တော်ဝင်တောင်ဝှေး
Vol. 67 Ch. 999
တကယ်တမ်းတွင် သူတော်စင်အင်မော်တယ်ကျန်း ပြောသည့် အခြေအနေများသည် ပုံတူကိုယ်ပွား ပရောဂျက်၏ အောင်မြင်မှုအပေါ်တွင် အခြေခံသည်။
လက်ရှိကြုံတွေ့နေရသော အယောင်ဆောင်သူ၏ ခွန်အားကြောင့် လင်းကျန်းရန်၏ ပုံတူကိုယ်ပွားကို အောင်မြင်စွာဖန်တီးရန်မှာ တစ်ဖက်အဖွဲ့အစည်း စိတ်ကူးထားသလောက် မလွယ်ကူလှပေ။
သူတော်စင်အင်မော်တယ်ကျမ်း၏ ခွဲခြမ်းစိတ်ဖြာမှုမှတဆင့် ကျိုးရီသည် အဓိကအချက်အလက် အချို့ကို စုဆောင်းနိုင်ခဲ့သည်။
တစ်အချက်မှာ လက်ရှိအချိန်တွင် ရန်သူက အဆင့်သင့်ဖြစ်နေသည်။
၎င်းတို့၏ပန်းတိုင်က အဘယ်အရာမှန်း ရှင်းရှင်းလင်းလင်းသိသာနေသည်။
ကျောင်းသားဖန့်ရှင်းကို ပြန်ပေးဆွဲခဲ့ခြင်းမှာ အင်မော်တယ်ရှဲဖီကို ရှင်ပြန်ထမြောက်အောင် ပြုလုပ်ရန်ဖြစ်သည်။
နှစ်အချက် ကြေးမုံနန်းတော်ကမ္ဘာတွင် ရှင်ပြန်ထမြောက်လာစေရန်အတွက် ၎င်းတို့သည် သိပ္ပံပညာရှင်များကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သည်။
ရှင်ပြန်ထမြောက်လာသော သိပ္ပံပညာရှင်များသည် အင်မော်တယ်ရှဲဖီ၏ ခေါင်းဆောင်မှုအောက်တွင် ပုံတူပွား နည်းပညာကို လေ့လာကာ ဝမ်လင်းစစ်တပ်ကို မွေးထုတ်မည် ဖြစ်သည်။
သုံးအချက် လက်တလောတွင် နောက်ကွယ်မှ ချုပ်ကိုင်သူ မည်သူဖြစ်သည်ကို မသိကြသေးပေ။
သို့သော်လည်း တစ်ဖက်လူသည် ထိုအချိန်က အင်မော်တယ်ရှဲဖီ၏ အမှုကိစ္စနှင့် 100% ဆက်စပ်နေဖွယ် ရှိသည်ကို သိရှိခဲ့သည်။
ပုံတူပွားနည်းပညာ သုတေသနပြုမှုကို ပိတ်ပင်ထားပြီး သုတေသနပြုနေသည်ကို ဖမ်းမိလျှင် သေဒဏ်ပေးခံရမည်ဖြစ်သည်။
ဤသည်က အမှန်တကယ်ပင် အတွင်းရေးပြဿနာ ဖြစ်နိုင်ပါသလော။
ကျိုးရီက ပဟေဠိ အပိုင်းအစများကို ပေါင်းစပ်လိုက်ရာ သူလျှိုတစ်ဦး ရှိနေကြောင်း ယခင်ကထက် ပို၍ယုံကြည်လာခဲ့သည်။
သို့သော် မေးစရာမှာ ဤကမ္ဘာမြေကြီးပေါ်တွင် မည်သူကသူလျှိုဖြစ်နေပါသနည်း။
နောက်ကွယ်ကနေ စီမံသူပြီးလျှင် ဤသည်က အကြီးမားဆုံးသော မေးခွန်း ဖြစ်သည်။
သူလျှိုကို ဖမ်းမိသရွေ့ နောက်ကွယ်မှလူ၏ အထောက်အထားကို ဖော်ထုတ်နိုင်မည် ဖြစ်၏။
သို့သော် ယခုအချိန်တွင်မူ ကိစ္စများကို တစ်ခုပြီးတစ်ခု ကိုင်တွယ်ဖြေရှင်းနေရသည်။
သူ၏လက်ရှိတာဝန်မှာ ဗုံးပစ်စီနီယာအင်မော်တယ်ကို ကူညီပေးပြီး အယောင်အဆောင် နှစ်ဦးကို အရှင်ဖမ်းဆီးရမိရန် ဖြစ်ကြောင်း ကျိုးရီ ကောင်းစွာသိသည်။
ကျိုးရီက မှော်လက်နက်များကို ပို့ဆောင်ပေးရန် သခင်မာအား တိုက်ရိုက် အမိန့်ပေးလိုက်သည်။
သခင်မာက သူ၏ တည်နေရာရွှေ့ပြောင်း မှော်စွမ်းရည်ဖြင့် မှော်လက်နက်များကို တိုက်ရိုက် ပေးပို့လိုက်သည်။
ထိုအချိန်မှာပင် ချိုက်လျန်သည် ရွှေရောင်အလင်းတန်းများကို မြင်လိုက်ရသည်။
“ဒါက သခင်မာရဲ့ ရွှေရောင်အလင်းတန်းပဲ.. ကြည့်ရတာသခင်မာက ငါတို့ဆီ တစ်ခုခုပေးပို့နေပုံပဲ”
သိပ်မကြာမီမှာပင် သခင်မာ၏ အသံ ထွက်ပေါ်လာသည်။
“ကျိုးရီရဲ့အမိန့်အရ သခင်စုဆောင်းထားတဲ့ မှော်လက်နက်တွေကို ပို့ပေးလိုက်တယ်.. ဒီလက်နက်တွေကို သင့်တော်သလိုအသုံးပြုပြီး အယောင်ဆောင်နှစ်ဦးကို ကျေးဇူးပြု၍ ဖမ်းဆီးပေးပါ”
ရွှေရောင်အလင်းတန်းများ ပျောက်ကွယ်သွားသောအခါတွင် ရွှေရောင် တောက်ပနေသည့် နတ်လက်နက် တစ်ခု ပေါ်လာခဲ့သည်။
“စစ်ခရာပါလား.. ဒါက ဒဏ္ဍာရီလာ နတ်လက်နက် မဟုတ်လား.. ဒဏ္ဍာရီအရဆိုရင် ဒီစစ်ခရာက တိုက်ပွဲမှာ ပါဝင်ဖို့အတွက် တပ်သားအများအပြားကို ဆင့်ခေါ် အသုံးပြုနိုင်တယ်.. ဆင့်ခေါ်လိုက်တဲ့ စစ်သားတွေက မသေနိုင်တဲ့အပြင် အချိန်နဲ့အမျှ အရေအတွက် တိုးပွားလာလိမ့်မယ်.. ၎င်းတို့ကိုတစ်ကြိမ်တည်းဖယ်ရှားဖို့ နည်းလမ်းမရှိရင် ဘယ်လိုနည်းနဲ့မှ ဖယ်ရှားနိုင်မှာ မဟုတ်ဘူး”
“ဒါက နတ်လက်နက် ပစ္စည်းလေးပါပဲ”
ကောင်းကင်ထက်မှ လေအိုးဝမ်လင်းက လှောင်ပြောင်လိုက်သည်။
“ငါ့ကို ဒီလို မှော်လက်နက်တစ်ခုလေးနဲ့ နှိမ်နှင်းချင်တာလား.. အိပ်မက်ပဲမက်နေလိုက်”
“သိပ်ပြီးမာန်တက်မနေစမ်းပါနဲ့.. “
သခင်မာက သတိပေးလိုက်သည်။
ထို့နောက်တွင် ကောင်းကင်ယံ၌ ရွှေရောင်အလင်းတန်းများစွာ ထွက်ပေါ်လာသည်။
ထိုခဏတွင် အတားအဆီးအတွင်းမှလူတိုင်းသည် တစ်ယောက်ပြီးတစ်ယောက် အော်ဟစ်လိုက်ကြသည်။
“လခွမ်း.. ဒါက သော်ရဲ့တူပဲ”
“လခွမ်း.. ဒါက ဟေးဒီးရဲ့ ဒိုင်း”
“အိုး.. ဒါက စကြာဝဠာဝိုင်ဖိုင်ဘလော့ မှော်တောင်ဝှေး”
“ဒါက အရှုံးမပေးသော ယန်နတ်ဓား”
ဤမျှများပြားသော ဒဏ္ဍာရီလာ နတ်ပစ္စည်း အများအပြားက တစ်ချိန်တည်းတွင် ပေါ်လာခဲ့သဖြင့် မဟာဗျူဟာလှည့်ဖြားမှုအထွေထွေရုံး အတွင်းရှိ လူအားလုံးသည် ထိတ်လန့်အံ့ဩသွားကြသည်။
ယခုအခါတွင် ကောင်းကင်မှ အယောင်ဆောင်နှစ်ယောက်သည် စိတ်မသက်မသာ ဖြစ်နေခဲ့၏။
ဤမျှများပြားသော နတ်လက်နက်ပစ္စည်းများ တစ်စုတစ်ဝေးတည်းပေါ်လာမည်ဟု သူတို့မသိခဲ့ပေ။
သူတို့က ဤလက်နက်များ၏ စုပေါင်းအော်ရာကြောင့် လဲကျလုနီးပါး ဖြစ်နေသည်။
ဤလက်နက်များသည် အရှေ့တိုင်း နတ်ဘုရားများနှင့် အနောက်တိုင်းနတ်ဘုရားများ၏ ဆန်းကြယ်သောနတ်လက်နက်များ ဖြစ်သောကြောင့် လက်နက်များအားလုံးသည် စွဲမက်ဖွယ်ကောင်းနေခဲ့သည်။
ဗုံးပစ်စီနီယာအင်မော်တယ်သည် အမြင့်ဆုံးစွမ်းအားရှိသည့် မှော်တော်ဝှေးကို ကိုင်ဆောင်လိုက်သည်။
သူ၏အော်ရာက တစ်ဟုန်ထိုး မြင့်တက်လာပြီး မြင်ရသူတိုင်းကို ဒူးထောက်၍ အရှုံးပေးစေလိမ့်မည် ဖြစ်သည်။
“မင်းတို့ရှုံးသွားပြီ”
ဗုံးပစ်စီနီယာအင်မော်တယ်က အယောင်ဆောင်နှစ်ဦးကို စိုက်ကြည့်လိုက်သည်။
လေထဲမှ ဖန့်ရှင်းအတုက သူ့ကိုယ်သူ လုံးဝ မထိန်းချုပ်နိုင်တော့ဘဲ မြေပြင်ပေါ်သို့ ဒူးထောက်လျက်သား ပြုတ်ကျသွားသည်။
ထိုအချိန်တွင် ကောင်းကင်ပေါ်၌ ကျန်ရှိသော လေအိုးဝမ်လင်း၏ မျက်နှာ၌ မလိုလားသော အမူအရာတစ်ခု ရှိနေခဲ့သည်။
အသက်သွင်းလိုက်သည့် အချိန်တွင် ဘုရင်ကြီး၏ နူကလီးယားဗုံးသည် လုံးဝ မကျရှုံးစေသည့် သက်ရောက်မှုရှိသည်။
ရိုးရှင်းစွာပြောရလျှင် ဘုရင်ကြီး၏ နူကလီးယားဗုံးသည် မည်သည့်အခါမှ မအောင်မြင်ခြင်း မဖြစ်ခဲ့ဖူးပေ။
သို့သော်လက်တွေ့ဘဝသည် စိတ်ကူးထားသည်ထက် အမြဲလိုလို ရက်စက်တတ်သည်။
အဆုံးသတ်တွင် အယောင်ဆောင်နှစ်ဦး၏ စွမ်းအားသည် အတုသာဖြစ်ပြီး အစစ်အမှန်နှင့် နှိုင်းယှဉ်နိုင်မည်မဟုတ်ပေ။
မှော်တောင်ဝှေးကို ကိုင်ထားသော ဗုံးပစ်စီနီယာအင်မော်တယ်သည် လေထဲမှ လေအိုးဝမ်လင်းကို စိုက်ကြည့်လိုက်သောအခါတွင် မယုံနိုင်လောက်အောင် လေးလံသောဖိအားများသည် ရုတ်တရက်ကြီး လေအိုးဝမ်လင်း၏ ဒူးဆစ်များကို ရစ်ပတ်လာသည်။
ထို့နောက်တွင် ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ လေအိုးဝမ်လင်းသည် လေထဲမှ ပြုတ်ကျလာပြီး မြေပြင်ကိုတိုက်ရိုက် ထိုးခွဲကာ ဒူးဆစ်အထိ မြေကြီးထဲ နစ်မြုပ်သွားခဲ့သည်။
“ခေါင်းဆောင်ကိုင်ထားတဲ့ မှော်တောင်ဝှေးက တော်တော်စွမ်းအားကြီးတာပဲ”
မဟာဗျူဟာလှည့်ဖြားမှု အထွေထွေရုံးမှ ဂိုဏ်းသားများသည် မှော်တောင်ဝှေး၏ စွမ်းအားများကြောင့် အံ့ဩ ထိတ်လန့်သွားကြသည်။
ဤလောကကို အကဲစမ်းရန် ရောက်လာသည့် ကျင့်ကြံသူတစ်ယောက်ကို ဒူးထောက်အောင် ပြုလုပ်နိုင်သည့် အစွမ်းထက်မှော်လက်နက် ဤကမ္ဘာတွင် ရှိနေသည် မဟုတ်ပါလော။
အရေးကြီးဆုံးအချက်မှာ လေအိုးဝမ်လင်း အသုံးပြုသည့် ဘုရင်ကြီး၏ နူကလီးယားဗုံးသည် တကယ့်အရာ မဟုတ်သည့်အတွက် တိုက်ခိုက်မှုပြုလုပ်ရာတွင် အချိန်အကြာကြီးယူခဲ့ရသည်။
ထိုအချက်ကို ဗုံးပစ်စီနီယာအင်မော်တယ်နှင့် အခြားသူများက အခွင့်ကောင်း ယူသွားခဲ့ခြင်းပင်။
ယခုအခါတွင် အယောင်ဆောင်နှစ်ဦးစလုံးသည် မြေပြင်ပေါ်တွင် ဒူးထောက်နေကြပြီ ဖြစ်သည်။
၎င်းတို့က မှော်တောင်ဝှေး၏ ဖိနှိပ်မှုစွမ်းအားကြောင့် အတော်လေး တုန်လှုပ်ခြောက်ခြားနေကြသည်။
“ပြောစမ်း.. မင်းဘယ်ကလာတာလဲ.. မင်းရဲ့ ရည်ရွယ်ချက် အစစ်အမှန်က ဘာလဲ.. မပြောရင်တော့ ငါတို့ရဲ့ နတ်လက်နက်ပစ္စည်း ဝန်ဆောင်မှုပက်ကေ့ချ်ကို ခံစားရမယ်”
ထိုအချိန်တွင် မဟာဗျူဟာလှည့်ဖြားမှု အထွေထွေရုံးမှ လူတိုင်းသည် နတ်လက်နက်ပစ္စည်း တစ်ခုစီကို လက်ထဲတွင်ကိုင်ဆောင်ထားကြပြီး အယောင်ဆောင်နှစ်ဦးကို ဝိုင်းရံထားကြသည်။
ထို့ကြောင့် အယောင်ဆောင်နှစ်ဦးသည် ဇောချွေးများပင်ထွက်ကာ ကြောက်လန့်နေခဲ့ကြသည်။
--------------------------
ကြေးမုံနန်းတော်ကမ္ဘာသည် သန့်ရှင်းသော လျှို့ဝှက်ကုန်းမြေမဟုတ်ပေ။
ဝမ်လင်းက ဤကမ္ဘာကို ဝင်လာတာ မကြာသေးသော်လည်း ဤကမ္ဘာ၏ဖွဲ့စည်းပုံကို ရိပ်မိခဲ့သည်။
ကျင့်ကြံသူများအဖို့ ကမ္ဘာငယ်လေး ဖန်တီးရန်မှာ အလွန်လွယ်ကူသည်။
ကြေးမုံနန်းတော်၏ တည်ရှိမှုသည် ကမ္ဘာ၏စွမ်းအားအပေါ်တွင် အခြေခံထားခြင်း မဟုတ်သော်လည်း ကမ္ဘာတစ်ခုထက် ပိုမို အဆင့်မြင့်သော ဒိုင်မန်းရှင်း တစ်ခုပေါ်တွင် မူတည်သည်။
တစ်နည်းဆိုရလျှင် ကြေးမုံနန်းတော်သည် စကြာဝဠာ၏ ရှင်ပြန်ထမြောက်သော ဝိညာဉ်အားလုံးကို လက်ခံရရှိသည့် အခြားသော စကြာဝဠာဒိုင်မန်ရှင်းတွင် တည်ရှိနေခဲ့သည်။
ဝမ်မင်နှင့် အခြားလူများက ခဲယမ်းစက်ရုံတစ်ခုလုံး၏ ဖွဲ့စည်းပုံကို စကင်န်ဖတ်ပြီးနောက်တွင် မြေပုံတစ်ခု ရေးဆွဲခဲ့ကြသည်။
“ဒီခဲယမ်းစက်ရုံက ပြုပြင်နေတဲ့ စက်ရုံတစ်ခုလို့ မြင်တယ်.. ကျောင်းသားဖန့်ရှင်းက ဒီနေရာမှာမရှိဘူး”
ဝမ်မင်က မြေပုံကိုကြည့်၍ ပြောလိုက်သည်။
ကော်ဖျင်နှင့်အတူ ၎င်းတို့က တွက်ချက်မှုများစွာ အပေါ် အခြေခံ၍ ဤကမ္ဘာမြေပုံကို ရေးဆွဲခဲ့ခြင်းဖြစ်သည်။
ထိုအချိန်တွင် ဝမ်လင်းသည် အခြားအချက်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်။
ဤကမ္ဘာကြီးကို ရှင်ပြန်ထမြောက်လာသူများနှင့်ချည်း ဖွဲ့စည်းထားခြင်း မဟုတ်ပေ။
ကြေးမုံနန်းတော်တွင် စကြာဝဠာတခွင်မှ သေဆုံးပြီးသူများကို သိမ်းယူထားသော်လည်း ၎င်းထံတွင် ဌာနေတိုင်းရင်းသားများလည်း ရှိသည်။
ဝမ်လင်းက မဟာသွေးဇစ်မြစ် တာအိုကို အသုံးပြုပြီး ရှင်းရှင်းလင်းလင်းပင် ခြေရာခံလိုက်နိုင်သည်။
ဌာနေတိုင်းရင်းသားများ၏ စိတ်ဝိညာဉ်များသည် ကြေးမုံနန်းတော်ကနေ ဘယ်သောအခါမှ မထွက်ခွာခဲ့ကြောင်း သူခံစားနိုင်ခဲ့သည်။
“အခုငါတို့ ဘယ်ကိုသွားပြီး စုံစမ်းရမလဲ”
ကော်ဖျင်က မေးလိုက်သည်။
“အမှတ်၆၀ အထက်တန်းကျောင်းကို အရင်သွားကြည့်ရအောင်”
ဝမ်လင်းက စိတ်ချင်းဆက်သွယ်၍ ပြောလိုက်သည်။
ကြေးမုံနန်းတော်ကမ္ဘာတွင် အမှတ်၆၀ အထက်တန်းကျောင်း မည်ကဲ့သို့ ပြောင်းလဲနေသည်ကို သူအနည်းငယ် သိချင်နေမိသည်။
တစ်ချိန်တည်းမှာပင် ကြေးမုံနန်းတော်၏ ဌာနေတိုင်းရင်းသားတစ်ဦးသည် အမှတ်၆၀ အထက်တန်းကျောင်းတွင် နေထိုင်နေသည်ကို သူခံစားသိရှိနိုင်ခဲ့သည်။
အပိုင်း(၉၉၉) ပြီး၏