ပညာသားပါပါ ဖြေဆိုမှု
Vol. 68 Ch. 1013
ဖန့်ရှင်း ထွက်သွားပြီးနောက်တွင် အချုပ်ခန်းက တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။
အင်မော်တယ်ရှဲဖီက ဖန့်ရှင်း ထွက်ခွာသွားသည့် လမ်းကြောင်းကိုကြည့်ရင်း ရုတ်တရက် ဝမ်းနည်းကြေကွဲသလို ခံစားလိုက်ရသည်။
သူ မသေဆုံးမီ ကျန်ရစ်ခဲ့သည့် သူ၏ကလေးကို ရှင်ပြန်ထမြောက်ပြီးသည့် နောက်တွင် အမှန်တကယ် တွေ့ဆုံနိုင်လိမ့်မည်ဟု မထင်ထားခဲ့ပေ။
“ဓားသူတော်စင်.. မင်းအခု ထွက်လာလို့ရပြီ”
အင်မော်တယ်ရှဲဖီက အသက်ကို ခပ်ပြင်းပြင်းရှူလိုက်ပြီး တစ်ဖက်သို့ လှည့်ကြည့်လိုက်သည်။
အချုပ်ခန်းအတွင်း၌ အဖြူရောင်လေ့ကျင့်ရေးဝတ်စုံကို ဝတ်ဆင်ထားသည့် အဖိုးအိုတစ်ဦး ရှိနေသည်။
“အကန့်အသတ်မဲ့ဓားတာအိုရဲ့ အကန့်အသတ်မဲ့ ရောင်စုံဓားချီက နာမည်နဲ့ ထိုက်တန်ပါပေတယ်”
အင်မော်တယ်ရှဲဖီက အဖိုးအိုအား ပြုံး၍ပြောလိုက်သည်။
အကန့်အသတ်မဲ့ ရောင်စုံဓားချီသည် အသုံးပြုသူကို ပုတ်သင်ညိုကဲ့သို့ နောက်ခံပတ်ဝန်းကျင်နှင့် ရောနှောကာ ကိုယ်ရောင်ဖျောက်စေနိုင်သည့် အစွမ်းရှိသည်။
ထို့ကြောင့် အကန့်အသတ်မဲ့ ရောင်စုံဓားချီကို ထုတ်လွှတ်လိုက်သည်နှင့် ၎င်းသည် အသုံးပြုသူ၏ ခြေရာလက်ရာများကို အပြည့်အဝ ဖုံးလွှမ်းသွားမည် ဖြစ်သည်။
ထိုကဲ့သို့ဓားချီကို ထုတ်လွှတ်ရန် အတွက် ဓားပညာတွင် အလွန်မြင့်မားသော နားလည်နိုင်စွမ်းနှင့် သိပ်သည်းသောဓားချီ လိုအပ်သည်။
ဆိုရလျှင် ထိုသို့သော အရာမျိုးကို ဓားသူတော်စင်ကသာ လုပ်ဆောင်နိုင်စွမ်းရှိမည် ဖြစ်သည်။
သူက ဤနေရာတွင် ဗိုလ်ချုပ်ရီကို မထင်မှတ်ဘဲ တွေ့လိုက်၍ အနည်းငယ် အံ့ဩသွားခဲ့သည်။
ဗိုလ်ချုပ်ရီ “မင်းဆုံးဖြတ်ချက်ချပြီးပြီ ထင်တယ်”
အင်မော်တယ်ရှဲဖီ “ငါ့ရဲ့ စွန့်လွှတ်အနစ်နာခံမှုက အစီအစဉ်ရဲ့အစိတ်အပိုင်း တစ်ခုပါပဲ”
အင်မော်တယ်ရှဲဖီက ခေါင်းခါယမ်း၍ တည်ငြိမ်စွာ ပြောလိုက်သည်။
“အရာအားလုံးကို ကယ်တင်နိုင်မယ့် သော့ချက်က အရိပ်ကိုဖမ်းဆီးဖို့ပဲ.. ငါအငြိမ်းစားယူပြီးနောက်မှာ ဒီနှစ်တွေတစ်လျှောက်လုံး အရိပ်နဲ့ပတ်သတ်တဲ့ သဲလွန်စတွေကို နေရာတိုင်းမှာ ရှာဖွေခဲ့ပေမဲ့ ဘာသဲလွန်စမှ မတွေ့ခဲ့ဘူး.. ဒါပေမဲ့ ဖန့်ရှင်းနဲ့ ရင်းနှီးတဲ့ကောင်လေးကတော့ အရမ်းကို သန်မာတဲ့အတွက် စွမ်းအားက စွမ်းအားကို ဆွဲဆောင်နိုင်တဲ့ သီအိုရီကိုအခြေခံရင်း အဆုံးသတ်မှာ သူ့ကို ကျော်ဖြတ်နိုင်မယ်လို့ ငါထင်တယ်.. အဖိုးကြီးရီ.. ငါတို့မှာ အချိန်သိပ်မကျန်တော့ဘူး.. ကမ္ဘာကြီးကို နောက်တစ်ကြိမ် ငြိမ်းချမ်းအောင်လုပ်ဖို့ တစ်ခုတည်းသော နည်းလမ်းက ငါတို့ရဲ့ ရန်သူကို အမြစ်ကနေ ဆွဲနှုတ်ပစ်ဖို့ပဲ”
“အင်း”
ဗိုလ်ချုပ်ရီက ခေါင်းညိမ့်လိုက်သည်။
“ဒီကိစ္စကိုမင်း နောင်တမရဘူးလား”
“ဘာမှနောင်တရတယ်လို့ ငါမခံစားရဘူး.. ငါ့သားလေးဘယ်လိုအသက်ရှင်နေလဲ ဆိုတာကို မြင်ရပြီးတဲ့နောက်မှာ ငါဘာကိုမှစိတ်မပူတော့ဘူး”
အင်မော်တယ်ရှဲဖီက သက်ပြင်းတစ်ချက် ချလိုက်သည်။
“ဒါနဲ့ ငါ့ဆရာ အခြေအနေရော ဘယ်လိုလဲ”
“အဲဒီချစ်ဖို့ကောင်းတဲ့ ကွာဖီက အခုထိ ထောင်ထဲမှာ ရှိနေတုန်းပဲ.. သူက အံ့ဩဖို့ကောင်းလောက်အောင် နုံအတယ်.. အဲဒီအချိန်က မင်းရဲ့ ကိုယ်ပိုင်လက္ခဏာကို ဖုံးကွယ်ဖို့ အကောင်းဆုံးနည်းလမ်း အနေနဲ့ သူ့ရဲ့တပည့်အဖြစ် ဟန်ဆောင်ပေးတဲ့ အတွက်လည်း မင်းကို ကျေးဇူးတင်နေတယ်”
“သူက လူဆိုးမဟုတ်ပါဘူး”
“ငါသိပါတယ်”
ဗိုလ်ချုပ်ရီက ခေါင်းညိမ့်လိုက်သည်။
“ဒါပေမဲ့လည်းသူက လူမိုက်ဖြစ်နေတုန်းပဲ.. “
သူတို့စကားစမြည် ပြောဆိုစဉ်တွင် အင်မော်တယ်ရှဲဖီ၏ ခန္ဓာကိုယ်သည် စတင် တောက်ပလာပြီး အောက်ခြေကနေ အလင်းမှုန်များ အဖြစ်သို့ ဖြည်းဖြည်းချင်း ပြောင်းလဲသွားခဲ့သည်။
“ကြေးမုံနန်းတော်က နောက်တစ်ကြိမ် ငြိမ်းချမ်းသွားပုံရတယ်.. ငါသွားရမယ့်အချိန်ရောက်ပြီ”
အင်မော်တယ်ရှဲဖီက သူ၏နွမ်းနယ်နေသော ခန္ဓာကိုယ်ကို ကြည့်လိုက်သည်။
သူက နာမ်ဝိညာဉ် ဖြစ်ခြင်းကြောင့် နာကျင်ခြင်းမရှိပေ။
ရှင်းလင်းစွာပြောရလျှင် တစ်ကြိမ် သေဆုံးခဲ့ပြီးပြီ ဖြစ်၍ သဘာဝအားဖြင့် ၎င်းနှင့်ပတ်သတ်သည့် အပိုခံစားချက် မရှိတော့ခြင်း ဖြစ်သည်။
ခမ်းနားသော အင်မော်တယ်တပ်ဖွဲ့၏ လျှို့ဝှက်တာဝန် တစ်စိတ်တစ်ပိုင်းအနေဖြင့် အင်မော်တယ်ရှဲဖီသည် ကျင့်ကြံခြင်းကမ္ဘာ၏ ရှင်သန်မှုအတွက် အရေးကြီးသော အရိပ်လျှို့ဝှက်ချက်ကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။
“မင်းငါ့ကို ဘာမှာစရာရှိသေးလဲ”
အင်မော်တယ်ရှဲဖီ ပျောက်ကွယ်မသွားမီ ဗိုလ်ချုပ်ရီက မေးလိုက်သည်။
“ငါသူ့ကို ချစ်တယ်လို့ပြောပေးပါ”
“ကောင်းပါပြီ”
စက်တင်ဘာလ ၁၁ရက်နေ့သည် နွေရာသီအားလပ်ရက်၏ ၃၀ရက်မြောက်နေ့ဖြစ်သည်။
အနက်ရောင်အရိပ်စစ်တပ်၏ ကြံစည်မှုများသည် အဖွဲ့အသီးသီးမှ ကျင့်ကြံသူများ၏ ကြိုးပမ်းအားထုတ်မှုကြောင့် လုံးဝ ပြိုကွဲသွားခဲ့သည်။
ကြေးမုံနန်းတော်ကမ္ဘာက နဂိုအခြေအနေသို့ ပြန်လည်ရောက်ရှိသွားပြီး ကမ္ဘာနှစ်ရပ်လုံးသည် ငြိမ်းချမ်းမှု ပြန်လည်ရရှိခဲ့သည်။
လက်တွေ့ကမ္ဘာတွင် အနက်ရောင် အရိပ်စစ်တပ်၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသော ကျင့်ကြံသူများသည် နတ်တာအို စွမ်းအားဖြင့် ရှင်ပြန်ထမြောက်လာကြပြီး ကြေးမုံနန်းတော်နှင့် ပတ်သတ်သော သူတို့၏ မှတ်ဉာဏ်များကမူ ချိတ်ပိတ်သွားခဲ့သည်။
သို့သော် အံ့အားသင့်ဖွယ် တိုက်ခိုက်မှုများနှင့် ပတ်သတ်သော သတင်းများသည် လက်တွေ့ကမ္ဘာတွင် ပျံ့နှံ့နေပြီ ဖြစ်သည်။
ထို့ကြောင့် နိုင်ငံတကာ ကျင့်ကြံသူများ အသင်းသည် ယင်းကိစ္စနှင့် ပတ်သတ်၍ လျစ်လျူရှုထား၍ မရတော့ပေ။
အနက်ရောင်အရိပ် တပ်သားများ လျင်မြန်စွာ ဆုတ်ခွာသွားခဲ့ကြသော်လည်း နောက်ကွယ်မှ ချုပ်ကိုင်သူကိုမူ ရှာမတွေ့သေးပေ။
ထို့ကြောင့် နိုင်ငံတကာ ကျင့်ကြံသူများအသင်းသည် ကျင့်ကြံခြင်းလောကကို တည်ငြိမ်အေးချမ်းစေရန်နှင့် စည်းလုံးညီညွတ်စေရန် အတွက် ပုံပြင်တစ်ပုဒ်ကို ဖန်တီးခဲ့သည်။
ထို့ကြောင့် ထိုနေ့မွန်းတည့်ချိန်တွင် အာကာသဆိုင်ရာငြိမ်းချမ်းရေးသံတမန် ဖြစ်သည့် ကော်ဖျင်နှင့် ယခုတစ်ကြိမ်ငြိမ်းချမ်းရေးထိန်းသိမ်းမှု တာဝန်ကို ထမ်းဆောင်ရန် စေလွှတ်ခံထားရသော ဗုံးပစ်စီနီယာအင်မော်တယ်သည် အစည်းအဝေး ဝက်ဘ်ဆိုက်တွင် ပေါ်လာခဲ့သည်။
မွန်းတည့်ချိန်တွင် ဝမ်လင်းသည် တီဗွီရှေ့တွင် ထွင်ထျန်းဟာကို ပွေ့ဖက်၍ထိုင်နေပြီး တိုက်ရိုက်ထုတ်လွှင့်မှု အစီအစဉ်ကို ကြည့်ရှုနေခဲ့သည်။
ပထမဆုံး ပေါ်လာသူမှာ ဗုံးပစ်စီနီယာအင်မော်တယ် ဖြစ်သည်။
အစောပိုင်းတွင် ဗုံးပစ်စီနီယာ အင်မော်တယ်၏ ကျော်ကြားမှုသည် မဟာဗျူဟာလှည့်ဖြားမှု အထွေထွေရုံးကို ထူထောင်နိုင်ရုံမျှသာ ဖြစ်သည်။
သို့သော် ပကတိအရှင်မြတ် ဖြစ်လာပြီးနောက်တွင် သူ၏သတင်းသည် တဟုန်ထိုးမြင့်တက်သွားခဲ့ပြီး ဗုံးပစ်စီနီယာအင်မော်တယ်ဟူသောခေါင်းစဉ်သည် ကျင့်ကြံခြင်းလောကတွင် အိမ်ထောင်စုအမည် တစ်ခုလို ဖြစ်လာခဲ့သည်။
လက်ရှိတွင် မဟာဗျူဟာလှည့်ဖြားမှု အထွေထွေရုံးသည် ဟွာရှို့မဟာမိတ်အဖွဲ့၏ ကြီးမားသော အလေးပေးမှုကိုပင် ခံနေရပြီဖြစ်သည်။
ထို့ကြောင့် ဗုံးပစ်စီနီယာအင်မော်တယ်သည် ယခုအခါတွင် နိုင်ငံတဝှမ်း ကျော်ကြားသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာပြီး အသေးစား ကျင့်ကြံခြင်းဖိုရမ်တစ်ခု၏ ပိုင်ရှင်အဆင့်မျှမဟုတ်တော့ပေ။
ဗုံးပစ်စီနီယာ အင်မော်တယ်နှင့် ကော်ဖျင်တို့ သတင်းစာရှင်းလင်းပွဲအတွက် နေရာယူကြပြီးနောက်တွင် ကင်မရာက ဗုံးပစ်စီနီယာ အင်မော်တယ်ကို ပြသခဲ့သည်။
သူ၏ပုံအောက်တွင် စာတန်းတစ်ခုပါ ချက်ချင်းပေါ်လာသည်။
“ဟွာရှို့နိုင်ငံ၏ ကောင်းကင်အဆင့် ပထမတန်းစား ဂိုဏ်းချုပ် မဟာဗျူဟာလှည့်ဖြားမှု အထွေထွေရုံး၏ခေါင်းဆောင် ဗုံးပစ်စီနီယာအင်မော်တယ်”
နောက်ဆက်တွဲအနေဖြင့် သတင်းထောက်များသည် မေးခွန်းများ မေးမြန်းခဲ့ကြသည်။
အရပ်ခပ်ရှည်ရှည်ရှိသော အမျိုးသမီး သတင်းထောက်တစ်ဦးက လက်ကိုမြှောက်လိုက်သည်။
“ဗုံးပစ်စီနီယာအင်မော်တယ်.. ဒီတစ်ကြိမ်က မဟာဗျူဟာလှည့်ဖြားမှု အထွေထွေရုံးရဲ့ ငြိမ်းချမ်းရေးထိန်းသိမ်းမှုမှာ ကြီးမားတဲ့အောင်မြင်မှုတစ်ခုပဲ.. တစ်နည်းအားဖြင့် မဟာဗျူဟာလှည့်ဖြားမှု အထွေထွေရုံးရဲ့ အင်အားက ကျင့်ကြံခြင်းလောကရဲ့ အထွတ်အထိပ်ကို ရောက်နေပြီလို့ ဆိုလိုနေပြီလား”
ဤပထမမေးခွန်းက အလွန်ပင် လေးနက်သည်။
၎င်းသည် ဟွာရှို့မဟာမိတ်အဖွဲ့အစည်းမှ ကျင်းပသောသတင်းစာရှင်းလင်းပွဲ ဖြစ်သောကြောင့် ဗုံးပစ်စီနီယာအင်မော်တယ်သည် သူ၏မိန့်ခွန်းကို ကြိုတင် ပြင်ဆင်ထားခဲ့သည်။
ဗုံးပစ်စီနီယာအင်မော်တယ်က သက်ပြင်းကို ဖြည်းညင်းစွာချလိုက်၏။
“ငါတို့ မဟာဗျူဟာလှည့်ဖြားမှု အထွေထွေရုံးက ငါတို့နိုင်ငံရဲ့တည်ငြိမ်တဲ့ အခြေခံအုတ်မြစ်ကြောင့် ဒီအတိုင်းအတာအထိကြီးမားလာခဲ့တာပဲ.. ငါတို့ ထုတ်လုပ်တဲ့ ကောင်းကင်တာအို ဘရိုကိုလီက အခုအခါမှာ ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ ကျင့်ကြံခြင်းနိုင်ငံများကို တင်ပို့ရောင်းချနေခဲ့ပြီ.. လက်ရှိမှာဆိုရင် ငါတို့ရဲ့ကောင်းကင်တာအို ဘရိုကိုလီအတွက် စောင့်ဆိုင်းစာရင်းက နှစ်ငါးရာအထိတောင် ရှိနေပြီ.. ဒီကုန်သွယ်မှုကြောင့် ငါတို့ဂိုဏ်းက ကမ္ဘာ့အဆင့်သတ်မှတ်ချက်မှာ နေရာတစ်နေရာ ရနိုင်ခဲ့တယ်.. ဒါပေမဲ့ ငါ့တို့က အရမ်းအားနည်းနေပါသေးတယ်”
အားလုံး “..........”
ဗုံးပစ်စီနီယာအင်မော်တယ် “အသက်နှစ်ထောင် ရှိပေမဲ့ ဂိမ်းကစားဖို့ပဲသိပြီး အိမ်ထောင်မပြုရသေးတဲ့ လူတွေလို ငါတို့ဂိုဏ်းရဲ့ အဖွဲ့ခေါင်းဆောင်တွေက သူတို့ရဲ့ နေ့စဉ်တာဝန်တွေကို လျစ်လျူရှုမိမှာ ငါအရမ်းစိုးရိမ်မိတယ်.. ငါတို့က အသစ်ဖွဲ့စည်းထားတဲ့ ဂိုဏ်းတစ်ခုသာ ဖြစ်တယ်.. ငါတို့ဂိုဏ်းရဲ့ ဂိုဏ်းစည်းကမ်းကို မထိန်းသိမ်းနိုင်ရင် ကျင့်ကြံခြင်းလောကမှာ ထိပ်တန်းရောက်ဖို့ အကြောင်းကို ငါတို့တွေက ဘယ်လိုပြောဆိုနိုင်မှာလဲ.. ပြောရရင် ငါတို့ဂိုဏ်းက ထိပ်တန်းရောက်နေပြီဆိုတဲ့ စကားတွေ အားလုံးက မြှောက်ပင့်ခြင်းသက်သက်ပါပဲ”
လူတိုင်း “..........”
အမျိုးသမီးသတင်းထောက် “ဗုံးပစ်စီနီယာ အင်မော်တယ် ပြောသလို မဟာဗျူဟာလှည့်ဖြားမှု အထွေထွေရုံးက အထွတ်အထိပ်ကို မရောက်သေးဘူးဆိုရင် ဒီငြိမ်းချမ်းရေးထိန်းသိမ်းမှုမစ်ရှင် အတွက် အထက်ကနေ ဘာကြောင့် စေလွှတ်ခဲ့တာလဲ”
ဗုံးပစ်စီနီယာအင်မော်တယ် “ငါတို့ ရွေးချယ်ခံရတာက ကံတရားကြောင့်ပါ.. ကျန်တဲ့ ကိစ္စတွေကိုတော့ အထက်လူကြီးတွေက စီစဉ်ပေးခဲ့တယ်.. ငါတို့က နာခံရုံလေးပါပဲ.. ရလဒ်အရတော့ ဒီကျူးကျော်သူတွေကို မောင်းထုတ်နိုင်ခဲ့ပေမဲ့ ကံတရားလို့လည်း ယူဆလို့ရပါတယ်”
ထို့နောက်တွင် တက်တက်ကြွကြွ ဖြစ်နေသော အမျိုးသမီးသတင်းထောက်က ကော်ဖျင်ဘက်သို့ လှည့်လိုက်သည်။
“သံအမတ်ကြီးကော်.. ကျွန်မတို့ကမ္ဘာက နတ်တာအိုကြယ်နဲ့ သံတမန်ဆက်ဆံရေး ထူထောင်ဖို့ အရေးကြီးနေတဲ့ အချိန်မျိုးမှာ ဘယ်နေရာက ဂြိုဟ်သားတွေရဲ့ ကျူးကျော်တိုက်ခိုက်မှုလဲဆိုတာ ပြောပြလို့ရမလား”
“သူတို့က အဝေးတစ်နေရာက ဂြိုဟ်သားတွေပါ.. လောလောဆယ်တော့ သူတို့ရဲ့ဇစ်မြစ်ကို စုံစမ်းနေဆဲပါ”
ကော်ဖျင်က ဤမေးခွန်းမေးလာမည်ကို ကြိုတင်မှန်းဆပြီးသားဖြစ်သည်။
“ငါတို့က အာကာသနဲ့ အရေးကြီးတဲ့ သံတမန်ဆက်ဆံရေးထူထောင်မယ့်အခိုက်အတန့်မှာ စကြာဝဠာငြိမ်းချမ်းရေးတိုးတက်မှုကို အဟန့်အတားဖြစ်စေမယ့် ဘယ်လိုအပြုအမူမျိုးကိုမဆို လက်သင့်ခံမှာမဟုတ်ဘူး.. တစ်ချိန်တည်းမှာပဲ ဒီသတင်းကို ကြည့်နေတဲ့ ဂြိုဟ်သားတွေကို အကြံဉာဏ်တစ်ခုပေးချင်တယ်.. ရပ်တန့်ဖို့်အချိန် ရှိပါသေးတယ်.. ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေက တစ်ဆင့် ကမ္ဘာနဲ့ သံတမန် ဆက်ဆံရေးထူထောင်လိုတဲ့ ဂြိုဟ်သားသတ္တဝါတွေ အားလုံးကို ငါတို့ကကြိုဆိုပါတယ်.. တိုတိုတုတ်တုတ် ပြောရရင်တော့ ငါတို့က ဆွေးနွေးဖို့ လမ်းဖွင့်ပေးထားတယ်.. မဟုတ်ရင်တော့ မင်းတို့ရဲ့ရပ်တည်ချက်အတွက် အဆုံးထိ တိုက်ပွဲဝင်မယ်.. ကမ္ဘာမြေက ကျင့်ကြံသူတွေက အနှစ်တစ်သန်းကျော် သမိုင်းကြောင်းရှိကြတယ်.. ဒီမတိုင်ခင် ဘယ်လိုအခြေအနေမျိုးမှ ငါတို့တွေ မကြုံတွေ့ဖူးတာ မရှိဘူး”
လူတိုင်း “..........”
ဝမ်လင်း “..........”
အပိုင်း(၁၀၁၃) ပြီး၏