← Chapters

ကြက်ကလေးရဲ့ဒဏ္ဍာရီ

Vol. 67 Ch. 1004

ကြက်ကလေးရဲ့ဒဏ္ဍာရီ

Vol. 67 Ch. 1004

အမည်မသိစွမ်းအားဖြင့် ကျောထော်နောက်ခံပြုထား‌သော အနက်ရောင်အရိပ် စစ်တပ်၏ ရုတ်တရက် တိုက်ခိုက်မှုကို ဝမ်လင်းသာမက လက်တွေ့ကမ္ဘာရှိ လူတိုင်းသည် သတိမထားမိခဲ့ကြပေ။

ဝမ်လင်းအတွက် အထူးဆန်းဆုံးအရာမှာ ကိစ္စများ ဖြစ်ပျက်မလာခင်တွင် သတိပေးလေ့ ရှိသည့် ခံစားချက်ကို မခံစားခဲ့ရခြင်းဖြစ်သည်။

ဆိုရလျှင် သူ၏မျက်ခွံများက မလှုပ်မရှား ဖြစ်နေခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် ဝမ်လင်းက ဤကိစ္စနှင့်ပတ်သက်၍ ထူးခြားမှုတစ်ခု ရှိနေသည်ကို ခပ်ရေးရေး ခံစားလိုက်ရသည်။

မည်သို့ပင်ဆိုစေကာမူ သူသည် ဤကိစ္စကို အောက်ခြေထိ တူးထုတ်ရန် ကြံစည်ထားပြီးသား ဖြစ်သည်။

အမေကျွမ့်၏ မြေပုံကို ငှားယူပြီးနောက်တွင် ဝမ်မင်နှင့်ကော်ဖျင်တို့သည် မြေပုံကို လေထဲ၌ ဟိုလိုဂရပ်ဖစ်ပုံဖြင့် ပုံဖော်လိုက်သည်။

ကြီးမားသော ယစ်ပလ္လင်ကြီး ၅လုံးသည် မြေပုံပေါ်တွင် မတူညီသောနေရာ ၅ခု၌ တည်ရှိနေသည်။

၎င်းတို့က အတူတကွ ချိတ်ဆက်နေပြီး ပြီးပြည့်စုံသော စက်ဝန်းတစ်ခုကို ဖန်တီးခဲ့သည်။

ဝမ်မင်က မြေပုံကို သေချာစစ်ဆေးခဲ့ပြီးနောက်တွင် အမှတ်အသားပြုလိုက်သည်။

ဝမ်မင်က အလွန်ပင် ထက်မြက်သည်ဟု ဆိုရမည်။

အမှတ်အသားများကို ကြည့်လိုက်ရာ အားလုံး၏ မျက်လုံးများက တောက်ပလာခဲ့သည်။

“ဒါက..”

“ဒီအိပ်မက်အိမ်တွေက ကြေးမုံနန်းတော်ထဲက အိပ်မက်အိမ်တွေ အားလုံးရဲ့ တည်နေရာပဲ.. ၎င်းတို့ကို ယစ်ပလ္လင်ကြီး ၅လုံးနဲ့ ချိတ်ဆက်ထားပုံရတယ်.. ဒါက ကြည့်လိုက်ရင် ရှေးခေတ်မှော်အစီအရင် တစ်ခုလို့ မထင်ဘူးလား”

ဝမ်မင်က ရှင်းပြနေရင်း ကွဲပြားသောပုံစံများဖြင့် အမှတ်အသားများကို ချိတ်ဆက်ရန် စတင်ကြိုးစားခဲ့သည်။

“အင်း.. ငါရပြီ.. အိပ်မက်အိမ်တွေရဲ့ အမှတ်အသားတွေကို ချိတ်ဆက်လိုက်ရင် ကြေးမုံနန်းတော် ဝင်ပေါက်အထက်က စာလုံးတွေနဲ့ အတော်လေး ဆင်တူတယ်လို့ မထင်ဘူးလား”

သိပ်မကြာခင်မှာပင် ကော်ဖျင်က တအံ့တဩ ရေရွတ်လိုက်သည်။

“ဒီအရာအားလုံးက ဘာလဲဆိုတာ ငါသေချာ မရှင်းပြနိုင်ပေမဲ့ ဆရာဝမ်မင်ရဲ့ ခန့်မှန်းချက်က မှန်ကန်တယ် ဆိုတာကတော့ သက်သေပြနေတယ်.. ဘယ်က အရူးကောင်လက်ချက်လဲ”

ဝမ်မင်က ဒေါသတကြီး ရေရွတ်လိုက်သည်။

ကမ္ဘာတစ်ခုလုံးကို အစီအရင်ဖြင့် ပိတ်လှောင်ထားသည်ကိုကြည့်လျှင် နောက်ကွယ်မှလူသည် မည်မျှအစွမ်းထက်ကြောင်း သိသာပေသည်။

ယခု သူတို့လုပ်နိုင်သည့် တစ်ခုတည်းသောအရာမှာ အနက်ရောင် အရိပ်စစ်တပ်က သိမ်းပိုက်ထားသည့် ကြေးမုံနန်းတော်ထဲမှ ယစ်ပလ္လင်များကို ပြန်ယူဖို့သာ ဖြစ်သည်။

ကြေးမုံနန်းတော်ကမ္ဘာသည် အပြင် လက်တွေ့ကမ္ဘာနှင့် လုံးဝဆန့်ကျင်ဘက် ဖြစ်သည်။

သို့သော်လည်း ယစ်ပလ္လင်ကြီး၅လုံးသည် ကြေးမုံနန်းတော်၏ ထူးခြားချက် ဖြစ်၏။

ဝမ်လင်းတို့၏ ကမ္ဘာတွင်မူ ဒြပ်စင်၅ပါး ပြိုကွဲပြီးနောက်တွင် ဆဲလ်မော်လီကျုးများသည် စိတ်ဝိညာဥ်ချီ အဖြစ်သို့ ပြောင်းလဲသွားကြသည်။

ကြေးမုံနန်းတော်တွင်မူ ဒြပ်စင်၅ပါး သဘောတရားသည် ဆန့်ကျင်ဘက် ဖြစ်သည်။

ဤကမ္ဘာတွင်မူ မဟာပလ္လင် ၅ခုရှိခြင်းသည် တည်ငြိမ်သောဖြစ်စဉ်ကို ဒြပ်စင် ၅ပါးဖြင့် ထိန်းချုပ်ထားသကဲ့သို့ပင်။

အမေကျွမ့်၊ ဝမ်လင်း၊ ဝမ်မင်နှင့်ကော်ဖျင်တို့သည် ထွင်ထျန်းဟာပေါ်တွင် တက်စီးခဲ့ကြသည်။

ထွင်ထျန်းဟာ၏ အရွယ်အစားက ကြီးမားလားပြီး အလွန်လျင်မြန်စွာပင် ပြေးလွှားသွားခဲ့သည်။

သူတို့က ထွင်ထျန်းဟာပေါ်တွင် ထိုင်စီးရင်း လမ်းခရီးတွင် အမေကျွမ့်ထံကနေ ဤကမ္ဘာ၏ အကြောင်းကို ပိုမိုသိရှိလာကြသည်။

ပုံမှန်အားဖြင့် ထွင်ထျန်းဟာသည် အစီးအနင်း အဖြစ် အသုံးပြုခံရခြင်းကို မနှစ်သက်ပေ။

ဆန့်ကျင်ဘက်အနေဖြင့် သူ့အပေါ်တွင် ဆရာလေးလင်း ထိုင်နေသည့် ခံစားချက်ကို သူက နှစ်သက်သည်။

ထွင်ထျန်းဟာအတွက် သူ့သခင်၏ အစီးအနင်းသားရဲအဖြစ် အသုံးပြုခံရခြင်းသည် သူ၏ သခင်ယုံကြည်မှုကို ရရှိခြင်းဖြစ်ပြီး ထူးခြားသော ဂုဏ်ကျက်သရေတစ်ခုလည်း ဖြစ်သည်။

ထွင်ထျန်းဟာက ဝမ်လင်းတို့်လူစုကို တောင်ဘက်အရပ် ဆီသို့ ခေါ်ဆောင်သွားခဲ့သည်။

သူတို့၏လက်ရှိ ဦးတည်ရာအရပ်သည် တောင်ဘက်အရပ်ရှိ ရေပလ္လင်ဖြစ်သည်။

လမ်းခရီးတွင် ထွင်ထျန်းဟာသည် ဝမ်လင်း သက်သောင့်သက်သာ စီးနင်းနိုင်ရန်အတွက် အစွမ်းကုန် လုပ်ဆောင်ခဲ့သည်။

အားနည်းချက်မှာ ဝမ်လင်းနှင့် လိုက်ဖက်သော ထိုင်ခုံများ မပါရှိခြင်းပင်။

“နောက်ကျရင် နတ်ဆိုးလောကကိုပြန်ပြီး ငါ့သူငယ်ချင်းကြက်ကလေးဆီမှာ ကြက်မွေးတွေ သွားတောင်းရမယ်.. ကြက်ကလေးရဲ့အမွေးနဲ့ ပြုလုပ်ထားတဲ့ ထိုင်ခုံက ပျော့ပျောင်းပြီး သက်တောင့်သက်သာရှိမှာ သေချာတယ်”

ထွင်ထျန်းဟာက ရုတ်တရက် ပြောလိုက်သည်။

ကော်ဖျင်က ပထမတွင် ထွင်ထျန်းဟာ အကြောင်းကို သိပ်မသိခဲ့ပေ။

သို့ရာတွင် ဝမ်မင်သည် ကော်ဖျင်ကို ခရီးတစ်လျှောက်တွင် ထွင်ထျန်းဟာနှင့် ပတ်သက်သည့် အဖြစ်အပျက်များကို အကျဉ်းချုံး ပြောပြခဲ့သည်။

ကော်ဖျင်က ထွင်ထျန်းဟာ၏ ကိုယ်ရေးကိုယ်တာ အစစ်အမှန်ကို သိလိုက်ရသောအခါတွင် အလွန်ပင် တုန်လှုပ်သွားခဲ့သည်။

လွန်ခဲ့သော၆နှစ်က ဟွာရှို့နိုင်ငံ၏ အင်မော်တယ်စစ်တပ်များကိုပင် စေလွှတ်ခဲ့ရသည်ထိ စွမ်းအားကြီးခဲ့သော ကောင်းကင်ဝါးမျို ဖားပြုပ်မျိုးနွယ်စု၏ ဘုရင်သည် ဤအတိုင်းအတာထိ ကျဆင်းသွားလိမ့်မည်ဟု မည်သူက ထင်မိမည်နည်း။

“နတ်ဆိုးဘုရင်ကြီးက တကယ်ပဲ ဒီအဆင့်ထိတောင် နိမ့်ကျသွားတာလား”

“ပရော်ဖက်ဆာကော် ပြောတာ မှားနေတယ်.. ငါ့ဘဝက နိမ့်ကျသွားတာ မဟုတ်ဘူး.. ငါခုအရမ်းပျော်တယ်.. မတတ်သာလို့ အလျော့ပေးတာနဲ့ ကိုယ်တိုင် ဆန္ဒရှိတာက မတူကြဘူး.. ကိုယ်တိုင်ဆန္ဒရှိတာက ပိုပြီးတော့ဂုဏ် ရှိတယ်.. ပရော်ဖက်ဆာကော်က ငါ့ရဲ့ကျောပေါ်မှာ ထိုင်ရတဲ့အတွက် ဂုဏ်ယူသင့်တယ်.. ငါ့သခင်ကြောင့်သာ မဟုတ်ရင် မင်းငါ့ကိုယ်ပေါ်မှာ ထိုင်နိုင်မယ်လို့ ထင်နေလား”

“..........”

ကော်ဖျင်က ပါးစပ်ပိတ်သွားခဲ့သည်။

အဆုံးသတ်တွင် ဤနတ်ဆိုးဘုရင်ကို သူ မတုံ့ပြန်နိုင်မှန်း သိလိုက်သည်။

“ဒါဆိုမင်းရဲ့ ကြက်ကလေးကလည်း နတ်ဆိုးဘုရင်ပဲလား.. နောက်ဆုံးအကြိမ်က မင်းနတ်ဆိုးလောကကို ပြန်သွားပြီးနောက်မှာ သူ့အကြောင်းကို ငါဘာလို့ မကြားခဲ့ရတာလဲ”

ဝမ်မင်က မေးလိုက်သည်။

“ငါနတ်ဆိုးလောကကို ပြန်ရောက်စဉ်က ကြက်ကလေး ငါ့ကို လျှို့ဝှက်ပြီးကူညီပေးခဲ့တယ်.. ဒါပေမဲ့ ကြက်ကလေးက အရမ်းကြောက်တတ်တဲ့ အတွက် သူ့ကိုယ်သူ မထုတ်ဖော်ခဲ့ဘူး.. အထူးသဖြင့် မကြာသေးမီက ပေါက်သွားခဲ့တဲ့ 'ကြက်ကလေး မင်းကအရမ်းလှတယ်' ဆိုတဲ့ ဗီဒီယိုတွေက အရမ်းချစ်စရာကောင်းတယ်လို့ ကြက်ကလေးက ငါ့ကိုပြောတယ်.. ဒါပေမဲ့ မကြာသေးခင်ကပဲ ကြက်ကလေးရဲ့ကြက်ဘုရင်မျိုးနွယ်စုက ပုန်းအောင်းလုနီးနီး ဖြစ်ခဲ့တယ်လို့ ငါကြားမိတယ်”

“ကြက်ကလေးက အထီးလားအမလား”

“အထီးပါ.. ဒါပေမဲ့ သူ့မှာ အမောက်မရှိဘူး”

“ဟမ်.. ဘယ်လိုဖြစ်လို့လဲ”

"ကြက်ကလေးက မာကျောက် ကစားရတာကို ဝါသနာထုံတယ်လေ.. သူက ပထမမျိုးဆက် နတ်ဆိုးသူတော်စင်နဲ့ မာကျောက်ကစားခဲ့ပေမဲ့ အနိုင်မရခဲ့ဘူး.. အနိုင်ရတဲ့ ပထမမျိုးဆက် နတ်ဆိုးသူတော်စင်က ဆုလာဘ်အဖြစ် ကြက်သားကို ပေးဖို့ တောင်းဆိုခဲ့ပေမဲ့ ကြက်ကလေးက ထုတ်ပေးဖို့ ငြင်းဆိုခဲ့တယ်.. အဲဒီနောက် ပထမမျိုးဆက် နတ်ဆိုးသူတော်စင်က သူ့အမောက်ကို ဖြတ်တောက်ပြီးယူခဲ့တယ်.. ဒီအဖြစ်အပျက်ပြီးတဲ့နောက်မှာ နတ်ဆိုးလောကတခွင်မှာ အလောင်းအစားလုပ်ငန်းတွေကို နှိမ်နင်းခဲ့တယ်.. လောင်းကြေးအနည်းငယ်က စိတ်အပန်းပြေစေတယ်.. လောင်းကြေးကြီးရင်တော့ ခန္ဓာကိုယ်ကို နာကျင်စေတယ်.. လောင်းကြေး နည်းနည်း များများ အလောင်းအစားက အလောင်းအစားပါပဲ.. နိုင်တဲ့သူတွေက ဆက်နိုင်ချင်ကြပြီး ရှုံးတဲ့သူတွေကလည်း သူတို့ရဲ့ကံကြမ္မာကို ပြောင်းလဲဖို့အတွက် ဆက်လက် ကစားချင်ကြတယ်.. ဒါက အဆုံးမရှိတဲ့ သံသရာပဲ"

“ဘယ်လောက်တောင် လေးနက်လိုက်တဲ့ သင်ခန်းစာလဲ”

ကော်ဖျင်က တိတ်တဆိတ် ရေရွတ်လိုက်သည်။

“ဒါအဆုံးသတ် မဟုတ်သေးဘူး”

ထွင်ထျန်းဟာက ပြောလိုက်သည်။

“အဲဒီအချိန်က ကြက်ကလေး အပြစ်ပေးခံရပြီးနောက်မှာ နတ်ဆိုးကမ္ဘာတစ်ခုလုံးမှာ ပြောစမှတ်ဖြစ်ရတဲ့ စကားတစ်ခုရှိတယ်.. မာကျောက် မကစားပါနဲ့.. မဟုတ်ရင် မင်းရဲ့သရဖူ ဖြုတ်ခံရလိမ့်မယ်”

“..........”

ထွင်ထျန်းဟာနှင့် ပြောဆိုပြီးနောက်တွင် ကော်ဖျင်သည် ဝမ်လင်းကို ကြည့်လိုက်သည်။

ဤလူငယ်လေးက ခပ်ခွာခွာနေတတ်ပြီး စကားလည်းအလွန်နည်းသည်။

သို့သော် ဝမ်လင်းနှင့်ပတ်သက်သည့် လျှို့ဝှက်ဆန်းကြယ်မှုတစ်ခုတော့ ရှိသည်။

ယင်းမှာ လူအများသည် သူနှင့်ရင်းနှီးလိုပြီး သူ့အကြောင်းကိုသိလိုကြသည်။

ခရီးတလျှောက်လုံးတွင် သူတို့သည် အပြင်းအထန် ဆွေးနွေးနေခဲ့ကြသော်လည်း ဝမ်လင်းက ဘာစကားမှ ဝင်မပြောခဲ့ပေ။

တကယ်ပဲဝမ်လင်းက ဤအခြေအနေကို စိတ်မပူတာလား သို့မဟုတ် စိတ်မဝင်စားဟန် ဆောင်နေတာလား ကော်ဖျင်မသိခဲ့ပေ။

ယခုအခါတွင် သူသည် ဝမ်လင်း၏ အကြောင်းကို ပို၍ပင် သိချင်လာခဲ့သည်။

အပိုင်း(၁၀၀၄) ပြီး၏

All Chapters