တားမြစ်ပင်လယ်ပေါ်မှာ လေတိုက်ခတ်လာခြင်း
Vol. 92 Ch. 1427
ညအချိန် တားမြစ်ပင်လယ်က ပိုပြီးမည်းမှောင်လာသည်။
ဤသည်မှာ ဘေးပတ်ဝန်းကျင်မှ နယ်မြေက ချောက်ချားဖွယ်ကောင်းသော ပါးစပ်ပေါက်ထဲမှာ ဝါးမျိုခံလိုက်ရသည့်အလားပင်။ သာမန်မျက်စိသည် သူ့အရှေ့မှ တစ်ပေခန့်ပတ်ဝန်းကျင်ကိုသာ မြင်နိုင်စွမ်းရှိသည်။
သို့ဖြစ်၍ တစ်စုံတစ်ယောက်က လက်ဆန့်ထုတ်လိုက်သည့်အခါ လက်ချောင်းများကိုပင် မြင်နိုင်လိမ့်မည် မဟုတ်ချေ။
အပူချိန်သည် ဖိနှိပ်ခံထားရဟန် ရ၏။
ညက ပိုပြီးညဉ့်နက်လာသည့်အခါ အေးစက်စက်လေက ပင်လယ်ပြင်နှင့် ကောင်းကင်ကြားမှာ ထွက်ပေါ်လာပြီး မြောက်ပိုင်းဆီသို့ တိုက်ခတ်သွားသည်။
လေသည် အေးစက်ပြီး ငါးညှီနံ့နှင့် ပုပ်သိုးဆွေးမြေ့သော အငွေ့အသက်ကို သယ်ဆောင်ထားသည်။ ယင်းက ရောဂါကြောင့် အသက်သေဆုံးခါနီး အဖိုးအိုတစ်ယောက်က ရှုထုတ်လိုက်သော လေနှင့် ဆင်တူသည်။
ထိုအရှိန်အဝါ၏ အနောက်တွင် ပင်လယ်သားရဲများ၏ အော်သံက အမှောင်ထုထဲမှာ ပဲ့တင်ထပ်သွားသည်။
ယင်းက လျှို့ဝှက်ဆန်းကြယ်ပြီး ချောက်ချားဖွယ်ကောင်းသည်။
ပင်လယ်ရေအောက်မှ အခြေအနေသည်လည်း ထို့အတူပင်။
ပင်လယ်ရေသည် နေ့အချိန်ထက် ပိုပြီးကြမ်းတမ်းလာပြီး အရပ်မျက်နှာအဘက်ဘက်ဆီသို့ စီးဆင်းသွားသည်။
ပင်လယ်ရေမျက်နှာပြင်ပေါ်တွင် ဧရာမလှိုင်းလုံးများက ထွက်ပေါ်လာကြလိမ့်မည်။ ပင်လယ်အောက်ခြေတွင်တော့ ယင်းတို့က ကြီးကျယ်ခမ်းနားသော ဝဲကတော့များအဖြစ်သို့ ပြောင်းလဲသွားကြပြီး ကြမ်းပြင်ပေါ်မှာ ရွေ့လျားနေလိမ့်မည်။
နှစ်ပေါင်းမြောက်များစွာကြာအောင် ညတိုင်း ထိုသို့မြင်ကွင်းက ထွက်ပေါ်လာလိမ့်မည်။
ထိုဝဲကတော့များက မည်သို့မည်ပုံ ဖြစ်ပေါ်လာကြောင်း မည်သူမှ မသိကြပေ။ ယင်းက တားမြစ်ပင်လယ်၏ သဘာဝဥပဒေသတစ်ခုဖြစ်သည်ဟု လူများက သိထားကြသည်။
ထိုသံသယစက်ဝန်းက အဆုံးမဲ့စွာ ထပ်ခါတလဲလဲ ဖြစ်ပွားနေသည်။
ဤအခိုက်အတန့်မှာ ဝဲကတော့တစ်ခုက လှည့်ပတ်သွားပြီး ပင်လယ်ကြမ်းပြင်ပေါ်မှ နုန်းမြေတချို့ကို ဖယ်ရှားပစ်လိုက်သည်။ ထိုအခါ ထိုဧရိယာအတွင်းမှာရှိသော လျှိုမြောင်များက အမှတ်အသားများသဖွယ် ထင်ရှားစွာ ထွက်ပေါ်လာကြသည်။
လျှိုမြောင်တစ်ခု၏ အနက်ပိုင်းထဲရှိ နုန်းမြေအောက်မှာ နစ်မြုပ်နေသော ဧရာမပူဖောင်းတစ်လုံး ရှိသည်။
ပူဖောင်းထဲတွင် ယိုယွင်းပျက်စီးနေသော စေတီတစ်ခုရှိသည်။
ကောင်းကင်ဘုံသူတော်စင်နွယ်ပင်က စေတီပျက်၏ ဘေးပတ်ဝန်းကျင်ကို ရစ်ပတ်ထားပြီး ၎င်းက စိုးရိမ်ကြောင့်ကြခြင်းနှင့် ရန်လိုခြင်းကို ထုတ်ဖော်နေသည်။
စေတီပျက်ထဲတွင် အလောင်းကောင်နှင့် ဆင်တူသော ခန္ဓာကိုယ်တစ်ခု ရှိသည်။
ထိုခန္ဓာကိုယ်က အပိုင်းပိုင်း ခုတ်ပိုင်းခံထားရသည့်အလား မလှုပ်မယှက် လဲလျောင်းနေသည်။
သို့သော်လည်း ၎င်းကို ခုတ်ပိုင်းခဲ့သော ဓားက မထက်သည့်အလား အလောင်း၏ အသွေးအသားများက အပြည့်အဝ မပြတ်တောက်နေပေ။ ပမာဏများပြားသော ငွေရောင်ချည်မျှင်များက ထိုအသွေးအသားများကို ရေးတေးတေး ဆက်ပေးထားသည်။
အချိန်ကြာလာသည်နှင့်အမျှ ငွေရောင်ချည်မျှင်များက ကျုံ့သွားပြီး ကွဲထွက်နေသော အသွေးအသားများက ဖြည်းညင်းစွာ ပြန်ဆက်သွားကြသည်။ ခရမ်းရောင်အလင်းက ထိုခန္ဓာကိုယ်ပေါ်မှာ မှိတ်တုတ်မှိတ်တုတ် လင်းလက်နေပြီး သူ့ကို ပြန်ကုသပေးနေသည်။
ရက်အနည်းငယ်ကြာပြီးနောက်…
အလောင်း၏ အသွေးအသားများက အပြည့်အဝ ပြန်ဆက်သွားကြပြီး လူသားပုံသဏ္ဍာန်ပြန်ပေါ်လာသည်။ သို့သော်လည်း သူ၏ ခန္ဓာကိုယ်ပေါ်မှ အက်ကွဲရာများက ချောက်ချားဖွယ်ကောင်းသော မြင်ကွင်းတစ်ခုကို ဖြစ်ပေါ်စေတုန်းပင်။
ကံကောင်းစွာဖြင့် အသက်ဓာတ်သည် ထိုခန္ဓာကိုယ်ပေါ်မှာ ဝေဝေဝါးဝါး ထွက်ပေါ်နေသည်။ ဤသည်မှာ သူက ငရဲတံခါးဝမှ ပြန်ရောက်လာသည့်အလားပင်။
သူ၏ မှိတ်ထားသော မျက်လုံးက ဖြည်းညင်းစွာ ပွင့်သွားသည်။ သူက အားနည်းနေသော်လည်း အေးစက်သော အကြည့်က သူ၏ မျက်လုံးထဲမှ ထွက်ပေါ်လာသည်။
“ ငါက ဒီနေရာမှာ ဆက်ရှိနေတယ်ဆိုတော့ ငါ့ရဲ့ နောက်ဆုံး ဆုံးဖြတ်ချက်က မှန်ကန်သွားတဲ့ပုံပဲ ”
“ မကောင်းဆိုးဝါးသူတော်စင်ကုန်းမြေက အုပ်ချုပ်သူက စေတီအပျက်ကနေ ဖြစ်ပေါ်လာတဲ့ ဒီပူဖောင်းထဲကို မဝင်လာနိုင်ဘူး ”
“ အခုပုံစံအရဆိုရင် အချိန်ကို ငါက သူ့ထက် အသာစီးရရှိသွားပြီ ”
ရွှီချင်းက တည်ငြိမ်သည်။
ဤအခိုက်အတန့်မှာ သူက သူ၏ နတ်ဘုရားသဘာဝကို ထိန်းချုပ်နိုင်ဆဲပင်။ သူက ဆင်ခြင်တုံတရားနှင့်အတူ အရာအားလုံးကို တည်ငြိမ်စွာ အကဲဖြတ်လိုက်သည်။
သူ၏ အားနည်းသော နတ်ဘုရားစိတ်အာရုံက စေတီအပျက်၏ အပြင်ဘက်မှာ ဖြန့်ကြက်သွားသည်။ အခြေအနေကို သုံးသပ်ပြီးနောက် သူက ဖြည်းညင်းစွာ ထထိုင်လိုက်သည်။
ထထိုင်သည့် လုပ်ငန်းစဉ်အတွင်းမှာ ပြင်းထန်သော နာကျင်မှုက သူ၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်ထဲမှာ ပျံ့နှံ့သွားသည်။ အကယ်၍ သာမန်လူတစ်ယောက်က ထိုနာကျင်မှုကို ခံစားရမည်ဆိုလျှင် ထိုသူက ရူးသွပ်သွားခြင်း သို့မဟုတ် သတိမေ့သွားခြင်းကို တွေ့ကြုံရလိမ့်မည်။
သို့သော်လည်း နတ်ဘုရားသဘာဝဖြင့် ပြည့်နှက်နေသော ရွှီချင်းက မည်သည့်နာကျင်မှုကိုမှ မခံစားရပေ။ သို့သော်ငြားလည်း သူ၏ လှုပ်ရှားမှုများက အနည်းငယ် နှေးကွေးနေပြီး ထထိုင်ရန် အသက်ရှူချိန်အနည်းငယ်ကြာအောင် အချိန်ယူခဲ့ရသည်။
ထို့နောက် သူက နတ်ဘုရားမျက်နှာပျက်ကြီး၏ သွေးကို ထုတ်လိုက်ပြီး ဖြည်းညင်းစွာ မျိုချလိုက်သည်။ ထို့နောက် သူက မျက်လုံးမှိတ်လိုက်ပြီး စတင်တရားထိုင်လိုက်သည်။
သူက ဒဏ်ရာများကို မြန်နိုင်သမျှမြန်မြန် ပြန်ကုသချင်ပြီး သူ၏ ကျင့်ကြံခြင်းစွမ်းအားကို အထွတ်အထိပ်သို့ ပြန်ရောက်ချင်သည်။
တစ်ချိန်တည်းမှာ ရွှီချင်းက သူရရှိထားသော အချိန်အားသာချက်ကို အသုံးပြု၍ အပြင်လောကမှ အကူအညီများ ရောက်ရှိလာမည်ကို စောင့်ဆိုင်းနေသည်။
ဤအခိုက်အတန့်မှာ စေတီအပျက်နှင့် ပူဖောင်း၏ အပြင်ဘက်တွင် ရွှင်းထိုင်နတ်ဆိုးက အမူအရာကင်းမဲ့စွာ ရှိနေသည်။ သူက နေရာမှာ တင်ပျဉ်ခွေ၍ တရားထိုင်နေသည်။
သံချေးတတ်နေသော ကတ်ကြေးတစ်လက်က သူ၏ ဦးခေါင်းပေါ်မှာ ဝဲပျံနေသည်။ ကတ်ကြေးက ခပ်မှိန်မှိန် လင်းလက်သွားစဉ် ယင်းက ကြောက်မက်ဖွယ်ကောင်းသော ဖိအားနှင့် ရှေးဟောင်းအငွေ့အသက်တစ်ခုကို ထုတ်လွှတ်လိုက်သည်။
ယင်းက အပြင်လောကမှ အာရုံခံမှုအားလုံးကို တားဆီးပေးပြီး ဤဧရိယာ၏ သဲလွန်စအားလုံးကို ပယ်ဖျက်ပေးနေသည်။ ယင်းက ဤနေရာမှ အရာအားလုံးကို ပုံရိပ်ယောင်အဖြစ် ပြောင်းလဲသွားစေသည်။
ကတ်ကြေးသည်လည်း ဝေဝါးလာသည်။
“ အဲ့ဒါရဲ့ ခုခံမှုက တကယ်အံ့ဩစရာပဲ ”
“ ကောင်းကင်ဘုံသူတော်စင်နွယ်ပင်တစ်ခုတည်း ဘာအတားအဆီးမှမရှိဘဲ အဒီထဲကို ဝင်နိုင်တယ် ”
ရွှင်းထိုင်နတ်ဆိုးက သူ့အရှေ့မှ ပူဖောင်းကို စိုက်ကြည့်လိုက်ပြီး စိတ်ထဲမှာ တီးတိုးရေရွတ်လိုက်သည်။
ဤသုံးရက်အတောအတွင်းမှာ သူက ပူဖောင်းထဲသို့ ဝင်ရောက်ရန် နည်းလမ်းအမျိုးမျိုးကို ကြိုးစားကြည့်ခဲ့သည်။ သို့သော်လည်း ယင်းတို့အားလုံးက ကျရှုံးခဲ့သည်။
အကယ်၍ သူက အထဲသို့ အတင်းအဓမ္မ ဝင်ရောက်မည်ဆိုလျှင်ပင် ခြေလှမ်းနှစ်ဆယ် လှမ်းပြီးနောက် အရှေ့သို့ ဆက်မသွားနိုင်တော့ပေ။ သို့မဟုတ်လျှင် ပူဖောင်းထံမှ တန်ပြန်အားက သူတောင့်ခံနိုင်သော အကန့်အသတ်ထက် ကျော်လွန်သွားလိမ့်မည်။
“ ဒါပေမဲ့ အဲ့ဒါကို ချိုးဖြတ်ဖို့က မဖြစ်နိုင်တဲ့ကိစ္စ မဟုတ်ဘူး… အဲ့ဒါကို ငါ့ရဲ့ အခွင့်အာဏာနဲ့ ဖယ်ရှားပစ်နိုင်တယ်… ဒါပေမဲ့ အဲ့လိုလုပ်ဖို့ ရက်ပေါင်းတစ်ရာ ကြာမြင့်လိမ့်မယ် ”
“ အဲ့ဒါကို ချက်ချင်း ဖွင့်နိုင်တဲ့ နောက်ထပ် နည်းလမ်းတစ်ခု ရှိတယ်… အဲ့ဒါက ကတ်ကြေးရဲ့ မူလကနဦးစွမ်းအားကို နောက်တစ်ကြိမ် ထပ်သုံးဖို့ပဲ ”
ရွှင်းထိုင်နတ်ဆိုးက နှုတ်ဆိတ်သွားသည်။
ကတ်ကြေး၏ မူလကနဦးစွမ်းအားကို အသုံးပြုခြင်းက ကတ်ကြေး၏ စွမ်းအင်ကုန်ဆုံးမှုကို ပိုမိုမြန်ဆန်စေလိမ့်မည်။ ယင်းက မဟာတာအို၏ တစ်စိတ်တစ်ပိုင်းဖြစ်လာသည်အထိ တဖြည်းဖြည်း ဝေဝါးလာပြီး နောက်ဆုံးမှာ ပျောက်ကွယ်သွားလိမ့်မည်။
ထိုစွမ်းအင်ကုန်ဆုံးမှုသည် သူလက်ခံနိုင်သောအရာ မဟုတ်ပေ။
အရေးကြီးဆုံးမှာ စောစောတုန်းက ရွှီချင်း၏ အနောက်သို့ သူလိုက်ဖမ်းခဲ့စဉ် သူ့ကို ကြောက်ရွံ့စေခဲ့သော ကမ္မချည်မျှင်အများကြီးကို မြင်တွေ့ခဲ့သည်။ သူက ထိုကမ္မချည်မျှင်များကို တိုက်ရိုက် မဖျက်ဆီးဝံ့ပေ။
ထို့ကြောင့် သူက အထွတ်အထိပ်အဆင့် မဟာဧကရာဇ်တစ်ပါး၏ အစွမ်းနှင့် နှိုင်းယှဉ်နိုင်သော ကတ်ကြေး၏ မူလကနဦးစွမ်းအားကို အသုံးပြု၍ ယင်းတို့ကို တစ်ခဏကြာအောင် တားဆီးပိတ်ပင်ခဲ့သည်။
အကယ်၍ သူက ယခုအချိန်မှာ ကတ်ကြေး၏ မူလကနဦးစွမ်းအားကို နောက်တစ်ကြိမ် အသုံးပြုမည်ဆိုလျှင် ယင်းက မဟာတာအိုဆီသို့ ပြန်သွားပြီး ပျောက်ကွယ်သွားရန် အလွန်ရာခိုင်နှုန်းများသည်။
ထိုအချိန်ကျလျှင် ကြောက်စရာကောင်းသော ထိုကမ္မချည်မျှင်များကို တားဆီးပိတ်ဆို့ထားသော ကတ်ကြေး၏ အဟန့်အတားများသည်လည်း ချက်ချင်း ပျောက်ကွယ်သွားလိမ့်မည်။
“ အဲ့ဒီအချိန်ကျရင် အစွမ်းထက် ပုဂ္ဂိုလ်တွေက ဒီနေရာကို ချက်ချင်း ဆင်းသက်လာကြလိမ့်မယ် ”
“ ပြီးတော့ သူ့ရဲ့ ခန္ဓာကိုယ်ကို သန့်စင်ဖို့အတွက် ငါအချိန်လိုအပ်တယ်… ဒါပေမဲ့ ငါ့မှာ အချိန်မရှိဘူး… ”
ရွှင်းထိုင်နတ်ဆိုးက တွေးတောစဉ်းစားလိုက်သည်။ ထို့နောက် သူက ခေါင်းမော့လိုက်လေရာ သူ၏ အကြည့်က ပူဖောင်းထဲမှ စေတီပေါ်သို့ ကျရောက်သွားသည်။ ထူးဆန်းသော အမူအရာက သူ၏ မျက်နှာပေါ်မှာ ဖြည်းဖြည်းချင်း ထွက်ပေါ်လာသည်။
“ ဒီဟာကို လက်လျော့ဖို့က နည်းနည်း ငါဆန္ဒမရှိဘူး ”
“ အဲ့ဒါက နတ်ဘုရားမျက်နှာပျက်ကြီးရဲ့ အသွေးအသားတွေပဲ… သူ့ရဲ့ ခန္ဓာကိုယ်က ဒီလောကထဲမှာ တစ်ခုတည်းရှိတယ် ”
“ ဒါ့အပြင် အဲ့ဒီထဲမှာ ဒဏ္ဍာရီလာ အင်မော်တယ်ပြဒါးတောင် ရှိတယ်… သူ့ရဲ့ ခန္ဓာကိုယ်ပေါ်မှာ မဟာကမ္မတွေ အများကြီး ပါဝင်ပတ်သက်နေတယ်ဆိုပေမဲ့… ”
“ အဲ့ဒါက နွေဦးအင်မော်တယ်အဆင့်ကို ရောက်နိုင်မယ့် အခွင့်အရေးပဲ… ဒါမှမဟုတ် အဲ့ဒီထက်တောင် ပိုမြင့်နိုင်သေးတယ် ”
“ အဲ့ဒါကို ငါရသွားတာနဲ့ ဟင်းလင်းပြင်ကြယ်သူတော်စင်ကုန်းမြေ ဆင်းသက်လာတဲ့အထိ ပုန်းအောင်းနေဖို့ပဲ လိုအပ်တယ်… အဲ့ဒီအချိန်ကျရင် အဲ့ဒီအရှင်သခင်က ဒီခန္ဓာကိုယ်ကို လိုချင်တပ်မက်လိမ့်မယ်ဆိုပေမဲ့ ရှေးဦးအပျက်အစီးနဲ့ ကမ္မဆက်စပ်နေတဲ့အရာကိုတော့ သေချာပေါက် သူလိုချင်မှာ မဟုတ်ဘူး… ဒါကြောင့် သူက ငါ့ကို သူ့ကိုယ်စား ထိန်းချုပ်ခိုင်းဖို့ ရာခိုင်နှုန်းများတယ်… ”
“ သူ့ရဲ့ ကာကွယ်ပေးမှုအောက်မှာ ဒီကောင်လေးရဲ့ ကမ္မတွေကို အလွယ်တကူ ဖျက်ဆီးပစ်နိုင်လိမ့်မယ်… ပြီးတော့ မကောင်းဆိုးဝါးသူတော်စင်ကုန်းမြေရဲ့ အဆင့်အတန်းက တစ်ဟုန်ထိုး မြင့်တတ်သွားလိမ့်မယ် ”
ရွှင်းထိုင်နတ်ဆိုးက မျက်လုံးမှေးကျဉ်းလိုက်သည်။ တစ်ခဏကြာ တိတ်ဆိတ်နေပြီးနောက် သူက ဆုံးဖြတ်ချက်ချလိုက်သည်။
“ ဒီလိုဆိုမှတော့ တတိယနည်းလမ်းကို အသုံးပြုမှပဲ ရတော့မယ်… အဲ့ဒါက အန္တရာယ်များတယ်ဆိုပေမဲ့ တာအိုကို ရှာဖွေတဲ့ ကျင့်ကြံသူတွေက အသက်စတေးရမှာကို ဘယ်တုန်းကမှ မကြောက်ကြဘူး… အခွင့်အရေးဆိုတာ အန္တရာယ်တွေနဲ့ အတူယှဉ်တွဲရောက်လာတတ်တဲ့ အရာပဲ ”
ထိုသို့တွေးမိသောအခါ ရွှင်းထိုင်နတ်ဆိုးက မျက်လုံးမှိတ်လိုက်သည်။ သူ၏ တစ်ကိုယ်လုံးက တုန်ယင်လာသည်။ ထို့နောက် အသွေးအသားအမျှင်တန်းများက သူ၏ ခန္ဓာကိုယ်ထဲမှ ပျံ့နှံ့ထွက်လာကြပြီး သူ့အရှေ့မှ ပူဖောင်းဆီသို့ မြန်ဆန်စွာ ဖြန့်ကြက်သွားကြသည်။
အသွေးအသားအမျှင်တန်းများသည် ဆယ်သန်းထက်မနည်းပေ။
မကြာမီ ထိုအသွေးအသားအမျှင်တန်းများက ပူဖောင်းကို လွှမ်းခြုံသွားပြီး ယင်းကို သူ့ဆီသို့ နည်းနည်းချင်းစီ ဆွဲယူလိုက်သည်။
သူက ပူဖောင်းကို သူ၏ ခန္ဓာကိုယ်ထဲသို့ ဆွဲသွင်းပြီး ယင်းကို ဖြည်းညင်းစွာ ဖျက်ဆီးပစ်ချင်သည်။
ထိုအတောအတွင်းမှာ ရွှင်းထိုင်နတ်ဆိုး၏ အမူအရာက အလွန်တည်ကြည်လေးနက်နေသည်။ သူက စုပ်ယူခြင်းမှာ အပြည့်အဝ အာရုံမစိုက်ထားပေ။ ယင်းအစား သူက ဦးခေါင်းပေါ်မှ မဟာဧကရာဇ်၏ ရတနာကတ်ကြေးကို အာရုံစိုက်ထားသည်။ ထို့ပြင် သူက ဘေးပတ်ဝန်းကျင်ကို သတိကြီးစွာထား၍ စောင့်ကြည့်နေပြီး ရွှီချင်း၏ လှုပ်ရှားမှုများကို အမြဲတမ်း အကဲခတ်နေသည်။
ထိုသို့ဖြင့် အချိန်က တရွေ့ရွေ့ စီးဆင်းသွားသည်။
တစ်ရက်ကြာပြီးနောက်…
နန်းဟွမ်ကုန်းမြေမှ ချီယွဲ့ထုံဆိပ်ကမ်းတွင် ဒုတိယစီနီယာအမသည် သတ္တမတောင်ထွတ်ပေါ်မှ အဆောက်အဦးထဲမှာ ထိုင်နေပြီး ဂိုဏ်း၏ ကိစ္စအဝဝကို စီမံဆောင်ရွက်နေသည်။
ဤအတောအတွင်းမှာ မကောင်းဆိုးဝါးသူတော်စင်ကုန်းမြေ၏ ဆင်းသက်လာမှုနှင့် သူတို့၏ အပြင်လောကဆီသို့ ဆက်သွယ်လာမှုကြောင့် တားမြစ်ပင်လယ်တစ်ခုလုံးမှာ အခြေအနေက တင်းမာနေသည်။
သို့ဖြစ်၍ နန်းဟွမ်ကုန်းမြေနှင့် သန့်စင်ရေလှိုင်းဒေသကြီးတွင် ထိပ်တန်းအဆင့် ဂိုဏ်းတစ်ဂိုဏ်းဖြစ်သော ချီယွဲ့ထုံဂိုဏ်းသည် လက်တလောမှာ ကိစ္စအများအပြားဖြင့် အလုပ်ရှုပ်နေသည်။
ရွှီချင်းက တားမြစ်ပင်လယ်ထဲမှာ လေ့ကျင့်နေပြီး အားညိုက ဝတ်ရုံမျိုးနွယ်စုဆီသို့ အလည်သွားခဲ့သည်။ အမှတ်သုံးက ကုန်းမြေထဲမှာ လှည့်ပတ်သွားနေပြီး ပျော်ရွှင်မှု၏ အဓိပ္ပာယ်နှင့် တာအိုလက်တွဲဖော်များကို လိုက်လံရှာဖွေနေလေရာ သူ့အကြောင်းကို ဘာမှမသိရပေ။
သူ၏ ဆရာက တံခါးပိတ်ကျင့်ကြံနေပြီး ဘိုးဘေးက ဒုတိယအကြိမ် အချစ်ကို တွေ့ကြုံခံစားနေသည်။
သို့ဖြစ်၍ ချီယွဲ့ထုံဂိုဏ်းတွင် ဂိုဏ်း၏ ကိစ္စအဝဝကို ကိုင်တွယ်ဖြေရှင်းရန် သူတစ်ယောက်တည်းသာ ကျန်ရှိတော့သည်။
တခြားတောင်ထွတ်များက ဝိုင်းဝန်းကူညီပေးကြသော်လည်း အရာအားလုံးကို သတ္တမတောင်ထွတ်ကသာ ဦးဆောင်ရသည်။
ထို့ကြောင့် ဒုတိယစီနီယာအမက အမြဲတမ်း အလုပ်များနေသည်။
သူ၏ ချစ်ဇနီးက အလုပ်များနေကြောင်း မြင်သောအခါ ဟွမ်ယန်က နှလုံးနာကျင်သွားသည်။
ထို့ကြောင့် သူက မျက်နှာချိုသွေးသော အမူအရာဖြင့် သူ့ကို အဖော်ပြုပေးနေသည်။
တစ်ခါတစ်ရံ သူက ဒုတိယစီနီယာအမ၏ ပခုံးကို နှိပ်နယ်ပေးပြီး တစ်ခါတစ်ရံ သူက ဆောင့်ကြောင့်ထိုင်၍ စီနီယာအမ၏ ခြေထောက်ကို နှိပ်ပေးသည်။ တစ်ခါတစ်ရံ သူက စားပွဲခုံပေါ်မှ သစ်သီးများကို ယူဆောင်ပေးပြီး စီနီယာအမ၏ ပါးစပ်ထဲသို့ ညင်သာစွာ ထည့်ပေးသည်။
သူက နည်းလမ်းအမျိုးမျိုးဖြင့် စီနီယာအမကို ဂရုစိုက်ကြင်နာပေးသည်။ တစ်ချိန်တည်းမှာ သူက တခြားလူများကို ကျိန်ဆဲနေသည်။
“ ချန်းအားညိုကို ပထမဆုံး ငါမြင်လိုက်ကတည်းက အဲ့ဒီကောင်က လူကောင်းမဟုတ်ဘူးဆိုတာ ငါသိလိုက်တယ်… အခု သူက ဝတ်ရုံမျိုးနွယ်စုဆီ ခရီးထွက်သွားလိုက်တာ ပြန်ပေါ်မလာတော့ဘူး… စီနီယာအမက ဒီမှာ တစ်ယောက်တည်း မနိုင်ဝန်ထမ်းနေရတယ်… သူက သေသွားဖို့ ကောင်းတယ် ”
“ အမှတ်သုံးက အားညိုနဲ့ သိပ်မကွာဘူး… သူလည်းပဲ အနှေးနဲ့အမြန် အားအင်ချည့်နဲ့ပြီး သေသွားလိမ့်မယ် ”
“ ချင်းလေးကတော့… ”
ဟွမ်ယန်က ဆက်ပြောတော့မည့်အချိန် ဒုတိယစီနီယာအမက ခေါင်းမော့လိုက်ပြီး သူ့ကို စိုက်ကြည့်လိုက်သည်။
ဟွမ်ယန်က အမြန်ချောင်းဟန့်လိုက်သည်။ သူ၏ ဇနီးက သူ့ကိုယ်သူ မဖော်ပြတတ်ဘဲ အစီအစဉ်ကျစွာ စကားမပြောတတ်ကြောင်း သူသိသည်။ သို့သော်လည်း သူ့နှလုံးသား၏ အနက်ပိုင်းထဲတွင် သူ့ဆရာနှင့် ဆရာတူတပည့်များပေါ်မှာ လေးနက်သော ခံစားမှုရှိသည်။
ထို့ကြောင့် သူက အမြန်စကားပြန်ပြောင်းလိုက်သည်။
“ အားညိုက အဆင်ပြေတယ်… အမှတ်သုံးကလည်း ကောင်းတယ်… ချင်းလေးကတော့ အကောင်းဆုံးပဲ… ဒါနဲ့ ချင်းလေးက ငါ့ကို မဆက်သွယ်တာ ရက်အတော်ကြာပြီနော် ”
ဟွမ်ယန်က စကားပြောနေစဉ် သူ၏ အသံပို့လွှတ်ကျောက်စိမ်းပြားက ရုတ်တရက် တုန်ခါလာသည်။
သူတစ်ယောက်တည်း မဟုတ်ပေ။ ဒုတိယစီနီယာအမ၏ ကျောက်စိမ်းပြားသည်လည်း တုန်ခါသွားသည်။
သူတို့နှစ်ယောက်က ကျောက်စိမ်းပြားကို တစ်ချိန်တည်းမှာ ထုတ်လိုက်ကြသည်။ အသံပို့လွှတ်မှုကို နားထောင်ပြီးနောက် သူတို့နှစ်ယောက်က ချက်ချင်း ခေါင်းမော့လိုက်ကြပြီး တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။
သူတို့ကို အသံပို့လွှတ်လာသူက အားညိုဖြစ်သည်။
ဝတ်ရုံမျိုးနွယ်စုက နန်းဟွမ်ကုန်းမြေနှင့် အလွန်ဝေးကွာသောကြောင့် အားညို၏ အသံပို့လွှတ်မှုက ဒေသငယ်အများအပြားကို ဖြတ်ကျော်ခဲ့ရသည်။ နောက်ဆုံးမှာတော့ ယင်ဟွမ်ပြည်နယ်၏ အသံပို့လွှတ်အစီအရင်မှတဆင့် သူက နန်းဟွမ်ကုန်းမြေဆီသို့ အသံပို့လွှတ်နိုင်သွားသည်။
“ လက်တလော ငါ့ခံစားချက်က သိပ်မကောင်းဘူး… တစ်စုံတစ်ခု ဖြစ်လာတော့မယ်လို့ ငါအာရုံရနေတယ်… အမှတ်နှစ်… ယောက်ဖ… ချင်းလေးက မင်းတို့ဆီမှာလား… သူအဆင်ပြေတယ်မလား… ငါသူ့ကို ဘယ်လိုမှ ဆက်သွယ်လို့မရဘူး ”
ဒုတိယစီနီယာအမသည် ရွှီချင်းဆီသို့ ချက်ချင်း အသံပို့လွှတ်လိုက်သည်။
အသံပို့လွှတ်မှု ကျရှုံးသွားပြီးနောက် သူက ဘိုးဘေးဆီသို့ အသံပို့လွှတ်လိုက်သည်။
ရွှီချင်းကို နောက်ဆုံးအကြိမ် သူဆက်သွယ်ခဲ့စဉ်က သူ့ကို ဘိုးဘေးဆီသို့ သွားရောက်ရန် သူပြောကြားခဲ့ကြောင်း သေချာမှတ်မိသည်။
မကြာမီ ဘိုးဘေးက ပြန်လည်အသံပို့လွှတ်လာသည်။ ယင်းကို နားထောင်ပြီးနောက် ဒုတိယစီနီယာအမ၏ မျက်နှာက တည်ကြည်လေးနက်သွားသည်။ သူက ဟွမ်ယန်ကို ကြည့်လိုက်ပြီး ပြောသည်။
“ အမှတ်လေးက နတ်ဘုရားသက်ရှိတစ်ကောင်ကို လိုက်ရှာနေတယ်… အဲ့ဒီနောက် သူနဲ့ ဘာအဆက်အသွယ်မှ မရတော့ဘူး ”
ဟွမ်ယန်က အေးဆေးတည်ငြိမ်စွာ ပြုံးလိုက်သည်။
“ ကိစ္စမရှိပါဘူး… ကိစ္စမရှိပါဘူး… တားမြစ်ပင်လယ်ရဲ့ အနက်ပိုင်းထဲမှာ အပျက်အစီးနယ်မြေတွေ အများကြီး ရှိတယ်… ဒါကြောင့် မင်းတို့တွေ သူ့ကို အသံပို့လွှတ်ကျောက်စိမ်းပြားနဲ့ ဆက်သွယ်လို့ မရတာ… ဒါပေမဲ့ နတ်ဘုရားသက်ရှိတွေက သူ့အပေါ် ဘာဒုက္ခမှ မပေးနိုင်ပါဘူး… ပြီးတော့ သူ့ကို ငါက ငှက်မွှေးတစ်ချောင်း ပေးခဲ့တယ်… တကယ်လို့ ကြီးမားတဲ့ အန္တရာယ်နဲ့ သူရင်ဆိုင်ရပြီဆိုရင် ငါ့ကို ဆက်သွယ်လာပါလိမ့်မယ် ”
“ မင်းက စိုးရိမ်နေမှတော့ သူ့ရဲ့ တည်နေရာကို ငါအာရုံခံလိုက်မယ် ”
ဟွမ်ယန်က စကားပြောပြီးနောက် သူ၏ ငှက်မွှေးကို အာရုံခံလိုက်သည်။
သို့သော်လည်း နောက်အခိုက်အတန့်မှာ သူ၏ မျက်လုံးက ရုတ်တရက် ပြူးကျယ်သွားသည်။ ငှက်မွှေးက သူ၏ စိတ်အာရုံအောက်မှာ ပျောက်ကွယ်နေကြောင်း အာရုံခံမိသွားသောအခါ မီးတောက်က သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
သို့သော်လည်း ဒုတိယစီနီယာအမက စိုးရိမ်ပူပန်နေကြောင်း မြင်သောအခါ သူက တည်ငြိမ်ချင်ဟန် ဆောင်လိုက်ပြီး ပြုံးလိုက်သည်။
“ ဘာမှမဖြစ်ပါဘူး… ငါသူ့ကို ရှာတွေ့ပြီ… ဒီကောင်လေးက နတ်ဘုရားမီးတောက်ကို ထွန်းညှိနိုင်တော့မယ့် ပင်လယ်သားရဲတစ်ကောင်နဲ့ တိုက်ခိုက်နေတယ်… ငါအခုပဲ သူ့ကို သွားကူညီပေးလိုက်မယ် ”
သူက စကားပြောပြီးနောက် အပြင်သို့ ထွက်လျှောက်သွားသည်။
“ ဟွမ်ယန် ”
ဒုတိယစီနီယာအမက ရုတ်တရက် ပြောသည်။
ဟွမ်ယန်၏ ခြေလှမ်းက ရပ်တန့်သွားသည်။ သူက အနောက်သို့ လှည့်လိုက်ပြီး သူ၏ ချစ်ဇနီးကို ပြုံးပြလိုက်သည်။
“ အမှတ်လေးကို ပြန်ခေါ်လာခဲ့ပါ ”
ဒုတိယစီနီယာအမက နူးညံ့စွာ ပြောသည်။
“ ဘာမှစိတ်မပူပါနဲ့ ”
ဟွမ်ယန်က ရယ်မောလိုက်ပြီး အေးဆေးတည်ငြိမ်သော အမူအရာဖြင့် အရှေ့သို့ လျှောက်သွားသည်။ သို့သော်လည်း သူက ဒုတိယစီနီယာအမကို ကျောပေးလိုက်သည့်အခိုက် သူ၏ မျက်နှာပေါ်မှ အပြုံးက ပျောက်ကွယ်သွားပြီး တည်ကြည်လေးနက်မှုက အစားထိုး ထွက်ပေါ်လာသည်။ ထို့နောက် သူက နေရာမှ ချက်ချင်း ပျောက်ကွယ်သွားသည်။
တားမြစ်ပင်လယ်ပေါ်၌ ချီယွဲ့ထုံဂိုဏ်းမမြင်နိုင်သော ဧရိယာထဲတွင် အနက်ရောင်တိမ်တိုက်များက ကောင်းကင်ပေါ်မှာ ပရမ်းပတာ ရွေ့လျားသွားကြသည်။ တိမ်တိုက်များက နေလုံးကို ဖုံးလွှမ်းသွားလေရာ ကြီးမားသော ဧရာမအရိပ်က တားမြစ်ပင်လယ်ကို အပေါ်မှ ဖုံးလွှမ်းသွားဟန် ရသည်။
အဆုံးမဲ့သော မိုးကြိုးသွားများက ကောင်းကင်ပေါ်မှာ ဖြတ်သန်းသွားနေစဉ် ဖီးနစ် သို့မဟုတ် လင်းယုန်နှင့်ဆင်တူသော ဧရာမပုံရိပ်တစ်ခုက ကျယ်လောင်စွာ မြည်ဟိန်းလိုက်သည်။
၎င်း၏ အညိုရောင်ခန္ဓာကိုယ်က ကျောက်ဆောင်နှင့် ဆင်တူပြီး ၎င်း၏ ငှက်မွှေးများက မီးတောက်မီးလျှံများသဖွယ် လောင်မြိုက်နေသည်။
၎င်းဖြတ်သန်းသွားသည့်နေရာတိုင်း ကောင်းကင်ဘုံမီးတောက်က ဆင်းသက်လာလိမ့်မည်။
၎င်းက မီးတောက်ဖီးနစ်ဖြစ်သည်။
“ အစွမ်းထက် တည်ရှိမှုတစ်ခုက ငါ့ရဲ့ စိတ်အာရုံကို ဖြတ်တောက်ပစ်လိုက်တယ် ”