← Chapters

ဓားတစ်ချက်ဖြင့် ဝိညာဉ်နှင့် ခန္ဓာကိုယ်ကို ဖျက်ဆီးပစ်ခြင်း

Vol. 92 Ch. 1422

ဓားတစ်ချက်ဖြင့် ဝိညာဉ်နှင့် ခန္ဓာကိုယ်ကို ဖျက်ဆီးပစ်ခြင်း

Vol. 92 Ch. 1422

ရွှီချင်း၏ ပုံရိပ်က ထိုနေရာမှာ ရပ်နေလေရာ သူက သေခြင်းရှင်ခြင်းကြားမှ နယ်နိမိတ်ထဲမှာ ရပ်နေသည့်အလား သို့မဟုတ် ရွှင်းထိုင်နတ်ဆိုး၏ သား၏ ကံကြမ္မာပေါ်မှာ ရပ်နေပြီး သူ၏ မျှော်လင့်ချက်ကို ပိတ်ဆို့ထားသည့်အလားပင်။

ယင်းက ရွှင်းထိုင်နတ်ဆိုး၏ သားကို နှလုံးတုန်သွားစေသည်။

ဤသည်မှာ လေးလံသော ကျောက်တုံးတစ်တုံးက သူ၏ အသိစိတ်ပင်လယ်ထဲသို့ ပြုတ်ကျသွားသည့်အလား ကြီးမားသော လှိုင်းဂယက်များက ထွက်ပေါ်လာကြသည်။

သူက ရွှီချင်း၏ လက်ထဲမှ ဦးခေါင်းပြတ်ကို မြင်သွားသောအခါ ပိုပြီးထိတ်လန့်သွားသည်။ ဤအခိုက်အတန့်မှာ ပင်လယ်ရေက ပရမ်းပတာ လှုပ်ခတ်နေသည်။ ဦးခေါင်းပြတ်ထံမှ မျက်လုံးများသည် ငြိမ်းချမ်းစွာ မမှိတ်နိုင်ဘဲ သေခြင်းအရှိန်အဝါကို ထုတ်လွှတ်နေကြသည်။ ၎င်းတို့၏ စိုက်ကြည့်ခံနေရသည့်အခါ သေခြင်းတရားက သူ့အပေါ်သို့ ကျရောက်လာသည့်အလား ခံစားမိသွားသည်။

ပိုပြီးကြောက်စရာကောင်းသည်မှာ ရွှီချင်း၏ ဘေးပတ်ပတ်လည်တွင် ရွေ့လျားကူးခတ်နေသော ကောင်းကင်ဘုံသူတော်စင်နွယ်ပင် ဖြစ်သည်။ နွယ်ပင်ထံမှ ထုတ်လွှတ်နေသော ကြယ်အလင်းရောင်က ရွှီချင်းကို ပိုပြီးမြင့်မြတ်ထည်ဝါစေသည်။

ပင်လယ်ရေနှင့် ပေါင်းစပ်နေသော အရိပ်တစ်ခုလည်း ရှိသေးသည်။ ဤအခိုက်အတန့်မှာ ၎င်းက ရွှီချင်း၏ အနောက်မှာ စုဝေးနေသည်။ နောက်ဆုံးမှာတော့ ၎င်းက ပင်လယ်ရေကို အမှီပြု၍ မတ်တတ်ရပ်လိုက်ပြီး ဝေဝါးသော သစ်ပင်ပုံရိပ်တစ်ခုကို ဖွဲ့စည်းလိုက်သည်။

သစ်ပင်ပေါ်တွင် တွဲလောင်းချိတ်ဆွဲခံထားရသော ခေါင်းတလားက နာရီချိန်သီးပမာ ဘယ်ညာလှုပ်ယမ်းနေသည်။ သစ်ပင်ပေါ်မှ မျက်လုံးများသည် ရွှင်းထိုင်နတ်ဆိုး၏ သားကို လောဘတကြီး စိုက်ကြည့်နေကြသည်။

ထိုမြင်ကွင်းသည် ထူးခြားဆန်းကြယ်သည်။

တစ်ချိန်တည်းမှာ နတ်ဘုရားအခွင့်အာဏာများက နေရာတိုင်းမှာ တည်ရှိနေကြသည်။

အသံသည် ထိန်းချုပ်ခံလိုက်ရသည်။

လသည် အရှင်သခင်ရှိလာသည်။

အဆိပ်သည် အစေခံဖြစ်လာသည်။

ကံကြမ္မာဆိုးသည် ရွှီချင်းမှလွဲ၍ တခြားအရာအားလုံးပေါ်သို့ သက်ရောက်နေသည်။ ယင်းက ရွှီချင်းကို သေမျိုးလောကပေါ်သို့ ဆင်းသက်လာသော နတ်ဘုရားတစ်ပါးသဖွယ် အောက်မေ့စေသည်။

ထို့နောက် လရောင်ခြည်သည် ရွှင်းထိုင်နတ်ဆိုး၏ သားဆီသို့ ထက်ရှသော ဓားသွားများပမာ ဦးတည်သွားသည်။

တားမြစ်အဆိပ်သည် လရောင်ခြည်နောက်သို့ လိုက်၍ သူ၏ ခန္ဓာကိုယ်ထဲသို့ ကျူးကျော်ဝင်ရောက်သွားပြီး အရိုးများထဲထိ စိမ့်ဝင်သွားသည်။

အသံများသည် သတ်ဖြတ်ခြင်းစွမ်းအားကို ဖွဲ့စည်းလိုက်သည်။

ကောင်းကင်ဘုံသူတော်စင်နွယ်ပင်သည်လည်း ရွှင်းထိုင်နတ်ဆိုး၏ သားဆီသို့ မြန်ဆန်စွာ ချဉ်းကပ်သွားသည်။

အရိပ်လေးသည် အကျိုးဆောင်ပေးရန် လွန်စွာ ဆန္ဒစောနေသည်။ ထို့ကြောင့် ၎င်းက ဤဧရိယာကို အစွမ်းကုန်သုံး၍ လွှမ်းခြုံလိုက်သည်။

ဤအခိုက်အတန့်မှာ ပင်လယ်ရေအောက်ထဲမှ အရာအားလုံးက အသိစိတ်ရှိလာသည့်အလား ရွှင်းထိုင်နတ်ဆိုး၏ သား‌ဆီသို့ တစ်ပြိုင်နက် ဦးတည်သွားကြသည်။

ရွှီချင်း၏ အရှေ့တွင် ငရဲမီးအိမ်ခုနစ်ခုက မှိတ်တုတ်မှိတ်တုတ် လင်းလက်သွားကြပြီး စတင်ငြိမ်းသတ်နေကြသည်။

ရွှင်းထိုင်နတ်ဆိုး၏ သားသည် ခါးသီးမှုကို ခံစားမိသွားသည်။ သို့သော်လည်း သူက မည်သည့်စကားမှ မပြောနိုင်ပေ။ အဘယ့်ကြောင့်ဆိုသော် အသံက တစ်ဖက်လူ၏ လက်နက်ဖြစ်လေရာ သူ၏ နှုတ်မှ ထွက်ပေါ်လာမည့် စကားလုံးများက ယခုအချိန်မှာ ဘာမှအသုံးမဝင်နိုင်ပေ။

ခြိမ်းခြောက်ခြင်းသည် အချည်းနှီးသာ ဖြစ်၏။

အသက်ချမ်းသာပေးရန် တောင်းပန်ခြင်းသည် ထိရောက်မှုမရှိဆုံးအရာ ဖြစ်သည်။

တစ်ဖက်လူ စိတ်ပြောင်းသွားသည့်အချိန်မှစ၍ အရာအားလုံးက ကံကြမ္မာ၏ အဆုံးအဖြတ်ပေးခြင်းခံလိုက်ရသည်။

သို့မဟုတ် အတိအကျဆိုရလျှင် အရာအားလုံးက တစ်ဖက်လူ၏ တိုက်ပွဲစွမ်းအားကို မှားယွင်းစွာ သူတွက်ချက်မိခဲ့ခြင်းမှ စတင်ခဲ့သည်။

သို့ဖြစ်၍ ပြင်းထန်သော တိုက်ပွဲစိတ်ဆန္ဒက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ အသက်ရှင်ချင်သော စိတ်ဆန္ဒက မီးတောက်တစ်ခုပမာ သူ၏ နှလုံးသားထဲမှာ လောင်မြိုက်လာသည်။

တိုက်ခိုက်မှသာလျှင် အသက်ရှင်ရန် သူ့မှာ အခွင့်အရေးတစ်ခုရှိလိမ့်မည်။

တိုက်ခိုက်မှသာလျှင် သူ့မှာ မျှော်လင့်ချက်ရှိလိမ့်မည်။

သူက ကျင့်ကြံခြင်းအခြေခံ၊ ခန္ဓာကိုယ်နှင့် ဝိညာဉ်ကို လောင်ကျွမ်းပစ်လိုက်လေရာ သူ၏ ခန္ဓာကိုယ်က တုန်ယင်သွားသည်။

ထိုလောင်ကျွမ်းမှု၏ ဇစ်မြစ်က သူ၏ မျိုးဆက်သွေးဖြစ်သည်။

မကောင်းဆိုးဝါးသူတော်စင်ကုန်းမြေတွင် တော်ဝင်သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားသူအနေဖြင့် သူ၏ သွေးမျိုးဆက်က သာမန်မျိုးနွယ်ဝင်များထက် အများကြီး ပိုသန့်စင်သည်။ တစ်ချိန်တည်းမှာ ဤရုပ်ခန္ဓာကိုယ်က ထူးခြားသည်။ သူ၏ အဖေသည် အတိတ်တွင် ဤရုပ်ခန္ဓာကိုယ်ကို ရရှိရန် တန်ဖိုးကြီးကို ပေးဆပ်ခဲ့ရသည်။

ယခု ထိုအရာအားလုံးက လောင်စာဖြစ်လာသည်။

ငွေရောင်မီးတောက်များသည် သူ၏ ခန္ဓာကိုယ်ထဲမှ ပေါ်ထွက်လာပြီး ပင်လယ်ရေကို လောင်ကျွမ်းပစ်လိုက်ကာ သူ၏ ရူးသွပ်မှုကိုလည်း လောင်ကျွမ်းပစ်လိုက်သည်။

သူ၏ တိုက်ပွဲစွမ်းအားသည် တစ်ဟုန်ထိုး တိုးမြှင့်သွားသည်။

အစက သူသည် မ‌ဟာလောကနှစ်ခု ဝိညာဉ်စုစည်းခြင်းအဆင့်မှာဖြစ်ပြီး မဟာလောကလေးခု တိုက်ပွဲစွမ်းအားကို ထုတ်ဖော်နိုင်သည်။ ဤအခိုက်အတန့်မှာ အရာအားလုံးကို လောင်ကျွမ်းပစ်မှုကြောင့် သူ၏ တိုက်ပွဲစွမ်းအားက တစ်ဟုန်ထိုး တိုးမြှင့်သွားပြီး မူလအကန့်အသတ်ကို ကျော်လွန်သွားသည်။

ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါက သူ၏ ခန္ဓာကိုယ်ထဲမှ ပေါ်လျှိုးလာသည်။ ယင်းက ငွေရောင်မီးတောက်ဖြင့် အတူယှက်ထွေသွားပြီး ကြီးမားသော ဖိအားတစ်ခုကို ဖြစ်ပေါ်လာစေသည်။

ယင်းက မဟာလောကငါးခု ဝိညာဉ်စုစည်းခြင်းအဆင့် တိုက်ပွဲစွမ်းအား ဖြစ်သည်။

မဟာလောကလေးခုနှင့် မဟာလောကငါးခုကြားတွင် အဆင့်တစ်ခုသာ ခြားနားသည်ဟု ထင်မှတ်ရသော်လည်း အမှန်မှာ အနှစ်သာရကွာခြားမှုက အလွန်ကြီးမားသည်။ မဟာလောကငါးခုသည် ဝိညာဉ်စုစည်းခြင်းအဆင့်၏ ပထမဆုံး အဆင့်ကြီးတစ်ဆင့်ခုန်ကျော်မှု ဖြစ်သည်။

မဟာလောကငါးခုမတိုင်ခင် ဝိညာဉ်စုစည်းခြင်းအဆင့်သည် စိတ်ကူးပုံဖော်ခြင်းဟူသော အနှစ်သာရပေါ်မှာ အဓိကမူတည်သည်။

မဟာလောကငါးခုကို ရောက်ရှိသွားသည့်အခါမှသာ ပျိုးထောင်ခြင်းအနှစ်သာရကို ခံစားနိုင်လိမ့်မည်။

ဝိညာဉ်စုစည်းခြင်းအဆင့်တွင် စိတ်ကူးပုံဖော်ခြင်းနှင့် ပျိုးထောင်ခြင်းသည် နတ်ဘုရားတစ်ပါး၏ ဝိညာဉ်ကို ရည်ရွယ်ခြင်း မဟုတ်ပေ။ ယင်းအစား တစ်စုံတစ်ယောက်၏ ကိုယ်ပိုင်ဝိညာဉ်ကို သန့်စင်ပြီးနောက် ဖြစ်တည်လာသော ရှေးဦးဝိညာဉ်ကိုသာ ဖြစ်သည်။

ရှေးဦးဝိညာဉ်ဖြစ်ပေါ်လာသည့်အခါ တစ်စုံတစ်ယောက်က ဥပဒေသများနှင့် နိယာမများ၏ အရှင်သခင်ဖြစ်လာလိမ့်မည်။

ဤအခိုက်အတန့်မှာ ကီလိုမီတာငါးရာကျယ်ဝန်းသော ပင်လယ်ဧရိယာသည် ရုတ်တရက် တုန်ယင်သွားသည်။ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါသည် ရွှင်းထိုင်နတ်ဆိုး၏ သား၏ ခန္ဓာကိုယ်ထဲမှ ပေါ်လျှိုးလာသည်။ သူ၏ အသွေးအသားခန္ဓာကိုယ်က ပုံပျက်တွန့်လိမ်လာသော်လည်း ကြည်လင်သော ရှေးဦးဝိညာဉ်က သူ့ခန္ဓာကိုယ်၏ အပေါ်မှာ ထွက်ပေါ်လာသည်။

ရှေးဦးဝိညာဉ်၏ မျက်လုံးသည် ထွန်းလင်းတောက်ပပြီး ၎င်း၏ အသွင်သဏ္ဍာန်သည် အလွန်ကျယ်ပြောသည်။ အတိုင်းအတာတစ်ခုထိဆိုရလျှင် ၎င်း၏ အရှိန်အဝါက သူ့အရှေ့မှာ ရပ်နေသော ရွှီချင်းထက်ပင် သာလွန်သွားသည်။

ကောင်းကင်ဘုံသူတော်စင်နွယ်ပင်သည် ရွေးချယ်စရာမရှိသည့်အဆုံး အနောက်ဆုတ်သွားသည်။

အရိပ်လေးသည်လည်း မြန်ဆန်စွာ ပြန်ဆုတ်သွားသည်။

ရတနာအပ်သည် မှိတ်တုတ်မှိတ်တုတ် လင်းလက်နေပြီး ဘေးပတ်ဝန်းကျင်၌ မြန်ဆန်စွာ ရွေ့လျားလှုပ်ရှားနေသည်။ ယင်းက နတ်ဘုရားအခွင့်အာဏာများကို တားဆီးကာကွယ်ပေးနေသည်။ ထိုစဉ် ရှေးဦးဝိညာဉ်က လက်မြှောက်လိုက်ပြီး ရွှီချင်းထံသို့ လက်ညှိုးညွှန်လိုက်သည်။

ထိုလှုပ်ရှားမှုကြောင့် နိယာမများနှင့် ဥပဒေသများက မရေမတွက်နိုင်သော ချည်မျှင်များသို့ အသွင်ပြောင်းလဲသွားကြပြီး ရွှီချင်းဆီသို့ ဦးတည်သွားကြသည်။ ၎င်းတို့က ရွှီချင်းကို ချုပ်နှောင်ပြီး အပြစ်ပေးချင်သည်။

ဤသည်မှာ လက်ညှိုးညွှန်ပြခံရသူက တာအို၏ မဟာရန်သူအလား၊ အင်မော်တယ်အတွက် မိစ္ဆာအလား သို့မဟုတ် ကျင့်ကြံခြင်းလောက၏ ဘုံရန်သူအလားပင်။

ချက်ချင်းဆိုသလို မဟာလောကငါးခု ဝိညာဉ်စုစည်းခြင်းအဆင့်၏ တိုက်ပွဲစွမ်းအားက ကမ္ဘာတုန်ဟီးစေနိုင်သော အစွမ်းကို ထုတ်ဖော်လိုက်ပြီး ရွှီချင်းကို တိုက်ခိုက်လိုက်သည်။

ယင်းကို ပထမဆုံး တွေကြုံလိုက်ရသည်မှာ ငရဲမီးအိမ်ခုနစ်ခုဖြစ်သည်။

မျက်စိတစ်မှိတ်အတွင်းမှာ ငရဲမီးတောက်က ငြိမ်းသတ်သွားသည်။ သို့သော်လည်း ယင်းက သေစေနိုင်သော ကျိန်စာကို မဖြစ်ပေါ်စေပေ။ ယင်းအစား မီးအိမ်များက အက်ကွဲသွားကြသည်။

ငရဲမီးအိမ်ခုနစ်ခုသည် ထိုလက်ချောင်းမှ ဆင့်ခေါ်လိုက်သော အသေးစားဥပဒေသများကို မတားဆီးနိုင်ခဲ့ပေ။ ထို့ကြောင့် ဥပဒေသမုန်တိုင်းသည် ရွှီချင်းကို ချက်ချင်း ဝါးမျိုသွားသည်။

ဝုန်းခနဲ မြည်သံများသည် ယခင်ကဲ့သို့ ဖုံးကွယ်မခံရတော့ဘဲ အရပ်မျက်နှာအဘက်ဘက်‌ဆီသို့ ပျံ့နှံ့သွားသည်။

ယင်းက အေးစက်စက်စကားသံက ဝုန်းခနဲ မြည်သံများကြားမှ မထွက်ပေါ်လာခင်အထိ ကြာမြင့်ခဲ့သည်။ ဤသည်မှာ ထိုအသံက ကောင်းကင်ဘုံမှ ဆင်းသက်လာသည့်အလား သို့မဟုတ် တခြားအသံအားလုံး၏ အထက်မှ ပျံ့လွင့်လာသည့်အလားပင်။

“ အချိန်နောက်ပြန်‌ဆုတ်စမ်း ”

ထိုစကားသံ ပဲ့တင်ထပ်သွားသည်နှင့် ဥပဒေသချည်မျှင်များမှ ဖြစ်ပေါ်လာသော မုန်တိုင်းထဲတွင် ဧရာမနေနာရီတစ်ခု ထွက်ပေါ်လာသည်။ ထိုနေနာရီသည် လေထဲမှာ လွင့်မျောနေသည်။ ယင်းက ဥပဒေသချည်မျှင်များ၏ လုံးဝသက်ရောက်မခံရဘဲ မလှုပ်မယှက် တည်ရှိနေသည်။

ဤအခိုက်အတန့်မှာ နေနာရီပေါ်မှ လက်တံသည် အနောက်သို့ စတင်လှည့်ပတ်သွားသည်။ အစတွင် နာရီလက်တံ၏ ရွေ့လျားမှုသည် နှေးကွေးသည်။ သို့သော်လည်း အသက်ရှုချိန်အနည်းငယ်အတွင်းမှာ ယင်းက မြန်ဆန်စွာ လှည့်ပတ်သွားသည်။ တစ်ချိန်တည်းမှာ ဤနေရာမှ အချိန်သည် အံ့အားသင့်ဖွယ်ကောင်းစွာ ပြောင်းပြန်လှည့်ပတ်သွားသည်။

ပင်လယ်ရေသည် အနောက်သို့ စီးဆင်းသွားပြီး မုန်တိုင်းသည် အနောက်ဆုတ်သွားသည်။

ရွှင်းထိုင်နတ်ဆိုး၏ သားသည်တော့ သူ၏ တစ်ကိုယ်လုံးက အပြင်းအထန် တုန်ယင်သွားသည်။ ရှေးဦးဝိညာဉ်က ထိန်းချုပ်ထားသော ဥပဒေသများက ချက်ချင်း လွင့်ပြယ်သွားပြီး ရှေးဦးဝိညာဉ်ကိုယ်၌လည်း လွင့်ပြယ်သွားသည်။

ချက်ချင်းဆိုသလို ရှေးဦးဝိညာဉ်က ပျောက်ကွယ်သွားပြီး ခြောက်သွေ့နေသော သူ၏ ခန္ဓာကိုယ်က ထွက်ပေါ်လာသည်။

အရာအားလုံးသည် သူ့ကိုယ်သူ မလောင်ကျွမ်းခင်က အခြေအနေဆီသို့ ပြန်ရောက်သွားသည်။

သူ၏ စွမ်းအားသည် မဟာလောကလေးခု ဝိညာဉ်စုစည်းခြင်းအဆင့်မှာသာ ရှိသေးသည်။ မဟာလောကငါးခု မဟုတ်ပေ။

ထိုမြင်ကွင်းသည် ရွှင်းထိုင်နတ်ဆိုး၏ သား၏ အသိစိတ်ကို ပရမ်းပတာ တုန်လှုပ်သွားစေသည်။ သူ၏ အမူအရာက ပျက်ယွင်းသွားပြီး နောက်တစ်ကြိမ် အရာအားလုံးကို လောင်ကျွမ်းပစ်ရန် လုပ်ဆောင်လိုက်သည်။

သို့သော်လည်း ထိုအခိုက်အတန့်မှာ ရွှီချင်း၏ ပုံရိပ်က နေနာရီပေါ်မှာ ထွက်ပေါ်လာသည်။ သူက နေတစ်စင်းပမာ အဆုံးမဲ့သော အလင်းရောင်ကို ထုတ်လွှတ်နေသည်။ တစ်ချိန်တည်းမှာ ထိုအလင်းများက အတူတကွ စုဝေးသွားပြီး ရောင်ခြည်တန်းတစ်ခုကို ဖွဲ့စည်းလိုက်သည်။

ယင်းက ရွှင်းထိုင်နတ်ဆိုး၏ သားဆီသို့ တန်းမတ်စွာ ဦးတည်သွားသည်။

ယင်းက ရွှီချင်း၏ ရွှမ်သူရိန်အင်မော်တယ်အလင်း ဖြစ်သည်။

ထိုအလင်းက နေတစ်စင်းပမာ လွှမ်းမိုးဖိနှိပ်ပြီး ယင်း၏ အင်မော်တယ်အစွမ်းက ကပ်ဘေးတစ်ခုနှင့် ဆင်တူသည်။

ချက်ချင်းဆိုသလို ရောင်ခြည်တန်းသည် ရွှင်းထိုင်နတ်ဆိုး၏ သားကို လွှမ်းခြုံသွားသည်။ စူးရှသော အော်ဟစ်ညည်းညူသံက သူ၏ ပါးစပ်ထဲမှ ထိန်းချုပ်မရအောင် ထွက်ပေါ်လာသည်။

သူ၏ ခန္ဓာကိုယ်က ချက်ချင်း သွေးရောင်လွှမ်းလာသည်။ သူ၏ တစ်ကိုယ်လုံးက ပုံပျက်တွန့်လိမ်လာပြီး စတင်ပျောက်ကွယ်လာသည်။ ဤသည်မှာ သူ၏ တည်ရှိမှုက အင်မော်တယ်အလင်း၏ ဖယ်ရှားခံနေရသည့်အလားပင်။

ထိုသို့အရေးကြီးအခိုက်အတန့်မှာ သူ၏ နှလုံးသားထဲမှ ရူးသွပ်မှုက လူမဆန်သော အော်ဟစ်သံအဖြစ်သို့ ပြောင်းလဲသွားသည်။

“ အင်မော်တယ်အတတ်ပညာ… မူလအစကို ပြန်လာစမ်း ”

အင်မော်တယ်အတတ်ပညာများကို ရှေးဘုရင်ရွှမ်ယုံခေတ်အတွင်းမှာ ဖန်တီးခဲ့ကြပြီး ယင်းတို့ကို တားမြစ်အတတ်ပညာများအဖြစ် သတ်မှတ်ခဲ့ကြသည်။ မျက်မှောက်ခေတ်မှာ အင်မော်တယ်အတတ်ပညာများက မျိုးတုန်းလုနီးပါး ရှားပါးသွားပြီး အကြွင်းအကျန်များသာ ကျန်ရစ်ကြတော့သည်။

သို့သော်လည်း သူတော်စင်ကုန်းမြေများဆီတွင် အင်မော်တယ်အတတ်ပညာများစွာရှိကြောင်း ထင်ရှားပေသည်။

ရွှင်းထိုင်နတ်ဆိုး၏ သားက အော်ပြောလိုက်သည့်အခါ မဟာဧကရာဇ်၏ ရတနာအပ်က ထွန်းလင်းတောက်ပသွားသည်။ ယင်းက သူ၏ ဘေးပတ်ပတ်လည်မှာ မြန်ဆန်စွာ ရွေ့လျားသွားပြီး အပ်၏ အနောက်မှ အနီရောင်ချည်မျှင်များက ပုံရိပ်တချို့ကို ဖွဲ့စည်းလိုက်ကြသည်။

ထိုပုံရိပ်များသည် ဝိညာဉ်များနှင့် ဆင်တူကြသည်။ သူတို့က အစောနက ရွှီချင်းသတ်ဖြတ်ခဲ့သော တာအိုအစောင့်အရှောက်ကိုးပါးမှလွဲ၍ တခြားမဟုတ်ပေ။

သို့သော်လည်း အတိအကျဆိုရလျှင် ထိုပုံရိပ်များက ဝိညာဉ်များမဟုတ်ကြပေ။ ယင်းအစား ကမ္မဖြစ်သည်။

ထိုအပ်သည် သေဆုံးသွားသော တာအိုအစောင့်အရှောက်ကိုးပါး၏ ကမ္မကို ချုပ်ပေးလိုက်သည်။ ကမ္မကိုးခုကို အတူတကွ ဆက်သွယ်ပေးပြီးနောက် အပ်သည် ရွှင်းထိုင်နတ်ဆိုး၏ သားဆီသို့ ဦးတည်ပျံသန်းသွားပြီး သူ၏ နဖူးထဲသို့ ထိုးဖောက်သွားသည်။

ချက်ချင်းဆိုသလို ရွှင်းထိုင်နတ်ဆိုး၏ သား၏ ဒဏ်ရာအများစုသည် ပြန်သက်သာသွားသည်။ ငွေရောင်မီးတောက်များသည် သူ၏ ခန္ဓာကိုယ်ပေါ်မှာ နောက်တဖန် ထွက်ပေါ်လာသည်။

ယင်းက ရွှီချင်း၏ အင်မော်တယ်အလင်းကို ခုခံပေးလိုက်သည်။

သူ၏ ရှေးဦးဝိညာဉ်က ချက်ချင်း ပြန်ထွက်ပေါ်လာသည်။ ထိုအခါ အင်မော်တယ်အလင်းက မှေးမှိန်သွားသည်။

သေဘေးမှ လွတ်မြောက်သွားသော ရွှင်းထိုင်နတ်ဆိုး၏ သားသည် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါကို ထုတ်လွှတ်လိုက်သည်။ သူက ရွှီချင်းကို စိုက်ကြည့်လိုက်သည့်အခါ သူ၏ အမူအရာက ရက်စက်ကြမ်းကြုတ်သွားသည်။

“ ဒီအတတ်ပညာကို အသုံးပြုဖို့အတွက် တန်ကြေးအနေနဲ့ ငါ့ရဲ့ ဝိညာဉ်စုစည်းခြင်းအဆင့် ကျင့်ကြံခြင်းက ထာဝရ အားနည်းသွားလိမ့်မယ်… အဲ့ဒါက မင်းအပေါ်မှာ သက်ရောက်မှုမရှိဘူးဆိုတာ ငါမယုံဘူး ”

ရွှင်းထိုင်နတ်ဆိုး၏ သားက အော်ပြောလိုက်သည်။ သူ၏ ရှေးဦးဝိညာဉ်က ထွန်းလင်းတောက်ပသွားပြီး ပေတစ်သောင်းအရွယ်အစားထိ ကြီးမားသွားသည်။ ၎င်းက အစောနကထက် ပိုပြီးကြီးကျယ်ခမ်းနားသွားသည်။

တားမြစ်ပင်လယ်သည် ပရမ်းပတာ လှုပ်ခတ်သွားသည်။

ရှေးဦးဝိညာဉ်၏ ဧရာမလက်က အသေးစားဥ‌ပဒေသများကို ထိန်းချုပ်လိုက်ပြီး ရွှီချင်းပေါ်သို့ ဖိချလိုက်သည်။

၎င်း၏ အရှိန်အဝါက စောစောတုန်းကထက် သာလွန်သွားသည်။

၎င်းက လက်အောက်ချလိုက်ရုံဖြင့် ပင်လယ်ကြမ်းပြင်က အပြင်းအထန် တုန်ခါသွားသည်။

ဤတစ်ကြိမ်တွင် သူက သူ၏ သွေးမျိုးဆက်ကိုသာ လောင်ကျွမ်းလိုက်ခြင်း မဟုတ်ပေ။ တာအိုအစောင့်အရှောက်ကိုးပါး၏ ကမ္မအားဖြည့်ပေးမှုအောက်မှာ လောင်ကျွမ်းသွားသည့်အထဲတွင် ကံကြမ္မာလည်း ပါဝင်နေသည်။

အတိအကျဆိုရလျှင် သူက သူ၏ အနာဂတ်ကံကြမ္မာကို လောင်ကျွမ်းလိုက်ခြင်း ဖြစ်သည်။

ထိုနည်းဖြင့် သူက မဟာလောကငါးခု ဝိညာဉ်စုစည်းခြင်းအဆင့်၏ အထွတ်အထိပ်စွမ်းအားကို ယာယီပိုင်ဆိုင်သွားသည်။

ထို့ပြင် မဟာဧကရာဇ်၏ ရတနာအပ်က သူ၏ ဝိညာဉ်ကို တည်ငြိမ်စေပြီး အချိန်နောက်ပြန်ဆုတ်ရန် ပိုပြီးခက်ခဲစေသည်။

ယင်းက သူ၏ နောက်ဆုံးဝှက်ဖဲကတ်ဖြစ်သည်။

ဤအခိုက်အတန့်မှာ သူက အော်ပြောလိုက်သည်နှင့် ‌ဧရာမလက်က ဝုန်းခနဲ မြည်သွားပြီး ရွှီချင်းဆီသို့ ဦးတည်သွားသည်။ ရွှီချင်း၏ ဘေးပတ်ဝန်းကျင်မှ ဟင်းလင်းပြင်က ချိတ်ပိတ်ခံလိုက်ရသည့်အလား သူက မရှောင်တိမ်းနိုင်ပေ။

“ အဲ့ဒီအပ်က စိတ်ဝင်စားစရာပဲ ”

ရွှီချင်း၏ အမူအရာက တည်ငြိမ်နေဆဲပင်။ သူက အပ်ထိုးဖောက်ဝင်သွားခဲ့သော ရွှင်းထိုင်နတ်ဆိုး၏ နဖူးကို ကြည့်လိုက်သည်။

သူက မည်သည့်အရာကိုမှ မလုပ်ဆောင်ပေ။ ရှေးဦးဝိညာဉ်၏ လက်ကို သူ၏ ဦးခေါင်းပေါ်သို့ ကျဆင်းလာရန် ခွင့်ပြုထားသည်။

ကျယ်လောင်သော မြည်သံက အရပ်မျက်နှာအဘက်ဘက်‌ဆီသို့ ပျံ့လွင့်သွားသည်။ သို့သော်လည်း ရွှီချင်းက နေရာမှာ မည်သည့်ဒဏ်ရာမှမရဘဲ ရပ်နေဆဲပင်။

ရွှင်းထိုင်နတ်ဆိုး၏ သားသည် အံ့ဩထိတ်လန့်သွားသည်။ သူက မယုံကြည်နိုင်စရာကောင်းသော မြင်ကွင်းတစ်ခုကို မြင်လိုက်ရသည့်အလား ပြင်းထန်သော စိတ်ခံစားချက်လှိုင်းများက သူ၏ စိတ်ထဲမှာ ပေါ်လျှိုးလာသည်။

“ ဘာ… ဘာကြီးလဲ… ”

သူက အလန့်တကြား အော်ပြောလိုက်ပြီး သူ၏ ရှေးဦးဝိညာဉ်ကို နောက်တစ်ကြိမ် လှုံ့ဆော်လိုက်သည်။ အစောနကထက် ပိုပြီးကြီးမားသော စွမ်းအားက ထွက်ပေါ်လာသည်။ သူက ပိုမိုများပြားသော ဥပဒေသများနှင့် နိယာမများကို ထိန်းချုပ်လျက် ယင်းတို့ကို သူ၏ ရူးသွပ်မှုနှင့် သတ်ဖြတ်ခြင်းစိတ်ဆန္ဒဖြင့် ပေါင်းစပ်လိုက်ပြီး ရွှီချင်းပေါ်သို့ အကြင်နာမဲ့စွာ ရိုက်ချလိုက်သည်။

ဗုန်း…

ရွှီချင်းက နေရာမှာ အကောင်းတိုင်း ရပ်နေဆဲပင်။

ရွှင်းထိုင်နတ်ဆိုး၏ သားသည် နှုတ်ဆိတ်သွားသည်။ နောက်အခိုက်အတန့်မှာ သူက ‌ရုတ်တရက် ရွှီချင်းကို ဖြတ်ကျော်သွားပြီး ထွက်ပြေးသွားသည်။

သူ၏ လက်ရှိတိုက်ပွဲစွမ်းအားကို အချိန်အကြာကြီး မထိန်းထားနိုင်ကြောင်း သူသိသည်။ ထို့ပြင် ရွှီချင်း၏ ထူးဆန်းမှုက သူ၏ နားလည်နိုင်စွမ်းထက် ကျော်လွန်နေသည်။ ထိုသို့တည်ရှိမှုကို သူ့ဘဝတစ်လျှောက်တွင် တစ်ခါမှမကြားဖူးပေ။

သူက အကြောင်းအရင်းကို စဉ်းစားရန်ပင် ဆန္ဒမရှိချေ။ အကြောက်တရားနှင့် စိတ်ပျက်အားလျော့မှုက သူ၏ အတွေးအားလုံးကို ကြီးစိုးသွားသည်။

ယခု သူ၏ စိတ်ထဲမှာ ထွက်ပြေးချင်သော အတွေးသာ ရှိတော့သည်။

ရွှီချင်းက အနောက်လှည့်လိုက်ပြီး ရွှင်းထိုင်နတ်ဆိုး၏ သား၏ နောက်ကျောကို ကြည့်လိုက်သည်။ ထို့နောက် သူက ညာလက်ကို ညင်သာစွာ ဝှေ့ယမ်းလိုက်သည်။

ထိုလက်ဝှေ့ယမ်းမှုကြောင့် ကီလိုမီတာငါးရာအတွင်းမှ ပင်လယ်ဧရိယာသည် နယ်နိမိတ်ရှိလာသည်။

‌ထိုနယ်နိမိတ်သည် ရေတွင်း၏ တွင်းဝဖြစ်လာသည်။

ပင်လယ်ရေသည် တွင်းရေဖြစ်လာသည်။

ယင်းက ရေတွင်းထဲမှ လကို မျှားခြင်းဖြစ်သည်။

ရွှင်းထိုင်နတ်ဆိုး၏ သားသည် ရုတ်တရက် ရပ်တန့်သွားသည်။ သူ၏ မန္တန်၊ ရတနာများနှင့် အရာအားလုံးသည် ဤအခိုက်အတန့်မှာ ပင်လယ်ရေထဲတွင် ပုံရိပ်ပြန်လာကြသည်။ ထိုထဲမှာ မဟာဧကရာဇ်၏ အပ်လည်း ပါဝင်သည်။

တစ်ချိန်တည်းမှာ အနာဂတ်ကံကြမ္မာနှင့် သူ၏ အလားအလာကို လောင်ကျွမ်းပစ်ပြီး သူရယူထားသော ကျင့်ကြံခြင်းစွမ်းအားက အကန့်အသတ်သို့ ရောက်ရှိသွားသည်။ သူက နေရာမှာ လှုပ်ရှားမှုကင်းမဲ့စွာ ရပ်နေစဉ် သူ၏ ကျင့်ကြံခြင်းအခြေခံက သူ့ဘာသာ ပျောက်ကွယ်သွားသည်။

ရွှီချင်းက ရေကို ဆည်ယူလိုက်သည်။

သူက မဟာဧကရာဇ်၏ ရတနာအပ်ကို ယူဆောင်လိုက်သည်။

ထိုသို့လုပ်ဆောင်ပြီးနောက် ဓားဟိန်းသံသည် ရွှီချင်း၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာသည်။

နောက်အခိုက်အတန့်မှာ ဓားအလင်းက လင်းလက်သွားသည်။ ကမ္ဘာတုန်ဟီးစေနိုင်သော ဓားချီသည် တားမြစ်ပင်လယ်ကို တုန်လှုပ်သွားစေသည်။ ယင်းက ကမ္မကို ဖြတ်တောက်လိုက်ပြီး ရွှင်းထိုင်နတ်ဆိုး၏ သား၏ ဝိညာဉ်နှင့် ခန္ဓာကိုယ်ကို ပိုင်းဖြတ်လိုက်သည်။

ဓားတစ်ချက်ကြောင့် ဝိညာဉ်နှင့် ခန္ဓာကိုယ်က ပြိုကွဲသွားသည်။

ဓား၏ ပိုင်းဖြတ်မှုမှ ထွက်ပေါ်လာသော အသံသည် အသံနတ်ဘုရားအခွင့်အာဏာသို့ ပြောင်းလဲသွားပြီး ဤတိုက်ပွဲမြေပြင်ကို ပြိုကွဲသွားစေသည်။

ထိုသို့လုပ်ဆောင်ပြီးနောက် ရွှီချင်းက အကြည့်ပြန်ရုပ်လိုက်ပြီး တားမြစ်ပင်လယ်၏ အနက်ပိုင်းထဲသို့ လျှောက်သွားသည်။ ယင်ကောင်များကို ရှင်းလင်းပြီးပြီဖြစ်လေရာ ရွှေကျီးကန်းနဂါးရထားလုံး၏ ရောက်ရှိလာမှုကို စောင့်ဆိုင်းရန်သာ သူပြင်ဆင်ရတော့မည်။

သို့သော်လည်း ရွှီချင်းက ပေတစ်သောင်းအဝေးသို့ ရောက်သွားသည့်အချိန် ရုတ်တရက် ရပ်လိုက်သည်။ သူက ဆတ်ခနဲ ခေါင်းလှည့်လိုက်ပြီး အဝေးသို့ ကြည့်လိုက်သည်။ သုန်မှုန်သော အမူအရာက သူ၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။ သူ၏ နှလုံးခုန်သံသည်ပင် မြန်ဆန်လာသည်။ ဤသည်မှာ မဟာကပ်ဘေးက ဆင်းသက်လာတော့မည့်အလားပင်။

သူက ကြောက်စရာကောင်းသော အကြည့်တစ်ခု၏ ပစ်မှတ်ထားခံနေရကြောင်း အာရုံခံမိသည်။

ထိုအကြည့်သည် ကြေးရထားလုံးကို ဆွဲနေသော ဘီလူးထံမှ ထွက်ပေါ်လာခြင်း မဟုတ်ပေ။ ယင်းအစား မကောင်းဆိုးဝါးသူတော်စင်ကုန်းမြေထဲတွင် နှစ်ပေါင်းတစ်ရာကျော်ကြာအောင် တံခါးပိတ်ကျင့်ကြံနေသော ရွှင်းထိုင်နတ်ဆိုး၏ တည်နေရာထံမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။

ဤအခိုက်အတန့်မှာ တံခါးပိတ်ကျင့်ကြံနေသော ကြောက်မက်ဖွယ်ရာ ပုံရိပ်တစ်ခုက မျက်လုံးဖွင့်လိုက်သည်။

သူက မျက်လုံးဖွင့်လိုက်သည့်အခိုက် သူတော်စင်ကုန်းမြေ၏ အပေါ်မှ ကောင်းကင်က မည်းမှောင်သွားသည်။ အဆုံးမဲ့သော တိမ်မည်းများက ကောင်းကင်ပေါ်မှာ တလိပ်လိပ် မြှောက်တတ်လာကြသည်။ ပင်လယ်ရေက ပရမ်းပတာ လှုပ်ခတ်သွားပြီး ပင်လယ်ရေမျက်နှာပြင်ပေါ်တွင် ဆူနာမီလှိုင်းလုံးများက အကြမ်းပတမ်း ထွက်ပေါ်လာကြသည်။

အကန့်အသတ်မဲ့သော ဖိအားက လောကပေါ်သို့ ဆင်းသက်လာသည်။ ယင်းက ဥပဒေသများကိုပင် အညံ့ခံသွားစေပြီး ဦးညွတ်သွားစေသည်။

ဘေးပတ်ဝန်းကျင်မှ ကျွန်စုများသည် အပြင်းအထန် တုန်ယင်သွားကြသည်။ တားမြစ်ပင်လယ်ထဲမှ မရေမတွက်နိုင်သော မျိုးနွယ်စုများက တုန်လှုပ်ချောက်ချားသွားကြပြီး နှလုံးခုန်မြန်လာကြသည်။

မကောင်းဆိုးဝါးသူတော်စင်ကုန်းမြေမှ မျိုးနွယ်ဝင်များဆီတွင်လည်း အတွေးများစွာ ဖြစ်ပေါ်လာကြသည်။

အုပ်ချုပ်သူတစ်ပါး၏ စွမ်းအားသည် ဤအခိုက်အတန့်မှာ လောကကို တုန်လှုပ်သွားစေသည်။ ကောင်းကင်ဘုံမိုးခြိမ်းသံထက် ပိုပြီးကျယ်လောင်သော အသံသည် အဆုံးမဲ့သော သတ်ဖြတ်ခြင်းစိတ်ဆန္ဒကို သယ်ဆောင်လျက် တားမြစ်ပင်လယ်ပေါ်သို့ ကျဆင်းသွားသည်။

“ ငါ့သားကို သတ်တဲ့လူ… မင်းကို ငါမြင်တယ် ”

All Chapters