← Chapters

ပြန်လည်မွေးဖွားလာခြင်း

Vol. 119 Ch. 1777

ပြန်လည်မွေးဖွားလာခြင်း

Vol. 119 Ch. 1777

မိုးကြိုးကပ်ဘေးကိုးခုက ပြီးဆုံးသွားသော်လည်း ကောင်းကင်ထက်ရှိ အနက်ရောင်တိမ်စိုင်များက လုံးဝပျက်ပြယ်မသွားဘဲ ဆူဇီမို၏ အစစ်အမှန်ခန္ဓာသုံးခုထက်မှာ ချာလပတ်လည် လှည့်ပတ်နေဆဲ ဖြစ်၏။

သူတို့က နက်မှောင်၍ သိပ်သည်းလေးလံပြီး အဲ့ဒီမှာ ကြောက်စရာကောင်းသော စွမ်းအားတချို့ပါဝင်နေ၏။

သိပ်မကြာခင် အနက်ရောင်တိမ်စိုင်များက ပြောင်းလဲသွားပြီး တစ်ခဏချင်းမှာပင် ဆူဇီမို၏ အစစ်အမှန်ခန္ဓာသုံးခုအထက်မှာ နောက်ထပ် ထူထဲသော တိမ်စိုင်သုံးခုကို ဖြစ်ပေါ်လာစေ၏။

ထိုတိမ်စိုင်များသည် မင်ရည်များ ကျဆင်းလာနိုင်သည့်အလား ယခင်ကထက် ပို၍ပင်ကြောက်စရာကောင်းလာခဲ့၏။

လျှပ်စီးက တဖျတ်ဖျတ်လက်၍ တိမ်စိုင်များထဲမှာ မိုးကြိုးများက တရုန်းရုန်းထကြွနေပြီး အရာရာတိုင်းကို ဝါးမျိုဖျက်ဆီးနိုင်သည့် ကြမ်းကြုတ်ခက်ထန်သော စိ​တ်ဆန္ဒတစ်ခုဖြင့် ပြည့်နှက်နေ၏။

အနက်ရောင်တိမ်စိုင်များက နောက်တစ်ဖန်လည်ပတ်လာပြီး တိမ်စိုင်များထဲရှိ အဆုံးမဲ့ မိုးကြိုးစွမ်းအားက ဝဲကတော့၏ အလည်ဆီသို့ စတင်စုဝေးလာကာ သိပ်သည်းပြင်းထန်သော မိုးကြိုးလျှပ်စီးများကို ဖြစ်ပေါ်လာစေ၏။

သို့သော်လည်း ဤတစ်ခေါက်မှာ အနီရောင်မိုးကြိုးကပ်ဘေး မဟုတ်တော့ဘဲ အဲ့ဒါက လိမ္မော်ရောင် မိုးကြိုးဖြစ်လာခဲ့၏။

မိုးကြိုးစီးကြောင်းများက လေထဲမှာ တဖျတ်ဖျတ်လက်ပြီး ပြိုးပြိုးပြက်ပြက်ရွှေရောင်အလင်းတန်းများနှင့်အတူ ပစ်လွင့်ထွက်ပေါ်လာခဲ့၏။

အဲ့ဒါသည် ပညာရှင်များစွာ တွေးထင်ထားသော မိုးကြိုးကပ်ဘေးထက် လုံးဝကို ကျော်လွန်သွားခဲ့ပြီဖြစ်၏။

အနက်ရောင်တိမ်စိုင်ဝဲကတော့၏ အလည်မှာ ရွှေရောင်အလင်းဖြင့် တောက်ပနေသော အလျှံညီးညီးနေတစ်စင်း ဖြစ်ပေါ်လာသည်ဟုထင်ရပြီး ၎င်းကို မရေမတွက်နိုင်သော မိုးကြိုးလျှပ်စီးများက ဝန်းရံထားလေသည်။

ဒုတိယမြောက် ကောင်းကင်ဘုံကပ်ဘေးက ရောက်ရှိလာခဲ့ပြီဖြစ်၏။

ရုတ်တရက်ဆိုသလို...

​ပြိုးပြိုးပြက်ပြက် ရွှေရောင်မိုးကြိုးကပ်ဘေးတစ်ခုက အနက်ရောင်တိမ်စိုင်ဝဲကတော့၏ အလယ်ကနေ ပစ်လွင့်ထွက်ပေါ်လာပြီး မရေမတွက်နိုင်သော လျှပ်စီးလျှပ်ပန်းများက ယှက်ဖြာသွားလေသည်။

မိုးကြိုးကပ်ဘေးသည် ငွားငွားစွင့်စွင့်မြင့်မားသော ရှေးဟောင်းသစ်ပင်တစ်ပင်ကဲ့သို့ ကောင်းကင်ထက်ကနေ ဆင်းသက်လာပြီး ဆူဇီမို၏ အစစ်အမှန်ခန္ဓာသုံးခုကို ပစ်ချလိုက်၏။

နဂါးဖီးနစ်အစစ်အမှန်ခန္ဓာနှင့် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် မည်သည့်နတ်ဘုရားစွမ်းအား သို့မဟုတ် မည်သည့်လျှို့ဝှက်အတတ် သို့မဟုတ် မည်သည့်ဓမ္မရတနာကိုမှ ထုတ်ဖော်ခြင်းမရှိပေ။ သူတို့သည် ဒုတိယမြောက်ကောင်းကင်ဘုံကပ်ဘေးကို သူတို့၏ ခန္ဓာကိုယ်များနှင့် ထိပ်တိုက်ရင်ဆိုင်ဖို့ ပြင်ဆင်လိုက်ကြ၏။

သိုင်းတာအိုပင်မခန္ဓာက တည်ငြိမ်သော အမူအရာတစ်ခုရှိ​နေပြီး စောစောကကဲ့သို့ပင် မိုးကြိုးကပ်ဘေးကို အရင်စ၍ တိုက်ခိုက်လိုက်၏။

ဘုန်း...

ရွှေရောင်မိုးကြိုးကပ်ဘေးက အစစ်အမှန်ခန္ဓာ နှစ်ခုကို ထိတွေ့သောအခါ ကျယ်လောင်သော မြည်သံထွက်ပေါ်လာ၏။

ကြောက်စရာကောင်းသော စွမ်းအားနှစ်ခုက အစစ်အမှန်ခန္ဓာနှစ်ခုကို ထိမှန်သွားပြီး သူတို့ကို လွင့်စင်ထွက်စေကာ လေထဲကနေ ပြုတ်ကျလုနီးပါးဖြစ်သွားစေ၏။

လူအုပ်ကြီးက လှုပ်လှုပ်ရှားရှားဖြစ်သွားကြလေသည်။

ဆူဇီမို၏ အစစ်အမှန်ခန္ဓာနှစ်ခုသည် ပထမကောင်းကင်ဘုံကပ်ဘေး၏ နောက်ဆုံးမိုးကြိုးကပ်ဘေးနှင့် ရင်ဆိုင်ချိန်မှာတောင် ဒဏ်ရာလုံးဝမရရှိခဲ့ပေ။

ယခု.. ဒုတိယမြောက်ကောင်းကင်ဘုံကပ်ဘေး၏ ပထမဆုံး မိုးကြိုးကပ်ဘေးကပင် ဆူဇီမို၏ အစစ်အမှန်ခန္ဓာနှစ်ခုကို လွင့်စင်ထွက်သွားစေလေသည်။

တစ်ဘက်မှာတော့ သိုင်းတာအိုပင်မခန္ဓာက ခါတိုင်းလိုပင် လွှမ်းမိုးခြယ်လှယ်နိုင်ဆဲ ဖြစ်၏။

သူက မည်သည့်နည်းလမ်းမှ အသုံးမပြုဘဲ ထိုးချက်တစ်ချက်နှင့်အတူ ရွှေရောင်မိုးကြိုးကပ်ဘေးကို ကြေမွသွားစေ၏။

မိုးကြိုးကပ်ဘေးမှာပါဝင်သော ကောင်းကင်နှင့်မြေကြီး အမြုတေချီက သိုင်းတာအိုပင်မခန္ဓာ၏ ခန္ဓာကိုယ်ထဲသို့ တဖြည်းဖြည်းစိမ့်ဝင်ပေါင်းစည်းလာခဲ့၏။

သိုင်းတာအိုပင်မခန္ဓာသည် သိုင်းတာအိုမီးဖိုနှင့်အတူ ၎င်းကို အရည်ဖျော်ချရင်း ရင်တစ်ချက်ထိတ်သွား၏။ မိုးကြိုးကပ်ဘေး၏ စွမ်းအားကို အာရုံခံရင်း သူသည် နားလည်သဘောပေါက်သွားသည့်အလား သူ၏ မျက်လုံးဝင်းလက်တောက်ပလာ၏။

“အဟွတ်.. အဟွတ်”

ဆူဇီမို၏ အစစ်အမှန်ခန္ဓာနှစ်ခုက ဖြည်းဖြည်းချင်း မတ်တတ်ထရပ်ပြီး ပင့်သက်ကိုရှိုက်လိုက်၏။

နဂါးဖီးနစ်အစစ်အမှန်ခန္ဓာ တဗူးသတ္တဝါဖြစ်ပြီး အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာက စကြာဝဠာ၏ အဆုံးစွန်ရတနာတစ်ခုဖြစ်သော်လည်း သူတို့သည် ယခုအချိန်မှာ သိုင်းတာအိုပင်မခန္ဓာနှင့် များစွာကွာဟသွားခဲ့ပြီဖြစ်၏။

စွမ်းအားကြီးမားသော မိုးကြိုးစွမ်းအားတစ်ခုက အဖျက်စွမ်းအားမြင့်မားသော အော်ရာတစ်ခုနှင့်အတူ အစစ်အမှန်ခန္ဓာနှစ်ခုအတွင်းမှာ ယှက်ဖြာသွားလေသည်။

အစစ်အမှန်ခန္ဓာနှစ်ခုသည် ပထမဆုံးထိုမိုးကြိုးကပ်ဘေးကနေ ပျက်စီးထိခိုက်မှုတချို့တွေ့ကြုံခံစားခဲ့ရ၏။

သို့သော်လည်း အစစ်အမှန်ခန္ဓာနှစ်ခုသည် သန်မာသော ပြန်လည်ကုသနိုင်စွမ်းရှိပြီး သူတို့၏ ဒဏ်ရာများက တလိပ်လိပ်တက်လာသောသွေးချီနှင့်အတူ တစ်ခဏတွင်းမှာ သက်သာပျောက်ကင်းလာခဲ့၏။

ဆူဇီမို၏ မျက်လုံးထဲမှာ မည်သည့်ကြောက်ရွံ့မှုမှ မရှိပေ။ ထိုအစား သူ၏ မျက်လုံးများက စိတ်လှုပ်ရှားမှုဖြင့် တလက်လက်တောက်ပနေ၏။

ဒုတိယမြောက် ကောင်းကင်ဘုံကပ်ဘေး၏ စွမ်းအားသည် ပထမတစ်ခုထက် များစွာပိုမိုသန်မာလာသည်မှာ သိသာ၏။

ဒုတိယမြောက်ကောင်းကင်ဘုံကပ်ဘေးကနေ ထုတ်ဖော်ပေးသည့် ကောင်းကင်နှင့်မြေကြီး အမြုတေချီကလည်း ပို၍သန့်စင်လာကာ ပို၍ပင်ကြွယ်ဝလာသည်ဟုလည်း ဆိုလိုလေသည်။

အန္တရာယ်များက အခွင့်အလမ်းများနှင့်အတူ တွဲဖက်နေ၏။

ဆူဇီမိုသည် ကပ်ဘေးဖြတ်ကျော်ခြင်းကနေ အကျိုးအမြတ်များစွာပိုမိုရရှိလေလေ သူသည် အထက်ဘုံသို့ရောက်ရှိသည့်အခါ ထိုနေရာနှင့် လိုက်လျောညီထွေမှုရှိလာနိုင်ပြီး ​ခြေကုပ်ကောင်းကောင်းရယူနိုင်ပေလိမ့်မည်။

ဘုန်း... ဘုန်း...

ဒုတိယမြောက်မိုးကြိုးကပ်ဘေးက ဆင်းသက်လာပြီး သူတို့သည် အစစ်အမှန်ခန္ဓာနှစ်ခုကို အသက်ရှုခွင့်ပင် ကောင်းကောင်းမပေးပေ။

ဝေါ...

တုန်ခါသံနှစ်သံက အစစ်အမှန်ခန္ဓာနှစ်ခုထဲကနေ ထွက်ပေါ်လာပြီး ဆူနာမီသံနှင့်အတူ သူတို့၏ သွေးချီက တရုန်းရုန်းထကြွလာ၏။

ဆူဇီမိုသည် မဆင်မခြင် မပြုမူရဲတော့ဘဲ မိုးကြိုးကပ်ဘေးနှင့် ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ရန် သူ၏ သွေးချီကို လှည့်ပတ်လိုက်၏။

ဘုန်း... ဘုန်း... ဘုန်း....

မိုးကြိုးကပ်ဘေးများက အဆက်မပြတ်ဆင်းသက်လာပြီး ဆူဇီမို၏ အစစ်အမှန်ခန္ဓာ သုံးခုကို ရူးသွပ်စွာပစ်ချနေ၏။

ဒုတိယမြောက်ကောင်းကင်ဘုံကပ်ဘေး၏ နောက်ပိုင်းသို့ ရောက်ရှိလေလေ ၎င်း၏ စွမ်းအားက ပို၍ကြောက်စရာကောင်းလာလေလေဖြစ်၏။

အစကတော့ ဆင်းသက်လာသော မိုးကြိုးကပ်ဘေးသည် ရှေးဟောင်းသစ်ပင်တစ်ပင်လောက်သာ တုတ်ခိုင်လေသည်။ နောက်ဆုံးမှာတော့ ဆင်းသက်လာသော မိုးကြိုးကပ်ဘေးသည် လူဆယ်ယောက်ကျော် ဖက်ထားရမည့် ကောင်းကင်ထောက်တိုင် နတ်ဘုရားကျောင်တိုင်တစ်ခုကဲ့သို့ ဖြစ်လာခဲ့၏။ ရွှေရောင်အလင်းများက ဝင်းလက်တောက်ပနေပြီး မိုးကြိုးလျှပ်စီးများက တရုန်းရုန်းထကြွနေ၏။ ၎င်းသည် ဆူဇီမို၏ အစစ်အမှန်ခန္ဓာနှစ်ခုကို လုံးဝဆွဲယူနှစ်မြှုပ်လိုက်လေသည်။

သိုင်းတာအိုပင်မခန္ဓာက လွှမ်းမိုးခြယ်လှယ်နိုင်စွမ်းရှိနေဆဲ ဖြစ်၏။ သူ၏ စွမ်းအားကြီးမားသော ခန္ဓာကိုယ်နှင့်အတူ သူက ကောင်းကင်ထက်သို့ နောက်တစ်ဖန်ခုန်တက်ပြီး မိုးကြိုးတိမ်စိုင်များကို ခြေမွှဖျက်ဆီးပစ်လိုက်၏။

“ကြည့်ရတာတော့... ဆူဇီမိုရဲ့ တတိယမြောက်အစစ်အမှန်ခန္ဓာက ဒီကပ်ဘေးကို ဖြတ်ကျော်နိုင်မယ်ဆိုတာ သံသယရှိစရာမလိုတော့ဘူး”

ပုံပြောအဖိုးအိုက ခေါင်းညိတ်လိုက်၏။

အခြားသောပညာရှင်များကလည်း ခေါင်းညိတ်လိုက်ကြ၏။

ယခုအချိန်ထိကို နဂါးဖီးနစ်အစစ်အမှန်ခန္ဓာနှင့် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာက အထွတ်အထိပ်ကပ်ဘေးဖြတ်ကျော်ခြင်းမှာ အောင်မြင်နိုင်ပါ့မလားဆိုတာ မသိရသေးပေ။

အတန်ကြာသွားပြီးနောက် ....။

မိုးကြိုးများက တဖြည်းဖြည်းပျက်ပြယ်သွားပြီး နဂါးဖီးနစ်အစစ်အမှန်ခန္ဓာနှင့် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာ၏ ပုံရိပ်များက ပေါ်ထွက်လာခဲ့၏။

အစစ်အမှန်ခန္ဓာနှစ်ခုသည် ဒုတိာမြောက်ကောင်းကင်ဘုံကပ်ဘေး၏ ထိခတ်ခြင်းကို ခံရပြီးနောက် ဆိုးဆိုးဝါးဝါး အခြေအနေသို့ ရောက်ရှိသွား၏။

သူတို့၏ အဝတ်အစားများက စုတ်ပြတ်သပ်နေပြီး ချောင်းတဟွတ်ဟွတ်ဆိုးကာ သူတို့၏ ခန္ဓာကိုယ်များကနေ အစိမ်းရောင်မီးခိုးများက အူထွက်နေ၏။

သို့သော်လည်း အစစ်အမှန်ခန္ဓာနှစ်ခု၏ အသက်ဓာတ်အားက ပေါ်ကြွယ်ဝနေဆဲ ဖြစ်ပြီး သူ၏ မျက်လုံးများကလည်း တောက်ပနေဆဲ ဖြစ်၏။

ဒုတိယမြောက်ကောင်းကင်ဘုံကပ်ဘေး၏ ဆေးကြောသန့်စင်မှုအောက်တွင် အစစ်အမှန်ခန္ဓာနှစ်ခုသည် အသွင်ပြောင်းလဲမှု တစ်ရပ်ကို ကြုံတွေ့ခဲ့ရပုံပေါ်၏။ သူတို့၏ အသွေးအသားများက ချို့ယွင်းချက်ကင်းမဲ့လာပြီး သူတို့၏ အရိုးများက မာကြောကြံ့ခိုင်လာကာ သူတို့၏ ကိုယ်တွင်းအင်္ဂါများက သလင်းရောင်များဖြင့် တလက်လက်တောက်ပနေ၏။

သူတို့၏ အော်ရာများက ပို၍ပင် အံမခန်းဖြစ်လာခဲ့လေသည်။

ယခုအချိန်တွင် သူ၏ အစစ်အမှန်ခန္ဓာနှစ်ခုသည် အထက်ဘုံ၏ ကောင်းကင်နှင့်မြေကြီး အမြုတေချီ၏ ဆေးကြောသန့်စင်ခြင်းကို ခံယူပြီး ပြန်လည်မွေးဖွားလာသည်ဟုထင်ရ၏။

ဘုန်း...ဘုန်း... ဘုန်း...

အစစ်အမှန်ခန္ဓာနှစ်ခုက အနားမယူနိုင်ခင်မှာပင် မိုးကောင်းကင်ထက်ကနေ နက်ရှိုင်း၍ စွမ်းအားကြီးမားသော နောက်ထပ်မိုးချုန်းသံတစ်သံက ထွက်ပေါ်လာ၏။

“တတိယမြောက်ကောင်းကင်ဘုံကပ်ဘေး ရောက်လာပြီပဲ”

ပုံပြောအဖိုးအိုက စိုးရိမ်ပူပန်သောအမူအရာနှင့်အတူ တီးတိုးရေရွတ်လိုက်၏။

အရင်တုန်းက ထာဝရလူသားဧကရာဇ်သည် အထက်ဘုံသို့ မတက်လှမ်းခင် ကောင်းကင်ဘုံကပ်ဘေးသုံးခုကို ဖြတ်ကျော်ခဲ့ရလေသည်။

“အချိန်ကိုက်ပဲ”

ဆူဇီမိုက ပမာမခန့်ပုံစံဖြင့် ရယ်မောလိုက်လေသည်။

ပညာရှင်များစွာသည် ပြန်ဝင်စားမွန်းစတားတစ်ယောက်ကို ကြည့်နေရသည့်အလား ဆူဇီမိုကို ကြည့်နေကြ၏။

တကယ်တော့... ကောင်းကင်ဘုံကပ်ဘေးထဲမှာ ကောင်းကင်နှင့်မြေကြီး အမြုတေချီပါဝင်သည်ဆိုတာကို သူတို့က မသိရှိကြပေ။

တတိယမြောက်ကောင်းကင်ဘုံကပ်ဘေးသည် စောစောက ကောင်းကင်ဘုံကပ်ဘေးနှစ်ခုထက် များစွာပိုမိုသန်မာလာသည်မှာ သိသာလေသည်။

၎င်းက ပို၍အန္တရာယ်များသော်လည်း တတိယမြောက်ကောင်းကင်ဘုံကပ်ဘေးအတွင်းမှာပါဝင်သည့် ကောင်းကင်နှင့်မြေကြီး အမြုတေချီကလည်း ပို၍သန့်စင်ကာ ပို၍ကြွယ်ဝလာသည်ဟု အဓိပ္ပါယ်ရလေသည်။

ဆူဇီမိုသည် အဲ့ဒီကနေရှင်သန်နိုင်မည်ဆိုလျှင် သူ့အတွက် တိုးတက်ပြောင်းလဲမှုက ပို၍ပင် သိသာထင်ရှားလာပေလိမ့်မည်။

မိုးကြိုးတိမ်စိုင်သုံးခုက မိုးကောင်းကင်ထက်မှာ အလျင်အမြန်စုစည်းလာ၏။

ဤတစ်ခေါက်မှာတော့ မိုးကြိုးကပ်ဘေး၏ အရောင်က နောက်တစ်ဖန်ပြောင်းလဲသွားပြီး ရွှေရောင်ကနေ အစိမ်းရောင်ဖြစ်လာခဲ့၏။

အစိမ်းရောင်မိုးကြိုးကပ်ဘေး...။

အနက်ရောင်တိမ်စိုင်များက စုစည်းလာပြီး မရေမတွက်နိုင်သော အစိမ်းရောင်မိုးကြိုးများက အလယ်မှာစုစည်းကာ တဖျတ်ဖျတ်တလက်လက်ဖြင့် တလိပ်လိပ်ထိုးတက်လာသော မြစ်တစ်စင်းကဲ့သို့ ဖြစ်ပေါ်လာ၏။

ဘုန်း... ဘုန်း...

မိုးကြိုးကပ်ဘေးက မိုးကြိုးတိမ်စိုင်သုံးခုထက်ကနေ ဆင်းသက်လာခဲ့လေသည်။

ဤတစ်ခေါက်မှာတော့ မည်သည့်အလင်းတန်းကိုမှ မတွေ့မြင်ရတော့ပေ။ မိုးကြိုးများအားလုံးသည် ဧရာမရေတံခွန်တစ်ခုကဲ့သို့ဖြစ်ပေါ်လာပြီး ဆူဇီမို၏ အစစ်အမှန်ခန္ဓာသုံးခုပေါ်သို့ လောင်းချလိုက်လေသည်။

“ဟာ...”

ဧကရာဇ်များက တုန်လှုပ်စွာဖြင့် ပင့်သက်ကို ရှိုက်လိုက်ကြ၏။

တတိယမြောက်ကောင်းကင်ဘုံကပ်ဘေးသည် အရမ်းကို ထကြွသောင်းကြမ်းလွန်းပြီး အဲ့ဒါသည် ယခင်ကပ်ဘေးနှစ်ခု ပေါင်းစည်းထားသည်ထက်ပင် ပို၍စွမ်းအားကြီးမားနေ၏။

ထိုစွမ်းအားသည် လူသားများ ခုခံရင်ဆိုင်နိုင်သော တစ်စုံတစ်ရာ မဟုတ်တော့ပေ။

“ခေါင်းသုံးလုံး လက်ခြောက်ဖက်”

အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာက အန္တိမနတ်ဘုရားစွမ်းအားတစ်ခုကို ထုတ်ဖော်ပြီး ကောင်းကင်ထက်သို့ ဟိန်းဟောက်လိုက်၏။ သူ၏ လက်ခြောက်ဖက်က ဓမ္မရတနာတစ်ခုစီကို ကိုင်ဆွဲပြီး မိုးကြိုးရေတံခွန်ရှိရာသို့ ပြေးဝင်သွားလေသည်။

“ဂါး...”

နဂါးဖီးနစ်အစစ်အမှန်ခန္ဓာကလည်း ဟိန်းဟောက်လိုက်ပြီး သူ၏ ခန္ဓာကိုယ်ပေါ်မှာ ဒေါသူပုန်ထနေသောမီးတောက်များက လောင်ကျွမ်းလာ၏။

နဂါးဖီးနစ်မီးတောက်များက အရာရာတိုင်းကို လောင်ကျွမ်းပြာချပစ်ချင်သည့်အလား ချစ်ချစ်တောက် အပူလှိုင်းတစ်ခုကို ဖြာထုတ်ပေးပြီး မိုးကြိုးစီးကြောင်းများကို ဆန်တက်သွား​လေသည်။

ဤတစ်ခေါက်မှာတော့... အစစ်အမှန်ခန္ဓာနှစ်ခုသည် မည်သည့်ထိန်ချန်မှုမှမရှိဘဲ သူတို့၏ နည်းလမ်းများကို ထုတ်ဖော်လိုက်ကြ၏။

သိုင်း​တာအိုပင်မခန္ဓာ၏ အမူအရာကလည်း တည်တံ့လာပြီး သူ၏ သွေးချီကို ဖြည်းဖြည်းချင်း လှည့်ပတ်လိုက်၏။

မိုးကြိုးရေတံခွန်က အရမ်းကိုကြောက်စရာကောင်းလေသည်။ သူက မဆင်မခြင်ပြုမူမိလျှင် သူသည် အလောင်းတစ်လောင်းပင်မကျန်ဘဲ တိုက်စားခံရနိုင်လေသည်။ သူ၏ ခန္ဓာကိုယ်ပင်လျှင် အဲ့ဒါကို ခံနိုင်ရည်ရှိချင်မှ ရှိပေလိမ့်မည်။

All Chapters