လကြိုဆိုတဲ့ ကောင်းကင်ဘုံတေးသံ(ဂ)
Vol. 92 Ch. 1415
အစောနက အချက်အားလုံးကို ပေါင်းစပ်လိုက်သည့်အခါ ခန့်မှန်းမှုတစ်ခုက ရွှီချင်း၏ စိတ်ထဲမှာ ထွက်ပေါ်လာသည်။
“ ဟွမ်ကောင်းကင်ဘုံနတ်ဘုရားမျိုးနွယ် ”
ဟွမ်ကောင်းကင်ဘုံနတ်ဘုရားမျိုးနွယ်သာလျှင် ဝမ်ကူးကုန်းမြေ၏ မူလစွမ်းအင်လှိုင်းများကို ထုတ်လွှတ်နိုင်လိမ့်မည်။
ဟွမ်ကောင်းကင်ဘုံနတ်ဘုရားမျိုးနွယ်သာလျှင် နတ်ဘုရားမျက်နှာပျက်ကြီးနှင့်မတူညီသော မျိုးဆက်အရှိန်အဝါကို ပေးနိုင်လိမ့်မည်။
ရွှီချင်းသည် နှလုံးတုန်သွားသည်။ သို့သော်လည်း ဤအခြေအနေတွင် သူ့မှာ စဉ်းစားရန် အချိန်အများကြီးမရှိပေ။ တစ္ဆေသရဲများ၏ အော်ညည်းသံက ဆက်လက် ပဲ့တင်ထပ်သွားပြီး ပုံရိပ်ယောင်လထံမှ သေခြင်းအရှိန်အဝါက ပေါ်လျှိုးလာသည့်အခါ ကြောက်မက်ဖွယ်ကောင်းသော ဖိအားတစ်ခုက ဆင်းသက်လာသည်။
ရွှီချင်းက အနောက်ဆုတ်သွားသည်။ သူ၏ ခန္ဓာကိုယ်ထဲမှ နတ်ဘုရားအခွင့်အာဏာများက ထွန်းလင်းတောက်ပလာပြီး နတ်ဘုရားအရင်းအမြစ်များက တစ်ပြိုင်နက် ပေါ်လျှိုးလာကြသည်။ တစ်ချိန်တည်းမှာ သူက ဖြေရှင်းနည်းတစ်ခုကို အမြန်စဉ်းစားလိုက်သည်။
ခရမ်းလကို ဤလစန္ဒာနှင့် အမျိုးအစားတူညီသည်ဟု သတ်မှတ်နိုင်သည်။ သို့သော်လည်း သူ၏ လက်ရှိခရမ်းလနတ်ဘုရားအခွင့်အာဏာက ၎င်းကို ထိပ်တိုက်ရင်ဆိုင်နိုင်လိမ့်မည်ဟု ရွှီချင်း မယုံကြည်ပေ။
၎င်းက ပုံရိပ်ယောင်တစ်ခုဖြစ်ပြီး သေဆုံးပြီးသား နတ်ဘုရားတစ်ပါးသာ ဖြစ်သော်လည်း အလွန်အစွမ်းကြီးမားသည်။
ကံကြမ္မာဆိုးသည် ဤနေရာမှာ အများကြီး အသုံးမဝင်ပေ။ နတ်ဘုရားကျိန်စာသည်လည်း မသင့်တော်ပေ။
သို့ဆိုလျှင် သူက အသံနတ်ဘုရားအခွင့်အာဏာကိုသာ အသုံးပြုနိုင်တော့သည်။
သူက ခန္ဓာကိုယ်ထဲမှ နတ်ဘုရားအရင်းအမြစ်အားလုံးကို အသံနတ်ဘုရားအခွင့်အာဏာထဲသို့ ထည့်သွင်းလိုက်သည်။ ဝိညာဉ်ချည်မျှင်များသည်ပင် ယင်းကို ထပ်မံ အားဖြည့်ပေးလိုက်သည်။
သူက အသံနတ်ဘုရားအခွင့်အာဏာ၏ အစွမ်းကို အပြည့်အဝ ထုတ်ဖော်လိုက်သည်။
သူ၏ ပစ်မှတ်သည် ပုံရိပ်ယောင်လ မဟုတ်ပေ။ ယင်းအစား လကို ဆင့်ခေါ်ခဲ့ကြသော တစ္ဆေသရဲများ၏ အော်ညည်းသံသာ ဖြစ်သည်။
သူက ထိုအော်ညည်းသံကို ဖိနှိပ်လိုက်သည်။
ယိုယွင်းပျက်စီးနေသော လစန္ဒာက ဆင်းသက်လာနေစဉ် ထိုသို့လုပ်ဆောင်ခြင်းသည် အလွန်အန္တရာယ်များသည်။ ကံကောင်းစွာဖြင့် ရွှီချင်းက ဤမတိုင်ခင် အသံနတ်ဘုရားအခွင့်အာဏာကို ထပ်ခါတလဲလဲ လေ့ကျင့်ခဲ့သောကြောင့် ယင်းကို ကျွမ်းကျင်စွာ အသုံးပြုနိုင်သည်။
ထို့ပြင် သူ့နတ်ဘုရားအခွင့်အာဏာ၏ လက်ရှိအဆင့်အတန်းသည် လုံလောက်သည်။
နောက်ဆုံးမှာတော့ ယိုယွင်းပျက်စီးနေသော လစန္ဒာက သေမျိုးလောကဆီသို့ ဆွဲထုတ်ခံရတော့မည့်အချိန် တစ္ဆေသရဲများ၏ အော်ညည်းသံများမှ ထွက်ပေါ်လာသော ‘ လကြိုဆိုကောင်းကင်ဘုံတေးသံ ’သည် ရွှီချင်း၏ အသံနတ်ဘုရားအခွင့်အာဏာ၏ လွှမ်းမိုးခြယ်လှယ်ခံလိုက်ရသည်။
အသံသည် ရွှီချင်း၏ ဖိနှိပ်ခံလိုက်ရသည်။
အတွေးတစ်ချက်နှင့်အတူ သူက ဤနေရာမှ တစ္ဆေသရဲတစ်ရာ၏ အော်ညည်းသံများကို ပိတ်ပင်တားဆီးလိုက်ပြီး သူ့နတ်ဘုရားအခွင့်အာဏာကို အသုံးပြု၍ ထိုဆူညံသံကို သန့်စင်လိုက်သည်။
ထို့ကြောင့် ရွှီချင်း၏ အသိစိတ်ကို တဒင်္ဂ မိန်းမောတွေဝေသွားစေမည့် သာယာငြိမ့်ညောင်းသော တေးသံက ထွက်ပေါ်လာသည်။ နှစ်ထောင်ပေါင်းများစွာကြာပြီးနောက် မူလတေးသံသည် အချိန်ကာလကို ဖြတ်သန်း၍ အတိတ်မှ လွင့်မျောလာပြီး ဤပင်လယ်အနက်ပိုင်းထဲမှာ တဖန်ပြန်ပေါ်လာသည်။
ဒဏ္ဍာရီများအရ လကြိုဆိုကောင်းကင်ဘုံတေးသံသည် ဝမ်ကူးကုန်းမြေ၏ ပထမဆုံး ဂီတသံစဉ်ဖြစ်သည်။
ယင်းက ဖော်မပြနိုင်အောင် သာယာငြိမ့်ညောင်းသည်။
ယင်းက အလွန်သိမ်မွေ့နူးညံ့ပြီး ထူးခြားဆန်းကြယ်သည်။ ထိုဂီတသံစဉ်၏ သဘာဝအလှကို ‘ ကောင်းကင်ဘုံအသံ ’ဟု ဖော်ပြနိုင်သည်။
ယင်းက အသံနတ်ဘုရားအခွင့်အာဏာ၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။
ထိုဂီတသံစဉ်ကို လစန္ဒာအတွက် ဖွဲ့ဆိုထားခြင်းဖြစ်ပြီး လစန္ဒာအတွက်သာ တီးခတ်ပေးသည်။
သာယာငြိမ့်ညောင်းသော ဂီတအသံကို ကြားလိုက်ရသောအခါ ယိုယွင်းပျက်စီးနေသော လစန္ဒာပေါ်မှ မျက်နှာက နူးညံ့သွားသည်။
တေးသံသည် ဆက်လက် ပျံ့လွင့်သွားပြီး တဖြည်းဖြည်း အဆုံးသတ်သွားသည်။ ထို့နောက် လစန္ဒာ၏ ပုံရိပ်သည် ဝေဝါးလာပြီး နောက်ဆုံးမှာတော့ ပင်လယ်ထဲမှာ လွင့်ပြယ်သွားသည်။
ရွှီချင်းတစ်ယောက်တည်းသာ မိန်းမောတွေဝေစွာ ရပ်နေသည်။ အချိန်အတော်ကြာပြီးနောက် သူက အသိပြန်ဝင်လာသည်။ သူ၏ နှလုံးသားထဲမှာ အဆုံးမဲ့သော စိတ်ခံစားချက်လှိုင်းလုံးများက ပေါ်လျှိုးလာသည်။
“ ဒီတော့… လကြိုဆိုကောင်းကင်ဘုံတေးသံက ဒီဟာကို… ”
“ ရွှေကျီးကန်းက ဝမ်ကူးကုန်းမြေကို လှည့်ပတ်ပြီး နန်းတော်ဆီ ပြန်သွားတဲ့နောက် တေးသံပညာရှင်က ‘ လကြိုဆိုကောင်းကင်ဘုံတေးသံ ’ကို တီးခတ်ပေးလိမ့်မယ်… အဲ့ဒါက ဟွမ်ကောင်းကင်ဘုံနတ်ဘုရားမျိုးနွယ်ကနေ ဖြစ်ပေါ်လာတဲ့ လစန္ဒာကို ကြိုဆိုတဲ့ တေးသံပဲ ”
“ အဲ့ဒါဆိုရင် ရွှေကျီးကန်းရဲ့ မူလဇစ်မြစ်နဲ့ လူငယ်အင်ပါယာတစ်ပါးနဲ့ ဆင်တူတဲ့ အဲ့ဒီပုံရိပ်က… ”
ရွှီချင်းက စိတ်ထဲမှာ ခန့်မှန်းမှုတစ်ခုကို ပြုလုပ်လိုက်သည်။
သို့သော်လည်း ယင်းက အမှန်ဟုတ်မဟုတ် သူမသေချာပေ။ ထို့ကြောင့် သူက ထိုခန့်မှန်းမှုကို ဖိနှိပ်ထားလိုက်ပြီး အဝေးသို့ ကြည့်လိုက်သည်။
လက်ပြတ်သည် ထွက်ပြေးသွားပြီ ဖြစ်သည်။
သို့သော်လည်း ၎င်းက ရွှီချင်းနှင့် အကြိမ်ရေအနည်းငယ် တိုက်ခိုက်ခဲ့လေရာ သူတို့ကြားတွင် အကျိုးတရားနှင့် အကြောင်းတရား ရှိလာသည်။ ၎င်းက အဝေးကြီးသို့ မရောက်သွားသရွေ့ ရွှီချင်း၏ နတ်ဘုရားစိတ်အာရုံအောက်မှ မလွတ်မြောက်နိုင်ပေ။
ရွှီချင်းသည် မျက်လုံးမှိတ်လိုက်ပြီး အာရုံခံလိုက်သည်။ ထို့နောက် သူက ဦးတည်ရာတစ်ခုကို ပစ်မှတ်ထားလိုက်ပြီး အသံအဖြစ်သို့ ပြောင်းလဲသွားကာ နေရာမှ တိတ်တဆိတ် ပျောက်ကွယ်သွားသည်။
လကြိုဆိုကောင်းကင်ဘုံတေးသံ ထွက်ပေါ်လာခဲ့သော ဤဧရိယာသည်တော့ တဖြည်းဖြည်း တိတ်ဆိတ်ငြိမ်သက်သွားသည်။
…..
တစ်ချိန်တည်းမှာ မကောင်းဆိုးဝါးသူတော်စင်ကုန်းမြေ၏ ကောင်းကင်ဘုံတောင်ပေါ်ရှိ နန်းတော်သည်လည်း တိတ်ဆိတ်ငြိမ်သက်နေသည်။
ပုံရိပ်ဆယ့်တစ်ခုသည် နန်းတော်ထဲမှ ခန်းမဆောင်တစ်ခုထဲမှာ ထိုင်နေကြသည်။
သူတို့၏ အသွင်သဏ္ဍာန်သည် တစ်ယောက်နှင့်တစ်ယောက် မတူညီကြချေ။ အလယ်မှ ပုဂ္ဂိုလ်သည်တော့ အလောင်းကောင်တားမြစ်နယ်မြေထဲမှ ရှေးဟောင်းကျောက်တံခါးကို သယ်ယူသွားခဲ့သော ကျောက်စိမ်းဖြူကျင့်ကြံသူ ဖြစ်သည်။
ယခု သူတို့အားလုံးက နှုတ်ဆိတ်နေကြသည်။
နှုတ်ဆိတ်နေရသည့် အကြောင်းအရင်းမှာ အစောနက သူတို့ဆွေးနွေးခဲ့ကြသော ကိစ္စကြောင့် ဖြစ်သည်။
“ နန်းဟွမ်ကုန်းမြေမှာ နွေဦးအင်မော်တယ်တစ်ပါးရှိတယ်လို့ သံသယရှိတယ် ”
အချိန်အတော်ကြာပြီးနောက် မကောင်းဆိုးဝါးသူတော်စင်ကုန်းမြေ၏ အရှင်သခင်ဖြစ်သော ကျောက်စိမ်းဖြူကျင့်ကြံသူက ဖြည်းညင်းစွာ ပြောသည်။
“ ဝမ်ကူးကုန်းမြေရဲ့ လက်ရှိအခြေအနေက ဒီကို ငါတို့ဆင်းမလာခင် သိထားတာနဲ့ ခြားနားနေတယ် ”
“ ဒီလိုဆိုမှတော့ ငါတို့ရဲ့ အရင်ဆုံးဖြတ်ချက်အတိုင်း ဆက်ပြီး ဆောင်ရွက်မယ်… ဘာမှမဆင်မခြင် မလုပ်ကြနဲ့… အနာဂတ်မှာ ကမ္ဘာမြေအဆင့် ဒါမှမဟုတ် ကောင်းကင်ဘုံအဆင့် သူတော်စင်ကုန်းမြေတွေ ဆင်းသက်လာတော့မှပဲ သူတို့ရဲ့ စီစဉ်ပေးမှုကို ငါတို့နာခံကြမယ် ”
ကျောက်စိမ်းဖြူကျင့်ကြံသူ စကားပြောပြီးနောက် မကောင်းဆိုးဝါးသူတော်စင်ကုန်းမြေမှ အကြီးအကဲတစ်ယောက်က တစ်ခဏကြာ တုံ့ဆိုင်းနေပြီးလျှင် ရိုသေလေးစားစွာ ပြောသည်။
“ ဘိုးဘေး… ငါတို့ဒီရောက်နေတာ လအတော်ကြာပြီ… ငါတို့ရဲ့ မျိုးနွယ်ဝင်တွေက ပိုပြီးစိတ်လှုပ်ရှားလာကြပြီး ဆက်ပြီး မထိန်းချုပ်နိုင်ကြတော့ဘူး… သူတို့က အပြင်လောကရဲ့ အသွေးအသားတွေကို လိုချင်တောင့်တနေကြတယ်… ဒါပေမဲ့ ရပ်ကြည့်နေရုံကလွဲလို့ သူတို့ဘာမှမတတ်နိုင်ကြဘူး… ”
“ ပြီးတော့ ငါတို့မျိုးနွယ်ရဲ့ မွေးဖွားနှုန်းက အကန့်အသတ်ရှိတယ်… အားပြန်ဖြည့်ဖို့အတွက် အသွေးအသားအသစ်တွေကို လိုအပ်တယ်… အနီးနားက ကျွန်းစုငယ်တချို့ကို စစ်ဆေးကြည့်ပြီးသွားပြီ… အဲ့ဒီမှာ သင့်တော်တဲ့ မျိုးနွယ်စုတချို့ ရှိတယ် ”
“ အဲ့ဒီမျိုးနွယ်စုတွေရဲ့ ခန္ဓာကိုယ်ထဲမှာ အာဟာရဓာတ် အလုံအလောက် ရှိတယ်… သူတို့ကို အချိန်မရွေး ကပ်တွယ်နိုင်တယ်… တစ်လအတွင်းမှာ သူတို့က ကပ်ပါးကောင်တွေကို စားသုံးပြီး ငါတို့မျိုးနွယ်စုရဲ့ မျိုးနွယ်ဝင်အသစ်တွေကို မွေးဖွားပေးနိုင်လိမ့်မယ် ”
“ ဒါပေမဲ့ ဒီကိစ္စကို လျှို့ဝှက်ထားရမယ်… အပြင်လူတွေ ရှာတွေ့သွားလို့ မဖြစ်ဘူး… ပြီးတော့ နွေဦးအင်မော်တယ်လို့ သံသယဝင်ခံထားရတဲ့ ပုဂ္ဂိုလ်က လောလောဆယ် တံခါးပိတ်ကျင့်ကြံနေတယ်… ”
ထိုအကြီးအကဲသည် စကားပြောပြီးနောက် ဘိုးဘေးကို ကြည့်လိုက်သည်။
တခြားအကြီးအကဲများသည်လည်း မော့ကြည့်လိုက်ကြပြီး ဘိုးဘေး၏ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းကြသည်။
ကျောက်စိမ်းဖြူကျင့်ကြံသူသည် တစ်ခဏကြာ နှုတ်ဆိတ်သွားပြီးနောက် ခေါင်းခါလိုက်သည်။
“ ငါတို့မျိုးနွယ်ဝင်တွေကို ခဏစောင့်ခိုင်းထားဦး… အချိန်မကျသေးဘူး ”
“ အနည်းဆုံးတော့ ရွှင်းထိုင်နတ်ဆိုး တံခါးပိတ်ကျင့်ကြံတာကနေ ပြန်ထွက်လာတာကို ငါတို့စောင့်ရမယ်… သူက အုပ်ချုပ်သူအဆင့်ကို ချိုးဖြတ်ဖို့ တံခါးပိတ်ကျင့်ကြံနေတာ နှစ်ပေါင်းတစ်ရာကျော်ပြီ… အခုချိန်က သူ့အတွက် အရမ်းအရေးကြီးတယ်… သူအဆင့်ချိုးဖြတ်ဖို့ သိပ်မလိုတော့ဘူး… ဒါကြောင့် အခုချိန်မှာ ဘာအနှောင့်အယှက်မှမရှိအောင် ငါတို့ဂရုစိုက်ရလိမ့်မယ် ”
“ သူအောင်မြင်သွားတဲ့အခါကျရင် ငါတို့မျိုးနွယ်ဆီမှာ အုပ်ချုပ်သူနှစ်ယောက် ရှိသွားလိမ့်မယ်… အဲ့ဒီအချိန်ကျရင် ဒီအဖိုးကြီးက ကိစ္စအများစုကို စိုးရိမ်နေစရာ မလိုတော့ဘူး ”
ကျောက်စိမ်းဖြူဘိုးဘေးက တည်ငြိမ်စွာ ပြောသည်။
လူတိုင်းက ဘိုးဘေး၏ အဆိုပြုချက်ကို သဘောတူကြသည်။ သို့ဖြစ်၍ သူတော်စင်ကုန်းမြေ၏ အမိန့်တော်ကို ၎င်း၏ လက်အောက်မှ အင်အားစုအသီးသီးထံသို့ ကြေညာလိုက်သည်။
“ ဘိုးဘေးက ငါ့အဖေ တံခါးပိတ်ကျင့်ကြံတာကနေ ပြန်မထွက်လာခင်အထိ အရင်မူဝါဒအတိုင်း ဆက်လက် ကျင့်သုံးဖို့ အမိန့်ထုတ်ပြန်လိုက်တယ်… အဲ့ဒါက မဖြစ်သင့်ဘူး ”
မကောင်းဆိုးဝါးသူတော်စင်ကုန်းမြေအောက်ရှိ တားမြစ်ပင်လယ်၏ မျက်နှာပြင်ပေါ်တွင် ယခင်က အပြာရောင်ရေခဲအလွှာကြောင့် ထိုနေရာမှာ ရေခဲပန်းဆွဲများ ဖြစ်ပေါ်နေကြသည်။
ပင်လယ်၏ မျက်နှာပြင်ပေါ်တွင် ရေခဲအလွှာဖြင့် ပြည့်နှက်နေပြီး အဆုံးမဲ့သော အအေးဓာတ်ကို ထုတ်လွှတ်နေသည်။
ဤအခိုက်အတန့်မှာ ရေခဲပြင်ပေါ်တွင် မကောင်းဆိုးဝါးမျိုးနွယ်မှ လူငယ်တစ်ယောက်သည် ခမ်းနားထည်ဝါသော ဝတ်စုံကို ဝတ်ဆင်လျက် အရှေ့သို့ ရွေ့လျားသွားနေသည်။ သူက မျက်နှာသုန်မှုန်နေပြီး မကျေနပ်စွာ ပြောသည်။
ထိုလူသည် လူသားတစ်ယောက်နှင့် ဆင်တူသော်လည်း သူ၏ နဖူးပေါ်တွင် မှိတ်ထားသော မျက်လုံးတစ်လုံးရှိသည်။ သူ၏ အမူအရာက အေးစက်နေပြီး သူ၏ မျက်လုံးက ညအမှောင်ပမာ နက်မှောင်သည်။ ထိုမျက်လုံးထဲမှာ ဉာဏ်များမှု၊ ရက်စက်ကြမ်းကြုတ်မှုနှင့် အေးစက်မှုက အထင်အရှား ထွက်ပေါ်နေသည်။
သူ၏ အနောက်တွင် တာအိုအစောင့်အရှောက်ကိုးပါးက လိုက်ပါနေကြပြီး သူတို့တစ်ယောက်စီက ကြောက်စရာကောင်းသော အရှိန်အဝါကို ထုတ်လွှတ်နေကြသည်။ လူငယ်၏ စကားကို ကြားသောအခါ သူတို့က နှုတ်ဆိတ်သွားကြသည်။
လူငယ်သည် သူတို့၏ ပြန်ပြောမှုကို မလိုအပ်ပေ။ သူ၏ သရုပ်နှင့် သွေးမျိုးဆက်ကြောင့် သူက မကောင်းဆိုးဝါးသူတော်စင်ကုန်းမြေ၏ စည်းမျဉ်းအများစုကို လျစ်လျူရှုနိုင်သည်။
ဤအခိုက်အတန့်မှာ သူက ဧရိယာတစ်ခုဆီသို့ ရောက်ရှိသွားသည်။ သူက ထိုနေရာမှာ ရပ်လိုက်သည့်အခါ သူ့အနောက်မှ တာအိုအစောင့်အရှောက်များထဲမှ တစ်ယောက်က အရှေ့သို့ လျှောက်လိုက်ပြီး တိုးညင်းစွာ ပြောသည်။
“ ကျုပ်တို့မျိုးနွယ်ရဲ့ လမ်းညွှန်သူနှစ်ယောက်က ဒီနေရာမှာ သေဆုံးသွားခဲ့ပါတယ် ”
လူငယ်၏ အကြည့်က ရေခဲပြင်ပေါ်သို့ ကျရောက်သွားသည့်အခါ ထူးဆန်းသော အလင်းက သူ၏ မျက်လုံးထဲမှာ ဖြတ်ပြေးသွားသည်။
“ စိတ်ဝင်စားစရာပဲ… ရှန်ထျန်းလျှို့ဝှက်အတတ်ရဲ့ စူးစမ်းမှုအရတော့ သူတို့ကို သတ်သွားတဲ့လူက ကောင်းကင်၊ မြေကြီး၊ လေ၊ ပင်လယ်၊ ကောင်းကင်ပေါ်က ငှက်တွေ၊ ပင်လယ်ထဲက ငါးတွေ၊ ရက်စက်ကြမ်းကြုတ်တဲ့ ပင်လယ်သားရဲတွေပဲ… ”
“ သဲလွန်စတွေက အများကြီးဆိုပေမဲ့… အဲ့ဒါက ဘာသဲလွန်စမှ မရှိတာနဲ့ အတူတူပဲ ”
လူငယ်က တွေးတောလိုက်သည်။ ထို့နောက် သူ၏ နဖူးပေါ်မှ တတိယမျက်လုံးက ရုတ်တရက် ပွင့်သွားသည်။ သူက ရေခဲပြင်အောက်သို့ စိုက်ကြည့်လိုက်လေရာ ရက်စက်ကြမ်းကြုတ်သော အလင်းတန်းက သူ၏ တတိယမျက်လုံးထဲမှ ထွက်ပေါ်လာသည်။
အချိန်အတော်ကြာပြီးနောက် တတိယမျက်လုံးက ပြန်မှိတ်သွားသည်။
“ ကမ္မတောင် ပြတ်တောက်နေပါလား ”
လူငယ်က တီးတိုးရေရွတ်လိုက်သည့်အခါ သူ၏ စိတ်ဝင်စားမှုက ပိုပြီးမြင့်တတ်သွားသည်။ သူက ရုတ်တရက် ညာလက်ကို မြှောက်လိုက်သည်။ ထိုအခါ သွေးချည်မျှင်များ ရစ်ပတ်နေသော အပ်တစ်ချောင်းက သူ၏ လက်ဖဝါးပေါ်မှာ ထွက်ပေါ်လာသည်။
အပ်က သူ၏ အရှေ့တွင် ကခုန်နေလေရာ ဟင်းလင်းပြင်ကို ပြန်ချုပ်နေသည့်အလားပင်။
“ အဲ့လိုဆိုမှတော့ မဟာဧကရာဇ်တစ်ပါး ချန်ထားခဲ့တဲ့ ဒီအပ်နဲ့ ကမ္မကို ပြန်ချုပ်လိုက်တာပေါ့ ”
လူငယ်က ပြုံးလိုက်သည်။ သူ၏ အရှေ့မှ သွေးအပ်သည် ကမ္မကို ပြန်ချုပ်ပေးပြီးနောက် သူ၏ လက်ဖဝါးပေါ်သို့ ပြန်ရောက်လာသည်။ ထိုအခါ သူ၏ လက်ဖဝါးပေါ်တွင် နောက်ထပ်မျဉ်းကြောင်းတစ်ကြောင်း ထွက်ပေါ်လာသည်။
သူ၏ လက်ဖဝါးပေါ်မှ မျဉ်းကြောင်းအသစ်ကို စိုက်ကြည့်ပြီးနောက် လူငယ်က တည်ငြိမ်စွာ ပြောသည်။
“ အခု အဲ့ဒီသတ်ဖြတ်တဲ့လူက ငါ့ရဲ့ အသိစိတ်နယ်နိမိတ်အတွင်းမှာ ထွက်ပေါ်လာမယ်ဆိုရင် သူ့ကို ငါပစ်မှတ်ထားနိုင်လိမ့်မယ် ”
“ သွားကြစို့… ဒီပင်လယ်က ညစ်ပတ်နေတယ်ဆိုပေမဲ့ အရင်က မင်းတို့မှတ်သားခဲ့တဲ့ ကောင်းကင်အရွေးချယ်ခံ ပစ္စည်းတွေက အတော်လေး အရည်အသွေးကောင်းတယ်… အဲ့ဒါတွေကို အရင်လိုက်သိမ်းဆည်းရအောင်… တကယ်လို့ လမ်းခရီးမှာ အဲ့ဒီသတ်ဖြတ်တဲ့လူနဲ့ တွေ့ဆုံမယ်ဆိုရင်တော့ အကောင်းဆုံးပဲ ”
လူငယ်သည် စကားပြောပြီးနောက် တည်ငြိမ်စွာ အရှေ့သို့ လျှောက်သွားသည်။ တာအိုအစောင့်အရှောက်များက သူ့အနောက်မှ လိုက်ပါသွားကြသည်။
မကြာမီ သူတို့က ရေခဲပြင်ပေါ်မှ ထွက်ခွာသွားကြပြီး သူတော်စင်ကုန်းမြေ၏ အပြင်ဘက်နယ်နိမိတ်ဆီသို့ ဦးတည်သွားကြသည်။