ချဉ်းကပ်လာနေသော ရွှေကျီးကန်းနဂါးရထားလုံး
Vol. 92 Ch. 1425
နန်းဟွမ်ကုန်းမြေ၏ အပြင်ဘက် တားမြစ်ပင်လယ်၏ အနက်ပိုင်းထဲ၌…
အနက်ရောင်ပင်လယ်၏ အောက်ခြေတွင် မြွေပုံသဏ္ဍာန်ရှိသော ဧရာမပင်လယ်သားရဲတစ်ကောင်က ၎င်း၏ သားကောင်နောက်သို့ လိုက်ဖမ်းနေသည်။
၎င်း၏ အလျင်က မြန်ဆန်သည်။ ၎င်းက ပါးစပ်ဟလိုက်ပြီး ၎င်း၏ သားကောင်ကို ဝါးမျိုလိုက်သည်။ ထို့နောက် ၎င်းက စိတ်ကျေနပ်သော ဟိန်းသံသဲ့သဲ့ကို ထုတ်ဖော်လိုက်သည်။
ဟိန်းသံသည် ပင်လယ်ရေအောက်ထဲမှာ ပဲ့တင်ထပ်သွားသည်။
ထိုဟိန်းသံကြားထဲတွင် ရွှီချင်း၏ ပုံရိပ်က ရုတ်တရက် ထွက်ပေါ်လာသည်။
သူထွက်ပေါ်လာသည့်အခိုက် သူ၏ ခန္ဓာကိုယ်က ရုတ်တရက် ဖောင်းကားလာသည်။ ဤသည်မှာ သူက ဆက်ပြီး မတောင့်ခံနိုင်ဘဲ ပြိုကွဲသွားတော့မည့်အလားပင်။
သို့သော်လည်း နောက်အခိုက်အတန့်မှာ သူ၏ ခန္ဓာကိုယ်ပေါ်မှ ချိပ်တံဆိပ်များက လင်းလက်တောက်ပလာကြပြီး သူ၏ ခန္ဓာကိုယ်က မူလအရွယ်အစားသို့ ပြန်ကျုံ့သွားသည်။
ထို့နောက် ရွှီချင်းက ခုနစ်ကြိမ်ရှစ်ကြိမ် ဆက်တိုက် သွေးအန်လိုက်ရသည်။ သူက မတ်တတ်ရပ်ရန်ပင် မနည်းအားပြုနေရသည်။
သူ၏ ခန္ဓာကိုယ်ကို စစ်ဆေးကြည့်လိုက်သည့်အခါ သူ၏ အမူအရာက မည်းမှောင်သွားသည်။
ဤအခိုက်အတန့်မှာ သူ၏ ခန္ဓာကိုယ်ပေါ်တွင် မရေမတွက်နိုင်သော အက်ကွဲကြောင်းများဖြင့် ပြည့်နှက်နေသည်။ အင်မော်တယ်ပြဒါးသည် အက်ကွဲကြောင်းများထဲမှ စီးကျနေသည်။ ယင်းက သူ၏ ရုပ်အသွင်သဏ္ဍာန်ကို အလွန်အကျည်းတန်စေသည်။
သူ၏ ဝိညာဉ်က အက်ကွဲနေပြီး အားနည်းသော ခံစားမှုကို ထုတ်လွှတ်နေသည်။ ယင်းက ဤအခိုက်အတန့်မှာ ရွှီချင်း၏ အမြင်အာရုံကို ဝေဝါးစေသည်။ ထို့ကြောင့် သူ၏ မြင်ကွင်းထဲမှ အရာအားလုံးက မရှင်းလင်းဘဲ ပုံပျက်တွန့်လိမ်နေသည်။
ဤအခိုက်အတန့်မှာ ပင်လယ်၏ အနက်ပိုင်းထဲရှိ သူ၏ မြင်ကွင်းထဲမှ ပုံပျက်တွန့်လိမ်နေသော သားရဲများသည် ၎င်းတို့၏ ရက်စက်ကြမ်းကြုတ်မှုကို ထုတ်ဖော်လိုက်ကြသည်။
သို့သော်လည်း ယင်းက တဒင်္ဂမျှသာ ကြာမြင့်ခဲ့သည်။ အားအင်ကုန်ခမ်းမှုမှ ထွက်ပေါ်လာသော ပင်ပန်းနွမ်းနယ်မှုသည် ရွှီချင်း၏ အတင်းအကျပ် ဖိနှိပ်ခြင်းခံလိုက်ရသည်။
ပုံပျက်တွန့်လိမ်မှုနှင့် ဝေဝါးမှုသည် လွင့်ပြယ်သွားသည်။
သို့သော်လည်း အန္တရာယ်သည် မပျောက်ကွယ်သွားသေးပေ။
ယခုအချိန်မှာ အချိန်က သူ့အတွက် အလွန်တန်ဖိုးရှိကြောင်း ရွှီချင်းနားလည်သည်။ ထို့ကြောင့် သူက ခရမ်းသလင်းကျောက်၏ အစွမ်းကို လှုံ့ဆော်လိုက်ပြီး သူ၏ ဒဏ်ရာများကို ပြန်လည်ကုသလိုက်သည်။
တစ်ချိန်တည်းမှာ သူက အတိတ်တွင် သူစုဆောင်းခဲ့သော နတ်ဘုရားမျက်နှာပျက်ကြီး၏ သွေးကို ထုတ်လိုက်ပြီး မျိုချလိုက်သည်။
ထို့နောက် သွေးကို သူ၏ ခန္ဓာကိုယ်ထဲမှာ စီးဆင်းသွားစေသည်။
သို့မှသာ သူ၏ ခန္ဓာကိုယ်ပေါ်မှ အက်ကွဲကြောင်းများက ဆက်လက် ပျံ့ပွားနေခြင်းမှ ရပ်တန့်သွားသည်။
ထို့နောက် ရွှီချင်းက မီးတောက်ငှက်မွှေးကို ချက်ချင်း ထုတ်လိုက်ပြီး နောက်တစ်ကြိမ် အသံပို့လွှတ်ရန် ကြိုးစားလိုက်သည်။ သို့သော်လည်း နောက်အခိုက်အတန့်မှာ အသံပြတ်တောက်သွားသော အသံက နောက်တစ်ကြိမ် ထွက်ပေါ်လာသည်။
သူ၏ အသံပို့လွှတ်မှုက ထပ်မံဖြတ်တောက်ခံလိုက်ရပြီး အသံမပို့လွှတ်နိုင်ပေ။
“ အဲ့ဒါက ချိပ်ပိတ်မှုမဟုတ်ဘူး… အဲ့ဒီအုပ်ချုပ်သူဆီမှာ အပြင်လောကနဲ့ အဆက်အသွယ်အားလုံးကို ဖြတ်တောက်နိုင်တဲ့ အထွတ်အမြတ်ရတနာတစ်ခုရှိတာ ဖြစ်ရမယ် ”
ရွှီချင်း၏ အမူအရာက သုန်မှုန်သွားသည်။ လက်ရှိအခြေအနေက သူ့အတွက် လွတ်မြောက်ရန် မဖြစ်နိုင်လုနီးပါး ခက်ခဲကြောင်း ကောင်းမွန်စွာ သူသိသည်။
သူ၏ ရုပ်ခန္ဓာကိုယ်သည်တော့ အကယ်၍ သူသာ တစ်ဖက်လူထံမှ နောက်ထပ် တိုက်ခိုက်မှုများကို ခံစားရမည်ဆိုလျှင် သေချာပေါက် ပေါက်ကွဲသွားလိမ့်မည်။
“ အရင်ဆုံး လွတ်မြောက်ဖို့ နည်းလမ်းတစ်ခုကို ငါစဉ်းစားရမယ်… အဲ့လိုမလုပ်နိုင်ရင်… တတ်နိုင်သလောက် ငါအချိန်ဆွဲထားရမယ် ”
မည်သို့ဖြစ်ပါစေ ယင်းက အတွင်းပိုင်းပင်လယ်ဖြစ်သည်။ ဤနေရာမှာ ကြီးမားသော ဆူပူအုံကြွမှုဖြစ်ပွားလေ တခြားလူများသတိထားမိရန် ဖြစ်နိုင်ခြေက ပိုပြီးများလေ ဖြစ်သည်။
သူ့ဆရာချန်ထားခဲ့သော ချိပ်တံဆိပ်များသည်တော့ သူ၏ ဝိညာဉ်ကို ကာကွယ်ပေးလိမ့်မည်။ အကယ်၍ သူက ချိပ်တံဆိပ်များကို အတင်းအကျပ် ချိုးဖြတ်မည်ဆိုလျှင် သူ၏ ဝိညာဉ်က နတ်ဘုရားမျက်နှာပျက်ကြီး၏ အစွမ်းကို မတောင့်ခံနိုင်သောကြောင့် ဖျက်ဆီးခံရလိမ့်မည်။
ထိုသို့တွေးမိသောအခါ သူ၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်ထံမှ ပြင်းထန်သော နာကျင်မှုက အချိန်အတော်ကြာအောင် မခံစားခဲ့ရသော အေးစက်မှုကို ပြန်လည်ခံစားမိစေသည်။ ထိုအအေးဓာတ်သည် သူ၏ တစ်ကိုယ်လုံးမှာ ပျံ့နှံ့သွားသည်။
သူက ထိုအအေးဓာတ်ကို ကြည်နူးစွာ ခံစားလိုက်ပြီး အသံထဲသို့ ထပ်မံ ပေါင်းစပ်လိုက်ကာ ရွှေကျီးကန်းနဂါးရထားလုံး ချဉ်းကပ်လာနေသော ဦးတည်ရာဆီသို့ ရွေ့လျားသွားသည်။
“ ရွှေကျီးကန်းနဂါးရထားလုံးရဲ့ အကူအညီနဲ့ဆိုရင် ငါ့မှာ လွတ်မြောက်ဖို့ အခွင့်အရေးရှိနိုင်တယ် ”
ရွှီချင်းက ပျောက်ကွယ်သွားတော့မည့်အချိန် ရက်စက်ကြမ်းကြုတ်သော အသံကို ကြားလိုက်ရသည်။
“ ပယ်ဖျက်စမ်း ”
ထိုစကားလုံးသည် အိမ်မက်ဆိုးအလားပင်။ အသံက ပဲ့တင်ထပ်သွားသည့်အခိုက် ရွှီချင်း၏ စိတ်အာရုံသက်ရောက်နိုင်သော နယ်နိမိတ်အတွင်းမှာ အသံအားလုံးသာမက မရေမတွက်နိုင်သော ပင်လယ်သားရဲများသည်လည်း တိတ်တဆိတ် ပယ်ဖျောက်ခံလိုက်ရသည်။
ရွှီချင်း၏ ပုံရိပ်က ပြန်ထွက်ပေါ်လာသည်။ သူက သွေးအန်လိုက်သည့်အခါ ရက်စက်ကြမ်းကြုတ်သော ပုံရိပ်တစ်ခုက သူ့အနောက်မှ ဟင်းလင်းပြင်ထဲမှ တစ်လှမ်းချင်း ထွက်လျှောက်လာသည်။
သူက ခြေတစ်လှမ်း လှမ်းလိုက်တိုင်း ပင်လယ်ကြမ်းပြင်က ပရမ်းပတာ လှုပ်ခတ်သွားသည်။ သူက ခြေထောက်ချလိုက်သည့်အခါတိုင်း ဥပဒေသများနှင့် နိယာမများက သူ၏ အတွေးအတိုင်း ပျံ့နှံ့သွားလိမ့်မည်။
ဤသည်မှာ ကောင်းကင်ဘုံက တစ်စုံတစ်ယောက်ကို သတ်ဖြတ်ရန် ကြိုးစားနေသည့်အလားပင်။
“ ဒီနေရာက ဥပဒေသတွေက ငါ့ကို ပြောတယ်… မင်း ငါ့သားကို သတ်ခဲ့တုန်းကလည်း အခုလိုပဲ သူ့နောက်ကို လိုက်ဖမ်းခဲ့တယ်တဲ့ ”
အေးစက်စက်အသံက ပဲ့တင်ထပ်သွားသည်။
ယင်းက ရွှီချင်း၏ နားထဲသို့ ဝင်ရောက်သွားသည့်အခါ ထိုအသံကို သူမထိန်းချုပ်နိုင်ခင်မှာ ယင်းက သူ့ဘာသာ ပျောက်ကွယ်သွားသည်။ ထို့ပြင် ပယ်ဖျက်ခြင်းအခွင့်အာဏာက သူ၏ ခန္ဓာကိုယ်ပေါ်သို့ သက်ရောက်လာသည်။
ယင်းက သူ၏ ခန္ဓာကိုယ်ပေါ်မှ အက်ကွဲကြောင်းများကို နောက်တစ်ကြိမ် ကျယ်ပြန့်သွားစေသည်။
ခန္ဓာကိုယ်က ပြိုကွဲတော့မည်ဟူသော ခံစားမှုက ပိုပြီးအားကောင်းလာသည်။
ထိုသို့အရေးကြီးအခိုက်အတန့်မှာ စူးရှသော အလင်းတန်းတစ်ခုက ရွှီချင်း၏ ခန္ဓာကိုယ်ထဲမှ ရုတ်တရက် ထွက်ပေါ်လာသည်။ သူ၏ ခန္ဓာကိုယ်သည် နေတစ်စင်းသို့ ပြောင်းလဲသွားသည်။ စူးရှတောက်ပသော အလင်းရောင်ကြားထဲမှာ အလင်းအားလုံးက တစ်နေရာတည်းမှာ မြန်ဆန်စွာ စုဝေးသွားပြီး ရောင်ခြည်တန်းတစ်ခုကို ဖွဲ့စည်းလိုက်သည်။
သူက ရောင်ခြည်တန်း၏ အလျင်ကို အသုံးပြု၍ အဝေးသို့ ထွက်ပြေးသွားသည်။
ချက်ချင်းဆိုသလို သူက နေရာမှ ရုတ်ချည်း ပျောက်ကွယ်သွားသည်။
“ အင်မော်တယ်အလင်းလား ”
ရွှင်းထိုင်နတ်ဆိုးသည် ရွှီချင်းပျောက်ကွယ်သွားသော နေရာမှာ ထွက်ပေါ်လာသည်။ သူက အဝေးသို့ ကြည့်လိုက်ပြီး ခေါင်းခါလိုက်သည်။
“ မင်းက ငါ့ရဲ့ နယ်နိမိတ်ထဲမှာ ရှိနေတုန်းပဲ ”
“ ဒါပေမဲ့ ဒီလူသားဆီမှာ ကမ္မအများကြီး ပတ်သက်နေတယ်… ”
“ အဲ့ဒီကမ္မတွေက အရမ်းများပြီး လျှို့ဝှက်ဆန်းကြယ်တယ်… တကယ်လို့ သူ့ကို ငါသတ်လိုက်မယ်ဆိုရင် ကပ်ဘေးတစ်ခုက ငါ့အပေါ်ကို ကျရောက်လာလိမ့်မယ်လို့ ခံစားရတယ် ”
ရွှင်းထိုင်နတ်ဆိုး၏ အရှေ့တွင် အရွယ်အစားကြီးမားသော ရှေးဟောင်းကတ်ကြေးတစ်လက်က နောက်တစ်ကြိမ် ထွက်ပေါ်လာပြီး ရွှီချင်းထံမှ ထုတ်လွှတ်နေသော ချည်မျှင်များကို တစ်မျှင်ပြီးတစ်မျှင် ဖြတ်တောက်ပစ်နေသည်။
ထိုချည်မျှင်များထဲတွင် တချို့က ဖြတ်တောက်ရန် အလွန်အမင်း ခက်ခဲသည်။ ကတ်ကြေး၏ အသွားများက ထိုချည်မျှင်များကို ဖြတ်တောက်လိုက်သည့်အခါ ကြွတ်ဆက်သော မြည်သံက ထွက်ပေါ်လာသည်။ ကတ်ကြေးသည်တော့ သံချေးတတ်သွားသည့် လက္ခဏာများပင် ပြလာသည်။
ရှင်းလင်းစွာပင် ထိုချည်မျှင်များကို ဖြတ်တောက်ခြင်းက လျှို့ဝှက်ဆန်းကြယ်သော ကတ်ကြေးကို တန်ကြေးတစ်ခု ပေးဆပ်ရစေသည်။
“ ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ… တကယ်လို့ ငါ့ရဲ့ အခွင့်အာဏာက အဲ့ဒါတွေကို ပယ်ဖျက်နိုင်သွားမယ်ဆိုရင်… အဲ့ဒီအခါ ငါ့ရဲ့ အခွင့်အာဏာက ကြီးကြီးမားမား ပိုအားကောင်းလာလိမ့်မယ် ”
“ ပြီးတော့ အဲ့ဒီရုပ်ခန္ဓာကိုယ်… ငါ့သား သေဆုံးခဲ့ရတာက မထူးဆန်းတော့ပါဘူး ”
“ ဒီကမ္မ… ဒီရုပ်ခန္ဓာကိုယ်နဲ့ ဒီအခွင့်အရေးက တကယ် အဆိပ်ပင်ပဲ… အဲ့ဒါကို ငါအရသာမခံခင် အဲ့ဒီအဆိပ်ဆူးတွေကို ဖြည်းဖြည်းချင်း ဖယ်ရှားပစ်ရမယ် ”
“ ဒီကိစ္စက အလျင်စလို ဆောင်ရွက်လို့ မရဘူး… အထူးသဖြင့် ကမ္မချည်မျှင်တချို့ကို အတင်းအဓမ္မ ဖြတ်တောက်ပစ်လို့ မရဘူး… အဲ့ဒီအတွက် အထူးတလည် ဆောင်ရွက်ရလိမ့်မယ် ”
ရွှင်းထိုင်နတ်ဆိုး၏ သားသည် အတွေးနက်သွားပြီး အရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်။ သူက မုဆိုးတစ်ကောင်ပမာ သားကောင်ပေါ်သို့ ဖိအားပေးနေသည်။
ကီလိုမီတာတစ်သောင်းအဝေး၌ ရွှီချင်း၏ ပုံရိပ်က ထွက်ပေါ်လာသည်နှင့်ချက်ချင်း အုပ်ချုပ်သူ၏ စွမ်းအားက သူ့အပေါ်သို့ ဆင်းသက်လာသည်။
ရွှီချင်းသည် အံတင်းတင်းကြိတ်လိုက်သည်။ သူ၏ မျက်လုံးက ထွန်းလင်းတောက်ပလာသည့်အခါ သူက နောက်တစ်ကြိမ် ထွက်ပြေးလိုက်သည်။
ဤအလင်းလွတ်မြောက်ခြင်းသည် ရွှမ်သူရိန်အင်မော်တယ်အလင်းကျင့်စဉ်မှ နတ်ဘုရားအစွမ်းတစ်မျိုးဖြစ်သည်။ ယင်းကို အသုံးပြုလိုက်သည့်အခါ တစ်စုံတစ်ယောက်၏ အလျင်က အထွတ်အထိပ်သို့ ရောက်ရှိသွားလိမ့်မည်။ သို့သော်လည်း ထိုသို့လုပ်ဆောင်ရန် ရောင်ခြည်တန်းနှစ်ခုကို လိုအပ်သည်။
လက်ရှိရွှီချင်းဆီမှာ အင်မော်တယ်ရောင်ခြည်အလင်းက တစ်ခုတည်းသာ ရှိသည်။ သို့ဖြစ်၍ ယင်းက ထိုနတ်ဘုရားအတတ်ပညာကို ထုတ်ဖော်ရန် မလုံလောက်ပေ။
ထို့ကြောင့် သူက ဝိညာဉ်ချည်မျှင်များကို လောင်ကျွမ်းပစ်လိုက်ပြီး ဝိညာဉ်ချည်မျှင်များ၏ လောင်ကျွမ်းမှုမှ ထုတ်လွှတ်လိုက်သော ဝိညာဉ်အလင်းရောင်ကို ရောင်ခြည်တန်းတစ်ခု၏ နေရာမှာ အစားထိုးလိုက်သည်။ သို့မှသာ သူက အလင်းလွတ်မြောက်ခြင်း နတ်ဘုရားစွမ်းရည်ကို အသုံးပြုနိုင်သွားသည်။
သို့သော်လည်း ယင်းက အလွန်စွမ်းအင်ကုန်ဆုံးသောကြောင့် ယင်းကို အချိန်အကြာကြီး သူအသုံးမပြုနိုင်ပေ။
ငါးကြိမ်ထိ အသုံးပြုပြီးနောက် ပင်လယ်ရေမျက်နှာပြင်ပေါ်တွင်လည်းကောင်း သို့မဟုတ် ပင်လယ်ရေအောက်တွင်သော်လည်းကောင်း ရွှီချင်းက သဏ္ဍာန်မဲ့သော ဧရာမကွန်ရက်တစ်ခုဖြင့် လွှမ်းခြုံခံလိုက်ရဟန် ရသည်။
အကယ်၍ သူက ထိုနယ်နိမိတ်ထဲမှ မလွတ်မြောက်နိုင်လျှင် အသံပို့လွှတ်ရန် မည်သို့မှ မဖြစ်နိုင်ပေ။
ပိုပြီးထူးဆန်းသည်မှာ သူ၏ တည်ရှိမှုက ပယ်ဖျောက်ခံနေရကြောင်း ရွှီချင်းခံစားမိလာသည်။
အဘယ့်ကြောင့်ဆိုသော် ပင်လယ်သားရဲများက သူ့ကို အာရုံမခံနိုင်တော့ဟန် ရ၏။ ပင်လယ်ရေမျက်နှာပြင်ပေါ်တွင် သူက မျိုးနွယ်ခြားကျွန်းစုများ၊ လှေငယ်များနှင့် ချီယွဲ့ထုံဂိုဏ်းမှ တပည့်များကိုပင် မြင်တွေ့ခဲ့သည်။
သို့သော်လည်း ထိုလူများက သူ့ကို လုံးဝသတိမထားမိကြပေ။
တစ်ခါတွင် ရွှီချင်းက ချီယွဲ့ထုံဂိုဏ်းမှ သင်္ဘောတစ်စီးပေါ်မှာ ထွက်ပေါ်လာခဲ့သည်။ သို့သော်လည်း သူက သင်္ဘာပေါ်မှာ မတ်တတ်ရပ်နေသည့်တိုင် မည်သူမှ သူ့ကို သတိမထားမိကြပေ။ ဤသည်မှာ သူက မတူညီသော ဒိုင်မေးရှင်းတစ်ခုထဲမှာ ရှိနေသည့်အလားပင်။
သူတို့က သူ့ကို လုံးဝမရှိသည့်အလား သဘောထား၍ ဆက်လက် ခရီးဆက်သွားကြသည်။
ထိုအဖြစ်အပျက်က ရွှီချင်း၏ မျက်နှာကို သုန်မှုန်သွားစေသည်။ ပင်လယ်၏ အနက်ပိုင်းထဲမှာ သူထွက်ပေါ်လာပြီးနောက် သူ၏ ဝိညာဉ်က သိသာစွာ မှေးမှိန်သွားသည်။ တစ်ချိန်တည်းမှာ အားနည်းသော ခံစားမှုကို သူခံစားမိသွားသည်။
သို့သော်လည်း သူက အံတင်းတင်းကြိတ်လိုက်ပြီး ဆက်လက် ထွက်ပြေးသည်။
သူ၏ ဝိညာဉ်ချည်မျှင်များသည်တော့ ဤအတောအတွင်းမှာ သန်းငါးဆယ်၏ ထက်ဝက်ခန့် လျော့နည်းသွားသည်။
သို့တိုင်အောင် သူက တစ်ဖက်လူ၏ နယ်နိမိတ်ထဲမှ မလွတ်မြောက်နိုင်သေးပေ။ သူက ပြန်ထွက်ပေါ်လာသည့်အခါတိုင်း အုပ်ချုပ်သူတစ်ပါး၏ ဖိအားက သူ၏ အနောက်မှ သူ့ကို လွှမ်းခြုံသွားလိမ့်မည်။
ကံကောင်းစွာဖြင့် ရွှီချင်းက သူ၏ ဦးတည်ရာဆီသို့ ရောက်ရှိသွားသည်။
ဝုန်းခနဲ မြည်သံသည် သူ၏ အရှေ့မှ ပင်လယ်ဧရိယာထဲမှ ထွက်ပေါ်လာသည်။ ယင်းက တစ်စုံတစ်ယောက် လမ်းလျှောက်နေသော အသံဖြစ်သည်။
ထိုအသံသည် အုပ်ချုပ်သူ၏ ပယ်ဖျက်ခြင်းအခွင့်အာဏာကို လျစ်လျူရှုလျက် ချဉ်းကပ်လာနေသည်။
ကြောက်မက်ဖွယ်ကောင်းသော ဖိအားနှင့် အရှိန်အဝါသည် ပင်လယ်ရေအောက်ထဲမှာ ရူးသွပ်စွာ ပျံ့နှံ့သွားသည်။ ယင်းက ရွှီချင်း၏ အနောက်မှ လိုက်လာသော အုပ်ချုပ်သူကို ရပ်တန့်သွားစေသည်။ သူက အဝေးသို့ လှမ်းကြည့်လိုက်သည်။
“ အဲ့ဒါက ဟွမ်ကောင်းကင်ဘုံနတ်ဘုရားမျိုးနွယ်ရဲ့ အိမ်ရှေ့စံမင်းသားရဲ့ နဂါးရထားလုံးနဲ့ သူ့ရဲ့ အလောင်းကောင်အစေခံပဲ… သူတို့ကို စောစောစီးစီး ငါအာရုံမခံမိတာ မထူးဆန်းတော့ပါဘူး… သူတို့ကို မျက်စိနဲ့မြင်မှပဲ ငါအာရုံခံမိတယ် ”
“ ဟွမ်ကောင်းကင်ဘုံနတ်ဘုရားမျိုးနွယ်ရဲ့ အိမ်ရှေ့စံမင်းသား… ”
“ ရှေးဟောင်းမှတ်တမ်းတွေထဲမှာတော့ အဲ့ဒီအိမ်ရှေ့စံမင်းသားက နေလုံးအဖြစ် အသွင်ပြောင်းလဲပြီး သူ့ရဲ့ ညီမက လစန္ဒာအဖြစ် အသွင်ပြောင်းလဲသွားတယ်… သူတို့နှစ်ယောက်ရဲ့ အသွင်ပြောင်းလဲမှုက နေ့နဲ့ညကို ဖြစ်ပေါ်စေခဲ့တယ် ”
“ ရှေးဦးအပျက်အစီး ရောက်ရှိလာတဲ့အခါမှာ သူတို့မောင်နှမနှစ်ယောက်က သေဆုံးသွားခဲ့တယ် ”
“ သူ့ရဲ့ အစေခံလည်းပဲ သေဆုံးသွားပြီး အလောင်းကောင်ဖြစ်လာတယ်… ”
“ ဒီနဂါးရထားလုံးနဲ့ အလောင်းကောင်က မင်းရှာနေတဲ့ မျှော်လင့်ချက်လား ”
ရွှင်းထိုင်နတ်ဆိုးက တည်ငြိမ်စွာ ပြောသည်။
ရွှီချင်းက မည်သည့်စကားမှ မပြောပေ။ နဂါးရထားလုံးကို သူအာရုံခံမိသွားသည်နှင့်ချက်ချင်း ရူးသွပ်မှုက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူက ခန္ဓာကိုယ်ကို ရွေ့လျားလိုက်လေရာ အနက်ရောင်မီးတောက်များက သူ့ထံမှ ပေါ်ထွက်လာကြပြီး ဘေးပတ်ဝန်းကျင်ကို မီးတောက်ပင်လယ်အဖြစ် ပြောင်းလဲပစ်လိုက်သည်။
သူ၏ တစ်ကိုယ်လုံးက ရွှေကျီးကန်းတစ်ကောင်သို့ အသွင်ပြောင်းလဲသွားသည်။
သူ၏ ကျီးကန်းလက်သည်းက တေးသံပညာရှင်၏ လက်ပြတ်ကို ဖမ်းဆုပ်ပြီးသည်နှင့် သူက နဂါးရထားလုံးနှင့် ဘီလူးဆီသို့ မြန်ဆန်စွာ ပျံသန်းသွားသည်။
ရွှီချင်းက အလောင်းအစား လုပ်လိုက်သည်။
သူ၏ ရွှေကျီးကန်းနှင့် နဂါးရထားလုံးက ဇစ်မြစ်တစ်ခုတည်းမှ ဆင်းသက်လာခြင်းဖြစ်မည်ဟု ရွှီချင်းက အလောင်းအစားလုပ်လိုက်သည်။ လက်ပြတ်၏ ထွက်ပေါ်လာမှုက ကမ္မဆက်နွယ်မှုကို ပိုပြီးလေးနက်သွားစေမည်ဟု သူက အလောင်းအစားလုပ်လိုက်သည်။ သူက ချဉ်းကပ်သွားနေစဉ် မည်သည့်အနှောင့်အယှက်ကိုမှ မတွေ့ကြုံရနိုင်ကြောင်း အလောင်းအစားလုပ်လိုက်သည်။
လက်ပြတ်သည်လည်း ဤအခိုက်အတန့်မှာ မျက်လုံးဖွင့်လိုက်သည်။ ၎င်း၏ လက်ချောင်းများက လှုပ်ရှားသွားသည်နှင့် လကြိုဆိုကောင်းကင်ဘုံတေးသံက ပဲ့တင်ထပ်လာသည်။