တစ်ယောက်ထဲမဟုတ်ဘူး
Vol. 68 Ch. 1011
အနယ်နယ်အရပ်ရပ်မှ ကျင့်ကြံသူများ ရောက်ရှိလာပြီး အကူအညီပေးခြင်းသည် ခမ်းနားသော မြင်ကွင်းတစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။
ဝမ်လင်းက ရင်ထဲတွင် ထိမိသွားခဲ့သည်။
သူ့နံဘေးရှိ ဝမ်မင်၊ ထွင်ထျန်းဟာ၊ ကော်ဖျင်နှင့် အမေကျွမ့်တို့အားလုံးလည်း အံ့အားသင့်နေကြသည်။
သူတို့က ကောင်းကင်ပေါ်မှ မြင်ကွင်းများကို ကူကယ်ရာမဲ့စွာငေးကြည့်နေခဲ့ကြသည်။
စစ်ကူ ရောက်လာသော ကျင့်ကြံသူများသည် မစ်ရှင်တစ်ခုကိုလုပ်ဆောင်နေကြသကဲ့သို့ ၎င်းတို့၏ သက်ဆိုင်ရာ နယ်မြေများမှ ရောက်ရှိလာကြသည်။
ကူရွှင်းကျစ်၊ လျူချင်းရီ၊ ဝမ်ကျန်း၊ တောင်ပံ့တစ်ရာနတ်ဘုရား၊ ရွှမ်းဝူယွဲ့တို့ အားလုံး ရောက်ရှိလာကြသော အခိုက်အတန့်တွင် ဝမ်လင်းသည် သူတစ်ကိုယ်တည်း တိုက်ခိုက်နေရခြင်း မဟုတ်ကြောင်း အဆုံးသတ်တွင်သဘောပေါက်သွားခဲ့သည်။
နတ်ဆိုးသူတော်စင်က လူကိုယ်တိုင် လာရောက်ခြင်းမရှိသော်လည်း အဝေးကနေ ထောက်ပံ့မှုပေးခဲ့သည်။
နတ်ဆိုးလောက၏ သူတော်စင်ဆရာကြီးရွှမ်းဝူယွဲ့သည် ဤအချက်ကို အကောင်းဆုံး သက်သေပြနေ၏။
သူ၏ခေါင်းပေါ်ရှိ သမင်ချိုများသည် ရှေးခေတ်နတ်သားရဲ၏ သွေးအော်ရာများကို ထုတ်လွှတ်လိုက်သည်။
ထိုသွေးအော်ရာများသည် အနက်ရောင်အရိပ် တပ်သားများကို ရှေ့တိုးမလာစေရန် ခြောက်လှန့်ဖို့ လုံလောက်၏။
နတ်နယ်မြေမှ တောင်ပံတစ်ရာ နတ်ဘုရား ရောက်လာသော အခါတွင် ကောင်းကင်ယံ၌ သူတော်စင်ရောင်ခြည်များဖြင့် ပြည့်နှက်သွားခဲ့သည်။
ပတ်ဝန်းကျင်ရှိ မကောင်းသော အငွေ့အသက်များသည် ချက်ချင်းပင် ဖယ်ရှားခံလိုက်ရ၏။
တောင်ပံတစ်ရာ နတ်ဘုရား၏စွမ်းရည်သည် အမှန်တကယ်ပင် အကန့်အသတ်မရှိပေ။
တောင်ပံတစ်ထောင် နတ်ဘုရားက တောင်ပံ့တစ်ရာ နတ်ဘုရားတစ်ပါးတည်းကိုသာ စေလွှတ်ခဲ့သော်လည်း လက်ရှိအခြေအနေကို ကိုင်တွယ်ဖြေရှင်းရန် လုံလောက်သည်ထက်ပင် များစွာပိုနေပေသည်။
“လင်းကျန်းရန်.. ငါတို့ကိုခွင့်လွှတ်ပါ.. တောင်ပံတစ်ထောင် နတ်ဘုရားကိုယ်တိုင် ရောက်မလာတာက စွမ်းအားချိန်ခွင်လျှာကို ထိန်းသိမ်းရမှာမို့လို့ပါ.. အကယ်၍ တောင်ပံတစ်ထောင် နတ်ဘုရား ချီတက်လာရင် ကမ္ဘာကြီးက ပျက်စီးသွားနိုင်ပါတယ်”
တောင်ပံတစ်ရာ နတ်ဘုရားက တောင်ပံတစ်ထောင် နတ်ဘုရား ကိုယ်တိုင် ရောက်မလာခြင်းကို ဝမ်လင်း နားလည်အောင် ရှင်းပြလိုက်သည်။
အဆုံးသတ်တွင် သူတို့ အကူအညီပေးနေသည့်သူမှာ ဝမ်လင်းဖြစ်၏။
ထိုပုဂ္ဂိုလ်ကို သူတို့၏ နတ်နယ်မြေသည် ကြင်နာမှုအပြည့်ဖြင့် ဆက်ဆံသင့်ပေသည်။
ဝမ်လင်း “အင်း”
“လင်းကျန်းရန်.. ငါတို့တွေအားလုံး မင်းကို ကူညီဖို့အသင့်ရှိတယ်.. စကြာဝဠာအုပ်ထိန်းသူ အနေနဲ့ ငါက လင်းကျန်းရန်ကိုကူပြီး စီမံခန့်ခွဲပေးမယ်.. ခုချက်ချင်းလူစုခွဲပြီး တခြားယစ်ပလ္လင်ကို သွားကြတော့.. လောကကို ကျူးကျော်လာတဲ့ အနက်ရောင်အရိပ် စစ်တပ်ကို နှင်ထုတ်ကြလော့”
ကူရွှင်းကျစ်က ကောင်းကင်ပေါ်ရှိ ရွှေရောင်အာကာပြင်လှိုဏ်ခေါင်းကနေ ပြောလိုက်သည်။
သူ့အသံက အကျယ်ကြီး မဟုတ်သော်လည်း ကြေးမုံနန်းတော်ကမ္ဘာ၏ နေရာတိုင်းကို ရောက်ရှိသွားသလိုပင်။
ကူရွှင်းကျစ်၏ စကားဆုံးသည်နှင့် ရေပလ္လင်၏ အုပ်ထိန်းသူသံတမန်ဖြစ်သည့် ယင်းကျိုးချွမ်က ဒေါသထွက်ကာ ကံကြမ္မာတာအို အစီအရင်ကို အသက်သွင်းလိုက်သည်။
သူ၏သခင်က သူ့ကို ရေ၏ပလ္လင်အား စောင့်ကြပ်ရန် အမိန့်ပေးခဲ့ပြီး သူတို့ မဟာစီမံချက်ကြီး မပြီးမီ ဖျက်ဆီးခွင့် မပြုရန် မှာကြားထားခဲ့သည်။
မဟာကံကြမ္မာတာအို၏ အစွမ်းသည် ချက်ချင်း ဆိုသလိုပင် အလင်းနှင့်အတူ ပေါက်ကွဲထွက်လာပြီး မရေမတွက်နိုင်သော ဆိုးညစ်သည့် အော်ရာများရှိသည့် ကြိုးများသည် ရုတ်တရက်စိမ့်မြေထဲမှ ထွက်ပေါ်ကာ ကောင်းကင်ပေါ်ရှိလူများဆီသို့ ဦးတည်သွားခဲ့သည်။
ဤသည်မှာ ဆိုးညစ်သော စွမ်းအားများ ရောယှက်ခံနေရသော ရေပလ္လင်၏ စွမ်းအား ဖြစ်သည်။
စွမ်းအင်ကြိုးက ခန္ဓာကိုယ်ကို ထိလိုက်သည်နှင့် တင်းတင်းကျပ်ကျပ် ရစ်ပတ်ထားပေလိမ့်မည်။
ခွန်အားကိုပိုသုံးလေ ရစ်ပတ်ထားသည့်ကြိုးများက ပို၍တင်းကျပ်လာလေ ဖြစ်ပြီး အဆုံးသတ်၌ စိမ့်မြေထဲသို့ ဆွဲချသွားလိမ့်မည် ဖြစ်၏။
“မင်းက ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းနေတာပဲ”
ဗုံးပစ်စီနီယာအင်မော်တယ်က ခေါင်းခါရမ်းလိုက်သည်။
သူ၏လက်ထဲတွင် ကျိုးရီ ပို့ပေးလိုက်သည့် မှော်တောင်ဝှေးကို ကိုင်ထားဆဲဖြစ်သည်။
ဗုံးပစ်စီနီယာအင်မော်တယ်က မှော်တောင်ဝှေးကို ပေါ့ပါးစွာဝှေ့ယမ်းလိုက်ရာ အဆုံးမဲ့ ဆိုးညစ်သော စွမ်းရည်ကြိုးများသည် ချက်ချင်းပင် လေထဲကနေ ဦးတည်ချက်ပြောင်းသွားပြီး မြေပြင်ကိုသာ ရုတ်တရက် ထိုးဖောက်သွားခဲ့သည်။
မှော်တောင်ဝှေး၏ တစ်ရာ ရာခိုင်နှုန်း ဒူးထောက်စွမ်းအားသည် အမှန်တကယ်ပင် အသုံးဝင်သည်။
၎င်းက လူများကိုသာမက အရာဝတ္တုများနှင့် မှော်စွမ်းရည်များကိုပါ အလားတူ အကျိုးသက်ရောက်မှုရှိသည်။
ယခုအခါတွင် ယင်းကျိုးချွမ်သည် ပြင်းထန်သောဖိအားတစ်ခုကြောင့် လုံးဝမလှုပ်ရှားနိုင်ဖြစ်ကာ မြေပြင်ပေါ်တွင် ဒူးထောက်လျက်ရှိနေခဲ့သည်။
စင်စစ် ယင်းကျိုးချွမ်သည် မှော်တောင်ဝှေး၏ စွမ်းအားဒဏ်ကို ခံစားခဲ့ရခြင်း ဖြစ်သည်။
သို့သော် ဗုံးပစ်စီနီယာအင်မော်တယ်သည် မှော်တောင်ဝှေးတစ်ခုတည်းကို အားကိုး၍ တစ်ဖက်သားအား လွယ်လွယ်ကူကူ ဖိနှိပ်နိုင်ခဲ့ခြင်းမဟုတ်ပေ။
သူက တစ်ဖက်လူနှင့် လက်မောင်းလှဲနေသကဲ့သို့ ဖြစ်နေပြီ တစ်ဖက်လူက သူ၏ ထိန်းချုပ်မှုကနေ အချိန်မရွေး လွတ်မြောက်သွားနိုင်သည်ဟု ခံစားခဲ့ရသည်။
“ထင်မှတ်ထားတဲ့အတိုင်း ကံကြမ္မာတာအို မှော်စွမ်းရည်က တော်တော်အားကောင်းတာပဲ”
ဗုံးပစ်စီနီယာအင်မော်တယ်က အနည်းငယ် စိုးရိမ်စိတ် ရှိနေသေးသည်။
ကံကောင်းထောက်မစွာဖြင့် အယောင်ဆောင်နှစ်ဦး၏ ကံကြမ္မာတာအို စွမ်းရည်သည် သန်မာမှုမရှိခဲ့ပေ။
သို့မဟုတ်လျှင် မှော်တောင်ဝှေးဖြင့် ၎င်းတို့အား နှိမ်နှင်းနိုင်မည်မဟုတ်ချေ။
“ညီနောင်လင်း.. ငါမင်းကို ဒီနေရာ လွှဲခဲ့လိုက်တော့မယ်.. မီးပလ္လင်ကို ငါအရင်သွားနှင့်မယ်”
ယင်းကျိုးချွမ်ကို ဖိနှိပ်ပြီးနောက်တွင် ဗုံးပစ်စီနီယာအင်မော်တယ်သည် မဟာဗျူဟာလှည့်ဖြားမှု အထွေထွေရုံးမှ လူများကိုဦးဆောင်ကာ မီးပလ္လင်ဆီသို့ ဦးတည်ပျံသန်းသွားခဲ့သည်။
“လင်းကျန်းရန်.. ငါ နတ်ဆိုးစစ်တပ်တွေကို ဦးဆောင်ပြီး သတ္တုပလ္လင်ဆီ သွားနှင့်တော့မယ်.. ဒီနေရာကို မင်းကိုပဲ လွှဲခဲ့တော့မယ်”
ရွှမ်းဝူယွဲ့က ဝမ်လင်းအား ဦးညွှတ်ကာ သူ့လူများနှင့်အတူ ပျောက်ကွယ်သွားခဲ့သည်။
ကူရွှင်းကျစ် “ဒီက ကိစ္စတွေကိုကိုင်တွယ်ဖို့ လင်းကျန်းရန်ကိုပဲ ဒုက္ခပေးရတော့မယ်.. ငါက သစ်သားယစ်ပလ္လင်ဆီ သွားနှင့်မယ်”
“ငါက မြေကြီးယစ်ပလ္လင်ဆီသွားမယ်”
ထိုစကားကို ပြောပြီးနောက်တွင် အတောင်တစ်ရာ ဖြန့်ကျက်ထားသော တောင်ပံတစ်ရာ နတ်ဘုရားသည် သူတော်စင်အလင်းရောင်ဖြင့် ပျောက်ကွယ်သွားခဲ့သည်။
ဝမ်လင်း “..........”
ဝမ်လင်းက နောက်ဆုံးအခိုက်အတန့်တွင် အခြေအနေကို အပြောင်းအလဲ လုပ်နိုင်လိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။
မှော်တောင်ဝှေး၏ ကြီးမားသော ဖိနှိပ်မှုအောက်တွင် ယင်းကျိုးချွမ်သည် ဒူးထောက်နေရပြီး မြေကြီးနှင့်နဖူးက ကပ်နေခဲ့သည်။
ဝမ်လင်းနှင့် အခြားသူများက ယင်းကျိုးချွမ် ဆီသို့လမ်းလျှောက်လာစဉ် အနံ့အသက်ဆိုးများက ထောင်းခနဲထွက်ပေါ်လာ၏။
“ဒီအနံ့ဆိုးက သူ့ဆီကနေ ရနေတာလား.. ဒါမှမဟုတ် စိမ့်မြေကများလား”
ဝမ်မင်က မျက်မှောင်ကြုတ်၍ ရေရွှတ်လိုက်သည်။
ထိုခဏတွင် သူသည့ ယင်းကျိုးချွမ်ကိုအကဲခတ်လိုက်ရာ ယင်းကျိုးချွမ်၏ ဆံပင်ရှည်က တစ်ကိုယ်လုံး ဖုံးအုပ်ထားသည်ကို သတိထားမိလိုက်သည်။
သူ၏စကားကိုကြားလျှင် ယင်းကျိုးချွမ်သည် အနာကို တုတ်နှင့်ဆွ ခံလိုက်ရသကဲ့သို့ ချက်ချင်းပင် မျက်ရည်များခါးသီးစွာ ကျလာရသည်။
“ငါရေမချိုးတာ အချိန်အတော်ကြာခဲ့ပြီ”
သူက ယစ်ပလ္လင်၏ အုပ်ထိန်းသူသံတမန် အနေဖြင့် ယစ်ပလ္လင်၏စွမ်းအားကို အသုံးပြုခွင့် ရရှိခဲ့သော်လည်း ယစ်ပလ္လင်ကနေ လုံးဝခွာ၍မရခဲ့ပေ။
အဆိုးဆုံးမှာ ယစ်ပလ္လင်အတွင်း၌သာ စားသောက်မှုကို ပြုရခြင်းဖြစ်သည်။
ကော်ဖျင်နှင့်ဝမ်မင်တို့က ယစ်ပလ္လင်ကို အကဲခတ်လိုက်ပြီး “ဘာလို့ဒီမှာဘယ်သူမှ ရှိပုံမပေါ်တာလဲ”ဟု မေးလိုက်သည်။
“တခြားလူတွေက ယစ်ပလ္လင်ထဲမှာ ရှိနေကြတယ်.. တချို့ကတော့ ငါ့ရဲ့အနံ့ကို မခံနိုင်ဘဲ သေကုန်ကြပြီ”
ဝမ်လင်း ထွင်ထျန်းဟာ၊ ဝမ်မင်နှင့်ကော်ဖျင် “..........”
ထို့နောက်တွင်မူ ဝမ်လင်းသည် ယစ်ပလ္လင်၏ အစီအရင်ကို မူလအခြေအနေသို့ ပြန်လည်ရောက်ရှိစေရန် အတွက် ပြန်လည်ရုပ်သိမ်းခြင်း မဟာတာအိုကို အသုံးပြုလိုက်သည်။
အခြားသော ယစ်ပလ္လင်များကလည်း ထိုကဲ့သို့ ပြုပြင်ခံထားရသည်မှာ သေချာသည်။
သို့သော်လည်း စေလွှတ်ခံရသူတိုင်းသည် ထိပ်တန်းကျင့်ကြံသူများဖြစ်သောကြောင့် ၎င်းတို့အတွက် ပြဿနာဖြစ်မည်ဟု ဝမ်လင်း မထင်ခဲ့ပေ။
“ဒီကိစ္စက ဒီအတိုင်း ပြီးသွားတာလား”
ဝမ်လင်းက အနည်းငယ် သံသယဝင်နေသည်။
အရာအားလုံးက လွယ်ကူလွန်းနေသည် မဟုတ်ပါလား။
ဒြပ်စင်ငါးပါးပလ္လင် ငါးခုကို ထိန်းချုပ်လိုက်သည်နှင့် အနက်ရောင်အရိပ်စစ်တပ်၏ အစီအစဉ်သည် အောင်မြင်တော့မည်မဟုတ်ပေ။
ယခုအချိန်တွင် အကြီးမားဆုံး ပြဿနာမှာ နောက်ကွယ်မှအရာအားလုံးကို ထိန်းချုပ်ထားသူ မည်သူမှန်း မသိရှိသေးခြင်းဖြစ်သည်။
သူတို့ လက်ရှိကြုံတွေ့နေရသော အကျပ်အတည်းသည် တစ်ဖက်လူ၏ စမ်းသပ်မှု ဖြစ်နိုင်သည်ဟု ဝမ်လင်းခံစားမိသည်။
အပိုင်း(၁၀၁၁) ပြီး၏