← Chapters

ကောင်းကင်ဘုံကပ်ဘေး

Vol. 119 Ch. 1775

ကောင်းကင်ဘုံကပ်ဘေး

Vol. 119 Ch. 1775

ကျင့်ကြံခြင်းသည် ကောင်းကင်ဘုံကိုဖီဆန်သော အပြုအမူတစ်ခုဖြစ်ပြီး ခြေလှမ်းတိုင်းက ခက်ခဲလေသည်။

သည့်ယခင်က အဲ့ဒီမှာ အဆင့်ကြီးတစ်ဆင့်ချင်းစီအတွက် ကြီးမားသည့်အန္တရာယ်များရှိသော်လည်း အဲ့ဒါကို ကပ်ဘေးတစ်ခုဟု မခေါ်ဆိုနိုင်ခဲ့ပေ။

လူတစ်ယောက်သည် မဟာယာနအဆင့်သို့ ဝင်ရောက်လာသည့်အခါ နတ်ဘုရားစွမ်းအားကပ်ဘေးက ဆင်းသက်လာပေလိမ့်မည်။ သို့သော်လည်း နတ်ဘုရားစွမ်းအားကပ်ဘေးသည် ကောင်းကင်ဘုံကပ်ဘေးနှင့်ယှဥ်လျှင် မှိန်ဖျော့သွားပေလိမ့်မည်။

ကောင်းကင်ဘုံကပ်ဘေးများသည် ကမ္ဘာငယ်များမှာ ဖြတ်ကျော်ဖို့အတွက် အခက်ခဲဆုံးအဆင့်ဖြစ်လေသည်။

လူတစ်ယောက်က အဲ့ဒီကနေ ရှင်သန်နိုင်ခဲ့မည်ဆိုလျှင် ထိုသူသည် အင်မော်တယ်များဖြစ်လာဖို့အတွက် အထက်ဘုံသို့ တက်လှမ်းနိုင်မည်ဖြစ်၏။

သူတို့က ကျရှုံးသွားမည်ဆိုလျှင် သူတို့အတွက် ရလဒ်တစ်ခုသာလျှင် ရှိပေသည်။ သူတို့၏ ဝိညာဥ်များက ပျက်စီးပျက်ပြယ်သွားခြင်းပင်။

လူတစ်ယောက်သည် ကောင်းကင်ဘုံကို ဖီဆန်ပြီး ကျင့်ကြံချင်သည်ဆိုလျှင် ကောင်းကင်ဘုံကပ်ဘေး၏ ဆေးကြောသန့်စင်ခြင်းကို ခံယူရပေလိမ့်မည်။

ထျန်ဟွမ်ကုန်းမြေတိုက်မှာ ကျင့်ကြံသူတစ်ယောက်သည် ပကတိမဟာယာနအဆင့်သို့ ကျင့်ကြံနိုင်သည်နှင့်အမျှ သူတို့သည် ဧကရာဇ်များဖြစ်လာလို့ အန္တိမနတ်ဘုရားစွမ်းအားများကို နားလည်ဆင်ခြင်နိုင်ခြင်းမရှိလျှင်တောင် သူတို့သည် အထွတ်အထိပ်ကပ်ဘေးကို ဖြတ်ကျော်ဖို့ ရွေးချယ်နိုင်လေသည်။

ရှေးဟောင်းခေတ်မှာတုန်းက ပဟေဠိနန်းတော်၏ တည်ထောင်သူသခင်မ နတ်မိမယ်လင်းလုံသည် အန္တိမနတ်ဘုရားစွမ်းအားများကို နားလည်ဆင်ခြင်နိုင်ခဲ့ခြင်းမရှိပေ။ သို့သော်လည်း သူမသည် အထက်ဘုံသို့ တက်လှမ်းဖို့အတွက် အထွတ်အထိပ်ကပ်ဘေးကို ဖြတ်ကျော်ခဲ့လေသည်။

ကျင့်ကြံသူများသည် ပကတိမဟာယာနအဆင့်သို့ ကျင့်ကြံနိုင်သောအခါ ဤကမ္ဘာငယ်လေး၏ အဟန့်အတားကို ဖြတ်ကျော်ရန် သူတို့လုပ်စရာရှိသည်မှာ သူတို့၏ စိတ်ဝိညာဥ်အသိစိတ်များကို ထုတ်ဖော်ဖို့ဖြစ်လေသည်။ အဲ့ဒါက ကောင်းကင်ဘုံကပ်ဘေးကို ဆွဲဆောင်မည်ဖြစ်လေသည်။

ကမ္ဘာဦးခေတ်ကနေ ယခုအချိန်ထိ ပကတိမဟာယာနအဆင့်မှာတင် ကောင်းကင်ဘုံကပ်ဘေးကို ဆင့်ခေါ်ရဲသည့် ကျင့်ကြံသူများက မရှိသလောက် နည်းပါးလေသည်။ အဲ့ဒါက အရမ်းကို အန္တရာယ်များလွန်းသောကြောင့်ဖြစ်၏။

ဧကရာဇ်များစွာပင်လျှင် ကောင်းကင်ဘုံကပ်ဘေးကနေ ရှင်သန်နိုင်ဖို့ အာမခံချက်မရှိပေ။

အထွတ်အထိပ်ကပ်ဘေးကို ဖြတ်ကျော်စဥ် နတ်မိမယ်လင်းလုံသည် ကြီးမားသော အန္တရာယ်နှင့် တွေ့ကြုံခဲ့ရသည်ကို ဆူဇီမိုက ပဟေဠိနန်းတော်ရှိ မှတ်တမ်းတစ်ခုမှာ ဖတ်ရှုခဲ့ဖူးလေသည်။

နတ်မိမယ်လင်းလုံ၏ ပြိုင်ဘက်ကင်း မနောဗေဒင်တွက်ချက်မှုနှင့် အစီအရင်ဝင်္ကပါများအပေါ် သူမ၏ ကျွမ်းကျင်ပိုင်နိုင်မှုကြောင့်သာ မဟုတ်လျှင် သူမက ရှင်သန်နိုင်ခဲ့လိမ့်မည် မဟုတ်ပေ။

ပို၍အရေးကြီးသည်မှာ အထွတ်အထိပ်ကပ်ဘေးကို ဖြတ်ကျော်စဥ် လူတစ်ယောက်သည် သူ၏ ကိုယ်ပိုင်ခွန်အားအပေါ်သာ မှီခိုနိုင်လေသည်။

အခြားသူများက ဝင်ရောက်ကူညီမည်ဆိုလျှင် သူတို့ကပါ ရောပါငြိစွန်းခံရမည်ဖြစ်ပြီး ကပ်ဘေးဖြတ်ကျော်စဥ်အတွင်း အလှည့်အပြောင်းများစွာ ပေါ်ထွက်လာနိုင်၏။

အဲ့ဒီမှာရှေးဟောင်းခေတ်တုန်းက အထွတ်အထိပ်ကပ်ဘေးကို ဖြတ်ကျော်ခဲ့သော ပညာရှင်များ ချန်ထားရစ်ခဲ့သည့် အဖိုးတန်အတွေ့အကြုံများရှိလေသည်။

သို့သော်လည်း မှတ်တမ်းတင်ထားသည့် ထိူအတွေ့အကြုံများက ဘယ်လောက်ပင် အဖိုးတန်သည်ဖြစ်စေ သူတို့သည် အထွတ်အထိပ်ကပ်ဘေး ဖြတ်ကျော်ခြင်းဖြစ်စဥ်ကို ကိုယ်တိုင်မြင်တွေ့ရမည့် အတွေ့အကြုံကို မယှဥ်နိုင်ပေ။

သိုင်းဧကရာဇ်၏ အထွတ်အထိပ်ကပ်ဘေးဖြတ်ကျော်မည့်သတင်းက လူအများ၏ အာရုံစိုက်ရာဖြစ်လာခဲ့၏။

ထျန်ဟွမ်ကုန်းမြေတိုက်မှ ပညာရှင်များသည် အချက်တစ်ချက်ကို သိထားလေသည်။

သိုင်းဧကရာဇ်သည် အထွတ်အထိပ်ကပ်ဘေးကို သေချာပေါက်ဖြတ်ကျော်တော့မည်ဖြစ်၏။

သို့သော်လည်း သိုင်းဧကရာဇ်မှာ အစစ်အမှန်ခန္ဓာသုံးခုရှိပြီး သူသည် အထွတ်အထိပ်ကပ်ဘေးကို ဖြတ်ကျော်ဖို့အတွက် ဘယ်ခန္ဓာကို ရွေးချယ်မလဲ မည်သူကမှ မသိရှိကြပေ။

“ငါသာ သိုင်းဧကရာဇ်ဆိုရင် ငါက အထွတ်အထိပ်ကပ်ဘေးကို ငါ့ရဲ့အစစ်အမှန်ခန္ဓာတစ်ခုနဲ့ အရင်ဆုံးစမ်းပြီး ဖြတ်ကျော်ကြည့်မယ်... တခြားအစစ်အမှန်ခန္ဓာနှစ်ခုကတော့ အဲ့ဒီကနေ အတွေ့အကြုံယူနိုင်တာပေါ့”

“မှန်တာပေါ့... သူက အထွတ်အထိက်ကပ်ဘေးမှာ ကျရှုံးသွားမယ်ဆိုရင်တောင် သူ့မှာ အစစ်အမှန်ခန္ဓာနှစ်ခုကျန်နေဦးမယ်... ပထမအတွေ့အကြုံကိုယူပြီးရင် အဲ့ဒီအစစ်အမှန်ခန္ဓာနှစ်ခုက အဲ့ဒါကိုဖြတ်ကျော်ဖို့ ပိုပြီးလွယ်ကူသွားလိမ့်မယ်”

ဤအချိန်အတောအတွင်း မျိုးနွယ်စုတစ်သောင်းမှသက်ရှိများသည် သိုင်းတာအိုပင်မခန္ဓာ၏ အထွတ်အထိပ်ကပ်ဘေးအကြောင်းကို ထင်မြင်ချက်အမျိုးမျိုးဖြင့် ဆွေးနွေးနေကြ၏။

ဤနေ့မှာ အသံတစ်သံက ရုတ်တရက်ပေါ်ထွက်လာပြီး ထျန်ဟွမ်ကုန်းမြေတိုက်၏ တစ်ထောင့်တစ်နေရာမကျန် ပျံ့နှံ့သွားလေသည်။

“ငါက အထီးကျန်သိုင်းသခင်ပဲ... နောက်ဆယ်ရက်နေရင် ငါက အရှေ့ပင်လယ်မှာ အထွတ်အထိပ်ကပ်ဘေးကို ဖြတ်ကျော်မယ်... လူတိုင်းပဲ ခင်ဗျားတို့တွေဆန္ဒရှိရင် လာရောက်ကြည့်ရှုနိုင်တယ်”

ထျန်ဟွမ်ကုန်းမြေတိုက်က လှုပ်လှုပ်ခတ်ခတ်ဖြစ်သွား၏။

ချက်ချင်းပင် ထျန်ဟွမ်ကုန်းမြေတိုက်၏ နေရာတစ်ဝန်းမှာ ပုံရိပ်ပေါင်းများစွာက ကောင်းကင်ထက်သို့ ပျံတက်လာပြီး အရှေ့ပင်လယ်ဘက်သို့ ဦးတည်လိုက်ကြ၏။

ထိုပုံရိပ်များထဲမှာအချို့သည် ကျင့်ကြံမှုအဆင့်နိမ့်ပြီး သူတို့က ဓမ္မဝိသေသ သို့မဟုတ် ပေါင်းစည်းခန္ဓာအဆင့်မှာသာရှိကြ၏။ သူတို့သည် မဟာယာနများကဲ့သို့ အရှေ့ပင်လယ်သို့ ချက်ချင်းဆင်းသက်ရန် လေဟာနယ်ကို ဆုတ်ဖြဲပစ်နိုင်ခြင်းမရှိပေ။

အဲ့ဒါကြောင့် ထိုကျင့်ကြံသူများက အရှေ့ပင်လယ်သို့ ယခုချက်ချင်း ကြိုတင်ထွက်ခွာရမည်ဖြစ်၏။

ဓမ္မဝိသေသနှင့် ပေါင်းစည်းခန္ဓာအဆင့်များသည် အထွတ်အထိပ်ကပ်ဘေးကို ဖြတ်ကျော်ရန် အလွန်တရာဝေးကွာလွန်းသေးသော်လည်း မည်သူကမှ ဤအခွင့်အရေးကို လက်လွှတ်မခံလိုကြပေ။

“သိုင်းဧကရာဇ်ရဲ ဘယ်အစစ်အမှန်ခန္ဓာက အထွတ်အထိပ်ကပ်ဘေးကို အရင်ဆုံးဖြတ်ကျော်မယ်လို့ထင်လဲ”

“အဲ့ဒါက နဂါးဖီးနစ်အစစ်အမှန်ခန္ဓာဖြစ်မယ်လို့ ငါထင်တယ်... ဘာပဲပြောပြော... နဂါးဖီးနစ်က တဗူးသတ္တဝါပဲ... သူက အထွတ်အထိပ်ကပ်ဘေးကို ဖြတ်ကျော်ဖို့ ပိုပြီးတော့အခွင့်များတယ်”

“ငါကတော့... အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာဖြစ်မယ်လို့ထင်တယ်... ဘာပဲပြောပြော အဲ့ဒါက စကြဝဠာရဲ့ အဆုံးစွန်ရတနာတစ်ခုပဲ”

ပြီးခဲ့သည့်ဆယ်ရက်အတွင်း အရှေ့ပင်လယ်ပတ်လည်မှာ ကျင့်ကြံသူများက စုဝေးလာကြ၏။

အဲ့ဒီမှာ ကျင့်ကြံသူများအပြင် မျိုးနွယ်စုတစ်သောင်းမှ ပညာရှင်များလည်း ပါဝင်လာလေသည်။

သူတို့ကြားမှာ ရင်းနှီးနေကျ မျက်နှာများစွာကိုလည်း တွေ့မြင်နိုင်၏။

မျောက် ၊ စိတ်ဝိညာဥ်ကျား ၊ ချင်ချင် ၊ ညဝိညာဥ် ၊ မြေခွေးလေးနှင့် ရွှေခြင်္သေ့တို့ကလည်း သူတို့ကြားမှာပါဝင်လာ၏။

နန်းကြည်သည် နတ်ဘုရားကုန်းမြေတိုက်ကနေ အပြေးအလွှားရောက်ရှိလာပြီး ထောင်ယောင်နှင့် ပခုံးချင်းယှဥ်ရပ်နေ၏။ သူမ၏ မိတ်ဆွေဟောင်းများရှေ့မှာ သူမသည် နတ်ဘုရားဧကရီ၏ မောက်မာဝံ့ကြွားမှု နည်းနည်းကလေးမှ မရှိပေ။

ပေမင်ရွှယ်နှင့် ခွန်ဖန်းကလည်း ရောက်ရှိလာကြ၏။

ကြင်ယာတော်ယု ၊ အဆူရာနှင့် အဆုံးစွန်မီးတို့ကလည်း လူအုပ်ကြီးထဲမှာ ပါဝင်လာလေသည်။ လင်းရွှမ်ကျီ ၊ မင်းကျန် ၊ ဖက်တီးလေး ၊ ရှစ်ကျန့်နှင့် အခြားသူများကလည်း အတူတကွ မတ်တတ်ရပ်နေကြ၏။

လူသားမျိုးနွယ်နှင့် မျိုးနွယ်စု အမျိုးမျိုးမှ ဧကရာဇ်များသည်။ လေဟာနယ်ကို ဆုတ်ဖြဲ၍ အရှေ့ပင်လယ်သို့ ဆင်းသက်လာကြ၏။

တစ်ခဏချင်းမှာပင် ဆယ်ရက်တာက ကုန်လွန်သွားခဲ့၏။

ရုတ်တရက်ဆိုသလို...

အရှေ့ပင်လယ်၏ အထက်မှာ အက်ကွဲကြောင်းသုံးခု ပေါ်ထွက်လာပြီး စွမ်းအားကြီးမားသော အော်ရာများနှင့်အတူ လူသုံးယောက်က လျှောက်လှမ်းထွက်လာ၏။

ဆူဇီမို၏ အစစ်အမှန်ခန္ဓာသုံးခုက တစ်ချိန်တည်းမှာ ဆင်းသက်ရောက်ရှိလာ၏။

အစစ်အမှန်ခန္ဓာ သုံးခုသည် ခပ်ခွာခွာမတ်တတ်ရပ်လိုက်ကြပြီး တည်ငြိမ်သော အမူအရာများနှင့်အတူ ကောင်းကင်ထက်ကို မော့ကြည့်လိုက်ကြ၏။

လူတိုင်း၏ အကြည့်သည် ဆူဇီမို၏ အစစ်အမှန်ခန္ဓာ သုံးခုပေါ်သို့ စိုးရိမ်ပူပန်စွာဖြင့် ကျရောက်လာကြ၏။

ရုတ်တရက်... လင်းရွှမ်ကျီက မျက်မှောင်ကြုတ်ပြီး တီးတိုးမေးမြန်းလိုက်၏။

“အဖိုးကြီး... ညီကိုဆူရဲ့ ဘယ်အစစ်အမှန်ခန္ဓာက အထွတ်အထိပ်ကပ်ဘေးကို အရင်ဆုံး ဖြတ်ကျော်မယ်လို့ ပြောထားလဲ”

“မပြောထားဘူး”

ပုံပြောအဖိုးအို၏ အမူအရာကလည်း တည်ကြည်လေးနက်နေ၏။

“ကြည့်ရတာတော့ သိုင်းဧကရာဇ်က သူ့ရဲ့ အစစ်အမှန်ခန္ဓာနှစ်ခုနဲ့အတူ အထွတ်အထိပ်ကပ်ဘေးကို ဖြတ်ကျော်တော့မယ်ထင်တယ်”

ရုတ်တရက်ဆိုသလို...

ဆူဇီမို၏ အစစ်အမှန်ခန္ဓာသုံးခုက သူတို့၏ ကြောက်စရာကောင်းသော စိတ်ဝိညာဥ်အသိစိတ်များကို တစ်ချိန်တည်းမှာ ထုတ်ဖော်လိုက်ကြပြီး သူတို့သည် ကောင်းကင်ထက်သို့ တရိပ်ရိပ်ထိုးတက်ကာ တိမ်စိုင်များကို ဖြတ်ကျော်၍ ထျန်ဟွမ်ကုန်းမြေတိုက်၏ အဟန့်အတားကို သွားရောက်ရိုက်ခတ်လေသည်။

“ဟာ...”

လူတိုင်းက တုန်လှုပ်သွားပြီး ရုတ်ရုတ်သဲသဲဖြစ်သွားကြ၏။

“သိုင်းဧကရာဇ်က တော်တော်ရဲတင်းတာပဲ”

“သိုင်းဧကရာဇ်က နဲနဲတော့ စိတ်ကြီးဝင်ရာမကျဘူးလား... တကယ်လို့...”

“သိုင်းဧကရာဇ်က သူ့ရဲ့ အစစ်အမှန်ခန္ဓာသုံးခုနဲ့ အထွတ်အထိပ်ကပ်ဘေးကို ဖြတ်ကျော်ဖို့ တစ်ချိန်တည်းမှာ ကြိုးစားရဲတယ်ဆိုတော့ တကယ့်ကိုရဲတင်းတာပဲ”

ချက်ချင်းပင် လူအုပ်ကြီးထဲမှ အုန်းအုန်းကျတ်ကျတ်အသံများ ထွက်ပေါ်လာ၏

ပုံပြောအဖိုးအိုသည်ပင် ရင်တစ်ချက်ထိတ်သွားပြီး သူ့ဘာသာသူ ပြောလိုက်၏။

“အဲ့ဒါက နဲနဲတော့ မဆင်မခြင်လုပ်ရာကျတယ်”

လူတိုင်းဆွေးနွေးနေစဥ် အရှေ့ပင်လယ်၏ အထက်ကောင်းကင်မှာ နက်မှောင်နေသော တိမ်စိုင်များက တစ်ခဏချင်းမှာ ပြည့်နှက်လာခဲ့၏။ သူတို့သည် ပိန်းပိတ်အောင်နက်မှောင်နေပြီး အလွန်ကြီးမားသော တိမ်စိုင်သုံးခုက အစစ်အမှန်ခန္ဓာသုံးခု၏ အထက်မှာ လွင့်မျောလာခဲ့၏။

ဘုန်း... ဘုန်း.... ဘုန်း...

အရှေ့ပင်လယ်အထက်မှာ လေပြင်းများက အော်မြည်တိုက်ခတ်ပြီး လျှပ်စီးများက တဖျတ်ဖျတ်လက်ကာ နက်မှောင်နေသော တိမ်စိုင်များအတွင်း မိုးချုန်းသံများက တဝုန်းဝုန်းထွက်ပေါ်လာ၏။

အနက်ရောင်တိမ်စိုင်သုံးခုသည် ကောင်းကင်တစ်ခွင်အုပ်မိုးပြီး မျိုးနွယ်စုတစ်သောင်းမှသက်ရှိများကို တုန်လှုပ်ချောက်ချားစေမည့် သိပ်သည်းပြင်းထန်သော နတ်ဘုရားစွမ်းအားတစ်ခုကို ဖြာထုတ်ပေးလိုက်၏။

မျိုးနွယ်စုတစ်သောင်းမှပညာရှင်များသည် အဝေးသို့ဆုတ်ခွာသွားကြပြီဖြစ်ပြီး ကုန်းမြေတိုက်များပေါ်မှာ မတ်တတ်ရပ်ကာ အရှေ့ပင်လယ်ကို အဝေးကနေ ကြည့်ရှုနေကြ၏။

သူတို့သည် ကောင်းကင်ဘုံကပ်ဘေးဖြင့် ရောပါငြိစွန်းခံရမည်ကိုစိုးသည့်အတွက် ရှေ့သို့တက်ရဲခြင်း မရှိကြပေ။

သိုင်းတာအိုပင်မခန္ဓာ၏ အထက်ရှိတိမ်စိုင်က သိသာထင်ရှားစွာ ပို၍ကြီးမားသည်ကို လူတိုင်းကရှင်းလင်းစွာ တွေ့မြင်လိုက်ရ၏။

နဂါးဖီးနစ်အစစ်အမှန်ခန္ဓာ နှင့် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာ၏ အထက်ရှိတိမ်စိုင်များက အရွယ်အစားအားဖြင့် မတိမ်းမယိမ်းမှာရှိလေသည်။

အနက်ရောင်တိမ်စိုင်များက တဖြည်းဖြည်းလည်ပတ်လာပြီး ဧရာမဝဲကတော့တစ်ခုအဖြစ် တဖြည်းဖြည်းပြောင်းလဲသွား၏။

အနီရောင်ဖျော့ဖျော့ လျှပ်စီးလျှပ်ပန်းများက တိမ်စိုင်များကြားမှာ တဖျတ်ဖျတ်လက်လာပြီး ကြောက်စရာကောင်းသောစွမ်းအားနှင့်အတူ ဝဲကတော့၏ အလယ်ဗဟိုသို့ စုဝေးလာလေသည်။

အနီရောင်မိုးကြိုးလျှပ်စီးကို တွေ့မြင်သောအခါ ကျင့်ကြံသူများက တုန်လှုပ်သွားကြ၏။

“အဲ့ဒါက အနီရောင်မိုးကြိုးပဲ”

“အဲ့ဒီကောင်းကင်ဘုံကပ်ဘေးက သာမန်မိုးကြိုးကပ်ဘေးဖြစ်မယ်လို့ မင်းထင်တာလား... အဲ့ဒီကောင်းကင်ဘုံကပ်ဘေးမှာ အရမ်းကိုမြင့်မားတဲ့ အဖျက်စွမ်းအားတစ်ခုပါဝင်နေတယ်”

သာမန်မိုးကြိုးလျှပ်စီးများသည် အရောင်မဲ့ သို့မဟုတ် အဖြူရောင်ဖြစ်လေသည်။ သို့သော်လည်း လက်ရှိကောင်းကင်ဘုံမိုးကြိုးက အနီရောင်ဖြစ်၏။

ကောင်းကင်ဘုံမိုးကြိုးက ဆင်းသက်လာတော့မည့်ဆဲဆဲ ဖြစ်လေသည်။

အနက်ရောင်တိမ်စိုင်ဝဲကတော့၏ အလယ်ဗဟိုက ကျိန်းစပ်နေသော အနီရောင်အလင်းနှင့်အတူ တောက်ပလာခဲ့ပြီး ကီလိုမီတာထောင်ချီကိုရောင်ပြန်ဟပ်ကာ တောင်တန်းများနှင့်မြစ်များကို လင်းထိန်သွားစေ၏။ လောကတစ်ခုလုံးက အနီရောင်အလင်းဖြင့် ဖုံးအုပ်သွားသည်ဟု ထင်ရ၏။

ဝုန်း...

တစ်ချိန်တည်းနီးပါးမှာပင် အနီရောင်မိုးကြိုးတစ်စင်းက အနက်ရောင်တိမ်စိုင်သုံးခု၏ အလယ်ဗဟိုကနေ ဆင်းသက်လာခဲ့ပြီး ဆူဇီမို၏ အစစ်အမှန်ခန္ဓာသုံးခုကို ပစ်ချလိုက်၏။

နဂါးဖီးနစ်အစစ်အမှန်ခန္ဓာနှင့် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် တောက်လောင်ပြင်းပြသော အကြည့်များနှင့်အတူ သူတို့၏ မျက်နှာများကိုမော့ကာ မတ်တတ်ရပ်နေကြ၏။ သူတို့သည် ဆင်းသက်လာသော ကောင်းကင်ဘုံမိုးကြိုးကိုကြည့်ပြီး မည်သည့်နည်းလမ်းကိုမှ အသုံးပြုခြင်းမရှိပေ။

“သိုင်းဧကရာဇ်က ဘာလုပ်နေတာလဲ”

“သူက ကောင်းကင်ဘုံကပ်ဘေးကို ခုခံဖို့အတွက် ဓမ္မရတနာ ဒါမှမဟုတ် နတ်ဘုရားစွမ်းအားတစ်ခုခုကို ဘာလို့မထုတ်ဖော်သေးတာလဲ”

“သိုင်းဧကရာဇ်က ကောင်းကင်ဘုံကပ်ဘေးရဲ့ စွမ်းအားကို သူ့ရဲ့ခန္ဓာကိုယ်နဲ့ ခုခံချင်နေတာတော့ မဟုတ်ဘူးမလား”

လူအုပ်ကြီးက တုန်လှုပ်သွားကြ၏။

တစ်ခဏချင်းမှာပင် အနီရောင်ကောင်းကင်ဘုံမိုးကြိုးနှစ်စင်းက နဂါးဖီးနစ်အစစ်အမှန်ခန္ဓာနှင့် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာပေါ်သို့ ဆင်းသက်လာခဲ့၏။ သို့သော်လည်း အစစ်အမှန်ခန္ဓာနှစ်ခုက မှင်သေသေဖြင့် ရှိနေပြီး အနီရောင်မိုးကြိုးလျှပ်စီးများက သူတို့၏ ခန္ဓာကိုယ်များကို တဖျောက်ဖျောက်မြည်သံများနှင့်အတူ ရစ်ခွေနေလေသည်။

အစစ်အမှန်ခန္ဓာနှစ်ခုက ကောင်းကင်ဘုံကပ်ဘေးကနေ မထိမခိုက်ခုခံနိုင်ခဲ့၏။

အခြားတစ်ဘက်မှာ သိုင်းတာအိုပင်မခန္ဓာသည် ဆင်းသက်လာသော ကောင်းကင်ဘုံကပ်ဘေးကို ကြည့်ပြီး ပို၍ပင် လွှမ်းမိုးခြယ်လှယ်နိုင်စွမ်းရှိနေ၏။ သူက ဆင်းသက်လာသော ကောင်းကင်ဘုံကပ်ဘေးကို လက်ဖြင့်ဖမ်းဆွဲပြီး အဲ့ဒါကို ဖျစ်ညှစ်လိုက်လေသည်။

ဘုန်း...

ကောင်းကင်ဘုံကပ်ဘေးက သိုင်းတာအိုပင်မခန္ဓာ၏ လက်ဖဝါးထဲမှာ ပေါက်ကွဲထွက်သွား၏။

All Chapters