← Chapters

မေမေဝမ်၏ ကိုယ်ဝန်ဆောင်ပညာပေး

Vol. 68 Ch. 1017

မေမေဝမ်၏ ကိုယ်ဝန်ဆောင်ပညာပေး

Vol. 68 Ch. 1017

သူတို့အတွက် ဝေ့ကျစ်၏အလုပ်က သိပ်မရှုပ်ထွေးပေ။

အိမ်မွေးတိရိစ္ဆာန်ဆိုင်တွင် အလုပ်လုပ်ရ သကဲ့သို့ပင် ဝမ်ကျန်းနှင့် လျူချင်းရီတို့သည် မြန်မြန်ဆန်ဆန် အသားကျသွားကြသည်။

ဝေ့ကျစ်သည် ယခင်က သူ့ကို ကူညီရန်အတွက် လက်ထောက်အချို့ကို ငှားရမ်းရန် ရည်ရွယ်ထားခဲ့သည်။

သို့သော်လည်း ငှားရမ်းသော လက်ထောက်၏ အတွေ့အကြုံနည်းပါးလျှင် အလုပ်၌ ကြာရှည်ခံမည် မဟုတ်ပေ။

စင်စစ် စိတ်ဝိညာဉ်သားရဲများကို ထိန်းကျောင်းခြင်းသည် ခက်ခဲသော အလုပ်အကိုင်တစ်ခု ဖြစ်သည်။

အိမ်မွေးတိရိစ္ဆာန် လေ့ကျင့်ရေးဆရာ တစ်ယောက်အနေဖြင့် ဝေ့ကျစ်တွင် ကိုယ်ပိုင်ထူးခြားသော စွမ်းရည်များရှိသည်။

ယနေ့ခေတ်တွင် အလုပ်သမားများသည် အနည်းငယ်မျှတတ်မြောက်သည်နှင့် အခြားနေရာတွင် အလုပ်ဝင်ရန် အလုပ်ထွက်သွားလေ့ ရှိကြသည်။

အဆုံးသတ်တွင် ဝေ့ကျစ်သည် ဝမ်လင်းက သူ့အတွက် လူနှစ်ယောက် မိတ်ဆက်ပေးသောအခါတွင် အလွန်အမင်း ဝမ်းသာသွားခဲ့သည်။

ထို့ပြင် ဝမ်ကျန်းနှင့် လျူချင်းရီတို့သည် ဝေ့ကျစ် မျှော်မှန်းထားသည်ထက်ပင် များစွာပို၍ အတွေ့အကြုံများသည်။

သူက ၎င်းတို့ကို အထူးတလည်သင်ပြရန် မလိုအပ်ပေ။

ထိုအစား သူကပင် ၎င်းတို့ထံမှ အသစ်အသစ်သော အရာများကို သင်ယူခဲ့ရသည်။

"မင်းတို့အရင်က စိတ်ဝိညာဉ်သားရဲ မွေးမြူဖူးကြလား"

ဝမ်ကျန်းနှင့် လျူချင်းရီတို့၏ လုပ်ငန်းကျွမ်းကျင်ပုံကို မြင်လျှင် ဝေ့ကျစ်သည် ၎င်းတို့၏ ယခင်အလုပ်အကိုင်ကို သိချင်လာသည်။

"မွေးဖူးတယ်.. ဒါပေမဲ့ ဒီလို အကောင်ပိစိလေးတွေကိုတော့ တစ်ခါမှမမွေးဖူးဘူး"

ထိုစကားကိုကြားလျှင် ဝမ်ကျန်း၏ မျက်နှာသည် ရှေးဟောင်းရေတွင်းတစ်ခု ကဲ့သို့ ငြိမ်သက်သွားခဲ့သည်။

"ဒါဆို မင်းတို့က အကောင်ကြီးတွေကို မွေးဖူးတာလား"

ဝေ့ကျစ်က ပြန်မေးလိုက်သည်။

လျူချင်းရီ "သူတို့မိသားစုက တံငါ လုပ်ငန်းကို လုပ်ကိုင်ကြတယ်"

"တံငါလုပ်ငန်းလား"

ဝေ့ကျစ်၏စိတ်ထဲတွင် စိတ်ဝိညာဉ်သားရဲကြီးများကို မစဉ်းစားမိတော့ဘဲ တံငါလုပ်ငန်းတွင် မွေးမြူနိုင်သည့် စိတ်ဝိညာဉ်ဝေလငါး ကဲ့သို့ အကောင်ကြီးတစ်ကောင်ကောင်ကိုသာ စဉ်းစားမိတော့သည်။

သူတို့၏ တိရိစ္ဆာန်လေ့ကျင့်ရေး အဖွဲ့အစည်းတွင်လည်း ရေပြင်ဝေလငါးကြီး တစ်ကောင် ရှိ၏။

သို့သော်လည်း ၎င်း၏ကြီးမားသော အရွယ်အစားကြောင့် စိတ်ဝိညာဉ်သားရဲကြီးများကို မွေးမြူသည့် အခြေစိုက်စခန်းရှိရာ အနောက်ပင်လယ်တွင် မွေးမြူထားရသည်။

"စိတ်ဝိညာဉ်ဝေလငါး မွေးမြူရတာလည်း လွယ်တဲ့အလုပ်မဟုတ်ပါဘူး.. မင်းတို့ကိုယ်တိုင် မွေးမြူဖူးတဲ့ အတွေ့အကြုံရှိမယ်လို့ ငါတကယ် မမျှော်လင့်ထားဘူး"

ဝေ့ကျစ်က သူ၏ အိမ်မွေးတိရိစ္ဆာန်များ အတွက် ချက်ချင်းပင် စိတ်ချသွားခဲ့သည်။

အတွေ့အကြုံမရှိဘဲ အိမ်မွေးတိရိစ္ဆာန်စိတ်ဝိညာဉ်သားရဲများကို မည်သူကမှ မွေးမြူနိုင်မည်မဟုတ်ပေ။

ဝမ်ကျန်းက သက်ပြင်းချလိုက်သည်။

အဆုံးသတ်တွင် အောက်ကမ္ဘာရှိ အိမ်မွေးတိရိစ္ဆာန်လေ့ကျင့်ရေးမှူးများသည် သူတို့အကြောင်းကို ဘာမှမသိခဲ့ကြပေ။

သို့သော်လည်း ဝမ်ကျန်းနှင့် လျူချင်းရီတို့ နှစ်ယောက်သည် ဝမ်လင်းက သူတို့ကို ဤနေရာတွင် အလုပ်လုပ်ပေးရန် စီစဉ်ထားသည့် အကြောင်းအရင်းတစ်ခုခု ရှိရမည်ဟု ယုံကြည်ခဲ့ကြသည်။

ဤခေတ်သည် ဘရိုကိုလီစားရုံဖြင့် ပကတိအရှင်မြတ် ဖြစ်လာနိုင်သည့်ခေတ် ဖြစ်သည်။

ထို့ကြောင့် လင်းကျန်းရန်၏ စီစဉ်မှုများကို လိုက်နာခြင်းသည်သာ ကောင်းမွန်သောအရာ ဖြစ်နိုင်သည် မဟုတ်လော။

ဝေ့ကျစ်က အောက်ကမ္ဘာမှ လူတစ်ဦးဖြစ်သော်လည်း အလုပ်ကြိုးစားနေသရွေ့ အသစ်အဆန်း တစ်ခုခုကို နားလည်နိုင်မည်ဖြစ်၏။

ဝမ်ကျန်းက ဝေ့ကျစ်ကို မည်သည့်အရာမှ ဖုံးကွယ်ရန်အစီအစဉ် မရှိခဲ့ပေ။

သူက ခေါင်းကို ခါယမ်းပြီး ပြတ်သားစွာ ပြောလိုက်သည်။

"ငါမွေးတာ စိတ်ဝိညာဉ်ဝေလငါးမဟုတ်ပါဘူး"

"စိတ်ဝိညာဉ်ဝေလငါး မဟုတ်ဘူးလား.. အဲဒါဆိုဘာလဲ"

ဝေ့ကျစ်က စိတ်ရှုပ်ထွေးသော အမူအရာဖြင့် မေးလိုက်သည်။

ဝမ်ကျန်း "ငါကခွန်ကိုမွေးမြူတာပါ"

ဝေ့ကျစ် "???"

ဝမ်ကျန်းနှင့်လျူချင်းရီတို့ အလုပ်ရသောနေ့၏ ညနေဘက်တွင် ကျင့်ကြံရေးဌာနမှ ပို့ဆောင်ရေး ထရပ်ကားတစ်စီးသည် မေမေဝမ်၏ ကုန်ပစ္စည်းအများအပြားကို တင်ဆောင်၍ ဝမ်မိသားစု အိမ်ငယ်လေး ဆီသို့ မောင်းနှင်လာခဲ့သည်။

"သခင်မ.. ဒါက ကုန်ပစ္စည်းစာရင်းပါ.. ကျေးဇူးပြု၍စစ်ဆေးပြီး လက်မှတ်လေးထိုးပေးပါဦး

လာရောက်ပို့ဆောင်သည့် ညီငယ်လေးက တံခါးဝတွင် ခပ်ပြုံးပြုံးအမူအရာဖြင့် ရပ်နေခဲ့သည်။

သူတို့အတွက် မေမေဝမ်သည် ရှားပါးသော ဖောက်သည်ကြီးဖြစ်သည်။

ညဆိုင်းပို့ဆောင်ခသည် စုစုပေါင်း ကုန်စည်ပမာဏ၏ ရာခိုင်နှုန်း တစ်ခုအပေါ်တွင် မူတည်သည်။

ထိုကော်မရှင်က အလွန်သေးငယ်သော ရာခိုင်နှုန်းမျှသာ ဖြစ်သော်လည်း ကြီးမားသော အမှာစာကို လက်ခံရရှိပါက သူတို့အတွက် အမြတ်ငွေများစွာ ရရှိစေနိုင်၏။

ပို့ဆောင်ပေးရမည့် နေရာကို စနစ်ဖြင့် ကျပန်းသတ်မှတ်၍ ပစ္စည်းပို့သည့် ညီငယ်လေးသည် သူ့ကိုယ်သူ အလွန် ကံကောင်းသည်ဟု ခံစားခဲ့ရသည်။

မေမေဝမ်က ပစ္စည်းများကို စစ်ဆေးပြီးနောက်တွင် လာရောက်ပို့ဆောင်မှုကို ကြယ်ငါးပွင့်ပေးခဲ့သည်။

လာရောက်ပို့ဆောင်သည့် ညီငယ်လေးက အလွန်ယဉ်ကျေးစွာဖြင့် ဦးညွှတ်လိုက်သည်။

"ကျွန်တော်က ကျင့်ကြံခြင်းဌာနစတိုးဆိုင်ရဲ့ ဝန်ထမ်းနံပါတ် 193ဖြစ်တဲ့ ချင်ကျုံးပါ.. သခင်မရဲ့ အကဲဖြတ်မှုအတွက် ကျေးဇူးတင်ပါတယ်.. နောက်တစ်ကြိမ် ပို့ခွင့်ရဖို့လည်း မျှော်လင့်နေပါ့မယ်"

အကြောင်းတစ်ခုခုကြောင့် ဝမ်လင်းသည် နာမည်ကို အနည်းငယ်ရင်းနှီးနေသလို ခံစားလိုက်ရသည်။

ဤတစ်ကြိမ်တွင် မေမေဝမ်သည် ပစ္စည်းအမြောက်အမြားကို ဝယ်ယူခဲ့သည်။

မေမေဝမ်က ဟင်းခပ် အမွှေးအကြိုင်ကအစ ကိုယ်ဝန်ဆောင်နှင့် သင့်တော်သည့် အရာများကို ဝယ်ယူခဲ့သည်။

ထို့အပြင် မေမေဝမ်သည် ကလေးအဝတ်အစားများကိုလည်း ဝယ်ယူခဲ့သည်။

ဗိုက်ထဲရှိကလေးက ယောက်ျားလေး သို့မဟုတ် မိန်းကလေးမှန်းမသိသောကြောင့် ယောက်ျားလေးရော မိန်းကလေးပါ ဝတ်ဆင်၍ရသည့် ကြားနေဝတ်စုံများကိုသာ ရွေးချယ်ဝယ်ယူခဲ့သည်။

မေမေဝမ်က ကုန်တင်ကားပေါ်မှ ကုန်ပစ္စည်းများကို သိုလှောင်အိတ်ထဲမှ တစ်ခုပြီးတစ်ခု ထုတ်ယူရင်း သဘောကျနေခဲ့သည်။

အောက်ထပ်မှ အသံဗလံများကြောင့် ဖေဖေဝမ်က စာရိုက်ရန်အာရုံမစိုက်နိုင်တော့ပေ။

ဖေဖေဝမ်က အောက်ထပ်သို့ ဆင်းလာသောအခါ လမ်းဘေးဈေးသည်၏ ဈေးဆိုင်ကဲ့သို့ ကြမ်းပြင်တွင် ပြန့်ကျဲနေသော ပစ္စည်းများကို တွေ့လိုက်ရသည်။

သူ့မိန်းမက တစ်လစာဝင်ငွေကို တစ်ရက်တည်းဖြင့် သုံးစွဲလိုက်ပုံရ၏။

"အဲဒီလောက်လည်း အများကြီးမလိုပါဘူး မိန်းမရယ်"

ဖေဖေဝမ်က တင်ပါးကို လက်ထောက်၍ ကြမ်းပြင်ကို ကြည့်ကာ ပြောလိုက်သည်။

"ဒါတွေက မင်းကိုယ်ဝန်ဆောင်ထားတာကြောင့် မင်းချဥ်ခြင်းတက်ပြီး ဝယ်ထားတာဖြစ်နိုင်တယ်.. ဝယ်ပြီးလို့ သုံးရက်အတွင်း ပစ္စည်းတွေ ပြန်သွင်းလိုက်မယ်ဆိုရင် ပိုက်ဆံပြန်အမ်းပေးတယ် မဟုတ်လား

"ဘာလို့ပြန်သွင်းရမှာလဲ.. ဒါတွေအားလုံး ကျွန်မလိုအပ်တယ်"

မေမေဝမ်က ဖေဖေဝမ်ကို မျက်စောင်းထိုး၍ ပြောလိုက်သည်။

"ကျွန်မတို့ ပထမဆုံးအကြိမ် ကလေးမွေးတုန်းက အတွေ့အကြုံ အရမ်းနည်းပါးခဲ့တယ်.. ကျွန်မ လင်းလင်းကိုမွေးပြီးနောက်မှာ သူက တခြားကလေးတွေလို မဟုတ်ဘဲ ထူးခြားနေတာ ဘာကြောင့်လဲလို့ အမြဲတွေးနေခဲ့တယ်.. အခုတော့ ကျွန်မနားလည်သွားပြီ"

ဖေဖေဝမ်နှင့် ဝမ်လင်း ???

"မေမေဝမ် အဲဒီအချိန်က ကျွန်မတို့တွေ သန္ဓေသားကို အပြည့်အဝ မထောက်ပံ့ခဲ့လို့ဖြစ်မယ်"

ဖေဖေဝမ်နှင့် ဝမ်လင်း ..........

"မေမေဝမ် တစ်ခါတစ်ရံမှာ ကိုယ်ရည်ကိုယ်သွေးတွေ ဖွံ့ဖြိုးဖို့အတွက် သားအိမ်ထဲမှာ ရှိကတည်းက လုပ်ဆောင်သင့်တယ်.. လင်းလင်းကို ကိုယ်ဝန်ရှိစဉ်က လုံလောက်တဲ့ ဆက်သွယ်မှု မရှိခဲ့ဘူးလို့ အမြဲခံစားခဲ့ရတယ်.. အဲဒီနောက်ပိုင်း မွေးလာတဲ့အခါ သောက်ရမ်းကြမ်းတဲ့ကလေး မွေးလာခဲ့တယ်.. အကယ်၍သာ ဗိုက်ထဲမှာရှိကတည်းက ဂရုစိုက်ပေးခဲ့မယ်ဆိုရင် သာမန်ကလေး မွေးလာတာမျိုးလည်း ဖြစ်နိုင်တယ်"

ဝမ်လင်း ...........

ထိုစကားကိုထောက်လျှင် မေမေဝမ်သည် သူမ၏ဒုတိယမြောက်ရင်သွေးလေးကို မွေးဖွားရန်အတွက် အမှန်တကယ်ပြင်ဆင်မှုများစွာ လုပ်ဆောင်နေသည်ဟု ဆိုရမည်ဖြစ်သည်။

မေမေဝမ်၏ ကြိုးစားအားထုတ်မှု အားလုံးသည် နောက်ထပ်ချိန်ကိုက်ဗုံး တစ်လုံး မမွေးမိစေရန်ဖြစ်၏။

"ဒါကိုကြည့်လေ.. ဒါက ကျင့်ကြံခြင်းဌာနရဲ့ ကလေးစတိုးဆိုင်ကနေ အထူးမှာယူထားတဲ့ဟာပဲ"

မေမေဝမ်က ကြမ်းပြင်ပေါ်ရှိ အရာဝတ္တုများထဲမှ တစ်စုံတစ်ခုကို ကောက်ယူလိုက်သည်။

နားကြပ်တွင် ကပ်ထားသည့် ဈေးနှုန်းကို ကြည့်ကာ ဖေဖေဝမ်က အသက်ရှူကျပ်သလိုပင် ခံစားလိုက်ရသည်။

ဤနားကြပ်တစ်ခု၏ တန်ဖိုးသည် သူ့တစ်ပတ်စာဝင်ငွေနှင့် ညီမျှနေသည်။

"အဲဒါကဘာလဲ"

"သန္ဓေသားနဲ့ ဆက်သွယ်တဲ့နားကြပ်"

မေမေဝမ်က သရုပ်ပြရန်အတွက် ညွှန်ကြားချက်လက်စွဲစာအုပ်ကိုဖတ်ရင်း နားကြပ် တစ်လုံးကို သူမ၏ ဝမ်းဗိုက်တွင်ကပ်ရင်း နောက်တစ်ဖက်ကို သူမ၏ နားထဲတွင် ထည့်လိုက်သည်။

"ဒီမှော်ရတနာနဲ့ဆိုရင် ဗိုက်ထဲက ကလေးရဲ့အသံကို ကြားနိုင်လိမ့်မယ်"

"မိန်းမ မင်းကိုယ်ဝန်က ရက်ပိုင်းပဲရှိသေးတယ်.. ဒီကိုယ်ဝန်က သန္ဓေသားလောင်းလေး တစ်ခုပဲလေ"

"ဘာဖြစ်လို့လဲ.. သန္ဓေသားလောင်းတွေမှာလည်း ဇီဝလှိုင်းတွေရှိတာပဲ"

...................

"ဒီနားကြပ်တွေက ဇီဝလှိုင်းတွေကို ကောင်းကောင်းမွန်မွန်ဘာသာပြန်ပေးနိုင်တယ်.. နားကြပ်က ကျွန်မတို့ ပြောလိုသမျှကို ဇီဝလှိုင်းအဖြစ် ပြောင်းလဲပေးတယ်.. အဲဒီနောက်မှာ ဝမ်းထဲကို ကူးစပ်ပြီး သန္ဓေသားလောင်းနဲ့ ဆက်သွယ်နိုင်မှာ ဖြစ်တယ်"

မေမေဝမ်က ပြုံး၍ ပြောလိုက်သည်။

"ဒါနဲ့ ကျွန်မတို့ ကလေးကို ဘယ်လိုနာမည်ပေးရမလဲ.. လင်းလင်း မင်းရော စဉ်းစားမိတဲ့ နာမည်ရှိလား"

ဝမ်လင်းက မေးစေ့ကိုကိုင်၍ နက်နက်ရှိုင်းရှိုင်း စဉ်းစာလိုက်သည်။

"နွမ်.. ဝမ်နွမ်"

ဝမ်လင်းက ပါးစပ်ကိုဖွင့်၍ ပြောလိုက်သည်။

အပိုင်း(၁၀၁၇) ပြီး၏

All Chapters