← Chapters

ဘုရင်ယွင်ရို

Vol. 119 Ch. 1784

ဘုရင်ယွင်ရို

Vol. 119 Ch. 1784

လက်ဖဝါးတစ်ဖက်သည် ကြယ်များစွာကို မလွယ်တကူဖျက်ဆီးပစ်နိုင်၏။

ထိုစွမ်းအားသည် ဆူဇီမိုနားလည်နိုင်စွမ်းထက် အပြတ်အသတ်ကျော်လွန်သွားခဲ့လေပြီ။

၎င်း၏ နောက်ကွယ်ရှိ ရက်စက်ကြမ်းကြုတ်မှုက ဆူဇီမို၏ နှလုံးသားကို အေးစက်သွားစေ၏။

ထိုလက်ဖဝါးပိုင်ရှင်၏ မျက်လုံးထဲမှာ ကြယ်များပေါ်ရှိ သက်ရှိများ၏ အသက်သည် မြက်ပင်များကဲ့သို့ဖြစ်ပြီး သူက တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ သတ်ဖြတ်ပစ်ခဲ့လေသည်။

သို့သော်လည်း ထိုလက်ဝါးက သူ့ကို အဓိကချိန်ရွယ်သည်မှာ သိသာ​လေသည်။

သူသည် အထက်ဘုံသို့ မတက်လှမ်းနိုင်ခင်မှာပင် ဤကဲ့သို့ကြောက်စရာကောင်းသော ရန်သူတစ်ယောက်ကို ဘယ်လိုဆွဲဆောင်မိသွားသလဲ တကယ်ပင်စဥ်းစားကြည့်လို့ မရပေ။

အဲ့ဒါထက် သူတက်လှမ်း​နေစဥ်မှာပင် ဤကဲ့သို့သော ကပ်ဘေးတစ်ခုနှင့် ကြုံတွေ့ရလိမ့်မည်ဟု သူက ထင်မှတ်မထားခဲ့ပေ။

တစ်နည်းအားဖြင့်ဆိုလျှင် ဤလူသည် သူ၏ တက်လှမ်းမှုကိုပင် ကြိုတင်တွက်ချက်ခဲ့ပြီး သူ့ကို သတ်ဖြတ်ရန်အတွက် ခြေတစ်လှမ်းစော၍ ရောက်ရှိလာခဲ့၏။

ဆူဇီမိုသည် အခြားသောကမ္ဘာတစ်ခုသို့ တက်လှမ်းသွားမည်ဆိုလျှင် သူ့အနေဖြင့် ဆူဇီမိုကို သတ်ဖြတ်နိုင်ချင်မှ သတ်ဖြတ်နိုင်တော့မည်ကို ဤလူက ကောင်းကောင်းသိထား၏။

ဆူဇီမို၏ မျက်လုံးက ပြူးကျယ်သွားလေသည်။

သူသည် ဧရာမလက်ဝါးကနေ ထုတ်ဖော်လိုက်သော အော်ရာအောက်မှာ လုံးဝမလှုပ်ရှားနိုင်တော့ပေ။

ကြောက်စရာကောင်းသော လက်ဖဝါးက ဆင်းသက်မလာခင်မှာပင် ၎င်းကနေ ထုတ်ဖော်လိုက်သော အော်ရာနှင့်ဖိအားသည် ဆူဇီမိုကို လုံးဝကန့်သတ်ချုပ်နှောင်ထားဖို့ လုံလောက်လေသည်။

ဆူဇီမိုသည် ကူကယ်ရာမဲ့သော ခံစားချက်တစ်ခုကို ရရှိလိုက်၏။

အဲ့ဒါသည် ခွန်အားအရာမှာ ပကတိဖိနှိမ်ခြင်းတစ်ရပ်ဖြစ်၏။

အရင်တုန်းက သူသည် အထက်ဘုံမှ ပညာရှင်များနှင့် ရင်ဆိုင်ခဲ့ရစဥ်မှာတောင် သူသည် ဤကဲ့သို့သော ခံစားချက်ကို မရရှိခဲ့ပေ။

“ဟီးဟီးဟီးဟီး...”

ရုတ်တရက် အေးစက်နေသော ရယ်မောသံတစ်သံက ကြယ်ရောင်ကောင်းကင်ထက်ကနေ ထွက်ပေါ်လာ၏။

“ပုရွက်ဆိတ်လေး... ငါတို့ထပ်တွေ့ကြပြန်ပြီ”

ထိုအသံက နောက်တစ်ဖန်ထွက်ပေါ်လာ၏။

ဆူဇီမိုက တုန်လှုပ်သွားလေသည်။

ထိုအသံက ရင်းနှီးနေသည့်ပုံပေါ်လေသည်။

“အဲ့ဒါ ဟိုလူပဲ”

ဆူဇီမို၏ စိတ်ထဲသို့ ပုံရိပ်တစ်ခုက ဖျတ်ခနဲဝင်ရောက်လာပြီး သူက ရင်ထဲမှာနင့်ခနဲ ဖြစ်သွား၏။

အရင်တုန်းက အထက်ဘုံမှပညာရှင်များသည် ထျန်ဟွမ်ကုန်းမြေတိုက်သို့ တစ်ယောက်ပြီးတစ်ယောက် ဆင်းသက်လာခဲ့ကြ၏။ နောက်ဆုံးမှာ သူ့ကိုယ်သူဘုရင်တစ်ပါးဟု ရည်ညွှန်းပြောဆိုသော အဖြူရောင်ဝတ်အမျိုးသားတစ်ယောက်က ပေါ်ထွက်လာခဲ့၏။ တကယ်ဆို သူသည် ထျန်ဟွမ်ကုန်းမြေတိုက်မှာ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာ၏ တည်ရှိမှုကို အတွေးတစ်ချက်ဖြင့်ထောက်လှမ်းနိုင်ပြီး အလွန်တရာစွမ်းအားကြီးမားလေသည်။

ဒါ့အပြင် ထိုစဥ်တုန်းက ထျန်ဟွမ်ကုန်းမြေတိုက်သို့ ဆင်းသက်လာခဲ့သူမှာ အဖြူရောင်ဝတ်လူ၏ ကိုယ်ပွားတစ်ခုသာဖြစ်သည်ဟု တျဲယွဲ့ထံမှ သူကသိခဲ့ရလေသည်။

ဤလူသည် ကောင်းကင်ဘုံကမ္ဘာမှာ မြင့်မားသော အဆင့်အတန်းတစ်ခုရှိပြီး နေရာဒေသတစ်ခုကို အုပ်စိုးနိုင်သော ဘုရင်တစ်ပါးဖြစ်သည်ဟုလည်း တျဲယွဲ့က ဆူဇီမိုကို ပြောခဲ့ဖူး၏။

ကံဆိုးစွာနှင့်ပင် ထိုသူသည် တျဲယွဲ့နှင့်တွေ့ဆုံခဲ့ပြီး သူ၏ ကိုယ်ပွားက ဖျက်ဆီးခံခဲ့ရ၏။

ဒါ့အပြင် တျဲယွဲ့သည် သူ၏ တာအိုသစ်သီးကို လုယူခဲ့လေသည်။

ယခုအချိန်မှာ ထိုတာအိုသစ်သီးသည် သိုင်းတာအိုပင်မခန္ဓာ၏ လက်ထဲသို့ ရောက်ရှိနေ၏။

ဆူဇီမိုသည် အထက်ဘုံသို့ တက်လှမ်းသည့်အခါ ဤလူကို သတိထားဖို့လိုကြောင်း တျဲယွဲ့က ဆူဇီမိုကို တစ်ခါ ပြောခဲ့ဖူး​လေသည်။

သို့သော်လည်း သူက အထက်ဘုံသို့မတက်လှမ်းနိုင်ခင်မှာပင် ဤလူက သူ့ကို တိုက်ခိုက်လာလိမ့်မည်ဟု ဆူဇီမိုက ထင်မှတ်မထားခဲ့ပေ။

“သွေးလိပ်ပြာနဲ့ မင်းက ဘယ်လိုပတ်သက်ဆက်နွယ်နေသလဲ ငါဂရုမစိုက်ဘူး... သူက ငါ့ရဲ့ကိုယ်ပွားကို ဖျက်ဆီးခဲ့တယ်ဆိုမှတော့... မင်းက အဲ့ဒါအတွက် ပြန်ပေးဆပ်ရမယ်”

အဖြူရောင်ဝတ်အမျိုးသာ၏ အသံကနောက်တစ်ဖန် ထွက်ပေါ်လာပြီး သူ၏ လေသံက အေးစက်နေ၍ မကျေမချမ်းမှုများဖြင့် ပြည့်နှက်နေ၏။

အဖြူရောင်ဝတ်လူသည် လက်စားချေဖို့အတွက်သာ မဟုတ်ဘဲ သူ၏ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာအတွက်ပါ ရောက်ရှိလာသည်ကို ဆူဇီမိုက ရင်ထဲမှာသိနေ၏။

တကယ်ပင် အဖြူရောင်ဝတ်လူက အေးစက်စွာပြောလိုက်၏။

“အစကတော့... ငါကမင်းရဲ့ နဂါးဖီးနစ်ကိုယ်ပွားကို အင်မော်တယ်တောကောင်တစ်ကောင်အဖြစ် ပြုစုပျိုးထောင်ပေးမလို့ဘဲ... ဒါပေမဲ့ ငါ့ရဲ့ကိုယ်ပွားက ဖျက်ဆီးခံခဲ့ရတယ်ဆိုမှတော့ မင်းရဲ့ကိုယ်ပွားကလည်း သူနဲ့အတူသေရလိမ့်မယ်”

“မပူပါနဲ့... ငါက မင်းရဲ့အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကို ချက်ချင်းသတ်မှာ မဟုတ်ဘူး... ငါက မင်းရဲ့ အစစ်အမှန်ခန္ဓာကိုသုံးပြီး အင်မော်တယ်ဆေးလုံးတချို့ကို သန့်စင်မွန်းမံချင်သေးတယ်”

ထိုသို့သူပြောလိုက်သည့်ခဏမှာပင် ဧရာမလက်ဖဝါးက ဖြည်းဖြည်းချင်း ချဥ်းကပ်လာခဲ့ပြီဖြစ်၏။

ကြောက်စရာကောင်းသောဖိအားက နဂါးဖီးနစ်အစစ်အမှန်ခန္ဓာပေါ်သို့ ချက်ချင်းပင်ဆင်းသက်လာခဲ့၏။

ဖျောက်...ဖျောက်... ဖျောက်...

နဂါးဖီးနစ်အစစ်အမှန်ခန္ဓာထံမှ အရိုးများအက်ကွဲသံကို ကြားနိုင်လေသည်။

အဆုံးမဲ့နာကျင်မှုတစ်ခုက သူ၏ ဝိညာဥ်ထိတိုင် စိမ့်ဝင်ထိုးဖောက်လာခဲ့၏။

နဂါးဖီးနစ်အစစ်အမှန်ခန္ဓာသည် လုံးဝမလှုပ်ရှားနိုင်ပေ။ ထိုစွမ်းအားနှင့် ရင်ဆိုင်ရချိန်မှာ သူ၏ အရိုးများက တစ်စတစ်စကြေမွသွားပြီး သူ၏ အသက်ဓာတ်အားက ဖျက်ဆီးခံလိုက်ရ၏။

ဤဖြစ်စဥ်အတွင်း နဂါးဖီးနစ်အမြုတေစိတ်ဝိညာဥ်သည် မလှုပ်ရှားနိုင်သော်လည်း သူ့ခန္ဓာကိုယ်၏ အစိတ်အပိုင်းအသီးသီးမှ နာကျင်မှုကိုခံစားရင်း အခြေအနေက အလွန်တရာဆိုးရွားလာခဲ့၏။

သိပ်သည်းပြင်းထန်သော ဖိအားအောက်မှာ နဂါးဖီးနစ်အစစ်အမှန်ခန္ဓာသည် စတင်၍ အသွင်ပြောင်းလဲကာ တွန့်လိမ်လာခဲ့ပြီဖြစ်၏။

အဖြူရောင်ဝတ်လူ၏ နည်းလမ်းများအရ သူသည် လက်ညိုးတစ်ချောင်းနှင့်ပင် နဂါးဖီးနစ်အစစ်အမှန်ခန္ဓာကို ဖိခြေဖျက်ဆီးပစ်နိုင်၏။

သို့သော် ယခုအခါ အဖြူရောင်ဝတ်လူသည် ဆူဇီမိုကို ညည်းပန်းနှိပ်စက်ရန် နဂါးဖီးနစ်အစစ်အမှန်ခန္ဓာကို ဖြည်းဖြည်းချင်း ဖျက်ဆီးပစ်နေ၏။ သူသည် ထိုနာကျင်မှုနှင့် စိတ်ပျက်အားငယ်မှုကို ဆူဇီမိုအား ကိုယ်တိုင်တွေ့ကြုံခံစားစေချင်၏။

နဂါးဖီးနစ်အစစ်အမှန်ခန္ဓာပေါ်ရှိကြေးခွံများက ကြေမှုန့်သွားခဲ့ပြီဖြစ်၏။

ထိုအသက်ရှုချိန်အနည်းငယ်အတွင်းမှာ နဂါးဖီးနစ်အစစ်အမှန်ခန္ဓာ၏ အရိုးများသည် ကြောက်စရာကောင်းသော ထိုစွမ်းအားဖြင့် လုံးလုံးလျားလျား ကြေမွသွားခဲ့လေပြီ။

နဂါးဖီးနစ်အစစ်အမှန်ခန္ဓာအနေဖြင့် ထိုအသက်ရှုချိန်အနည်းငယ်သည် နှစ်ပေါင်းရာချီကို ဖြတ်သန်းနေရသည်ဟု ထင်မှတ်ရ၏။

နဂါးဖီးနစ်အစစ်အမှန်ခန္ဓာသည် ခံစားချက်များကို ဖွင့်ထုတ်ချင်သော်လည်း ထိုသို့မလုပ်နိုင်ဘဲ သူက နာကျင်မှုကို တိတ်တဆိတ်ကြိတ်မှိတ်ခံစားနေရ၏။

သိပ်မကြာခင်... ဖျက်ဆီးတတ်သောဖိအားက နဂါးဖီးနစ်အစစ်အမှန်ခန္ဓာ၏ ကိုယ်တွင်းအင်္ဂါများထဲထိ စိမ့်ဝင်ထိုးဖောက်လာခဲ့၏။

သူ၏ ကြေးခွံများ ၊ အသားနှင့် အရိုးတို့သည်ပင် ထိုစွမ်းအားကို ခံနိုင်ရည်မရှိပေ။ တစ်ခဏချင်းမှာပင် နဂါးဖီးနစ်အစစ်အမှန်ခန္ဓာ၏ ကိုယ်တွင်းအင်္ဂါများက မည်သည့်အသက်ဓာတ်မှ မကျန်ရှိဘဲ အပိုင်းပိုင်းခြေမွှခံလိုက်ရ၏။

နဂါးဖီးနစ်အစစ်အမှန်ခန္ဓာသည် သွေးများဖြင့် စိုရွှဲသွားပြီး ပုံပျက်ပန်းပျက် ဖြစ်သွားခဲ့လေသည်။ သူက စွမ်းအားကြီးမားသော အင်အားဖြင့် သွေးနီရောင်အသားလုံးတစ်လုံး ဖြစ်လုနီးပါးထိ ဖျစ်ညှစ်ခံလိုက်ရ၏။

“ဟီးဟီးဟီးဟီး...”

အဖြူရောင်ဝတ်အမျိုးသား၏ ရယ်သံက ဆက်လက်ထွက်ပေါ်လာ၏။

သူသည် သူ၏ လုပ်ရပ်နှင့်ပတ်သက်၍ အလွန်တရာစိတ်ကျေနပ်နေပုံရ၏။

“အဲ့ဒါက နဂါးဖီးနစ်ရဲ့ မျိုးဆက်သွေးပဲ... နှမြောဖို့ကောင်းလိုက်တာ”

ရုတ်တရက် ကြယ်ရောင်ကောင်းကင်ထက်ကနေ နောက်ထပ်အသံတစ်သံက ထွက်ပေါ်လာ၏။

“သူက အောက်ဘုံကနေတက်လှမ်းလာတဲ့ တောကောင်တစ်ကောင်ပဲ ဘာမှသနားနေစရာမရှိဘူး... ဒီလူပုံသဏ္ဌာန် ဖန်တီးခြင်းကြာပဒုမ္မာကသာ တကယ့်အစစ်အမှန် အဆုံးစွန်ရတနာပဲ”

အဖြူရောင်ဝတ်အမျိုးသားက ပြန်ပြောလိုက်၏။

ဆူဇီမို၏ အမြင်အာရုံကို သူ၏ ဦးခေါင်းထက်ရှိ ဧရာမလက်ဝါးက ပိတ်ဆို့တားဆီးထားသော်လည်း အဲ့ဒီမှာ အဖြူရောင်ဝတ်အမျိုးသားအပြင် အခြားလူတစ်ယောက်ရှိနေသေးသည်ကို သူက ရှင်းလင်းစွာ ခံစားမိလိုက်၏။

“အား...”

ရုတ်တရက်... အသံတစ်ခုက အံ့အားသင့်စွာ ထွက်ပေါ်လာ၏။

“ဒီမီးဖိုက မင်းရဲ့နတ်ဘုရားစွမ်းအားကို တကယ်ပဲ ခုခံနိုင်တာပဲ... အဲ့ဒါက အခုချိန်ထိ လုံးဝမပျက်စီးသေးဘူး”

“အဲ့ဒီချေးတက်နေတဲ့ မီးဖိုက ဘာပါလိမ့်... အဲ့ဒါက ဘာလို့ ဒီလောက်အတိုင်းအတာထိ ပျက်စီးထိခိုက်ထားတာလဲ”

အဖြူရောင်ဝတ်အမျိုးသားကလည်း တွေဝေရှုပ်ထွေးဟန်ဖြင့် ထပ်ပြောလိုက်၏။

ထိုစဥ်မှာပင် နောက်ထပ်စီးပိုးခြယ်လှယ်နိုင်သော စွမ်းအားတစ်ခုက ကြယ်ရောင်ကောင်းကင်ထက်ကနေ ပစ်လွင့်ထွက်ပေါ်လာပြီး အဖြူရောင်ဝတ်အမျိုးသား၏ လက်ဖဝါးကို ပစ်တိုက်လိုက်လေသည်။

ဘုန်း...

စွမ်းအားနှစ်ခုက ကျယ်လောင်သောမြည်သံဖြင့် ထိတွေ့ရိုက်ခတ်သွားပြီး ဘေးပတ်လည်ရှိ ကြယ်ရောင်ကောင်းကင်က အနည်းငယ်တုန်ခါသွား၏။

“ဘုရင်ယွင်ရို... အင်မော်တယ်ဘုရင်တစ်ပါးအနေနဲ့ နင်က အောက်ဘုံကနေတက်လှမ်းလာတဲ့ သက်ရှိတွေကို ဟန့်တားတိုက်ခိုက်တယ်ဆိုတော့ ဘယ်လောက်တောင် အောက်တန်းကျလိုက်သလဲ”

ထို့နောက်ချက်ချင်းပင် ကြယ်ရောင်ကောင်းကင်ထက်ကနေ အမျိုးသမီးတစ်ယောက်၏ အော်ဟစ်သံက ထွက်ပေါ်လာ၏။

“ဟမ့်...”

အဖြူရောင်ဝတ်အမျိုးသားက အေးစက်စွာ နှာတစ်ချက်မှုတ်လိုက်၏။

“ဒီရူးနေတဲ့မိန်းမက ဘယ်ကနေရောက်လာတာလဲ... နင်က ငါ့ရဲ့လုပ်ရပ်ကို ဝေဖန်ဖို့အဆင့်မမီဘူး... နင်ငါ့ကိုတားဆီးနိုင်မှာလည်း မဟုတ်ဘူး”

သူက ထိုသို့ပြောဆိုလိုက်သော်လည်း အမျိုးသမီးက ဟန့်တားနှောက်ယှက်၍ ဘုရင်ယွင်ရိုကို တိုက်ခိုက်လာသောအခါ ဆူဇီမိုသည် သူ၏ ခန္ဓာကိုယ်က ပေါ့ပါးသွားသည်ဟု ခံစားလိုက်ရ၏။

မွန်းကျပ်ဖွယ်ရာ သေခြင်းအော်ရာက သူ၏ ဘေးပတ်လည်မှာ ရစ်ဝဲနေသေးသော်လည်း သူသည် ကန့်သတ်ချုပ်နှောင်ခံထားရသောအခြေအနေကနေ ယာယီအားဖြင့် လွတ်မြောက်လာခဲ့ပြီး တစ်ဖန်ပြန်လည်လှုပ်ရှားလာနိုင်၏။

နဂါးဖီးနစ်အမြုတေစိတ်ဝိညာဥ်သည် တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ ယိုယွင်းပျက်စီးနေသော နဂါးဖီးနစ်အစစ်အမှန်ခန္ဓာထဲကနေ ရုန်းထွက်လာခဲ့ပြီး စတုရန်းကြေးမီးဖိုထဲမှာ ပုန်းကွယ်ကာ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာရှိရာသို့ ပျံသန်းလိုက်လေသည်။

နဂါးဖီးနစ်အစစ်အမှန်ခန္ဓာ၏ ခန္ဓာကိုယ်က သူ၏ အသက်ဓာတ်အားကို ဆုံးရှုံးလိုက်ရပြီဖြစ်ပြီး နဂါးဖီးနစ်အမြုတေစိတ်ဝိညာဥ်နှင့် အချိတ်အဆက်လုံးဝဖြတ်တောက်ခံလိုက်ရလေပြီ။ သူက အဲ့ဒါကို ကိုင်တွယ်ထိန်းချုပ်စရာ မလိုတော့ပေ။

“သွေးကနေ ပြန်လည်မွေးဖွားခြင်း”

နဂါးဖီးနစ်အမြုတေစိတ်ဝိညာဥ်က စတုရန်းကြေးမီးဖိုထဲမှာ ပုန်းကွယ်ပြီး သူ၏ နတ်ဘုရားစွမ်းအားကို အလောတကြီးလှည့်ပတ်ကာ သူ၏ ခန္ဓာကိုယ်ကို ပြန်လည်တည်ဆောက်ချင်လေသည်။

သို့သော်လည်း အဲ့ဒါကို ထုတ်ဖော်လိုက်သည့်ခဏမှာပင် ထိုနတ်ဘုရားစွမ်းအားက ပျက်ပြယ်သွားလေသည်။

နဂါးဖီးနစ်အမြုတေစိတ်ဝိညာဥ်၏ ဘေးပတ်လည်မှာ မည်သည့်အသွေးအသားမှ ပေါ်ထွက်မလာခဲ့ပေ။

ထိုသည်ကို သတိထားမိသောအခါ ဆူဇီမို၏ အမူအရာက အေးစက်သွားပြီး ရင်ထဲမှာနင့်ခနဲ ဖြစ်သွား၏။

All Chapters