ဓမ္မရာဂျာ နှင့် ဖက်တီးလောတို့၏ ပေါက်ကွဲမှု စွမ်းအား
Vol. 67 Ch. 994
“အိုး.. မင်းကငါ့ကို ဖမ်းမလို့လား”
လေအိုးဝမ်လင်းက ဖြည်းညင်းစွာ ထရပ်လိုက်သည်။
သူ၏မျက်လုံးကနေ ထူးကဲသော အော်ရာတစ်ခု ထွက်ပေါ်လာပြီး အနက်ရောင်အရိပ် တစ်ခုအဖြစ်သို့ ပြောင်းလဲကာ အစည်းအဝေးခန်းမရှိ လူအားလုံးကို လွှမ်းခြုံလိုက်သည်။
“ဘယ်လောက်တောင် သိပ်သည်းလိုက်တဲ့ စွမ်းအားလဲ”
လျှပ်စီးဓမ္မရာဂျာနှင့် အခြားလူများက ထိတ်လန့်သွားကြသည်။
လင်းကျန်းရန်၏ အကျင့်စရိုက်သည် ဗုဒ္ဓနှင့်အလွန်တူကြောင်း သူတို့ သိထားကြသည်။
၎င်းက သင်ယူမှုကိုနှစ်သက်ပြီး ကမ္ဘာ့ငြိမ်းချမ်းရေးကို လိုလားသော တန်ဖိုးထားစရာကောင်းသည့် လူငယ်လေး ဖြစ်သည်။
ထို့အပြင် သူ၏နေ့စဉ်ဘဝ၌ လောကီရေးရာများနှင့် ကင်းကင်းကွာကွာ နေထိုင်ခဲ့သည်။
သူ့အတွက် နိုင်ငံရေး၊ အလှတရား၊ ပိုက်ဆံ စသည့် အရာအားလုံးသည် ခေါက်ဆွဲခြောက်ကြွပ်ကြော်ထက် အရေးမကြီးပေ။
ထို့ကြောင့် သူတို့က ဝမ်လင်းကို လေးစားကြခြင်း ဖြစ်၏။
လင်းကျန်းရန် ကဲ့သို့ မာနကင်းပြီး သိုသိုသိပ်သိပ် နေထိုင်နိုင်သောစရိုက်ကို မည်သူက ပိုင်ဆိုင်နိုင်ပါမည်နည်း။
ထို့အပြင် လင်းကျန်းရန်သည် ဤလောက၌ ထိပ်ဆုံးတွင်ရပ်တည်နေသော စွမ်းအားအကြီးဆုံးလူလည်း ဖြစ်သည်။
“ငါနဲ့ ဖန့်ရှင်း အတူလက်တွဲလိုက်မယ်ဆိုရင် မင်းတို့တွေမှာ အနိုင်ရဖို့ အခွင့်အလမ်း လုံးဝမရှိဘူး”
လေအိုးဝမ်လင်းက ကောက်ကျစ်စွာပြုံး၍ ပြောလိုက်သည်။
ထိုစကားကိုကြားလျှင် ကျိုးရီက တုန်လှုပ်သွားခဲ့သည်။
“စီနီယာအင်မော်တယ်.. ဒီလူက ဆရာအတုဆိုရင်တောင်မှ အတော် သန်မာပုံရတယ်နော်.. တကယ်ပဲ အနိုင်ရပါ့မလား”
“အနိုင်ရမရဆိုတာ ငါတို့ မကြိုးစားမချင်း သိမှာမဟုတ်ဘူး”
ဗုံးပစ်စီနီယာ အင်မော်တယ်၏ မျက်လုံးများက ခက်ထန်နေခဲ့သည်။
သူ့အတွက် ညီနောင်လင်းသည် သူအမြဲ ဖြတ်မကျော်နိုင်သော တောင်တစ်ခု ဖြစ်သည်။
သို့သော် ဤသည်မှာ ညီနောင်လင်းအစစ်ကိုသာ ရည်ညွှန်းသည်။
ထိုညီနောင်လင်းသာလျှင် သူ့စိတ်ထဲကနေ လက်ခံနိုင်သည့်တစ်ဦးတည်းသော ညီနောင်လင်း ဖြစ်သည်။
ယင်းက သူ၏ရှေ့ရှိ ညီနောင်လင်း အယောင်ဆောင်နေသောသူကို ဆိုလိုခြင်း မဟုတ်ပေ။
သို့တိုင် ထိုလူသည် အယောင်ဆောင်တစ်ဦး ဖြစ်သော်လည်း သူတို့ထက် အဆတစ်ရာ သာလွန်နေသည်။
ထိုအကြောင်းကို တွေးမိပြီး ဗုံးပစ်စီနီယာ အင်မော်တယ်သည် ကူကယ်ရာမဲ့စွာဖြင့် လက်တစ်ချောင်းထောင်လိုက်သည်။
အဓိပ္ပါယ်မှာ သူတို့အတွက် နိုင်ဖို့ အခွင့်အရေး နည်းနေလျှင်ပင် အယောင်ဆောင်ထားသူ ဖြစ်သည့်အတွက် အောင်ပွဲရရန် တစ်ရာခိုင်နှုန်း အခွင့်အရေးရှိနေဆဲ ဖြစ်သည်ဟု ဆိုလိုသည်။
ဗုံးပစ်စီနီယာအင်မော်တယ် လက်တစ်ချောင်း ထောင်လိုက်သည်ကို မြင်သောအခါတွင် လူတိုင်း၏ တုံ့ပြန်မှုက ကွဲပြားသွားခဲ့သည်။
ကျိုးရီက အံ့ဩတုန်လှုပ်သွားခဲ့သည်။
“ဗုံးပစ်စီနီယာအင်မော်တယ်က မျှော်မှန်းထားတဲ့အတိုင်းပဲ.. ဒီလိုမျိုး အကြံအစည်ကို လျင်လျင်မြန်မြန်ပဲ အကောင်အထည်ဖော်နိုင်တယ်.. သူက ငါ့ကို တိုက်ပွဲမှာ မပါစေချင်ပုံပဲ.. ဒါက ဖြစ်သင့်တယ်လေ.. ပြောရရင် ငါက ဒီမှာအားအနည်းဆုံးပဲ.. ဆရာကလည်း အနားမှာရှိတာ မဟုတ်ဘူး.. ငါသာ ဝင်တိုက်လိုက်ရင် တိုက်ပွဲစတာနဲ့ ချက်ချင်း မသာပေါ်သွားလိမ့်မယ်.. စီနီယာအင်မော်တယ်က အံ့ဩစရာကောင်းတာပဲ.. သူ့ရဲ့ တိုက်ပွဲဗျူဟာက တကယ်ကိုရိုးရှင်းတယ်.. ငါတို့အရင်က အရေးပေါ် အခြေအနေအတွက် ကြိုတင်လေ့ကျင့်ထားသလိုပဲ သက်ဆိုင်ရာ တာဝန်တွေကို တတ်နိုင်သမျှ အစွမ်းကုန် လုပ်ဆောင်ရမယ်”
လက်ချောင်းတစ်ချောင်း ထောင်လိုက်ရုံဖြင့် ဤလူအုပ်စုမည်သို့တွေးနေလဲ ဆိုသည်ကို ဘုရားသခင်သာ သိနိုင်မည်ဖြစ်သည်။
ဓမ္မရာဂျာ၏ လည်ချောင်းထဲတွင် မိုးကြိုးဆေးလုံးသည် အမြဲလိုလို ရှိနေသည်။
သူက မိုးကြိုးဆေးလုံးကို အသက်သွင်းလိုက်သည်နှင့် အနက်ရောင်တိမ်တိုက်များက မဟာဗျူဟာလှည့်ဖြားမှု အထွေထွေရုံး၏ အထက်ကောင်းကင်ကို ရုတ်တရက် ဖုံးလွှမ်းသွားခဲ့သည်။
ထိုအနက်ရောင်တိမ်တိုက်များက ကြောက်စရာကောင်းသည့် အလေးချိန်ရှိသည်။
၎င်းတို့က အလွန်လေးလံသဖြင့် အောက်သို့ ပြုတ်ကျခဲ့လျှင် လူတိုင်းကို တစ်ခါတည်း မြှုပ်နှံပြီးသား ဖြစ်သွားနိုင်ပေသည်။
မိုးကြိုးမျိုးနွယ်၏ ရှေးဟောင်းမိုးကြိုး ထူးခြားချက်မှာ တိုက်ခိုက်မှုများတွင် ခွဲခြားမှုမရှိခြင်း ဖြစ်သည်။
ထိုအစွမ်းကို ထုတ်သုံးလိုက်သည်နှင့် သူတော်စင်မိုးကြိုး ဆေးလုံးပိုင်ရှင်သည် မိုးကြိုးလျှပ်စီးဒဏ်ကို ခံစားရမည်ဖြစ်သည်။
ထို့ကြောင့် မိုးကြိုးမျိုးနွယ်၏ မျိုးဆက်များသည် ငယ်စဉ်ကတည်းကပင် မိုးကြိုးလွတ်မြောက်ခြင်း ကျင့်စဉ်ကို ကျင့်ကြံထားခဲ့ရသည်။
ကံမကောင်းစွာပင် မိုးကြိုးစွမ်းအားကိုတိုးမြှင့်ရန် လိုအပ်သည့်အချိန်က ရှိလာခဲ့ပြီ ဖြစ်သည်။
ထိုအချိန်တွင် ဓမ္မရာဂျာနှင့် ဖက်တီးလောတို့ ဖက်တီးနှစ်ဦးသည် မိုးကြိုးစွမ်းအားကို တိုးမြင့်ရန် ပြီးပြည့်စုံသောလိုက်ဖက်မှုပင် ဖြစ်သည်။
“ဝုန်း”
ပုံးတစ်ပုံး၏ အကျယ်လောက်ရှိသည့် မိုးကြိုးချီသည် ကောင်းကင်မှ ဆင်းသက်လာပြီး ဖန့်ရှင်း၏ ဆံပင်ကို မွစာ ဖြစ်သွားစေခဲ့သည်။
ကျိုးရီက သွားများကို အံကြိတ်ကာ ထွက်ပြေးရန် အခွင့်အရေးကို ဆုတ်ကိုင်လိုက်သည်။
သို့ရာတွင် ဤတိုက်ပွဲက ယခုမှစတင်သည်ကို သူကောင်းစွာသိသည်။
အပိုင်း(၉၉၄) ပြီး၏