← Chapters

အမှတ်၆၀ အထက်တန်းကျောင်း၏ နယ်ခံ

Vol. 67 Ch. 1000

အမှတ်၆၀ အထက်တန်းကျောင်း၏ နယ်ခံ

Vol. 67 Ch. 1000

ကြေးမုံနန်းတော်ကမ္ဘာရှိ အမှတ်၆၀ အထက်တန်းကျောင်းသည် ဝမ်လင်းဘစိတ်ကူးထားသည့်အတိုင်းပင်ဘဖြစ်သည်။

အမှတ်၆၀ အထက်တန်းကျောင်း အစစ်အမှန်၏ အပြင်အဆင်နှင့် အခြေခံအားဖြင့် ကိုက်ညီသော်လည်း အပြင်အဆင်ကမူ ပို၍ပင် အဆင့်မြင့်နေသည်။

အမှတ်၆၀ အထက်တန်းကျောင်း၏ ဂိတ်တံခါးဝရှိအုန်းပင်များသည် နွမ်းခြောက်နေသော်လည်း ယခုကြေးမုံနန်းတော်တွင်မူ တက်ကြွလန်းဆန်းနေခဲ့သည်။

“ဘာလို့ကျောင်းတံခါးက ပိတ်ထားတာလဲ.. ဒီနေ့က တနင်္ဂနွေပိတ်ရက်လည်း မဟုတ်ဘူးလေ”

ကော်ဖျင်က စိတ်ရှုပ်သွားခဲ့သည်။

“မမေ့ပါနဲ့.. ဒီနေရာမှာ အရာအားလုံးက ဆန့်ကျင်ဘက်ပဲ.. ဒီမှာကြည့်”

ဝမ်မင်က အလွန်သေးငယ်သော စာလုံးများဖြင့် ရေးထားသည့် ဆိုင်းဘုတ်တစ်ခုကို ညွှန်ပြလိုက်သည်။

နံပါတ်တစ် [ကျောင်းသားများ၏ ဝန်ထုပ်ဝန်ပိုးကို သက်သာစေရန်အတွက် ကျောင်းပေါင်းတစ်သောင်း မဟာမိတ်အဖွဲ့အစည်းသည် စနေနှင့်တနင်္ဂနွေနေ့များတွင်သာ ကျောင်းဖွင့်ရန်အတည်ပြုခဲ့ပြီး တနင်္လာမှာသောကြာနေ့ အထိကို ပိတ်ရက်အဖြစ်သတ်မှတ်ခဲ့သည်.. ဆရာဆရာမများကို အိမ်စာများပေးရန် ခွင့်မပြုထားပါ.. ကျောင်းစားအားလုံး ကျောင်းမှာပဲ ပြီးအောင်လုပ်ရမည်.. ကျောင်းသားများ မလိုက်နိုင်လျှင် ဆရာများက လမ်းညွှန်ပေးရမည်]

နံပါတ်နှစ် [ကျောင်းသားများ၏ စိတ်ကျန်းမာရေးကို ကာကွယ်ရန်အတွက် ကျောင်းသားများ၏ အဆင့် နိမ့်နေလျှင် ဆရာဆရာမများသည် ခွင့်ပြုချက်မရှိဘဲ မိဘများဖြင့် ဆက်သွယ်ခွင့်မရှိပါ.. ဆရာများသည် ကျောင်းသားများ၏ သင်ကြားမှုအတွက် အပြည့်အ ဝတာဝန်ယူရမည် ဖြစ်သည်။]

နံပါတ်သုံး [ကျောင်းသားများ၏ သဘောတူညီချက်မရှိဘဲ ၎င်းတို့၏ အားလပ်ချိန်ကို ကျော်လွှား၍မရပါ.. ဥပမာ ကာယအတန်းချိန်.. အကယ်၍ ဤအတန်းချိန်ကို အသုံးပြုလိုလျှင် ကျောင်းသားများအား ကျိုးကြောင်းဆီလျော်စွာ အသိပေးသင့်ပြီး မဲဆန္ဒပေးရန် ပြုလုပ်ရမည်ဖြစ်သည်။]

နံပါတ်လေး [ကျောင်းသားများသည် ကျောင်းကန်တင်းရှိ အစားအစာကို သဘောမကျလျှင် နေ့လည်စာ စားချိန်အတွင်း အပြင်ထွက်၍ ဝယ်စားခွင့်ရှိသည်.. တာဝန်ခံဆရာများသည် ဝင်ရောက်စွက်ဖက်ခွင့် မရှိ]

နံပါတ်ငါး [ကျောင်းသားများသည် ကျောင်းယူနီဖောင်းကို ဝယ်ယူရမည် ဖြစ်သော်လည်း သဘောမကျလျှင် မဝတ်ဆင်ရန် ရွေးချယ်နိုင်သည်။ တာဝန်ခံဆရာများသည် ကျောင်းသားတစ်ဦးချင်းစီ၏ သီးသန့်ဖြစ်တည်မှုကို အနှောင့်အယှက်ပြုခွင့်မရှိ။]

[မှတ်ချက် အထက်ဖော်ပြပါ စည်းမျဉ်းစည်းကမ်းများကို ဖောက်ဖျက်လျှင် ကျောင်းသားနှင့်ဆရာ နှစ်ဦးစလုံးသည် ကြီးမားသောပြစ်ဒဏ်ပေးခြင်းကို ခံရမည်ဖြစ်သည်။]

“စည်းမျဉ်းတွေက လက်တွေ့ကမ္ဘာနဲ့ လုံးဝဆန့်ကျင်ဘက်ပဲ”

ကော်ဖျင်က စည်းမျဉ်းငါးချက်ကို ဖတ်ပြီးနောက်တွင် အံ့ဩသွားခဲ့သည်။

သူက ရုတ်တရက် သက်ပြင်းတစ်ချက် ချလိုက်သည်။

ကြေးမုံနန်းတော်ရှိ ဆရာများ၏ ရပ်တည်မှုသည် မလွယ်ကူလှပေ။

ကျောင်းသားများသည် အထက်တန်းအဆင့်တွင် ပုန်ကန်ထကြွမှုအရှိဆုံး ဖြစ်သည်။

ဆရာများအနေဖြင့် တင်းကျပ်လွန်းသည်ဖြစ်စေ အလွန်အမင်း ညှာတာလွန်းသည်ဖြစ်စေ ပြဿနာများ ဖြစ်ပေါ်လာနိုင်သည်။

ထူးချွန်သောဆရာများ အားလုံးသည် အမှားအမှန်ကို ချိန်ဆရန်အတွက် မည်သည့်အချိန်တွင် တိုက်တွန်းရမည် မည်သည့်အချိန်တွင် ဖြေလျော့ရမည်ကို သိကြသည်။

တစ်နည်းအားဖြင့် သူတို့သည် လုံးဝမျက်နှာသာ မပေးတတ်ကြပေ။

စည်းစနစ်ကျသော ကမ္ဘာကြီးသည် စည်းမျဉ်းများနှင့် တစ်ထပ်ထဲ လည်ပတ်နေသည်။

ဤကြေးမုံနန်းတော်ကမ္ဘာ၏ ကျောင်းစည်းမျဉ်းများကမူ ကျောင်းသားများ စိတ်ကျေနပ်မှုရရှိစေရန် အတွက် ချမှတ်ပေးထားသည်နှင့် ဆင်တူ၏။

အကယ်၍ကျောင်းသားများသာ ထိန်းထိန်းသိမ်းသိမ်း မရှိလျှင် အရာအားလုံးသည် ပရမ်းပတာ ဖြစ်သွားစေနိုင်ပေသည်။

သို့သော် ကြေးမုံနန်းတော်ကမ္ဘာတွင် ထိုသို့သော အဖြစ်အပျက်မျိုး ဖြစ်လာလိမ့်မည်ဟု ကော်ဖျင် မထင်ခဲ့ပေ။

ကြေးမုံနန်းတော်တွင် မူလနေထိုင်သူများ ရှိသော်လည်း အများစုမှာမူ ရှင်ပြန်ထမြောက်လာသူများ ဖြစ်သည်။

၎င်းတို့က ကြေးမုံနန်းတော်ကမ္ဘာတွင် ရှင်ပြန်ထမြောက်လာခဲ့သော်လည်း သူတို့၏မှတ်ဉာဏ်များကို ဆုံးရှုံးခဲ့ရပြီး သူတို့သေဆုံးသွားသည်ကိုသာ မှတ်မိနေခဲ့ကြသည်။

၎င်းတို့ကို အနက်ရောင်အရိပ် ဝတ်စုံဝတ်လူများသည် ဤကမ္ဘာတွင် အခြေချနေထိုင်ရန် အတွက် မိသားစုသစ်များတည်ဆောက်ပေးကာ မျှော်လင့်ချက် သို့မဟုတ် အိပ်မက်များမရှိဘဲ နေ့စဉ် နေထိုင်နိုင်ရန် စီစဉ်ပေးခဲ့သည်။

ကြေးမုံနန်းတော်တွင် အလုပ်အကိုင်များ ရှိသော်လည်း လစာရလျှင်ပင် အရင်းအမြစ် အားလုံးကို မျှဝေထားသည့်အတွက် သူတို့ လိုချင်သည်ကိုရယူရန် ငွေကြေးအသုံးပြုရန် မလိုအပ်ပေ။

ဤကြေးမုံနန်းတော်ကမ္ဘာတွင် ပိုက်ဆံသည် ဟန်ပြသက်သက်ဖြစ်သည်။

ရှင်ပြန်ထမြောက်လာသူများသည် သူတို့လိုချင်သည့် ပစ္စည်းမှန်သမျှကို ရရှိနိုင်သော်လည်း မျှော်လင့်ချက်များ အိပ်မက်များ မရှိဘဲ နေထိုင်လာကြသည်။

၎င်းတို့က ရုပ်သေးရုပ်များ ကဲ့သို့ပင် အနက်ရောင်အရိပ် ဝတ်စုံဝတ်လူများ၏ ထိန်းချုပ်မှုအောက်တွင် နေထိုင်နေရသည်။

“ဒီနေရာက တကယ်ပဲ ပျော်ဖို့ကောင်းပါ့မလား”

ဝမ်မင်က ရယ်မော၍ ပြောလိုက်သည်။

“သေချာတာကတော့ ဒီကမ္ဘာကြီးက ထူးခြားဆန်းကြယ်တဲ့ ကမ္ဘာကြီးပဲ”

ဤကမ္ဘာကြီးက မည်မျှဆန်းကြယ်သည်ကို ကော်ဖျင်ခံစားနိုင်သည်။

သေချာ တွေးကြည့်လိုက်လျှင် အံ့ဩတုန်လှုပ်ဖွယ်ကောင်းသည်။

ကော်ဖျင်သည် အတွေ့အကြုံများစွာ ကြွယ်ဝသူဖြစ်သည်။

ထိုအချိန်က သူ့ကို အာကာသထဲတွင် သေဆုံးသွားမည်ဟု လူတိုင်းက ထင်နေကြသော်လည်း သူသည် နတ်နဂါးများထံသို့ တစ်ကိုယ်တည်း ရောက်ရှိလာခဲ့ပြီး သူ၏ လူသားဉာဏ်ရည်ဉာဏ်သွေးကို အသုံးပြုကာ နတ်နဂါးများ၏ ဘာသာစကားကို စူးစမ်း၍ ထူးခြားသော အရာများကို တွေ့ကြုံခဲ့ရသည်။

ယခုမူ ကြေးမုံနန်းတော်ကမ္ဘာ၏ အမှတ်၆၀ အထက်တန်းကျောင်းအတု၏ အဝင်ဝတွင် ရပ်နေသော ကော်ဖျင်သည် တစ်ကိုယ်လုံးတုန်လှုပ်နေပြီး ဤကမ္ဘာကြီး၏ အကြောင်းကို ရှင်းလင်းစွာပင် မတွေးဝံ့တော့ပေ။

ဤကမ္ဘာကြီးသည် ကျင့်ကြံသူများစွာ လျှို့ဝှက်ထားသည့် ကုန်းမြေနှင့် ကွဲပြားနေသည်။

လျှို့ဝှက်ကုန်းမြေများသည် မတူညီသော နေရာလွတ်ထဲတွင် ရှိနေသော်လည်း ယေဘုယျအားဖြင့် ပြောရလျှင် ၎င်းတို့သည် တူညီသော အတိုင်းအတာတွင် ရှိနေပါသေးသည်။

သို့‌သော် ဝမ်လင်းတို့ ရောက်လာခဲ့သည့် ဤကမ္ဘာသည် လက်တွေ့ကမ္ဘာနှင့် လုံးဝမတူညီပေ။

ဤနေရာရှိ အနက်ရောင်အရိပ် ဝတ်စုံဝတ်လူများသည် လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားများကို အသုံးပြုကြသည်။

ဤသည်က ကံကြမ္မာတာအိုဟု ခေါ်သော အထူးစွမ်းအင်တစ်မျိုး ဖြစ်ကြောင်း နတ်တာအိုကြယ်၏ ကြယ်စင်အရှင်သခင်က ပြောသော်လည်း ကြေးမုံနန်းတော်ထဲသို့ ဝင်ရောက်ပြီးနောက်တွင် ဝမ်လင်းက ထိုမျှမရိုးရှင်းကြောင်း ခံစားခဲ့ရသည်။

သူတို့ကို သတိမထားမိစေရန်အတွက် ဝမ်လင်းတို့ လူစုသည် အမှတ်၆၀ အထက်တန်းကျောင်း၏ ဝတ်စုံကို ပြောင်းလဲဝတ်ဆင်ခဲ့ကြသည်။

ဝမ်လင်း၏ ကိုယ်ပေါ်တွင် အမှတ်၆၀ အထက်တန်းကျောင်းဝတ်စုံ အမြဲဆောင်ထားသည်။

သူက သန့်ရှင်းသပ်ရပ်မှုကို နှစ်သက်သူဖြစ်၍ သူ၏ယူနီဖောင်း တစ်စုံတစ်ရာဖြစ်လျှင် လဲလှယ်ဝတ်ဆင်ရန် အပိုဝတ်စုံ ဆောင်ထားလေ့ ရှိ၏။

စင်စစ် အဝတ်အစားများကို ဆောင်ထားတတ်သူမှာ ဝမ်လင်းတစ်ဦးတည်း မဟုတ်ပေ။

လူတိုင်းတွင် အဝတ်အစားများစွာ အဆင်သင့်ရှိနေ၏။

ကော်ဖျင်နှင့်ဝမ်မင်တို့သည် ကျောင်းဝတ်စုံကို လဲလှယ်ရန် မလိုအပ်ပေ။

သူတို့ဝတ်ဆင်ထားသော ချပ်ဝတ်တန်ဆာဖြင့် ဝတ်စုံများကို အချိန်မရွေး ပြောင်းလဲနိုင်သည်။

အမှတ်၆၀ အထက်တန်းကျောင်း၏ ကျောင်းဝတ်စုံကိုပြောင်းလဲရန် အတွက် ဝမ်လင်း၏ ကျောင်းဝတ်စုံကို စကင်န်ဖတ်ရန်သာ လိုအပ်သည်။

ဤသည်မှာ ပုတ်သင်ညို တစ်ကောင်၏ အသွင်ပြောင်းလဲမှုနှင့်ဆင်တူသော လုပ်ဆောင်ချက် ဖြစ်သည်။

“မင်းတို့က ဘယ်အတန်းကကျောင်းသားလဲ”

အလွန်လှပသောမိန်းကလေးတစ်ဦးသည် စာသင်ခန်း၏ ထောင့်တစ်နေရာတွင် ရုတ်တရက်ပေါ်လာခဲ့သည်။

သူမကဂျာမန်အိမ်ဖော်ဝတ်စုံ တစ်စိတ်တစ်ပိုင်းဖြစ်သည့် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။

သူမ၏အသံက ချိုမြိန်လွန်းပြီး ခေါင်းလောင်းသံကဲ့သို့ ငြိမ့်ညောင်းနေ၏။

“ပထမနှစ် အခန်း၃ကပါ”

ဝမ်လင်းက တည်တည်ငြိမ်ငြိမ်ပင် ပြန်ဖြေလိုက်သည်။

မိန်းကလေးက မျက်မှောင်ကြုတ်လိုက်သည်။

“ဒါနဲ့နင်က ဒီမှာဘာလုပ်နေတာလဲ.. အရှုံးသမားအခန်းကကျောင်းသားတွေက ကျောင်းတက်ဖို့အမုန်းဆုံး ဆိုတာ အမှန်ပဲကိုး.. စနေနဲ့တနင်္ဂနွေ နှစ်ရက်လေး ကျောင်းတက်ရတာတောင် အတန်းပျက်ဖို့ အစွမ်းကုန် ကြိုးစားနေကြတဲ့ပုံပဲ”

ဝမ်လင်း “..........”

“အရှုံးသမားအခန်း.. ဟုတ်လား”

ဝမ်မင်က အံ့အားသင့်သွားခဲ့သည်။

ဝမ်လင်း၏ ပထမနှစ် အခန်း၃ သည် လက်ရွေးစင်အတန်းဖြစ်သည်ကို သူသတိရမိသည်။

ဟုတ်ပါသည်၊ ကြေးမုံနန်းတော်ရှိ အရာအားလုံးသည် ဆန့်ကျင်ဘက်ပင် ဖြစ်သည်။

“မင်းဘယ်သူလဲ”

ဝမ်မင်က စူးစမ်း၍ မေးလိုက်သည်။

သူတို့ရှေ့မှမိန်းကလေးက သူတို့အတွက် စိတ်မောသည့် အမူအရာဖြင့် သက်ပြင်းချကာ ပြန်ဖြေလိုက်သည်။

“နင်တို့ ငါ့ကိုတောင် မသိဘူးဆိုတော့ ကျောင်းကို မကြာခဏပျက်နေတာ မဆန်းတော့ဘူး.. ငါ့နာမည်က လီကျွမ့်.. မင်းတို့ ငါ့ကို ကျွမ့်အာလို့ ခေါ်နိုင်တယ်.. စနေတနင်္ဂနွေမှာ ကျောင်းရဲ့စားစရာတွေ အားလုံးကို ချက်ပြုတ်ပေးတယ်”

“ကျွမ့်အာ.. ဟုတ်လား”

ဤနာမည်က အနည်းငယ် ရင်းနှီးနေသလို ဝမ်လင်းခံစားမိသည်။

ထို့နောက်တွင် သူက တအံ့တဩဖြင့် ခေါင်းမော့လိုက်သည်။

“လခွမ်းပဲ’’

ဤမိန်းကလေးက အမေကျွမ့် ဖြစ်သည်မှာ ထင်ရှားနေသည်။

ဝမ်လင်းက ဤမိန်းကလေးသည် လေလွင့်ဝိညာဉ် မဟုတ်ဘဲ ကြေးမုံနန်းတော်၏ ဇာတိသူဖြစ်ကြောင်း ရှင်းရှင်းလင်းလင်းသိနိုင်ခဲ့သည်။

အပိုင်း(၁၀၀၀) ပြီး၏

All Chapters