံနိုင်ရည်ရှိချင်မှရှိပေလိမ့်မည်။

ထိုသို့အတွေးဖြင့် သိုင်းတာအိုပင်မခန္ဓာသည် သူ၏ စိတ်ဝိညာဥ်အသိစိတ်ကို လှည့်ပတ်ပြီး မနှိုင်းယှဥ်သာအောင် ပူလောင်ပြင်းပြသော နတ်ဘုရားစွမ်းအားတစ်ခုက သူ၏ ခန္ဓာကိုယ်ထဲကနေ ပစ်လွင့်ထွက်ပေါ်လာ၏။

ရုတ်တရက်... သွေးနီရောင်မီးတောက်များက သူ၏ ခန္ဓာကိုယ်ထဲကနေ ရုန်းကန်ထွက်ပေါ်လာခဲ့လေသည်။

သွေးမိစ္ဆာဧကရာဇ်က သူ၏ မျက်လုံးကို မှေးကျဥ်းပြီး ရင်တစ်ချက်ထိတ်သွား၏။ ထိုသွေးနီရောင်မီးတောက်များက သူ့ကို ရင်တထိတ်ထိတ်ခံစားရစေ၏။

“လောင်ကျွမ်းကောင်းကင် ဆူပွက်ပင်လယ်လား”

“နဂါးဖီးနစ်မီးတောက်လား”

“မဟုတ်သေးဘူး.. တစ်ခုခုတော့ လွဲနေပြီ”

ထိုမီးတောက်များသည် အထက်ပါနှစ်ခု သေချာပေါက်မဟုတ်သည်ကို သွေးမိစ္ဆာဧကရာဇ်က သိရှိလိုက်လေသည်။ အဲ့ဒါသည် သူတစ်ခါမှ မတွေ့မြင်ဖူးသော နတ်ဘုရားစွမ်းအားတစ်ခုဖြစ်၏။

တစ်ခဏချင်းမှာပင် သွေးဆူပွက်လှံနှစ်စင်းက သိုင်းတာအိုပင်မခန္ဓာ၏ ရှေ့သို့ ရောက်ရှိလာ၏။

သို့သော်လည်း အန္တိမနတ်ဘုရားစွမ်းအား နှစ်ခုသည် သိုင်းတာအိုပင်မခန္ဓာ၏ မီးတောက်များဖြင့် ထိတွေ့ရိုက်ခတ်သောအခါ သူတို့သည် မီးတောက်များကြားမှာ ချက်ချင်းပင်လောင်ကျွမ်းခံလိုက်ရ၏။ အန္တိမနတ်ဘုရားစွမ်းအားနှစ်ခုသည် သိုင်းတာအိုပင်မခန္ဓာကို လုံးဝမထိခိုက်စေနိုင်တော့ပေ။

သိုင်းတာအိုပင်မခန္ဓာသည် မီးတောက်များဖြင့် လောင်ကျွမ်းနေသော်လည်း သူ၏ အကြည့်က အေးစက်နေကာ မလှမ်းမကမ်းတွင်ရှိသော သွေးမိစ္ဆာဧကရာဇ်ကို စိုက်ကြည့်နေ၏။

သူ၏ လက်ဖဝါးထဲမှာ ဝင်းပြောင်နေသော အနီရောင်အလင်းဖြင့်တောက်ပနေသည့် ကြာပန်းတစ်ခုက တဖြည်းဖြည်းဖြစ်ပေါ်လာခဲ့၏။ ၎င်းသည် မီးတောက်များဖြင့် လောင်ကျွမ်းနေပြီး အဆက်မပြတ်လည်ပတ်နေ၏။

ပိုက်ကွန်ပေါ်ရှိ သွေးရောင်အလင်းက စတင်၍ မှေးမှိန်လာခဲ့လေသည်။ ပိုက်ကွန်တစ်ခုလုံးသည် အပူဒဏ်ကြောင့် တဖျောက်ဖျောက်မြည်လာပြီး အဆက်မပြတ်တွန့်လိမ်ကာ ၎င်း၏ အော်ရာက ဆက်တိုက်အားနည်းလာခဲ့၏။

လောင်ကျွမ်းနေသော အနီရောင်ကြာပန်း ဖြစ်ပေါ်လာပြီးနောက် သွေးနီရောင်ပိုက်ကွန်သည် ဆက်လက်၍ တောင့်မခံနိုင်တော့ဘဲ ကြီးမားသောအပေါက်တစ်ခုအဖြစ် လောင်ကျွမ်းခံလိုက်ရ၏။

နှစ်ပေါင်းလေးသောင်းကြာအောင် သွေးမိစ္ဆာဧကရာဇ် ပြုစုပျိုးထောင်လာခဲ့သည့် ဓမ္မရတနာက လုံးဝကို ပျက်စီးသွားခဲ့ပြီဖြစ်ပြီး သိုင်းတာအိုပင်မခန္ဓာပေါ်ကနေ ကွာကျလာခဲ့၏။

“အာ...”

သွေးမိစ္ဆာဧကရာဇ်က ထိုသည်ကို တွေ့မြင်သောအခါ သူ၏ မျက်လုံးက ပြူးကျယ်သွားပြီး ဒေါသချောင်းချောင်း ထွက်သွား၏။ သူက တိုက်ခိုက်၍ ပျက်စီးသွားစောပိုက်ကွန်ကို ပြန်လည်ရယူချင်လေသည်။

ထိုစဥ်မှာပင် သွေးမိစ္ဆာဧကရာဇ်၏ စိတ်ထဲမှာ အသံတစ်ခုက ထွက်ပေါ်လာ၏။

“မသွားနဲ့... အဲ့ဒါက ကံကြမ္မာမီးတောက်တစ်ခုပဲ”

သွေးမိစ္ဆာဧကရာဇ်က အနည်းငယ်မှင်တက်သွား၏။

“အဲ့ဒါက အနီရောင်ကြာပန်း ကံကြမ္မာမီးတောက်ပဲ... အရင်ဆုံး နောက်ဆုတ်နေ”

သွေးမိစ္ဆာဧကရာဇ်၏ စိတ်ထဲမှာ အသံတစ်ခုက ပို၍တည်ကြည်လေးနက်စွာဖြင့် ထွက်ပေါ်လာ၏။

ထိုစဥ်မှာပင် သိုင်းတာအိုပင်မခန္ဓာသည် သူ့လက်ထဲရှိ အနီရောင်ကြာပန်း ကံကြမ္မာမီးတောက်ကို သွေးမိစ္ဆာဧကရာဇ်ရှိရာသို့ ပစ်ထုတ်လိုက်ပြီဖြစ်၏။

အနီရောင်ကြာပန်းကံကြမ္မာမီးတောက်သည် အလင်းတန်းတစ်ခုအသွင် ပြောင်းလဲပြီး ချက်ချင်းပင်ရောက်ရှိလာ၏။

သွေးမိစ္ဆာဧကရာဇ်က အနီရောင်ကြာပန်းကို အလွန်မုန်းတီးနေပြီး အနီရောင်ကြာပန်း ကံကြမ္မာမီးတောက်ကို ဖမ်းဆုပ်ဖို့အတွက် နောက်ထပ် အန္တိမနတ်ဘုရားစွမ်းအားတစ်ခု သွေးမိစ္ဆာလက်ဝါးကို စုဖွဲ့လိုက်လေသည်။

“အဲ့ဒါကို လုံးဝ မထိနဲ့”

သွေးမိစ္ဆာဧကရာဇ်၏ စိတ်ထဲမှာ စောစောကအသံက နောက်တစ်ဖန်ထွက်ပေါ်လာသော်လည်း အဲ့ဒါက နောက်ကျသွားခဲ့လေပြီ။

ကြီးမားသော သွေးနီရောင်လက်ဖဝါးသည် ကံကြမ္မာမီးတောက်ကို ဖမ်းဆွဲလိုက်၏။ ၎င်းသည် ကံကြမ္မာမီးတောက်ကို ထိခိုက်စေမည့်အစား သွေးနီရောင်လက်ဝါးက အပေါက်ပေါင်းများစွာအဖြစ် လောင်ကျွမ်းခံလိုက်ရ၏။

သွေးမိစ္ဆာဧကရာဇ်၏ သူငယ်အိမ်က တဆတ်ဆတ်လှုပ်သွားလေသည်။ အဲ့ဒါက ဘယ်လောက်တောင်စွမ်းအားကြီးမားသလဲ နားလည်သိရှိသွားပြီး သူကနောက်သို့ဆုတ်ကာ အနီရောင်ကြာပန်း ကံကြမ္မာမီးတောက်ကို ရှောင်တိမ်းချင်လေသည်။

သို့သော်လည်း ကံကြမ္မာမီးတောက်က သွေးနီရောင်လက်ဖဝါးကို လောင်ကျွမ်းသွားပြီး ထိုအန္တိမနတ်ဘုရားစွမ်းအားတစ်လျှောက် ဖြန့်ကြက်လာခဲ့၏။

ကံကြမ္မာမီးတောက်တစ်မျှင်က သွေးမိစ္ဆာဧကရာဇ်ပေါ်သို့ ဆင်းသက်သွားလေသည်။

ကံကြမ္မာစက်ဝန်းကြောင့် အနိဋ္ဌာရုံကြမ္မာက တည်ရှိလေသည်။

ကံကြမ္မာမီးတောက်သည် ဓာတ်ကူပစ္စည်းတစ်ခုကဲ့သို့ဖြစ်၏။

၎င်းက သေးငယ်သောမီးတောက်တစ်မျှင်သာဖြစ်သော်လည်း ၎င်းသည် သွေးမိစ္ဆာဧကရာဇ်ပေါ်ရှိ အနိဋ္ဌာရုံကြမ္မာကို ချက်ချင်းပင် ထွန်းညှိပေးလိုက်လေသည်။

ချက်ချင်းပင် ဒေါသူပုန်ထနေသော မီးတောက်များက သွေးမိစ္ဆာဧကရာဇ်၏ ခန္ဓာကိုယ်ပေါ်မှာ လောင်ကျွမ်းလာခဲ့၏။

ပြီးခဲ့သည့်နှစ်လေးသောင်းအတွင်း သွေးမိစ္ဆာဧကရာဇ်သည် မျိုးနွယ်စုတစ်သောင်းအပေါ် အကွက်ချကြံစည်နေခဲ့ပြီး မဟာကပ်ဘေးများကို အစီအစဥ်ချကာ ကြိုးကိုင်ခြယ်လှယ်ခဲ့လေသည်။ သူ၏ လက်များက သက်ရှိပေါင်းမြောက်မြားစွာ၏ သွေးများဖြင့် စွန်းထင်းနေခဲ့ပြီဖြစ်၏။

ထိုအရာများအားလုံးက သူ၏ အနိဋ္ဌာရုံကြမ္မာများဖြစ်လာခဲ့၏။

အနိဋ္ဌာရုံကြမ္မာက ပိုမိုနက်ရှိုင်းလေလေ ကံကြမ္မာမီးတောက်၏ သေစေနိုင်စွမ်းအားက ပို၍ကြောက်စရာကောင်းလေလေဖြစ်၏။

တစ်ခဏချင်းမှာပင် သွေးမိစ္ဆာဧကရာဇ်သည် ဧရာမမီးလုံးတစ်လုံးအဖြစ် လောင်ကျွမ်းခံလိုက်ရ၏။

မီးတောက်များက သူ၏ ခန္ဓာကိုယ်ကို လုံးဝလွှမ်းခြုံသွားခဲ့လေပြီ။

“အ..... အား... အား...”

သွေးမိစ္ဆာဧကရာဇ်၏ စူးစူးဝါးဝါး အော်သံက မီးလုံးထဲကနေ အလွန်တရာနာကျင်စွာဖြင့် ထွက်ပေါ်လာ၏။

အနီရောင်ကြာပန်းကံကြမ္မာမီးတောက်သည် သွေးမိစ္ဆာဧကရာဇ်နှင့် ပြင်းထန်စွာရိုက်ခတ်သွားပြီး သူ၏ ခန္ဓာကိုယ်ကို ထိုးဖောက်လုနီးပါးဖြစ်သွားလေသည်။

“ဖွီ...”

သွေးမိစ္ဆာဧကရာဇ်က သွေးတစ်လုတ်ကို ထွေးထုတ်လိုက်ပြီး ၎င်းက ဖိတ်စင်ကျဆင်းမလာခင်မှာပင် ကံကြမ္မာမီးတောက်ဖြင့် လောင်ကျွမ်းပြာချခံလိုက်ရ၏။

ဘေးဘက်မှာ ထောင်ဝူသားရဲဧကရာဇ်သည် ထိတ်လန့်တကြားဖြစ်သွားပြီး ရှေ့သို့တက်လှမ်းရဲခြင်းမရှိတော့ဘဲ အလောတကြီးနောက်သို့ ဆုတ်သွား၏။

သိပ်မကြာခင် ဧရာမမီးလုံးထဲရှိ စူးစူးဝါးဝါးအော်သံက ရပ်တန့်သွားလေသည်။

“သွေးမိစ္ဆာဧကရာဇ်က သေသွားပြီလား”

ဧကရာဇ်များက စိတ်အားမာန်တက်ကြွလာကြ၏။

သွေးမိစ္ဆာဧကရာဇ်က သေဆုံးသွားပြီဆိုလျှင် သိုင်းတာအိုပင်မခန္ဓာ၏ တိုက်ခိုက်ရည်ခွန်အားအရ ထောင်ဝူသားရဲဧကရာဇ်နှင့် ကြယ်တာရာအင်မော်တယ်ဧကရာဇ်တို့က သူ့ကိုယှဥ်နိုင်တော့မည် မဟုတ်ပေ။

သိုင်းတာအိုပင်မခန္ဓာက မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။

သွေးမိစ္ဆာဧကရာဇ်က မသေသေးဘူးဆိုတာကို သူသိလေသည်။

သွေးမိစ္ဆာဧကရာဇ်က သေဆုံးသွားပြီဆိုလျှင် နဂါးဖီးနစ်အစစ်အမှန်ခန္ဓာနှင့် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် မိစ္ဆာသွေးသန့်စင်ထုတ်သုတ္တန်၏ ကန့်သတ်ချုပ်နှောင်မှုကနေ လွတ်မြောက်လာမည်ဖြစ်၏။

သို့သော် ယခုအခါ သူ၏ အစစ်အမှန်ခန္ဓာနှစ်ခုသည် မိစ္ဆာသွေးသန့်စင်ထုတ်သုတ္တန်၏ စွမ်းအားကို အနိုင်အနိုင်ခုခံနေရဆဲဖြစ်၏။

ကံကြမ္မာမီးတောက်ကနေဖြစ်ပေါ်လာသည့် ဧရာမမီးလုံးက တဖြည်းဖြည်း ကျုံ့ဝင်သွားပြီး မှေးမှိန်သွားလေသည်။

သွေးမိစ္ဆာဧကရာဇ်၏ ပုံရိပ်က ပြန်လည်ပေါ်ထွက်လာ၏။

သူက အလွန်တရာဆိုးဆိုးဝါးဝါး ပုံပေါက်နေလေသည်။ သူ၏ အသားများက ကွဲထွက်နေပြီး အသားစများက မြင်မကောင်းအောင် တိုးလိုးတွဲလောင်းကျဆင်းနေ၏။

သို့သော်လည်း သူ၏ ခန္ဓာကိုယ်သည် စွမ်းအားကြီးမားသော အသက်ဓာတ်အားတစ်ခုဖြင့် ပြည့်လျှမ်းနေဆဲဖြစ်၏။

ဒါ့အပြင် ထိုအော်ရာက အလျင်အမြန်မြင့်တက်လာနေ၏။

သိုင်းတာအိုပင်မခန္ဓာက အာရုံစိုက်၍ ကြည့်လိုက်၏။

သွေးမိစ္ဆာဧကရာဇ်သည် သွေးမျက်နှာဖုံးတစ်ခုကို တပ်ဆင်ထားလေသည်။

သွေးမျက်နှာဖုံးသည် စွမ်းအားကြီးမားသော မိစ္ဆာချီတစ်ခုဖြင့် ပြည့်နှက်နေပြီး ထိုမိစ္ဆာချီကို သွေးမိစ္ဆာဧကရာဇ်၏ ခန္ဓာကိုယ်ထဲသို့အဆက်မပြတ် တွန်းပို့ကာ သူ၏ ခန္ဓာကိုယ်ကို ပြုပြင်ဖာထေးပေးနေ၏။

သွေးမိစ္ဆာဧကရာဇ်၏ ဒဏ်ရာများက မြင်နိုင်သောနှုန်းထားဖြင့် သက်သာပျောက်ကင်းလာနေ၏။

သိုင်းတာအိုပင်မခန္ဓာ၏ ကံကြမ္မာမီးတောက်ကို ဖိနှိမ်ခဲ့သည်မှာ ထိုသွေးမျက်နှာဖုံးပင်ဖြစ်လေသည်။

“အထီးကျန်သိုင်းသခင်... မင်းအရမ်းကို အံ့အားသင့်သွားမှာပဲ”

မျက်နှာဖုံးအောက်ကနေတစ်ဆင့် သွေးမိစ္ဆာဧကရာဇ်၏ အသံက နက်ရှိုင်းသောအမုန်းတရားနှင့်အတူ ထွက်ပေါ်လာပြီး သူက အေးစက်စွာ ပြောလိုက်၏။

“မင်းမှာ တခြားဘာရှိသေးလဲ ကြည့်ရသေးတာပေါ့”

သူ့စကားမဆုံးသေးခင်မှာပင် သွေးမိစ္ဆာဧကရာဇ်က သိပ်သည်းပြင်းထန်သော သွေးချီကို ထုတ်ဖော်ပြီး သိုင်းတာအိုပင်မခန္ဓာရှိရာသို့ ပြေးဝင်လာ၏။

သွေးမိစ္ဆာဧကရာဇ်က ပစ်ထိုးလိုက်လေသည်။

သိုင်းတာအိုပင်မခန္ဓာကလည်း ရှေ့သို့ပြန်လည်ပစ်ထိုးလိုက်၏။

ဘုန်း...

အဲ့ဒီမှာကျယ်လောင်သော မြည်သံတစ်သံထွက်ပေါ်လာ၏။

သိုင်းတာအိုပင်မခန္ဓာသည် ဆတ်ခနဲတုန်ယင်သွားပြီး သူ၏ အရိုးများက ကွဲထွက်ကုန်သည့်အလား သူ၏ ခန္ဓာကိုယ်ထဲမှာ တဖျောက်ဖျောက်မြည်သံများ ထွက်ပေါ်၏။

ဘုန်း... ဘုန်း... ဘုန်း...

သိုင်းတာအိုပင်မခန္ဓာသည် သွေးမိစ္ဆာဧကရာဇ်၏ ထိုးချက်ကိုခံနိုင်ရည်မရှိလဲ နောက်သို့ခြေသုံးလှမ်းဆက်တိုက်ဆုတ်ပေးလိုက်ရ၏။

သိုင်းတာအိုပင်မခန္ဓာက ရင်တစ်ချက်ထိတ်သွား၏။

သွေးမျက်နှာဖုံးကို တပ်ဆင်ပြီးနောက် သွေးမိစ္ဆာဧကရာဇ်၏ စွမ်းအားသည် အလွန်တရာကြောက်စရာကောင်းသော အဆင့်တစ်ခုထိ အမှန်တယ်ပင် မြင့်တက်လာခဲ့ပြီး သိုင်းတာအိုပင်မခန္ဓာက ဒဏ်ရာအပြင်းအထန် ရရှိလုနီးပါးဖြစ်သွားခဲ့၏။

ထိုမျှသာမက သွေးမိစ္ဆာဧကရာဇ်၏ ခန္ဓာကိုယ်ထဲရှိသွေးချီက အသိစိတ်ရှိပုံရပြီး သိုင်းတာအိုပင်မခန္ဓာ၏ လက်တံတစ်လျှောက်ဖြန့်ကြက်လာခဲ့၏။

တစ်ခဏချင်းမှာပင် သိုင်းတာအိုပင်မခန္ဓာ၏ လက်ဖဝါးက သွေးချီမျှင်များဖြင့် ဖုံးအုပ်ခံလိုက်ရ၏။

ရှီး... ရှီး...

သွေးချီမျှင်များမှာ အလွန်တရာဆိုးယုတ်သော စွမ်းအားတစ်ခုပါဝင်ပြီး သိုင်းတာအိုပင်မခန္ဓာ၏ အသားကိုတိုက်စားကာ မြူခိုးများကို ထွက်ပေါ်လာစေ၏။

“ဟမ့်...”

သိုင်းတာအိုပင်မခန္ဓာက တည်ကြည်လေးနက်သွားလေသည်။

သွေးမိစ္ဆာဧကရာဇ်သည် အခြားသောစွမ်းအားတစ်ခုကို အသုံးချနေသည်မှာ သိသာလေသည်။

သွေးမျက်နှာဖုံးကနေ မိစ္ဆာချီများက အဆက်မပြတ်တလိပ်လိပ်တိုးထွက်လာနေ၏။ ထိုစွမ်းအားကို စုဆောင်းပြီး သွေးမိစ္ဆာဧကရာဇ်၏ တိုက်ခိုက်ရည်ခွန်အားက ဆပွားများစွာတိုးလာခဲ့လေသည်။

All Chapters