← Chapters

အဆင့် ၄ ကံကြမ္မာ စက်ကွင်း

Vol. 119 Ch. 1778

အဆင့် ၄ ကံကြမ္မာ စက်ကွင်း

Vol. 119 Ch. 1778

မိုးကြိုးလျှပ်စီး ရေတံခွန်သည် တဖျပ်ဖျပ် လက်နေသော လျှပ်စီးလျှပ်ပန်းများနှင့်အတူ ဆင်းသက်လာခဲ့ပြီး တရုန်းရုန်း ထကြွနေ၏။

နဂါးဖီးနစ်အစစ်အမှန်ခန္ဓာနှင့် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် နတ်ဘုရားစွမ်းအားများ၊ ဓမ္မရတနာများနှင့် လျှို့ဝှက်အတတ်များကို ခုခံဖို့အတွက် ထုတ်ဖော်လိုက်ရ၏။

ဘုန်း.. ဘုန်း.. ဘုန်း…

တစ်ကြိမ်ထိတွေ့ရိုက်ခတ်တိုင်း လောကက ပြင်းထန်စွာ တုန်ခါသွားလေသည်။

မိုးကြိုးလျှပ်စီး ရေတံခွန်သည် ကြေမွသွားပြီး ကျန်ရစ်ခဲ့သော သန့်စင်သည့် ကောင်းကင်နှင့်မြေကြီး အမြုတေချီများက နဂါးဖီးနစ်အစစ်အမှန်ခန္ဓာနှင့် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာထဲသို့ တလိပ်လိပ် တိုးဝင်လာကာ သူ၏ အသားတစ်မျှင်ချင်းစီနှင့် ပေါင်းစည်းနေ၏။

အစစ်အမှန်ခန္ဓာနှစ်ခုစလုံးက အလျင်အမြန် အသွင်ပြောင်းလဲလာပြီး သူတို့၏ အော်ရာများကလည်း အဆက်မပြတ် မြင့်တက်လာ၏။

တတိယမြောက် ကောင်းကင်ဘုံမိုးကြိုးကပ်ဘေး၏ မိုးကြိုးလျှပ်စီး ရေတံခွန်က ပို၍ပင် ကြမ်းကြုတ်ခက်ထန်လာခဲ့၏။

တစ်ကြိမ်ကြေမွသွားပြီးနောက်.. ၎င်းသည် တစ်ခဏချင်းမှာပင် နောက်တစ်ဖန် စုဖွဲ့လာပြီး ကောင်းကင်ထက်ကနေ နောက်တစ်ဖန် ဆင်းသက်လာခဲ့လေသည်။ ၎င်းသည် ကောင်းကင်ဘုံကိုးလွှာကနေ ဖိခြေကျဆင်းလာသော ကြယ်တာရာတစ်ခုကဲ့သို့ဖြစ်ပြီး အလွန်တရာ ရင်သပ်ရှုမောဖွယ်ရာကောင်းနေ၏။

တတိယမြောက် ကောင်းကင်ဘုံကပ်ဘေး၏ အောက်တွင် နဂါးဖီးနစ်အစစ်အမှန်ခန္ဓာနှင့် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာက သူတို့၏ အကန့်အသတ်များအထိ ရောက်ရှိလုနီးပါး ဖြစ်လာခဲ့၏။

အခြားတစ်ဖက်မှာတော့ သိုင်းတာအိုပင်မခန္ဓာက တတိယမြောက် ကောင်းကင်ဘုံကပ်ဘေးကို ခုခံရန် သူ၏ သွေးချီကို လှည့်ပတ်လိုက်ရလေပြီ။

တတိယမြောက် ကောင်းကင်ဘုံကပ်ဘေး၏ ထိတွေ့ရိုက်ခတ်မှုတွင် ကောင်းကောင်း မတ်တတ်ရပ်နေနိုင်သည့် တစ်ဦးတည်းသောသူက သိုင်းတာအိုပင်မခန္ဓာ ဖြစ်လေသည်။

နဂါးဖီးနစ်အစစ်အမှန်ခန္ဓာနှင့် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် မိုးကြိုးလျှပ်စီး ရေတံခွန်၏ ကြိမ်ဖန်များစွာ ဖိခြေခြင်းကို ခံနေရပြီး သူတို့က ဒဏ်ရာများ၊ သွေးများဖြင့် ပြည့်နှက်နေလေ​ပြီ။

နောက်ဆုံး မိုးကြိုးလျှပ်စီး ရေတံခွန်အောက်တွင် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာ၏ ဦးခေါင်းနှစ်လုံးနှင့် လက်လေးဖက်က ကြေမွပျက်စီးသွားခဲ့၏။

လူတိုင်း၏ ရှေ့မှောက်မှာပင် အစစ်အမှန်ခန္ဓာနှစ်ခုသည် ထပ်ဖန်တလဲလဲ လဲကျနေ၏။

သို့သော်လည်း တစ်ကြိမ်လဲကျပြီးတိုင်း သူတို့က​ ပြန်ထလာ​ပြီး သိပ်သည်းပြင်းထန်သော အော်ရာများနှင့်အတူ မိုးကြိုးလျှပ်စီးများဖြင့် ဆေးကြောသန့်စင်မှုကို ခံယူနေ၏။

နောက်ဆုံးမှာတော့…

တတိယမြောက် ကောင်းကင်ဘုံကပ်ဘေးက ပျက်ပြယ်သွားလေသည်။

နဂါးဖီးနစ်အစစ်အမှန်ခန္ဓာနှင့် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည်လည်း သူတို့၏ အကန့်အသတ်များနီးပါးဆီ ရောက်ရှိသွားခဲ့လေပြီ။ သူတို့သည် သည်းထန်စွာ မောဟိုက်နေရင်း သူတို့၏ သွေးချီများကို လှည့်ပတ်ကာ သူတို့၏ ဒဏ်ရာများကို အသည်းအသန် ကုသဖို့အတွက် ဆေးလုံးများစွာကို စားသုံးလိုက်လေသည်။

တတိယမြောက် ကောင်းကင်ဘုံကပ်ဘေးက သိုင်းတာအိုပင်မခန္ဓာကို မခြိမ်းခြောက်နိုင်သေးပေ။

ကောင်းကင်ဘုံကပ်ဘေးသုံးခု အပြီးမှာတောင် သိုင်းတာအိုပင်မခန္ဓာ၏ အဝတ်အစားများက မပျက်မစီး ရှိနေသေး၏။

သိုင်းတာအိုပင်မခန္ဓာက တစ်စုံတစ်ရာကို အာရုံခံနေသည့်အလား သူ၏ မျက်လုံးနှစ်ဖက်ကို အနည်းငယ် မှေးကျဉ်းလိုက်၏။

ပုံပြောအဘိုးအိုက သုန်မှုန်နေသော အမူအရာနှင့်အတူ ကောင်းကင်ကို မော့ကြည့်လိုက်လေသည်။

တတိယမြောက် ကောင်းကင်ဘုံကပ်ဘေးက ပြီးဆုံးသွားပြီဖြစ်သော်လည်း ကောင်းကင်ထက်ရှိ မိုးကြိုးတိမ်စိုင်များက ပျက်ပြယ်မသွားဘဲ ဆူဇီမို၏ အစစ်အမှန်ခန္ဓာသုံးခု အထက်မှာ ချာလပတ်လည် လှည့်ပတ်နေဆဲဖြစ်၏။

“သိုင်းဧကရာဇ်က စတုတ္ထမြောက် ကောင်းကင်ဘုံကပ်ဘေးကို ဆွဲဆောင်လိုက်ပြီလား”

ပုံပြောအဘိုးအိုက စိုးရိမ်ပူပန်စွာဖြင့် မျက်မှောင်ကြုတ်လိုက်၏။

အရင်တုန်းက ထာဝရ လူသားဧကရာဇ်သည် ကောင်းကင်ဘုံကပ်ဘေး သုံးခုကိုသာ ဆွဲဆောင်ခဲ့ပြီး အထက်ဘုံသို့ တက်လှမ်းသွားခဲ့၏။

ကောင်းကင်ဘုံကပ်ဘေး သုံးခုပင်လျှင် ဤမျှအထိ ကြောက်စရာကောင်းနေသည်ဆိုပါက.. စတုတ္ထမြောက် ကောင်းကင်ဘုံကပ်ဘေးက ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်မလဲ။

ဆူဇီမို၏ နဂါးဖီးနစ်အစစ်အမှန်ခန္ဓာနှင့် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် ကောင်းကင်ဘုံကပ်ဘေး သုံးခုကို ခုခံရင်ဆိုင်ပြီးနောက် သူတို့၏ အကန့်အသတ်များအထိ ရောက်ရှိနေ​ပြီ ဖြစ်ပြီး သူတို့၏ အန္တိမ နတ်ဘုရားစွမ်းအားများ အားလုံးကိုလည်း ထုတ်ဖော်ခဲ့ပြီးလေပြီ။

ယခုအချိန်မှာ စတုတ္ထမြောက် ကောင်းကင်ဘုံကပ်ဘေး ဆင်းသက်လာမည်ဆိုလျှင် အဲဒါသည် သူ၏ အစစ်အမှန်ခန္ဓာနှစ်ခုအတွက် သေစေနိုင်သော ထိုးနှက်ချက်တစ်ခု သေချာပေါက် ဖြစ်လာပေလိမ့်မည်။

ဘုန်း… ဘုန်း… ဘုန်း…

ပုံပြောအဘိုးအိုက စိုးရိမ်ပူပန်နေစဉ်မှာပင်.. မိုးကြိုးတိမ်စိုင်များက ကောင်းကင်ထက်မှာ နောက်တစ်ဖန် စုဝေးလာ၏။

မိုးကြိုးကပ်ဘေး၏ အရောင်ကလည်း နောက်တစ်ဖန် ​ပြောင်းလဲသွား၏။

အစိမ်းရောင် မိုးကြိုးကပ်ဘေးကနေ အပြာရောင် မိုးကြိုးကပ်ဘေးအဖြစ်သို့ ပြောင်းလဲသွားလေသည်။

သို့သော်လည်း ဤတစ်ခေါက်မှာ အစစ်အမှန်ခန္ဓာသုံးခု၏ အထက်ရှိ မိုးကြိုးတိမ်စိုင်များက ရေတံခွန်များအဖြစ် ဆက်လက်စုဖွဲ့ခြင်း မရှိတော့ပေ။ ထိုအစား သူတို့သည် အဆုံးမဲ့ စွမ်းပကားတစ်ခုနှင့်အတူ ဆူနာမီတစ်ခုကဲ့သို့ လေဟာနယ်များကို ဆုတ်ဖြဲပစ်မည့် မိုးကြိုးလျှပ်စီး ပင်လယ်တစ်ခုကို ဖြစ်ပေါ်လာစေ၏။

ဆူဇီမိုသည် သူ၏ ခေါင်းကို မော့ပြီး ကြည့်လိုက်လေသည်။

ထိုအခိုက်အတန့်မှာ သူ၏ အာရုံခံသတိစိတ်က သူ့ကို ထပ်တလဲလဲ သတိပေးလာ၏။

သူ၏ ဦးခေါင်းထက်မှာ အလျှံညီးညီး လျှပ်စီးပင်လယ်ကနေ အဖျက်စွမ်းအား မြင့်မားသော အော်ရာတစ်ခုကို သူက ခံစားမိလိုက်၏။

စတုတ္ထမြောက် ကောင်းကင်ဘုံကပ်ဘေးက ဆင်းသက်လာခဲ့လေပြီ။

“သူ.. သူက.. အဲဒါကို ဘယ်လိုခုခံရမှာလဲ”

“စတုတ္ထမြောက် ကောင်းကင်ဘုံကပ်ဘေး.. သူက စုစုပေါင်း မိုးကြိုးကပ်ဘေး ၃၆ခုကို ရင်ဆိုင်ရတော့မယ်ဆိုတဲ့ အဓိပ္ပာယ်လား.. အဲဒါကို ဘယ်သူက ခုခံနိုင်မှာလဲ”

“အဲဒါက ဘယ်လိုလုပ် ကောင်းကင်ဘုံကပ်ဘေး ဖြစ်တော့မှာလဲ.. အဲဒါက သိုင်းဧကရာဇ်ကို သက်သက် ချေမှုန်းဖျက်ဆီးဖို့ ကြိုးစားချင်နေတာပဲ”

ဧကရာဇ်များစွာသည် သိုင်းဧကရာဇ်၏ ကပ်ဘေးဖြတ်ကျော်ခြင်းကို စောင့်ကြည့်ပြီး အတွေ့အကြုံတချို့ကို ရရှိချင်ခဲ့လေသည်။

သို့သော် ယခု ထိုသည်ကို တွေ့မြင်သောအခါ.. အစက တွေဝေတုံ့ဆိုင်းနေခဲ့သော ဧကရာဇ်များက ပို၍ပင် ကြောက်ရွံ့ထိတ်လန့်လာခဲ့ပြီဖြစ်၏။

အဝေးကနေပင်လျှင် သူတို့သည် စိတ်ပျက်အားငယ်မှုကို ခံစားရလေသည်။

ဆူဇီမိုက လေတစ်ချက်ကို ရှူသွင်းပြီး တောက်လောင်ပြင်းပြသော အကြည့်နှင့်အတူ သူ့ဦးခေါင်းထက်ရှိ လျှပ်စီးပင်လယ်ကို မော့ကြည့်လိုက်၏။ သူ၏ မျက်လုံးထဲမှာ မည်သည့် ကြောက်ရွံ့မှု သို့မဟုတ် နောက်ဆုတ်မည့် မည်သည့်စိတ်ကူးမှ မရှိပေ။

ကျင့်ကြံခြင်းသည် အစကတည်းက ကောင်းကင်ဘုံကို ဖီဆန်ရသော အပြုအမူတစ်ခု​ ဖြစ်လေသည်။

အနိုင်မခံ အရှုံးမပေးလိုသော စိတ်ဝိညာဉ်တစ်ခု မရှိဘဲ လူတစ်ယောက်က အထွတ်အထိပ်ကို ဘယ်လိုလုပ် ရောက်နိုင်ပါ့မလဲ။

စတုတ္ထမြောက် ကောင်းကင်ဘုံကပ်ဘေးကပင်လျှင် သိုင်းတာအိုပင်မခန္ဓာကို ကောင်းကောင်း မခြိမ်းခြောက်နိုင်သေးပေ။

ဆူဇီမိုအတွက်တော့ ယခုအချိန်မှာ အရေးကြီးဆုံးအရာသည် နဂါးဖီးနစ်အစစ်အမှန်ခန္ဓာနှင့် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာက စတုတ္ထမြောက် ကောင်းကင်ဘုံကပ်ဘေးကနေ ဘယ်လိုရှင်သန်နိုင်မလဲ ဆိုတာပင်။

ဘုန်း..

မိုးကြိုးသံက အလွန်တရာ ကျယ်လောင်ပြီး အဝေးကနေ စောင့်ကြည့်နေသော ပညာရှင်များပင်လျှင် ရင်တလှပ်လှပ် ခံစားလိုက်ရ၏။

မိုးကြိုးသည် ဆိုးယုတ်မှုများ အားလုံးကို ခြေမွှဖျက်ဆီးပစ်နိုင်သည့်​ သမာသမတ်အကျဆုံးသော စွမ်းအားကို ပိုင်ဆိုင်ထားလေသည်။

မိုးကြိုးသံ ထွက်ပေါ်လာသည့် ခဏမှာပင် ဆူဇီမိုက အသံပိုင်း လျှို့ဝှက်အတတ် မိုးကြိုးထစ်ချုန်းသတ်ဖြတ်ခြင်းအပေါ် နားလည်ဆင်ခြင်မှု အသစ်တစ်ခု ရရှိလိုက်၏။

သို့သော်လည်း သူသည် ယခုအချိန်မှာ အထွတ်အထိပ် ကပ်ဘေးကို ဖြတ်ကျော်နေရပြီး အဲဒါကို စဉ်းစားတွေးတောနေဖို့ အချိန်မရပေ။

မိုးကောင်းကင်ထက်ကနေ အပြာရောင် ပင်လယ်တစ်စင်းက သွန်ချလာပြီး အစစ်အမှန်ခန္ဓာသုံးခုကို ချက်ချင်းပင် နစ်မြုပ်သွားစေ၏။

အပြာရောင်ပင်လယ်သည် ပင်လယ်ရေများကို ထုတ်ဖော်လိုက်ခြင်း မဟုတ်ဘဲ အသက်ဓာတ်အားလုံးကို ဖျက်ဆီးပစ်နိုင်သည့် ကျိန်းစပ်နေသော မိုးကြိုးလျှပ်စီးရည်များကို ထုတ်ဖော်ပေးလိုက်ခြင်းဖြစ်၏။

မိုးကြိုးလျှပ်စီးများက ကျိန်းစပ်နေပြီး လောကတစ်ခွင် ပြည့်နှက်သွား၏။

ပညာရှင်များသည် ဆူဇီမို၏ အစစ်အမှန်ခန္ဓာသုံးခုကို ဆက်လက်၍ မတွေ့မြင်ရတော့ပေ။

သူ၏ အစစ်အမှန်ခန္ဓာသုံးခုသည် မိုးကြိုးလျှပ်စီး ဒီရေလှိုင်းများကြားမှာ နစ်မြုပ်သွားခဲ့ပြီဖြစ်၏။

“အဲဒါက ဒီတိုင်းပဲ အဆုံးသတ်သွားတော့မှာလား”

“သိုင်းဧကရာဇ်ရဲ့ အစစ်အမှန်ခန္ဓာသုံးခုတောင်မှ စတုတ္ထမြောက် ကောင်းကင်ဘုံကပ်ဘေးကနေ ရှင်သန်နိုင်ပါ့မလား”

မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများက တုန်လှုပ်စွာဖြင့်​ အရာရာတိုင်းကို ငေးကြည့်နေ၏။

ရုတ်တရက်ဆိုသလို..

အပြာရောင် မိုးကြိုးလျှပ်စီး ဒီရေလှိုင်းထဲမှာ ခရမ်းရောင် ရောင်လျှံစက်ဝန်းတစ်ခုက ပစ်လွင့်ထွက်ပေါ်လာ၏။

ခရမ်းရောင် အလင်းထဲမှာ ပုံရိပ်တစ်ခုက ပေါ်ထွက်လာလေသည်။

အဲဒါက သိုင်းတာအိုပင်မခန္ဓာ ဖြစ်၏။

ဧကရာဇ်များသည် အမြင်အာရုံ ထက်ရှမှုရှိပြီး သိုင်းတာအိုပင်မခန္ဓာ၏ နောက်ဘက်တွင် စွမ်းအားကြီးမားသော အော်ရာများကို ဖြာထုတ်ပေးနေသည့် ခရမ်းရောင် ကံကြမ္မာစက်ကွင်း လေးခုရှိသည်ကို ရှင်းလင်းစွာ တွေ့မြင်လိုက်ရ၏။

ကောင်းကင်ဘုံကပ်ဘေး၏ ဆေးကြောသန့်စင်မှုအောက်တွင် သိုင်းတာအိုပင်မခန္ဓာသည် ကံကြမ္မာစက်ကွင်းနယ်ပယ်၏ အဆင့်-၄ သို့ ချိုးဖျက်ဝင်ရောက်သွားပြီး စတုတ္ထမြောက် ကံကြမ္မာစက်ကွင်းကို ကျင့်ကြံလာနိုင်ခဲ့လေပြီ။

မိုးကြိုးလျှပ်စီး ဒီရေလှိုင်းက တလိပ်လိပ် ထိုးတက်လာ၏။

ကံကြမ္မာစက်ကွင်း လေးခု၏ ကာကွယ်မှုအောက်မှာ သိုင်းတာအိုပင်မခန္ဓာက မိုးကြိုးများကြားရှိ နတ်ဘုရားတစ်ပါးကဲ့သို့ မားမားမတ်မတ် ရပ်တည်နေ၏။

“ဂါး…”

ရုတ်တရက်ဆိုသလို…

ဩဇာတိက္ကမဖြင့် ပြည့်နှက်နေသည့် နက်ရှိုင်းသော ဟိန်းဟောက်သံက မိုးကြိုးလျှပ်စီး ဒီရေလှိုင်းကြားကနေ ထွက်ပေါ်လာခဲ့၏။

အပြာရောင် မိုးကြိုးလျှပ်စီး ဒီရေလှိုင်းထဲမှာ ဧရာမ ခန္ဓာကိုယ်တစ်ခုက တဖြည်းဖြည်း ပေါ်ထွက်လာခဲ့လေသည်။ ၎င်းသည် သွေးနီရောင်ဖြစ်ပြီး ၎င်း၏ ကြေးခွံများက လောင်ကျွမ်းနေသော မီးတောက်များနှင့်အတူ တင်းကျပ်စွာ ချိတ်ဆက်ထားလေသည်။ ၎င်းမှာ တောင်ပံများ၊ နဂါးဦးခေါင်း၊ ဖီးနစ်အမြီးနှင့် ထက်ရှသော လက်သည်းချွန်များ ပါရှိလေသည်။

နဂါးဖီးနစ်အစစ်အမှန်ခန္ဓာသည် စတုတ္ထမြောက် ကောင်းကင်ဘုံကပ်ဘေးကို ခုခံဖို့အတွက် သူ၏ အစစ်အမှန်ပုံစံသို့ ပြောင်းလဲလိုက်ရလေပြီ။

ရွှစ်..

မိုးကြိုးလျှပ်စီး ဒီရေလှိုင်းက တလိပ်လိပ် ထိုးတက်လာ၏။

အစိမ်းရောင် အလင်းတန်းတစ်ခုက ဒီရေလှိုင်းကို ဖြတ်ကျော်၍ ကောင်းကင်ထက်သို့ ထိုးတက်သွား၏။

အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် အဲဒါကို မခုခံနိုင်တော့ဘဲ သူ၏ မျိုးဆက်သွေးနယ်မြေကို ထုတ်ဖော်လိုက်ရလေပြီ။

မိုးကြိုးလျှပ်စီး ဒီရေလှိုင်းကြားမှာ ဖန်တီးခြင်းကြာပဒုမ္မာတစ်ခုက ပေါ်ထွက်လာပြီး လျှပ်စီးလျှပ်ပန်းများနှင့်အတူ ဝင်းလက်တောက်ပနေ၏။

ဘုန်း..

စတုတ္ထမြောက် ကောင်းကင်ဘုံကပ်ဘေးကနေ ဒုတိယမြောက် မိုးကြိုးလျှပ်စီး ဒီရေလှိုင်းက ဆင်းသက်လာပြီး အဲဒါက ပို၍ပင် ကြမ်းကြုတ်ခက်ထန်နေ​၏။

နဂါးဖီးနစ်အစစ်အမှန်ခန္ဓာ၏ ကြီးမားသော ခန္ဓာကိုယ်သည် မိုးကြိုးလျှပ်စီး ဒီရေလှိုင်းထဲမှာ နစ်မြုပ်လုနီးပါးဖြစ်သွားပြီး နာကျင်စွာဖြင့် မာန်ဖီဟိန်းဟောက်လိုက်၏။ သူ၏ သွေးချီက တလိပ်လိပ်ထိုးတက်လာပြီး အသက်ဝင်နေသော သားရဲဘုရင်များက သူ၏ ဘေးပတ်လည်မှာ တစ်ကောင်ပြီးတစ်ကောင် ပေါ်ထွက်လာ၏။

နဂါးဖီးနစ်အစစ်အမှန်ခန္ဓာသည်လည်း သူ၏ မျိုးဆက်သွေးနယ်မြေကို ထုတ်ဖော်လိုက်ရလေပြီ။

အဲဒါက သူ၏ နောက်ဆုံးဝှက်ဖဲဖြစ်၏။

အန္တိမသားရဲနတ်ဆိုးကျင့်စဉ်သည် သားရဲဘုရင် ၁၂ပါးနှင့်အတူ ပြီးပြည့်စုံသော အဆင့်ထိ ရောက်ရှိနေလေပြီ။

တကယ်တော့ တျဲယွဲ့၏ နောက်ခံမရှိဘဲ သားရဲဘုရင် ၁၂ပါးသည် သူမ၏ ပုံစံအဖြစ်သို့ အသွင်ပြောင်းလဲနိုင်ခြင်း သို့မဟုတ် ပြန်လည်တည်ဆောက်နိုင်ခြင်း မရှိပေ။

ထိုသို့ဆိုလျှင်တောင် သားရဲဘုရင် ၁၂ပါးကို အထင်သေး၍ မရဘဲ သူတို့က မိုးကြိုးလျှပ်စီး ဒီရေလှိုင်း၏ ထိတွေ့ရိုက်ခတ်မှုကို ခုခံရန် နဂါးဖီးနစ်အစစ်အမှန်ခန္ဓာကို အဆက်မပြတ် လှည့်ပတ်နေ၏။

ဒုတိယမြောက် မိုးကြိုးလျှပ်စီး ဒီရေလှိုင်း၏ ရိုက်ခတ်မှုနှင့် ရင်ဆိုင်ရချိန်တွင် ဖန်တီးခြင်းကြာပဒုမ္မာက ပြင်းထန်စွာ ယိမ်းထိုးသွားပြီး ၎င်း၏ ကြာခုံက နိမ့်ဝင်ကာ မိုးကြိုးလျှပ်စီး ဒီရေလှိုင်းကြားထဲမှာ နစ်မြုပ်လုနီးပါး ဖြစ်သွားလေသည်။

ဘုန်း…

ဒုတိယမြောက် မိုးကြိုးလျှပ်စီး ဒီရေလှိုင်းက မပြီးဆုံးသေးခင်မှာပင် တတိယမြောက် မိုးကြိုးလျှပ်စီး ဒီရေလှိုင်းက ဆင်းသက်လာခဲ့ပြီဖြစ်၏။ ၎င်းသည် ပို၍ပင် ကြောက်စရာကောင်း၍ ကမ္ဘာတုန်လောက်ဖွယ်ရာ ဖြစ်လေသည်။

All Chapters