← Chapters

ဘုရင်ကြီးရဲ့ ရတနာဘောင်းဘီ

Vol. 67 Ch. 997

ဘုရင်ကြီးရဲ့ ရတနာဘောင်းဘီ

Vol. 67 Ch. 997

လျူချင်းရီက သေချာသောဘရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်လိုက်မှန်း ဝမ်ကျန်း ကောင်းစွာသိသည်။

ရှေးခေတ်ကတည်းကပင် အမျိုးသမီးတစ်ဦး၏ လက်စားချေလိုစိတ် ပြင်းပြမှုကို သက်သေခံသော မရေမတွက်နိုင်သည့်စကားပုံများ ရှိခဲ့သည် မဟုတ်ပါလော။

ဥပမာပြရလျှင် မိန်းမတစ်ယောက်၏ နှလုံးသားသည် ပင်လယ်အောက်ခြေမှ အပ်တစ်စင်းနှင့်တူသည် ဟူသော စကားပုံဖြစ်သည်။

အဆိုးဆုံးမှာ ဇနီးမယားတစ်ယောက်၏ နှလုံးသားပင်။

သူတို့နှစ်ယောက်ကြားတွင် ဘယ်တုန်းကမှ ခံစားချက်များ မရှိခဲ့ပေ။

နားလည်မှုလွဲမှားပြီး အိမ်ထောင်ကျခြင်းမှ ထွက်ပြေးရန် ကြိုးစားသောကြောင့် သူတို့နှစ်ဦးသည် ကမ္ဘာမြေသို့ထွက်ပြေးရာတွင် ဒဏ်ရာများ ရရှိခဲ့ကြသည်။

ယခုဆိုလျှင် သူတို့သည် ဝမ်လင်းထံမှ သင်ယူရန်အတွက် အမှတ်၆၀အထက်တန်းကျောင်းတွင် တက်ရောက်နေကြပြီဖြစ်သည်။

ထို့ကြောင့် လျူချင်းရီသည် အမှတ်၆၀အထက်တန်းကျောင်းတွင် ဝမ်ကျန်း သတိထားရမည့် ပထမဆုံးလူ ဖြစ်လာခဲ့သည်။

အမှတ်၆၀ အထက်တန်းကျောင်းသို့ တက်ရောက်ရန် ရွေးချယ်ခဲ့သည့်အချိန်မှစ၍ ဝမ်ကျန်းသည် အခြေခံအားဖြင့် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားခဲ့ပြီးပြီ ဖြစ်သည်။

ယောက်ျားတစ်ယောက် အနေဖြင့် သူက လျူချင်းရီနှင့်စကားများ ရန်မဖြစ်လိုသော်လည်း ပြဿနာမှာ လျူချင်းရီက သူ့ကို ရည်ရွယ်၍ နှိပ်စက်ညှင်းပမ်းလိုပုံရသည်။

“နာတယ်ဟ”

အောက်ဘက်ရှိ အတားအဆီးမှ စုပ်ယူခံရခြင်းကြောင့် ဝမ်ကျန်းက အော်ဟစ်လိုက်သည်။

အတားအဆီး အားကောင်းသော အာကာပြင်စွမ်းအားများက သူ့ခန္ဓာကိုယ်ကို စုတ်ဖြဲကာ အင်းဆက်ပိုးမွှားများ နေရာအနှံ့ ကိုက်နေသကဲ့သို့ ခံစားရစေသည်။

“ငါသည်းမခံနိုင်တော့ဘူး”

ဝမ်ကျန်း၏မျက်နှာက နာကျင်ရလွန်းသဖြင့် တွန့်လိမ်သွားသည်။

“ရှင်က ယောက်ျားရော ဟုတ်ရဲ့လား.. အခြောက်ကြီး ကျနေတာပဲ”

လျူချင်းရီကမူ ဝမ်ကျန်းကို အကာအကွယ်အဖြစ် ယူထားသောကြောင့် အထိအခိုက်မရှိခဲ့ပေ။

“အား.. ငါမတတ်နိုင်တော့ဘူး.. ငါကွဲ.. ငါကွဲတော့မယ်”

“နည်းနည်းလောက် သည်းခံလိုက်ပါဦး.. ငါတို့ အရမ်းနက်နေပြီ.. နောက်ထပ် နည်းနည်းနက်အောင် လုပ်ဖို့ပဲ လိုတော့တယ်”

“စကားကို ရှင်းရှင်းလင်းလင်း ပြောစမ်းပါဟ”

“..........”

သိပ်မကြာခင်မှာပင် သူတို့က အတားအဆီး အတွင်းသို့ ရောက်ရှိသွားကြသည်။

အထဲတွင် အယောင်ဆောင်သူများကို ဆန့်ကျင်သည့်တိုက်ပွဲက ဖြစ်ပွားနေ၏။

ကျိုးရီက သူတော်စင်အင်မော်တယ်ကျမ်း၏ ဖန်သားပြင်မှတဆင့် တိုက်ပွဲကို ဂရုတစိုက် ကြည့်နေခဲ့သည်။

“သူတို့ တကယ်အောင်မြင်နိုင်ပါ့မလား”

ဝမ်ကျန်းနှင့် လျူချင်းရီတို့၏ စစ်ကူကို ရရှိခဲ့သော်လည်း သူ့တွင် ထူးဆန်းသောသံသယ အချို့ ရှိနေသေးသည်။

ထိုနှစ်ဦးသည် ကိုးဆကြယ်မှ ထိပ်တန်းကျင့်ကြံသူများဖြစ်သည်မှာ ငြင်းဆန်၍ မရသော်လည်း သူ၏ဆရာအတုကို ကိုင်တွယ်ဖြေရှင်းရန် မလွယ်ကူလောက်ပေ။

“တစ်ဖက်လူကို အရှင်လတ်လတ် ဖမ်းချင်တယ် ဆိုရင်တော့ တပ်ဖွဲ့တွေ ဖြန့်ကျက်ထားတာက လက်ရှိမှာ အသင့်တော်ဆုံး နည်းဗျူဟာပဲ”

သူတော်စင်အင်မော်တယ်ကျမ်းက ပြန်လည်ဖြေကြားခဲ့သည်။

“ငါအတိအကျ တွက်ချက်ပြီးပြီ.. ငါတို့ရဲ့ အားထုတ်မှုကို နှစ်ဆတိုးလိုက်ပြီး တစ်ဖက်လူကို သတ်ပစ်မယ်ဆိုရင် သူတို့ရဲ့ရည်ရွယ်ချက် အစစ်အမှန်ကို သိတော့မှာမဟုတ်ဘူး.. ဒီတပ်ဖြန့်ထားတာက သူတို့ကို အရှင်ဖမ်းနိုင်မယ်လို့ အာမခံနိုင်ပေမဲ့ ငါတို့ဘက်က ဆုံးရှုံးမှုကြီးကြီးမားမား ဖြစ်လာခဲ့ရင် သင့်တော်မှာမဟုတ်ဘူး.. မင်းမှာ အကြံအစည်ရှိလား”

“အင်း”

သူတော်စင်အင်မော်တယ်ကျမ်း၏ စကားဆုံးသည်နှင့် အပြာရောင် ဘောင်းဘီအရှည်တစ်ထည်က သူ့ကိုယ်ပိုင်ဆန္ဒရှိသကဲ့သို့ ဝမ်လင်း၏ ဗီရီုထဲကနေ လွင့်ပျံလာခဲ့သည်။

ထိုဘောင်းဘီက ကျိုးရီ၏ လက်ထဲသို့ ရောက်ရှိသွားခဲ့သည်။

“ဆရာရဲ့ ကျောင်းဝတ်ဘောင်းဘီလား”

“သခင်ရဲ့ ဘောင်းဘီမှာ ကိုယ်ပိုင်ထူးခြားချက်ရှိတယ်.. ညာဘက်အခြမ်းမှာ အိတ်ကပ်တစ်လုံး ရှိတယ်”

သူတော်စင်အင်မော်တယ်ကျမ်း “ဒါက ပုံမှန်ကျောင်းဘောင်းဘီတစ်ထည်နဲ့ ဆင်တူပေမဲ့ တကယ်တော့ အိတ်ကပ်ထဲမှာ ထူးခြားချက်ကြီး တစ်ခု ရှိနေလိမ့်မယ်လို့ ဘယ်သူမှ ထင်ထားမှာမဟုတ်ဘူး”

“ဘာကိုဆိုလိုချင်တာလဲ”

ကျိုးရီက သူ့ဆရာ၏ ကျောင်းဘောင်းဘီကို ကိုင်ထားရင်း တုန်လှုပ်နေမိသည်။

သူက သူ့ဆရာ၏ဘောင်းဘီကို တကယ်ကြီး ကိုင်တွယ်မိနေခြင်း ဖြစ်သည်။

“မဟုတ်သေးဘူး.. ငါစိတ်အေးအေးထားရမယ်”

“ငါ့ရဲ့သခင်က တိုက်ပွဲတစ်ပွဲကို တိုက်ရင် တစ်ကွက်နှစ်ကွက်လောက်နဲ့ အဆုံးသတ်လေ့ရှိတယ်.. တစ်ခါတစ်ရံမှာတော့ သခင်ကျင့်ခယ်ကို ဆင့်ခေါ်လေ့ရှိတယ်.. တကယ်တော့ ငါ့ရဲ့သခင်မှာ သခင်ကျင့်ခယ်ကို ဆင့်ခေါ်စရာမလိုတဲ့ ဘုရင်ကြီးရဲ့ ရတနာဘောင်းဘီ ရှိတယ်”

“အဲဒါကဘာလဲ”

ကျိုးရီက အံ့ဩသွားခဲ့သည်။

“နှစ်စဉ်နှစ်တိုင်းပြုလုပ်တဲ့ သခင်ရဲ့မွေးနေ့မှာ ကောင်းကင်တာအိုတွေ အားလုံးက မှော်ရတနာတွေကို လက်ဆောင်ပို့ပေးလေ့ရှိတယ်.. သခင်က အဲဒီလက်ဆောင်တွေကို သိပ်သဘောမကျပေမဲ့ သူတို့တွေရဲ့ ရည်ရွယ်ချက်ကောင်းတွေကြောင့် ငြင်းဆန်ဖို့ အဆင်မပြေခဲ့ဘူး.. ဒါကြောင့် သူက ဘုရင်ကြီးရဲ့ ရတနာဘောင်းဘီကို ပြုလုပ်ပြီး မှော်ရတနာတွေအားလုံးကို အိတ်ကပ်ထဲမှာပဲ ထည့်ထားလိုက်တယ်”

“ဒါဆို ဒီဘောင်းဘီက မှော်ရတနာတွေ သိုလှောင်ထားတဲ့ သိုလှောင်ရုံပေါ့”

ကျိုးရီက နားလည်သွားခဲ့သည်။

“မဟုတ်သေးဘူး မစ္စတာကျိုး.. မင်း ဘုရင်ကြီးရဲ့ ရတနာဘောင်းဘီအဓိပ္ပါယ်ကို နားမလည်သေးဘူး”

သူတော်စင်အင်မော်တယ်ကျမ်းက ပြောလိုက်သည်။

“ဘုရင်ကြီးရဲ့ ရတနာဘောင်းဘီထဲမှာ ကောင်းကင်ကြီးရဲ့ထိပ်တန်းအဆင့် မှော်လက်နက်တွေ ပါဝင်တယ်.. ဒါကကောင်းကင်တာအိုက လက်ဆောင်ပေးတဲ့ စံနှုန်းအတိုင်းပဲ.. ဒီအရာတွေ အားလုံးက ကမ္ဘာ့ဖီဆန် မှော်ရတနာတွေဖြစ်ပြီး ကျင့်ကြံသူတွေ ပြောနေကြတဲ့ နတ်လက်နက်တွေ ဆိုလည်းမမှားဘူး”

ကျိုးရီ “..........”

“သခင်လေးအ သက်တစ်နှစ်လောက်က စပြီး ကောင်းကင်တာအိုတွေ အားလုံးက လက်ဆောင်အဖြစ် ကမ္ဘာ့ဖီဆန် မှော်ရတနာပေါင်းစုံကို ပေးခဲ့ကြတယ်.. ဒီမှော်လက်နက်တွေအားလုံးကို ဘုရင်ကြီးရဲ့ ရတနာဘောင်းဘီထဲမှာ သိမ်းဆည်းထားတယ် ဆိုတာကို သူတို့တွေ တွေ့သွားတဲ့အခါ သူတို့ကနှစ်စဉ်ပြုလုပ်တဲ့ သခင်ရဲ့ မွေးနေ့တွေမှာ သူတို့ရဲ့ လက်ဆောင်တွေကို ဘုရင်ကြီးရဲ့ ရတနာဘောင်းဘီထဲမှာ လာထည့်လေ့ရှိကြတယ်.. အခုဆိုရင် ဘုရင်ကြီးရဲ့ရတနာဘောင်းဘီထဲမှာ ကမ္ဘာ့ဖီဆန် မှော်ရတနာပေါင်း သောင်းနဲ့ချီရှိနေပြီ ဖြစ်တယ်”

ကျိုးရီ အံ့ဩသွားခဲ့သည်။

သောင်းနဲ့ချီသော ကမ္ဘာဖီဆန်မှော်ရတနာများ..

ထိုထက်မက ထိုအရာအားလုံးသည် သူ၏ဆရာ မေ့မေ့လျော့လျော့ ထားခဲ့သော မွေးနေ့လက်ဆောင်များ ဖြစ်သည်။

ကောင်းကင်တာအိုက သူ့ဆရာ၏ မျက်နှာသာကို ဘယ်သောအခါမှ မသိမ်းပိုက်နိုင်ခဲ့သည်မှာ အံ့ဩစရာမရှိတော့ပေ။

၎င်းတို့က နှစ်စဉ်နှစ်တိုင်း မွေးနေ့လက်ဆောင်များ မှားယွင်းပို့နေကြသည်ဆိုတာကို သူသိလိုက်ရသည်။

မွေးနေ့လက်ဆောင် အဖြစ် သူ့ဆရာအကြိုက်ဆုံး ခေါက်ဆွဲခြောက်ကြွပ်ကြော်ကို မည်သူမှမပေးကြပေ။

ထိုသို့ တွေးမိပြီးနောက်တွင် ကျိုးရီသည် ဤမျှများပြားလှသော ကမ္ဘာ့ဖီဆန် မှော်ရတနာပစ္စည်းများကြောင့် အံ့အားသင့်သွားခဲ့သည်။

ကျင့်ကြံသူများသည် ကမ္ဘာ့ဖီဆန် မှော်ရတနာများ မပြောနှင့်၊ ထိပ်တန်းအဆင့် မှော်ရတနာအတွက်ပင် ဈေးနှုန်းကြီးကြီးမားမားများကို သုံးစွဲလေ့ရှိသည်။

တချို့ဆိုလျှင် အရည်အသွေး ပြည့်မှီသော မှော်ရတနာများကို ရယူရန်အတွက် စိတ်မချရသည့် နေရာများကိုပင် သွားခဲ့ကြသည်။

ဆိုရလျှင် ဤပစ္စည်းများသည် ငွေကြေးဖြင့် တန်ဖိုးဖြတ်၍မရသော ပစ္စည်းများ ဖြစ်သည်။

သေချာပါသည်၊ သူ့ဆရာက အင်မော်တယ်တစ်ဦး ဖြစ်သည်။

သာမန်လူတစ်ဦးသည် အင်မော်တယ်တစ်ဦး၏ လုပ်ပုံကိုင်ပုံကို ဘယ်တော့မှနားလည်မည် မဟုတ်ပေ။

“ကောင်းပြီ မစ္စတာကျိုး.. ကောင်းကင်တာအိုရဲ့ မွေးနေ့လက်ဆောင် အားလုံးကို ဘုရင်ကြီးရဲ့ ရတနာဘောင်းဘီထဲမှာ စုစည်းသိမ်းဆည်းထားတယ်.. လျူချင်းရီနဲ့ အခြားသူတွေ အသုံးပြုဖို့အတွက် ဒီထဲက မှော်ရတနာတွေကို မင်းစိတ်ကြိုက်ရွေးချယ်ခွင့်ရှိတယ်”

“ကောင်းပါပြီ”

ထို့နောက်တွင် ကျိုးရီက သူ့လက်ကို ဘုရင်ကြီး၏ ရတနာဘောင်းဘီ ထဲသို့ တိုက်ရိုက် နှိုက်လိုက်သည်။

အထဲတွင် အရွယ်အစား အမျိုးမျိုးရှိသည့် လက်ဆောင်သေတ္တာများစွာကို စီပိုးထားပြီး သပ်သပ်ရပ်ရပ် ထုပ်ပိုးထားသည် ထိုလက်ဆောင်ထုပ်များကို ကျိုးရီက ကူကယ်ရာမဲ့စွာဖြင့် လက်ဖြင့် ပွတ်သပ်လိုက်သည်။

သူမည်သို့သောအရာများ ရွေးချယ်မည် ဆိုသည်ကို မည်သူသိနိုင်မည်နည်း။

မဟာဗျူဟာ လှည့်ဖြားမှု အထွေထွေရုံး၏ အတားအဆီးအတွင်းသို့ လျူချင်းရီနှင့် ဝမ်ကျန်းတို့ ရောက်ရှိသွားပြီးနောက်တွင် တိုက်ပွဲ၏ ချိန်ခွင်လျှာက ပြန်လည် တည့်မတ်လာခဲ့သည်။

ကိုးဆကြယ်မှ ကျင့်ကြံခြင်းအဆင့်ကို ကမ္ဘာမြေပေါ်မှ ကျင့်ကြံခြင်းအဆင့်နှင့် တိုင်းတာနိုင်မည်မဟုတ်ပေ။

ဝမ်ကျန်းနှင့်လျူချင်းရီတို့ ရောက်ရှိလာပြီးနောက်တွင် အယောင်ဆောင် နှစ်ဦးသည် ဖိအားအချို့ကို စတင်ခံစားခဲ့ရသည်။

“ငါတို့ဘာလုပ်သင့်လဲ”

ဖန့်ရှင်းက ဗုံးပစ်စီနီယာအင်မော်တယ်နှင့် လက်ဝါးချင်းထိပ်တိုက် ဆုံဆည်းပြီးနောက်တွင် နောက်ဆုတ်သွားခဲ့သည်။

ဝမ်လင်းအတုက ဖန့်ရှင်းဆီသို့ တစ်ချက် လှည့်ကြည့်လိုက်သည်။

ထို့နောက်တွင် သူတို့နှစ်ယောက်သည် ခြေလှမ်းတစ်ဒါဇင်ခန့် နောက်ဆုတ်လိုက်ကြသည်။

“ငါတို့မှာ တခြားရွေးချယ်စရာ မရှိတော့ဘူး.. ငါတို့ရဲ့ တာဝန်က ဒီမှာရှိတဲ့လူအားလုံးကို သတ်ဖို့ပဲ”

ဝမ်လင်းအတု၏ မျက်နှာပေါ်တွင် ကောက်ကျစ်သော အမူအရာ ရှိနေသည်။

“မင်းအဲဒီနည်းစနစ်ကို အသုံးပြုတော့မလို့လား”

ဖန့်ရှင်းအတုက အနည်းငယ် အံ့ဩသွားခဲ့သည်။

သူမက ဤအခြေအနေသို့ ရောက်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

“ဒါက အခုမစ်ရှင်ကို ပြီးအောင်လုပ်‌ဖို့ တစ်ခုတည်းသော နည်းလမ်းပဲ.. အခုချိန်မှာ အဲဒီနည်းလမ်းကို အသုံးမပြုလို့ မရတော့ဘူး”

ဝမ်လင်းအတုက စကားဆုံးသည်နှင့် လက်နှစ်ဖက်ကို ဖြည်းညင်းစွာ လှုပ်ရှား၍ ပါးစပ်ကနေ ရေရွတ်လိုက်သည်။

“ကမ္ဘာကြီးနာကျင်ခံစားပါစေ”

အပိုင်း(၉၉၇) ပြီး၏

All Chapters