← Chapters

ယန်ထျန်းဖုန်း၏ အတွက်အချက်

Vol. 50 Ch. 691

ယန်ထျန်းဖုန်း၏ အတွက်အချက်

Vol. 50 Ch. 691

"ဖစ်!"

ဖိုရှို၏ထိတ်လန့်နေသော အကြည့်များအောက်တွင် အင်မော်တယ်သတ်ဖြတ်ရေးဓားပျံသည် အမြန်ဆန်ဆုံးနှုန်းထားဖြင့် သူ၏ခန္ဓာကိုယ်ကို ပိုင်းဖြတ်သွားခဲ့သည်။ လောကအတွင်း၌ ခပ်ဖွဖွအသံတစ်သံ ပေါက်ဖွားထွက်လာခဲ့သည်။ ၎င်းအသံဟာ ဝါးပင်ကလေးတစ်ပင်ကို ‌ဖြတ်တောက်လိုက်ခြင်းနှင့်တူညီ၏။

ဖိုရှုမျက်နှာပေါ်ရှိ ထိတ်လန့်ခြောက်ခြားမှုများနှင့် အလန့်တကြားအမူအယာများသည် အေးခဲသွားခဲ့ကာ သူ၏ကိုယ်ခန္ဓာက ကြိုးပြတ်နေသော စွန်တစ်ခုအလား ဝဲပျံကျလာခဲ့သည်။ နောက်တစ်ခဏတွင် သွေးစသွေးနများနှင့်အတူ ခန္ဓာကိုယ်တစ်ခုလုံးက အပိုင်းပိုင်းခုတ်ပိုင်းခံခဲ့ရသည်။

"ဘုန်း!"

ကိုယ်ထည်သည် မီးရှုးမီးပန်းများကဲ့သို့ တောက်ပစွာ ပေါက်ကွဲထွက်သွားခဲ့သည်။ ဤမြင်ကွင်းဟာ ရှိနေသမျှလူတိုင်းကို ထိန်းကွပ်မရ တုန်လှုပ်စေခဲ့သည်။ ယန်ထျန်းဖုန်းတို့အုပ်စုတို့အပြင် ယွင်ယုရွှမ်၏မျက်လုံးကလေးများကပါ တုန်လှုပ်သွားခဲ့သည်။ သူတို့အားလုံး၏ခန္ဓာကိုယ်များသည် အကြောက်တရားများကြောင့် တဆတ်ဆတ်တုန်ခါလျက် မျက်နှာအမူအယာသည် ရုတ်ချည်းပြောင်းလဲချက်ရှိသည်။ ဖိုရှုကဲ့သို့ မြင့်မြတ်သော လောင်ထျန်းဧကရာဇ်စွမ်းအားရှင်ဟာ ကျန်းဇီရာလို နက္ခတ်ဧကရာဇ်စွမ်းအားရှင်အဆင့်ရဲ့သတ်ဖြတ်ခြင်းကို ခံခဲ့ရတာလား။

ဤမြင်ကွင်းက ယန်ထျန်းဖုန်းနှင့် အခြားသူများ၏အာရုံအတွင်း တံဆိပ်ရိုက်ခတ်သကဲ့သို့ စွဲထင်သွားခဲ့သည်။ ဤတစ်ဘဝလုံးတွင် သူတို့သည် ဒီအဖြစ်အပျက်ကို ဘယ်တော့မှ မေ့ပျောက်နိုင်မှာ မဟုတ်တော့!

"အဟွတ်!"

ကမ္ဘာကြီးတိတ်ဆိတ်နေသည့်အခါသမယတွင် ချောင်းဆိုးသံတစ်သံသည် ထွက်ပေါ်လာခဲ့သည်။ ကျန်းဇီရာသည် တွင်းပေါက်ကြီးအတွင်းမှ တဖြည်းဖြည်းချင်း တွားသွား၍ တက်လာခဲ့သည်။

သို့သော်လည်း အဆိုပါ ပုံရိပ်ကတောင် ယန်ထျန်းဖုန်းနှင့် အခြားသူများ၏အာရုံတွင် စစ်ပွဲနတ်ဘုရားတစ်ပါးကဲ့သို့ တင့်တယ်နေသည်။

"တင် ရှမ်ရှန်ကျုံဂိုဏ်း၏ တတိယမြောက်‌အစောင့်အရှောက်ကျန်းဇီရာက နတ်ဆိုးဗုဒ္ဓကျောင်းတော်ရဲ့ အကြီးအကဲဖိုရှုကို သတ်ဖြတ်ခဲ့တဲ့အတွက် ပိုင်ရှင့်ကို ဂုဏ်ပြုပါတယ်။ ဂိုဏ်းအမှတ် ၁.၅ ထရီလျီယံနှင့် ဧကရာဇ်အဆင့် ကျပန်းဆင့်ခေါ်ခွင့် သုံးကြိမ်ကို ဆုချလိုက်သည်။"

အေးစက်စက်အသံနှင့်အတူ ဝမ်ဖုန်းဟာ ပြန်၍ သတိဝင်လာခဲ့သည်။ သူ၏မျက်နှာပေါ်တွင် အံ့ဩနေသောအမူအယာရှိနေခဲ့သည်။ ကျန်းဇီရာ၏ခွန်အားက သန်မာကြောင်းသိထားသော်လည်း ဒီလောက်အထိ သန်မာနေလိမ့်မည်ဟုတော့ သူထင်မထားခဲ့!

မူလက သူဟာ ကျန်းဇီရာမှာ လောင်ထျန်းဧကရာဇ်အဆင့်နဲ့ ရင်ဆိုင်နိုင်စွမ်းရှိကြောင်း ခန့်မှန်းထားသော်လည်း အဆုံးသတ်မှာတော့ ကျန်းဇီရာ၏ခွန်အားကို အထင်သေးနေဆဲသာ။ ဧကရာဇ်ကျန်းရိ အင်မော်တယ်သတ်ဖြတ်ရေးသိုင်းကွက်နှင့် ပေါင်းစပ်လိုက်သည့်အခါ ကျန်းဇီရာဟာ အစစ်အမှန်ဧကရာဇ်နယ်ပယ်တချို့ကိုတောင် ထိတ်လန့်သွားစေရန် လုံလောက်ပါသည်။

"သွားမယ်!"

ဝမ်ဖုန်းကို ပြောဆိုနေစဉ်တွင် ကျန်းဇီရာ၏မျက်ဝန်းများမှေးကျဉ်းသွားခဲ့ကာ သူ၏ခန္ဓာကိုယ်က ဝမ်ဖုန်း၏ဘေးနားတွင် ပြန်၍ပေါ်ပေါက်လာခဲ့သည်။ ထို့နောက် သူဟာ ဝမ်ဖုန်းတို့ကိုဆွဲခေါ်၍ ထွက်ပြေးသွားတော့သည်။

ဤမြင်ကွင်းကြောင့် ယန်ထျန်းဖုန်းနှင့် အခြားသူများအားလုံးသည် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြသည်။ အဆုံးမှာမှ ကျန်းဇီရာ ဘာကြောင့် အလျင်စလိုထွက်သွားရသလဲဆိုတာ သူတို့အားလုံး နားလည်လိုက်ကြရသည်။

"ဘုန်း!"

ကျန်းဇီရာနှင့်အခြားသူများ ထွက်ခွာသွားပြီး မကြာသေးခင်တွင် အစွမ်းထက်သော အရှိန်အဝါအများကြီးသည် ကောင်းကင်ဘုံမှ ထွ‌က်ပေါ်လာခဲ့သည်။ ၎င်းအရှိန်အဝါများသည် တန်ထောင်ချီလေးလံသော တောင်တန်းများကဲ့သို့ ယန်ထျန်းဖုန်းနှင့် အခြားသူများကို ချွေးစေးများ ပြန်ကျစေရန် ဖိနှိပ်ထားခဲ့သည်။ များမကြာမီတွင် လူပုဂ္ဂိုလ်တချို့သည် ကောင်းကင်ထက်မှ သက်ဆင်းလာခဲ့သည်။

၎င်းတို့မှာ နတ်ဆိုးဗုဒ္ဓကျောင်းတော်၏ အကာအကွယ်အစောင့်အရှောက်အကြီးအကဲများဖြစ်ကြသည်။ သူတို့အားလုံးဟာ လောင်ထျန်းဧကရာဇ်အထွဋ်အထိပ်မှာရှိကြ၏။

အဆိုပါထိတ်လန့်စရာ အရှိန်အဝါကြီးများကို ခံစားလိုက်ရပြီးနောက် ကျန်းဇီရာဟာ ဝမ်ဖုန်းတို့ကို ဆွဲခေါ်၍ တွေးတောခြင်းမရှိ ထွက်‌ပြေးသွားခဲ့သည်။ သူဟာ လောင်ထျန်းဧကရာဇ်စွမ်းအားရှင်တစ်ယောက်ကို တိုက်ပွဲတွင် သတ်ဖြတ်နိုင်ခဲ့သော်လည်း ဒဏ်ရာကြီးကြီးမားမားရခဲ့ပါသည်။

ဧကရာဇ်အများကြီးနှင့်ရင်ဆိုင်ရသည့်အခါ ကျန်းဇီရာကတောင် ယုံကြည်ချက်လုံးဝမရှိခဲ့ပါ။ ကျားကုတ်ကျားခဲ တိုက်ခိုက်နေရသည်ထက်စာလျှင် စောစီးစွာ ထွက်ပြေးတိမ်းရှောင်ခြင်းက သာ၍ကောင်းသည်။

ဘယ်လိုပဲဖြစ်ဖြစ် ဒီကောင်တွေက ထာဝရညဉ့်ဦးယံတောအုပ်ထဲမှာ ရှိနေဦးမှာ။ သူတို့တွေ ထွက်ပြေးလို့မရနိုင်ပါဘူး။ သူသာပြန်ပြီး သက်သာသွားရင် အီု့နတ်ဆိုးဗုဒ္ဓကျောင်းတော်ရဲ့ အကြီးအကဲတွေကို တစ်ယောက်ချင်း သတ်ပစ်ဦးမယ်!

"ဘယ်ကောင်လဲ!"

နေရာကိုရောက်ရှိလာသော နတ်ဆိုးဗုဒ္ဓကျောင်းတော်၏ အကြီးအကဲများသည် ဖိုရှု၏အရှိန်အဝါပျောက်ကွယ်သွားတာကို ခံစားလိုက်ရတော့ ဒေါသတကြီး ဟစ်ကြွေးခဲ့ကြသည်။ မိုးခြိမ်းသံကဲ့သို့ ပေါက်ကွဲသံကြီးများသည် လောကအတွင်း ပျံ့လွင့်လျက်ရှိသည်။

ဖိုရှုတစ်ယောက် ဤနေရာတွင်သေဆုံးသွားလိမ့်ည်ဟု ဖိုယာဟာ မျှော်လင့်မထားခဲ့။ သူတို့အနည်းငယ် နောက်ကျခဲ့တာကို.... ဖိုရှုက အသတ်ခံလိုက်ရပြီတဲ့လား။ ဘယ်သူက ဒီလောက်တောင် ရဲတင်းရသလဲ။

ဖိုရှုနဲ့ ဖိုယာဟာ ညီအစ်ကိုများဖြစ်ကြသည်။ သူတို့ဟာ တစ်ချိန်တည်း၌ နတ်ဆိုးဗုဒ္ဓကျောင်းတော်ကို ဝင်ရောက်ခဲ့သူများဖြစ်ပြီး တစ်ချိန်တည်း၌ပင် ကျောင်းတော်၏အကာအကွယ် အစောင့်အရှောက်အကြီးအကဲများအဖြစ် ရာထူးတိုးခဲ့ကြသည်။

အချိန်တိုလေးအတွင်း၌ သူ၏ညီငယ်‌လေး ဖိုရှုဟာ တမလွန်ကို ကြွလှမ်းသွားလှမ်းမည်ဟု ဖိုယာတစ်ယောက် ဘယ်တုန်းကမှ ထင်မထားခဲ့။

"ဘုန်း!"

ပြင်းစွာစော အမျက်ဒေါသသည် ဖိုယာ၏ရင်ဘတ်ကို မြင့်ချည်နိမ့်ချည် ဖြစ်နေစေခဲ့သည်။ သူ၏မျက်ဝန်းများဟာ နီဆွေးလျက် ပတ်ဝန်းကျင်ကို စဉ်ဆက်မပြတ် အကဲခတ်ကြည့်ရှုလိုက်သည်။ ထိတ်လန့်ခြောက်ခြားဖွယ်ရာကောင်းသော နတ်ဘုရားအသိစိတ်သည် အရပ်မျက်နှာအသီးသီးသို့ ပျံ့နှံ့သွားခဲ့ကာ ဧရိယာတစ်ခုလုံးကို လွှမ်းခြုံလျက် ညီငယ်ကို သတ်ဖြတ်ခဲ့သော ပုဂ္ဂိုလ်အား အလျင်စလိုရှာဖွေနေခဲ့သည်။

သို့သော်လည်း သူဘယ်သို့ဘယ်ပုံရှာဖွေနေပါစေ ဖိုရှုကိုသတ်သွားခဲ့သော တရားခံကိုဖြင့် မတွေ့မြင်နိုင်ခဲ့ပါ။ သို့ပေသိ ယန်ထျန်းဖုန်းနှင့် ယွင်ယုရွှယ်တို့အုပ်စုကိုတော့ သူရှာတွေ့ခဲ့ပါသည်။

ပုံရိပ်ဝေဝါးပျောက်ကွယ်သွားခြင်းနှင့်အတူ သူသည် အကြီးအကဲများကို ခေါ်ဆောင်၍ ယန်ထျန်းဖုန်းတို့လူငယ်ပါရမီရှင်များရှိနေသည့်နေရာသို့ ရောက်ရှိသွားခဲ့သည်။ ၎င်းအစွမ်းထက်သောခွန်အားသည် ယန်ထျန်ဖုန်းတို့ကို ချွေးစေးများပြန်လာစေခဲ့သည်။

"ဟုန်ယန်ဘုရားကျောင်းရဲ့ သခင်လေး... ယန်ထျန်းဖုန်းက အကြီးအကဲတို့ကို တွေ့ဆုံပါတယ်"

ယန်ထျန်းဖုန်းသည် တုန်ယင်နေသော နှလုံးသားကို ထိန်းချုပ်လျက် တည်ငြိမ်သောအမူအယာကို ထိန်းသိမ်းထားခဲ့သည်။ သူဟာ ဖိုယာတို့အုပ်စုကို တလေးတစား ဦးညွတ်လျက် ကျယ်လောင်စွာ နှုတ်ဆက်လိုက်သည်။

"ယန်ထျန်းဖုန်း?"

"ငါ့ညီ ဖိုရှုကို ဘယ်ကောင်သတ်သွားသလဲဆိုတာ မင်းသိလား"

ဖိုယာသည် မျက်လုံးကိုမှေးကျဉ်းလျက် ယန်ထျန်းဖုန်းကိုစိုက်ကြည့်ကာ ကျယ်လောင်စွာ မေးမြန်းခဲ့သည်။

ယန်ထျန်းဖုန်း၏ အဆင့်အတန်းက သာမန်မဟုတ်တာကြောင့် သူဟာ လက်လွတ်စပယ် မပြုမူရဲပါ။

ယန်ထျန်းဖုန်း၏ခွန်အားသည် သူ့ထက်နိမ့်ကျသည်မှာ မှန်ကန်သော်လည်း ထိုသူ၏အဆင့်အတန်းဟာ သူရင်ဆိုင်နိုင်တာထက် များစွာ သာလွန်နေသည်။ သူဟာ အင်မတန် ဒေါသထွက်နေခဲ့သော်လည်း ဒေါသများကတောင် ဤအချိန်၌ ပျောက်ကွယ်သွားရသည်။

"ဒီနိမ့်ကျသူက အဲ့ဒီလူတွေကို မသိပါဘူး။ ဒါပေမဲ့ ဒီနိမ့်ကျသူမှာ ကျောက်တုံး‌ပုံရိပ်ယောင်တစ်ခုရှိပါတယ်"

ယန်ထျန်းဖုန်း၏မျက်ဝန်းများသည် လင်းလက်တောက်ပသွားလျက် ထူးမခြားနားစွာ ပြောဆိုခဲ့သည်။ ယင်းနောက် လက်တစ်ဖက်ကို ဆန့်တန်း၍ ရိုးရှင်းသော ကျောက်တုံးလေးတစ်တုံးကို ပေးအပ်လိုက်သည်။

မူလက သူသည် တိုက်ပွဲမြေပြင်ကို ပုံရိပ်ဖမ်းထားခဲ့ခြင်းမှာ ကျန်းဇီရာ၏တိုက်ပွဲဝင်စွမ်းအားနှင့် လုပ်ဆောင်မှုများကို လေ့လာစမ်းစစ်ဖို့ဖြစ်သည်။ သို့မှသာ သူ၏ နားလည်မှုများလည်း တိုးတက်လာမှာဖြစ်သည်။ သို့သော်လည်း ဖိုယာတို့အုပ်စုရောက်လာသည့်အခါ ရွေးချယ်စရာမရှိ ထုတ်ပေးခဲ့ရသည်။

၎င်းမှာ သူ ဖိုယာတို့ကို ကြောက်လန့်နေ၍မဟုတ်ပါ။သူဟာ ဝမ်ဖုန်းတို့ကို သေစေချင်၍သာဖြစ်သည်။ ထိုကဲ့သို့ ထိတ်လန့်စရာ တိုက်ပွဲဝင်စွမ်းအားကိုပိုင်ဆိုင်ထားသော တည်ရှိမှုသည် ဤလောကအတွင်းရှိမနေသင့်။ ထိုတည်ရှိမှုသာ ကြီးထွားလာပေလျှင် ဘယ်သူကများ ကျန်းဇီရာရဲ့ပြိုင်ဘက် ဖြစ်လာဦးမတုန်း။ ဒါ့အပြင် ကျန်းဇီရာလိုပုဂ္ဂိုလ်ကို ခိုင်းစေနိုင်သည်ဖြစ်ရာ ဝမ်ဖုန်းဟာလည်း လွယ်ကူသောပြိုင်ဘက်မဟုတ်ပါ။ လူငယ်မျိုးဆက်တစ်ယောက်အနေနဲ့ ယန်ထျန်းဖုန်းဟာ ဤသို့ပြုလုပ်ရချေလိမ့်မည်။

အဝေးတစ်နေရာတွင်ရှိနေသော ယွင်ယုရွှယ်သည် ယန်ထျန်းဖုန်း၏အမူအယာကိုတွေ့မြင်ခဲ့ရသည့်အခါ သူမ၏လှပသော မျက်ဝန်းကလေးများသည် စက်ဆုပ်ရွံ့ရှာမှုတို့ဖြင့် ပြည့်သွားခဲ့သည်။ သူမဟာ ယန်ထျန်းဖုန်းကို နက်နက်ရှိုင်းရှိုင်းစိုက်ကြည့်လိုက်ပြီးနောက် ပျောက်ကွယ်သွားခဲ့တော့သည်။

ဖိုယာတို့သည် ယွင်ယုရွှယ်ပျောက်ကွယ်သွားတာကို သိရှိခဲ့သော်လည်း သူမ၏အဆင့်အတန်းကြောင့် မတားဆီးနိုင်ခဲ့ချေ။

"ဒီအကြီးအကဲမှာ ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ် မှော်ဝင်ပစ္စည်းတစ်ခုရှိတယ်။ ဒီပုံရိပ်ယောင်ကျောက်တုံးနဲ့လဲရင် ဘယ်နှယ့်လဲ"

ဖိုယာသည် လက်တစ်ဖက်ကို ဆန့်တန်းလျက် မိုးပြာရောင်အလင်းတန်းများတောက်ပနေသော ဓားရှည်တစ်လက်ကို လေဟာပြင်အတွင်းမှဆွဲထုတ်ခဲ့သည်။ သူ၏မျက်ဝန်းများဟာ မှေးကျဉ်းလျက် ယန်ထျန်းဖုန်းကို စူးစိုက်ကြည့်ကာ ပြောဆိုလိုက်သည်။

"ဒီငယ်သား ဆန္ဒရှိပါတယ်"

ယန်ထျန်းဖုန်း၏မျက်နှာသည် အပျော်တို့ဖြင့် ပြည့်နှက်စေလျက် လျင်မြန်စွာ အော်ဟစ်ပြောဆိုလိုက်သည်။

ထို့နောက် သူတို့နှစ်ဦးဟာ ပစ္စည်းများကို အပြန်အလှန်လဲလှယ်ခဲ့ကြသည်။

ဖိုယာသည် ပုံရိပ်ယောင်ကျောက်တုံးကိုရရှိသွားပြီးနောက် ၎င်းအတွင်းကြည့်ရှုရန် မစောင့်ဆိုင်းနိုင်တော့ပါ။ ကျန်းဇီရာနှင့် ဖိုရှုတို့၏တိုက်ပွဲကို ကြည့်ရှုလိုက်ပြီးနောက် ဖိုယာ၏မျက်ဝန်းများအတွင်း မှိုင်းညို့သော အလင်းတန်းများ ထွက်ပေါ်လာခဲ့သည်။ နတ်ဆိုးဗုဒ္ဓကျောင်းတော်၏အကြီးအကဲများသည် ယင်းနောက်ပျောက်ကွယ်သွားခဲ့လေသည်။

All Chapters