အင်မော်တယ်ရှဲဖီ၏ စကားများ
Vol. 68 Ch. 1012
ကျင့်ကြံသူများ၏ တစ်ချိန်တည်း လှုပ်ရှားဆောင်ရွက်မှုများကြောင့် ကြေးမုံနန်းတော်ကမ္ဘာရှိ ယစ်ပလ္လင်ငါးလုံးကို လျင်မြန်စွာပင် ထိန်းချုပ်နိုင်ခဲ့သည်။
ယခုအခါတွင် မီးပလ္လင်တစ်ခုသာ ကျန်ရှိတော့၏။
ယစ်ပလ္လင်၏ အုပ်ထိန်းသူတမန်တော်က သန်မာပုံပေါ်သော်လည်း ဗုံးပစ်စီနီယာအင်မော်တယ်အတွက် ခြိမ်းခြောက်မှု မဟုတ်ခဲ့ပေ။
နောက်ဆက်တွဲ လုပ်ရမည့်အရာမှာ ယစ်ပလ္လင်ငါးခု၏ တမန်တော်များကို တစ်ပြိုင်နက်တည်း အစားထိုးရန် ဖြစ်၏။
ယခင်က အနက်ရောင်အရိပ်စစ်တပ် သတ်ဖြတ်ခဲ့သည့် အုပ်ထိန်းသူ တမန်တော်များကို နတ်တာအိုဖြင့် ရှင်ပြန်ထမြောက်စေပြီး ရာထူးပြန်ယူစေမည် ဖြစ်သည်။
ထို့နောက်တွင် ယစ်ပလ္လင်ငါးလုံးသည် ၎င်းတို့၏ ခွန်အားကို ပြန်လည်ရရှိသွားမည်ဖြစ်ပြီး ကြေးမုံနန်းတော်ကမ္ဘာသည်လည်း တစ်ဖန် ငြိမ်းချမ်းသွားမည် ဖြစ်၏။
“စီနီယာအင်မော်တယ်.. ငါတို့အခု မလှုပ်ရှားသေးဘူးလား”
ကျိုက်ယန်က မေးလိုက်သည်။
နှောင့်နှေးကျန့်ကြာနေလျှင် ထင်မှတ်မထားသော ဖြစ်ရပ်များ ဖြစ်ပေါ်လာမည်ကို သူမ စိုးရိမ်နေမိသည်။
ဗုံးပစ်စီနီယာအင်မော်တယ်က မီးပလ္လင်ကို ငေးကြည့်နေခဲ့သည်။
သူတင်မကဘဲ မဟာဗျူဟာလှည့်ဖြားမှု အထွေထွေရုံးမှ လူအားလုံးသည် တစ်စုံတစ်ယောက်၏ ပြန်လာခြင်းကို စောင့်မျှော်နေကြသည်။
မီးပလ္လင်၏အထဲတွင် အကျဉ်းချခံထားရသော ဖန့်ရှင်းသည် အပြင်ဘက်မှ ဖြစ်ပျက်နေသည်များကို ခံစားသိရှိနိုင်ခဲ့သည်။
သူ့ကို အကျဉ်းချခဲ့သည့် ပိုင်ယိုချွမ်သည် အနက်ရောင်အရိပ်စစ်သည် အလုံးအရင်းနှင့်အတူ ထွက်ခွာသွားခဲ့ပြီ ဖြစ်သည်။
အချုပ်ခန်းက သူ၏ခွန်အားကို ကန့်သတ်ထားသော်လည်း ငယ်စဉ်ကတည်းကပင် မြွေသဏ္ဍာန်နည်းစနစ်ကို ကျင့်ကြံခဲ့သောဖန့်ရှင်းသည် ထူးခြားသော အာရုံခံစားမှု ရှိနေခဲ့သည်။
အစောပိုင်းတွင် ပိုင်ယိုချွမ်သည် အပြင်ဘက်၌ ကြီးမားသောကိစ္စတစ်ခုခု ရှိနေသကဲ့သို့ အလျင်အမြန် ထွက်သွားခဲ့သည်။
အရေးအကြီးဆုံးမှာ ဖန့်ရှင်းသည် ဝမ်လင်း၏အော်ရာကို ခံစားမိခဲ့ခြင်းပင်။
သူက အစောကတည်းကပင် ဝမ်လင်း ရောက်လာမည်ကို သိထားခဲ့သည်။
“မင်းရဲ့သူငယ်ချင်းလား”
အင်မော်တယ်ရှဲဖီက ဖန့်ရှင်းကို မေးလိုက်သည်။
“သားရဲ့အတန်းဖော်ပါ”
ဖန့်ရှင်းက လေးနက်စွာဖြင့် ခေါင်းညိမ့်လိုက်သည်။
သူက သေချာစဉ်းစားပြီးမှ ထပ်မံပြောလိုက်သည်။
“သူက သားရဲ့ အကောင်းဆုံးအတန်းဖော်ပါအဖေ”
စကားလုံးများဖြင့် တိုက်ပွဲဝင်ပြီးနောက်တွင် သားအဖနှစ်ယောက်သည် သူတို့၏ဆက်ဆံရေးကို အသိအမှတ်ပြုခဲ့ကြသည်။
ဖန့်ရှင်းက သူမွေးဖွားလာပြီးနောက် သူတွေ့ကြုံခဲ့ရသောအဖြစ်အပျက်များကို ပြောပြခဲ့ရာ အင်မော်တယ်ရှဲဖီ၏ စိတ်ထဲတွင် ရောထွေးသော ခံစားချက်များ ပြည့်နှက်နေခဲ့သည်။
သူ၏ မှတ်ဉာဏ်များကို ပိုင်ယိုချွမ်က နှောင့်ယှက်ထားခဲ့သည်။
သို့သော် သူ၏ လွဲမှားနေသော မှတ်ဉာဏ်များသည် သူ၏သွေးသားရင်းကြောင့် ရှင်းလင်းသွားလိမ့်မည်ဟု သူတစ်ခါမှ မထင်ခဲ့ပေ။
“မင်းကောင်းကောင်းမွန်မွန် ကြီးပျင်းလာလို့ ငါအရမ်းဝမ်းသာတယ်”
အင်မော်တယ်ရှဲဖီက ပြုံး၍ ပြောလိုက်သည်။
သူ၏အပြုံးသည် အမှတ် ၆၀ အထက်တန်းကျောင်းတွင် ဖန့်ရှင်း ပြုံးလေ့ရှိသော အပြုံးနှင့် တစ်ထပ်တည်း တူညီသည်။
သူ ထိုသို့ပြောပြီးနောက်တွင် သူတို့ အချုပ်ခန်းတံခါးကို ရွှမ်းဝူယွဲ့က သူ၏ သမင်ချိုအား လှံတိုအဖြစ် ပြောင်းလဲကာ ဖွင့်လိုက်သည်။
ဖန့်ရှင်းက သမင်ချိုနှင့် လူတစ်ယောက် တံခါးဖျက်၍ ဝင်လာသည်ကို တွေ့လိုက်ရသည်။
ထိုလူ၏ ဦးခေါင်းကနေ သွေးများက တလဟော စီးကျနေသည်။
ထိုလူက ဦးခေါင်းထက်ရှိ သမင်ချိုများထဲမှ တစ်ခုကို လှံတိုအဖြစ် အသုံးပြုရန် ဆွဲနှုတ်ခဲ့ပုံရသည်။
“ကျောင်းသားဖန့်ရှင်း.. ငါက နတ်ဆိုးလောကရဲ့ သူတော်စင်ဆရာကြီးရွှမ်းဝူယွဲ့ပါ.. လင်းကျန်းရန်ရဲ့ အမိန့်အရ မင်းကိုကယ်တင်ဖို့ ငါရောက်လာခဲ့တာပါ”
ရွှမ်းဝူယွဲ့က တလေးတစား ပြောလိုက်သည်။
ထို့နောက်တွင် သူ့ခေါင်းမှ ဆွဲနှုတ်ထားသည့် သမင်ချိုကို အမှုန့်ကြိတ်၍ ခေါင်းမှထွက်လာသော သမင်သွေးနှင့် ရောနှောကာ အလုံးတစ်လုံး ဖြစ်သည်အထိ လုံးလိုက်ပြီး ဖန့်ရှင်းအား ပေးလိုက်သည်။
“ကျောင်းသားဖန့်ရှင်း.. ဒါကိုစားလိုက်.. ဒီမဟာနတ်သမင်ဆေးလုံးက မင်းရဲ့ပိတ်ဆို့နေတဲ့ သွေးကြောအားလုံးကို အသက်သွင်းနိုင်ပြီး မင်းရဲ့ ဝိညာဉ်စွမ်းအင်ပေါ် ကန့်သတ်ထားတဲ့ စည်းတံဆိပ်ကို ပယ်ဖျက်နိုင်လိမ့်မယ်”
“ကျေးဇူးအများကြီးတင်ပါတယ်”
ဖန့်ရှင်းက ရွှမ်းဝူယွဲ့၏ အကြောင်းကို သိထားခဲ့ပြီ ဖြစ်သည်။
သူက နတ်ဆိုးလောက၏ ပြဿနာတွင် တိုက်ရိုက်ပါဝင်ပတ်သတ်ခြင်း မရှိသော်လည်း ထွင်ထျန်းဟာ၏ နတ်ဆိုးလောကခရီးစဉ်အကြောင်းနှင့် ပတ်သတ်၍ ချက်ဂရု၏ မက်ဆေ့ချ် များကနေ သိထားခဲ့သည်။
မဟာနတ်သမင်ဆေးလုံးသည် ရွှမ်းဝူယွဲ့၏ ကိုယ်ပိုင် သမင်ချိုနှင့် နတ်သမင်သွေးဖြင့် ပြုလုပ်ထားသော ရှားပါးဆေးဝါး ဖြစ်သည်။
ဤဆေးလုံးက အနည်းငယ် ကြည့်ရဆိုးသော်လည်း အမှန်တကယ် ထိရောက်မှုရှိသည်။
ဖန့်ရှင်းက ဆေးလုံးကို မျိုချလိုက်သည်နှင့် သူ့ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်စွမ်းအင်များက ချက်ချင်းပင် လည်ပတ်သွားခဲ့သည်။
“ကျောင်းသားဖန့်ရှင်း.. ငါမင်းကို အပြင်ကနေ စောင့်နေမယ်”
မဟာနတ်သမင် ဆေးလုံးအလုပ် ဖြစ်သွားသည်ကိုမြင်လျှင် ရွှမ်းဝူယွဲ့က စိတ်သက်သာရာရသွားသည်။
သူက ဖန့်ရှင်း၏ပုခုံးကို ခပ်ဖွဖွ ပုတ်လိုက်ပြီး သားအဖနှစ်ယောက်ကို အချိန်ပေးရန်အတွက် အခန်းထဲမှ ထွက်လာခဲ့သည်။
“အဖေ”
ဖန့်ရှင်းက အင်မော်တယ်ရှဲဖီကို စူးစိုက်ကြည့်လိုက်သည်။
သူ၏အမူအရာတွင် စိတ်ခံစားချက်များက ပေါ်လွင်နေခဲ့၏။
အင်မော်တယ်ရှဲဖီက နေရာကနေ မရွှေ့ခဲ့ပေ။
သူက စိတ်ကို ပြင်ဆင်ထားပြီးပုံရသည်။
“သွားပြီးတော့ လုပ်စရာရှိတာကိုသာ လုပ်တော့ငါ့သား”
အင်မော်တယ်ရှဲဖီက ဖန့်ရှင်းကို စိုက်ကြည့်၍ ပြောလိုက်သည်။
“အဖေက ဒီကမ္ဘာနဲ့ မသက်ဆိုင်တော့ဘူး သားလေး.. ကျင့်ကြံခြင်း ဆိုတဲ့အဓိပ္ပါယ်ကိုသိချင်လို့ အဖေ အချိန်အတော်ကြာ ရှာဖွေခဲ့တယ်.. စစ်မှန်တဲ့ ကျင့်ကြံသူတစ်ယောက်က ကြီးကျယ်ခမ်းနားတဲ့ ခွန်အားရှိရမယ့်အပြင် ခိုင်မာတဲ့စိတ်ဓာတ်လည်း ရှိရမယ်.. ဟားဟား.. ငါ့စကားက အရမ်းလေးနက်သွားတယ်”
အင်မော်တယ်ရှဲဖီက ပြုံးလိုက်သည်။
“မှန်တယ် ထင်တဲ့လမ်းကိုသာ ဆက်လျှောက်ပါ ငါ့သား.. မင်းမှာ အရမ်းကောင်းတဲ့ သူငယ်ချင်းတစ်စု ရှိတယ်.. မင်းအတွက်အဖေက အမြဲဂုဏ်ယူပြီး ပျော်နေမှာပါ”
သူ့အဖေ၏ စကားကိုနားထောင်ပြီးနောက်တွင် ဖန့်ရှင်းသည် ခဏမျှ တုံ့ဆိုင်းသွားသည်။
“အဖေ.. ကျွန်တော်ရော အဖေ့လို တစ်နေ့နေ့မှာ ကျင့်ကြံခြင်းရဲ့အဓိပ္ပါယ်ကို ရှာတွေ့နိုင်မှာလား”
“ရှာတွေ့မှာပါသား.. သိပ်မကြာခင် ဒါမှမဟုတ် နောက်ပိုင်းမှာ ကျင့်ကြံခြင်းရဲ့ အဖြေကို မင်းသေချာပေါက် ရှာတွေ့ပါလိမ့်မယ်”
ရွှမ်းဝူယွဲ့ အချုပ်ခန်းအတွင်းမှ ထွက်လာပြီး မိနစ်အနည်းငယ်အကြာမှာပင် ဖန့်ရှင်းက လိုက်ထွက်လာခဲ့သည်။
“မင်းအဖေနဲ့ စကားမပြောတော့ဘူးလား”
ရွှမ်းဝူယွဲ့က မေးလိုက်သည်။
“လုံလောက်ပါပြီ”
ဖန့်ရှင်းက ခေါင်းညိမ့်၍ ပြောလိုက်သည်။
သူက သူ့အမြင်အာရုံကို ဖုံးကွယ်နေသည့် မျက်ရည်များအား ထိန်းချုပ်နိုင်ရန် အတတ်နိုင်ဆုံး ကြိုးစားနေခဲ့သည်။
“ငိုချလိုက်ပါကလေး.. အဲဒါက မင်းကို ပိုပြီး သက်သာစေလိမ့်မယ်”
ရွှန်းဝူယွဲ့က ဖန့်ရှင်းကို လမ်းပြရင်း နှစ်သိမ့်ပေးလိုက်သည်။
ထိုအချိန်တွင် ဖန့်ရှင်းသည် သူ၏မျက်ရည်များကို မထိန်းချုပ်နိုင်တော့ပေ။
နှစ်ပေါင်းများစွာ ရောထွေးနေသော စိတ်ခံစားမှုများကြောင့် ဖန့်ရှင်းသည် မျက်ရည်တသွင်သွင် စီးကျလာခဲ့သည်။
ထိုအခါမှပင် သူ့ရှေ့မှ ရွှန်းဝူယွဲ့သည် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်သည်။
၅မိနစ်ခန့်အကြာတွင် ရွှန်းဝူယွဲ့နှင့် ဖန့်ရှင်းတို့သည် မီးပလ္လင်၏ အထက်တွင် ပေါ်လာခဲ့သည်။
ဗုံးပစ်စီနီယာအင်မော်တယ်သည် ရွှန်းဝူယွဲ့အား ကျေးဇူးတင်စကား အကြိမ်ကြိမ် ပြောကြားခဲ့သည်။
“ကျေးဇူးအများကြီးတင်ပါတယ် ညီနောင်ရွှမ်း”
“စီနီယာအင်မော်တယ်.. ဒီလောက်က အပန်းမကြီးပါဘူး”
ရွှန်းဝူယွဲ့က ဂါရဝပြု၍ ပြောလိုက်သည်။
“စီနီယာအင်မော်တယ် မှန်းဆထားတဲ့အတိုင်းပဲ အရာအားလုံးက ဖြစ်ပျက်လာတယ်.. ကျောင်းသားဖန့်ရှင်းကို ဖမ်းခဲ့တဲ့ ဥက္ကဌပိုင်ရဲ့သား ပိုင်ယိုချွမ်က ပြန်လည် ဆုတ်ခွာသွားခဲ့ပြီ.. ကြည့်ရတာ အရင်ကတည်းက သူတို့မှာ ခံစစ်အစီအမံတွေ ကြိုတင်လုပ်ထားပုံရတယ်.. သူတို့က ခြေရာလက်ရာမကျန်ဘဲ ပျောက်ကွယ်သွားခဲ့ပြီ”
ဗုံးပစ်စီနီယာအင်မော်တယ် “ဒါတင်မကဘူး.. ကြေးမုံနန်းတော်ကမ္ဘာမှာရှိတဲ့ ခဲယမ်းစက်ရုံတွေက သူ့ဘာသာသူ ပျက်စီးသွားတာကို ငါတို့တွေ့ခဲ့တယ်”
ရွှန်းဝူယွဲ့ “ဒီကိစ္စပြီးရင် ဘာဆက်လုပ်ရမလဲ ဆိုတာ ငါတို့ဆွေးနွေးရမယ်.. ခုချိန်မှာ အရေးအကြီးဆုံးက ကြေးမုံနန်းတော်ရဲ့ တည်ငြိမ်မှုကို ပြန်လည်ထိန်းသိမ်းဖို့ပဲ”
ဗုံးပစ်စီနီယာအင်မော်တယ် “ညီနောင်ရွှမ်း ပြောတာမှန်တယ်.. ဒါဆိုရင်ငါတို့ အခုကွပ်မျက်ဖို့ အချိန်ကျပြီ”
ဗုံးပစ်စီနီယာအင်မော်တယ်က မှော်တောင်ဝှေးကို ကိုင်ထားရင်း သူ့ရှေ့ရှိ မီးပလ္လင်အုပ်ထိန်းသူ တမန်တော်ကို ကြည့်လိုက်သည်။
မှော်တောင်ဝှေး၏ အပြင်းထန်ဆုံး ဖိနှိပ်မှုကြောင့် မီးပလ္လင်အုပ်ထိန်းသူ တမန်တော်က ဒူးထောက်လျက်သားအနေအထားဖြင့် ရှိနေပြီး ခုခံရန်အစွမ်း လုံးဝ မရှိခဲ့ပေ။
“ပင်ပန်းသွားရပြီ ညီနောင်ဖန့်ရှင်း”
ဗုံးပစ်စီနီယာအင်မော်တယ်က ဖန့်ရှင်းအနားသို့ လျှောက်သွားပြီး ဖော်ရွေသော အပြုံးဖြင့် ပြောလိုက်သည်။
“နွေးထွေးစွာကြိုဆိုပါတယ် ညီနောင်ဖန့်ရှင်း”
အပိုင်း(၁၀၁၂) ပြီး၏