အခန်း (၇၀၁)
Vol. 50 Ch. 701
ဝမ်ဖုန်း၌ အကူလက်နက်တစ်ခု ပိုင်ဆိုင်ထားကြောင်းကို သိခဲ့လျှင် ဖိုယာသည် ဝမ်ဖုန်းနှင့် ဘယ်သောအခါမှ ထိပ်တိုက်ရင်ဆိုင်ခဲ့မည် မဟုတ်ပေ။ ထိုအကြောင်းကို သိလိုက်ရသည်နှင့် ဖိုယာသည် ချက်ချင်းနောက်ပြန်ဆုတ်ပြီး နတ်ဆိုးဗုဒ္ဓကျောင်းဆောင်၏ ထိပ်တန်းကျင့်ကြံသူများကို လှုပ်ရှားစေခဲ့မည်ဖြစ်သည်။
အကူလက်နက်ဖြစ်ပေသည်။ ဝမ်ဖုန်းကဲ့သို့ ဆင့်ကဲပြောင်းလဲခြင်း အထွတ်အထိပ်အဆင့်ကျင့်ကြံသူတစ်ယောက်သည် အဘယ်သို့များ အကူလက်နက်ပစ္စည်းကို ပိုင်ဆိုင်နိုင်ရသနည်း။ ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်တစ်ခုလုံး၌ မဟာနတ်ဘုရားမျိုးနွယ်စုကြီး၄ခုသာလျှင် နတ်လက်နက်ပစ္စည်းများကို ပိုင်ဆိုင်ပေသည်။
ထို့ကြောင့်ပင် အခြားအင်အားစုများသည် တူညီသောအင်အားကို ပိုင်ဆိုင်ထားကြလျှင်သော်မှ သူတို့၌ အကူလက်နက်များ မပိုင်ဆိုင်ထားကြလေရာ မဟာနတ်ဘုရားမျိုးနွယ်စုကြီး၄ခု၏အင်အားကို မယိမ်းယိုင်စေနိုင်ကြပေ။
သို့သော်ငြား ဝမ်ဖုန်း၏လက်ထဲရှိ လျှို့ဝှက်ဆန်းကြယ်တာ့အိုဓားရှည်သည် အကူလက်နက်ဖြစ်ကြောင်း သူနားလည်လိုက်ချိန်မှာ နောက်ကျသွားခဲ့လေပြီ။ ယခု၌ ဖိုယာသည် ဒဏ်ရာအပြင်းအထန်ရထားခဲ့ပြီး အကူလက်နက်၏ ကြောက်ခမန်းလိလိသော ထက်ရှမှုသည် သူ၏ခန္ဓာကိုယ်ကို ထိုးဖောက်ဖျက်ဆီးနေခဲ့ရာ အသက်စွမ်းအင်မှာလည်း လျော့နည်းလာရသည်။
“မင်း….!”
ဖိုယာသည် မိမိကိုယ်ကိုယ် အသက်မရှင်နိုင်တော့ကြောင်း သိသည်။ ထို့ကြောင့် ဝမ်ဖုန်း၌ အကူလက်နက် ပိုင်ဆိုင်ထားကြောင်းကို အခြားသူများ အသိပေးရန် ပါးစပ်ဟလိုက်သည်။ ဝမ်ဖုန်း၌ အကူလက်နက် ပိုင်ဆိုင်ထားသည့်သတင်း ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်အတွင်း၌ ပျံ့နှံ့သွားခဲ့လျှင် ဝမ်ဖုန်း၏အဆုံးသတ်သည် သေချာပေါက် သူ့ထက် မကောင်းမွန်နိုင်ကြောင်းကို ဖိုယာ ကောင်းစွာသိသည်။
အကူလက်နက်ပစ္စည်း ပေါ်ထွက်လာခြင်းသည် ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်တစ်ခုလုံးကို ရူးသွပ်သွားစေရန် လုံလောက်သည်။ မဟာနတ်ဘုရားမျိုးနွယ်စုကြီး၄ခုပင်လျှင် ယှဉ်ပြိုင်ရန်အတွက် စွမ်းအားမြင့်ကျင့်ကြံသူများကို စေလွှတ်နိုင်လောက်သည်။ ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်တစ်ခုလုံး၌ ကမ္ဘာပြိုကွဲစေနိုင်သောစစ်ပွဲကြီးကိုလည်း ဖြစ်ပွားစေနိုင်ပေသည်။
သို့သော်ငြား ဖိုယာမှ ပါးစပ်ဟလိုက်ရုံသောအချိန်တွင် ဝမ်ဖုန်းသည် ဖိုယာကို ခုတ်ပိုင်းပစ်လိုက်သည်။ လျှို့ဝှက်ဆန်းကြယ်တာ့အိုဓားရှည်ကို လွှဲခုတ်ပစ်လိုက်ရာ ကြောက်ခမန်းလိလိသော ဓားရောင်ခြည်များ ရုတ်ချည်းဖြာထွက်သွားခဲ့သည်။
ဘုန်း!
ဖိုယာနှင့် အခြားသူများ၏ ကြောက်ရွံ့ထိတ်လန့်နေကြသော အကြည့်များအောက်၌ ဓားရောင်ခြည်သည် သူတို့အားလုံးအား သက်ညှာခြင်းမရှိ ခုတ်ပိုင်းသွားခဲ့သည်။ ကြောက်မက်ဖွယ်သော၊ ကြမ်းကြုတ်ရက်စက်သော ဓားစွမ်းအင်သည် အဆုံးအစမဲ့အင်အားဖြင့် သူတို့၏ခန္ဓာကိုယ်အတွင်းသို့ အဆက်မပြတ် ထိုးဖောက်သွားပြီး သူတို့၏အသက်စွမ်းအင်များကို ဖျက်ဆီးပစ်ခဲ့သည်။
သူတို့တည်ရှိရာ မြေအောက်တွင်းနေရာသည် ကြောက်မက်ဖွယ်အင်အားကြီးကြောင့် အဝေးသို့ လွင့်ထွက်သွားခဲ့သည်။ ထိုတွင်းကြီးသည် မိုင်တစ်ရာခန့်ကျယ်ဝန်းပြီး ဤအင်အားကြောင့် မိုင်တစ်သောင်းခန့်အနက်အထိ ကျယ်ပြန့်သွားခဲ့သည်။
ဖိုယာနှင့်အခြားသူများ၏ ခန္ဓာကိုယ်များသည် အဆုံးအစမဲ့သောဓားစွမ်းအင်၏ ထိုးဖောက်မှုအောက်၌ အလင်းစလေးများအဖြစ် ပြောင်းလဲသွားပြီး ကမ္ဘာ့လေထုအတွင်း ပျောက်ကွယ်သွားသည်မှာ ခြေရာလက်ရာလေးပင် မကျန်ရစ်ခဲ့ပေ။ သို့ဖြင့် သူတို့အားလုံး သေဆုံးသွားခဲ့ကြသည်။
အဟွတ်!
ဖိုယာနှင့်အခြားသူများကို သတ်ဖြတ်ပြီးနောက် ဝမ်ဖုန်းသည် ခပ်ဖျော့ဖျော့ ချောင်းဟန့်လိုက်ပြီး လုံးဝသက်သောင့်သက်သာဖြင့် လေဟာပြင်တွင် ရပ်လျက် အပြင်းအထန် မောဟိုက်နေကာ နဖူးမှာလည်း ချွေးစေးများစီးကျနေသည်။
ဝမ်ဖုန်းသည် ဖိုယာနှင့်အခြားသူများကို အလွယ်တကူ သတ်ဖြတ်ခဲ့ခြင်းဟု ထင်ရနိုင်သော်ငြား တကယ်တမ်းတွင် ခန္ဓာကိုယ်တစ်ခုလုံးရှိ အားအင်များကို လှုပ်ရှားစေခဲ့ရခြင်း ဖြစ်ခဲ့သည်။ ထိုအခိုက်တွင် ဖိုယာနှင့်အခြားသူများကို သတ်ဖြတ်ရန် လုံလောက်သည့် စွမ်းအင်ပမာဏသာမက မတော်တဆဖြစ်ရပ်များကို ကာကွယ်နိုင်သည့် စွမ်းအင်ပမာဏကိုလည်း အသင့်ပြင်ထားနိုင်ရန် လိုအပ်ပေသည်။
ထိုသို့ တိကျစွာ တွက်ချက်နိုင်ရန်မှာ မလွယ်ကူပေ။
“ဒင်! လောင်ထျန်းဧကရာဇ်အထွတ်အထိပ်အဆင့်ကျင့်ကြံသူ၇ယောက်ကို သတ်ဖြတ်ခဲ့ခြင်းအတွက် ဂုဏ်ပြုပါတယ်။ ဂိုဏ်းအမှတ် ၁၀၅၀၀၀၀၀၀၀၀၀နှင့် အဆင့်မြင့်ဧကရာဇ်နယ်ပယ် ကျပန်းဆင့်ခေါ်ခွင့် ၂၁ခုကို ရရှိပါတယ်”
တစ်ပြိုင်နက်တည်းတွင် ဝမ်ဖုန်း၏စိတ်ထဲ၌ စနစ်၏အချက်ပေးသံ ထွက်ပေါ်လာခဲ့ရာ ဝမ်ဖုန်း မထိန်းချုပ်နိုင်စွာ ပြုံးလိုက်မိရသည်။ ဂိုဏ်းအမှတ် ၁.၅ထရီလီယံ.. ဤသည်မှာ သူရရှိဖူးခဲ့သည့် ဂိုဏ်းအမှတ်ဆုလာဘ်များထဲတွင် အများဆုံးပမာဏဖြစ်သည်။ ဤဂိုဏ်းအမှတ်ဆုလာဘ်များဖြင့် ရှန်ရှန့်ကျုံဂိုဏ်းအကြီးအကဲများစွာ၏ အင်အားကို တိုးတက်စေရန် လုံလောက်ပေသည်။
လက်ရှိ၌ ရှန်ရှန့်ကျုံဂိုဏ်းအကြီးအကဲများစွာသည် ဘိုးဘေးဧကရာဇ်အထွတ်အထိပ်အဆင့်သို့ မတက်လှမ်းနိုင်ကြသေးပေ။ မတိုင်မီက မိမိကိုယ်ကို ဆင့်ကဲပြောင်းလဲခြင်း အထွတ်အထိပ်အဆင့်သို့ တက်လှမ်းနိုင်ရန်အတွက် စုဆောင်းထားခဲ့သည့် ဂိုဏ်းအမှတ်များကို အသုံးပြုခဲ့သည်။ ယခုတွင် ရှန်ရှန့်ကျုံဂိုဏ်းအကြီးအကဲများကို ဘိုးဘေးဧကရာဇ်နယ်ပယ်သို့ တက်လှမ်းနိုင်စေရန်အတွက် ဂိုဏ်းအမှတ်၁၀ထရီလီယံကို ပြန်လည်ရရှိနိုင်ခဲ့သည်။
ဝမ်ဖုန်း လေဟာပြင်ထက် ရပ်နေချိန်တွင် မိုင်တစ်သိန်းအကွာအဝေးအထိသော ကမ္ဘာသည် တိတ်ဆိတ်မှုကြီးစိုးနေခဲ့သည်။ လူအပေါင်းသည် ဝမ်ဖုန်း၏ပုံရိပ်ကို အံ့ဩထိတ်လန့်နေသော အကြည့်များဖြင့်ကြည့်လျက် တုန်လှုပ်စွာ ကြည့်နေကြသည်။
လောင်ထျန်းဧကရာဇ်အထွတ်အထိပ်အဆင့်ကျင့်ကြံသူက အဲ့လောက်လွယ်လွယ် အသတ်ခံရတယ်လား။
ထိုအခိုက်အတန့်၌ အားလုံးသည် ဝမ်ဖုန်း၏ လုပ်ရပ်များကို ကြောက်ရွံ့ထိတ်လန့်နေကြသည်။
ထိုသို့ ကြောက်ရွံ့နေရခြင်းမှာ ဝမ်ဖုန်း၌ လောင်ထျန်းဧကရာဇ်အထွတ်အထိပ်အဆင့်ကျင့်ကြံသူများကို သတ်ဖြတ်ရန် လုံလောက်သည့်အင်အား ရှိနေခြင်းကြောင့်သာ မဟုတ်ဘဲ ဝမ်ဖုန်းသည် နတ်ဆိုးဗုဒ္ဓကျောင်းဆောင်ကို မကြောက်ရွံ့ဘဲ နတ်ဆိုးဗုဒ္ဓကျောင်းဆောင်၏ ကျင့်ကြံသူများကို တုံ့ဆိုင်းတွေဝေခြင်းမရှိ သတ်ဖြတ်ဝံ့သောကြောင့်လည်း ဖြစ်သည်။ ထိုသို့သော ရဲစွမ်းသတ္တိသည် သာမန်လူများ၌ အမှန်တကယ် မရှိနိုင်သည့်အရာ ဖြစ်ပေသည်။
သစ်ပင်အိုကြီးပေါ်တွင် ရပ်နေသော ယန်ထျန်းဖုန်းသည် ခန္ဓာကိုယ်တစ်ခုလုံး မထိန်းချုပ်နိုင်စွာ တုန်ယင်နေသည်။ ယန်ထျန်းဖုန်းသည် ဝမ်ဖုန်းတို့၏သတင်းကို နတ်ဆိုးဗုဒ္ဓကျောင်းဆောင်သို့ ထုတ်ဖော်ပြောခဲ့သူဖြစ်သည်။ ထိုအကြောင်းကို ဝမ်ဖုန်း သိသွားခဲ့လျှင် သူ့ထံ လာရောက်ပြဿနာရှာလိမ့်မည်လော။
ယန်ထျန်းဖုန်း၏ မီးလျံနီကောင်းကင်နန်းတော်၏ သခင်လေးဟူသော အဆင့်အတန်းသည် သာမန်လူများအတွက်သာမက ထာဝရညဉ့်ယံမြို့၏ စွမ်းအားမြင့်ကျင့်ကြံသူများအတွက်လည်း ကြီးလေးလှစွာသော အဟန့်အတားကြီးဖြစ်သည်။ သို့သော် ဝမ်ဖုန်းအတွက်မူ ထိုစည်းမျဉ်းစည်းကမ်းမရှိသော မျိုးဆက်သစ်များသည် ဘာမျှ အရေးမပါချေ။
ဝမ်ဖုန်းသည် နတ်ဆိုးဗုဒ္ဓနန်းဆောင်၏ လောင်ထျန်းဧကရာဇ်အဆင့် ကျင့်ကြံသူများကိုသာမက နတ်ဆိုးဗုဒ္ဓနန်းဆောင်၏ သခင်လေးကိုလည်း သတ်ဖြတ်ခဲ့ပြီးဖြစ်သည်။ သို့ဖြစ်ရာ အဘယ်ကြောင့်များ မီးလျံနီကောင်းကင်နန်းတော်၏ သခင်လေးကို ဂရုစိုက်နေပါအံ့နည်း။
ယန်ထျန်းဖုန်းသည် အချိန်တစ်ခုကြာ ကြောက်ရွံ့ထိတ်လန့်နေပြီးနောက် သူ၏စိတ်အတွင်းရှိ သတ်ဖြတ်လိုစိတ်သည် ပို၍အားကောင်းလာခဲ့သည်။ မိမိကိုယ်ကို လုံခြုံဘေးကင်းစေရန်အတွက် ဝမ်ဖုန်း၏သေဆုံးခြင်းမှတစ်ပါး အခြားနည်းလမ်းမရှိပေ။
သို့သော် ဝမ်ဖုန်းအား သူတစ်ဦးတည်းအင်အားဖြင့် သတ်ဖြတ်ရန်ကြိုးစားခြင်းသည် မိမိကိုယ်ကိုယ် သေလမ်းရှာခြင်းသာဖြစ်ကြောင်း သံသယဖြစ်ဖွယ်မရှိပေ။ ထို့ပြင် သူသည် အမှောင်ထဲတွင်ရှိနေဆဲဖြစ်ပြီး သူ၏တည်ရှိမှုကို ဖော်ထုတ်မခံရသေးပေ။ ဓားတစ်ချောင်းကို အသုံးချ၍ သတ်ဖြတ်ခြင်းသည် အကောင်းဆုံးနည်းဗျူဟာဖြစ်ပေလိမ့်မည်။
ထိုအတွေးဖြင့် ယန်ထျန်းဖုန်း၏မျက်နှာထက်၌ ထူးဆန်းသည့်အပြုံးတစ်ခု ထွက်ပေါ်လာသည်။ ယန်ထျန်းဖုန်းသည် ဂုဏ်ယူဝံ့ကြွားစွာရပ်နေသော ဝမ်ဖုန်း၏ပုံရိပ်ကို စူးစိုက်ကြည့်လိုက်ပြီးနောက် လှည့်ထွက်သွားခဲ့သည်။
“စနစ် ဂိုဏ်းအမှတ်၈ထရီလီယံကို ထီလက်မှတ်နဲ့ လဲလှယ်လိုက်ပါ။ ရလာတဲ့ ကျင့်ကြံမှုအခြေခံတွေကို ရှန်ရှန့်ကျုံဂိုဏ်းအကြီးအကဲတွေကို ဝေမျှလိုက်ပါ”
ဝမ်ဖုန်းသည် အမှောင်ထဲတွင် အကွက်ချကြံစည်နေသည့် ယန်ထျန်းဖုန်း၏တည်ရှိမှုကို မသိပါချေ။ အလင်းတစ်စဖြင့် တိုက်ပွဲနေရာမှ ထွက်ခွာသွားခဲ့သည်။ တစ်ပြိုင်နက်တည်းပင် အသိစိတ်အား တီးတိုးစကားဆို၍ စနစ်အတွင်းသို့ နှစ်မြှုပ်လိုက်သည်။
“ဒင် နတ်ဆိုးကျူးလုံရဲ့ ကျင့်ကြံဆင့်၅ပုံ၁ပုံကို ရရှိခြင်းအတွက် ဂုဏ်ပြုပါတယ်”
“ဒင်….”
“ဒင် ဂိုဏ်းအမှတ် ၈ထရီလီယံအတွက် ထီလက်မှတ်ခြင်း ပြီးဆုံးပါပြီ။ ရရှိတဲ့ ကျင့်ကြံမှုအခြေခံများကို ရှန်ရှန့်ကျုံဂိုဏ်းအကြီးအကဲများကို ဝေမျှခဲ့ပါတယ်”
“ဒင် ရှန်ရှန့်ကျုံဂိုဏ်းအကြီးအကဲများ ဧကရာဇ်ဘိုးဘေးအထွတ်အထိပ်အဆင့်သို့ တက်လှမ်းနိုင်ခြင်းအတွက် ဂုဏ်ပြုပါတယ်”
စိတ်ထဲမှ ထွက်ပေါ်လာခဲ့သည့် အေးစက်သောအချက်ပေးသံအား ဝမ်ဖုန်း စိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ သူ၏ရှန်ရှန့်ကျုံဂိုဏ်း၌ အစစ်အမှန်ဧကရာဇ်အဆင့်ကျင့်ကြံသူ မရှိသေးသော်ငြား ဂိုဏ်း၏လက်ရှိအင်အားအရ ကြက်သွေးရောင်ဧကရာဇ်အဆင့်အောက်ရှိ ကျင့်ကြံသူအင်အားများအနေသည် ရှန်ရှန့်ကျုံဂိုဏ်းအတွက် ခြိမ်းခြောက်မှုဖြစ်နိုင်လိမ့်မည် မဟုတ်ပေ။
သေချာပေါက်ပင် ရှန်ရှန့်ကျုံဂိုဏ်း၏အခြေအနေသည် အနာဂတ်တွင် ပို၍ပို၍ အန္တရာယ်များလာမည်ဖြစ်ကြောင်းကို ဝမ်ဖုန်း သိထားပါ၏။ ခြုံငုံကြည့်လိုက်ပါက ဝမ်ဖုန်းသည် နတ်ဆိုးဗုဒ္ဓကျောင်းဆောင်၏ စွမ်းအားမြင့်ကျင့်ကြံသူများစွာကို သတ်ဖြတ်ခဲ့သည် မဟုတ်ပါလော။ နတ်ဆိုးဗုဒ္ဓကျောင်းဆောင်၏ အကျင့်စရိုက်အရ အမျက်ဒေါသ မထကြွလျှင်ပင် အံ့အားသင့်ဖွယ်ဖြစ်နေနိုင်သေးပေသည်။ သေချာပေါက် ပို၍အင်အားကြီးအားသည့် ကျင့်ကြံသူများကို စေလွှတ်လာလိမ့်မည်ဖြစ်၏။
ကံကောင်းထောက်မစွာဖြင့် ဤနေရာသည် ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်တစ်ခုလုံး၏ အရှုပ်ထွေးဆုံးသော နေရာဖြစ်နေခဲ့၍ တော်သေးသည်။ နတ်ဆိုးဗုဒ္ဓကျောင်းဆောင်အနေဖြင့် ဤနေရာတွင် ရဲတင်းစွာပြုမူလိုလျှင်သော်မှ လွယ်ကူသည့်အရာ မဟုတ်နေပါချေ။