ရွှမ်ကျိတာအိုဓား
Vol. 50 Ch. 692
"သခင်လေးက အမျှော်အမြင်ကြီးမားပါပေတယ်ဗျာ!"
"ဒီနတ်ဆိုးဗုဒ္ဓကျောင်းတော်ရဲ့ လူတွေကို အဲ့ဒီထူးဆန်းတဲ့လူတွေနဲ့ တိုက်ခိုက်ခိုင်းလိုက်ကြတာပေါ့!"
ဖိုယာတို့အုပ်စု ထွက်ခွာသွားပြီးနောက် ဟုန်ယန်ဘုရားကျောင်း၏တပည့်များသည် ယန်ထျန်းဖုန်းကို တလေးတစားစိုက်ကြည့်လျက် ပြောဆိုခဲ့သည်။
နားစည်အတွင်း ပျံ့နှံ့ထွက်ပေါ်လာသော ချီးကျူးစကားများကို ကြားခဲ့ရသည့်အခါ ယန်ထျန်းဖုန်း၏မျက်ဝန်းများသည် အလင်းတန်းများ တောက်ပလင်းဖြာသွားခဲ့သည်။ သူဟာ အဝေးတစ်နေရာရှိ တိမ်စိုင်များကို စူးစိုက်ကြည့်လျက် တွေဝေမိန်းမောနေခဲ့သည်။ သူ အဘယ်သို့သောအရာကို တွေးတောနေကြောင်းကိုတော့ ဘယ်သူကမှ သိနိုင်မည်မထင်ချေ!
…
ထာဝရညည့်ဦးယံတောအုပ်အတွင်းရှိ တောင်ကြားလေးတစ်ခုထဲ၌ ဝမ်ဖုန်းတို့ဟာ ဆင်းသက်ခဲ့ကြသည်။ ဆင်းသက်လိုက်ပြီးနောက် ကျန်းဇီရာဟာ အစောင့်အရှောက်နေရာလွတ်အတွင်းသို့ ရုတ်ချည်းပြန်ဝင်သွားခဲ့ကာ သူ၏ဒဏ်ရာများကို ကုစားနေခဲ့သည်!
"ဒီနေရာမှာအနားယူပြီး မင်းတို့ရဲ့အရှိန်အဝါတွေကို ထိန်းချုပ်ထားကြ"
ဝမ်ဖုန်း၏မျက်ဝန်းများအတွင်း အလင်းတန်းတစ်ခု လင်းလက်သွားခဲ့ကာ နက်ရှိုင်းသောအသံဖြင့်ပြောဆိုခဲ့သည်။
ဘုန်းတော်ကြီးဖိုရှု၏ ခွန်းအားမှာ အရမ်းကိုသန်မာပါသည်။ သူသာ ဘိုးဘေးငှားရမ်းခြင်းလုပ်ဆောင်ချက်ကို အသုံးမပြုလျှင် ရှန်ရှန့်ကျူံဂိုဏ်း၏ လက်ရှိခွန်အားဖြင့် ထိုသူ့ကို ဘယ်သူကမှ အနိုင်ယူနိုင်မှာမဟုတ်ပါ။
တစ်ဖက်တွင်ရှိနေသော လီပိုင်က ဦးခေါင်းငြိမ့်လျက် ဝမ်ဖုန်း၏စကားကို ထောက်ခံခဲ့သည်။ ထို့နောက် တင်ပျဥ်ချိတ်၍ အနားယူလိုက်တော့သည်။
ဝမ်ဖုန်းဟာလည်း သူ၏ကိုယ်ပိုင်နေရာကို ရှာဖွေ၍ တင်ပျဉ်ချိတ်ထိုင်ချလိုက်သည်။ ထိတ်လန့်စရာကောင်းသော ဖိုရှုထုတ်ဖော်ပြသခဲ့သည့် ထိတ်လန့်စရာခွန်အားဟာ ဝမ်ဖုန်းကို အတော်ကလေးခြောက်ခြားစေခဲ့သည်။ သူ၏ လက်ရှိခွန်အားဟာ သန်မာပုံပေါ်သော်လည်း အစစ်အမှန်သန်မာသည့် ပုဂ္ဂိုလ်များနှင့် ရင်ဆိုင်ရသည့်အခါမှာတော့ သေးနုပ်သွားခဲ့ရသည်။
"ဒီဧကရာဇ်က ဆင့်ကဲပြောင်းလဲခြင်း ဧကရာဇ်အဆင့်ကို ရောက်ရှိစေဖို့အတွက် ဂိုဏ်းမှတ်ဘယ်လောက်အသုံးပြုရမလဲ"
အလင်းတန်းတစ်ခု လင်းလက်တောက်ပသွားခြင်းနှင့်အတူ ဝမ်ဖုန်းက လျှို့ဝှက်စွာမေးမြန်းခဲ့သည်။
သူဟာ ဧကရာဇ်ဘိုးဘေး အထွတ်အထိပ်ကျင့်ကြံမှုမျှအပြင် ရောင့်ရဲတင်းတိမ်ခြင်း မရှိတော့ပါ။ သူသာ ဆင့်ကဲပြောင်းလဲခြင်း ဧကရာဇ်အထွတ်အထိပ်ကို ရောက်ရှိသွားလျှင် သူ၏ ထိတ်လန့်စရာ တိုက်ပွဲဝင်စွမ်းအားအပြင် လောင်ထျန်းဧကရာဇ် အထွတ်အထိပ်စွမ်းအားရှင်များကို ကျန်းဇီရာကဲ့သို့ သတ်ဖြတ်နိုင်လိမ့်မည်။
ထိုအချိန်သို့ရောက်ပါက ထာဝရညည့်ဦးယံတောအုပ်အတွင်း၌ ရှိနေကြသော နတ်ဆိုးဗုဒ္ဓကျောင်းတော်၏ အစောင့်အရှောက်များအားလုံးဟာ သူ၏သားကောင်များ ဖြစ်လာလိမ့်မည်။
ပျက်သုန်းခြင်းဧကရာဇ်နယ်ပယ်ကို ရောက်ရှိသွားပြီနောက် ဝမ်ဖုန်းသည် ထီကံစမ်းမှုမှရရှိလာသော ကျင့်ကြံမှုများကို သူ့ကိုယ်၌ကောင်းချီးပေးခြင်းမရှိခဲ့ပါ။ ယခု သူ၏ကျင့်ကြံမှုဖြစ်သော ဧကရာဇ်ဘိုးဘေးအထွတ်အထိပ်သည် သူကိုယ်တိုင်ကြိုးစား၍ အမှီအခိုကင်းစွာ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။
လက်ရှိအခါသမယတွင် နတ်ဆိုးဗုဒ္ဓကျောင်းတော်၏ခြိမ်းခြောက်မှုနှင့် တွေ့ကြုံနေရတာကြောင့် ဝမ်ဖုန်းက များများစားစားမတွေးတောနိုင်တော့။ သူဟာ ခွန်အားကိုတိုးတက်ဖို့သာ စိတ်စောနေမိသည်။ ကံကောင်းထောက်မစွာဖြင့် စနစ်၏ ကျင့်ကြံမှုကောင်းချီးတွင် ဘေးထွက်ဆိုးကျိုးမရှိပါ။ အဆုံးသတ်မှာတော့ သူဟာ နတ်ဆိုးဗုဒ္ဓကျောင်းတော်ရှိ သန်ပါသောလူများကို တိုက်ခိုက်ရမှာဖြစ်သည်။ ထို့အတွက်ကြောင့် သူ၏ ရုတ်ချည်းမြင့်တက်သွားသော ကျင့်ကြံမှုဟာလည်း အချိန်နှင့်အမျှ အခြေခံသန်မာလာလိမ့်မည်။
"ဒင် ပိုင်ရှင်က ဆင့်ကဲပြောင်းလဲခြင်း ဧကရာဇ်အဆင့်ကို ရောက်ရှိဖို့ဆိုရင် ဂိုဏ်းမှတ်၁၀ထရီလီယမ် အသုံးပြုဖို့လိုအပ်ပါတယ်"
ထွက်ပေါ်လာသော အေးစက်သည့်အသံက ဝမ်ဖုန်း၏မျက်နှာကို မည်းမှောင်သွားစေခဲ့သည်။ ကျင့်ကြံမှုအဆင့် ပို၍မြင့်မားလေလေ စနစ်ကလည်း ပို၍ညစ်ပတ်လေဖြစ်ကြောင်းကို သူရှာတွေ့ခဲ့သည်။
ဂိုဏ်းမှတ် ၁၀ထရီလီယမ်တဲ့လား ။
ဒါက သူ့တစ်ယောက်တည်းအတွက်သာ ဖြစ်သည်။ ရှန်ရှန့်ကျုံတစ်ဂိုဏ်းလုံး၏ အကြီးအကဲများကို ၎င်းအဆင့်သို့ရောက်ရှိအောင် ဆောင်ကျဉ်းပေးချင်လျှင် အဘယ်မျှလောက်ခက်ခဲပါလိမ့်မည်နည်း။ အနာဂတ်တွင်လိုအပ်မည့် ဂိုဏ်းမှတ်များကို တွေးတောလိုက်မိသည့်အခါ ဝမ်ဖုန်းဟာ သက်ပြင်းမချဘဲမနေနိုင်တော့ပါ။
"ဒင် ၊ဂိုဏ်းမှတ်ဘာကြောင့် အများကြီးလိုအပ်သလဲ ဆိုတာကတော့ ပိုင်ရှင်ရဲ့စွမ်းအင်က သာမှန်လူတွေနဲ့ ကွာခြားနေလို့ပါ။ ပိုင်ရှင်ရဲ့တိုးတက်မှုက သာမန်လူတွေရဲ့ တိုးတက်မှုနဲ့ မတူပါဘူး။ ဒါက အလုံးစုံတိုးတက်ခြင်းပါ"
"ပိုင်ရှင်ရဲ့ တစ်ဖက်လောက လျိုယင်းရုပ်ခန္ဓာ၊ ကံတရားဝိညာဉ်၊ လျိုယင်းနှလုံးသားနဲ့ နဂါးအရိုးတို့ကို အဆင့်မြှင့်တင်ဖို့ဆိုရင် စွမ်းအင်တွေ အများကြီး လိုအပ်ပါတယ်။ ဂိုဏ်းမှတ်၁၀ထရီလီယမ်ရဲ့ ပမာဏတော်တော်များများကို ပိုင်ရှင်ရဲ့ အစိတ်အပိုင်းလေးခုကို အားဖြည့်ဖို့ သုံးစွဲရတာပါ"
"ဟုတ်တာပေါ့ ပိုင်ရှင်က အစိတ်အပိုင်းလေးခုကို မတိုးတက်စေပဲ ကျင့်ကြံမှုကြီးသက်သက် မြှင့်တင်မယ်ဆိုရင်တော့ ဂိုဏ်းမှတ် ၄ထရီလီယမ်ပဲ ကုန်ကျမှာပါ"
"ဒါပေမယ့် ဒီလိုဆိုရင်တော့ ပိုင်ရှင်ရဲ့တိုက်ပွဲဝင်စွမ်းအားက သာမန်ပါရမီရှင်တစ်ယောက်နဲ့ ကွာခြားတော့မှာမဟုတ်ပါဘူး"
ဝမ်ဖုန်း၏အတွေးအခေါ်များကို သိရှိနေသည့်အလား စနစ်က တစ်ဆက်တည်းဆိုသလို ရှင်းပြခဲ့သည်။ ဝမ်ဖုန်းဟာ မျက်မှောင်ကြုံ့သွားခဲ့သည်။ သူဟာ ခန္ဓာကိုယ်အတွင်းရှိ ဆန်းကြယ်မှုလေးခုကို မေ့လျော့နေခဲ့ခြင်းဖြစ်ပါ၏။
"စနစ် ဒီနန်းတော်ကဘာလဲ?"
ဤအချိန်မှာပဲ ဝမ်ဖုန်းသည် ထျန်းရွှမ်တာအိုနန်းတော် ပြိုကွဲသွားပြီးနောက် ကျောက်စိမ်းနန်းတော်လေးတစ်ခုသည် သူ၏ ခန္ဓာကိုယ်အတွင်း ဝင်ရောက်သွားခဲ့ပြီး ဒန်တျန်အတွင်းနစ်မြုပ်သွားခဲ့တာကို သတိရလိုက်မိသည်။
ပျက်သုန်းခြင်းဧကရာဇ်ဘုံလောကကို ရောက်ရှိလာပြီးနောက် ဝမ်ဖုန်းဟာ ကျောက်စိမ်းဖြူနန်းတော်လေးအကြောင်းကို သတိပြုမူရန် အချိန်မရှိခဲ့ပါ။ ယခု အချိန်တွေပိုနေသည်ဖြစ်ရာ ဝမ်ဖုန်းသည် ကျောက်စိမ်းဖြူနန်းတော်လေးအကြောင်းကို ရှာဖွေချင်မိသည်။
"ဒင် ၊ကျောက်စိမ်းဖြူနန်းတော်လေးအကြောင်းကို စုံးစမ်းဖို့ဆိုရင် ဂိုဏ်းမှတ် တစ်ရာဘီလီယံကုန်ကျပါမယ်"
"စစ်ဆေးလိုက်!"
သူ့စိတ်အာရုံအတွင်းမှ ထွက်ပေါ်လာသော အေးစက်သည့်အသံကိုကြားလိုက်ရသည့်အခါ ဝမ်ဖုန်းက ဒေါသတကြီးတုံ့ပြန်ပြောဆိုလိုက်သည်။ ဒီစနစ်ဟာ တကယ်ကို တရားလွန်ပါ၏။ စုံစမ်းစစ်ဆေးရေးအတွက်တောင် ဂိုဏ်းအမှတ်များကို တောင်းခံနေပြန်သည်။
"ဒင် ဂိုဏ်းမှတ် တစ်ရာဘီလီယံအသုံးပြုပြီး စတင်စစ်ဆေးနေပါပြီ"
"ဒီအရာလေးကိုတော့ ရွှမ်ကျိတာအိုနန်းတော်လို့ခေါ်ပါတယ်။ ဒါက ထျန်းရွှမ်တာအိုဘိုးဘေး ပြုလုပ်ထားတဲ့ ထိပ်တန်းရတနာပစ္စည်းပါ။ ဒီအရာကို များစွာသော မှော်ဝင်ပစ္စည်းတွေနဲ့တည်ဆောက်ထားတာပါ။ ပြီးတော့ အချို့သော ကြီးမြတ်တဲ့ပုဂ္ဂိုလ်တွေကလည်း ကူညီခဲ့ကြရပါတယ်"
"ဒါပေမယ့်လည်း ဒီရတနာပစ္စည်းလေးကို ပြုလုပ်ပြီးတဲ့နောက်မှာ အပြောင်းလဲတစ်ခု ဖြစ်လာခဲ့ပါတယ်။ အဲ့ဒီအပြောင်းအလဲကြောင့်ပဲ ရတနာပစ္စည်းရဲ့ စွမ်းဆောင်ရည်က ထျန်းရွှမ်တာအိုဘိုးဘေးရဲ့ စွမ်းဆောင်ရည်နဲ့မကိုက်ညီတော့ပါဘူး။ ဒါကြောင့်မလို့ အထွတ်အမြတ်ပုဂ္ဂိုလ်က အဆင့်တူ ရတနာပစ္စည်းတစ်ခုနဲ့ လဲလှယ်ခဲ့ပါတယ်"
"ထျန်းရွှမ်တာအိုဘိုးဘေးက ကောင်းကင်ကိုယ်စားလှယ် အရိုးစုနှင့် တိုက်ခိုက်ခဲ့တဲ့အချိန်မှာ အထွတ်အမြတ်ပုဂ္ဂိုလ်က လျှို့ဝှက်ဆန်းကြယ်တဲ့ တာအိုနန်းတော်ကိုအသုံးပြုပြီး ထျန်းရွှမ်တာအိုဘိုးဘေးကို ကူညီပေးခဲ့တာပါ။ အဲ့ဒီနောက်မှာ ဒီရတနာနန်းတော်လေးက အရိုးစုကိုဖိနှိပ်ဖို့အတွက် အခြေခံအစီရင်ကြီးတစ်ခု ဖြစ်လာခဲ့ပါတယ်"
သူ့စိတ်အာရုံအတွင်း ထွက်ပေါ်လာသော အေးစက်သည့်အသံကြောင့် ဝမ်ဖုန်း၏မျက်ဝန်းများဟာ တောက်ပသွားခဲ့သည်။ သူဟာ အထွတ်အမြတ်ရတနာပစ္စည်းတစ်ခုကို ရရှိခဲ့လိမ့်မည်ဟု ထင်မထား။
"ဒင် ဒီရွှမ်ကျိတာအိုနန်းတော်မှာ ရွှမ်ကျိတာအိုဓားဆိုတဲ့ နောက်ထပ် အသွင်သဏ္ဍာန်တစ်မျိုး ရှိပါသေးတယ်"
"ရွှမ်ကျိတာအိုနန်းတော်က ခုခံရေးရတနာပစ္စည်းဖြစ်ပြီးတော့ အဲ့ဒီအထဲမှာ သန်မာတဲ့ခွန်အားကိုသိုဝှက်ထားပါတယ်။ ရွှမ်ကျိတာအိုဓားကတော့ တိုက်ခိုက်ရေး မှော်ရတနာပစ္စည်းဖြစ်ပြီး အဆုံးအစမဲ့ထက်မြမှုတွေကို သယ်ဆောင်ထားပါတယ်"
ဝမ်ဖုန်း၏ထိတ်လန့်မှုက မလုံလောက်ခဲ့သည့်အလား စနစ်က ထပ်မံပြန်၍ရှင်းပြလာခဲ့ပြန်သည်။ ဝမ်ဖုန်းဟာ အံဩဘနမ်းဖြစ်နေခဲ့ရသည်။ ဤအချိန်မှာသူဟာ ပုံသဏ္ဍာန်နှစ်မျိုးပြောင်းလဲနိုင်သော မှော်ဝင်ရတနာကို ပထမဆုံးအကြိမ်ရရှိခဲ့သည်။ ၎င်းဟာ ခုခံရေးနှင့် ကာကွယ်ရေးစွမ်းအားနှစ်ခုစလုံးကို ပေါင်းစပ်ထားခြင်းဖြစ်ကာ အလျဉ်းသင့်သလို ပြောင်းလဲအသုံးပြုနိုင်သေးသည်။
ဒီလျှို့ဝှက်ဆန်းကြယ်တဲ့ရတနာ တည်ထောင်ခဲ့တဲ့ အထွတ်အမြတ်ပုဂ္ဂိုလ်က ဘယ်လောက်တောင် ထိတ်လန့်စရာကောင်းလိုက်လိမ့်မလဲ။ ပုံသဏ္ဍာန်နှစ်မျိုးကိုတောင် အတူတကွပေါင်းစပ်နိုင်ခဲ့တာလား။
"အရှင်သခင်ကို ဘယ်လိုမျိုးအသိအမှတ်ပြုခိုင်းရမလဲ"
ထိတ်လန့်သွားပြီးနောက် ဝမ်ဖုန်း၏မျက်ဝန်းများဟာ လင်းလက်တောက်ပလျက် ပြောဆိုခဲ့သည်။
သူသာ ဤလျှို့ဝှက်ဆန်းကြယ်သော တာအိုနန်းတော်ကို ရရှိနိုင်ခဲ့ပါလျှင် သူ၏ကျင့်ကြံမှုက ဆင့်ကဲပြောင်းလဲခြင်းဧကရာဇ်အထွတ်အထိပ်သို့ ရောက်ရှိသွားပါက လောင်ထျန်းဧကရာဇ် အထွတ်အထိပ်စွမ်းအားရှင်များကို သတ်ဖြတ်ခြင်းက အင်မတန်လွယ်ကူနေလိမ့်မည် မဟုတ်ပါလော။
ဤရတနာပစ္စည်းကို လက်ဝယ်ပိုင်ဆိုင်သူသည် ကမ္ဘာလောကတစ်ခုကို လက်ဝယ်ပိုင်ဆိုင်ခြင်းနှင့် တူသည်။
မြင့်မြတ်သော ရတနာပစ္စည်းများကို ပျက်သုန်းခြင်းဧကရာဇ်နယ်ပယ် စွမ်းအားရှင်များကတောင် အလားလာအပြည့် အသုံးမချနိုင်ခဲ့ပါ။ ၎င်းပစ္စည်း၏ စွမ်းအင်ပမာဏတစ်ချို့ကို ထုတ်လွှတ်နိုင်ခဲ့ရင်တောင် ဆန်းကြယ်သည့်စွမ်းအားများကို ခြယ်လှယ်နိုင်မှာဖြစ်သည်။
"ဒင်၊ ရွှမ်ကျိတာအိုနန်းတော်က ပိုင်ရှင်ရဲ့ခန္ဓာကိုယ်အတွင်း ဝင်ရောက်သွားပြီးတဲ့အခါမှာ ပိုင်ရှင်ကိုသခင်အဖြစ် အလိုလျောက် အသိအမှတ်ပြုလိုက်ပါပြီ။ ပိုင်ရှင်က တစ်ချိန်တည်းမှာ ရွှမ်ကျိတာအိုဓားကိုလည်း ထိန်းချုပ်အသုံးပြုနိုင်ပါတယ်"
"ဒါပေမယ့် နှစ်ပေါင်း မရေမတွက်နိုင်လောက်အောင် ဖိနှိပ်ခံထားရတာကြောင့် ရွှမ်ကျိတာအိုဓားက အထွတ်အထိပ်စွမ်းအားရဲ့ တစ်စိတ်တစ်ဒေသကိုပဲ ပိုင်ဆိုင်ပါတော့တယ်။ ဒါက သာမန်ရတနာပစ္စည်းတစ်ခုနဲ့ အဆင့်ညီသွားပါပြီ ။သူ့ရဲ့အထွတ်အထိပ်အခြေအနေကို ပြန်ရောက်ချင်တယ်ဆိုရင်တော့ ပိုင်ရှင်က မြင့်မြတ်တဲ့ပစ္စည်းတွေကို စုဆောင်းပြီး ရွှမ်ကျိတာအိုဓားကို ပြန်လည်မွမ်းမံရမှာပါ"
သူ့ကိုသခင်အဖြစ် အသိအမှတ်ပြုလိုက်ပြီတဲ့လား။
စနစ်၏ အသံကိုကြားတော့ ဝမ်ဖုန်းဟာ အနည်းငယ် တွေဝေမိန်းမောသွားခဲ့သည်။ သူဟာ ဘာမှမလုပ်ခဲ့မိပါချေ။ ၎င်းဆန်းကြယ်သည့် တာအိုဓားသည် သူ့ကိုသခင်အဖြစ် အလိုလျောက်အသိမှတ်ပြုခဲ့သည်။ ဒါက ကံကောင်းထောက်မပြီး ရတနာပစ္စည်းတစ်ခုကို ကောက်ရခဲ့ခြင်းနှင့် မတူပေဘူးလား။
ဆန်းကြယ်သည့် တာအိုဓားသည် အထွတ်အထိပ် အခြေအနေ၌ ရှိမနေသေးသော်လည်း မြင့်မြတ်သည့် ရတနာပစ္စည်းတစ်ခုအဖြစ်ရှိနေဆဲသာ။ အဘယ်မျှလောက် သာမန်ဆန်ပါစေ ။၎င်းဟာမြင့်မြတ်သော ရတနာပစ္စည်းသာ ဖြစ်ချေသည်!