← Chapters

တန်ပြန်သတ်ဖြတ်ခြင်းစတင်ပြီ

Vol. 50 Ch. 694

တန်ပြန်သတ်ဖြတ်ခြင်းစတင်ပြီ

Vol. 50 Ch. 694

သို့သော်လည်း သူ့ကိုကိုယ်ခန္ဓာအတွင်းရှိ ဆန်းကြယ်မှုလေးခုအားပေါင်းစပ်၍ အသစ်စက်စက်ပျက်သုန်းခြင်းရုပ်ခန္ဓာအဖြစ် အသွင်ပြောင်းလဲနိုင်ခြင်းမှာ ဝိညာဥ်ကျေးရွာမှ ယခင်ကရရှိခဲ့သော ထူးဆန်းသည့်စွမ်းအားကြောင့်ဖြစ်သည်ဆိုတာကိုတော့ ဝမ်ဖုန်းဟာ ဘယ်တုန်းကမှ ထင်ထားခဲ့မှာ မဟုတ်ချေ။

ထီကံစမ်းမှုမှရရှိလာသော ဆန်းကြယ်သည့်စွမ်းအားများက ဝမ်ဖုန်း၏ကိုယ်အတွင်း ဝင်ရောက်သွားခဲ့သည့်အခါ ဝမ်ဖုန်းခန္ဓာကိုယ်အတွင်း ပုန်းကွယ်နေသည့် ဝိညာဥ်ကျေးရွာမှ ဆန်းကြယ်သည့်စွမ်းအားကို ဆွဲထုတ်ပေးခဲ့သည်။ ထိုစွမ်းအားများက ဝမ်ဖုန်း၏ကိုယ်ခန္ဓာအစိတ်အပိုင်းများသို့ ပျံ့နှံ့သွားခဲ့ခြင်း ဖြစ်သည်။

ဤလျို့ဝှက်ဆန်းကြယ်သောစွမ်းအင်၏လွှမ်းမိုးမှုအောက်တွင် ဝမ်ဖုန်းကိုယ်ထဲရှိ ဆန်းကြယ်မှုလေးခုသည် တမဟုတ်ခြင်းဆိုသလို သဟဇာတဖြစ်သွားခဲ့ကာ ဆန်းကြယ်သောခွန်အားတစ်ခုကို အစပျိုးဖော်ထုတ်ပေးခဲ့သည်။ ဤသို့ဖြင့် ဝမ်ဖုန်းဟာ အသစ်စက်စက်ပျက်သုန်းခြင်းရုပ်ခန္ဓာကို ဖန်တီးနိုင်ခဲ့သည်။

" ဘုန်း....! "

တစ်ဖက်လောက ပျက်သုန်းခြင်းရုပ်ခန္ဓာ၏ထွက်ပေါ်လာခြင်းနဲ့အတူ ပျက်သုန်းခြင်းသင်္ကေတများသည် ဝမ်ဖုန်း၏အရိုးတို့အထက်၌ မြဲမြံစွာ တံဆိပ်ခတ်နှိပ်ပြီး ဖြစ်ခဲ့သည်။ အဆိုပါသင်္ကေတများ၏ပုံရိပ်သည် ဝမ်ဖုန်းရဲ့အရိုးများကို ပို၍သန်မာစေခဲ့ကာ သူဟာ ထိခိုက်မှုတချို့ကို ခုခံချေပနိုင်စွမ်းရှိလာခဲ့သည်။

ဝမ်ဖုန်း၏ ထိတ်လန့်ဖွယ် တစ်ဖက်လောက ပျက်သုန်းခြင်းရုပ်ခန္ဓာဖြင့်ဆိုလျှင် အစစ်အမှန်ဧကရာဇ်တစ်ပါးကတောင် ဝမ်ဖုန်း၏ရုပ်ခန္ဓာကို ဖျက်စီးနိုင်မှာ မဟုတ်ပါ။ ၎င်းဟာ မကြာသေးခင်ကမှ ဖွဲ့တည်ခဲ့ပြီးဖြစ်သော်လည်း တာအိုနယ်ပယ်ရုပ်ခန္ဓာတို့၏ခွန်အားကို အပြည့်အဝ ဖော်လှစ်ပြသခဲ့ပြီး ဖြစ်သည်။

" ဘုန်း...! "

တူညီသောအချိန်၌ ထိတ်လန့်စရာအရှိန်အဝါတို့သည် ဝမ်ဖုန်းကိုယ်တွင်း လှည့်ပတ်လျက် ရှိသည်။ ဆင့်ကဲပြောင်းလဲခြင်းဧကရာဇ်အထွတ်အထိပ်စွမ်းအင်သည် စတင်စီးဆင်းလာခဲ့ကာ လီပိုင်တို့ကို ပို၍ ခြောက်ခြားစေခဲ့သည်။

၎င်းအရှိန်အဝါချည်း သက်သက်ကတောင် သူတို့ကို တုန်လှုပ်စေလျက် လေထုထဲ၌ မမြင်နိုင်သည့်ဓားများ ဝဲပျံနေကာ သူတို့အား အချိန်မရွေးသတ်ဖြတ်နိုင်သကဲ့သို့ ခံစားရစေခဲ့သည်။

ဝမ်ဖုန်းထံမှ လီပိုင်နဲ့ရှီကန်းတန်တို့သည် သေစေနိုင်သောခြိမ်းခြောက်မှုတစ်ခုကို ခံစားခဲ့ရသည်။ ဤအချိန်တွင် ဂိုဏ်းချုပ်ကြီးနဲ့ရင်ဆိုင်ပါက သူတို့ကျိန်းသေပေါက်ရှုံးမည်ဖြစ်ကြောင်းကို အစောင့်အရှောက်(2)ယောက် သိလိုက်ကြသည်။

ယခင်က ထွက်ပေါ်လာခဲ့ဖူးသော တတိယအစောင့်အရှောက် ကျန်းဇီရာသည်တောင် ဂိုဏ်းချုပ်နဲ့ယှဥ်ပါက နိမ့်ကျနေခဲ့သည်။

ရွှမ်းယွမ်အတွက်တော့ ပို၍တောင် သည်းမခံနိုင်စရာ ဖြစ်ခဲ့သည်။မျက်နှာဖုံးအတွင်းပုန်းကွယ်နေသော သူ၏မျက်နှာသည် ခြောက်ခြားမှုတို့အတိ ပြီးစီးနေခဲ့သည်။ ဝမ်ဖုန်းရဲ့ခွန်အားက အချိန်တိုအတွင်း အရမ်းကိုမြှောက်တက်သွားလိမ့်မည်ဟု သူတွေးထင်ထားခဲ့ဖူးခြင်း မရှိ။

အစကနေ အဆုံးအထိ သူသည် ဝမ်ဖုန်း၏ကျင့်ကြံမှုပြောင်းလဲလာမှုကို တွေ့မြင်ခဲ့ရသည်။ သို့သော်လည်း ဝမ်ဖုန်း၏ခွန်အားပြောင်းလဲမှုကိုတော့ မသိမြင်နိုင်ခဲ့။

ယခင်က ဧကရာဇ်ဘိုးဘေးအထွတ်အထိပ်သာ ရှိခဲ့သောဝမ်ဖုန်းသည် သူ့ကို သေစေနိုင်လောက်အောင် ခြိမ်းခြောက်နိုင်ခဲ့သည်။ သို့ပေသော်ငြားလည်း ၎င်းခြိမ်းခြောက်မှုက အရမ်းသန်မာခြင်း မရှိပါ။ လက်ရှိဝမ်ဖုန်းကတော့ အစစ်အမှန်ဧကရာဇ်တစ်ပါးနဲ့ တွေ့နေရသည့်အလား သူ့ကို သေလုမျောပါးခြောက်ခြားစေနိုင်သည်။

" ဝှမ် ! "

လီပိုင်တို့တတွေ တုန်ယင်နေကြစဥ်တွင် ဝမ်ဖုန်းက မျက်ဝန်းကို ရုတ်တရက် ဖွင့်လှစ်ခဲ့သည်။ အလင်းတန်းတစ်ခုသည် မျက်ဝန်းကိုဖောက်ထွင်း၍ထွက်ပေါ်လာခဲ့ကာ ရှေ့မှောက်ရှိလေဟာပြင်ကို တိုက်ရိုက်ဖြတ်တောက်ခဲ့သည်။ ၎င်းအရှိန်အဝါသည် လီပိုင်တို့ကို ထိန်းကွပ်မရ တုန်လှုပ်လာစေခဲ့သည်။

မျက်ဝန်းဖွင့်လှစ်လိုက်ပြီးနောက် ဝမ်ဖုန်းသည် ချက်ချင်းမတ်တပ်ရပ်ခြင်းမရှိဘဲ ကိုယ်တွင်းရှိ အပြောင်းအလဲတို့ကို အာရုံခံနေခဲ့သည်။

တစ်ဖက်လောက ပျက်သုန်းခြင်းရုပ်ခန္ဓာအဖြစ် ဖွဲ့တည်လိုက်ပြီးနောက် သူ့ကိုယ်တွင်းရှိစွမ်းအားများမှာ အဆုံးအစမဲ့အောင် များပြားလာကြောင်း ဝမ်ဖုန်း ခံစားခဲ့ရသည်။ ၎င်းတို့သည် အချို့သောအသွင်ပြောင်းလဲခြင်းတို့ကို ဖြတ်ကျော်ခဲ့ရပုံပေါ်သည်။ သူဟာ ကောင်းကင်ဘုံ၏နိယာမတို့နှင့် ကမ္ဘာလောကကြီး၏ လွတ်မြောက်မှုလမ်းစဥ်တို့ကို ရှင်းလင်းပြတ်သားစွာ တွေ့မြင်နေရသည်။ ၎င်းလမ်းစဥ်များအတွင်း၌ တာအိုဝါဒ၏နက်နဲမှုကိုတောင် ခပ်ဖျဖျတွေ့မြင်နိုင်သည်။

၎င်းမှာ တာအိုနယ်ပယ်ရုပ်ခန္ဓာတို့၏ ခြောက်ခြားဖွယ် ဖြစ်သည်။

ဟုန်မာန်နတ်ဘုရားနယ်ပယ်၌ရှိသော ကျင့်ကြံသူများအတွက်တောင် တာအိုအဆင့်နိယာမတို့ကို ပေါင်းစပ်ခြင်းက ခက်ခဲပါသည်။ သာမန်ဧကရာဇ်နယ်ပယ်သာရှိသေးသော ဝမ်ဖုန်းသည် ၎င်းတာအိုလမ်းစဥ်တို့ကို ရှင်းလင်းစွာ တွေ့မြင်နိုင်ခဲ့သည်။ထိုသူများသာသိရှိပါက မနာလိုမှု၊ ဝန်တိုမှုနဲ့အမုန်းတရားများတောင် ပေါက်ဖွားလာနိုင်သည်။

ကိုယ်တွင်းရှိ မကုန်ခမ်းနိုင်သောစွမ်းအင်တို့အပြင် ဝမ်ဖုန်းသည် သူ၏အရိုးများက ပို၍ကျစ်လစ်သိပ်သည်းလာကြောင်းကိုလည်း တွေ့မြင်ရသည်။ ၎င်းတို့ဟာ မြင့်မြတ်သောလက်နက်တစ်ခုအလားရှိနေလျက် သူ၏ ကိုယ်ခန္ဓာတစ်လျှောက် ဖြတ်သန်းစီးဆင်းလျက် ရှိသည်။

ဟုတ်ပါပေသည်။ ၎င်းမှာ အချိန်အတွင်း၌ စွမ်းအင်မြင့်တက်လာမှုကြောင့်ဖြစ်ရသည့် အထင်မှားသာ ဖြစ်သည်။

" ဘုန်း....! "

ဝမ်ဖုန်းသည် လက်သီးနှစ်ဖက်ကို ကျစ်ကျစ်ပါအောင်ဆုပ်လိုက်သည့်အခါ လေထုအတွင်း ပေါက်ကွဲသံများ ထွက်ပေါ်လာခဲ့သည်။ ဝမ်ဖုန်းလက်သီးပတ်လည်ရှိလေဟာပြင်သည် တွေ့မြင်နိုင်သောနှုန်းဖြင့် တွန့်လိမ်ပုံပျက်သွားခဲ့ကာ အချို့သောစွမ်းအင်တို့၏ဖိညစ်ခြင်းကို ခံခဲ့ရသည်။

ဝမ်ဖုန်းက စိတ်ကျေနပ်စွာခေါင်းညိတ်လျက် ထိတ်လန့်တုန်လှုပ်နေသောလီပိုင်တို့အုပ်စုကို လှမ်း၍ ကြည့်ရှူခဲ့သည်။ သူ၏အမူအရာက လေးနက်တည်ကြည်နေခဲ့သည်။

သူ၏လက်ရှိတိုးတက်မှုဟာ အင်မတန်ကြီးမား၍ ခွန်အားအရာ၌ များစွာမြောက်တက်လာခဲ့သော်လည်း အမှန်စင်စစ်၌တော့ အစစ်အမှန်သန်မာသောပုဂ္ဂိုလ်တို့ကို ရင်ဆိုင်နိုင်ရန် မလုံလောက်သေးပါ။ သူ၏လက်ရှိတိုက်ပွဲဝင်စွမ်းအားနဲ့ လျို့ဝှက်ဆန်းကြယ်သော တာအိုဓားတို့သည် သာမန်သေမျိုးဧကရာဇ်တချို့ကို ရင်ဆိုင်နိုင်စွမ်းရှိသော်လည်း စစ်မှန်သည့်ဧကရာဇ်တို့ကိုတော့ မရင်ဆိုင်နိုင်သေးပါ။

ဝမ်ဖုန်းဟာ ခွန်အားတိုးတက်လာပြီးနောက် မသေမျိုးဧကရာဇ်တဖြစ်လဲ အစစ်အမှန်ဧကရာဇ်နယ်ပယ်စွမ်းအားရှင်တို့ကို ဆင့်ကဲပြောင်းလဲခြင်းအဆင့်မျှဖြင့် မရင်ဆိုင်နိုင်တာကြောင့် စိတ်ပျက်နေကြောင်းကို တစ်စုံတစ်ယောက်သိရှိသွားပါလျှင် ဝမ်ဖုန်းကို သတ်ချင်စိတ်ပေါက်လာတော့မှာ ဖြစ်သည်။

အလွန်ထူးမြတ်သောပါရမီရှင်ဖြစ်ရင်တောင် ထိိုသို့မလုပ်နိုင်ပါ။

ထိုသို့စွမ်းဆောင်နိုင်သူသည် ပျက်သုန်းခြင်းဧကရာဇ်ဘုံလောကြီး၏သမိုင်း၌ ဘယ်တုန်းကမှ မပေါ်ထွန်းခဲ့ဖူးဘူးဟုတောင် ပြော၍ရသည်။ဝမ်ဖုန်းသာ ဤခွန်အားကို ထုတ်ဖော်ပြသခဲ့ပါလျှင် သူသည် ပျက်သုန်းခြင်းဧကရာဇ်ဘုံလောကအတွင်း၌ ရုတ်ချည်းနာမည်သတင်း ကျော်ဇောလောက်သည်။ များစွာသောထိပ်တန်းအင်အားစုတို့သည် သူ့အတွက် ရူးခါသွားနိုင်သည်။

အဓိကအင်အားစုကြီး(4)စုကတောင် ဝမ်ဖုန်းကို ဂိုဏ်းအတွင်းဆွဲသွင်းဖို့အတွက် ခြွင်းချက်တစ်ချို့ကို ချမှတ်ပေးလောက်သည်။ ပါရမီစွမ်းအားကသာ လုံလောက်အောင် သန်စွမ်းလျှင် ကန့်သတ်ချက်တို့သည်ကား အရေးမပါတော့ပါ။

" မင်းတို့ အသင့်ဖြစ်ပြီလား။ အခုက လက်စားချေဖို့အချိန်တန်ပြီ။ "

ဝမ်ဖုန်းသည် လီပိုင်တို့ကိုစိုက်ကြည့်လျက် အေးစက်သောအကြည့်ဖြင့် ပြောဆိုလိုက်သည်။

ခွန်အားအရာ၌ ဤသို့အပြောင်းအလဲဖြင့်ဆိုလျှင် ဝမ်ဖုန်းသည် နတ်ဆိုးဗုဒ္ဓကျောင်းတော်၏ အစောင့်အရှောက်တို့ကို မျက်ဝန်းထဲတောင် ထည့်မထားတော့ပါ။ သူတို့ဟာ သူ၏သားကောင်များဖြစ်ပြီး တစ်ကောင်ပြီးတစ်ကောင် အမဲလိုက်သတ်ဖြတ်ခြင်း ခံရမည်။

" အဆင်သင့်ဖြစ်ပါပြီ ! "

" ရန်သူတွေကိုသတ်ဖြတ်ဖို့ ဂိုဏ်းချုပ်နောက်ကို လိုက်ပါချင်ပါတယ် "

ဝမ်ဖုန်း၏စကားကိုကြားတော့ လီပိုင်တို့က တညီတညွတ်တည်း ကြုံးဝါးလိုက်ကြသည်။ သန်မာသောစိတ်ဓာတ်ခွန်းအားသည် လောကတစ်ခွင်ကို ခါယမ်းစေနိုင်သည်။

" လီပိုင်၊ ရှီကန်းတန်၊ ရွှမ်းယွမ် မင်းတို့သုံးယောက်က အစစ်အမှန်ဧကရာဇ်နယ်ပယ်အောက်မှာရှိတဲ့ နတ်ဆိုးဗုဒ္ဓကျောင်းတော်ရဲ့လူတွေကို ရင်ဆိုင်လိုက်ပါ။ အစစ်အမှန်ဧကရာဇ်နယ်ပယ်အထက်ကလူတွေကိုတော့ ငါကိုယ်တိုင် ကိုင်တွယ်မယ်။ "

လီပိုင်နဲ့အခြားသူများ၏ တိုက်ခိုက်လိုသောစိတ်ဆန္ဒကို တွေ့မြင်လိုက်ရသည့်အခါ ဝမ်ဖုန်းက ကျေနပ်အားရစွာ ခေါင်းညိတ်လျက် အမိန့်ပေးခဲ့သည်။

လီပိုင်ဟာ ကောင်းကင်ဘုံဧကရာဇ်အထွတ်အထိပ်သာရှိသော်လည်း သွေးနီရောင်ဧကရာဇ်အဆင့်စွမ်းအားရှင်များကို ရင်ဆိုင်နိုင်သည်။ ရှီကန်းတန်ကတော့ နက္ခဧကရာဇ်အဆင့်စွမ်းအားရှင်များကိုတောင် သတ်ဖြတ်နိုင်သည်။ ရွှမ်ယွမ်သည်တော့ အဆင့်အနိမ့်ဆုံးဖြစ်ပြီး ဧကရာဇ်ဘိုးဘေးအထွတ်အထိပ်၌သာ ရှိပါသည်။ သို့သော်လည်း သူ၏ပျက်သုန်းခြင်းဧကရာဇ်နယ်ပယ်မှော်ဝင်လက်နက်ရတနာများက သူ၏ခွန်အားကို အကြီးအကျယ် တိုးတက်စေနိုင်သည်။

ထိုလူသုံးယောက်၏ ပေါင်းစပ်မှုနဲ့ဆိုလျှင် သန်မာသော ဆင့်ကဲပြောင်းလဲခြင်းဧကရာဇ် တချို့ကတောင် သေဆုံးမှုနဲ့သာ အဆုံးသတ်ရမှာ ဖြစ်၏။

ဒါ့အပြင် ရွှမ်းယွမ်၏ပျက်သုန်းခြင်းဧကရာဇ်နယ်ပယ်လက်နက်ကို အသုံးချနိုင်ခြင်းသည် အချို့သူများကို တခဏကြာအောင် ကသောင်းကနင်း ဖြစ်သွားစေနိုင်သည်။ လီပိုင်နဲ့ရှီကန်းတန်တို့၏ ခြုံခိုတိုက်ခိုက်မှုနဲ့ပေါင်းစပ်လိုက်ပါက ထိပ်တန်းပါရမီဆိုရင်တောင် တားဆီးနိုင်စွမ်းရှိမှာမဟုတ်။

" ကောင်းပါပြီ ဂိုဏ်းချုပ် !"

ဝမ်ဖုန်း၏အမိန့်ကိုကြားတော့ လီပိုင်တို့သည် ကြမ်းတမ်းခက်ထန်သောအကြည့်တို့ဖြင့် လက်သီးဆုပ်ဂါရဝပြုခဲ့ကြကာ လေဟာပြင်အတွင်း ပျောက်ကွယ်သွားခဲ့သည်။

ဝမ်ဖုန်းသည်တော့ လီပိုင်တို့ထွက်ခွာသွားသည့်အရပ်မျက်နှာကို စူးစိုက်ကြည့်နေခဲ့ကာ မရှေးမနှောင်းမှာပင် သူဟာလည်း ပျောက်ကွယ်သွားလေသည်။

All Chapters