ရန်သူကို သတ်ဖြတ်
Vol. 50 Ch. 697
တိုက်ပွဲအချိန်ဟာ တိုတောင်းသော်လည်း အရှိန်အဝါ အနည်းငယ်ကိုတောင် အာရုံမခံမိ။ သတ်ဖြတ်ခဲ့သူမှာ အစစ်အမှန်ဧကရာဇ်နယ်ပယ် သို့တည်းမဟုတ် အစစ်အမှန်ဧကရာဇ်နယ်ပယ်ကို ကျော်လွန်ပြီးသူသာ ဖြစ်ရမည်။
ဒါကိုတွေးမိတော့ ဖိုဝူနှင့်ဖိုစီတို့၏ နှလုံးသားသည် အဆတ်မပြတ် တုန်လှုပ်လာခဲ့သည်။ သူတို့ဟာ လောင်ထျန်း ဧကရာဇ်အထွတ်အထိပ်၌ ရှိနေသော်လည်း အစွမ်းထက်သော ရန်သူတစ်ယောက်နှင့် ရင်ဆိုင်ရသည့်အခါ အကြောက်တရားများရှိနေဆဲပင်။
အထူးသဖြင့် သတ်ဖြတ်ခဲ့သူသည် ဖိုဟွေ့ကို ဟင်းသီးဟင်းရွက်များလို သတ်ခဲ့သည်ဖြစ်ရာ သူတို့ကပို၍တောင် ကြောက်လန့်သွားရသည်။
ဖိုဝူနှင့်ဖိုစီတို့သည် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လျက် တစ်ဦးချင်းစီ၏ မျက်ဝန်းအနက်ပိုင်းရှိ ကြောက်လန့်မှုကို တွေ့မြင်ခဲ့ရသည်။ သူတို့ဟာ ဝမ်ဖုန်းကို အစစ်အမှန်ဧကရာဇ်နယ်ပယ်ရှိသော ထိတ်လန့်စရာ ရန်သူတစ်ယောက်အဖြစ် မှတ်ယူမိခဲ့ကြသည်။
"ဝုန်း!"
သူတို့နှစ်ယောက် တုန်လှုပ်နေပြီး နှလုံးအိမ်များ ခါရမ်းနေသည့်အခိုက်၌ သေစေနိုင်သော အန္တရာယ်၏အရိပ်အငွေ့ကို မသိစိတ်မှ ခံစားမိလိုက်ကြသည်။ သူတို့၏ခန္ဓာကိုယ်များသည် တောင့်တင်းသွားခဲ့၏။ သူတို့ဟာ အနောက်ကိုလှည့်ကြည့်လိုက်သည့် အခိုက်တွင် တလက်လက်တောက်ပနေသော ဓားအလင်းတန်းနှစ်ခုကို တွေ့ရှိခဲ့ရသည်။
အဆုံးအစမဲ့လောက်အောင် ထက်မြနေသော ဓားအလင်တန်းသည် ဝန်းကျင်ရှိလေဟာပြင်ကို ဖြတ်ပိုင်းလျက် သူတို့ထံသက်ဆင်းလာခဲ့၏။
"သေစမ်း!"
"အတူတူပူးပေါင်းကာကွယ်ကြမယ်!"
ဓားအလင်းတန်း၏ ထိတ်လန့်စရာကို ခံစားမိသည့်အခါ ဖိုဝူ၏မျက်ဝန်းတို့သည် လှုပ်ရှားသွားလျက် ကျယ်လောင်စွာ အော်ဟစ်ပြောဆိုလိုက်သည်။ ကြီးမားသောခွန်အားသည် သူ့ထံမှပျံ့လွင့်လျက် သမုဒ္ဒရာပြင်ကဲ့သို့စုရုံးသွားခဲ့ကာ ဧရာမလက်သီးအလင်းတန်းကြီးကို ဖြစ်ပေါ်စေခဲ့သည်။ ထို့နောက် ဖိုဝူက လက်သီးလုံးကို ထိုးသွင်းတိုက်ခိုက်ခဲ့သည်။
ဖိုဟွေ့ကိုသတ်ဖြတ်ခဲ့သူမှာ ထွက်မသွားသေးရုံသာမက အမှောင်ထုထဲတွင် ပုန်းအောင်းနေလိမ့်မည်ဟု သူတို့ထင်မထားခဲ့။
လက်သီးလုံးကို ထုတ်လွှတ်လိုက်ပြီးသည့်နောက်မှာတောင် ဖိုဝူဟာ မရပ်တန့်ရဲသေးဘဲ လက်သီးတစ်လုံးပြီးတစ်လုံး ဆက်လက်ပစ်သွင်းနေခဲ့သည်။ ဖိုဝူ၏လက်သီးစွမ်းအင်များသည် ဓားအလင်းတန်းကြီးကို အဆက်မပြတ်ခုခံနေခဲ့သည်။
ဓားအလင်းတွင် ပါဝင်သော သတ်ဖြတ်လိုသည့်စိတ်ဆန္ဒသည် ဖိုဝူကို သေခြင်းတရားနှင့် နီးကပ်သည့်အလား ခံစားရစေခဲ့သည်။ ဖိုဝူဟာ အနည်းငယ်တောင် အထင်မသေးရဲဘဲ အကောင်းဆုံးကြိုးစား၍ တိုက်ခိုက်လိုက်သည်။
"ဘုန်း!"
တစ်ချိန်တည်းမှာပဲ တစ်ဖက်တွင်ရှိနေသော ဖိုစီဟာလည်း ကြောက်လန့်စရာကောင်းသော ခွန်အားကိုဖော်ထုတ်ခဲ့သည်။ ဗုဒ္ဓအလင်းတန်းများသည် သူ့ထံမှဖြာဆင်းလျက်ရှိကာ ဗုဒ္ဓကျမ်းအက္ခရာများကလည်း ပတ်လည်တွင်ဝဲပျံနေခဲ့သည်။ အဆိုပါ ကျမ်းသင်္ကေတများသည် ဖိုစီ၏ ထိန်းချုပ်မှုအောက်တွင် ဧရာမဗုဒ္ဓရုပ်ထုကြီးအဖြစ် ပြောင်းလဲသွားခဲ့သည်။ ဗုဒ္ဓရုပ်ထုကြီး ထွက်ပေါ်လာသည့်အခါ ဝန်းကျင်တွင် ဗုဒ္ဓ၏စွမ်းအင်တို့ဖြင့် ပြည့်နှက်သွားခဲ့သည်။
"ဘုန်း!"
ဖိုစီတို့နှစ်ယောက်၏ ထိတ်လန့်နေသောအကြည့်များအောက်တွင် ခြောက်ခြားစရာ ဓားအလင်းတန်းနှစ်ခုသည် သူတို့ထံ ပြေးဝင်လာခဲ့သည်။ ၎င်းဓားအလင်းတန်းများ မရောက်လာသေးခင်မှာတောင် ထက်မြသောခွန်အားက သူတို့၏ခန္ဓာကိုယ်တစ်ခုလုံးကို ထုံကျင်သွားစေခဲ့၏။
အံကိုတင်းတင်းကြိတ်လျက် သူတို့နှစ်ယောက်သည် ပိုမိုသန်မာသော စွမ်းအင်တို့ကို ထုတ်ဖော်လျက် အကောင်းဆုံးခုခံခဲ့ကြသည်။ သူတို့ဟာ အသန်မာဆုံးတိုက်ကွက်တို့ကို ဖော်ထုတ်ခဲ့ရုံသာမက လက်များကိုပေါင်းစပ်၍ ကြီးမားသောအကာအရံကြီးကိုတောင် ဖော်ထုတ်ခဲ့ပါ၏။
"ဘုန်း!"
သို့သော်လည်း ဖိုဝူနှင့်ဖိုစီတို့ကို ထိတ်လန့်သွားစေခဲ့သည်။ သူတို့၏တိုက်ကွက်များက တောက်ပသော ဓားအလင်းတန်းတို့နှင့် ထိတွေ့ခံရသည့်အခါ တစ်ခဏတာသာ ကြာမြင့်ပြီးနောက် ပျက်စီးသွားခဲ့သည်။
များမကြာမီတွင် ဓားအလင်းတန်းသည် သူတို့ထံသို့ အရှိန်အဟုန်ပြင်းစွာ ဝင်ရောက်လာခဲ့သည်။ ၎င်း၏အရှိန်အဝါက အနည်းငယ်တောင် လျော့ကျသွားခဲ့ခြင်းမရှိ။
"ဘုန်း!"
ချွင်းချက်မရှိ ဓားအလင်းတန်းနှစ်ခုသည် ဖိုဝူနှင့်ဖိုစီထံ ကျရောက်သွားခဲ့သည်။ ကျယ်လောင်သော ပေါက်ကွဲသံကြီးသည် မြည်ဟီးထွက်ပေါ်လာခဲ့သည်။
အစွမ်းထက်သော စွမ်းအင်ဖိအားသည် အရပ်မျက်နှာအသီးသီးသို့ ပျံ့လွင့်လျက် ကမ္ဘာ့မြေထုဟာ လွင့်စင်တက်သွားခဲ့ရသည်။ ဖိုဝူနှင့်ဖိုစီကို ဗဟိုပြု၍ ဧရာမအက်ကွဲကြောင်းကြီး ပေါ်ထွက်လာခဲ့သည်။
အနီးဝန်းကျင်တွင်ရှိသော သစ်ပင်များသည် ပေါက်ကွဲလျက် တောင်ထိပ်များသည်ပြိုကျကုန်၏။ ကောင်းကင်ယံတွင် မြူခိုးမြူငွေ့များနှင့် ဖုန်မှုန့်များ တသောင်းတောင်းထလျက်ရှိသည်။ ၎င်းမှာ ကောင်းကင်ကြီးပြိုကျသည့်အလား ဖြစ်ချေ၏။
ဝမ်ဖုန်းသည် လက်ထဲတွင် ရွှမ်ကျိဓားကိုသယ်ဆောင်လျက် လေဟာပြင်အထက် မတ်တပ်ရပ်နေခဲ့ကာ မောပန်းနွမ်းနယ်စွာ အသက်ရှူရှိုက်နေခဲ့သည်။ သူ၏နဖူးပြင်ပေါ်တွင် ချွေးစီးကြောင်းတခုရှိနေခဲ့သည်။ သူဟာ ပေါက်ကွဲမှု၏ အလယ်ဗဟိုသို့ စူးစိုက်ကြည့်လိုက်၏။
လောင်ထျန်းဧကရာဇ် အထွတ်အထိပ်စွမ်းအားရှင်များကို အလွယ်တကူ သတ်ဖြတ်ခဲ့သည်အား မကြည့်ပါနှင့်။ ဝမ်ဖုန်းအတွက်တော့ တိုက်ကွက်တခုချင်းစီတိုင်းတွင် အခွန်အားကုန် သုံးထားရခြင်းဖြစ်သည်။ သူဟာ ဆင့်ကဲပြောင်းလဲခြင်းဧကရာဇ်အထွတ်အထိပ်ကို ရောက်ရှိခဲ့၍ ရွှမ်ကျိဓားကို ပိုင်ဆိုင်ထားသော်လည်း ခွန်အားပမာဏ အများကြီးတော့ လိုအပ်နေတုန်းပင်။
ယခု တိုက်ကွက်နှစ်ခုကို တစ်ပြိုင်နက်တည်းဖော်ထုတ်ခဲ့သည်ဖြစ်ရာ ဝမ်ဖုန်းကိုယ်တွင်းရှိ စွမ်းအင်တို့သည် ကုန်ဆုံးလုမတတ်ဖြစ်နေခဲ့သည်။ သို့သော်လည်း အကျိုးအမြတ်မှာ ကြီးမားပါ၏။
"ဒင် ၊လောင်ထျန်းဧကရာဇ် အထွတ်အထိပ် စွမ်းအားရှင်နှစ်ယောက်ကို သတ်ဖြတ်ခဲ့တဲ့အတွက် ပိုင်ရှင်ကိုဂုဏ်ပြုပါတယ်။ ဂိုဏ်းမှတ် သုံးထရီလီယမ်နှင့် ဧကရာဇ်နယ်ပယ်အဆင့်မြင့်ဆင့်ခေါ်ခွင့် ခြောက်ကြိမ်ကိုဆုချလိုက်ပါတယ်"
ဝမ်ဖုန်းဟာ တစ်ခဏကြာသည့်နောက်တွင် စနစ်၏အချက်ပေးသံကို ကြားခဲ့ရသည်။
တိုက်ပွဲသည် အင်မတန်မြန်ဆန်သော်လည်း ကသောင်းကနင်းဖြစ်မှုမှာ ကျယ်လောင်လှသည်။ များစွာသော အစွမ်းထက်သည်အရှိန်အဝါများ ချဥ်းကပ်လာတာကို အာရုံခံမိတာကြောင့် ဝမ်ဖုန်းဟာ တစ်နေရာသို့ ထွက်ပြေးတိမ်းရှောင်သွားခဲ့သည်။
သူဟာ သတ္တိကြောင်၍ ပုန်းရှောင်နေခြင်းမျိုးမဟုတ်ဘဲ အခြေနေနဲ့အချိန်ခါကို စောင့်ဆိုင်းနေခြင်းသာဖြစ်ပါ၏။
သူပြန်၍ ခွန်အားပြည့်ဝသွားမှသာ နတ်ဆိုးဗုဒ္ဓကျောင်းတော်၏ လူများကို ဆက်လက်တိုက်ခိုက်လျှင် ကောင်းပေလိမ့်မည်။
"ဘုန်း!"
ဝမ်ဖုန်းထွက်သွားပြီး တအောင့်ကြာသည့်အခါ ဖိုယာနှင့် လောင်ထျန်းဧကရာဇ်အထွတ်အထိပ် စွမ်းအားရှင်ငါးယောက်သည် မြေပြင်သို့သက်ဆင်းလာခဲ့ကြသည်။ သူတို့ရောက်လာပြီးသည်နှင့်တပြိုင်နက် မြေပြင်ပေါ်တွင် ဝမ်ဖုန်း ထွင်းထုထားခဲ့သော စကားလုံးများကို တွေ့မြင်ခဲ့ရသည်။
"နတ်ဆိုးဗုဒ္ဓကျောင်းတော်က အရမ်းကိုအားနည်းလွန်းတယ်။ ထိပ်တန်းအင်အားစုလို့ခေါ်ဖို့ ထိုက်တန်ရဲ့လား?"
မြေပြင်တွင် ထွင်းထုချန်ထားရစ်ခဲ့သော စာသားကို တွေ့မြင်ခဲ့ရသည့်အခါ ဖိုယာတို့အားလုံးသည် ပြင်းထန်စွာအမျက်ထွက်ခဲ့သည်။ သူတို့၏ စိတ်ဝိညာဥ်ကတောင် ပြိုကွဲလုမတတ်ဖြစ်နေခဲ့ကာ စိတ်အာရုံသည် ရူးသွပ်လျက်ရှိချေသည်။
သူတို့ နတ်ဆိုးဗုဒ္ဓကျောင်းတော်ဟာ ဘယ်တုန်းကမှ ဤကဲ့သို့အဆက်ဆံ မခံခဲ့ရဖူးပေ။ သခင်ငယ်လေးကို ဆုံးရှုံးခဲ့ရရုံသာမက လောင်ထျန်းဧကရာဇ်အထွတ်အထိပ် စွမ်းအားရှင်လေးယောက်လည်း ကြွေလွင့်ခဲ့ရသည်။ ဤသည်မှာ နှစ်တစ်ထောင်အတွင်း၌ နတ်ဆိုးဗုဒ္ဓကျောင်းတော်အတွက် အကြီးမားဆုံးဆုံးရှုံးမှုဖြစ်၏။
"အခုချိန်ကစပြီး ငါတို့လူစုမခွဲတော့ဘူး။ အတူတူသွားပြီး တရားခံကိုရှာကြတာပေါ့"
ဖိုယာ၏အမူအယာမှာ အုံ့မှိုင်းလျက်ရှိကာ မရေမရာဖြစ်နေခဲ့သည်။ ထို့နောက် သူကဒေါသတကြီးပြောဆိုခဲ့သည်။
ဝမ်ဖုန်းဖော်ထုတ်ခဲ့သော ခွန်အားသည် ဖိုယာကိုထိတ်လန့်စေခဲ့သည်။ သူတို့ ထာဝရညည့်ဦးယံတောအုပ်ထဲ ရောက်လာတာ ဘယ်လောက်ကြာသေးလို့လဲ။ သူတို့က လောင်ထျန်းဧကရာဇ်အထွတ်အထိပ် စွမ်းအားရှင်လေးယောက်ကိုတောင် ဆုံးရှုံးသွားခဲ့ပြီလား။ သုံးယောက်က တစ်နာရီအတောအတွင်းမှာ ခေါင်းဖြတ်ခံခဲ့ရတယ်။ ဒီလိုခွန်အားက သူတို့မျှော်လင့်တာထက် ကျော်လွန်သွားပြီ။
၎င်းမှာ လောင်ထျန်းဧကရာဇ်အထွတ်အထိပ် စွမ်းအားရှင်ဖြစ်တာကြောင့် အစစ်အမှန် ဧကရာဇ်နယ်ပယ် စွမ်းအားရှင်များကတောင် တစ်နာရီအတောအတွင်း သတ်ဖြတ်နိုင်လောက်မှာမဟုတ်ပါ။
"ကောင်းပြီ"
ဖိုယာ၏ပြောစကားကိုကြားတော့ ကြွင်းကျန်ရစ်သော စွမ်းအားရှင်များကလည်း တစ်ယောက်ပြီးတစ်ယောက် ခေါင်းငြိမ့်လိုက်ကြသည်။