← Chapters

ဖုန့်မိသားစုသာ အင်အားအကြီးဆုံးဖြစ်လာစေရမည်

Vol. 9 Ch. 119

ဖုန့်မိသားစုသာ အင်အားအကြီးဆုံးဖြစ်လာစေရမည်

Vol. 9 Ch. 119

ယွမ်ဟောင်မှာတော့ ဖုန့်ချန်း၏အတွေးများကိုမမြင်နိုင်သဖြင့် ပြုံးလျက်သာ လက်ဝါးနှစ်ဖက်ကိုထပ်ရပ်ဆုပ်၍ ထပ်မံကျေးဇူးတင်ရန်ပြင်လိုက်သည်။ "ဘာပဲဖြစ်ဖြစ် ကျေးဇူးကြွေးကတော့တင်သွားပါပြီဗျာ နောက်ကိုတစ်ခုခုလိုအပ်တာရှိရင် ယွမ်မိသားစုကိုအကူအညီတောင်းဖို့ တွန့်ဆုတ်မနေပါနဲ့"

ဖုန့်ချန်းလည်းခေါင်းသာညိတ်ပြလိုက်သည်။ သူထိုစကားကို များများစားစားတွေးမနေပါ။

တစ်ဖက်တွင်မူ မဟာအကြီးအကဲဖုန့်ကျန်းရှန်နှင့်ဖုန့်ကျီလန်တို့မှာ ယွမ်ဟောင့်ဘက်မှ ဤသို့စကားများကိုကိုယ်တိုင်ပြောထွက်လာသဖြင့် ပျော်လို့မဆုံးတော့ပေ။

သူတို့အတွက်တော့ အရှေ့ပိုင်းစီရင်စု၏ အင်အားအကြီးဆုံးမိသားစုများထဲမှတစ်ခုဖြင့် အဆက်အသွယ်ကောင်းကောင်းတစ်ခုရှိလိုက်ခြင်းကြောင့် ရန်သူပတ်လည်ဝိုင်းနေသည့် ဖုန့်မိသားစုအတွက် အားကိုးရမည့်မဟာမိတ်တစ်ဦးတိုးလာခြင်းပင်။

သူတို့အမြင်တွင် ဤသို့ယွမ်ဟောင်ဘက်မှ ကျေးဇူးတတင်ဖြင့် ကြိုဆိုမိတ်ဖွဲ့လာအောင် ဖုန့်ချန်းကအားလုံးစီစဥ်အကွက်ချခဲ့ခြင်းဖြစ်ပေမည်ဟု တွေးထားကြသည်။

အမှန်တွင်မူ ဖုန့်ချန်း၏ရည်ရွယ်ချက်ကား ရိုးရှင်းပါပေ၏။ ပိုက်ဆံပိုရဖို့ပင်။

ဝိဉာဥ်သန္ဓေအဆင့်ကျင့်ကြံသူတစ်ဦးအနေဖြင့် ယွမ်မိသားစုနှင့် မဟာမိတ်ဖွဲ့နိုင်သည်ဖြစ်စေ မဖွဲ့နိုင်သည်ဖြစ်စေ ကွာခြားသွားတာမရှိချေ။ သူသာမကိုင်တွယ်နိုင်သည့် ကိစ္စတစ်ခုခုရှိလာပါက ယွမ်မိသားစုလည်း သေချာပေါက်ကိုင်တွယ်နိုင်လိမ့်မည်မဟုတ်။ ဤသို့ဖြင့် မဟာမိတ်ဖွဲ့ဖို့ အဆက်အသွယ်ရှိဖို့ဆိုတာထက် စစ်မှန်သောမိတ်ဆွေသူငယ်ချင်းဆက်ဆံရေးကိုသာ ဖုန့်ချန်းပိုအလေးထားလိုပါသည်။

ယွမ်ကျိရန်မှာ အသစ်သိရှိလိုက်ရသော ဖုန့်မိသားစု၏အချက်အလက်တစ်ခုကြောင့် စကားတစ်လုံးမျှမထွက်နိုင်တော့ဘဲ အူကြောင်ကြောင်ဖြင့်နားလည်အောင်စဥ်းစားနေဆဲပင်။ ဖုန့်ချန်းကိုသာမြဲမြဲမြံမြံစိုက်ကြည့်ရင်း သူမ၏ဂိုဏ်းနှင့် ဖုန့်မိသားစုကြားကဆက်ဆံရေးကိုပြန်တွေးရင်း အခုကြုံနေရသည့်အခြေအနေနှင့် ပြန်လည်ဆက်စပ်ကြည့်ဖို့ကြိုးစားနေရသည်။

အစောကပဲ သူမနှင့်ဖုန့်ယွင် အချေအတင်ဖြစ်ခဲ့ကြပြီး ဖုန့်ယွင်ကို ရိုင်းရိုင်းစိုင်းစိုင်းပြောဆိုစော်ကားထားသမျှကိုလည်း ဖုန့်ချန်းကြားပြီးသွားလောက်ပြီလား?

ယခုမူ သူမဖခင်က ဖုန့်မိသားစုထံမှအကူအညီရခဲ့သဖြင့် အထပ်ထပ်‌ကျေးဇူးစကားဆိုနေလေပြီ။ သူမကတော့ရှက်လွန်းလို့ မျက်နှာကိုဘယ်နားသွားထားရမည်ပင်မသိ။ ကိုယ်ခဲနှင့်ထုခဲ့သည့်အိမ်ကိုမှ လာရောက်နားခိုနေရသည့်အဖြစ်။

"ဖုန့်မိသားစုခေါင်းဆောင်ကို ထပ်မနှောင့်ယှက်တော့ပါဘူး မနက်ဖြန်တွေ့ကြမယ်နော်"

ယွမ်ဟောင်က နှုတ်ဆက်လာသည်။

ဖုန့်ချန်းခေါင်းညိတ်လိုက်သည်။

"ဖုန့်ယွင် နင်နဲ့ငါကျေပြီလို့တော့ ထင်မနေနဲ့နော်"

ယွမ်ကျိရန်မှာ အဖေဖြစ်သူနောက်အပြေးလိုက်သွားရင်း မျက်စောင်းတချက် ဒိုင်းကနဲထိုးကာ ဖုန့်ယွင်ကိုကြိမ်းမောင်းခဲ့သေးသည်။

ဒီ့ထက်ပိုပြောချင်သေးပေသည့်တိုင် ဖုန့်မိသားစုထံမှအကူအညီယူထားရသေးသည်ဖြစ်ရာ ရှက်ရှက်နှင့်ပင်စိတ်ထိန်းလိုက်တော့သည်။

"ကျစ်"

ဖုန့်ယွင်ကျစ်ခနဲစုတ်သပ်၍ အသာပုခုံးတွ့န်လိုက်သည်။ သူ့အနေဖြင့် သူမခွင့်လွှတ်မှုကို လိုလည်းမလိုချင်၊ လိုလည်းမလိုအပ်ပါပေ။

သို့သော် သူ့ဘက်မှဘယ်လောက်ပဲငြင်းငြင်း၊ ထိုမိန်းကလေးကယုံမည်မဟုတ်။

"ဒီနေ့တော့ မင်းတို့အားလုံး ချင်းယွင်မြို့ကိုလျှောက်လည်လိုက်ကြဦး" ဖုန့်ချန်းကပြောပြောဆိုဆို ရွှေအပြည့်ပါသည့်အိတ်တစ်လုံးဆွဲထုတ်လိုက်သည်။ "ဒါယူသွားကြ"

သူကတစ်‌ယောက်ကို ရွှေဒင်္ဂါးတစ်သောင်းဆီမုန့်ဖိုးပေးလိုက်သည်။ လူငယ်လေးများမှာ ရွေဒင်္ဂါးအိတ်များကိုလက်လှမ်းယူရင်း အလေးချိန်ကိုချိန်ဆကာကျေနပ်လို့နေကြသည်။ မှော်ရတနာလို ထူးကဲတဲ့ဈေးကြီးပစ္စည်းတွေမှအပ သူတို့လိုချင်တာမှန်သမျှပတ်ဝယ်ဖို့အတွက် လိုသည်ထက်ပင်ပိုနေ‌သောပမာဏဖြစ်၏။ ဖုန့်ချန်းက တမင်သက်သက် သူတို့ကိုလွတ်လွတ်လပ်လပ် လျှောက်ပတ်ပျော်ရွှင်ဖို့ အခွင့်အရေးပေးလိုက်ခြင်းသာဖြစ်သည်။

မည်သို့ပင်ဆိုစေ ဒီခရီးက သူတို့အတွက် ချင်းယွင်မြို့လိုမြို့ကြီးတစ်ခုမှာ ပထမဆုံးလည်ပတ်ဖူးမည့်အကြိမ်ဖြစ်သည်။ သူ့အနေဖြင့် အိမ်ကကလေးများအား သေချာပေါက် အတွေ့အကြုံသစ်တစ်ခုကို ခံစားခွင့်ပေးရမည်သာ။

မိသားစုဝင်လူငယ်လေးများမှာ စိတ်လှုပ်ရှားစွာဖြင့် တစ်ယောက်နှင့်တစ်ယောက် မျက်စပစ်အချက်ပေးလို့နေကြသည်။

"နောက်ပြီးတော့ ရှောင်ယုအာ ကျန်းဟောင်အာနဲ့ လျန်းအာ မင်းတို့ဘာပဲလိုချင်လိုချင် ငါရအောင်ဝယ်ပေးမယ်လို့ ပြောထားသေးတယ်နော်" ထိုသုံး‌ယောက်မှာ လေလံပွဲတွင် လိုချင်သည့်ပစ္စည်းမရှိခဲ့ကြသဖြင့် ဆုလာဘ်မှာအကျုံးဝင်နေသေး၏။

"‌ကျေးဇူးတင်ပါတယ် မိသားစုခေါင်းဆောင်" တက်ကြွနေသောအသံများဖြင့် သူတို့သုံး‌ယောက်လုံး တစ်ပြိုင်တည်းဖြေဆိုလိုက်ကြသည်။ သူတို့၏‌ပျော်ရွှင်မှုမှာ ဘေးလူများထံသို့ ကူးစက်လာသယောင်ပင်။ သို့သော် ရိုကျိုးနှိမ့်ချမှုလည်းပါဝင်သည်။ ခေါင်းဆောင်၏ လိုရာတောင်းဆုလာဘ်အတွက် အမှန်ပင်ကျေးဇူးတင်ရသော်လည်း ရွေဒင်္ဂါးတစ်သောင်းဆိုသည်မှာ သူတို့လိုချင်တာမှန်သမျှဝယ်နိုင်ဖို့ လုံလောက်နေပြီပင်။ ကျင့်ကြံသူအများ အိပ်မက်သာမက်နိုင်သည့် မြေကမ္ဘာအဆင့်မှော်ရတနာများကိုလည်း သူတို့အားတပ်ဆင်ချီးမြှင့်ပေးပြီးပြီဖြစ်၏။ သူတို့လိုချင်တာမှန်သမျှ ပြည့်စုံပြီးပြီဟုတောင် ဆိုရပေမည်။

ဖုန့်ချန်းခေါင်းညိတ်အသိအမှတ်ပြုလိုက်ပြီး စကားပင်ထပ်မဆိုဘဲ လူအုပ်ကြားမှ ၁၉၉၀ခုနှစ် ရုပ်ရှင်များထဲမှအတိုင်း လှစ်ခနဲပျောက်သွားတော့သည်။ မိသားစုဝင်များကို အသစ်ရရှိထားသောအားလပ်ရက်တွင် စိတ်ကြိုက်ပျော်မွေ့နိုင်စေရန် ထားခဲ့လိုက်လေပြီ။

(၁၉၉၀ ရုပ်ရှင်တွေထဲကအတိုင်း ပျောက်သွားတယ်ဆိုတာက၊ အဲ့ခေတ်တုန်းကရုပ်ရှင်တွေထဲမှာ သင်ဟာ လမ်းတဖက်ခြမ်းက လူတစ်ယောက်က ဇာတ်လိုက်ကို စောင့်ကြည့်နေတာကို မြင်လိုက်မယ်။ ဇာတ်လိုက်ကလည်း အဲ့လူကို လှမ်းကြည့်လိုက်တဲ့အချိန်မှာ အကြည့်ချင်းဆုံသွားမယ်။ သူတို့နှစ်ယောက်ကြားမှာ ကားလမ်းမ ရှိနေမယ်။ ကားတွေက တဝှီးဝှီးနဲ့ ဖြတ်မောင်းနေသလို လမ်းလျှောက်နေတဲ့လူတွေလည်းပါမယ့် ဇာတ်ဝင်ခန်းပေါ့။

အဲ့အချိန်မှာ ဇာတ်လိုက်က ဟိုဖက်ကားလမ်းမက လူကို ပြန်ကြည့်နေတုန်းမှာ ကားတွေ၊ လူတွေက သူ့မြင်ကွင်းရှေ့ကနေ ဖြတ်ခနဲ၊ ဖြတ်မောင်းသွားတဲ့အချိန်မှာ တစ်ဖက်ကားလမ်းမက လူက ဖြုတ်ဆိုပြီးပျောက်သွားတာမျိုး။ ဇာတ်လိုက်က လန့်ပြီးတော့ လိုက်ရှာရင်တောင် အဲ့လူကို မတွေ့တော့ဘူး။ အများအားဖြင့် ထိတ်လန့်သည်းဖို လူသတ်ကားနဲ့ အက်ရှင်ကားတွေမှာ အဲ့လိုဇာတ်ဝင်ခန်းက ပါတတ်တယ်။

အခုလည်း ဖုန့်ချန်းက မိသားစုဝင်တွေ အားလုံးရဲ့ အကြည့်အောက် လူအုပ်ကြားထဲမှာ ဖြုတ်ဆိုပြီး အဲ့အကွက်သုံးပြီး ပျောက်သွားတာ။ မျက်လုံးထဲပေါ်ပြီ ဟုတ်)

ရုပ်ရှင်ထဲမှ အကွက်သုံးပြီး မိသားစုဝင်များကို ပါးစပ်အဟောင်းသားနှင့် ဖုန့်ချန်းထားခဲ့ပြီးနောက်တွင် ချင်းယွင်မြို့၏ ရင်းနှီးကျွမ်းဝင်သောလမ်းများတစ်လျှောက် ဖုန့်ချန်းလျှောက်သွားနေရင်း အတိတ်ကာလကိုလွမ်းဆွတ်တမ်းတစိတ်များ အလုံးအရင်းဖြင့်ဝင်ရောက်လာသည်။

စည်ကားသိုက်မြိုက်နေသော မြို့တော်၏ပတ်ဝန်းကျင်ဟာ သူ့ရဲ့ကာလကြာရှည်မြှုပ်နှံသိုဝှက်ထားခဲ့သော အတိတ်အမှတ်တရများကို နှိုးဆွတူးထုတ်နေသလိုခံစားရ၏။ ဒီတစ်ခေါက်မတိုင်ခင်က ချင်းယွင်မြို့ကို မိဘနှစ်ပါးနှင့်အတူ သူရောက်ခဲ့ဖူးပါသည်။

ဤလမ်းကြားများတစ်လျှောက် ဖခင်ဖြစ်သူ၏နောက်သို့ တကောက်ကောက်လိုက်ပါလှည့်လည်ခဲ့သည့် အချိန်ကာလများအား ပြန်လည်အောက်မေ့ရင်း သူခပ်ဖြည်းဖြည်းသာလျှောက်နေလိုက်သည်။ ဖုန့်ကိုင်၏ ယုံကြည်မှုအပြည့်ရှိသောခြေလှမ်းများနောက်တွင်လိုက်ရင်း လုံခြုံ‌ဘေးကင်းမှုကို ခြွင်းချက်မရှိခံစားခဲ့ရသည့်အကြောင်း၊ သူ့အဖေ၏ဘေးတွင်ရပ်လျှင် သူဘယ်လောက်တောင်သေးသေးလေးဖြစ်သွားတတ်သည့်အကြောင်း၊ မိသားစုထမင်းလက်ဆုံစားရင်း ရယ်ပွဲဖွဲ့ပျော်ရွှင်ခဲ့ကြသည့်နေ့ရက်များအကြောင်း သူအားလုံးကို တိတိပပမှတ်မိနေပါသေးသည်။

သူ့အဖေက သူ့ကို ဖက်ထုပ်စားဖို့ ဆိုင်တစ်ဆိုင်သို့ခေါ်သွားဖူးသည်။

All Chapters