← Chapters

အုပ်ချုပ်သူ၏ အခွင့်အာဏာ(က)

Vol. 92 Ch. 1423

အုပ်ချုပ်သူ၏ အခွင့်အာဏာ(က)

Vol. 92 Ch. 1423

အကြည့်သည် လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားတစ်မျိုး ဖြစ်သည်။

နတ်ဘုရားမျက်နှာပျက်ကြီး၏ အကြည့်သည် လောကအပေါ် သက်ရောက်မှုရှိသည်။

နတ်ဘုရားတစ်ပါး၏ အကြည့်သည် သက်ရှိအားလုံးအပေါ် သက်ရောက်နိုင်သည်။

ထို့ပြင် အခွင့်အာဏာဖြင့် ပေါင်းစပ်ထားသော အကြည့်သည် နတ်ဘုရားတစ်ပါး၏ အစွမ်းကို ထုတ်လွှတ်ပေးနိုင်သည်။

မည်သို့ဖြစ်ပါစေ အုပ်ချုပ်သူတစ်ပါးသည် ကျင့်ကြံခြင်းလမ်းစဉ်ထဲမှာ ကောင်းကင်ဘုံတောင်ကဲ့သို့ ကြီးမားသော တည်ရှိမှုဖြစ်သည်။ ၎င်းက အလွန်အစွမ်းကြီးမားသည်။

အစောပိုင်းအဆင့် အုပ်ချုပ်သူတစ်ပါးသည် နတ်ဘုရားမီးတောက် နတ်ဘုရားတစ်ပါးနှင့် တိုက်ခိုက်နိုင်သည်။

အထွတ်အထိပ်အဆင့် အုပ်ချုပ်သူတစ်ပါးသည် ပြစ်ချက်မဲ့အဆင့် နတ်ဘုရားတစ်ပါးနှင့် နှိုင်းယှဉ်နိုင်သည်။

ရွှင်းထိုင်နတ်ဆိုးက အစောပိုင်းအဆင့်မှာသာ ရှိသေးသော်လည်း သူက နတ်ဘုရားတစ်ပါးသဖွယ် တည်ရှိမှုမျိုး ဖြစ်သည်။

ထို့ကြောင့် ဤအခိုက်အတန့်မှာ ထူးဆန်းသော အခွင့်အာဏာဖြင့် ပေါင်းစပ်ထားသော သူ၏ အကြည့်အောက်တွင် ရွှီချင်း၏ စိတ်က ဝုန်းခနဲ မြည်သွားပြီး သူ၏ ဝိညာဉ်က မွန်းကျပ်လာသည်။

မွန်းကျပ်ခြင်းသည် အသက်ရှူခြင်းပေါ်မှာသာ သက်ရောက်မှုရှိခြင်း မဟုတ်ပေ။

ယင်းက ဝိညာဉ်ပေါ်မှာ ဖြစ်ပေါ်လာသည့်အခါ သူ၏ ဝိညာဉ်က ပယ်ဖျက်ခံရတော့မည့်အလား ခံစားမိသွားသည်။

ယင်းက အထီးကျန်မှု၊ အမှောင်ထုနှင့် စိတ်ပျက်အားငယ်မှု ဖြစ်သည်။

ရွှီချင်းက တုန်ယင်သွားသည်။ သူ၏ ခန္ဓာကိုယ်ထဲရှိ ဗလာနတ္ထိကုန်းမြေထဲမှ နတ်ဘုရားအခွင့်အာဏာအားလုံးက တစ်ပြိုင်နက် ထွန်းလင်းတောက်ပသွားကြသည်။ ငွေရောင်စက်ဝန်းသည်လည်း ရွှီချင်း၏ ခန္ဓာကိုယ်ပေါ်မှာ ထွက်ပေါ်လာသည်။

သူက အစွမ်းကုန်အသုံးပြု၍ ထိုအကြည့်ကို ခုခံနေရင်း အနောက်ဆုတ်သွားသည်။ သူက နတ်ဘုရားစိတ်အာရုံကို ဖြန့်ကြက်လိုက်ပြီး အသံနှင့်အတူ ရွေ့လျားရန် ကြိုးစားလိုက်သည်။ တစ်ချိန်တည်းမှာ သူက မီးတောက်ဖီးနစ်၏ ငှက်မွှေးကို ထုတ်လိုက်သည်။

သူက အသံပို့လွှတ်လိုက်သည်။

သို့သော်လည်း အမှောင်ထုထဲတွင် အက်ကွဲသံတစ်သံ ပဲ့တင်ထပ်လာသည်။

ဤသည်မှာ ထက်ရှသော တစ်စုံတစ်ခုက သူနားမလည်နိုင်သော နည်းလမ်းဖြင့် အပြင်လောကနှင့် သူ့ကြားမှ ဆက်သွယ်မှုအားလုံးကို အကြမ်းပတမ်း ဖြတ်တောက်လိုက်ဟန် ရ၏။

ရွှီချင်းက နှလုံးတုန်သွားသည်။ သူက ငှက်မွှေးကို သိမ်းဆည်းလိုက်ပြီး ပိုပြီးမြန်ဆန်စွာ အနောက်ဆုတ်သွားသည်။

ဤအခိုက်အတန့်မှာ မကောင်းဆိုးဝါးသူတော်စင်ကုန်းမြေထဲတွင် ထွန်းလင်းတောက်ပပြီး အရွယ်အစားကြီးမားသော ကတ်ကြေးတစ်လက်က လျှို့ဝှက်အခန်းထဲမှာ တင်ပျဉ်ခွေထိုင်နေသော ရွှင်းထိုင်နတ်ဆိုး၏ ဦးခေါင်းပေါ်မှာ ထွက်ပေါ်နေသည်။

ထိုကတ်ကြေးသည် အလွန်ရှေးကျပြီး အဆုံးမဲ့သော ကံကြမ္မာအပြောင်းအလဲဖြင့် ပြည့်နှက်နေသည်။ ယင်းထံမှ အချိန်အငွေ့အသက်က အလွန်အားကောင်းစွာ ထွက်ပေါ်နေသည်။ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားနှင့်အတူ ယင်းက လေထဲသို့ မြှောက်တတ်သွားသည်။

ထို့နောက် ပေတစ်ထောင်ရှည်လျားသော ရွှင်းထိုင်နတ်ဆိုးက ဖြည်းညင်းစွာ မတ်တတ်ရပ်လိုက်သည်။

သူ၏ မတ်တတ်ရပ်မှုက လောကကို ဝုန်းခနဲ တုန်လှုပ်သွားစေပြီး လေနှင့် တိုက်တိမ်များကို ပရမ်းပတာဖြစ်စေသည်။

လွန်ခဲ့သော နှစ်ပေါင်းတစ်ရာတုန်းက မကောင်းဆိုးဝါးသူတော်စင်ကုန်းမြေ၏ တော်ဝင်သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားခဲ့သော သူက ဝိညာဉ်စုစည်းခြင်းအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိပြီးနောက် အုပ်ချုပ်သူအဆင့်သို့ တတ်လှမ်းရန်အတွက် တံခါးပိတ်ကျင့်ကြံခြင်းသို့ ဝင်ရောက်သွားခဲ့သည်။

ထိုကိစ္စက အဝါရောင်အဆင့် သူတော်စင်ကုန်းမြေများမှာ ပျံ့နှံ့သွားပြီး လူအများအပြား၏ အာရုံစိုက်ခြင်းခံလာရသည်။

အဘယ့်ကြောင့်ဆိုသော် အုပ်ချုပ်သူတစ်ပါးသည် သူတော်စင်ကုန်းမြေများထဲမှာပင် နယ်မြေတစ်ခု၏ အရှင်သခင်ဖြစ်သည်။

အုပ်ချုပ်သူဖြစ်လာနိုင်သော လူများသည် အလွန်ရှားပါးသည်။

အထူးသဖြင့် မကောင်းဆိုးဝါးသူတော်စင်ကုန်းမြေအတွက် ဖြစ်သည်။

မကောင်းဆိုးဝါးသူတော်စင်ကုန်းမြေသည် အဝါရောင်အဆင့် သူတော်စင်ကုန်းမြေများကြားတွင် အဆင့်နိမ့်ပိုင်းမှာသာ ရှိသည်။ နှစ်ပေါင်းမြောက်များစွာအတွင်း ဘိုးဘေးသည် သူ၏ အထွတ်အထိပ် အုပ်ချုပ်သူအဆင့် တိုက်ပွဲစွမ်းအားကို အမှီပြု၍ သူတော်စင်ကုန်းမြေကို သူတစ်ယောက်တည်းသာ ထောက်ပံ့ပေးခဲ့ရသည်။

အကြိမ်အများစုတွင် သူ၏ ခြေလက်များက တုတ်နှောင်ခံထားရသည်။

သို့ဖြစ်၍ မကောင်းဆိုးဝါးသူတော်စင်ကုန်းမြေအတွက် ရွှင်းထိုင်နတ်ဆိုး၏ တံခါးပိတ်ကျင့်ကြံခြင်းသည် အလွန်အရေးကြီးသော ကိစ္စဖြစ်သည်။

အကယ်၍ သူအောင်မြင်သွားမည်ဆိုလျှင် မကောင်းဆိုးဝါးသူတော်စင်ကုန်းမြေ၏ အဆင့်အတန်းက မြင့်တတ်သွားလိမ့်မည်။

ထို့ကြောင့် ဝမ်ကူးကုန်းမြေဆီသို့ မဖြစ်မနေ ဆင်းသက်ရမည်ဟူသော အမိန့်တော်ကြောင့်သာမဟုတ်လျှင် သူတို့က ဤတစ်ကြိမ်ကိစ္စမှာ ဝင်ရောက်ပါဝင်လိမ့်မည် မဟုတ်ချေ။

သူတို့က ရွေးချယ်စရာမရှိသည့်အဆုံး ဝမ်ကူးကုန်းမြေဆီသို့ ဆင်းသက်လာခဲ့သော်လည်း မကောင်းဆိုးဝါးသူတော်စင်ကုန်းမြေအတွက်တော့ ရွှင်းထိုင်နတ်ဆိုး၏ တံခါးပိတ်ကျင့်ကြံမှုက သူတို့အတွက် အရေးကြီးဆုံးကိစ္စ ဖြစ်နေဆဲပင်။

သူတို့က ရွှင်းထိုင်နတ်ဆိုးကို အနှောင့်အယှက်မပေးပေ။ ပြင်ပလောက၏ အနှောင့်အယှက်များကိုလည်း တင်းကျပ်စွာ ပိတ်ပင်တားဆီးထားသည်။

သို့ဖြစ်၍ နှစ်ပေါင်းတစ်ရာကြာအောင် တံခါးပိတ်ကျင့်ကြံနေခဲ့သော ရွှင်းထိုင်နတ်ဆိုးသည် အဆင့်ချိုးဖြတ်ခြင်းမှာ အပြည့်အဝ အာရုံစိုက်နိုင်ခဲ့ပြီး ပြင်ပလောကနှင့် အဆက်အသွယ် ပြတ်တောက်သွားခဲ့သည်။ လွန်ခဲ့သော နှစ်အနည်းငယ်ခန့်က သူပြန်နိုးလာသည့်အခါမှာသာ မကောင်းဆိုးဝါးသူတော်စင်ကုန်းမြေက အမိန့်တော်တစ်ခုကြောင်း ဝမ်ကူးကုန်းမြေဆီသို့ ဆင်းသက်ရတော့မည်ဖြစ်ကြောင်း သိခဲ့ရသည်။

ဝမ်ကူးကုန်းမြေနှင့်ပတ်သက်သော သတင်းအချက်အလက်များကိုတော့ သူက ယခင်အတိုင်းသာ ဆက်ပြီး နားလည်ထားသည်။

ဤအခိုက်အတန့်မှာ သူ၏ တစ်ဦးတည်းသော သွေးမျိုးဆက်ကို ဆုံးရှုံးသွားခြင်းက သူ၏ နှလုံးသားကို အပြင်းအထန် လှိုင်းထသွားစေပြီး ကမ္မကို ဖြစ်ပေါ်စေသည်။ ယင်းက သူ၏ တံခါးပိတ်ကျင့်ကြံခြင်းကို နှောင့်ယှက်လိုက်သည်။

ယင်းက ကံကောင်းခြင်းလော သို့မဟုတ် ကပ်ဘေးလော ပြောရန် ခဲယဉ်းသည်။

ကံကောင်းခြင်းဟု ဆိုရခြင်းမှာ သူက လွန်ခဲ့သော နှစ်အနည်းငယ်တုန်းက အုပ်ချုပ်သူအဆင့်သို့ အမှန်တကယ် အဆင့်ချိုးဖြတ်နိုင်သွားခဲ့သည်။ သို့သော်လည်း အဆင့်ချိုးဖြတ်ပြီးနောက် သူ၏ အရှိန်အဝါနှင့် ဖိအားက ကမောက်ကမာ ဖြစ်သွားခဲ့သည်။ ဤသည်မှာ သူက ပြန်လည်မွေးဖွားခြင်းစက်ဝန်းထဲသို့ ဝင်ရောက်သွားသည့်အလားပင်။

သံသရာစက်ဝန်းသည် ထပ်ခါတလဲလဲ လည်ပတ်နေပြီး သူ့ကို နိုးမထနိုင်အောင် ဖြစ်စေသည်။

အပြင်လူများသည် ဤကိစ္စနှင့်ပတ်သက်ပြီး သူ့ကို ကူညီမပေးနိုင်ကြပေ။

သူက ကိုယ်တိုင်နိုးထလာမှသာလျှင် အုပ်ချုပ်သူအဆင့်သို့ အမှန်တကယ် ခြေချနိုင်လိမ့်မည်။

အုပ်ချုပ်သူအားလုံးနီးပါးသည် ဤအခြေအနေကို တွေ့ကြုံရကြသည်။ ယင်းက သူတို့၏ အခွင့်အာဏာကို ဖွဲ့စည်းရသော လုပ်ငန်းစဉ်ဖြစ်သည်။

ထိုအခွင့်အာဏာသည် နတ်ဘုရားအခွင့်အာဏာနှင့် ဆင်တူသည်။ သို့သော်လည်း အခြေခံအားဖြင့် ကွဲပြားခြားနားသည်။

ယေဘုယျအားဖြင့်ဆိုရလျှင် ယင်းက အုပ်ချုပ်သူနယ်ပယ်မှာသာ တည်ရှိသော အရာဖြစ်သည်။ သို့သော်လည်း ရံဖန်ရံခါ ပြိုင်ဘက်ကင်းပါရမီရှင်များသည် ဝိညာဉ်စုစည်းခြင်းအဆင့်မှာကတည်းက အခွင့်အာဏာကို ရရှိနိုင်ကြသည်။ သို့သော်လည်း ထိုသို့လူများသည် အလွန်ရှားပါးကြသည်။

အခွင့်အာဏာကိုရရှိခြင်း လုပ်ငန်းစဉ်တွင် တချို့သည် ချက်ချင်း နိုးထနိုင်ကြသည်။ တချို့သည်တော့ နှစ်ပေါင်းတစ်ရာ သို့မဟုတ် နှစ်ပေါင်းတစ်ထောင်ပင် ကြာမြင့်နိုင်သည်။

ထို့ကြောင့် သူ၏ နှလုံးသားထဲမှာ ထွက်ပေါ်လာသော လှိုင်းများက သတ်ဖြတ်ခြင်းစိတ်ဆန္ဒနှင့် သွေးမျိုးဆက်ဒေါသအဖြစ်သို့ ပြောင်းလဲသွားပြီး သူ၏ အခွင့်အာဏာကို လှုံ့ဆော်လိုက်သည်။ ရလဒ်အနေဖြင့် သူက နောက်ဆုံးမှာတော့ အတင်းအဓမ္မ နိုးထလာခဲ့သည်။

ကပ်ဘေးသည်တော့ သူ့သား၏ သေဆုံးမှုဖြစ်ပြီး အတင်းအဓမ္မ နိုးထလာမှုကြောင့် သူ၏ အဆင့်တတ်မှုက မပြည့်စုံပေ။ ထို့ကြောင့် သူ့မှာ ပြစ်ချက်တချို့ ရှိလာသည်။

သို့သော်လည်း မည်သို့ဖြစ်ပါစေ ဤအခိုက်အတန့်မှာ သူက အုပ်ချုပ်သူတစ်ပါးဖြစ်လာသည်။

သူက မျက်လုံးဖွင့်လိုက်ပြီး ဟင်းလင်းပြင်ကို စိုက်ကြည့်လိုက်သည်။ သူက ကမ္မကို ဖြတ်တောက်ပြီး သူ၏ နှလုံးသားထဲမှ လှိုင်းများ၏ ဇစ်မြစ်ကို ရှာဖွေလိုက်သည်။

စောစောက သူပြောခဲ့သည့်အတိုင်း ရွှီချင်းကို သူမြင်သွားသည်။

အပြင်လောကမှ အခြေအနေကို သူမရင်းနှီးသော်လည်း ယခင်က သူ၏ နားလည်ထားမှုအရ မကောင်းဆိုးဝါးသူတော်စင်ကုန်းမြေက ဝမ်ကူးကုန်းမြေပေါ်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း သူနားလည်သွားသည်။

သူ့သားကို သတ်သွားခဲ့သော လူ၏ သရုပ်ကိုတော့ သူမသိပေ။ သူ့အတွက် သိစရာလည်း မလိုပေ။

အဘယ့်ကြောင့်ဆိုသော် တစ်ဖက်လူက မည်သူဖြစ်ပါစေ ဤအခိုက်အတန့်မှာ သေချာပေါက် သူသတ်ပစ်ရမည့် ပစ်မှတ်ဖြစ်သည်။

သို့မှသာလျှင် သူ၏ စိတ်အခြေအနေကို ပြန်လည်ထိန်းသိမ်းနိုင်ပြီး အခွင့်အာဏာ၏ ပြစ်ချက်များကို ပြန်ပြင်ဆင်နိုင်လိမ့်မည်။

ယင်းက သူ၏ တာအိုနှင့်ဆက်စပ်နေသည်။

ထို့ပြင် သူက သူ့မျိုးနွယ်မှ မဟာဧကရာဇ်ချန်ထားခဲ့သော ရတနာကို အသုံးပြု၍ လူသတ်သမားနှင့် အပြင်လောကကြားမှ အဆက်အသွယ်များကို ဖြတ်တောက်လိုက်သော်လည်း တစ်ဖက်လူက ထူးဆန်းသော နည်းလမ်းများကို အသုံးပြု၍ သူ့ကိုယ်သူ ဖုံးကွယ်လိုက်သည်။ ထို့ကြောင့် သူက တုံ့ဆိုင်းမနေဘဲ အရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်။

ထိုခြေလှမ်းကြောင့် လျှို့ဝှက်အခန်းထဲမှစ၍ စွမ်းအင်လှိုင်းများက ထွက်ပေါ်လာပြီး ကောင်းကင်နှင့်မြေပြင်တစ်လျှောက် ပျံ့နှံ့သွားသည်။ သူ၏ ပုံရိပ်က နေရာမှ ချက်ချင်း ပျောက်ကွယ်သွားသည်။

သူက သွေးမျိုးဆက်၏ လမ်းညွှန်မှုနောက်သို့ လိုက်၍ သူ့အကြည့်၏ ပစ်မှတ်ထားခံထားရသော တည်နေရာဆီသို့ ချက်ချင်း ရောက်ရှိသွားသည်။ သူက ရွှီချင်း၏ ကီလိုမီတာငါးရာကျယ်ဝန်းသော မြေအောက်လောကနယ်ပယ်ထဲမှာ ထွက်ပေါ်လာသည်။

သူထွက်ပေါ်လာသည်နှင့်ချက်ချင်း ဤနေရာမှ ဥပဒေသများနှင့် နိယာမများဆီမှာ အရှင်သခင်ရှိလာပြီး ၎င်းတို့က အစေခံများ ဖြစ်လာကြသည်။

အတိတ်တွင် ဝမ်ကူးကုန်းမြေမှ ထွက်ခွာသွားခဲ့ကြသော သူတော်စင်ကုန်းမြေများကို ဝမ်ကူးကုန်းမြေ၏ ကောင်းကင်ဘုံတာအိုများက ငြင်းဆန်ကြသော်လည်း မည်သို့ဖြစ်ပါစေ သူတို့က အုပ်ချုပ်သူအဆင့်သို့ ရောက်ရှိသွားကြသော အစွမ်းထက် တည်ရှိမှုများ ဖြစ်နေကြဆဲပင်။ ထို့ကြောင့် သူတို့၏ ဇစ်မြစ်က မည်သို့ဖြစ်ပါစေ သူတို့က ကောင်းကင်ဘုံတာအိုများ၏ ဝမ်းပန်းတသာ ကြိုဆိုခြင်းခံရလိမ့်မည်။

All Chapters