← Chapters

အဆုံးသတ်

Vol. 119 Ch. 1771

အဆုံးသတ်

Vol. 119 Ch. 1771

သွေးမျက်နှာဖုံး၏ မူလဇာစ်မြစ်ကို မသိရသော်လည်း ၎င်းသည် အထက်ဘုံမှလာခြင်းဖြစ်ဖို့များလေသည်။

သိုင်းတာအိုပင်မခန္ဓာ၏ စွမ်းအားအပြည့်တိုက်ခိုက်မှုသည်ပင် ၎င်းကို မဖိနှိမ်နိုင်ပေ။ ဆူဇီမိုက အခြားသောဓမ္မရတနာများကို ဆင့်ခေါ်ထုတ်မည်ဆိုလျှင်တောင် အသုံးဝင်လိမ့်မည် မဟုတ်ပေ။

စတုရန်းကြေးမီးဖိုသည် အက်ကွဲကြောင်းများဖြင့် ပြည့်နှက်နေသည့် ချို့ယွင်းပျက်စီးနေသည့်ပုံပေါ်သော်လည်း ၎င်းကို မည်သို့မျှ ဖျက်ဆီး၍ မရနိုင်ပေ။

ထျန်ဟွမ်ကုန်းမြေတိုက်ရှိ ဓမ္မရတနာများအားလုံးဖြင့် စုပေါင်းတိုက်ခိုက်မည်ဆိုလျှင်တောင် စတုရန်းကြေးမီးဖိုကို ထိခိုက်စေလိမ့်မည် မဟုတ်ပေ။

ဆူဇီမိုသည် စတုရန်းကြေးမီးဖိုကို ဆင့်ခေါ်ထုတ်လိုက်သောအခါ များစွာစဥ်းစားတွေးတောခဲ့ခြင်း မရှိပေ။

သူသည် သွေးမျက်နှာကို ကန့်သတ်ချုပ်နှောင်ဖို့အတွက် စတုရန်းကြေးမီးဖိုကို အသုံးပြုနိုင်ကောင်း ပြုနိုင်လိမ့်မည်လို့သာ တွေးခဲ့လေသည်။ အဲ့ဒီနောက် သိုင်းတာအိုပင်မခန္ဓာသည် ၎င်းကိုဖိနှိမ်ဖို့အတွက် နည်းလမ်းတစ်ခုကို စဥ်းစားရမည်ဖြစ်၏။

သွေးမျက်နှာဖုံးထဲမှာ သက်ရှိတစ်မျိုးက ပုန်းကွယ်နေလေသည်။ ၎င်းသည် စတုရန်းကြေးမီးဖိုကို မှတ်မိသိရှိထားသည့်အလား ၎င်း၏ တုံ့ပြန်မှုက အလွန်တရာပြင်းထန်နေ၏။

သွေးမျက်နှာသည် အထက်ဘုံမှလာခြင်းဖြစ်သည်ဆိုလျှင် စတုရန်းကြေးမီးဖိုကလည်း အထက်ဘုံမှရောက်ရှိလာခြင်းဖြစ်ရပေလိမ့်မည်။

ဒါ့အပြင် သွေးမျက်နှာဖုံးသည် စတုရန်းကြေးမီးဖိုကို အလွန်အမင်းကြောက်ရွံ့နေပုံရ၏။

ဘုန်း...

စတုရန်းကြေးမီးဖိုက ဆင်းသက်လာခဲ့ပြီး သွေးမျက်နှာပေါ်ကို ပစ်တိုက်ချလိုက်၏။

“အား...”

သွေးမျက်နှာဖုံးထံမှ စူးစူးဝါးဝါး အော်သံတစ်သံထွက်ပေါ်လာ၏။

သွေးမျက်နှာဖုံး၏ ဘေးပတ်လည်မှာ တရုန်းရုန်းထကြွနေသော မိစ္ဆာချီသည် ထိုတိုက်ခိုက်မှုဖြင့် ကြေမွသွားပြီး မျက်နှာဖုံးပေါ်ရှိသွေးကလည်း အဘက်ဘက်သို့ ပြန့်ကျဲသွားလေသည်။

သွေးရည်များက ဆိုးယုတ်သောအော်ရာတစ်ကို ဖြာထုတ်ပေးနေသော သွေးတစ်စက်အဖြစ် လေထဲမှာ အလျင်အမြန်စုဖွဲ့သွားပြီး မျက်နှာဖုံးနှင့် ပြန်လည်ပေါင်းစည်းချင်လေသည်။

ထိုအခိုက်အတန့်မှာ သိုင်းတာအိုပင်မခန္ဓာက ပြတ်သားစွာဖြင့် သွေးမိစ္ဆာဧကရာဇ်ကို စွန့်ပယ်ပြီး ဆင်းသက်ရောက်ရှိလာခဲ့၏။ သူက စတုရန်းကြေးမီးဖိုကို ကိုင်မြှောက်ကာ နောက်တစ်ဖန် ဖိနှိမ်လိုက်၏။

ဘုန်း...

အဲ့ဒီမှာ နောက်ထပ်ကျယ်လောင်သောမြည်သံတစ်သံ ထွက်ပေါ်လာ၏။

သွေးစက်သည် စတုရန်းကြေးမီးဖို၏ ပစ်ဆောင့်မှုဖြင့် နောက်တစ်ဖန်ကြေမွသွား၏။

သွေးစက်က နောက်တစ်ဖန်စုဖွဲ့လာမည်ဆိုလျှင်တောင် သွေးအလင်းရောင်က သိသိသာသာမှေးမှိန်သွားပေလိမ့်မည်။

သိုင်းတာအိုပင်မခန္ဓာသည် သူ၏ လက်ကို ဆန့်ထုတ်ပြီး ကျန်ရှိနေသောသွေးစက်များကို သူ၏ လက်ထဲမှာ ဖမ်းဆုပ်လိုက်၏။

အတွေးတစ်ချက်နှင့်အတူ သိုင်းတာအိုပင်မခန္ဓာသည် သူ၏ လက်ဖဝါးထဲမှာ မထိုးဖောက်နိုင်သောလှောင်ချိုင့်တစ်ခုကို ဖန်တီးလိုက်လေသည်။

သွေးစက်က မှေးမှိန်သွားပြီဖြစ်သော်လည်း ၎င်းသည် အလွန်တရာကြမ်းကြုတ်ခက်ထန်နေဆဲ ဖြစ်ကာ မိစ္ဆာချီဖြင့် ရစ်သိုင်းနေ၏။

မကြာမကြာဆိုသလို သွေးစက်သည် ထူးဆန်း၍ ကြောက်စရာကောင်းသော သွေးမျက်နှာတစ်ခုအဖြစ် အသွင်ပြောင်းလဲသွားတတ်၏။ တချို့အချိန်များမှာ ၎င်းသည် အသက်မဲ့ ဂူသင်္ချိုင်းကျောက်စာတိုင်တစ်ခုအဖြစ် စုဖွဲ့သွားပြီး သိုင်းတာအိုပင်မခန္ဓားလက်ဖဝါးကို ပစ်ဆောင့်ကာ ရုန်းထွက်ချင်လေသည်။

“ဟမ့်...”

သိုင်းတာအိုပင်မခန္ဓာက လှောင်ရယ်လိုက်ပြီး သိုင်းစိတ်ဝိညာဥ်မီးနှင့် အနီရောင်ကြာပန်း ​ကံကြမ္မာမီးကို သူ၏ လက်ဖဝါးထဲမှာ စုဖွဲ့လိုက်လေသည်။

မီးတောင်နှစ်ခုက သူ၏ လက်ဖဝါးထဲမှာ စုဖွဲ့တောက်လောင်လာခဲ့၏။

“အား... အား...အား....”

သွေးစက်က အလွန်တရာနာကျင်စွာဖြင့် စူးစူးဝါးဝါး အော်ဟစ်လိုက်၏။

ထိုသို့ဆိုလျှင်တောင် မီးတောက်နှစ်ခုက ၎င်းကိုအပြည့်အဝသန့်စင်နိုင်ခြင်း မရှိပေ။

အဲ့ဒါက မည်သူ၏ သွေးဖြစ်သည်ဆိုတာထက် ထိုသွေးစက်၏ မူလဇာစ်မြစ်ကိုပင် သူက မသိရှိပေ။

အဲ့ဒါက သွေးစက်တစ်စက်သာဖြစ်ပြီး အောက်ဘုံသို့ကျဆင်းလာခဲ့သော်လည်း ၎င်းသည် သိုင်းစိတ်ဝိညာဥ်မီးနှင့် အနီရောင်ကြာပန်း ကံကြမ္မာမီး၏ စွမ်းအားကို ခုခံနိုင်နေဆဲ ဖြစ်၏။

တိုက်ပွဲက ယခုအချိန်ထိ ပြီးဆုံးမသွားသေးပေ။

သိုင်းတာအိုပင်မခန္ဓာသည် လှောင်ချိုင့်ကို သိမ်းဆည်းလိုက်ပြီး သိုင်းစိတ်ဝိညာဥ်မီးနှင့် အနီရောင်ကြာပန်း​ကံကြမ္မာမီးကို တောက်လောင်စေကာ ထိုသွေးစက်ကို ဆက်လက်၍ သန့်စင်နေ၏။

မီးတောက်နှစ်ခုက ၎င်းကို ယခုအချိန်ထိ မသန့်စင်နိုင်သေးပေ။

သို့သော်လည်း ထိုသွေးစက်အနေဖြင့် သိုင်းတာအိုပင်မခန္ဓာဆင့်ခေါ်ထားသော လှောင်ချိုင့်ထဲကနေ ရုန်းထွက်ဖို့က အင်မတန်ခက်ခဲပေလိမ့်မည်။

သိုင်းတာအိုပင်မခန္ဓာက လေထဲမှာလွင့်မျောနေသော မျက်နှာဖုံးကို ကောက်ယူလိုက်၏။

သွေးအလင်းဖြင့် စွန်းထင်းခြင်းမရှိတော့ဘဲ မျက်နှာဖုံးသည် ၎င်း၏ မူလပုံပန်းသဏ္ဌာန်သို့ ပြန်လည်ရောက်ရှိသွား၏။ အဲ့ဒါသည် ငွေဖြူရောင်ရှိပြီး ထိမိလျှင် အနည်းငယ်အေးစက်နေသော အမျိုးအမည်မသိ ပစ္စ​ည်းတစ်မျိုးဖြင့် ပြုလုပ်ထားလေသည်။

သိုင်းတာအိုပင်မခန္ဓာသည် အဲ့ဒါကို သူ၏ လက်ဖဝါးထဲမှာ ဖျစ်ညှစ်ကာ ခြေမွှပစ်ချင်လေသည်။

သို့သော်လည်း ငွေရောင်မျက်နှာဖုံးက အကောင်းတိုင်းကျန်ရှိနေ၏။

သိုင်းတာအိုပင်မခန္ဓာထံမှ ထိုတိုက်ခိုက်မှုသည် ဓမ္မရတနာများကိုပင်လျှင် သတ္တုပျက်အဖြစ် လုံးခြေနိုင်လေသည်။ ယခုသူသည် ပုစဥ်းရင်ကွဲတောင်ပံများကဲ့သို့ ပါးလွှာသော မျက်နှာဖုံးတစ်ခုကို မဖိခြေနိုင်ပေ။

ငွေရောင်မျက်နှာဖုံးက တစ်မူထူးခြားသည်မှာ သိသာနေ၏။

သိုင်းတာအိုပင်မခန္ဓာသည် ငွေရောင်မျက်နှာဖုံးကိုလည်း သိမ်းဆည်းလိုက်ပြီး စတုရန်းကြေးမီးဖိုကို အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာထံသို့ ပစ်ပေးလိုက်လေသည်။

ဖျတ်ခနဲဆို သူက သွေးမိစ္ဆာဧကရာဇ်၏ ရှေ့သို့ ပြန်လည်ရောက်ရှိလာ၏။

သွေးမျက်နှာဖုံးမရှိတော့သည့်အခါ သွေးမိစ္ဆာဧကရာဇ်၏ အော်ရာနှင့်ခွန်အားက သိသိသာသာ လျော့ကျသွား၏။

အချိန်တိုအတွင်းမှာ သိုင်းတာအိုပင်မခန္ဓာနှင့် ဆန့်ကျင်တိုက်ခိုက်ရင်း သူသည် ဒဏ်ရာများစွာရရှိကာ သိသိသာသာအိုစာသွားလေသည်။

အခြားသော တိုက်ပွဲနယ်မြေတွင်....။

အစစ်အမှန်ခန္ဓာနှစ်ခု၏ ဝန်းရံတိုက်ခိုက်မှုမှာ ထောင်ဝူသားရဲဧကရာဇ်က သူ၏ လမ်းဆုံးသို့ ရောက်ရှိနေလေပြီ။

နဂါးဖီးနစ်အစစ်အမှန်ခန္ဓာသည် သူ၏ ကြောက်စရာကောင်းသော လက်သည်းများကို ထုတ်ဖော်ပြီး ထောင်ဝူသားရဲဧကရာဇ်နှင့် အနီးကပ်လုံးထွေးသတ်ပုတ်လိုက်၏။ သူက ရူးသွပ်စွာ ကိုက်ခဲပြီး သူ၏ ပင်ကိုနတ်ဘုရားစွမ်းအားများကို ထပ်တလဲလဲထုတ်ဖော်နေ၏။

လောကက လှုပ်ခါသွားပြီး တိုက်ပွဲနယ်မြေရှိလေဟာနယ်က အက်ကွဲကြောင်းများဖြင့် ပြည့်နှက်လာ၏။

နဂါးဖီးနစ်အစစ်အမှန်ခန္ဓာသည် ထောင်ဝူသားရဲဧကရာဇ်ကို တင်းကျပ်စွာ ကန့်သတ်ချုပ်နှောင်ထားလေသည်။

ဆူဇီမိုသည် သိုင်းတာအိုပင်မခန္ဓာထံမှ စတုရန်းကြေးမီးဖိုကို လက်ခံရယူပြီး ၎င်းကို ကိုင်မြှောက်လိုက်၏။ သူက လေထဲသို့ခုန်တက်ပြီး ထောင်ဝူသားရဲဧကရာဇ်၏ ဦးခေါင်းကို စတုရန်းကြေးမီးဖိုဖြင့် ပစ်ရိုက်လိုက်၏။

ဘန်း....

ထောင်ဝူသားရဲဧကရာဇ်သည် နဂါးဖီးနစ်အစစ်အမှန်ခန္ဓာ၏ ကန့်သတ်ချုပ်နှောင်ထားမှုကြောင့် အဲ့ဒါကို မရှောင်တိမ်းနိုင်တော့ပေ။ သူသည် သူ၏ ခေါင်းကိုသာ အနည်းငယ်စောင်းငဲ့ပြီး သေကွင်းသေကွက်ကို ရှောင်တိမ်းလိုက်ရ၏။

စတုရန်းကြေးမီးဖိုက သူ၏ ပခုံးပေါ်သို့ ပြင်းထန်စွာကျဆင်းလာခဲ့လေသည်။ အရိုးများကျိုးပဲ့သံနှင့်အတူ ထောင်ဝူသားရဲဧကရာဇ်၏ ပခုံးက စတုရန်းကြေးမီးဖိုဖြင့် အပိုင်းပိုင်းကြေမွသွားလေသည်။

“ဂါး...”

သူက နာကျင်စွာဖြင့် ဟိန်းဟောက်လိုက်၏။

သူ့ခန္ဓာကိုယ်တစ်ဝက်သည် စတုရန်းကြေးမီးဖိုဖြင့် ကျိုးကြေမွလုနီးပါး ဖြစ်သွား၏။

ဖောက်...

နဂါးဖီးနစ်အစစ်အမှန်ခန္ဓာက အခွင့်အလမ်းကိုချိန်ဆပြီး ထောင်ဝူသားရဲဧကရာဇ်၏ ဦးခေါင်းကို ဖမ်းကိုက်လိုက်လေသည်။

လတ်ဆတ်သောသွေးများက အဘက်ဘက်သို့ ပြန့်ကျဲသွား၏။

ထောင်ဝူသားရဲဧကရာဇ်၏ အမြုတေစိတ်ဝိညာဥ်က ထွက်ပြေးလွတ်မြောက်နိုင်စွမ်းမရှိခင်မှာပင် ၎င်းပေါ်သို့ အရိပ်တစ်ခုက အုပ်မိုးလွှမ်းခြုံလာခဲ့၏။

စတုရန်းကြေးမီးဖိုက နောက်တစ်ဖန်ဆင်းသက်လာခြင်းဖြစ်လေသည်။

ဘန်း...

ထောင်ဝူသားရဲဧကရာဇ်၏ အမြုတေစိတ်ဝိညာဥ်က နေရာမှာပင် ပျက်စီးသွားလေသည်။

သွေးမိစ္ဆာဧကရာဇ်၏ ဒုတိယမြောက်ကိုယ်ပွားကလည်း သေဆုံးသွားလေပြီ။

ကိုယ်ပွားနှစ်ခုက သေဆုံး၍ သွေးမျက်နှာဖုံးကိုလည်း ဆုံးရှုံးလိုက်ရပြီးနောက် သွေးမိစ္ဆာဧကရာဇ်၏ ခွန်အားက ကြီးမားစွာလျော့ကျသွားလေသည်။

“သွေးမိစ္ဆာ... သေဖို့သာပြင်ပေတော့”

သိုင်းတာအိုပင်မခန္ဓာ၏ အကြည့်က သိပ်သည်းစုဖွဲ့လာခဲ့ပြီး သူ၏တိုက်ခိုက်မှုများက ပို၍ကြမ်းကြုတ်ခက်ထန်လာ၏။

သူသည် သွေးမိစ္ဆာဧကရာဇ်ကို အသက်ရှုခွင့်မပေးဘဲ တရစပ်ထိုးနှက်လိုက်လေသည်။

ဘန်း... ဘန်း.... ဘန်း....

နောက်ဆုံးမှာတော့ သွေးမိစ္ဆာဧကရာဇ်သည် အဲ့ဒါကို ခံနိုင်ရည်မရှိတော့ဘဲ သူ၏ ခံစစ်က ကျိုးပျက်ကာ သိုင်းတာအိုပင်မခန္ဓာထံမှ ထိုးချက်တစ်ချက်က သူ၏ ရင်ဘတ်ပေါ်သို့ ပြင်းထန်စွာ ကျဆင်းသွားလေသည်။

ထိုထိုးချက်သည် သွေးမိစ္ဆာဧကရာဇ်၏ ခန္ဓာကိုယ်ထဲရှိ အသက်ဓာတ်အားကို ပြတ်တောက်လုနီးပါးဖြစ်သွားလေသည်။

သွေးမိစ္ဆာဧကရာဇ်၏ သွေးချီက စတင်၍ အလျင်အမြန် ယို့ယွင်းပျက်စီးလာပြီး သူ၏ အသက်ဓာတ်အားကလည်း ပျက်စီးလာခဲ့၏။

လက်ရှိ သွေးမိစ္ဆာဧကရာဇ်သည် အစကလို သူ၏ ခမ်းနားထည်ဝါမှုတို့ ဆက်လက်၍ မရှိတော့ပေ။ သူ၏ ခန္ဓာကိုယ်က ယိုယွင်းပျက်စီးနေပြီး သူ၏ ဆံပင်များက ဖိုသီဖတ်သီဖြစ်နေ၏။

သူသည် ဒဏ်ရာများဖြင့် ပြည့်နှက်နေပြီး သူ၏ လမ်းဆုံးသို့ ရောက်ရှိနေလေပြီ။

“ဟီးဟီးဟီးဟီး “

ရုတ်တရက် သွေးမိစ္ဆာဧကရာဇ်က ရူးသွပ်သွားသည့်ပုံစံဖြင့် ရယ်မောလိုက်ပြီး ရေရွတ်ပြောဆိုလိုက်လေသည်။

“နောက်ဆုံးတော့... ငါက ရှုံးနိမ့်ရတာပါပဲ ဟား...ဟား...ဟား...ဟား”

သွေးမိစ္ဆာဧကရာဇ်သည် ဆူဇီမိုကို ရည်ညွှန်းပြောဆိုနေခြင်း မဟုတ်သည်မှာ သိသာလေသည်။ ရယ်သံက တဖြည်းဖြည်း ရပ်တန့်သွားပြီး သွေးမိစ္ဆာဧကရာဇ်သည် သူ၏ ခေါင်းကို ရုတ်တရက်မော့လိုက်၏။ သူက သိုင်းတာအိုပင်မခန္ဓာကို စိမ်းစိမ်းဝါးဝါး စိုက်ကြည့်ပြီး အံကိုကြိတ်လိုက်လေသည်။

“အထီးကျန်သိုင်းသခင်... ကိုယ်တော်တာမင်းကြောင့်သာမဟုတ်ရင် မင်းက ငါ့ကိုနိုင်မှာ မဟုတ်ဘူး”

သိုင်းတာအိုပင်မခန္ဓာက မည်သည့်စကားမှ မဆိုပေ။

ကိုယ်တော်တာမင်းက သူ့ကိုယ်သူ စွန့်လွှတ်စတေးခံ၍ သွေးမိစ္ဆာဧကရာဇ်၏ ကိုယ်ပွားတစ်ခုကို ဖျက်ဆီးခဲ့ခြင်းကြောင့်သာမဟုတ်လျှင် ဤတိုက်ပွဲ၏ ရလဒ်ကို အမှန်တကယ်ပင် ကံသေကံမ ပြောဆိုနိုင်လိမ့်မည် မဟုတ်ပေ။

“အဲ့ဒါလဲ ကောင်းတာပါပဲ”

ရုတ်တရက် သွေးမိစ္ဆာဧကရာဇ်က ပြောလိုက်လေသည်။

“မင်းက ငါ့ထက်အရင်သေသွားခဲ့တယ်ဆိုမှတော့.... ငါက မင်းနောက်ကိုလိုက်ပြီး မင်းကိုလာရှာမယ်... ငါတို့ ငရဲဘုံမှာ ထပ်ပြီးတိုက်ခိုက်ကြမယ်”

သွေးမိစ္ဆာဧကရာဇ်က သူ့ကိုယ်သူ သက်သေတော့မည်ဆိုတာကို သိုင်းတာအိုပင်မခန္ဓာက နားလည်သိရှိသွားပြီး သွေးမိစ္ဆာဧကရာဇ်ရှေ့သို့ ချက်ချင်းပင်ရောက်ရှိလာကာ သူ၏ အမြုတေစိတ်ဝိညာဥ်ကို ဖမ်းဆီးလိုက်၏။

သွေးမိစ္ဆာဧကရာဇ်မှာ လျှို့ဝှက်ချက်များစွာရှိနေဆဲ ဖြစ်၏။

မိစ္ဆာသွေးသန့်စင်ထုတ်သုတ္တန်ကို ဖန်တီးခဲ့သူက ဘယ်သူလဲ။

သွေးမိစ္ဆာဧကရာဇ်ကျင့်ကြံထားသော ကိုယ်ပွားခြင်းနည်းစနစ်က ဘာဖြစ်မလဲ။

သွေးမျက်နှာဖုံး၏ မူလဇာစ်မြစ်ကရော ဘာဖြစ်မလဲ။

သိုင်းတာအိုပင်မခန္ဓာသည် ထိုလျှို့ဝှက်များ၏ အဖြေကို ရယူချင်လေသည်။

All Chapters