← Chapters

မြို့တော်အတွင်း ယိမ်းခါခြင်း။

Vol. 50 Ch. 695

မြို့တော်အတွင်း ယိမ်းခါခြင်း။

Vol. 50 Ch. 695

ထာဝရညဉ့်ဦးယံတောအုပ်ကြီးထဲတွင် ဖိုယာ၏မျက်နှာက မည်းမှောင်လျက်ရှိကာ မျက်ဝန်းများက တောအုပ်ကို အဆုံးမပြတ် စူးစမ်းနေခဲ့သည်။ သူ၏ခန္ဓာကိုယ်က မီးတောင်ကြီးကဲ့သို့ အဆုံးအဆမဲ့ ဒေါသတို့ ကိန်းဝပ်လျက်ရှိကာ သူ့ဝန်းကျင်ရှိ လူထုသည် ခါယိမ်းထိုးလျက်ရှိလေသည်။

ဖိုရှု၏သေဆုံးမှုက ဖိုယာကို ရင်နှင့်အမျှ ခံစားရစေခဲ့ကာ သူ့နှလုံးသားအတွင်းရှိ သတ်ဖြတ်လိုသော ဆန္ဒတို့မှာလည်း ပြင်းထန်စွာ ပျံ့လွင့်လျက်ရှိတော့သည်!

"မင်းကို ဒီဧကရာဇ် ရှာမတွေ့မိစေနဲ့။ မဟုတ်ရင် မင်းဘဝက သေတာထက် ဆိုးစေရမယ်!"

ဖိုယာ၏မျက်ဝန်းများဟာ နီရဲလျက်ရှိကာ ပတ်ဝန်းကျင်ရှိ တောင်စဉ်တောင်တန်းများနှင့် တောအုပ်တို့ကို ‌ဝေ့ဝဲကြည့်လျက် အေးစက်စွာပြောဆိုခဲ့သည်။

အဆုံးအဆမဲ့သော သတ်ဖြတ်ချင်စိတ်သည် ပတ်ဝန်းကျင်၏ လေထုအပူချိန်ကို လျော့ကျသွားစေခဲ့သည်။

ဖိုယာမှာ ဝေဝါးပျောက်ကွယ်သွားပြီး ညဉ့်ဦးယံ‌ေတာကို လိုက်လံရှာဖွေလျက်ရှိသည်။ သူဟာ သူ၏ညီဖိုရှုကို သတ်ဖြတ်ခဲ့သည့် တရားခံအား မတွေ့မချင်း ရှာဖွေမှုကို မရပ်တန့်နိုင်ပါ!

သူ၊ နတ်ဆိုး‌ဗုဒ္ဓကျောင်းတော်၏ အကြီးအကဲသည် ဤကဲ့သို့ရန်စမှုကို ဘယ်တုန်းကမှ မတွေ့ကြုံခဲ့ဖူးချေ!

သူ၏သခင်ငယ်လေး အသတ်ခံလိုက်ရရုံသာမက သူ၏ညီငယ်လည်း အသတ်ခံခဲ့ရသည်။ သူ၏နှလုံးသားကို မြှားတစ်စင်းပြီးတစ်စင်း စူးစိုက်လျက်ရှိကာ နတ်ဆိုးဗုဒ္ဓကျောင်းတော်၏ဂုဏ်သတင်းကလည်း စဉ်ဆက်မပြတ် ညှိုးနွမ်းလျက်ရှိသည်။ သူဟာ တရားခံကိုရှာမတွေ့ခဲ့ပါဘဲ နတ်ဆိုးဗုဒ္ဓကျောင်းတော်ကို ပြန်ရောက်သွားလျှင် သူ၏မျက်နှာကို အဘယ်မှာ သွားထားရအံ့နည်း?

"ဟူး!"

"မင်းကြားပြီးပြီလား။ နတ်ဆိုးဗုဒ္ဓကျောင်းတော်ရဲ့ နောက်ထပ်စွမ်းအားရှင်တစ်ယောက် သေဆုံးသွားပြန်ပြီတဲ့!"

"ဘာ!"

"ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?"

"ပြောကြတာတော့ အဲ့ဒီလူကို နတ်ဆိုးဗုဒ္ဓကျောင်းတော်ရဲ့ သခင်လေးကို သတ်ခဲ့တဲ့လူကပဲ ထပ်ပြီးတော့ သတ်ခဲ့ပြန်တာတဲ့!"

"အဲ့ဒီလူတွေက ဘယ်သူတွေများလဲ။ သူတို့က နတ်ဆိုးဗုဒ္ဓကျောင်းတော်ကို အာခံဖို့ပြင်ဆင်နေကြတာလား"

"ဟုတ်တယ်၊ နတ်ဆိုး‌ဗုဒ္ဓကျောင်းတော်ရဲ့လူတွေကတော့ ရူးသွပ်နေကြပြီလေ။ သူတို့က ထာဝရညဉ့်ဦးယံမြို့ကြီးကို ပိုက်စိပ်တိုက်ရှာနေကြတယ်။ နတ်ဆိုးဗုဒ္ဓကျောင်းတော်ရဲ့လက်ထဲကနေ တရားခံတွေက လွတ်နိုင်မလားဆိုတာကတော့ ပြောရခက်ချေရဲ့!"

"ဟာသပဲ။ နတ်ဆိုး‌ဗုဒ္ဓကျောင်းတော်က အရမ်းကိုစွမ်းအားကြီးတဲ့ အင်အားစုကြီးလေ။ အနှေးနဲ့အမြန် တရားခံတွေတော့ အသတ်ခံရတတော့မှာပဲကွ!"

ထာဝရညဉ့်ဦးယံတောအုပ်ကြီးအတွင်းရှိ ကျင့်ကြံသူများသည် လေထုမှတစ်ဆင့် တစ်ယောက်နှင့်တစ်ယောက် ဆက်သွယ်ပြောဆိုနေခဲ့ကြသည်။ သူတို့၏စိတ်အာရုံတို့က တုန်ယမ်းလျက်ရှိကာ ဝမ်ဖုန်းတို့အုပ်စု၏လုပ်ရပ်ကြောင့် မမောမပန်းဖြစ်နေခဲ့ရသည်။

ယင်းသတင်းသည် ထာဝရညဉ့်ဦးယံတောအုပ်ကြီးတစ်ခုလုံးအတွင်းသို့ ပျံ့နှံ့သွားခဲ့ရုံသာမက ထာဝရညဉ့်ဦးယံမြို့အတွင်းသို့ပါ ပျံ့နှံ့သွားခဲ့သည်။ ထိပ်တန်းအင်အားစုများကို ဖက်ပြိုင်ရင်ဆိုင်ဝံ့သောလူများသည် အရေအတွက်အားဖြင့် နည်းပါးပါသည်။ ထာဝရညဉ့်ဦးယံမြို့အတွင်း၌တောင် ထိပ်တန်းအင်အားစုများကို အာခံဝံ့သူသည် အနည်းစုသာရှိ၏။

သို့သော်လည်း ထိုသူများကတော့ ထိပ်တန်းအင်အားစုကို ရန်စရဲရုံသာမက ထိုအင်အားစု၏ သခင်လေးကိုတောင် သတ်ဖြတ်ခဲ့သေးသည်။ ထိုကဲ့သို့သော သတ္တိမျိုးက မိုက်ရူးရဲဆန်လှပါသည်ဆိုသော လူဆိုးတစ်စုကိုတောင် အရှက်ရသွားစေခဲ့သည်။

ထာဝရညဉ့်ဦးယံမြို့အတွင်းရှိ စွမ်းအားရှင်များအားလုံးသည် အခင်းကိစ္စကို စိတ်ဝင်စားသည်ဖြစ်ရာ ထာဝရညဉ့်ဦးယံတောအုပ်အတွင်းသို့ အလျှိုလျှိုထွက်ခွာလာခဲ့ကြသည်။ အဘယ်သို့သောသူကများ နတ်ဆိုးဗုဒ္ဓကျောင်းတော်ကိုတောင် ပြောင်ပြောင်တင်းတင်း ရင်ဆိုင်ရဲရသလဲ‌ဆိုသည်ကို သူတို့အားလုံးသိလိုကြသည်။ တစ်ကြိမ်တည်းမှာပဲ မြွေနဂါးဓားဂိုဏ်းတွင်ရှိနေသော ကကန်းဟာ အောက်ဘက်တွင်ရှိနေသော အစေခံကိုစိုက်ကြည့်လျက် ကျယ်လောင်စွာ မေးမြန်းလိုက်သည်။

"ဘယ်လိုအရာတွေကများ စိတ်အာရုံတွေကို စွဲဆောင်‌ေနတာလဲ?"

"ဖုန်းယွင်ဂိုဏ်းရဲ့ အကြီးအကဲ ဝမ်တိကွေ့က မြို့ကနေထွက်ခွာခဲ့ပါတယ်။ လတ်တလောရရှိတဲ့ သတင်းအရဆိုရင် ဝမ်တိကွေ့ အသတ်ခံလိုက်ရပါပြီ။ ဒီသတင်းက ဖုန်းယွင်ဂိုဏ်းထဲမှာ ပွက်လောရိုက်နေပါတယ်"

အစေခံက အစောတလျင် အစီရင်ခံလိုက်သည်။

ကူကန်း၏မျက်ဝန်းက တောက်ပသွားလျက် သူ၏မျက်နှာပေါ်တွင် နက်ရှိုင်းသော အပြုံးတစ်ခု ပေါက်ဖွားလာခဲ့သည်။ သူဟာ တာအိုရောင့်ရင်းဝမ်ကို မှားယွင်းအကဲမခတ်မိခဲ့ပါ။

ထိုသူက ဝမ်တိကွေ့ကိုတောင် သတ်ဖြတ်ရဲလျှင် တာအိုရောင့်ရင်းဝမ်က အာဂလူသားတစ်ယောက်သာ ဖြစ်ရလိမ့်မည်။

"ပြီးတော့ နတ်ဆိုးဗုဒ္ဓကျောင်းတော်ရဲ့ သခင်လေးကလည်း ထာဝရညဉ့်ဦးယံတောအုပ်ထဲမှာ သေဆုံးသွားခဲ့တာကြောင့် ကျောင်းတော်တစ်ခုလုံး အမျက်ဒေါသထွက်နေပါတယ်။ သူတို့က လောင်ထျန်းဧကရာဇ်စွမ်းအားရှင် ဆယ်ယောက်အပါအဝင် ဆင့်ကဲပြောင်းလဲခြင်းဧကရာဇ်ဒါဇင်ကျော်ကို စေလွှတ်ပြီး တရားခံကို ဝိုင်းရံပိတ်ဆို့ခိုင်းခဲ့ပါတယ်။ ဒါပေမဲ့ အဆုံးမှာတော့ လောင်ထျန်းဧကရာဇ်စွမ်းအားရှင်တစ်ပါး ကြွေလွင့်သွားခဲ့ရပါတယ်!

တစ်ဆက်တည်းမှာပဲ အစေခံက ဆက်လက်ပြောဆိုခဲ့သည်။

"အို? စိတ်ဝင်စားစရာပဲ"

ဘယ်သူတွေများ နတ်ဆိုးဗုဒ္ဓကျောင်းတော်ကို တိုက်ခိုက်ရဲရတာလဲ။

ကူကန်း၏အမူအယာမှာ ပြောင်းလဲသွားလျက် အံ့အားသင့်နေသောအမူအယာကို ထုတ်လွှတ်ခဲ့သည်။ သူ့မျက်နှာရှိ အပြုံးဟာ ရုတ်တရက် ပျက်ယွင်းသွားခဲ့ကာ ကြောက်လန့်မှုများ အစားထိုးဝင်ရောက်လာခဲ့၏။

"ပြောကြတာတော့ တရားခံတွေက ရှန်ရှန့်ကျုံဂိုဏ်းကပါတဲ့။ အခု နတ်ဆိုးဗုဒ္ဓကျောင်းတော်က အဲ့ဒီလူတွေကို လိုက်လံသတ်ဖြတ်နေပါပြီ!"

"ဘာ?!"

အစေခံ၏စကားကိုကြားတော့ ကုကန်းဟာ ရုတ်တရက် မတ်တပ်ထရပ်လိုက်ကာရေရွတ်ပြောဆိုခဲ့သည်။

အဆုံးစွန်သော အံ့ဩမှုကြောင့် သူ၏ခန္ဓာကိုယ်ကတောင် တုန်ယင်နေရသည်။ ဤအချိန်၌ အစေခံ၏မျက်နှာပေါ်တွင် ဝေဝေဝါးဝါးအကြည့်တစ်ခု ထွက်ပေါ်လာခဲ့သည်။

ဒါက ကိစ္စကြီးတစ်ခုပါပဲ။ ဒါပေမဲ့ အကြီးအကဲကုနဲ့ မသက်ဆိုင်ဘဲ ဒီလောက်ထိတ်လန့်သွားရတာပါလိမ့်။

သို့သော်လည်း အစေခံပြန်၍ သတိဝင်လာပြီးသည့်အခါ ကုကန်းသည် ခန်းမကြီးအတွင်းမှ ပျောက်ကွယ်သွားပြီဖြစ်၏။

ဤအချိန်တွင် ကုကန်းမှာ ထာဝရညဉ့်ဦးယံတောအုပ်အတွင်းသို့ ဦးတည်သွားလာနေသည်။ နတ်ဆိုးဗုဒ္ဓဂိုဏ်းတော်၏သခင်ငယ်လေးကို သတ်ဖြတ်ခဲ့သူသည် ရှန်ရှန့်ကျုံဂိုဏ်းချုပ်ဖြစ်နေလိမ့်နည်ဟု သူ မထင်ထားခဲ့ချေ။

ဝမ်ဖုန်းပြောဆိုခဲ့သော စကားများသည် သူ၏မှတ်ဉာဏ်အတွင်း ရစ်သိုင်းလျက်ရှိသည်။ သူ၏သူငယ်ချင်း တာအိုရောင့်ရင်းဝမ်သည် ရှန်ရှန့်ကျုံဂိုဏ်း၏ ဂိုဏ်းချုပ်ဟု ယခင်က ပြောဆိုခဲ့ဖူးသည်!

ဒါကို တွေးမိတော့ ယင်းဂိုဏ်းဟာ ဧကရာဇ်ဘုံလောကအတွင်း၌ ပုန်းကွယ်နေသော ရှေးဟောင်းဂိုဏ်းကြီးဖြစ်ကြောင်း ကုကန်းတစ်ယောက် ပို၍ သေချာလာခဲ့ရသည်။

ထိုကဲ့သို့ ရှေးဟောင်းဂိုဏ်းကြီးများကသာ နတ်ဆိုးဗုဒ္ဓကျောင်းတော်ကဲ့သို့ အင်အားကြီးဂိုဏ်းများကို ရင်ဆိုင်ရန် ယုံကြည်ချက်ရှိပါလိမ့်မည်။

သူ၏မြွေနဂါးဂိုဏ်းသည် ထာဝရညဉ့်ဦးယံမြို့၌ ကျော်ဇောထင်ရှာ‌သော်လည်း အင်အားမှာ အကန့်အသတ်ရှိသည်။ မြွေနဂါးဓားဂိုဏ်းသည် နတ်ဆိုးဗုဒ္ဓကျောင်းတော်ကိုတော့ အာမခံဝံ့ပါချေ။

ထာဝရညဉ့်ဦးယံမြို့ကြီးသာ ရှိမနေပါက နတ်ဆိုးဗုဒ္ဓကျောင်းတော်အဖို့ မြွေနဂါးဓားဂိုဏ်းကို ဖျက်ဆီးဖို့ဆိုသည်ကား အလွယ်ကလေးသာဖြစ်၏။

ဤကဲ့သို့အခြေအနေများအောက်တွင် နတ်ဆိုးဗုဒ္ဓကျောင်းတော်၏သခင်ငယ်ကလေးနှင့် အစောင့်အရှောက်တစ်ပါးကို သတ်ဖြတ်ခဲ့ခြင်းမှာ အလွန်အမင်း ရူးနှမ်းသောလုပ်ရပ် သို့တည်းမဟုတ် အလွန်အမင်း ယုံကြည်ချက်ရှိသောလုပ်ရပ်သာဖြစ်၏။

ကုကန်းနှင့် ဝမ်ဖုန်းတို့ဟာ တစ်ကြိမ်သာ‌တွေ့ခဲ့ဖူးသော်လည်း သူဟာ ဝမ်ဖုန်းကို အရူးတစ်ယောက်လို့တော့ မထင်ပါ။ ထိုသူက နတ်ဆိုးဗုဒ္ဓကျောင်းတော်ကို ရင်ဆိုင်ရဲသည်ဖြစ်ရာ မမျှော်လင့်သော အထောက်အပံ့များ ပိုင်ဆိုင်ထားရမည်...

...

ထာဝရညဉ့်ဦးယံ‌တောအုပ်အတွင်းတွင် နတ်ဆိုးဗုဒ္ဓကျောင်းတော်၏ လောင်ထျန်းဧကရာဇ်အထွတ်အထိပ်စွမ်းအားရှင်ဖြစ်သော ဖိုဟွေ့သည် တောင်ကြားတစ်ခုအတွင်းရှာဖွေနေခဲ့သည်။

ကြီးမားသော စိတ်အသိအာရုံသည် တောင်တန်းဒေသတစ်ခုလုံးကို လွှမ်းခြုံထားခဲ့ကာ နက်ရှိုင်းသောအရှိန်အဝါဖြင့် ရှာဖွေစူးစမ်းနေခဲ့သည်။ အဆိုပါအရှိန်အဝါ၏အောက်တွင် လောင်ထျန်းဧကရာဇ်ထက် နိမ့်ကျသော စွမ်းအားရှင်များဆိုပါက တိုက်ရိုက်ကို အစိတ်စိတ်အမြွှာမြွှာပြတ်တောက်သွားနိုင်သည်။

ဂရုတစိုက် စစ်ဆေးပြီးနောက် မူမမှန်မှု ဘယ်အရာကိုမှ မတွေ့ခဲ့ရတာကြောင့် ဖိုဟွေ့က ဤနေရာမှထွက်ခွာပြီး နေရာသစ်တစ်ခုကို ရှာဖွေရန် ထွက်ခွာခဲ့သည်။

"ဝှမ်!"

ဤအချိန်တွင် ထူးဆန်းသောအခြေအနေတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ လေဟာပြင်က ရုတ်တရက်ခါယမ်းလာခဲ့ပြီး လေထုအပေါ်၌ တလက်လက်တောက်ပနေသော ဓားအလင်းတန်းတစ်ခု ထွက်ပေါ်လာခဲ့သည်။ ၎င်းဟာ ဖိုဟွေ့ကို အကြင်နာမဲ့စွာ ပိုင်းခုတ်ခဲ့သည်!

"ဘယ်သူလဲ!"

ဖိုဟွေ့၏ မျက်ဝန်းများမှာ လှုပ်လှုပ်ရှားရှားဖြစ်သွားခဲ့ကာ ရေရွတ်ပြောဆိုခဲ့သည်။ သူ၏အံ့ဩနေသော အသံနှင့်အတူ အစွမ်းထက်သော စွမ်းအားတစ်ခုသည် သူ၏ခန္ဓာကိုယ်မှ ပွင့်ထွက်လာခဲ့သည်။ ၎င်းခွန်အားသည် သူ၏ဘေးပတ်လည်တွင် ဧရာမဒိုင်းကာကြီးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။

"ဘုန်း!"

ဧရာမဒိုင်းကာကြီးဖြစ်တည်ပြီးနောက်မှ မြန်ဆန်သော ဓားအလင်းကလည်း တစ်ဆက်တည်းဆိုသလို သက်ဆင်းလာလျက် ဒိုင်းကာကြီးကို တဟုန်ထိုး ဖြတ်ပိုင်းခဲ့သည်။ အင်မတန် သန်မာသော ဒိုင်းကာကြီးသည် ဓားအလင်းနှင့်ထိတွေ့လိုက်ရသည့်အခါ စက္ကူစကဲ့သို့ လွယ်ကူစွာ ပျက်ဆီးသွားခဲ့၏။

"မ မဖြစ်နိုင်ဘူး!"

မြင်ကွင်းကိုတွေ့တော့ ဖိုဟွေ့၏အမူအယာက ချက်ချင်းယို့ယွင်းသွားကာ မယုံကြည်နိုင်စွာ ပြောဆိုခဲ့သည်။ သူက ထပ်မံ၍ ခုခံချင်ခဲ့သော်လည်း နောက်ကျပြီဖြစ်ရာ ဓားအလင်းက တိုက်ရိုက်ဖြတ်ပိုင်းသွားတော့သည်။

All Chapters