ကိုယ်တော်တာမင်း၏ စေတနာ
Vol. 118 Ch. 1770
ကိုယ်တော်တာမင်းက သေဆုံးသွားလေပြီ။
ထိုရိုက်ခတ်မှုသည် သွေးမိစ္ဆာဧကရာဇ်၏ ကိုယ်ပွားတစ်ခုကို ယူဆောင်သွားရုံမျှသာ မဟုတ်ပေ။
အဲဒါထက် ကိုယ်တော်တာမင်း၏ ရွေးချယ်မှုသည် သွေးမိစ္ဆာဧကရာဇ်၏ မိစ္ဆာနည်းစနစ်မှာ ပြန်လည်အစားမထိုးနိုင်သည့် ချို့ယွင်းချက်တစ်ခု ဖြစ်ပေါ်သွားစေပြီး သူသည် သူ့ဘဝတစ်လျှောက် ထိုမိစ္ဆာနည်းစနစ်ကို ဘယ်တော့မှ ပြီးပြည့်စုံအောင် ကျင့်ကြံနိုင်တော့မည် မဟုတ်ပေ။
သူတို့နှစ်ယောက်ကြား တိုက်ပွဲက နှစ်လေးသောင်းကြာ ကြာမြင့်ခဲ့ပြီး နောက်ဆုံးမှာတော့ အဆုံးသတ် ရလဒ်က ထွက်ပေါ်လာခဲ့လေပြီ။
ကိုယ်တော်တာမင်းက သေဆုံးသွားသော်လည်း သူက သူတို့နှစ်ယောက်ကြား တိုက်ပွဲမှာ အနိုင်ရခဲ့လေသည်။
မိုးကြိုးပစ်ချခံလိုက်ရသည့်အလား သွေးမိစ္ဆာဧကရာဇ်၏ အော်ရာက လျော့ကျသွားလေသည်။
အစကတည်းက ဆူဇီမို၏ အစစ်အမှန်ခန္ဓာနှစ်ခုသည် မိစ္ဆာတာအိုမှာ နက်ရှိုင်းစွာ ကျဆင်းမနေခြင်းကြောင့် သွေးမိစ္ဆာဧကရာဇ်သည် မိစ္ဆာသွေးသန့်စင်ထုတ်သုတ္တန်နှင့်အတူ သူတို့ကို အနိုင်နိုင် ထိန်းထားရလေသည်။
သို့သော် ယခု ကိုယ်တော်တာမင်းနှင့် ကြယ်တာရာ အင်မော်တယ်ဧကရာဇ် နှစ်ယောက်စလုံးက သေဆုံးသွားပြီး သွေးမိစ္ဆာဧကရာဇ်၏ မိစ္ဆာနည်းစနစ်က အပြင်းအထန် ထိခိုက်သွားလေသည်။
အစစ်အမှန်ခန္ဓာနှစ်ခု၏ အော်ရာက တလိပ်လိပ်ထိုးတက်လာပြီး မိစ္ဆာသွေးသန့်စင်ထုတ်သုတ္တန်၏ ကန့်သတ်ချုပ်နှောင်မှုနှင့် လွှမ်းမိုးမှုကနေ ရုန်းထွက်လာနိုင်၏။
ကိုယ်တော်တာမင်း၏ သေဆုံးမှုသည် သွေးမိစ္ဆာဧကရာဇ်အပေါ် စိတ်ပိုင်းဆိုင်ရာ ကြီးမားသည့် ထိုးနှက်ချက်တစ်ခု ဖြစ်ခဲ့လေသည်။
တကယ်ဆို သွေးမိစ္ဆာဧကရာဇ်၏ တာအိုနှလုံးသားထဲမှာ ချို့ယွင်းချက်တစ်ခုကပင် ပေါ်ထွက်လာခဲ့ပြီဖြစ်၏။
အခြားသူများသည် ထိုပြောင်းလဲမှု အနည်းငယ်ကို အာရုံခံမိနိုင်ချင်မှ အာရုံခံမိနိုင်မည်ဖြစ်သော်လည်း သွေးမိစ္ဆာဧကရာဇ်နှင့် တိုက်ခိုက်နေသော သိုင်းတာအိုပင်မခန္ဓာက အဲဒါကို ကောင်းကောင်းသိရှိလိုက်လေသည်။
သွေးမိစ္ဆာဧကရာဇ်သည် သိသိသာသာ အိုစာသွားပုံရပြီး သူ၏ စိတ်ဝိညာဉ်က ညှိုးငယ်သွားလေသည်။
ဆူဇီမိုသည် ကိုယ်တော်တာမင်း သေဆုံးခဲ့သော နေရာသို့ တိတ်တဆိတ်ဖြင့် ငေးကြည့်လိုက်၏။
အဲဒီနေရာမှာ မည်သည့်အရာမှ မကျန်ရှိဘဲ ဗလာကျင်းနေ၏။
လူသားဧကရာဇ်၏ ကြေးမုံ၊ မဟာကမ္ဘာဦး ရှေးဟောင်းဘုရားကျောင်းနှင့် အခြားအရာရာတိုင်းက ပြာကျသွားခဲ့လေပြီ။
ကိုယ်တော်တာမင်း၏ အရိပ်အယောင်အားလုံးက ကောင်းကင်ဘုံမိစ္ဆာဖြိုခွဲခြင်းနှင့်အတူ ဤလောကကနေ တစ်စွန်းတစ်စမကျန် ပျောက်ကွယ်သွားခဲ့ပြီဖြစ်၏။
ကိုယ်တော်တာမင်းနှင့် သူတွေ့ကြုံခဲ့ရသည့် မြင်ကွင်းများသည် ဆူဇီမို၏ စိတ်ထဲမှာ မနေ့တနေ့ကအလား တဖျပ်ဖျပ်ပေါ်ထွက်လာ၏။
သူသည် ကိုယ်တော်တာမင်းကို ဘယ်တုန်းကမှ နားမလည်နိုင်ခဲ့ပေ။
ကိုယ်တော်တာမင်း ဘာတွေးနေသည်ကို သူက ဘယ်တုန်းကမှ မပြောနိုင်ခဲ့ပေ။
ကိုယ်တော်တာမင်းသည် မိစ္ဆာသွေးသန့်စင်ထုတ်သုတ္တန်ကို ကျင့်ကြံပြီး ရှေးဟောင်းခေါင်းတလားထဲကနေ ရုန်းထွက်လာခဲ့၏။ သူ၏ လက်နှစ်ဖက်သည် အဆုံးမဲ့ သွေးများဖြင့် စွန်းထင်းနေခဲ့ပြီဖြစ်ပြီး သူသည် အတိတ်ကာလတုန်းကလို မြင့်မြတ်ထည်ဝါသော ကိုယ်တော်တစ်ပါး မဟုတ်တော့ပေ။
သို့သော်လည်း ကိုယ်တော်တာမင်းသည် ဗုဒ္ဓဝါဒ သဘာဝကို ဆက်လက်ပိုင်ဆိုင်ထားဆဲဖြစ်၏။ မဟုတ်ပါက သူသည် ဗုဒ္ဓကျောင်းတော်များ၏ အသန်မာဆုံး အန္တိမ နတ်ဘုရားစွမ်းအား ဗုဒ္ဓနဂါးဆင်ကို ကျင့်ကြံနိုင်ခဲ့လိမ့်မည် မဟုတ်ပေ။
ကိုယ်တော်တာမင်းသည် ဗုဒ္ဓလား.. မိစ္ဆာလားဆိုတာကို ဆူဇီမိုက မသိရှိခဲ့ပေ။
ဤအခိုက်အတန့်မှသာလျှင် သူက ကိုယ်တော်တာမင်းကို အမှန်တကယ် နားလည်သဘောပေါက်လာခဲ့၏။
ကိုယ်တော်တာမင်းသည် ရှေးဟောင်းခေါင်းတလားထဲကနေ ရုန်းထွက်လာသည့်အချိန်မှာပင် သူက အသက်ရှင်သန်ဖို့ ဆက်လက်၍ စိတ်ကူးမရှိတော့ပေ။
ထိုအချိန်ကစ၍ သူ့ဘဝ၏ တစ်ခုတည်းသော ရည်မှန်းချက်မှာ မိစ္ဆာသွေးသန့်စင်ထုတ်သုတ္တန်ကို ချေဖျက်ပြီး သွေးမိစ္ဆာကို အနိုင်ယူဖို့ ဖြစ်လေသည်။
သူက တကယ်လည်း အောင်မြင်ခဲ့လေသည်။
အဲဒါကြောင့် ကိုယ်တော်တာမင်းသည် ဤတိုက်ပွဲမှာ သူ၏ ဆံပင်ရှည်များကို ရိတ်ပြီး သူ၏ နဂိုသွင်ပြင်ဖြင့် ပြန်လည်ပေါ်ထွက်လာခဲ့သည်မှာ သူက သေဖို့အတွက် ပြင်ဆင်ထားခဲ့ပြီးသား ဖြစ်သောကြောင့်ပင်။
ကောင်းကင်ဘုံမိစ္ဆာဖြိုခွဲခြင်းသည် မိစ္ဆာဂိုဏ်းများ၏ အန္တိမ နတ်ဘုရားစွမ်းအားတစ်ခု ဖြစ်၏။ သို့သော်လည်း ကိုယ်တော်တာမင်းသည် ဗုဒ္ဓကျောင်းတော်များ၏ ကောင်းကျိုးလိုလားသော စေတနာနှင့်အတူ အဲဒါကို ထုတ်ဖော်ခဲ့လေသည်။
ပုံပြောသူနှင့် ဧကရာဇ်များ အားလုံးသည် ကိုယ်တော်တာမင်း ပျောက်ကွယ်သွားရာ အရပ်သို့ ငေးကြည့်လိုက်ကြ၏။ အဲဒီမှာ တုန်လှုပ်မှုအပြင် သူတို့၏ မျက်လုံးထဲမှာ အထင်ကြီး လေးစားမှုနှင့် ဝမ်းနည်းမှုလည်း ရှိနေ၏။
လွန်ခဲ့သည့် နှစ်တစ်ထောင်က လူသားဧကရာဇ် ဆင်းသက်လာသောအခါ ကိုယ်တော်တာမင်းက မိစ္ဆာနည်းစနစ်တစ်ခုကို ကျင့်ကြံထားသည်ကို သူက ရှင်းလင်းစွာ သိမြင်နိုင်ပေမည်။ သို့သော်လည်း သူသည် လူသားဧကရာဇ်ကြေးမုံကို ကိုယ်တော်တာမင်းထံ ပြန်ပေးလိုက်ဆဲဖြစ်၏။
ထာဝရ လူသားဧကရာဇ်သည် ကိုယ်တော်တာမင်း၏ နှလုံးသား အနက်ပိုင်းထဲရှိ ကောင်းကျိုးလိုလားသော စေတနာတစ်ခုကို အာရုံခံမိနိုင်ခဲ့သောကြောင့် ဖြစ်ပေလိမ့်မည်။
“ဂါး…”
“အား..”
နဂါးဖီးနစ် အစစ်အမှန်ခန္ဓာနှင့် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာက တလိပ်လိပ် ထိုးတက်လာသော သွေးချီနှင့်အတူ ကောင်းကင်ထက်သို့ ဟိန်းဟောက်လိုက်၏။
နဂါးဖီးနစ် အစစ်အမှန်ခန္ဓာသည် သူ၏ အစစ်အမှန်ပုံစံသို့ ပြောင်းလဲလိုက်ပြီး နဂါးဖီးနစ် မီးတောက်များဖြင့် တောက်လောင်လာကာ ထောင်ဝူသားရဲဧကရာဇ် ရှိရာသို့ ပြေးဝင်သွားလေသည်။
အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည်လည်း ကောင်းသုံးလုံး၊ လက်ခြောက်ဖက်ကို ထုတ်ဖော်လိုက်၏။ ဓမ္မရတနာများစွာကို ကိုင်ဆွဲပြီး သူကလည်း ထောင်ဝူသားရဲဧကရာဇ် ရှိရာကို ပြေးဝင်သွားလေသည်။
အစစ်အမှန်ခန္ဓာနှစ်ခုက အတူပူးပေါင်းပြီး ထောင်ဝူသားရဲဧကရာဇ်ကို ဆန့်ကျင်တိုက်ခိုက်လိုက်၏။
ဘုန်း.. ဘုန်း.. ဘုန်း..
သူတို့ ထိတွေ့ရိုက်ခတ်မိသည့် ခဏမှာပင်.. ကမ္ဘာတုန်လောက်ဖွယ်ရာ ရိုက်ခတ်သံက ထွက်ပေါ်လာ၏။
ပုံမှန်အခြေအနေအောက်မှာဆိုလျှင် ထောင်ဝူသားရဲဧကရာဇ်၏ တိုက်ခိုက်ရည်ခွန်အားသည် ဆူဇီမို၏ အစစ်အမှန်ခန္ဓာနှစ်ခု၏ အထက်မှာ ရှိသင့်လေသည်။
သို့သော်လည်း စောစောက တိုက်ပွဲမှာ ထောင်ဝူသားရဲဧကရာဇ်သည် သိုင်းတာအိုပင်မခန္ဓာ၏ လက်ချက်ဖြင့် ဒဏ်ရာအပြင်းအထန် ရရှိထားခဲ့ပြီး စွမ်းအင်အမြောက်အများကို သုံးစွဲခဲ့ရကာ သူ၏ တိုက်ခိုက်ရည်ခွန်အားက လျော့ကျနေ၏။
ကြယ်တာရာ အင်မော်တယ်ဧကရာဇ်၏ သေဆုံးမှုကလည်း သူ့အပေါ် အတိုင်းအတာတစ်ခုထိ ရိုက်ခတ်မှု ရှိခဲ့လေသည်။
ယခု သူသည် ဆူဇီမို၏ အစစ်အမှန်ခန္ဓာနှစ်ခုနှင့် ရင်ဆိုင်ရသောအခါ.. ချက်ချင်းပင် အရေးနိမ့်သွားပြီး အဆက်မပြတ် နောက်ဆုတ်ပေးနေရ၏။ သူ၏ ဒဏ်ရာများက ပို၍ပင် ဆိုးရွားလာခဲ့လေသည်။
အခြားတစ်ဖက်.. လေဟာနယ်ထဲမှာ..
“မင်းရဲ့ စိတ်ကို တည်ငြိမ်အောင် ထိန်းစမ်း.. ဒီနေရာမှာ အသေမခံနဲ့”
သွေးမိစ္ဆာဧကရာဇ်၏ စိတ်ထဲမှာ အသံတစ်ခုက အလောတကြီး ပုံစံဖြင့် နောက်တစ်ဖန် ပေါ်ထွက်လာ၏။
“ငါ မင်းကို နှစ်လေးသောင်းကြာအောင် ကူညီပေးခဲ့တယ်.. မင်းက အထွတ်အထိပ်ကပ်ဘေးကို ဖြတ်ကျော်ရတော့မှာ.. ငါ မင်းကို ဒီနေရာမှာ မသေစေချင်ဘူး”
သွေးမိစ္ဆာဧကရာဇ်က အသံတိတ်နေပြီး ပြန်မဖြေပေ။
သိုင်းတာအိုပင်မခန္ဓာ၏ တိုက်ခိုက်မှုများက ပို၍ပင် ကြမ်းကြုတ်ခက်ထန်လာခဲ့၏။
သွေးမိစ္ဆာဧကရာဇ်သည် အရေးနိမ့်စွာဖြင့် နောက်သို့ဆုတ်ပေးနေရပြီး သူ၏ လက်နှစ်ဖက်က စုတ်ပြဲကာ သွေးများကိုပင် အဆက်မပြတ် ထွေးထုတ်လာရပြီဖြစ်၏။
ယခုအချိန်မှာ သူသည် ဆက်လက်တောင့်ခံနိုင်သေးသည့် အကြောင်းရင်းမှာ သွေးမျက်နှာ မျက်နှာဖုံးက မိစ္ဆာချီများကို အဆက်မပြတ် ထောက်ပံ့ပေးနေသောကြောင့် ဖြစ်၏။
“မြန်မြန်လုပ်.. ထွက်ပြေးတော့.. ငါပြောတာကို မကြားဘူးလား.. မင်းက သွေးစတေးထွက်ပြေးခြင်းကို ထုတ်ဖော်လိုက်မယ်ဆိုရင် သူက မင်းကို လိုက်မီမှာ မဟုတ်ဘူး.. မင်းရဲ့ မိစ္ဆာနည်းစနစ်ရဲ့ အကူအညီနဲ့ဆိုရင်.. မင်းက တစ်နေ့မှာ သေချာပေါက် ပြန်လည်ဦးမော့လာနိုင်လိမ့်မယ်”
သွေးမိစ္ဆာဧကရာဇ်၏ စိတ်ထဲမှာ စောစောက အသံသည် စိုးရိမ်ကြောင့်ကြစွာဖြင့် ဆက်လက်၍ အဆက်မပြတ် ထွက်ပေါ်လာနေ၏။
သွေးမိစ္ဆာဧကရာဇ်က ပြန်မဖြေသေးပေ။
သိုင်းတာအိုပင်မခန္ဓာ၏ ထိုးချက်က သွေးမိစ္ဆာဧကရာဇ်၏ ခံစစ်ကို ဖြတ်ကျော်ပြီး သူ၏ မျက်နှာကို ရုတ်တရက် ဖမ်းဆွဲလိုက်၏။
“မင်းဘယ်သူလဲ ကြည့်ရသေးတာပေါ့”
သိုင်းတာအိုပင်မခန္ဓာ၏ အကြည့်က သိပ်သည်းစုဖွဲ့လာပြီး အော်ငေါက်လိုက်လေသည်။
သွေးမျက်နှာဖုံးသည် အသိစိတ်ရှိပုံ ရလေသည်။ အန္တရာယ်ကို အာရုံခံမိသွားပြီး ၎င်းက ရုတ်တရက် ထကြွသောင်းကျန်းလွန်းသော မိစ္ဆာချီများကို ဖြာထုတ်ပေးကာ ဓားတစ်လက်အဖြစ် စုဖွဲ့ပြီး သိုင်းတာအိုပင်မခန္ဓာ၏ လက်ဖဝါးကို ထိုးစိုက်လိုက်လေသည်။
ဖောက်..
သိုင်းတာအိုပင်မခန္ဓာက မိစ္ဆာဓားချီကို တင်းကျပ်စွာ ဖမ်းဆုပ်ပြီး ခြေမွှလိုက်၏။
သိုင်းတာအိုပင်မခန္ဓာသည် ရှေ့သို့ တက်လှမ်းပြီး သွေးမျက်နှာဖုံးကို ဆက်လက်ဖမ်းဆွဲလိုက်လေသည်။
သူသည် သွေးမျက်နှာဖုံးကို ဖယ်ထုတ်နိုင်သည်နှင့်အမျှ.. သွေးမိစ္ဆာဧကရာဇ်သည် ဆက်လက်၍ တောင့်ခံနိုင်တော့မည် မဟုတ်ပေ။
ရွှစ်..
သူက မရှောင်တိမ်းနိုင်တော့သည်ကို တွေ့မြင်သောအခါ သွေးမျက်နှာဖုံးသည် သွေးမိစ္ဆာဧကရာဇ်၏ မျက်နှာပေါ်ကနေ သူ့ဘာသာသူ ကွာကျကာ အလင်းတန်းတစ်ခုအသွင်ပြောင်းလဲပြီး ထွက်ပြေးသွားလေသည်။
“မင်းက ဘယ်ကို ပြေးချင်သေးတာလဲ”
သိုင်းတာအိုပင်မခန္ဓာ၏ လက်က ရုတ်တရက် ရှည်ထွက်သွားပြီး သူ၏ သွေးချီက တလိပ်လိပ် ထိုးတက်လာ၏။ သူ၏ လက်ဖဝါးက အဆက်မပြတ် ဆန့်တန်း၍ ပြန့်ကားသွားပြီး ကောင်းကင်ထက်ကနေ အုပ်မိုးလာခဲ့၏။
ဖောင်း..
သိုင်းတာအိုပင်မခန္ဓာသည် သွေးမျက်နှာဖုံးကို ပစ်ရိုက်ချလိုက်ပြီး ၎င်းပေါ်ရှိ မိစ္ဆာချီများစွာကို ပျက်ပြယ်သွားစေ၏။
သိုင်းတာအိုပင်မခန္ဓာထံမှ ရိုက်ချက်တစ်ချက်သည် တုန်လှုပ်စရာကောင်းသော စွမ်းအားကို ပိုင်ဆိုင်ထားပြီး ဓမ္မရတနာများ အားလုံးကို ချက်ချင်းပင် ဖျက်ဆီးပစ်နိုင်၏။
သို့သော်လည်း ထိုလက်ဝါးရိုက်ချက်သည် သွေးမျက်နှာဖုံးကို လုံးဝ ဒဏ်ရာမရစေပေ။
သိုင်းတာအိုပင်မခန္ဓာက သူ၏ လက်ချောင်းများကို ဖမ်းဆုပ်ပြီး သွေးမျက်နှာဖုံးကို ဖမ်းဆီးချင်လေသည်။
သို့သော်လည်း သူက သွေးမျက်နှာဖုံးကို ဖမ်းဆုပ်လိုက်သည့် ခဏမှာပင် သူ၏ လက်ဖဝါးထံမှ စူးရှသော နာကျင်မှုတစ်ခုကို ခံစားလာရ၏။
ဖောက်..
သွေးရောင်က ဖြာလက်သွား၏။
သွေးမျက်နှာဖုံးသည် သိုင်းတာအိုပင်မခန္ဓာ၏ လက်ဖဝါးထဲကနေ ရုန်းထွက်သွား၏။
ထိုမျှသာမက သွေးမျက်နှာဖုံးသည် သိုင်းတာအိုပင်မခန္ဓာ၏ လက်ဖဝါးပေါ်မှာ ဒဏ်ရာတချို့ ဖြစ်ပေါ်အောင် လှီးဖြတ်ခဲ့ပြီး သွေးများက စီးကျလာ၏။
သွေးမိစ္ဆာဧကရာဇ်၏ ဓမ္မရတနာပင်လျှင် သိုင်းတာအိုပင်မခန္ဓာကို ဒဏ်ရာရရှိအောင် မလုပ်နိုင်ပေ။
သို့သော်လည်း သွေးမျက်နှာဖုံးသည် သိုင်းတာအိုပင်မခန္ဓာ၏ လက်ဖဝါးကို အမှန်တကယ်ပင် လှီးဖြတ်နိုင်ခဲ့၏။
ထိုမျှသာမက သွေးမျက်နှာဖုံးကနေ ထုတ်ဖော်လိုက်သည့် မိစ္ဆာချီသည် သိုင်းတာအိုပင်မခန္ဓာ၏ လက်ဖဝါးပေါ်ရှိ ဒဏ်ရာကို စွန်းထင်းသွားလေသည်။
ဒဏ်ရာပတ်လည်ရှိ အသားများက စိမ်းညိုရောင်အဖြစ် ပြောင်းလဲသွားပြီး ကုသဖို့အတွက် ခက်ခဲသွားလေသည်။
သိုင်းတာအိုပင်မခန္ဓာက တိတ်တဆိတ် ထိတ်လန့်သွား၏။
ထိုစဉ်မှာပင် ဆူဇီမို၏ နှာရောင်က တောက်ပလာပြီး ဆယ်ပေ မြင့်မားသော မီးဖိုကြီးတစ်လုံးက ပစ်လွင့်ထွက်ပေါ်လာ၏။ ၎င်းသည် ခြေလေးချောင်းနှင့် လက်ကိုင်နှစ်ခု ပါရှိပြီး အက်ကွဲကြောင်းများဖြင့် ပြည့်နှက်နေကာ ရှေးကျသော အော်ရာတစ်ခုကို ဖြာထုတ်ပေးနေ၏။
စတုရန်း ကြေးမီးဖိုသည် အလင်းတန်းတစ်ခုအသွင်ပြောင်းလဲပြီး သွေးမျက်နှာကို ဖိနှိမ်လာခဲ့၏။
“အား..”
ရုတ်တရက် သွေးမျက်နှာဖုံးထံမှ အကြောက်တရားဖြင့် ပြည့်နှက်နေသည့် စူးစူးဝါးဝါး အော်သံတစ်သံ ထွက်ပေါ်လာ၏။
“ဒီ မီးဖိုက… ဘယ်လိုလုပ်ပြီး...”