ဓားဆန္ဒ
Vol. 50 Ch. 700
" ဘုန်း.....!"
တိုက်ခိုက်မှု တသီတတန်းကြီးသည် တစ်ခုနဲ့တစ်ခု လေဟာပြင်အတွင်း ပွတ်တိုက်သွားခဲ့ကာ ပေါက်ကွဲသံတရစပ်ကို တုန်ခါ မြည်ဟီးစေခဲ့သည်။ ပေါက်ကွဲသံကြီးများနဲ့အတူ စွမ်းအင်လှိုင်းတို့ကလည်း ထွက်ပေါ်လျက် ရှိသည်။
ကမ္ဘာ့မြေပြင်သည် အစွမ်းထက်သောခွန်အားကြောင့် မြင့်တင်ပင့်မခြင်း ခံခဲ့ရသည်။ တောင်တန်းများနှင့် သစ်ပင်များသည် လေပေါ်ကို လွင့်စင်တက်လျက် မြူခိုးမြူမှုန့်များကလည်း ကမ္ဘာအတွင်း ပြည့်နှက်လျက် ရှိသည်။
ဝမ်ဖုန်း၏ပုံရိပ်သည် လေဟာပြင်အတွင်း မြင့်ချည်နိမ့်ချည်ရှိနေခဲ့ကာ သရဲတစ္ဆေများကဲ့သို့ ဟိုမှဒီမှ ထွက်ပေါ်လာလျက် ရှိသည်။ အချိန်တစ်ခုစီတိုင်းတွင် သူဟာ နတ်ဆိုးဗုဒ္ဓကျောင်းတော်၏ စွမ်းအားရှင်များထံ ချဥ်းကပ်သွားခဲ့ပြီး လက်သီးတစ်ချက်ဖြင့် ပစ်သွင်းတိုက်ခိုက်နေသည်။ ယင်းနောက်၊ နောက်တခဏတွင် သူဟာ နောက်တစ်ယောက်ထံ သွား၍တိုက်ခိုက်လိုက်ပြန်သည်။
လက်ရှိတွင် ဝမ်ဖုန်းသည် ရွှမ်ကျိတာအိုဓားကို အသုံးပြု မနေသော်လည်း ဖိုယာနဲ့အခြားသူများကို အနည်းငယ်တောင် အရေးနိမ့်ခြင်းမရှိဘဲ ကိုင်တွယ်နေနိုင်ခဲ့သည်။
အစွမ်းထက်သော လက်သီးလုံးများသည် ဖိုယာတို့်အားလုံးကို တုန်ယင်သွားစေခဲ့သည်။ ဒါ့အပြင် သူတို့၏ တိုက်ခိုက်မှုများက ဝမ်ဖုန်းအပေါ် သက်ရောက်မှုမရှိတာမြင်တော့ သူတို့ဟာ ပို၍တောင် ထိတ်လန့်သွားရသည်။
" မင်းက ဆင့်ကဲပြောင်းလဲခြင်းဧကရာဇ်အဆင့်ပဲလေ။ ဘာလို့ ဒီလောက်တောင် သန််မာနေတာလဲ!? "
ဖိုယာ၏မျက်ဝန်းများမှာ လှုပ်ရှားလျက် မယုံကြည်နိုင်စွာ ရေရွတ်လိုက်သည်။
သူတို့ လောင်ထျန်းဧကရာဇ်အဆင့်စွမ်းအားရှင်(4)ယောက်သည် အင်အား စုပေါင်း၍ တိုက်ခိုက်နေခဲ့သော်လည်း ဝမ်ဖုန်းကို အနိုင်ရရန် ကျရှုံးခဲ့သည်။ ဒါတင်မကသေးဘဲ ထိုသူ့ကို ဒဏ်ရာအနည်းငယ်တောင် မဖြစ်ပေါ်စေနိုင်ခဲ့။
ဤမြင်ကွင်းသာ ပျံ့လွှင့်သွားလျှင် ပျက်သုန်းခြင်း ဧကရာဇ်ဘုံလောကကြီးတစ်ခုလုံးကို အကြီးအကျယ် ထိတ်လန့်စေလိမ့်မည်။
" ဘုန်း.....! "
ဝမ်ဖုန်းသည် ဖိုယာတို့၏ အံ့သြနေမှုကို လျစ်လျူရှုထားခဲ့သည်။ ခွန်အားတချို့ ပြန်လည်ရရှိပြီးနောက် သူသည် လက်ထဲရှိ ရွှမ်ကျိတာအိုဓားကို ထပ်မံ၍ ပင့်မြှောက်လိုက်သည်။ သူ၏မျက်ဝန်းများသည် မှေးကျဥ်းလျက် ဖိုယာတို့အပေါ် စူးစိုက်ကြည့်ရှူနေခဲ့၏။
ဝမ်ဖုန်း၏ပြင်းပြသောအကြည့်အောက်တွင် ဖိုယာတို့အားလုံးသည် တသိမ့်သိမ့် တုန်ယင်နေခဲ့သည်။ ၎င်းမှာ ထိတ်လန့်စရာတည်ရှိမှုကြီး၏ ပစ်မှတ်ထားခြင်းခံနေရသလို ဖြစ်နေခဲ့ကာ သေခြင်းနဲ့ နီးစပ်နေသည့်အလား ရှိနေခဲ့၏။
" ရွှမ်.....! "
ရွှမ်ကျိတာအိုဓားကို ကိုင်ဆောင်လျက် ဝမ်ဖုန်းသည် ရုတ်တရက် ခုတ်ပိုင်းချခဲ့သည်။
ဓားအလင်းတန်းဟာ ထွက်ပေါ်လာခဲ့လေသည်။ ၎င်းအလင်းတန်းသည် မှေးမှိန်၍ တောက်ပ မနေခဲ့သော်လည်း ဖြတ်သန်းရာလမ်းတစ်လျှောက်ရှိ လေဟာပြင်ကို ဆုတ်ဖြဲနိုင်ခဲ့၏။
ဓားဆန္ဒတွင် အရိပ်အယောင်မရှိဘဲ မြင့်မြတ်ခမ်းနားမှုများသာ ပါရှိ၏။
ဖိုယာတို့တတွေ တုံ့ပြန်ခဲ့သည့်အခါ သူတို့ဟာ ဓားအလင်းတန်းနဲ့ ထိကပ်သွားခဲ့ပြီး နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်ခွာခဲ့ရသည်။ သူတို့က အရမ်းကိုကြောက်လန့်နေကြတာကြောင့် မျက်ဝန်းများကတောင် ပြူးကျယ်နေခဲ့ကြ၏။
သူတို့ဘေးနားတွင် ရှိနေသော စွမ်းအားရှင်တစ်ယောက်သည် ဓားချက်၏ အပိုင်းပိုင်းအစစ ဖြတ်တောက်ခြင်းကို ခံခဲ့ရသည်။ ဦးခေါင်းမဲ့နေသောခန္ဓာကိုယ်ကြီးသည် မြေပြင်ပေါ်သို့ ကျယ်လောင်သောအသံဖြင့် ပြိုကျသွားခဲ့သည်။ မြေပြင်၌ ကြီးမားသောအက်ကွဲကြောင်းကြီးများ ဖြစ်နေခဲ့၏။
ထူးဆန်းသောမြင်ကွင်းသည် ဖိုယာတို့ကို တုန်ယင်ခြောက်ခြားသွားစေခဲ့သည်။ သူတို့ဟာ ဝမ်ဖုန်း၏ တိုက်ခိုက်မှုကိုတောင် မခံစားခဲ့ရပါ။ သူတို့ရဲ့အဖော်က သေဆုံးသွားပြီလား...ဒါက ဘယ်လိုပညာမျိုးလဲ။
ပြင်းထန်သော အကြောက်တရားသည် ဖိုယာတို့တတွေကို တုန်လှုပ်စေခဲ့သည်။ လောင်ထျန်းဧကရာဇ်စွမ်းအားရှင်(10)ယောက်တွင် လက်ရှိ၌ (3)ယောက်သာ ရှင်ကျန်တော့သည်။ ဒါ့အပြင် သူတို့တောအုပ်ထဲ ရောက်ရှိလာတာ ရက်အနည်းငယ်တောင် မရှိသေးပါချေ။
အချိန်တိုအတွင်း၌ လောင်ထျန်းဧကရာဇ်စွမ်းအားရှင်(7)ယောက် သေဆုံးခဲ့ရသည်။ ၎င်းမှာ နတ်ဆိုးဗုဒ္ဓကျောင်းတော်အတွက်တောင် သမိုင်း၌ ပထမ၁ဆုံးအကြိမ် ရှုံးနိမ့်ရခြင်း ဖြစ်၏။
" ဘုန်း....!"
သန်မာသော လောင်ထျန်းဧကရာဇ်စွမ်းအားရှင်ကို သတ်ဖြတ်ပြီးနောက် ဝမ်ဖုန်းဟာ ရပ်တန့်ရန် ဆန္ဒမရှိခဲ့ပါ။ သူသည် ကိုယ်တွင်းရှိစွမ်းအားတို့ကို နှိုးဆွလျက် ဖိုယာတို့ထံ ပြန်၍ပြေးဝင်လာခဲ့ပြန်သည်။
ဤအချိန်တွင် ဝမ်ဖုန်းဟာ ထိန်ချန်ထားခြင်းမရှိဘဲ ကိုယ်တွင်းရှိစွမ်းအင်တို့ကို အားကုန်အသုံးချခဲ့သည်။ ခမ်းနားကြီးကျယ်သော စွမ်းအားတို့သည် ရွှမ်ကျိတာအိုဓားထံသို့ အရူးအမူးစီးဆင်းသွားခဲ့ကာ ဓားကို အဆက်မပြတ် ခါယမ်းလာစေခဲ့သည်။
အလွန်အမင်း ပြင်းထန်သောဓားချီသည် ရွှမ်ကျိတာအိုဓားတွင် စီးဆင်းသွားခဲ့ကာ မျက်တောင်တစ်ခတ်အတွင်း၌ ဓားမုန်တိုင်းတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ ဝမ်ဖုန်း၏ ခုတ်ပိုင်းချက်နောက်ကို လိုက်ပါ၍ ထိတ်လန့်စရာ ဓားအလင်းတန်းများသည် မရေမတွက်နိုင်သော ဓားချီများ၏ဝန်းရံခြင်းကို ခံနေခဲ့ရသည်။ ၎င်းတို့သည် ဖိုယာတို့အုပ်စုထံသို့ ပြေးဝင်သွားခဲ့လေသည်။
" တိုက်ကြ....! "
ထိတ်လန့်စရာဓားအလင်းတန်းနဲ့ ရင်ဆိုင်လိုက်သည့်ရအခါ ဖိုယာတို့သည် နှလုံးသားအတွင်းရှိ အကြောက်တရားတို့ကို ဖိနှိပ်လျက် တစ်ယောက်ပြီးတစ်ယောက် စွမ်းအင်တို့ကို ပေါက်ကွဲထုတ်ဖော်ခဲ့ကြသည်။ အစွမ်းထက်သောဗုဒ္ဓအလင်းတန်းများသည် သူတို့သုံးယောက်ထံမှ ထွက်ပေါ်လာလျက် ဧရာမဗုဒ္ဓရုပ်ပွားတော်ကြီးသည် ကောင်းကင်ယံထက်မှ ကျဆင်းလာခဲ့သည်။
ဖိုယာတို့သုံးယောက်သည် တညီတညွှတ်တည်း ရှေ့ထွက်လိုက်ကြ၏။ ခမ်းနားသောစွမ်းအင်တို့သည် မြေနဂါးကြီးတစ်ကောင် လူးလိမ့်လိုက်သကဲ့သို့ ကမ္ဘာ့မြေပြင်ကို ခါယမ်းသွားစေခဲ့သည်။တလက်လက် တောက်ပနေသော ဗုဒ္ဓအလင်းတန်းများသည် သူတို့၏ လက်သီးအတွင်း စုရုံးမိသွားခဲ့ကြသည်။ သူတို့ဟာ လက်သီးကို ပစ်သွင်းလိုက်သည့်အခိုက်၌ နေမင်းကဲ့သို့ လက်သီးစွမ်းအင်တို့သည် ဓားအလင်းတန်းများထံ တိုက်ရိုက်ပြေးဝင်သွားခဲ့သည်။
လေဟာပြင်တွင် ကြီးမားသောအက်ကွဲကြောင်းကြီး ဖြစ်လာခဲ့၏!
" ဘုန်း ....! "
တခဏချိန်၌ပင် လက်သီးအလင်းတန်းနဲ့ ဓားအလင်းတန်းတို့သည် ပွတ်တိုက်မိခဲ့သည်။ ဗုဒ္ဓ၏အလင်းတန်းများမှာ တောက်ပလျက်ရှိပြီး ဓားစွမ်းအင်များမှာလည်း စူးရှလျက်ရှိသည်။ လောကကြီးသည် အရောင်အဝါ ပြောင်းလဲသွားခဲ့ရသည်။ ခမ်းနားသောစွမ်းအားသည် လေးမျက်နှာသို့ လွင့်စင်စေလျက် ရှိ၏။
ဝမ်ဖုန်းတို့၏တိုက်ပွဲကို ဗဟိုပြုလျက် အချင်းဝက် မိုင်တစ်သောင်းပတ်လည်သည် အပျက်အစီးလွင်ပြင်အဖြစ် ပြောင်းလဲသွားခဲ့သည်။ ဤထိတ်လန့်စရာသိုင်းကွက်သည် ထာဝရညည့်ဦးယံတောအုပ်ကြီးကိုတောင် ခါယမ်းစေခဲ့ပါ၏။
တိုက်ပွဲကို မနီးမဝေးမှ စောင့်ကြည့်နေသော စွမ်းအားရှင်များသည် ဝမ်ဖုန်းဖော်ထုတ်လိုက်သည့် စွမ်းအားကြောင့် ထိတ်လန့်နေခဲ့ရသည်။
" ဒီတစ်ကြိမ်တော့ နတ်ဆိုးဗုဒ္ဓကျောင်းတော်ကြီး ၊အကြီးအမား ဆုံးရှုံးရတော့မယ်။ "
" သူတို့ လုံးဝမျက်နှာပျက်သွားရပြီ "
" ရှန်ရှန်ကျုံဂိုဏ်းက တကယ့်ကို အံ့သြစရာကောင်းလိုက်တာ။ ဒါပေမဲ့ နတ်ဆိုးဗုဒ္ဓကျောင်းတော် တကယ်ဒေါသထွက်သွားရင် ရှန်ရှန်ကျုံဂိုဏ်းရော တားဆီးနိုင်ပါ့မလား မသိဘူး "
ထာဝရညည့်ဦးယံ တောအုပ်အတွင်းရှိ ကျင့်ကြံသူများသည် တိုက်ပွဲကို စူးစမ်းကြည့်ရှူလျက် တစ်ယောက်ပြီးတစ်ယောက် ပြောဆိုခဲ့ကြသည်။
အဆိုပါ ပြောဆိုဆွေးနွေးနေကြသော စွမ်းအားရှင်များထဲတွင် ဟုန်ယန်ဘုရားကျောင်းမှ ယန်ထျန်းဖုန်းလည်း တစ်ယောက်အပါအဝင် ဖြစ်၏။
သို့သော်လည်း ယန်ထျန်းဖုန်း၏မျက်နှာမှာ လက်ရှိတွင် မဲမှောင်နေခဲ့သည်။ ရှန်ရှန်ကျုံဂိုဏ်း၏ ခွန်အားမှာ တကယ့်ကိုကြောက်စရာကောင်းလိမ့်မည်ဟု သူထင်မထားခဲ့ပါ။ အချိန်တိုအတွင်း၌ ၎င်းဂိုဏ်းသည် နတ်ဆိုးဗုဒ္ဓကျောင်းတော်၏ သန်မာသော စွမ်းအားရှင်များကိုတောင် သတ်ဖြတ်နိုင်ခဲ့သည်။
မတိုင်ခင်က ပေါ်ပေါက်လာခဲ့သော ကျန်းဇီရာသည် ရှန်ရှန်ကျုံဂိုဏ်း၏ အသန်မာဆုံးဖြစ်သည်ဟု သူထင်ခဲ့သည်။ သို့သော်လည်း တကယ့်ထိတ်လန့်စရာကောင်းသူမှာ သူ အထင်သေးခဲ့သော ဝမ်ဖုန်းဖြစ်နေကြောင်းကိုတော့ ထင်မထားခဲ့ချေ။
" ဘုန်း...! "
လူအများ ဆွေးနွေးနေကြစဥ်တွင် တိုက်ပွဲမြေပြင်၌ ကျယ်လောင်သော ပေါက်ကွဲသံများ ထပ်မံ ထွက်ပေါ်လာခဲ့ပြန်သည်။ ၎င်းအသံများဟာ နဂါးဟိန်းသံများနဲ့ ဓားအော်သံများ ဖြစ်၏။
ပြင်းထန်သော ဓားဆန္ဒသည် ကောင်းကင်ကိုဖြတ်ပိုင်းလျက် ဝန်းကျင်တစ်ခွင်ကို ဆုတ်ဖြဲခဲ့သည်။ ဝမ်ဖုန်းဟာ ဓားစွမ်းအင်များ ရစ်သိုင်းလျက် လေဟာပြင်အတွင်း မတ်တပ်ရပ်နေခဲ့သည်။ သူ၏ပတ်ပတ်လည်ရှိလေထုသည် အဆက်မပြတ်ညခါယမ်းနေခဲ့သည်မှာ အချိန်မရွေး ပြိုကျတော့မည့်အလားပင်။
" အဟွတ်...အဟွတ် "
ဖုန်မှုန့်များရှင်းလင်းသွားသည့်တခဏတွင် ဖိုယာတို့၏ပုံပန်းသဏ္ဍာန်ကို တွေ့မြင်ခဲ့ရသည်။ ဤအချိန်တွင် သူတို့ဟာ စုတ်ပြတ်နေခဲ့ကြသည်။ မြေပြင်၌ ကြီးမားသော တွင်းပေါက်ကြီးရှိနေခဲ့ပြီး သူတို့၏ဒဏ်ရာများ ပြည့်နှက်နေသော ခန္ဓာကိုယ်ကြီးသည် တွင်းပေါက်အတွင် းပြိုလဲလျက်ရှိသည်။ ဒဏ်ရာများထံမှ သွေးများလည်း ယိုစီးကျလျက် တွင်းပေါက်ကြီးကိုတောင် စွေးစွေးနီသွားစေခဲ့၏။
" ဖစ်...! "
ဖိုယာသည် ပါးစပ်အပြည့်သွေးတစ်လုတ်အန်ထုတ်ခဲ့ရကာ ဝမ်ဖုန်းကို ကြောက်လန့်တကြား စိုက်ကြည့်နေခဲ့သည်။ ဝမ်ဖုန်းက သူတို့ကို အလွယ်တကူသတ်ဖြတ်နိုင်တယ်ဆိုတာကို သူနောက်ဆုံးမှာတော့ သိခဲ့ပါပြီ။
ဝမ်ဖုန်းက ရွှမ်ကျိတာအိုဓားကို အပြည့်အဝဖော်ထုတ်ခဲ့သည့်အခါ၌ ဖိုယာသည် မြင့်မြတ်သော ရတနာပစ္စည်း၏ အရှိန်အဝါကို ခံစားခဲ့ရသည်။ ဝမ်ဖုန်းတွင် မြင့်မြတ်သောရတနာတစ်ပါး ရှိနေလိမ့်မည်ဟု သူတကယ့်ကို တွေးမထားမိခဲ့ !