← Chapters

အစိမ်းရောင်ကြာပန်း သေဆုံးပြီလား

Vol. 119 Ch. 1779

အစိမ်းရောင်ကြာပန်း သေဆုံးပြီလား

Vol. 119 Ch. 1779

မိုးကြိုးလျှပ်စီးသည် တုန်လှုပ်စရာကောင်းပြီး ဒီရေလှိုင်းများကဲ့သို့ တလိပ်လိပ်ထိုးတက်ကာ အသက်ဓာတ်များအားလုံးကို ဝါးမျိုခြေမှုန်းပစ်ချင်နေ၏။

တတိယမြောက် မိုးကြိုးလျှပ်စီးဒီရေလှိုင်းက ဆင်းသက်လာပြီး နဂါးဖီးနစ်အစစ်အမှန်ခန္ဓာ၏ သားရဲဘုရင် ၁၂ပါး နယ်မြေဖြစ်စဥ်ပေါ်တွင် အက်ကွဲကြောင်းများပေါ်ထွက်လာ၏။ သူတို့က လဲပြိုကျတော့မည့်ဆဲဆဲ အခြေအနေသို့ ရောက်ရှိလာလေပြီ။

အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာ၏ အခြေအနေက ပို၍ပင် အန္တရာယ်များလွန်းလေသည်။

ဖန်တီးခြင်းကြာပဒုမ္မာ၏ နယ်မြေဖြစ်စဥ်က အဲ့ဒါကို ဆက်လက်၍ တောင့်မခံနိုင်တော့ပေ။

မိုးကြိုးလျှပ်စီး ဒီရေလှိုင်း၏ ဆေးကြောသန့်စင်မှုအောက်တွင် ၎င်း၏ အရွက်များက ညှိုးခြောက်သွားပြီး ကြာပွင့်ချပ်များက တစ်ချပ်ပြီးတစ်ချပ် ကြွေကျလာခဲ့၏။

မိုးကြိုးလျှပ်စီး ဒီရေလှိုင်းက တလိပ်လိပ်ထိုးတက်လာပြီး ၎င်းက ဘာမှမကျန်အောင် ပြောင်းလဲသွားရ၏။

အုန်း... ဘုန်း....

စတုတ္ထမြောက်မိုးကြိုးလျှပ်စီးဒီရေလှိုင်းက ဆင်းသက်လာခဲ့၏။

ဖောင်း... ဖောင်း... ဖောင်း...

နဂါးဖီးနစ်အစစ်အမှန်ခန္ဓာ၏ သားရဲဘုရင် ၁၂ပါးက ချက်ချင်းပင် ပေါက်ကွဲထွက်သွားပြီး အပြာရောင်လျှပ်စီးပင်လယ်ထဲမှာ နစ်မြုပ်သွားလေသည်။

အခြားတစ်ဘက်မှာတော့ ဖန်တီးခြင်းကြာပဒုမ္မာ၏ နယ်မြေဖြစ်စဥ်ကလည်း ပျက်ပြယ်သွားလေသည်။

ဆူဇီမို၏ ပုံရိပ်က ပြန်လည်ပေါ်ထွက်လာပြီး တလိပ်လိပ်တိုးဝင်လာသော မိုးကြိုးလျှပ်စီး ဒီရေလှိုင်းကို ထိပ်တိုက်ရင်ဆိုင်လိုက်ရ၏။

ကောင်းကင်ဘုံကပ်ဘေး ၉ခုထဲမှ တစ်ခုသည် အစစ်အမှန်ခန္ဓာနှစ်ခုအတွက် ဘာမှမဟုတ်ဘဲ သူတို့က အဲ့ဒါကို သူတို့၏ ကိုယ်ကာယသက်သက်ဖြင့် ခုခံနိုင်ခဲ့ကြ၏။

သို့သော်လည်း ယခုကြုံတွေ့နေရသည်က စတုတ္ထမြောက်ကောင်းကင်ဘုံကပ်ဘေးဖြစ်လေသည်။

၎င်း၏ ခွန်အားက ဆပွားများစွာတိုးလာပြီး လုံးဝမတူညီသော အဆင့်သို့ ရောက်ရှိလာခဲ့လေပြီ။

အစစ်အမှန်ခန္ဓာနှစ်ခုသည် စတုတ္ထမြောက်ကောင်းကင်ဘုံကပ်​ဘေး၏ စတုတ္ထမြောက် မိုးကြိုးကပ်ဘေး ဒီရေလှိုင်းနှင့် တိုက်ရိုက်ထိတွေ့သွားပြီး နာကျင်မှုတစ်ခုက သူတို့၏ အရိုးများထဲထိတိုင် စိမ့်ဝင်လာခဲ့၏။

နဂါးဖီးနစ်အစစ်အမှန်ခန္ဓာသည် သူ၏ အစစ်အမှန်ပုံစံသို့ အသွင်ပြောင်းလဲထားသောအခါ သူ၏ ခန္ဓာကိုယ်ကို မရေမတွက်နိုင်သော မာကြောသည့် ကြေးခွံများက ကာကွယ်ပေးထား၏။ သူသည် လက်နက်များ ရေနှင့် မီးတို့ကို မမှုပေ။

သို့သော်လည်း အပြာရောင်မိုးကြိုးလျှပ်စီး ဒီရေလှိုင်းအောက်မှာ နဂါးဖီးနစ်အစစ်အမှန်ခန္ဓာထံမှ သွေးများက စတင်ယိုစိမ့်လာခဲ့၏။

မိုးကြိုးကပ်ဘေး၏ စွမ်းအားများစွာက နဂါးဖီးနစ်အစစ်အမှန်ခန္ဓာ၏ ခန္ဓာကိုယ်ထဲသို့ တလိပ်လိပ်တိုးဝင်လာပြီး သူ၏ အသက်ဓာတ်များစွာကို ဖျက်ဆီးပစ်နေ၏။

အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာက ပို၍ပင်ဆိုးဝါးသော အခြေအနေမှာ ကျရောက်နေလေသည်။

ကိုယ်ကာယချင်းယှဥ်လျှင် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် နဂါးဖီးနစ်အစစ်အမှန်ခန္ဓာထက် ပို၍အားနည်းနေဆဲ ဖြစ်၏။

စတုတ္ထမြောက် မိုးကြိုးလျှပ်စီး ဒီရေလှိုင်း၏ ဆေးကြောသန့်စင်မှုအောက်မှာ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာ၏ ဆံပင်များက ဖိုသီဖတ်သီဖြစ်နေပြီး သူ၏ အသားများက ကွဲထွက်သွားလေသည်။ သူက လောင်ကျွမ်းတူးချစ်သွားပြီး သွေးများက အဘက်ဘက်သို့ ဖိတ်စင်ပြန့်ကျဲသွား၏။ သူသည် ဘယ်လောက်ကြီးမားသည့် နာကျင်မှုနှင့် ပျက်စီးထိခိုက်မှုကို တောင့်ခံနေရသလဲ မသိရပေ။

ကံကောင်းထောက်မစွာဖြင့် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာ၏ ပြန်လည်ကုသနိုင်စွမ်းက တုန်လှုပ်စရာကောင်းပြီး ပျက်စီးမှုများကို ပြန်လည်တည်ဆောက်ကာ သူ၏ ဒဏ်ရာများကို အရူးအမူး ကုသပေးနေ၏။

ဘုန်း... ဘုန်း...

ပဉ္စမမြောက် မိုးကြိုးလျှပ်စီးဒီရေလှိုင်းက ဆင်းသက်လာခဲ့၏။

အဲ့ဒါက ပို၍ပင် သိပ်သည်းပြင်းထန်ပြီး တုန်လှုပ်စရာကောင်းလေသည်။

နဂါးဖီးနစ်အစစ်အမှန်ခန္ဓာသည် အနိုင်နိုင်ပုံစံဖြင့် မတ်တတ်ရပ်နေနိုင်ဆဲ ဖြစ်ပြီး သူ၏ ခန္ဓာကိုယ်ပေါ်ရှိ သွေးနီရောင်ကြေးခွံများက မိုးကြိုးလျှပ်စီးဒီရေလှိုင်း၏ ဆေးကြောသန့်စင်မှုအောက်မှာ တစ်ခုပြီးတစ်ခု ကွာကျကာ သွေးများဖြင့် နီစွေးလာ၏။

သူ၏ ကြေးခွံများ၏ ကာကွယ်မှုမရှိဘဲ နဂါးဖီးနစ်အစစ်အမှန်ခန္ဓာ၏ အသားက မိုးကြိုးလျှပ်စီးနှင့် တိုက်ရိုက်ထိတွေ့သွားပြီး ပျော့ပြဲသွားခဲ့လေသည်။

သို့သော်လည်း နဂါးဖီးနစ်အစစ်အမှန်ခန္ဓာသည် အံကိုတင်းတင်းကြိတ်ကာ သတိမလွတ်စေရန် အတတ်နိုင်ဆုံးကြိုးစားနေဆဲ ဖြစ်၏။ သူ၏ မျက်လုံးများက မီးတောက်နှစ်ခုဖြင့် လောင်ကျွမ်းနေပုံရပြီး သူ၏ အကြည့်က ပြတ်သားနေလေသည်။

ကပ်ဘေးနှင့် အခွင့်အလမ်းက တွဲဖက်နေ၏။

သူသည် အဲ့ဒီကနေ ရှင်သန်နိုင်သည်နှင့်အမျှ သူသည် သိသာထင်ရှားသော အသွင်ပြောင်းလဲမှုနှင့် တိုးတက်မှုတို့ကို ရရှိပေလိမ့်မည်။

စွမ်းအားကြီးမားသော ကောင်းကင်ဘုံကပ်ဘေး၏ မီးဆေးမှုအောက်မှာသာလျှင် သူသည် အထက်ဘုံသို့ ရောက်သည့်အခါ ပိုကောင်းသော အခြေခံအုတ်မြစ်ကို ပိုင်ဆိုင်ပြီး သူ့ဘာသာသူ ကောင်းကောင်းရပ်တည်နိုင်ပေလိမ့်မည်။

အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် မိုးကြိုးကပ်ဘေးကနေ ဒဏ်ရာများဖြင့် ပြည့်နှက်သွားပြီဖြစ်ပြီး သူ၏ အရေပြားက ခြောက်သွေ့အက်ကွဲလာသော သစ်ပင်အခေါက်များကဲ့သို့ ကွာကျလာခဲ့၏။

အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာ၏ အသားက မိုးကြိုးလျှပ်စီး ဒီရေလှိုင်းဖြင့် လောင်ကျွမ်းတူးချစ်သွားပြီး မီးခိုးများက အူထွက်လာ၏။

အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာက ဒဏ်ရာအပြင်းအထန် ရရှိထားသော်လည်း သူက အလျှော့ပေးလိုသည့် သို့မဟုတ် ကြောက်ရွံ့သည့် မည်သည့်လက္ခဏာမှ မပြသပေ။ ထိုအစား သူက ကောင်းကင်ထက်သို့ ဟိန်းဟောက်လိုက်ပြီ သူ၏ အမြုတေစိတ်ဝိညာဥ်က ဖန်တီးခြင်းကြာခုံပေါ်က​နေ သူ၏ စိတ်ဝိညာဥ်အသိစိတ်ကို စွမ်းအားကြီးမားစွာ ထုတ်ဖော်လိုက်၏။

ဖန်တီးခြင်းကြာခုံက အဆက်မပြတ် လည်ပတ်နေပြီး အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာ၏ အသွေးအသားကို အားဖြည့်ပေးမည့် အသက်ဓာတ်အားလှိုင်းများကို ထုတ်ဖော်ပေးနေ၏။

“ဘုရားရေ.. စတုတ္ထ​မြောက်ကောင်းကင်ဘုံကပ်ဘေးရဲ့ ပဉ္စမမြောက် မိုးကြိုးကပ်ဘေးက ဒီလောက်တောင်စွမ်းအားကြီးမားနေပြီဆိုတော့... နောက်ပြီးဆက်လာမဲ့ မိုးကြိုးကပ်ဘေးတွေက ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်မလဲ”

“ငါတို့ဆိုရင် ကြောက်စရာကောင်းတဲ့ အဲ့ဒီမိုးကြိုးလျှပ်စီး ဒီရေလှိုင်းထဲကို ကျဆင်းသွားဖို့မပြောနဲ့ အဲ့ဒီကနေထွက်ပေါ်လာတဲ့ မိုးကြိုးလျှပ်စီးတစ်မျှင်ကတောင် ငါတို့ကို ပြာချပစ်နိုင်တယ်”

ဧကရာဇ်တစ်ပါးက တုန်လှုပ်ချောက်ချားနေသော အမူအရာနှင့်အတူ တီးတိုးရေရွတ်လိုက်၏။

“သိုင်းဧကရာဇ်ရဲ့ အစစ်အမှန်ခန္ဓာနှစ်ခုက ရှင်သန်နိုင်မှာ မဟုတ်တော့ဘူး”

နောက်ထပ်ဧကရာဇ်တစ်ပါးက သက်ပြင်းချလိုက်၏။

သိုင်းဧကရာဇ်သည် သူ၏ အကန့်အသတ်သို့ ရောက်ရှိနေပြီဖြစ်သော်လည်း နောက်ထပ် မိုးကြိုးလျှပ်စီး ဒီရေလှိုင်းလေးခု ကျန်ရှိနေသေးသည်ကို ပုံပြောအဖိုးအိုအပါအဝင် ပညာရှင်များစွာက ပြောနိုင်​လေသည်။

ဘုန်း... ဘုန်း...

ချက်ချင်းပင် ဆဋ္ဌမမြောက် မိုးကြိုးလျှပ်စီးဒီရေလှိုင်းက ဆင်းသက်လာခဲ့၏။

ဘန်း...

နဂါးဖီးနစ်အစစ်အမှန်ခန္ဓာနှင့် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာက လွင့်စင်ထွက်သွားပြီး မိုးကြိုးလျှပ်စီးဒီရေလှိုင်းကြားမှာ နစ်မြုပ်ကာ သွေးရည်ပမာဏများစွာက ပြန့်ကျဲလာခဲ့၏။

အစစ်အမှန်ခန္ဓာနှစ်ခုသည် မိုးကြိုးလျှပ်စီးဒီရေလှိုင်းများမှာ လွင့်မျောသွားပြီး သူတို့၏ ခန္ဓာကိုယ်ထဲရှိ အရိုးများက အက်ကွဲကာ ကျိုးကြေမွလုနီးပါး ဖြစ်သွားလေသည်။

အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် သူ၏ ဒဏ်ရာများကို အရူးအမူးကုသနေရင်း ဖြူဖပ်ဖြူရော်အမူအရာနှင့်အတူ သွေးများစွာကိုထွေးထုတ်နေရ၏။

ဘုန်း... ဘုန်း...

သတ္တမမြောက် မိုးကြိုးလျှပ်စီး ဒီရေလှိုင်းက ရောက်ရှိလာခဲ့လေပြီ။

ဖောင်း...

နဂါးဖီးနစ်အစစ်အမှန်ခန္ဓာသည် ဆတ်ခနဲတုန်ယင်သွားပြီး သွေးများစွာကို ထွေးထုတ်လိုက်ရ၏။ သတ္တမမြောက် မိုးကြိုးလျှပ်စီးဒီရေလှိုင်း၏ ထိတွေ့မှုအောက်မှာ သူ၏ ကိုယ်တွင်းအင်္ဂါများက ဒဏ်ရာအပြင်းအထန် ရရှိသွားပြီး သူ၏ အသက်ဓာတ်က ဖျက်​ဆီးခံရလုနီးပါးဖြစ်သွားလေသည်။

အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာ၏ အခြေအနေက ပို၍ပင် ဆိုးရွားပြန်လေသည်။ သူ၏ အသားများက ကြောက်စရာကောင်းသော မိုးကြိုးလျှပ်စီးဒီရေလှိုင်းဖြင့် ဆေးကြောခံလိုက်ရပြီး လွင့်မျောနေဆဲဖြစ်သော လူပုံသဏ္ဌာန် ကျောက်စိမ်းရောင် အရိုးစုတစ်ခုသာလျှင် ကျန်ရစ်တော့လေသည်။

အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာ၏ အရိုးများကို အစိမ်းရောင်ကြာပန်း၏ ကြာရိုးများကနေ ပြုလုပ်ထားခြင်းဖြစ်ပြီး ကျောက်စိမ်းကဲ့သို့ ကြည်လင်သော အရောင်အဝါဖြင့် တောက်ပနေ၏။

“သူက မသေသေးဘူးလား”

ဧကရာဇ်များက ကြောင်အ,မှင်တက်သွားကြ၏။

ကျောက်စိမ်းရောင်ဦးခေါင်းထဲမှာ ဂမ္ဘီရဆန်ဆန်အလင်းတန်းတစ်ခုကိုဖြာထုတ်ပေးနေသည့် အမြုတေစိတ်ဝိညာဥ်တစ်ခုရှိနေသည်ကို ပုံပြောအဖိုးအိုက အာရုံစိုက်၍ကြည့်ပြီး မြင်လိုက်ရ၏။ မိုးကြိုးလျှပ်စီးဒီရေလှိုင်း၏ ဆေးကြောသန့်စင်မှုအောက်မှာ ၎င်းက ပို၍ပင် သိပ်သည်းကျစ်လျစ်လာခဲ့၏။

သိုင်းဧကရာဇ်က အဲ့ဒါကို တောင့်ခံနေဆဲ ဖြစ်၏။

ဘုန်း...

အဋ္ဌမမြောက် မိုးကြိုးလျှပ်စီး ဒီရေလှိုင်းက ရိုက်ခတ်လာခဲ့ပြီး သိပ်သည်းပြင်းထန်သော လှိုင်းလုံးတစ်လုံးကို ဖန်တီးလိုက်လေသည်။

နဂါးဖီးနစ်အစစ်အမှန်ခန္ဓာ၏ တောင်ပံများက ကျိုးပဲ့သွားပြီး သူ့ခန္ဓာကိုယ်ထဲရှိ အရိုးထက်ဝက်ကျော်က ကြေမွသွားလေသည်။ သူ၏အသားများက မိုးကြိုးလျှပ်စီး ဒီရေလှိုင်းကြားမှာ စတင်ကွာကျလာပြီး သူ၏ အသက်ဓာတ်အားကလည်း တဖြည်းဖြည်းယုတ်လျော့လာခဲ့၏။

သူက အဲ့ဒါကို ဆက်လက်၍ မခုခံနိုင်တော့ပေ။

အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာက ပို၍ပင်ဆိုးဝါးသော အခြေအနေမှာ ကျရောက်နေ၏။ အစိမ်းရောင်ကြာပန်းအရိုးစုသည် မိုးကြိုးလျှပ်စီးဒီရေလှိုင်းထဲမှာ ပြန့်ကျဲသွားပြီး အစိမ်းရောင်ကြာပန်း အမြုတေစိတ်ဝိညာဥ်၏ ထိန်းချုပ်မှုအောက်မှာ ဖန်တီးခြင်းကြာခုံ၏ ဘေးပတ်လည်တွင်သာ လွင့်မျောလာခဲ့၏။

လူတစ်ယောက်၏ ခန္ဓာကိုယ်က မိုးကြိုးလျှပ်စီးဒီရေလှိုင်းထဲမှာ ဖျက်ဆီးခံလိုက်ရမည်ဆိုလျှင် သွေးကနေပြန်လည်မွေးဖွားခြင်းကို အသုံးပြုနိုင်တော့မည် မဟုတ်ပေ။

သူ၏ အသားနှင့် သွေးတို့က မိုးကြိုးလျှပ်စီးဒီရေလှိုင်းဖြင့် ဖျက်ဆီးခြင်းခံရပေလိမ့်မည်။

ဒါ့အပြင် အစစ်အမှန်ခန္ဓာနှစ်ခု၏ အမြုတေစိတ်ဝိညာဥ်များကို မိုးကြိုးလျှပ်စီး ဒီရေလှိုင်းထဲကနေ ကယ်တင်နိုင်လိမ့်မည် မဟုတ်ပေ။

အစိမ်းရောင်ကြာပန်း အမြုတေစိတ်ဝိညာဥ်၏ ဦးခေါင်းခွံက မိုးကြိုးလျှပ်စီးဒီရေလှိုင်းကြားမှာ ကြေမွသွားခဲ့ပြီဖြစ်ပြီး ပြိုးပြိုးပြက်ပြက် အရောင်အဝါတစ်ခုကို ဖြာထုတ်ပေးနေသည့် ဖန်တီးခြင်းကြာခုံတစ်ခုသာလျှင် ကျန်ရစ်ခဲ့လေသည်။ ၎င်းက အမြုတေစိတ်ဝိညာဥ်ကို ကာကွယ်ပေးပြီး အတတ်နိုင်ဆုံး ထိန်းထားဖို့ ကြိုးစားနေဆဲ ဖြစ်၏။

လူတိုင်းသည် မမှိတ်မသုန်စောင့်ကြည့်ပြီး အသက်ရှုဖို့ကိုပင် မေ့လျော့လာကြ၏။

ဘုန်း... ဘုန်း...

နဝမမြောက် မိုးကြိုးလျှပ်စီး ဒီရေလှိုင်းက ဆင်းသက်လာခဲ့လေပြီ။

နဂါးဖီးနစ်အစစ်အမှန်ခန္ဓာ၏ အရိုးများက ကြေမွသွားပြီး သူ၏ ကိုယ်တွင်းအင်္ဂါများက စုတ်ပြဲသွားလေသည်။ သူ၏ အသက်ဓာတ်အားက ယုတ်လျော့သွားပြီး သူသည် နဝမမြောက် မိုးကြိုးလျှပ်စီး ဒီရေလှိုင်းကို လုံးဝမခုခံနိုင်တော့ပေ။

ရွှစ်...

ဆယ်ပေကျော်မြင့်မားသော စတုရန်းကြေးမီးဖိုတစ်လုံးက နဂါးဖီးနစ်အစစ်အမှန်ခန္ဓာ၏ နှာရောင်ထဲကနေ လွင့်ပျံထွက်လာပြီး ကောင်းကင်ထက်ရှိ မိုးကြိုးလျှပ်စီးဒီရေလှိုင်းကို ထိပ်တိုက်ရင်ဆိုင်လိုက်၏။

စတုရန်းကြေးမီးဖိုက မိုးကြိုးလျှပ်စီး ဒီရေလှိုင်းနှင့်အတူ ကျယ်လောင်စွာ ထိတွေ့ရိုက်ခတ်သွား၏။

မိုးကြိုးလျှပ်စီးက ပျက်ပြယ်သွားပြီး မရေမတွက်နိုင်သော လျှပ်စီးလျှပ်ပန်းများအသွင် ပြောင်းလဲကာ ကောင်းကင်ထက်ကနေ ဆင်းသက်လာပြီး နဂါးဖီးနစ်အစစ်အမှန်ခန္ဓာ၏ ဘေးပတ်လည်မှာ ရစ်ပတ်လိုက်လေသည်။

“ဂါး...”

နဂါးဖီးနစ်အစစ်အမှန်ခန္ဓာက ကောင်းကင်ထက်သို့ ဟိန်းဟောက်လိုက်ပြီး မိုးကြိုးလျှပ်စီး ဒီရေလှိုင်းကြားမှာ မတ်တတ်ရပ်လာခဲ့၏။

နဝမမြောက် မိုးကြိုးလျှပ်စီးဒီရေလှိုင်း၏ ကြောက်စရာအကောင်းဆုံး စွမ်းအားကို စတုရန်းကြေးမီးဖိုက တောင့်ခံပေးခဲ့ပြီး ကျန်ရှိနေသော မိုးကြိုးလျှပ်စီးများက နဂါးဖီးနစ်အစစ်အမှန်ခန္ဓာကို ခြိမ်းခြောက်ဖို့အတွက် မလုံလောက်တော့ပေ။

နဂါးဖီးနစ်အစစ်အမှန်ခန္ဓာက စိတ်အားမာန်တက်ကြွလာပြီး သူ၏ သွေးချီကို နောက်တစ်ဖန်စုဖွဲ့လိုက်၏။ နတ်နဂါးပေါင်းသောင်းခြောက်ထောင်ကဲ့သို့ မရေမတွက်နိုင်သော မိုးကြိုးလျှပ်စီးများက သူ၏ ဘေးမှာ ရစ်ပတ်နေလေသည်။

နဂါးဖီးနစ်အစစ်အမှန်ခန္ဓာက ဆိုးဆိုးရွားရွားပုံပေါက်နေသော်လည်း သူသည် စတုရန်းကြေးမီးဖိုနှင့်အတူ အဲ့ဒီကနေရှင်သန်လာနိုင်ခဲ့၏။

အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာ၏ အ​ခြေအနေကတော့ မတူကွဲပြားလေသည်။

အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာက ဓမ္မရတနာများစွာကို ပစ်ထုတ်လိုက်၏။

အခြားသော ဓမ္မရတနာများက မိုးကြိုးကပ်ဘေးထဲမှာ လောင်ကျွမ်း ပြာကျသွားလေသည်။ လူသားဧကရာဇ်ချိပ်စည်းက ပျက်စီးမသွားသော်လည်း ၎င်း၏ အရောင်အဝါက မိုးကြိုးလျှပ်စီးဒီရေလှိုင်း၏ ဆေးကြောသန့်စင်မှုအောက်မှာ မှေးမှိန်သွားခဲ့ပြီဖြစ်၏။

ထိုဓမ္မရတနာများသည် နဝမမြောက်မိုးကြိုးကပ်ဘေးကို လုံးဝမခုခံနိုင်ပေ။

လူတိုင်း၏ ရှေ့မှောက်မှာ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် နဝမမြောက် မိုးကြိုးလျှပ်စီးဒီရေလှိုင်းကြားမှာ နစ်မြုပ်သွားပြီး သူ၏ အမြုတေစိတ်ဝိညာဥ် ၊ အသားနှင့် အရိုးတို့က ဘာမှမကျန်အောင် ပြာကျသွားခဲ့လေသည်။

All Chapters