← Chapters

လူစွမ်းကောင်းက အလှလေးကို ကယ်တင်တော့မှလား?

Vol. 9 Ch. 122

လူစွမ်းကောင်းက အလှလေးကို ကယ်တင်တော့မှလား?

Vol. 9 Ch. 122

အနီးအနားစားပွဲမှာ သက်ကြီးပိုင်းတစ်ဦးက လက်တစ်ဖက်အသာမြှောက်၍ ဖုန့်ချန်းကိုရပ်ရန်လက်ဟန်ပြလာသည်။ သတိပေးနေဟန်မျက်နှာထားဖြင့် ခေါင်းကိုလည်း မသိမသာယမ်းပြလာသည်။ သေချာပေါက် ထိုအမူအရာမှာ အန္တရာယ်ကိုသတိပေးခြင်းပင်။ "အဲ့လူတွေကပြဿနာကောင်တွေ ပြေးတော့ မဟုတ်ရင်အသတ်ခံမယ်" ဆိုသည့်အဓိပ္ပာယ် အတိအကျဖြစ်မည်။

သို့သော် ဖုန့်ချန်းက‌တော့ ထိုအုပ်စုကိုသာအကြည့်မလွှဲတမ်း စိုက်ကြည့်နေသည်။ အဘိုးအို၏သတိပေးချက်ကိုလည်း လျစ်လျူရှုလျက်။ အစောက လူအများဘာကြောင့် မမြင်ချင်ယောင်ဆောင်ရသည်ဆိုတာကို သူနားလည်သွားပေပြီ။

(ထျန်းလုံမိသားစုကလူတွေကိုး မဆန်းတော့ပါဘူး)

ဖုန့်ချန်းတွေးမိလိုက်သည်။

ထျန်းလုံမိသားစုပိုင်နယ်မြေလိုဖြစ်နေသော ဒီမြို့တော်မှာ သူတို့ကို ဘယ်သူကရန်သွားစရဲပါမည်နည်း?

ထျန်းလုံမိသားစုနှင့်သူလည်း ကတောက်ကဆတွေဖြစ်ခဲ့ဖူးပေမယ့် ဒီလောက်စည်းလွတ်ဝါးလွတ်ဖြစ်နေလိမ့်မည်လို့တော့ ထင်မထားခဲ့ပါ။

ဒါမှမဟုတ် ဒီအုပ်စုပဲပတ်ရမ်းကားနေတာမျိုးလား?

သို့ပေမယ့် မိသားစုအကြီးအကဲများကသာ ကောင်းကောင်းဆုံးမထားလျှင် နေ့ခင်းကြောင်တောင်မှာ ဒီလိုရမ်းကားနေရဲမှာမဟုတ်။

ထိုလမ်းသရဲများ ထျန်းလုံမိသားစုမှ ဟုတ်သည် မဟုတ်သည်ကို ဖုန့်ချန်းဂရုစိုက်မနေပါ။ ထိုမိန်းကလေးအနားတွင် အနီးကပ်ဆုံးရပ်နေသောတစ်ယောက်သည် အ‌စောကမှယုံကြည်ချက်တွေသိပ်ပြည့်ဝနေခဲ့သော်လည်း ကြားဖြတ်နှောင့်ယှက်ခံလိုက်ရသော် ဖုန့်ချန်းထံသို့လှည့်ကြည့်လာသည်။ "ဟေ့ကောင် ငါစိတ်ကောင်းဝင်နေတုန်းလစ်လိုက်တော့ လာရှုပ်မနေနဲ့"

ထိုလူက အထင်သေးစွာပြောလာသည်။

ထိုသူ၏ရုန့်ရင်းကြမ်းတမ်းသောအကြည့်များကို ဖုန့်ချန်းတည်တည်ငြိမ်ငြိမ်ပင်ရင်ဆိုင်လိုက်ပြီး ပြောလိုက်သည်။ "မင်းကမှ ဒီနေရာကလူတိုင်းကိုနှောင့်ယှက်နေတာလေ" သူရှေ့ကို တစ်လှမ်းထပ်တိုးလိုက်သည်။ "‌နောက်ပြီး ဒီမိန်းကလေးကိုလည်း စော်ကားမော်ကားပြောဆိုနေသေးတယ်"

စားသောက်ဆိုင်တွင်းရှိ လေထုတစ်ခုလုံး တင်းမာအေးစိမ့်သွားပြီး လူတိုင်းအသက်ရှူအောင့်မိလိုက်ကြသည်။ သွားနှောင့်ယှက်ရုံတင်မက၊ ဤသို့မေးခွန်းပါပြန်ထုတ်လိုက်မှတော့ ထိုသူမှာ အသတ်ခံရဖို့အကြောင်းပြချက်လုံလောက်နေလေပြီ။

ထိုသူကတော့ ဖုန့်ချန်း၏စကားများကို စိတ်ထဲပင်မထည့်ဟန်ဖြင့် မဲ့ပြုံးပြုံးလိုက်သည်။ "ငါတို့ကိုအမိန့်လာပေးနေရအောင် မင်းကဘာကောင်လဲ" သူကတံတွေးတစ်ချက်ကို ပစ်ခနဲထွေးလျက်‌ပြောလာသည်။ လေသံက လူသတ်ချင်စိတ်အပြည့်ဖြင့်။

"ဒီနားမှာ ကို့ရို့ကားယားလာလုပ်ပြီး လူစွမ်းကောင်းရာထူးရသွားမယ်များထင်နေလား လာမနောက်စမ်းပါနဲ့ကွာ"

"မင်းစောက်ပူတစ်ပြားသားမှမပါဘူးနော် မနာခင်နောက်ဆုတ်ပြီး ကိုယ့်ထမင်းကိုယ်ပြန်စားနေလိုက်ပါတော့လား"

အခြားတစ်ယောက်ကလည်း ခြိမ်းခြောက်လာသည်။

ဖုန့်ချန်းမျက်လုံးများထဲတွင် အန္တရာယ်အငွေ့အသက်များဖြတ်ပြေးသွားပြီး အေးစက်စက်ပြုံးလိုက်သည်။ "ငါနောက်နေတာမဟုတ်ပါဘူး"

လေသံအပြောင်းအလဲမရှိ၊ တည်ငြိမ်စွာဖြင့်ပင် ဖုန့်ချန်းကဆက်ပြောသည်။ "အသိစိတ်လေးရှိသေးရင် ဆိုင်ထဲကနေထွက်သွားလိုက်တော့"

"ဟမ့် ငါစိတ်ကောင်းဝင်နေလို့ တစ်ခါညှာပေးလိုက်ပြီးပြီ အခုမှတော့ မင်းလွတ်မယ်မထင်နဲ့တော့"

ထိုလူက တစ်ချက်ကြုံးဝါးလိုက်ပြီး ရန်လိုမှုအပြည့်ဖြင့် ရှေ့တက်လာသည်။

ထိုသူက သူ့အပေါင်းအပါများကို အချက်ပြလိုက်သော် ခြိမ်းခြောက်ဟန်ရယ်သံများဖြင့် ဖုန့်ချန်းထံသို့ တိုးကပ်လာကြတော့၏။

လေးယောက်လုံးမှာ အမြုတေဖွဲ့စည်းခြင်းအဆင့်ကျင့်ကြံသူများဖြစ်ပြီး ထျန်းလုံမိသားစု၏ အရည်အသွေးမီကန့်သတ်ချက်များအရ သာမန်ဟုသာဆိုရမည့်အနေအထားပင်။

ဒီအရွယ်ထိရောက်နေတာတောင် ဒီအဆင့်လောက်ပဲရှိသေးမှတော့ သေသည်ထိအဆင့်မတက်နိုင်ကြမည့် သကောင့်သားများသာ။

ရုတ်တရတ် ပေါ့ပါးသောလှုပ်ရှားမှုတို့ဖြင့် သူတို့ခုန်ဝင်လာကြသည်။ သူတို့လက်သီးများနှင့် ကန်ချက်များ သူ့အပေါ်မကျရောက်ခင် ဖုန့်ချန်းတုံ့ပြန်တိုက်ခိုက်လိုက်သည်။ တိုက်ကွက်များကို သူလျင်မြန်စွာရှောင်တိမ်းလိုက်ပြီး တိကျစွာတွက်ချက်ထားသည့် တန်ပြန်တိုက်ကွက်များကို သူတို့သတိမထားမိခင် ပစ်သွင်းလိုက်တော့၏။

စားသောက်ဆိုင်တစ်ခုလုံး ဝရုန်းသုန်းကားဖြစ်လို့နေပြီး ခြေလှမ်းများကို အသင့်ပြင်ထားလိုက်ကြတော့သည်။ အချို့ကထိတ်လန့်စွာ ဘုရားတနေကြပြီး အချို့ကတော့ မတ်တပ်ပင်ရပ်လျက် တိုက်ပွဲကိုစိတ်ဝင်တစားစောင့်ကြည့်နေကြသည်။

သို့ပေမယ့် သူတို့တွေးထားသလိုဖြစ်မလာဘဲ ထိုလူရမ်းကားများကို ဖုန့်ချန်းက စက္ကန့်အနည်းငယ်အတွင်း ကိုင်တွယ်လိုက်နိုင်လေသည်။

လူအများအံ့သြမင်သက်သွားကြသော်လည်း ဖုန့်ချန်းကတော့ ဤမျှဖြင့်မကျေနပ်သေးဟန်ပင်။

တစ်အုပ်စုလုံးကို တစ်ယောက်ပြီးတစ်ယောက်လှဲသိပ်ပြီးနောက် သင်ခန်းစာပေးနေသကဲ့သို့ ထပ်မံရိုက်နှက်နေပြန်သေး၏။ တိကျပြီး ထိန်းချုပ်မှုပါရှိသော ရိုက်ချက်များမှာ ပြင်းထန်သည့်ဒဏ်ရာဒဏ်ချက်မဖြစ်စေသော်ငြား နာကျင်စွာဖြင့်အော်ဟစ်ဖို့တော့ လုံလောက်ပါသည်။

"အားးး"

"တော်ပါတော့ တောင်းပန်ပါတယ်ဗျာ"

"နောက်မလုပ်တော့ပါဘူး အားးး"

မည်သို့ပင်တောင်းပန်နေကြပါစေ ဖုန့်ချန်းကတော့ ရပ်မည့်ပုံမပေါ်ပါ။

ရပ်ကြည့်နေကြသောပရိတ်သတ်များပင် လူရမ်းကားများအား သနားလာသည်အထိ ဖုန့်ချန်းနှိပ်စက်သမျှကို လှိမ့်ခံနေရသည်သာ။

"ထွက်သွားကြ‌တော့" အားရသည်အထိရိုက်နှက်ပြီးမှ ဖုန့်ချန်းပြောလိုက်သည်။ "အခုမထွက်သွားရင် ဆက်ရိုက်ချင်လာမယ်ထင်တယ်"

ဖုန့်ချန်းထံမှသတိ‌ပေးစကားကိုကြားသည်နှင့် ထိုအုပ်စုမှာ ဒဏ်ရာများကိုဖိလျက်ထလာကြပြီး ရိုကျိုးစွာပင် အမြန်ထွက်ပြေးကြတော့သည်။ မတော်လို့ ဟိုနတ်ဆိုးကစိတ်ပြန်ပြောင်းပြီး ရပ်ခိုင်းနေမှဖြင့်။

စားသော်ဆိုင်တံခါးဝသို့ရောက်သော် ဖုန့်ချန်းနှင့်ပထမဆုံးရန်ဖြစ်ခဲ့သည့်လူက မာနထိခိုက်သွားဟန်ဖြင့် နာကျည်းစွာလှည့်ကြည့်လာသည်။ ပုခုံးပေါ်မှတစ်ဆင့်ကျော်ကာ ဖုန့်ချန်းကိုလှည့်ကြည့်ရင်း ခြောက်ကပ်ကပ်အသံဖြင့် ခြိမ်းခြောက်စကားဆိုလာသည်။

"မင်းနောင်တရစေရမယ်" သည်းခံမျိုသိပ်ထားရသောအသံဖြင့် ထိုသူကတိုးတိုးရေရွတ်လာသည်။ ထို့နောက် စားသောက်ဆိုင်အပြင်ဘက်သို့ ရင်ကော့လျက်ထွက်သွား‌တော့၏။ သူအော်ပြောလိုက်ချင်သော်ငြား ဖုန့်ချန်းကြားပြီး သူ့ကိုတားလာမှာလည်းကြောက်သည်ပင်။ ထို့ကြောင့် သူ့ဘာသာစိတ်ကျေနပ်အောင်သာ ခပ်တိုးတိုးပြောပြီး စိတ်ဖြေလိုက်ရသည်။

ဖုန့်ချန်း ထိုလူ၏စကားများကိုကြားလိုက်သော်လည်း တားမနေတော့ပေ။ သူက မိန်းကလေးဘက်သို့လှည့်၍ အဆင်ပြေလားဟုမေးရန်ပြင်လိုက်သည်။

သို့သော် မိန်းမလှလေးမှာ မရှိတော့ပေ။

စားပွဲခုံမှာ အလွတ်သား

ဒုတ်... ဒုတ်

ဒုတ်....ဒုတ်

All Chapters