← Chapters

အမှန်တကယ် ချဲ့ကားထားတာလား

Vol. 68 Ch. 1007

အမှန်တကယ် ချဲ့ကားထားတာလား

Vol. 68 Ch. 1007

ဤသည်ကပင် ဖိုးဖိုးဝမ်သည် ရွာတွင်ရေပန်းစားသော ပုဂ္ဂိုလ်တစ်ဦးဖြစ်ကြောင်း လက်တွေ့ သက်သေပြနေသည်။

ရွာအဝင်ဝသို့ရောက်သည်နှင့် သူ၏အနေအထားက ရှင်းရှင်းလင်းလင်းပေါ်လွင်လာခဲ့သည်။

ပင်လယ်ရွာကလေးသည် လမ်းမကြီးတိုင်းတွင် စောင့်ကြည့်ကင်မရာများ တပ်ဆင်ရန်အတွက် လုံလောက်အောင် ပေါကြွယ်ဝသော ရွာကလေး ဖြစ်သည်။

ဤသည်မှာ ကောင်းကင်မျက်လုံးပရောဂျက်၏ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်၏။

ယေဘုယျအားဖြင့် ပြောရလျှင် ဝေးလံခေါင်သီသော ကျေးရွာများတွင် ထိုသို့သော အစီအစဉ်များ ရှိမည်မဟုတ်ပေ။

သို့သော် ခေတ်မီ တိုးတက်လာသည်နှင့်အမျှ ဝေးလံခေါင်သီသော ကျေးရွာများသည်လည်း သာယာ ကောင်းမွန်သည့်နေ့တစ်နေ့ အမှန်တကယ် ရောက်ရှိလာမည် ဖြစ်သည်။

ဖိုးဖိုးဝမ် ပြန်ရောက်လာသည်နှင့် တစ်ရွာလုံးက စိတ်အား တက်ကြွလာကြသည်။

အိမ်ထောင်စုတိုင်းမှ အဖွားအိုများသည် ရွာအဝင်သို့ ရောက်ရှိလာပြီး ဖိုးဖိုးဝမ်ကို လာရောက် နှုတ်ဆက်ခဲ့ကြသည်။

တချို့က ဖိုးဖိုးဝမ်လို အိမ်ထောင်ဖက်ကို ဆုံးရှုံးလိုက်ရသော အဖွားကြီးများ ဖြစ်ကြပြီး တချို့ကမူ ဖိုးဖိုးဝမ်ကို အောင်သွယ်လုပ်ရန် လာရောက်ခဲ့ကြခြင်း ဖြစ်သည်။

တချို့ကမူ သူတို့၏ သမီးများနှင့် ဖိုးဖိုးဝမ်ကို မိတ်ဆက်ပေးချင်နေခဲ့သည်။

“ဦးလေးဝမ်.. မတွေ့တာ ကြာတာတောင် ဘာလို့ နုပျိုနေရတာလဲ”

ရွာအဝင်ဝတွင် ဖိုးဖိုးဝမ်ကို ပထမဆုံး စကားပြောလိုက်သူမှာ အဖွားဝမ်သုန်မေ ဖြစ်သည်။

မြင့်မြတ်သော ဝမ်မျိုးနွယ်စုမှ ဤပင်လယ်ရွာကလေးကို စတင် တည်ထောင်ခဲ့သောကြောင့် ရွာရှိလူတိုင်းသည် ဝမ်မျိုးရိုး အမည်မှဲ့ကြသည်။

ဝမ်မျိုးရိုး အမည်များ တဖြည်းဖြည်း လျော့နည်းလာသော်လည်း ပင်လယ်ရွာကလေးသည် ဆက်လက် တည်ရှိနေခဲ့သည်။

ယခုအချိန်တွင်မူ ဖိုးဖိုးဝမ်၏ မာကျောက်ကစားဖော်များ ဖြစ်သည့် ဖိုးဖိုးဝူနှင့် ဖိုးဖိုးလျန့် တို့ကဲ့သို့ မျိုးရိုးအမည်ကွဲပြားမှုတချို့လည်း ရှိလာပြီဘဖြစ်သည်။

၎င်းတို့သည်အခြားနေရာမှ ဤနေရာသို့ အခြေချသော ပြည်မလူများ ဖြစ်ကြသည်။

သို့သော်လည်း ရွာသားအများစုကမူ ဝမ်မျိုးရိုးများသာဖြစ်သည်။

ရွာထဲကို ခြေမချသေးခင် အဖွားဝမ်သုန်မေကို မြင်လိုက်ရလျှင် ဖိုးဖိုးဝမ်၏ စိတ်ဓာတ်များက ချက်ချင်းပင် ညစ်နွမ်းသွားခဲ့သည်။

သူ၏မွေးရပ်မြေ ရွာကလေးကို ပြန်ဖို့ပင် ခံစားချက်မရှိတော့ပေ။

ယခုအချိန်တွင် သူသည် ကျင့်ကြံခြင်း အသိုင်းအဝိုင်း၏ ပန်းခြံထောင့်များတွင် ဘလိုင်းဒိတ် တွေ့ဆုံကြသည့် လူငယ်တွေလို ခံစားနေရသည်။

သို့သော် ကွာခြားချက်မှာ ၎င်းတို့သည် ပါတနာများကို လွတ်လပ်စွာ ရွေးချယ်ခွင့်ရှိပြီး သူကမူ သူ၏ပါတနာကို အခြားသူတစ်ဦးမှ ရွေးချယ်ပေးမည် ဖြစ်သည်။

“ဦးလေးဝမ်.. ဦးလေးက အသက်ကြီးနေပြီ.. ဦးလေးရဲ့ သားနဲ့ချွေးမကလည်း တစ်နယ်တစ်ကျေးမှာ နေထိုင်ကြတယ်.. ဦးလေးကို စောင့်ရှောက်မယ့်လူ ရှိရင် ဦးလေးသားနဲ့ ချွေးမက ဦးလေးအတွက် စိတ်ချသွားမှာ သေချာတယ်”

အဖွားဝမ်သုန်မေက ဖိုးဖိုးဝမ်ကို စိတ်အားတက်ကြွစွာဖြင့် ပြောလိုက်သည်။

ဖိုးဖိုးဝမ်အတွက် အိမ်ထောက်ဖက်များ တွေ့ဆုံရန် စီစဉ်ပေးသည့်အထဲတွင် အဖွားဝမ်သည် အဆိုးဆုံးဖြစ်ပြီး အခြားလူများထက် စိတ်အားထက်သန်သူလည်း ဖြစ်သည်။

အဖွားဝမ်သုန်မေက ဗဟိုအပူပေးစနစ်နှင့် ဆင်တူသည်။

သူမက မီးတုတ်တစ်ခုကဲ့သို့ အခြားလူများ၏ ဘဝကို အလင်းပေးခဲ့သည်။

“အန်တီဝမ်.. ကျွန်တော်တို့ ရွာထဲရောက်မှပဲ အေးဆေးစကားပြောကြရအောင်”

ဖေဖေဝမ်က အလိုက်တသိပင် ကြားဝင် ဖျောင်းဖျလိုက်သည်။

အဖွားဝမ်သုန်မေက ဖိုးဖိုးဝမ် အတွက် ကြီးမားသည့်စိတ်ဒဏ်ရာ ဖြစ်သည်မှာ ထင်ရှားနေသည် မဟုတ်လော။

ရွာထဲရှိလူများသည် ဖိုးဖိုးဝမ် ပြန်ရောက်လာသည်ကို သိလျှင် စိတ်လှုပ်ရှားစွာဖြင့် သူတို့၏ အိမ်ထဲကနေ လမ်းပေါ်သို့ ထွက်လာပြီး ကြိုဆိုရန် ပြုလုပ်ခဲ့ကြသည်။

လက်ရှိတွင် လူပေါင်းရာချီရှိသည့် လူကြီးလူငယ်မရွေး အရွယ်မျိုးစုံသည် ဖိုးဖိုးဝမ်ကို စူးစိုက်ကြည့်နေကြသည်။

“အန်ကယ်ဝမ်ရဲ့ လမ်းကို ပိတ်မထားကြနဲ့”

အဖွားဝမ်သုန်မေက စိတ်အားထက်သန်စွာဖြင့် သူတို့အတွက် လမ်းရှင်းပေးခဲ့သည်။

“ဖိုးဖိုးဝမ်ကို လာကြိုတဲ့ကလေးတွေ အိမ်ပြန်ပြီး စာလုပ်စမ်း.. လူကြီးတွေ ကြိုဆိုနေတာကို လာမရှုပ်ကြနဲ့.. မင်းတို့တွေ အိမ်စာတွေရော လုပ်ပြီးကြပြီလား”

“ကျွန်.. ကျွန်တော်လုပ်ပြီးပါပြီ”

သူတို့ကြားရှိ ထွားကြိုင်းသော ကလေးတစ်ယောက်က စကားထစ်ငေါ့စွာဖြင့် ပြောလိုက်သည်။

အဖွားဝမ်သုန်မေက ထိုကလေးကို ကြည့်ကာ ပြုံးပြလိုက်သည်။

“အိုး.. ဘယ်သူများလဲ မှတ်တယ်.. ကျားကြီးရဲ့သား ဖက်တီးကျားလေး ဖြစ်နေတာကိုး.. ငါတို့ ဖက်တီးကျားလေးက အကျင့်စာရိတ္တ ကောင်းမွန်တယ်.. အိမ်စာတွေလည်း ပြီးအောင်လုပ်တယ်.. မင်းတို့လူငယ်တွေအားလုံး သူ့ဆီကနေသင်ယူရမယ်.. အိမ်စာပြီးတဲ့အတွက် ဆုတစ်ခုချမယ်”

“ကျေးဇူးတင်ပါတယ်”

“မင်းရဲ့ဆုလာဘ်အဖြစ် နွေရာသီဘဝတာဝန် ဆိုတဲ့ ဝတ္တုကော်ပီ တစ်ခုကိုရယူဖို့ ငါ့ရဲ့ရုံးခန်းကို လာဖို့မမေ့နဲ့”

ထိုစကားကိုကြားလျှင် ဖက်တီးကျားလေးသည် အနည်းငယ်စိတ်ပျက်သွားခဲ့သည်။

“ဒါပေမဲ့ကျွန်တော် အဲဒီဝတ္တုကို ဖတ်ပြီးသွားပြီ”

ဝမ်သုန်မေ “ဖတ်ပြီးလည်း နောက်ထပ် ပြန်ဖတ်တဲ့အခါကျရင် သင်ယူစရာ အသစ်တွေကို ရရှိလိမ့်မယ်.. မင်းနားလည်လား.. ဒီတိုင်းဖတ်တာထက် မှတ်စုထုတ်ပြီး ဖတ်တာက ပိုပြီး မှတ်မိလွယ်တယ်”

စကားဆုံးသည်နှင့် လူအုပ်ထဲတွင် ဖက်တီးကျားလေး၏ ပုံစံက ထွက်ပေါ်လာသည်။

ထို့နောက်တွင် ရွာသားအချို့သည် ဖက်တီးကျားလေးကို လျင်မြန်စွာ ခေါ်ဆောင်သွားကြသည်။

အဖွားဝမ်သုန်မေက ဖက်တီးကျားလေးကို တိုက်ရိုက် ဥပမာပြပြီး အခြားသော ကောင်စုတ်ကလေး အချို့ကို တမင် ခြောက်လှန့်လိုက်ခြင်း ဖြစ်သည်။

ကောင်ဆိုးလေးများက ကြောက်လန့်စွာဖြင့် ဤနေရာမှထွက်ပြေးသွားခဲ့ကြသည်။

ဖေဖေဝမ်နှင့် မေမေဝမ် “..........”

ဖိုးဖိုးဝမ်က ခြံကို ခြံစောင့်ထားခဲ့သော်လည်း အိမ်ကိုမူ သော့ခတ်၍ ထားခဲ့၏။

နှစ်ဝက်လောက် လူမနေသည့်အချိန် ဖြစ်၍ အိမ်တံခါးကို ဖွင့်လိုက်သည်နှင့် ဖုန်မှုန့်များ စုပုံနေသည်ကို ဖေဖေဝမ်နှင့် မေမေဝမ်တို့က တွေ့လိုက်ရသည်။

အဖွားဝမ်သုန်မေက မျက်မှောင်ကြုတ်လိုက်ပြီး နေရာတစ်ခုလုံးကို ရှင်းလင်းရန်အတွက် သန့်စင်ရေး အဆောင်လက်ဖွဲ့တစ်ခုကို တိုက်ရိုက် ပစ်လွှတ်လိုက်သည်။

အဆောင်လက်ဖွဲ့က ချက်ချင်းပင် အခန်းထဲရှိ ဖုန်များအားလုံးကို သုတ်သင်ရှင်းလင်းလိုက်ပြီး နှစ်လိုဖွယ်ကောင်းသော ရနံ့တစ်ခုကိုသာ ကျန်ရှိစေခဲ့သည်။

ဖေဖေဝမ်နှင့် မေမေဝမ်တို့သည် ဖိုးဖိုးဝမ်ကို ဝါးကုလားထိုင်ပေါ်၌ နေရာချပေးလိုက်သည်။

အဖွားဝမ်သုန်မေက သူ့ကိုယ်သူ အပြင်လူတစ်ယောက်ဟု မမြင်ဘဲ အိမ်ထဲတွင် အေးအေးဆေးဆေးသာ ရှိနေခဲ့သည်။

“ဦးလေးဝမ်.. ဦးလေးကို အိမ်ထောင်ဖက် တွေ့ပေးမှာကြောက်လို့ ဦးလေးရဲ့ သားနဲ့ချွေးမကို အလည်ခေါ်လာတာလား”

ဖေဖေဝမ်နှင့်မေမေဝမ် “..........”

အဖွားဝမ်သုန်မေက ပြုံး၍ ပြောလိုက်သည်။

“ဦးလေးမရှိတဲ့ ခြောက်လအတွင်းမှာ ဦးလေးနဲ့ သင့်တော်မယ့်အိမ်ထောင်ဖက်တွေကို ကျွန်မအစွမ်းကုန် ရှာဖွေခဲ့တယ်.. တချို့က ငယ်ရွယ်ပြီး တချို့က အသက်ကြီးတယ်.. ငယ်သူတွေကတော့ အတွေ့အကြုံနဲ့ နားလည်မှု သိပ်မရှိကြဘူး.. အသက်ကြီးသူတွေကတော့ ခန္ဓာကိုယ် အနည်းငယ် အားနည်းကြတယ်.. ဒါပေမဲ့လည်း ဦးလေးကိုတော့ ကောင်းကောင်းမွန်မွန် ပြုစုနိုင်ပါသေးတယ်”

“အဟွတ်…အဟွတ်.. အန်တီဝမ်”

ထိုအချိန်တွင် ဖေဖေဝမ်က ချောင်းဟန့်၍ ပြောလိုက်သည်။

အန်တီဝမ် “ပြောပါ”

ဖေဖေဝမ် “ကျွန်တော်တို့ ဒီတစ်ခေါက် ပြန်လာတာက ဘိုးဘေးကန်တော့ဖို့အတွက်ပါ.. အဖေ့အတွက် အိမ်ထောင်ဖက်တွေစီစဉ်တာက အဆင်မပြေလောက်ဘူးလို့ ကျွန်တော်ထင်တယ်.. ဘာဖြစ်လို့လဲဆိုတော့ အဖေက တစ်ယောက်မှ စိတ်ဝင်စားမှာမဟုတ်ဘူး”

“ဦးလေးဝမ် စိတ်မဝင်စားဘူးဆိုတာ မင်းက ဘယ်လိုသိတာလဲ”

အဖွားဝမ်သုန်မေက ဖေဖေဝမ်ကို တုံ့ပြန်၍ ပြောလိုက်သည်။

“ဦးလေးဝမ်က ငါတို့ရွာရဲ့ မဏ္ဍိုင်ပဲ.. ဦးလေးဝမ် လက်ထက်မှာ ငါတို့ရွာလေးက ကြီးပွားခဲ့တယ်.. ငါတို့ရွာကလေးက ဦးလေးဝမ် အသက်ကြီးတဲ့အချိန်မှာ အဖော်မဲ့တာကို မမြင်ရက်ဘူး.. ဦးလေးဝမ် နောက်ထပ် ကလေးရလာတဲ့အထိ ငါတို့ရွာက‌လေးက မျှော်မှန်းထားတယ်”

ဖေဖေဝမ်နှင့်မေမေဝမ် “..........”

ထိုစကားကိုပြောပြီးနောက်တွင် အဖွားဝမ်သုန်မေသည် သူမ၏စကား အနည်းငယ် လွန်သွားမှန်း ခံစားလိုက်ရပြီး လေသံ ပြန်ပျော့သွားခဲ့သည်။

“ဦးလေးဝမ်ရဲ့ခံစားချက်ကို ငါတကယ် နားလည်ပါတယ်.. ဒါပေမဲ့ အန်တီဝမ်က ထွက်သွားပြီ ဆိုတော့ ဘယ်တော့မှ ပြန်မလာနိုင်တော့ဘူးလေ.. ငါတို့ရဲ့ မျှော်လင့်ချက်က ဦးလေးဝမ်အနေနဲ့ အန်တီဝမ်ရဲ့ အရိပ်တွေထဲကနေ အမြန်ဆုံးလွတ်မြောက်ဖို့ဖြစ်တယ်.. ဘာပဲဖြစ်ဖြစ် အိမ်ထောင်ဖက်ကိုတော့ တွေ့ကြည့်လိုက်ပေါ့.. သဘောမကျရင် နောက်တစ်ယောက် ပြောင်းတွေ့လို့ရတာပဲလေ”

ထိုအခိုက်တွင် ဖိုးဖိုးဝမ်က မျက်ခုံးတွန့်ပြ၍ ဖေဖေဝမ်ကိုအကူအညီတောင်းသည့် ပုံစံဖြင့် ကြည့်လိုက်သည်။

ဖေဖေဝမ်က ဖိုးဖိုးဝမ် အခက်တွေ့နေမှန်း သဘောပေါက်လိုက်သည်။

ဤတစ်ခေါက်တွင် သူ့အဖေကို အိမ်ထောင်ဖက်တွေ့ရန် စီစဉ်နေသည့် ပြဿနာအား ဖြေရှင်းရန် နည်းလမ်းကောင်းကို သူအမှန်တကယ် ရှာဖွေရပေမည်။

သို့မဟုတ်လျှင် သူ့အဖေသည် ဘိုးဘေးကန်တော့ရန် အတွက် စိတ်ခွန်အားပင် ရှိမည်မဟုတ်ပေ။

တိုက်ပွဲအင်အားအရဆိုလျှင် အဖွားဝမ်သုန်မေသည် တကယ်ကို ကြောက်စရာကောင်းပြီး ကိုင်တွယ်ရခက်သောသူဖြစ်သည်။

သူဘာလုပ်သင့်ပါသနည်း။

သူ့ကို ကူညီဖို့ ဤနေရာတွင် သူ၏ စာဖတ်ပရိသတ်များလည်း ရှိမနေပေ။

ဖေဖေဝမ်က ရုတ်တရက် အနည်းငယ် စိတ်ပူသွားခဲ့သည်။

အပိုင်း(၁၀၀၇) ပြီး၏

All Chapters