← Chapters

ပျက်သုန်းခြင်းကို ကျော်လွန်၍

Vol. 50 Ch. 693

ပျက်သုန်းခြင်းကို ကျော်လွန်၍

Vol. 50 Ch. 693

မြင့်မြတ်သော ရတနာပစ္စည်းနှင့်ဆိုပါက လောင်ထျန်းဧကရာဇ်စွမ်းအားရှင်များကိုမဆိုပါနှင့်၊ အစစ်အမှန်ဧကရာဇ်နယ်ပယ်ရှိစွမ်းအားရှင်များ အားလုံးကိုတိုက်ခိုက်ရန်ကတောင် ဝမ်ဖုန်းအတွက်မဖြစ်နိုင်သည် မဟုတ်တော့ပါ။

ရန်သူက အင်မော်တယ်ဧကရာဇ်စွမ်းအားရှင်ဖြစ်နေရင်တောင် ဝမ်ဖုန်းသည် မှော်ရတနာပစ္စည်း၏စွမ်းအားကိုပေါက်ကွဲထုတ်ဖော်နိုင်သေးသ၍ သီအိုရီအားဖြင့်တစ်ဖက်သူကို ထိခိုက်အောင်ပြုလုပ်နိုင်သည်။

ဟုတ်ပါပေသည်။ တစ်ဖက်ရန်သူမှာလည်း မြင့်မြတ်သောမှော်ဝင်ရတနာတစ်ခုရှိပါက အခြေအနေများကကွာခြားသွားနိုင်သည်။

သို့ပေသိ မြင့်မြတ်သောရတနာပစ္စည်းဟာ အစဉ်အမြဲမြင့်မြတ်သောရတနာပစ္စည်းသာဖြစ်သည်။ ၎င်းကိုသာမန်ရတနာများကဲ့သို့ လွယ်လင့်တကူ ရရှိနိုင်ရန်ကား မဖြစ်ပါ။ လက်ရှိဝမ်ဖုန်း၏စွမ်းအားသည် မြင့်မြတ်သောရတနာပစ္စည်း၏ခွန်အားကို ထုတ်ဖော်ဖို့ဝေးလေစွ။ ၎င်းပစ္စည်းကိုတောင်အပြင်သို့ ထုတ်မလာနိုင်ပါ။

ဝမ်ဖုန်းကို ပို၍အံ့ဩစေခဲ့သည်ကား ရွှမ်ကျိတာအိုဓားသည် ပုံသဏ္ဍာန်နှစ်မျိုးရှိသော ရတနာပစ္စည်းဖြစ်နေပြီး ခုခံရေးနှင့်တိုက်ခိုက်ရေးစွမ်းအားနှစ်ခုစလုံးကို ပိုင်ဆိုင်ခြင်းဖြစ်သည်။ မိုးကောင်းကင်ကို ဆန့်ကျင်နိုင်သော ခုခံရေးဖြင့်ဆိုပါက အစစ်အမှန်ဧကရာဇ်စွမ်းအားရှင်များက ၎င်းခံစစ်ကိုချိုးဖျက်နိုင်မှာမဟုတ်ချေ။

"စနစ်၊ ဂိုဏ်းမှတ် ၁၀ထရီလီယမ်ကိုအသုံးပြုပြီး ထီကံစမ်းလိုက်ပါ။ ရရှိလာတဲ့ကျင့်ကြံမှုတွေကို ဒီဂိုဏ်းချုပ်အပေါ်ကောင်းကြီးပေးပါ။ တစ်ချိန်တည်းမှာ အရှိန်အဝါတွေကိုထိန်းချုပ်ထားပါ။"

ဝမ်ဖုန်းသည် တောက်ပသောမျက်ဝန်းတို့ဖြင့် လျှို့ဝှက်စွာရေရွတ်ခဲ့သည်။ သူ၏ကျင့်ကြံမှုသာ ဆင့်ကဲပြောင်းလဲခြင်းဧကရာဇ်အထွတ်အထိပ်သို့ ရောက်ရှိသွားပါလျှင် သူသည်မိုးကောင်းကင်ကို ဆန့်ကျင်နိုင်သောခွန်အားပမာဏကို မှီခို၍လျှို့ဝှက်ဆန်းကြယ်သောဓား၏စွမ်းအားကိုဖော်ထုတ်နိုင်လိမ့်မည်။ ထိုသို့ဆိုပါက

ဝမ်ဖုန်းအတွက် လောင်ထျန်းဧကရာဇ်အထွတ်အထိပ်စွမ်းအားရှင်တစ်ယောက်ကို သတ်ဖြတ်ဖို့က မခက်ခဲနိုင်တော့ပါ။

ရွှမ်ကျိတာအိုဓားကဲ့သို့ ရတနာပစ္စည်းတစ်ခုမရှိဘူးဆိုတောင် ဝမ်ဖုန်းဟာလောင်ထျန်းဧကရာဇ်အထွတ်အထိပ် စွမ်းအားရှင်တို့ကို သတ်ဖြတ်နိုင်ပါလိမ့်မည်။ ရွှမ်ကျိတာအိုဓားကို ပိုင်ဆိုင်ပြီးနောက်မှာတော့ သူဟာအစစ်အမှန်ဧကရာဇ်စွမ်းအားရှင့်တချို့ကို သတ်ဖြတ်ဖို့တောင် ယုံကြည်ချက်ရှိလာမှာဖြစ်၏။

"ထီဆုကံစမ်းဖို့အတွက် ဂိုဏ်းမှတ် ၁၀ထရီလီယမ် အသုံးပြုလိုက်သည်အတွက် ပိုင်ရှင့်ကိုဂုဏ်ပြုပါတယ်။"

"ပိုင်ရှင့်က နတ်ဆိုးကျုံးလုံရဲ့ ကျင့်ကြံမှု ငါးပုံတစ်ပုံကို ထီကံစမ်းရရှိပါတယ်။"

"ဒင်!"

"ဒင်၊ ပိုင်ရှင်ကိုဂုဏ်ပြုပါတယ်။ ဂိုဏ်းမှတ် ၁၀ ထရီလီယမ်လုံးအသုံးပြုပြီး ထီကံစမ်းပြီးပါပြီး။ ရရှိတဲ့ကျင့်ကြံမှုတွေကို ပိုင်ရှင်အပေါ်ကောင်းကြီးပေးပါတော့မယ်။"

"ဘုန်း!!"

စနစ်၏အေးစက်သောအသံ ထွက်ပေါ်လာခြင်းနှင့်အတူ ကျယ်ပြောနက်ရှိုင်းသောစွမ်းအင်တို့သည် လေဟာပြင်အတွင်းရုတ်တရက်ထွက်ပေါ်လာလေကာ ဝမ်ဖုန်း၏ခန္ဓာကိုယ်အပေါ်‌ ရေတံခွန်စီးကျသကဲ့သို့ စီးပြိုခဲ့သည်။ ဝမ်ဖုန်း၏ကိုယ်ခန္ဓာတစ်ခုလုံးဟာ အထိန်းအကွပ်မဲ့စွာ တုန်လှုပ်လျက်ရှိသည်။

ဖြစ်စဉ်တစ်ခုလုံးသည် တိတ်ဆိတ်စွာဖြစ်ပျက်လျက်ရှိသည်။ သူ၏ဘေးတွင်ရှိနေသော လီပိုင်တို့တတွေကတောင် ထူးခြားသောခွန်အားကို သတိမမူမိခဲ့ကြပါ။

"ဝုန်း!"

ဤစွမ်းအားဝင်ရောက်လာခြင်းနှင့်အတူ ဝမ်ဖုန်းခန္ဓာကိုယ်တစ်ခုလုံးသည် အလင်းတန်းတစ်ခုအဖြစ် ရုတ်တရက်ပေါက်ကွဲသွားခဲ့သည်။ ကိုယ်ခန္ဓာအတွင်းရှိ ဆန်းကြယ်မှုကြီးလေးခုဟာ အသက်ဝင်လာခဲ့ပြီး ထူးဆန်းသောစွမ်းအားကို စဉ်ဆက်မပြတ်စုပ်ယူနေခဲ့သည်။

ကျယ်ပြောနက်ရှိုင်းသောစွမ်းအား၏ ၆၀ရာခိုင်နှုန်းခန့်ကို ဝမ်ဖုန်း၏ဆန်းကြယ်မှူလေးခုက စုပ်ယူခဲ့သည်။ ကြွင်းကျန်ရစ်သော ၄၀ ရာခိုင်နှုန်းကတော့ ဝမ်ဖုန်း၏သွေးကြောများအတွင်း ဝင်ရောက်သွားခဲ့ကာ ကျင့်ကြံမှုအတားအဆီးကို ချိုးဖြတ်နေခဲ့သည်။

နက်ရှိုင်းသောစွမ်းအင်တို့ကိုစုပ်ယူလိုက်ပြီးနောက် ဝမ်ဖုန်းကိုယ်တွင်းတွင်ရှိနေသော နဂါးအရိုးသည်ပို၍သန့်စင်ကာ ပိုမိုများပြားသောစွမ်းအားတို့ကို ထုတ်လွှတ်နေခဲ့သည်။ ၎င်းအရိုးဟာ တလက်လက်တောက်ပလျက်ရှိချေသည်။ မှော်ဝင်အရိုးပေါ်တွင် နက်ရှိုင်းသောအနက်ရောင် သင်္ကေတများထွင်းထုထားလျက်ရှိကာ ထူးဆန်း၍ကျက်သရေရှိနေခဲ့သည်။

မှော်ဝင်အရိုးသာမက လျိုယင်းနှလုံးသား၊ ကံတရားဝိဉာဉ်နှင့် တစ်ဖက်လောကလျိုယင်းရုပ်ခန္ဓာတို့ကလည်း အလင်းတန်းများဖြာဆင်းလာလျက်ရှိသည်။ တစ်ခုပြီးတစ်ခုသည် ဝမ်ဖုန်း၏ကိုယ်ခန္ဓာကို အိမ်မက်ဆန်သောစွမ်းအင်များ ဖြည်စွမ်းပေးလျက်ရှိချေသည်။

ဧရာမစွမ်းအင်တို့ကိုစုပ်ယူလိုက်ပြီးနောက် ဆန်းကြယ်မှုလေးခုတို့သည် ပေါင်းစပ်ရန်လိုလားမှု အနည်းငယ်ကို ထုတ်ဖော်ပြသခဲ့သည်။ ဆန်းကြယ်မှုလေးခုမှ ထွက်ပေါ်နေသော သင်္ကေတတို့သည် ဝမ်ဖုန်း၏သွေးကြောများအတွင်း စုန်ချည်ဆန်ချည်ရွေ့လျားနေခဲ့ကာ ဝမ်ဖုန်း၏လျိုယင်းနှလုံးသားထံ ဦးတည်နေခဲ့သည်။

သွေးကြောများအတွင်း၌ ဆန်းကြယ်မှုလေးခု၏သင်္ကေတများသည် တစ်ခုကိုတစ်ခုထိစပ်လျက်ရှိကာ ခုခံမှုအနည်းငယ်နှင့်အတူ ပေါင်းစပ်နေခဲ့ကြသည်။ နောက်ဆုံးမှာတော့ ပျက်သုန်းခြင်းသင်္ကေတကြီးတစ်ခုအဖြစ် အပြည့်အဝပေါင်းစည်းသွားခဲ့ကာ ဝမ်ဖုန်း၏လျိုယင်းနှလုံးသားအတွင်းဝင်ရောက်သွားတော့သည်။

ပျက်သုန်းခြင်းမှော်ဝင်သင်္ကေ ဝင်ရောက်သွားသည့်အခါ ဝမ်ဖုန်း၏လျိုယင်းနှလုံးသားသည် ပြင်းထန်စွာ တဒုတ်ဒုတ်ခုန်သွားခဲ့ကာ ပျက်သုန်းခြင်း၏အလင်းတန်းများဖြာဆင်းထွက်ပေါ်လျက်ရှိသည်။

"ဘုန်း!"

ဝမ်ဖုန်း၏ခန္ဓာကိုယ်သည် ကြမ်းကြုတ်စွာခါရမ်းသွားခဲ့ပြီး ဒဏ္ဏာရီဆန်သောအရှိန်အဝါတစ်ခုသည် ကိုယ်ခန္ဓာမှ လျှံကျထွက်ပေါ်လျက်ရှိသည်။ သို့သော်လည်း၎င်းတို့သည် ဝမ်ဖုန်းခန္ဓာကိုယ်ကိုကျော်လွန်၍ ပျံ့လွင့်ခြင်းမရှိပဲ ခန္ဓာပတ်ပတ်လည်၌သာ ဝဲလွှင့်နေခဲ့ကြသည်။

သို့သော်ဤအချိန်၌ လီပိုင်တို့သည် လျှို့ဝှက်ဆန်းကြယ်သောလေထုကို သတိပြုမိခဲ့သည်။ အဆိုပါလေထု၏အောက်တွင် လီပိုင်တို့အားလုံးတွင် ဦးညွှတ်ချင်လိုသောစိတ် အလိုအလျောက်ပေါက်ဖွားလာခဲ့၏။ ၎င်းမှာ ပြိုင်ဘက်ကင်းနတ်ဘုရားတစ်ပါးနှင့် ထိပ်တိုက်ရင်ဆိုင်နေခဲ့ရသည့်အလား ဖြစ်နေခဲ့ကာ အညံ့ခံလိုသောဆန္ဒတို့ဟာ စဉ်ဆက်မပြတ်တိုးပွားလာလျက်ရှိသည်။

လီပိုင်တို့သည် မျက်ဝန်းသူငယ်အိမ်များကိုမှေးကျုံ့လျက် ဝမ်ဖုန်းကိုစူးစိုက်ကြည့်ခဲ့သည်။ ထို့နောက်သူတို့က ဦးခေါင်းများကိုအလျင်စလို နှိမ့်ချလိုက်ရသည်။ ဝမ်ဖုန်းကို စိုက်ကြည့်လိုက်သည့် တခဏတွင် သူတို့၏စိတ်ဝိဉာဉ်က ပို၍ပို၍တုန်လှုပ်လာခဲ့သည်။ ၎င်းမှာအချိန်မရွေးပြိုကွဲတော့မည့်ဟန်တောင်ပြလာခဲ့သည်။ ဒါကလီပိုင်နှင့်အခြားသူများ၏နှလုံးအိမ်ကိုအပြင်းအထန်ခြောက်ခြားစေခဲ့သည်။

လေထုအရှိန်အဝါတစ်ချို့ကတောင် သူတို့၏စိတ်ဝိဉာဉ်ကိုပြင်းထန်စွာရိုက်ခတ်ခဲ့သည်ဖြစ်ရာ ဂိုဏ်းချုပ်၌ အဘယ်သို့သော အပြောင်းအလဲများဖြစ်နေပါသနည်း။

ရွှမ်းယွမ်က ပို၍တောင်ထိပ်လန့်တုန်လှုပ်နေခဲ့သည်။ သူဟာ ရှန်ရှန့်ကျုံ့ဂိုဏ်းနှင့် ဝမ်ဖုန်းတို့အကြောင်းကို လုံလောက်စွာသိရှိပြီးပြီဟုထင်ခဲ့သော်လည်း အဆုံးသတ်မှာတော့ သူဟာဝမ်ဖုန်းကိုဘယ်တုန်းကမှ သိရှိထားခြင်းမရှိကြောင်း သတိချပ်မိခဲ့သည်။

ဒီ့မတိုင်ခင်က ထွက်ပေါ်ခဲ့သော ကျန်းဇီရာပင်ဖြစ်စေ၊ ဝမ်ဖုန်း၏လက်ရှိအခြေအနေပင်ဖြစ်စေ ရှန်ရှန့်ကျုံ့ဂိုဏ်းကိုပို၍ ခြောက်ခြားဖွယ် ကောင်းစေခဲ့သည်။ ဤသည်ကြောင့် သူဟာရှန်ရှန့်ကျုံ့ဂိုဏ်းအတွင်း နေလိုသော စိတ်ဆန္ဒပို၍ပေါက်ဖွားလာခဲ့သည်။

သူ၏ရွှမ်းယွမ်နတ်ဘုရားမျိုးနွယ်စုသည် အင်မတန်စွမ်းအင်ကြီးမားပါသည်၊ ၎င်းကပျက်သုန်းခြင်းဧကရာဇ်ဘုံလောကကြီးတစ်ခုလုံးကိုတောင် ချာချာလည်စေလျက် အစွမ်းထက်သည့် ပုဂ္ဂိုလ်တို့ကိုတစ်ယောက်ပြီးတစ်ယောက် ဦးခေါင်းများနှိမ်ချစေနိုင်သည်။ သို့သော်လည်း ရွှမ်းယွမ်နတ်ဘုရားမျိုးနွယ်စု၏အနာဂတ်နှင့် အလားအလာတို့ကို သူဟာထင်ရှားစွာတွေ့မြင်နိုင်ပါသည်။ သို့သော်လည်း ဝမ်ဖုန်းနှင့် ရှန်ရှန့်ကျုံ့ဂိုဏ်း၏အနာဂတ်အလားအလာကိုတော့ သူကတောင် မှန်းဆတွေးတောရဲခြင်းမရှိ!

"ဘုန်း!"

ရွှမ်းယွမ်၏နှလုံးသားတုန်လှုပ်နေခြင်းနှင့်အတူ လီပိုင်တို့၏နှလုံးသားကလည်းခုန်လှုပ်နေခဲ့သည်။ ဝမ်ဖုန်းကိုယ်တွင်းရှိစွမ်းအင်တို့မှာ ပို၍ပို၍ခြောက်ခြားဖွယ်ကောင်းလာလျက် ပျက်သုန်းခြင်း၏အရှိန်အဝါတို့ကို စုစည်းထုတ်ဖော်လျက်ရှိသည်။ ၎င်းအရှိန်အဝါများသည် သိပ်သည်းလွန်းတာကြောင့် မီးခိုရောင်မြူခိုးထုကြီးတစ်ခုအဖြစ်သို့တောင် ပေါင်းစပ်သွားခဲ့သည်။

နှလုံးသားဟာ နှလုံးသားမဖြစ်တော့သည် အခိုက်အတန့်တွင် ပျက်သုန်းခြင်းသည် လောကအတွင်း ဖွင့်လစ်ခြင်းခံရလိမ့်မည်!..

ယင်းမှာတစ်ဖက်လောက လျိုယင်း ပျက်သုန်းခြင်း ရုပ်ခန္ဓာဖြစ်လေသည်။

ဝမ်ဖုန်း၏စိတ်အာရုံအတွင်း၌ ဆန်းကြယ်မှုကြီးလေးခုသည် အပြည့်အဝပေါင်းစပ်၍ချိတ်ဆက်ခဲ့ကြသည်။ ဝမ်ဖုန်း၏ရုပ်ခန္ဓာသည် တစ်ဖက်‌ေလာကပျက်သုန်းခြင်းရုပ်ခန္ဓာအဖြစ်တိုးတက်ပြောင်းလဲသွားခဲ့သည်။

မြေအောက်ကမ္ဘာ၏ တဖက်လောကတွင် ကောင်းကင်ဘုံ၏ ပျက်သုန်းခြင်း မွေးဖွားလာသည့်အခါ ထာဝရရှင်သန်သူတို့သည် ထိတ်လန့်တုန်လှုပ်ကြရလိမ့်မည်!

၎င်းသည် တာအိုနယ်ပယ် ပျက်သုန်းခြင်း၏ရုပ်ခန္ဓာအမျိုးအစားဖြစ်သည်။ အတိတ်တွင် ၎င်းရုပ်ခန္ဓာကို ကမ္ဘာလောကကြီးက တာအို ပျက်သုန်းခြင်းရုပ်ခန္ဓာဟု တင်စားခေါ်ဆိုခဲ့သည်။ ကုချိုးနှင့်ကုကန်းချိုးတို့ပိုင်ဆိုင်သော ပျက်သုန်းခြင်းရုပ်ခန္ဓာများကလည်း တာအိုနယ်ပယ်အတွင်း ရှိကြပါသည်။

အရေးကြီးဆုံးအရာမှာ ဝမ်ဖုန်းကိုယ်တွင်း၌ပေါက်ဖွားလာခဲ့သော တဖက်လောက၏ ပျက်သုန်းခြင်းရုပ်ခန္ဓာသည် အသစ်စက်စက်တာအို နယ်ပယ်ရုပ်ခန္ဓာတစ်မျိုးဖြစ်သည်။ ၎င်းသည်တာအိုနယ်ပယ်ကိုတောင် ကျော်လွန်နေဟန်ရှိကာ ကမ္ဘာလောကအတွင်း၌ ရှေးယခင်က ဘယ်တုန်းကမှ ထွက်ပေါ်မလာခဲ့ဖူးသည့် အမျိုးအစားဖြစ်သည်။

ဝမ်ဖုန်းကတောင် ဤကဲ့သို့အသစ်စက်စက် ရုပ်ခန္ဓာတစ်ခုကို ပေါက်ဖွားစေနိုင်လိမ့်မယ်ဟု ဘယ်တုန်းကမှ တွေးထင်မထားခဲ့ပါ။

မူလက ဝမ်ဖုန်းတွင်ရှိနေသော လျိုယင်းရုပ်ခန္ဓာသည် တာအိုနယ်ပယ်နှင့်ကောင်းကင်ဘုံ၏ အဆင့်အောက်တွင်ရှိသော ရုပ်ခန္ဓာတစ်ခုဖြစ်သည်။ ယခုအချိန်မှာတော့ မှော်ဝင်နဂါးရိုး၊အခြားသောဆန်းကြယ်မှုတို့နှင့် ပေါင်းစပ်လိုက်သည့်အခါ ဝမ်ဖုန်းသည် တာအိုရုပ်ခန္ဓာအသစ်ကိုဖွဲ့စည်းနိုင်ခဲ့၏!

All Chapters