← Chapters

ကောင်းကင်ဘုံကိုးလွှာ သက်ရှိမြေဆီလွှာ

Vol. 119 Ch. 1780

ကောင်းကင်ဘုံကိုးလွှာ သက်ရှိမြေဆီလွှာ

Vol. 119 Ch. 1780

အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာက စတုတ္ထမြောက် ကောင်းကင်ဘုံကပ်ဘေးအောက်မှာ သေဆုံးသွားပြီဟု လူတိုင်းနီးပါးက တွေးထင်လိုက်ကြ၏။

အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာက မသေသေးဘူးဆိုတာကို သိုင်းတာအိုပင်မခန္ဓာနှင့် နဂါးဖီးနစ် အစစ်အမှန်ခန္ဓာတို့ကသာ သိရှိလေသည်။

အစစ်အမှန်ခန္ဓာသုံးခုက တစ်ယောက်နှင့်တစ်ယောက် အာရုံခံနိုင်ကြ၏။

တဖျတ်ဖျတ်တလက်လက် တောက်ပနေသော မိုးကြိုးလျှပ်စီး ဒီရေလှိုင်းထဲမှာ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာ၏ အော်ရာကို သိုင်းတာအိုပင်မခန္ဓာနှင့် နဂါးဖီးနစ် အစစ်အမှန်ခန္ဓာက အာရုံခံနိုင်ကြ၏။

သို့သော်လည်း အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် မိုးကြိုးလျှပ်စီး ဒီရေလှိုင်း၏ ဆေးကြောသန့်စင်မှုကနေ ရှင်သန်နိုင်ပါ့မလားဆိုတာကို သိုင်းတာအိုပင်မခန္ဓာပင်လျှင် သေချာမသိပေ။

“ဟမ်”

ရုတ်တရက် သိုင်းတာအိုပင်မခန္ဓာက အံ့အားတသင့် ရေရွတ်လိုက်၏။

စတုရန်းကြေးမီးဖိုနှင့်ပင်လျှင် သိုင်းတာအိုပင်မခန္ဓာသည် စတုတ္ထမြောက် ကောင်းကင်ဘုံကပ်ဘေးအောက်မှာ သေလုမတတ် ဖြစ်ခဲ့ရ၏။ သူသည် ရှင်သန်နိုင်ခဲ့သော်လည်း သူ၏ အော်ရာက အားနည်း၍ သေလုမတတ် ဖြစ်ခဲ့လေသည်။ သို့သော် ယခုအခါ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာ၏ အော်ရာက တဖြည်းဖြည်း မြင့်တက်လာနေ၏။

“တစ်ခုခုတော့ တစ်ခုခုပဲ”

ထိုစဉ်မှာပင် ပုံပြောအဘိုးအိုကလည်း တစ်စုံတစ်ရာ ထူးခြားနေသည်ကို သတိထားမိသွား၏။ သူက အဝေးမှာ ရှိသော မိုးကြိုးလျှပ်စီး ဒီရေလှိုင်းကို ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်၏။

“အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာက သေသွားမယ်ဆိုရင်.. မိုးကြိုးကပ်ဘေးကလည်း ပျက်ပြယ်သွားရမှာ.. ဘာလို့ အဲဒါက ဆက်ရှိနေသေးတာလဲ”

လူတိုင်းကလည်း အာရုံစိုက်၍ ကြည့်လိုက်ကြ၏။

ကျိန်းစပ်နေသော အပြာရောင် ဒီရေလှိုင်းထဲမှာ ထူးဆန်းသော အဝါရောင် အလင်းတစ်ခုကို ခပ်ရေးရေး မြင်လာရ၏။

အဝါရောင် အလင်းက တဖြည်းဖြည်း ပို၍ သိသာထင်ရှားလာခဲ့၏။

လူတိုင်း၏ မျက်လုံးက ပြူးကျယ်သွားလေသည်။

မိုးကြိုးလျှပ်စီး ဒီရေလှိုင်းထဲမှာ အစိမ်းရောင်ကြာခုံပြောင်တစ်ခုသည် လွင့်မျောနေပြီး ၎င်းအပေါ်မှာ ဆူဇီမို၏ အမြုတေစိတ်ဝိညာဉ်က ထိုင်နေ၏။ ဖန်တီးခြင်းကြာခုံသည် စတုတ္ထမြောက် ကောင်းကင်ဘုံကပ်ဘေးထဲမှာ နစ်မြုပ်သွားခဲ့သော်လည်း အစိမ်းရောင်ကြာပန်း အမြုတေစိတ်ဝိညာဉ်က သေဆုံးမသွားပေ။

“ထူးဆန်းတယ်”

ဧကရာဇ်တစ်ပါးက အသံနှိမ့်၍ ပြောလိုက်၏။

“မိုးကြိုးလျှပ်စီး ဒီရေလှိုင်းရဲ့ ထိတွေ့ရိုက်ခတ်မှုကနေ ဖန်တီးခြင်းကြာပဒုမ္မာရဲ့ အရွက်တွေက ညိုးခြောက်သွားပြီး သူ့ရဲ့ ပွင့်ချပ်တွေက ကြေမွသွားတာတောင် အဲဒါက အစိမ်းရောင်ကြာပန်း အမြုတေစိတ်ဝိညာဉ်ကို ဘယ်လိုလုပ်ပြီး ကာကွယ်ပေးနိုင်တာလဲ”

“ကြည့်စမ်း”

နောက်ထပ် ဧကရာဇ်တစ်ပါးက ပြောလိုက်၏။

“ဖန်တီးခြင်းကြာခုံရဲ့ ဘေးပတ်လည်မှာ အဝါရောင် အကာအရံအလွှာတစ်ခု ရှိနေတဲ့ပုံပဲ.. အဲဒါက ဖြန့်ကြက်ထားတဲ့ အဝါရောင်သဲတွေဖြစ်မယ် ထင်တယ်”

စောစောက လူတိုင်းမြင်တွေ့ခဲ့ရသည့် ထူးဆန်းသော အဝါရောင်အလင်းသည် ထိုသဲဝါကနေ ဖြာထွက်နေခြင်း ဖြစ်လေသည်။

“အဲဒါ ဘာလဲ.. အဲဒါက စတုတ္ထမြောက် ကောင်းကင်ဘုံကပ်ဘေးရဲ့ ဆေးကြောသန့်စင်မှုကိုတောင် ခုခံပေးနိုင်တာလား”

“ကြည့်ရတာတော့ အရမ်းကို သာမန်ပါပဲ.. အဲဒါက မြေဆီလွှာအပုံတစ်ခုဖြစ်တဲ့ပုံပဲ”

ဧကရာဇ်များ၏ အမူအရာများက အိုးတိုးအမ်းတမ်း ဖြစ်နေကြ၏။

သူတို့၏ အသိသညာနှင့်ပင်လျှင် သူတို့သည် ထိုသဲဝါက ဘာဖြစ်သည်ဆိုတာကို မသိရှိကြပေ။

ထိုအခိုက်အတန့်မှာ သိုင်းတာအိုပင်မခန္ဓာ၏ စိတ်ဝိညာဉ်အသိစိတ်ကပင်လျှင် သဲဝါ၏ အကာအရံလွှာကို ထိုးဖောက်နိုင်ခြင်း မရှိပေ။

စတုတ္ထမြောက် ကောင်းကင်ဘုံကပ်ဘေး၏ မိုးကြိုးလျှပ်စီး ဒီရေလှိုင်းထဲမှာ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် အကြီးမားဆုံး အသွင်ပြောင်းလဲမှုတစ်ရပ်ကို ဖြတ်ကျော်နေ၏။

ဆူဇီမို၏ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် အဆင့်ရှစ်၏ အထွတ်အထိပ်သို့ ရောက်ရှိနေသည်မှာ ကြာခဲ့လေပြီ။

သူသည် နောက်ပိုင်းတွင် အခွင့်အလမ်းများစွာကို ရရှိခဲ့ပြီး လောင်ကျွမ်းကောင်းကင်ဆူပွက်ပင်လယ်ကဲ့သို့ အန္တိမ နတ်ဘုရားစွမ်းအားတစ်ခုကို နားလည်ဆင်ခြင်ခဲ့တာတောင် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာက အဆင့်ချိုးဖျက်တက်လှမ်းမည့် လက္ခဏာများ မပြသခဲ့ပေ။

ဖန်တီးခြင်းကြာပဒုမ္မာသည် အဆင့်ကိုးသို့ ဘယ်လိုချိုးဖျက်တက်လှမ်းနိုင်မလဲ ဆူဇီမိုပင် မသိရှိပေ။

ကပ်ဘေးဖြတ်ကျော်နေစဉ် ဖြစ်စဉ်အတွင်း အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် မိုးကြိုးကပ်ဘေး၏ ဆေးကြောသန့်စင်မှုကို ခံယူပြီး ကောင်းကင်နှင့်မြေကြီး အမြုတေချီဖြင့် အဆက်မပြတ် ပေါင်းစည်းနေ၏။ နောက်ဆုံးမှာတော့ သိသာထင်ရှားသော အပြောင်းအလဲတစ်ရပ်က ဖြစ်ပွားလာခဲ့လေသည်။

ကောင်းကင်ဘုံကပ်ဘေးနှင့် ကောင်းကင်နှင့်မြေကြီး အမြုတေချီသည် ဖန်တီးခြင်းကြာပဒုမ္မာကို အဆင့်ကိုးသို့ ချိုးဖျက်တက်လှမ်းစေဖို့အတွက် အဓိက သော့ချက်ဖြစ်လေသည်။

ကောင်းကင်ဘုံကပ်ဘေး၏ ထပ်တလဲလဲ ဆေးကြောသန့်စင်မှုအောက်မှာ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာ၏ အသား၊ အရွတ်နှင့် အရိုးတို့သည် ချို့ယွင်းချက်ကင်းမဲ့လာပြီး မည်သည့်​ အညစ်အကြေးမှ မရှိဘဲ သိပ်သည်းကျစ်လစ်လာခဲ့၏။

သူ၏ အမြုတေစိတ်ဝိညာဉ်က ပို၍ပင် သန့်စင်ကာ ပို၍ပင် တောက်ပလာခဲ့၏။

ဤကဲ့သို့သော အခြေအနေအောက်မှာ ကောင်းကင်နှင့်မြေကြီး အမြုတေချီဖြင့် ပေါင်းစည်းမှုသည် ဖန်တီးခြင်းကြာပဒုမ္မာကို အဆင့်ကိုးသို့ ချိုးဖျက်တက်လှမ်းဖို့ ဖြစ်လာစေ၏။

ဖန်တီးခြင်းကြာပဒုမ္မာသည် ကောင်းကင်နှင့်မြေကြီး၏ ဖန်တီးမှုကို ခိုးယူထားလေသည်။

၎င်း၏ နောက်ပိုင်း ကြီးပြင်းအဆင့်တက်လာမှုများတွင် အသွင်ပြောင်းလဲမှုတစ်ခုချင်းစီ၌ လျှို့ဝှက်ဆန်းကြယ်သော အရာများစွာ ပေါ်ထွက်လာခဲ့၏။

အရင်တုန်းက အဆင့်၇ ဖန်တီးခြင်းကြာပဒုမ္မာသည် ဆူဇီမိုကို ဓမ္မပညာရပ်များ အဆက်မပြတ်ထုတ်ဖော်ရန် ထောက်ပံ့ပေးခဲ့၏။

အဆင့်-၈ ဖန်တီးခြင်းကြာပဒုမ္မာမှာ နတ်ဘုရားစွမ်းအားများစွာ ပါဝင်လာခဲ့၏။

အဆင့်-၉ သို့ ရောက်သောအခါ ဖန်တီးခြင်းကြာပဒုမ္မာသည် လောကဆိုင်ရာ အဆုံးစွန်ရတနာတစ်ခုကို မွေးထုတ်ပေးလာခဲ့၏။ အဲဒါက စောစောက လူတိုင်း မြင်တွေ့ခဲ့ရသော သာမန် အဝါရောင်မြေဆီလွှာ ဖြစ်လေသည်။

ဖန်တီးခြင်းကြာပဒုမ္မာသည် အဆင့်-၉ သို့ ကြီးထွားလာပြီးနောက်.. ဆူဇီမို၏ အစိမ်းရောင်ကြာပန်း အမြုတေစိတ်ဝိညာဉ်သည်လည်း မပြီးပြည့်စုံသော မှတ်ဉာဏ်တစ်ခုကို ရရှိလာခဲ့၏။

ရှေးဟောင်းမျိုးနွယ်စုများစွာသည် အမွေအနှစ်မှတ်ဉာဏ်များကို ရရှိတတ်လေသည်။

ဖန်တီးခြင်းကြာပဒုမ္မာသည် လောကမှာ တစ်ခုတည်းရှိသော အမျိုးအစားဖြစ်ပြီး ၎င်းအနေဖြင့်​ အမွေအနှစ်မှတ်ဉာဏ်များကို ထုတ်ဖော်ပေးနိုင်သည်မှာ သာမန်ဟုသာ ဆိုရပေမည်။

ဤအမွေအနှစ်မှတ်ဉာဏ်သည် အဝါရောင် မြေဆီလွှာ၏ မူလဇစ်မြစ်ကို မှတ်တမ်းတင်ပေးထား၏။

အဝါရောင် မြေဆီလွှာသည် သာမန်ပစ္စည်းတစ်ခု မဟုတ်ပေ။

၎င်းကို ကောင်းကင်ဘုံကိုးလွှာ သက်ရှိမြေဆီလွှာဟု ခေါ်ပြီး ကမ္ဘာမြေကြီး၏ မူလဇစ်မြစ်ဖြစ်လေသည်။ ၎င်းသည် အလွန်တရာ လျှို့ဝှက်ဆန်းကြယ်ပြီး ကစဉ့်ကလျားကနေ မွေးဖွားလာကာ ပြိုင်ဘက်ကင်း ခံစစ်အားကို ပိုင်ဆိုင်ထား၏။

သက်ရှိမြေဆီလွှာ၏ တစ်စိတ်တစ်ပိုင်းသည် ကောင်းကင်ဘုံကိုးလွှာအဖြစ် ဆင့်ကဲပြောင်းလဲသွားပြီး အခြားသော တစ်စိတ်တစ်ပိုင်းကတော့ ဖန်တီးခြင်းကြာပဒုမ္မာကို မွေးဖွားပေါ်ထွက်လာစေခဲ့၏။

ကောင်းကင်ဘုံကိုးလွှာ သက်ရှိမြေဆီလွှာသည် သေးငယ်သော လက်တစ်ဆုပ်စာမျှသာ ဖြစ်သော်လည်း ၎င်းသည် အလျင်အမြန် ပြန့်ကား၍ အကန့်အသတ်မဲ့စွာ အသွင်ပြောင်းလဲနိုင်လေသည်။ ၎င်းက ပျော့ပြောင်း၍ တည်ငြိမ်​ပြီး ထိုးဖောက်၍ မရနိုင်ပေ။ တကယ်တော့ အမွေအနှစ်မှတ်ဉာဏ်၏ ထိုအစိတ်အပိုင်းက ပြီးပြည့်စုံမှု မရှိပေ။

ကောင်းကင်ဘုံကိုးလွှာ သက်ရှိမြေဆီလွှာ၏ လျှို့ဝှက်ဆန်းကြယ်သော အသုံးဝင်မှုများကို သိရှိရန်အတွက် ဆူဇီမိုသည် သူ့ဘာသာသူ စမ်းသပ်စစ်ဆေးကြည့်ရပေမည်။

ယခု ဖန်တီးခြင်းကြာပဒုမ္မာသည် အဆင့်-၉ သို့ ကြီးပြင်းလာခဲ့ပြီး ဤအဆုံးစွန်ရတနာကို ဆင်းသက်ပေါ်ထွက်လာစေ၏။ ၎င်းသည် အလျင်အမြန် အသွင်ပြောင်းလဲသွားပြီး ဖန်တီးခြင်းကြာခုံ၏ ဘေးပတ်လည်ကို လွှမ်းခြုံကာ ဆူဇီမို၏ အမြုတေစိတ်ဝိညာဉ်ကို အတွင်းမှာ ထား၍ ကာကွယ်ပေးနေ၏။

အပြင်ဘက်ရှိ မိုးကြိုးလျှပ်စီး ဒီရေလှိုင်းက တဝုန်းဝုန်း ရိုက်ခတ်နေသော်လည်း ၎င်းကို ကောင်းကင်ဘုံကိုးလွှာ သက်ရှိမြေဆီလွှာက ပိတ်ဆို့တားဆီးထား၏။

ကောင်းကင်ဘုံကိုးလွှာ သက်ရှိမြေဆီလွှာအတွင်းမှာ အစက ပြောင်ရှင်းနေသော ဖန်တီးခြင်းကြာခုံသည် အသက်ဓာတ်အားကို စတင်၍ ဖြာထုတ်ပေးလာ၏။

ကြာခုံ၏ အလယ်မှာ ကြာစိမ့်ပေါက် ၈၁ခု ဖြစ်ပေါ်လာခဲ့လေသည်။

ကြာစိမ့်ပေါက်များထဲက​နေ အစိမ်းရောင် အလင်းရောင်ခြည်များက လျှံတက်လာပြီး တဖျပ်ဖျပ် တလက်လက် ပုံစံဖြင့် ဘေးပတ်လည်ရှိ မိုးကြိုးလျှပ်စီး ဒီရေများကို တွန်းကန်ပေးထား၏။

ခဏနေပြီးနောက်.. မိုးကြိုးလျှပ်စီး ဒီရေက တဖြည်းဖြည်းစဲသွားလေသည်။

ကောင်းကင်ထက်ရှိ မိုးကြိုးတိမ်စိုင်များကလည်း တဖြည်းဖြည်း လွင့်ပြယ်သွား၏။

အရှေ့ပင်လယ်အထက်ရှိ ကောင်းကင်က နောက်တစ်ဖန် ဝင်းလက်သွားလေသည်။

ထုံထိုင်း၍ ချောက်ချားစရာကောင်းသော ဖိအားကလည်း ပျက်ပြယ်သွားပြီး အပြာရောင် မိုးကောင်းကင်က ပြန်လည်ပေါ်ထွက်လာ၏။

မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများသည် ထိုသည်ကို တွေ့မြင်သောအခါ စိတ်သက်သာစွာ သက်ပြင်းချလိုက်ကြ၏။

အဲဒါက ပြီးဆုံးသွားခဲ့လေပြီ။

သိုင်းဧကရာဇ်၏ ကပ်ဘေးဖြတ်ကျော်ခြင်းသည် ကောင်းကင်ဘုံကပ်ဘေး လေးခုကို ဆွဲဆောင်ခဲ့​ပြီး အဲဒီမှာ စုစုပေါင်း မိုးကြိုးကပ်ဘေး ၃၆ခု ပါဝင်ခဲ့လေသည်။

ဤမြင်ကွင်းကို သမိုင်းမှတ်တမ်းထဲမှာ သေချာပေါက် မှတ်တမ်းတင်ရပေမည်။

အားလုံး၏ အကြည့်အောက်မှာ ဖန်တီးခြင်းကြာပဒုမ္မာက ကောင်းကင်ဘုံကိုးလွှာ သက်ရှိမြေဆီလွှာကနေ နောက်တစ်ဖန် ကြီးထွားလာခဲ့၏။ ကြာရွက်များက ကြည်လင်တောက်ပနေပြီး ကြီးမားသော ကြာပွင့်ချပ်များက တစ်ခုပြီးတစ်ခု ဖူးပွင့်ကာ အလင်းရောင်ဖြင့် တလက်လက်ထနေ၏။

နောက်ဆုံးမှာတော့ ဖန်တီးခြင်းကြာပဒုမ္မာက ပျောက်ကွယ်သွားပြီး ဆူဇီမို၏ ပုံရိပ်က ပြန်လည်ပေါ်ထွက်လာ၏။

သူက အစိမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး အနက်ရောင်ဆံပင်များကို သူ၏ ပခုံးပေါ်မှာ ဖြန့်ချကာ ကြော့ရှင်းသော သွင်ပြင်များကို ပိုင်ဆိုင်ထား၏။ သူ၏ အော်ရာက ထူးခြားအံ့မခန်း ဖြစ်လာခဲ့၏။

အစက အဆင့် ၈ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာ၏ အသွေးအသားသည် နဂါးဖီးနစ် အစစ်အမှန်ခန္ဓာကို မယှဉ်နိုင်ခဲ့ပေ။

အစစ်အမှန်ခန္ဓာသုံးခုကြားမှာ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာက တိုက်ခိုက်ရည်ခွန်အားမှာ အားအနည်းဆုံးဖြစ်ခဲ့လေသည်။

သို့သော် ယခု အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် အဆင့်-၉ သို့ အသွင်ပြောင်းလဲသွားခဲ့ပြီး သူ၏ တိုက်ခိုက်ရည်ခွန်အားက နဂါးဖီးနစ် အစစ်အမှန်ခန္ဓာထက် သေချာပေါက် အားမနည်းတော့ပေ။

တကယ်တော့ အဆင့်-၉ သို့ ကြီးပြင်းလာပြီးနောက် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာ၏ အကြီးမားဆုံး ရရှိမှုမှာ ကောင်းကင်ဘုံကိုးလွှာ သက်ရှိမြေဆီလွှာ ဖြစ်လေသည်။

တစ်ဖက်မှာတော့ နဂါးဖီးနစ် အစစ်အမှန်ခန္ဓာသည် စတုရန်းကြေးမီးဖို​ပေါ် မှီခိုပြီး အနိုင်နိုင် ရှင်သန်နိုင်ခဲ့၏။ သူ၏ ခန္ဓာကိုယ်က ဒဏ်ရာအပြင်းအထန် ရရှိထား​ပြီး သူ၏ အမြုတေချီက ကြီးမားစွာ ထိခိုက်ဒဏ်ရာရရှိကာ ပြန်လည်ကုသဖို့အတွက် အတတ်နိုင်ဆုံး ကြိုးစားနေ၏။

သိုင်းတာအိုပင်မခန္ဓာ၏ ကပ်ဘေးဖြတ်ကျော်ခြင်းက အချောမွေ့ဆုံး ဖြစ်လေသည်။

နောက်ဆုံး စတုတ္ထမြောက် ကောင်းကင်ဘုံကပ်ဘေးကပင်လျှင် သိုင်းတာအိုပင်မခန္ဓာအပေါ် ခြိမ်းခြောက်မှုများစွာ မဖြစ်စေခဲ့ပေ။

ထိုစဉ်မှာပင် ကောင်းကင်ထက်ကနေ နို့နှစ်ရောင် အလင်းတန်းသုံးခုက ဆင်းသက်လာပြီး ထူးဆန်းသော စွမ်းအားတစ်ခုနှင့်အတူ ဆူဇီမို၏ အစစ်အမှန်ခန္ဓာသုံးခုပေါ်သို့ အုပ်မိုးကျဆင်းလာခဲ့၏။

လူတိုင်းသည် တုန်လှုပ်စွာဖြင့် မမှိတ်မသုန် စောင့်ကြည့်နေကြ၏။

နို့နှစ်ရောင် အလင်းတန်းသည် စွမ်းအားကြီးမားသော အသက်ဓာတ်အားကို ဖြာထုတ်ပေးပြီး အဲဒါကို နဂါးဖီးနစ် အစစ်အမှန်ခန္ဓာ၏ ကိုယ်ထဲသို့ တလိပ်လိပ် တိုးဝင်သွားစေ၏။

နဂါးဖီးနစ် အစစ်အမှန်ခန္ဓာ၏ ထိခိုက်ဒဏ်ရာများက မြင်နိုင်သော နှုန်းထားဖြင့် သက်သာပျောက်ကင်းလာ၏။

အသက်ဆယ်ရှိုက်မပြည့်ခင်မှာပင် နဂါးဖီးနစ် အစစ်အမှန်ခန္ဓာက မူလအနေအထားသို့ ပြန်လည်ရောက်ရှိသွားလေသည်။

တစ်ချိန်တည်းမှာပင် နို့နှစ်ရောင် အလင်းတန်းသုံးခုသည် စွမ်းအားကြီးမားသော စုပ်ယူအားတစ်ခုကို ပိုင်ဆိုင်ထားပြီး အစစ်အမှန်ခန္ဓာသုံးခုနှင့်အတူ မိုးကောင်းကင်ထက်သို့ ပျံတက်ချင်လေသည်။

အလင်းတန်းသုံးခုသည် အထက်ဘုံနှင့် အောက်ဘုံကို ချိတ်ဆက်ပေးထားသည့် စင်္ကြံလမ်းတစ်ခုကို ဖြစ်ပေါ်လာစေသည်ဟု ထင်ရ၏။

နဂါးဖီးနစ် အစစ်အမှန်ခန္ဓာနှင့် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် ထိုစွမ်းအားကို ခုခံခြင်း မရှိဘဲ သူတို့၏ ခန္ဓာကိုယ်များကို ဖြေလျှော့ပေးလိုက်၏။ သူတို့သည် စုပ်ယူအားနောက်သို့ လိုက်ပါပြီး မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများ၏ အကြည့်များအောက်မှာ ကောင်းကင်ထက်သို့ ဖြည်းဖြည်းချင်း ပျံတက်သွားပြီး နေရာအတိအကျ မသိရသော အထက်ဘုံသို့ ဦးတည်လိုက်လေသည်။

All Chapters