ဧကရာဇ်နှစ်ပါးကို တစ်ပြိုင်နက်သတ်ဖြတ်ခြင်း။
Vol. 50 Ch. 699
တောင်တန်းတောအုပ်အတွင်းတွင် ဖိုယာ နှင့်နတ်ဆိုးဗုဒ္ဓကျောင်းတော်၏စွမ်းအားရှင်များသည် အဆက်မပြတ်ရှာဖွေနေခဲ့ကြသည်။ သူတို့က နေရာတိုင်းကိုရှာဖွေခဲ့ကြကာ အုပ်စုကွဲထွက်ခြင်းလည်းမရှိချေ။
အတူတကွရှိနေမှသာ လုံခြုံသည်ဟု သူတို့ခံစားရသည်!
"ဘုန်း"!
ဖိုယာတို့ ရှာဖွေနေစဉ်တွင် သူတို့၏နှလုံးသားက အပြင်းအထန် တစ်ချက် ခုန်လှုပ်သွားခဲ့သည်။ အန္တရာယ်၏အရိပ်အငွေ့ကြောင့်မျက်ဝန်းများသည် ရုတ်တရက်ပြောင်းလဲကာ ကိုယ်တွင်းရှိစွမ်းအာင်များကို ဖော်ထုတ်ခဲ့သည်။
တခဏချင်းဆိုသလို ဖိုယာတို့အုပ်စုကို ဗုဒ္ဓအလင်းတန်းများက ဖုံးကာထားလိုက်ကာ သူတို့၏ပတ်ပတ်လည်တွင် ဗုဒ္ဓပုံရိပ်များဝဲပျံနေခဲ့သည်။ ကျမ်းအက္ခရာများကလည်း သူတို့ကို ကာကွယ်စောင့်ရှောက်ပေးခဲ့သည်။
တစ်ချိန်တည်းမှာပဲ ထက်မြသောဓားအလင်းတန်းတစ်ခုဟာ သက်ဆင်းလာခဲ့သည်။ လောင်းထျန်းဧကရာဇ်အထွတ်အထိပ်စွမ်းအားရှင်တစ်ပါး၏ ပတ်လည်ရှိ ဗုဒ္ဓအရှိန်အဝါများသည် ဖျက်စီးခံခဲ့ရသည်။
စွမ်းအားရှင်သည် ထိတ်လန့်သွားခဲ့ပြီး သူ့ကိုယ်တွင်းရှိစွမ်းအင်များကိုပေါက်ကွဲထုတ်ဖော်လိုက်သည်။ ဗုဒ္ဓအလင်းတန်းများဟာ နေမင်းတစ်စင်းကဲ့သို့ ထွန်းလင်းတောက်ပနေခဲ့၏။ သူဟာ လေဟာပြင်ကိုဖမ်းဆုပ်လိုက်သည်အခါတိုင်း ဗုဒ္ဓအက္ခရာများထိုးထွင်းထားသော ကျောက်စိမ်းပြားလေးတစ်ချပ်သည် သူ၏လက်ခုပ်အတွင်း ဖြစ်ပေါ်လာခဲ့သည်။ သူဟာ ကျောက်စိမ်းပြားကို ခပ်တင်းတင်းဆုပ်ကိုင်လျက် တွေးတောခြင်းမရှိဘဲ ပစ်လွှတ်လိုက်သည်။
"ဘုန်း!"
ကျယ်လောင်သော ပေါက်ကွဲသံကြီးသည် လောကတစ်ခွင် ဟိန်းထွက်သွားခဲ့သည်။ နတ်ဆိုးဗုဒ္ဓကျောင်းတော်၏ စွမ်းအားရှင်သည် ရုတ်ချည်းလွှင့်စင် ထွက်သွားခဲ့ကာသူ၏ ခန္ဓာကိုယ်က တောင်တန်းနှင့်ရိုက်ခတ်မိခဲ့သည်။ တောင်တန်းကြီးတစ်ခုလုံးသည် အစွမ်းထက်သောဖိအား၏အောက်တွင် ရုတ်တရက်ပြိုကျသွားခဲ့ကာ သူဟာလည်းမြေမြှပ်ခံခဲ့ရ၏။
ဤမြင်ကွင်းကအရမ်းကို မြန်ဆန်လွန်းတာကြောင့် ဖိုယာတို့ဟာ တုံ့ပြန်ချိန်တောင်မရခဲ့ပါ။ သူတို့သတိပြန်ဝင်လာသည့်အခိုက်တွင် သူတို့၏အဖွဲ့သားတစ်ယောက်သည် အမည်မသိတိုက်ခိုက်မှုကြောင့် သေဆုံးသွားခဲ့ပြီး ဖြစ်၏။
ဖိုယာ၏မျက်ဝန်းများသည် လှုပ်လှုပ်ရှားရှားဖြစ်သွားလျက် သူတို့၏နှလုံးသားအတွင်း၌ အေးစိမ့်မှုတစ်ခုဖြစ်ပေါ်ခဲ့သည်။ သူတို့ကရုတ်တရက် လည်ပြန်လှည့်ကြည့်ရှုခဲ့ကြသည်။
"ဒါ..ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။"
လှည့်ကြည့်မိသည့်အခိုက်တွင် ဖိုယာတို့ဟာ ပို၍တောင်မယုံကြည်နိုင်စွာ ဖြစ်နေခဲ့ရသည်။ သူတို့၏အဖွဲ့သားကို တိုက်ကွက်တစ်ကွက်ဖြင့် အပြင်းအထန် ဒဏ်ရာရစေသူမှာ ဆင့်ကဲပြောင်းလဲခြင်းဧကရာဇ်အဆင့်သာ ရှိနေလိမ့်မယ်ဟု သူတို့ထင်မထားခဲ့။
ဤအချိန်တွင် ဖိုယာတို့အုပ်စု၏ စိတ်အာရုံများသည် ဗလာကျင်းသွားခဲ့သည်။
ဝမ်ဖုန်း၏ မျက်ဝန်းများသည် အနည်းငယ် မှေးကျင်းနေခဲ့ပြီး နှုတ်ခမ်းထောင့်စွန်းများသည် မြောက်တက်နေခဲ့သည်။ သူ၏ပုံရိပ်ဟာ ဝေဝါးသွားလျက် နတ်ဆိုးဗုဒ္ဓကျောင်းတော် စွမ်းအားရှင်များ၏ ဘေးနားတွင် ရုတ်တရက်ပြန်ပေါ်လာခဲ့သည်။ ရွှမ်ကျိတာအိုဓားသည် ကျယ်လောင်အသံနှင့် သက်ဆင်းလာခဲ့ပြန်သည်။
"ဘုန်း!"
အစွမ်းထက်သော အရှိန်အဟုန်သည် နတ်ဆိုးဗုဒ္ဓကျောင်းတော် စွမ်းအားရှင်များကို ရုတ်တရက်နှိုးဆွခဲ့သည်။ ၎င်းဓားသည် ကျောင်းတော်၏ စွမ်းအားရှင်တစ်ယောက်ကို သတ်ဖြတ်ခဲ့ပြန်ကာ သူ့ကိုယ်တွင်းရှိ အသက်ဓာတ်များသည် အလျင်အမြန်ပျောက်ကွယ်သွားခဲ့သည်။
"ဘုန်း!"
နတ်ဆိုးဗုဒ္ဓကျောင်းတော်၏ စွမ်းအားရှင်သည် မီးရှုးမီးပန်းများကဲ့သို့ ပေါက်ကွဲထွက်သွားခဲ့ကာ လေဟာပြင်တွင်ကြီးမားသော အက်ကွဲရာကြီးကိုဖြစ်ပေါ်စေခဲ့၏။
ဖိုယာတို့အုပ်စု အံ့ဩနေစဉ်တွင် အလစ်အငိုက် တိုက်ခိုက်ချင်၍ မဟုတ်ပါက ဝမ်ဖုန်းသည် သူ၏ကျင့်ကြံမှုကို ဖော်ပြခဲ့မည်မဟုတ်ပါ။
"ဘုန်း!"
အစွမ်းထက်သော ဖိအား၏အောက်တွင် ဖိုယာတို့ဟာ ဆုတ်ခွါရန်ဖိအားပေးခြင်းခံခဲ့ရသည်။ သို့သော်လည်း သူတို့ဟာ မိမိကိုယ်ကို ကာကွယ်ရန် စွမ်းအင်တို့ကို ဖော်ထုတ်ခဲ့တာကြောင့် ဒဏ်ရာများများစားစားမရခဲ့ကြပါ။ သူတို့ဟာ ဝမ်ဖုန်းကိုအကြောက်တရားတို့ ပြည့်နေသော မျက်ဝန်းဖြင့် စူးစိုက်ကြည့်ခဲ့ကြသည်၊
"မင်း..မင်း..!"
အံ့အားတသင့် ရေရွတ်သံသည် ဖိုယာတို့အုပ်စုထံမှ ထွက်ပေါ်လာခဲ့သည်။ သူတို့၏ ခန္ဓာကိုယ်တစ်ခုလုံးသည် အကြောက်တရားကြောင့် တုန်ယင်နေခဲ့သည်။ ဝမ်ဖုန်းထွက်လာတာ ဘယ်လောက်များကြာသေးလို့လဲ? မျက်နှာချင်းဆိုင်လိုက်ရုံနဲ့တင် သူတို့ရဲ့လူနှစ်ယောက် သေသွားပြီလား။
ဒါ့အပြင်ဝမ်ဖုန်းပြသခဲ့သော ခွန်အားမှာ ဆင့်ကဲပြောင်းလဲခြင်းဧကရာဇ် အထွတ်အထိပ်၌သာရှိသည်။ သူတို့ဒါကိုရှင်းလင်းစွာ တွေ့မြင်ရပါသည်။ သူတို့အားလုံးဟာ အိပ်မက်မက်နေသကဲ့သို့ ခံစားခဲ့ရသည်။
"ဘုန်း!"
ဖိုယာတို့ ကြောင်အနေသော်လည်း ဝမ်ဖုန်းကတော့ တုံ့ဆိုင်းနေခြင်းမရှိခဲ့ပါ။ ဤတစ်ကြိမ်တွင် သူသည် ရွှမ်ကျိတာအိုဓားကို မိမိကိုယ်ကို ကာကွယ်ရန်အတွက် နန်းတော်ကလေးတစ်ခုအဖြစ် ပြောင်းလဲခဲ့သည်။ သူ့ကိုယ်တွင်းရှိ စွမ်းအင်များသည် အဆက်မပြတ်ယိုစီး ထွက်ပေါ်လျက်ရှိကာ သူ၏လက်သီးလုံးများသည်အလျံတညီးညီးတောက်ပလာခဲ့၏။
ရွှမ်ကျိတာအိုဓားသည် အင်မတန်ကိုကြောက်လန့်စရာကောင်းပါသည်။ ၎င်းလက်နက်ကို ကိုင်ဆောင်ထားသည့်အခိုက်အတန့်တွင် တစုံတစ်ဦးဟာ ပြိုင်ဖက်ကင်းနေနိုင်၏။ လောင်ထျန်းဧကရာဇ်များကိုတောင် ကြက်ကလေးများကို သတ်ဖြတ်သကဲ့သို့ အလွယ်တကူသတ်ဖြတ်နိုင်စွမ်းရှိသည်။
သို့သော်လည်း မှော်ဝင်ရတနာကိုအသုံးပြုရန် စွမ်းအင်အများကြီးလိုအပ်လေရာ ဝမ်ဖုန်းသည်နှစ်ကြိမ်အသုံးပြုပြီးနောက် ဆက်လက်အသုံးမပြုရဲတော့ပါ။ သူဟာ ကာကွယ်ရေးအဖြစ်သာ အသုံးပြုခဲ့ရသည်။
ဝမ်ဖုန်းသည်လက်သီးများကို ဝှေ့ယမ်းလိုက်သည့်အခါ သူ၏ခန္ဓာကိုယ်သည် ပုံရိပ်ဝေဝါးသွားခဲ့သည်။ သူဟာ နတ်ဆိုးဗုဒ္ဓကျောင်းတော်စွမ်းအားရှင်တစ်ယောက်၏ဘေးတွင် ပြန်ပေါ်လာခဲ့ကာ လက်သီးလုံးဖြင့်ထိုးနှက်ချခဲ့၏။
ထိတ်လန့်စရာ လက်သီးခွန်အားသည် နတ်ဆိုးဗုဒ္ဓကျောင်းတော်၏ စွမ်းအားရှင်ကို အကြီးအကျယ်အမူအရာပြောင်းလဲစေခဲ့သည်။စွမ်းအားရှင်သည် တလက်လက်တောက်ပသော ဗုဒ္ဓအလင်းတန်းများထွက်ပေါ်လာခဲ့ကာ ကြီးမားသော ဗုဒ္ဓပုံရိပ်ကြီးကို ဖြစ်ပေါ်စေခဲ့သည်။ တစ်ချိန်တည်းမှာပဲ စွမ်းအားရှင်သည် သူ၏လက်များကိုဝှေ့ယမ်းလျက် မိမိကိုယ်ကို ကာကွယ်ရန်အတွက် ကျမ်းအက္ခရာများကိုလည်း ဆင့်ခေါ်ခဲ့သည်။
"ဘုန်း!"
ကျယ်လောင်သောပေါက်ကွဲသံသည် လေးမျက်နှာသို့ ပျံ့လွင့်သွားကာ ဝမ်ဖုန်းနှင့် စွမ်းအားရှင်တို့ကိုဗဟိုပြု၍ ပတ်ပတ်လည်ရှိအရာအားလုံးကို ဖျက်စီးခဲ့သည်။
အစွမ်းထက်သော လက်သီးလုံးသည် နတ်ဆိုးဗုဒ္ဓကျောင်းတော် စွမ်းအားရှင်ဖော်ဆောင်ထားသည့် စွမ်းအင်တို့ကိုတိုက်ရိုက် ချေမွခဲ့သည်။ သူဟာ စွမ်းအားရှင်၏လက်မောင်းကို ထိုးခတ်ခဲ့ပြီး ထိုသူ၏ ခန္ဓာကိုယ်ကို လေအတွင်း ဝဲပျံသွားစေခဲ့သည်။ ပြင်းထန်သော ခွန်အားသည် လက်မောင်းနှစ်ဖက်စလုံးကို ဖျက်စီးလုမတက်ဖြစ်ခဲ့သည်။
တစ်ချိန်တည်းမှာပဲ အစွမ်းထက်သော တန်ပြန်အားကြောင့် ဝမ်ဖုန်းကလည်း လွင့်စင်ထွက်သွားခဲ့သည်။
ခြေလှမ်းအနည်းငယ် နောက်ဆုတ်လိုက်ရပြီးနောက် ဝမ်ဖုန်းသည်သူ၏ခန္ဓာကိုယ်ကို ပြန်လည်တည်ငြိမ်အောင် ထိန်းကျောင်းနိုင်ခဲ့သည်။ သူ၏မျက်ဝန်းအတွင်း၌ အေးစက်သော အလင်းတန်းတစ်ခုရှိနေခဲ့၏။ သူသည် လျှို့ဝှက်ဆန်းကြယ်သော တာအိုဓားကိုအသုံး မပြုသောအခိုက်၌ လောင်ထျန်းဧကရာဇ်စွမ်းအားရှင်ကို သတ်ဖြတ်ရန်မှာ မလွယ်ကူတော့ပါ။. ရွှမ်ကျိတာအိုဓားကို အသုံးပြုလျှင် တစ်ကြိမ်တည်းဖြင့်သတ်ဖြတ်နိုင်သော်လည်း ယခုအချိန်မှာသူဟာ ပြိုင်ဖက်ကိုအပြင်းအထန်တောင် ဒဏ်ရာမရစေခဲ့ပါချေ။
"သေစမ်း!"
"အတူတူတိုက်ကြ!"
ဖိုယာတို့ကလည်းတုံ့ပြန်လိုက်ကြကာ နီရဲသောမျက်ဝန်းဖြင့် ကျယ်လောင်စွာအော်ဟစ်ခဲ့ကြသည်။
"ဘုန်း!"
အော်ဟစ်သံကြီးများနှင့်အတူ အစွမ်းထက်သောခွန်အားများသည် ဖိုယာတို့၏ခ န္ဓာကိုယ်မှ ပေါက်ကွဲထွက်စေလျက် ကောင်းကင်ကြီး တစ်ခုလုံးကိုတုန်လှုပ်စေခဲ့သည်။ ဖိုယာ့ကိုယ်တွင်းရှိအမျက်ဒေါသများမှာ ပို၍ ပြင်းထန်လာသည်ဖြစ်ရာ မူလရှိရင်းစွဲ အကြောက်တရားများကိုတောင် အနိုင်ပိုင်းခဲ့သည်။
"ဘုန်း!"
မရေတွက်နိုင်သော ဗုဒ္ဓအလင်းတန်းများ လင်းဖြာလာခြင်းနှင့်အတူ ဗုဒ္ဓသင်္ကေတများကလည်း ဖိုယာ၏ခန္ဓာကိုယ်တစ်ခွင်၌ ထွက်ပေါ်လာခဲ့သည်။ သူ၏လက်များသည် သင်္ကေတတစ်ခုကို ဖော်ဆောင်နေခဲ့ပြီး ဗုဒ္ဓဂိုဏ်း၏ လျှို့ဝှက်နည်းစနစ်ကို တိုက်ရိုက်အသုံးချခဲ့သည်။ ၎င်းတိုက်ကွက်သည် ဝမ်ဖုန်းထံသို့ ပေါက်ကွဲသံတစ်ခုနှင့်အတူ သက်ဆင်းသွားခဲ့သည်။
ကြွင်းကျန်ရစ်သော နတ်ဆိုးဗုဒ္ဓကျောင်းတော်၏ စွမ်းအားရှင်များကလည်း အစွမ်းအထက်ဆုံး တိုက်ကွက်များကိုထုတ်ဖော်လျက် ဝမ်ဖုန်းကို တိုက်ခိုက်ခဲ့ကြသည်။ ကြောက်လန့်စရာ စွမ်းအင်အရှိန်အဝါများသည် လေဟာပြင်ကိုအက်ကွဲစေလျက်ရှိသည်။
ပြင်းထန်သော စွမ်းအင်တိုက်ကွက်တို့နှင့် ရင်ဆိုင်နေရသော်လည်း ဝမ်ဖုန်းဟာအမူအရာမဲ့လျက် ရှိနေခဲ့သည်။ သူ့ကိုယ်တွင်းရှိ စွမ်းအားများကတော့ ရူးသွပ်စွာ လှည့်ပတ်လျက်ရှိသည်။ သူဟာ မိမိကိုယ်ကိုတောင် ကာကွယ်မထားခဲ့ပါချေ။ သို့သော်လည်း မြင့်မြတ်သောမှော်ဝင်ရတနာကြောင့် သူက ကာကွယ်မှုမပြုခဲ့ ရင်တောင် ဖိုယာနှင့်အခြားသူများက သူ့ကို အနည်းငယ်တောင်ထိခိုက်စေမှာ မဟုတ်ပါ။
ဒါ့အပြင် သူ့တွင်ရှိနေသော ပျက်သုန်းခြင်းရုပ်ခန္ဓာနှင့် ပေါင်းစပ်လိုက်သည့်အခါ ခုခံရေးမှာပို၍တောင် လွယ်ကူသွားခဲ့ရသည်။ ဤအချိန်တွင်သူဟာ ခုခံနေစရာမလိုဘဲ ခွန်အားကိုအသုံးပြု၍ တိုက်ခိုက်နေရန်သာ လိုအပ်သည်။ လက်ရှိ ဖိုယာတို့၏ခွန်အားသည်ရတနာ ပစ္စည်းကို ဖြတ်ကျော်၍သူ့ကို ထိခိုက်စေရန်မဖြစ်နိုင်သေးပါ။!