← Chapters

တစ်​ယောက်ကနေ ဆယ်ယောက်၊ဆယ်ယောက်ကနေ အ​ယောက်တစ်ရာ

Vol. 68 Ch. 1018

တစ်​ယောက်ကနေ ဆယ်ယောက်၊ဆယ်ယောက်ကနေ အ​ယောက်တစ်ရာ

Vol. 68 Ch. 1018

ဝမ်လင်းက သူ့ညီလေးသို့မဟုတ် ညီမလေးကို နာမည်ပေးရမည့်နေ့ ရောက်လာလိမ့်မည်ဟု မထင်ထားခဲ့ပေ။

တကယ်တမ်းတွင် ဖေဖေဝမ်နှင့်မေမေဝမ်က ဒုတိယမြောက်ရင်သွေးရလိမ့်မည်ဟု သူဘယ်တုန်းကမှ မတွေးခဲ့မိချေ။

ဆိုရလျှင်ဝမ်လင်းသည် သူ့အနာဂတ်ကိုပင် ရှင်းရှင်းလင်းလင်းမမြင်နိုင်ပေ။

သူ၏ဘဝနှောင်ကြိုးသည် ပေါ့ပါးနေပြီး သူ၏ မျက်ခုံးလှုပ်ခြင်းသတိပေးချက်နှင့် ကြိုတင်သိမြင်နိုင်စွမ်း အချို့ကြောင့်သာ ဘေးဆိုးများမှ ရှောင်ရှားနိုင်ခဲ့ခြင်း ဖြစ်၏။

အမှန်တကယ်တွင် ဝမ်လင်းသည်လည်း မွေးချင်းတစ်ယောက်ရှိရန်အတွက် မျှော်လင့်နေခဲ့သည်မှာ ကြာပြီဖြစ်သည်။

မေမေဝမ်၏ဗိုက်ထဲမှ ကလေးလေးက ညီလေး သို့မဟုတ် ညီမလေးဖြစ်ပါစေ ဝမ်လင်းက အစ်ကိုကြီးတစ်ယောက်အနေဖြင့် သူ့ညီလေး သို့မဟုတ် ညီမလေးကို အနိုင်ကျင့်ရန်အတွက် အမြဲ ကြိုးစားနေမည် မဟုတ်ပေ။

"ကလေးက ယောက်ျားလေးလား မိန်းကလေးလား.. ခေါက်ဆွဲအကြွပ်ကြော်ရော ကြိုက်လား.. သူ့လိုမျိုး ပုံမှန်မဟုတ်တဲ့ ထူးခြားချက်တွေနဲ့ မွေးဖွားလာမှာလား"

ဝမ်လင်းက အရာအားလုံးကိုသိရရန် မစောင့်ဆိုင်းနိုင်တော့ပေ။

ဝမ်နွမ်ဟူသောအမည်ကို သူ့အဘယ်ကြောင့် ရွေးချယ်ခဲ့ရပါသနည်း။

သူ၏နာမည်ရွေးချယ်မှုက ကိုယ်ရည်ကိုယ်သွေးကို ရောင်ပြန်ဟပ်နိုင်သည်ဟု ဝမ်လင်း ယူဆခဲ့သည်။

ဝမ်နွမ်ဟူသောအမည်အရ မွေးလာသောကလေးသည် နွေးထွေးမှုကို မည်သူ့အတွက်မဆို ဆောင်ကျဉ်းယူပေးနိုင်သည့် ပူပင်ကြောင့်ကြမဲ့သော ကလေးဖြစ်လာလိမ့်မည်ဟု သူယူဆခဲ့သည်။

အနည်းဆုံးတော့ သူ့လို အရာအားလုံးကို သတိထားပြီးရှင်သန်နေရမည့်သူ ဖြစ်မည်မဟုတ်ပေ။

"ဒါကနာမည်ကောင်းပဲ"

ဖေဖေဝမ်က ထောက်ခံလိုက်သည်။

"ဒါဆိုရင် ငါတို့ရဲ့ ဒုတိယမြောက်ကလေးအတွက် ဂုဏ်ပြုလက်ဆောင် ပြင်ဆင်ထားပြီးပြီလား"

မေမေဝမ်က သူမ၏ဗိုက်ကိုပွတ်ရင်း ဖေဖေဝမ်ကို ပြုံးပြလိုက်သည်။

"ပြင်ဆင်ထားပြီးပြီပေါ့ မိန်းမရယ်"

ထိုသို့ ပြောပြီးနောက်တွင် ဖေဖေဝမ်က သူ့ဘောင်းဘီအိတ်ကပ်ထဲရှိ သိုလှောင်အိတ်ထဲမှ ရတနာတစ်ခုကို ထုတ်ယူလိုက်သည်။

ထိုရတနာက ခမ်းနားသော အော်ရာကို ထုတ်လွှတ်လိုက်ရာ ချက်ချင်းဆိုသလိုပင် မျက်လုံးများကို မှင်တက်သွားစေခဲ့သည်။

မေမေဝမ်က အံ့အားသင့်သော မျက်လုံးများဖြင့် ထိုရတနာကိုစိုက်ကြည့်နေရင်း ပါးစပ်အဟောင်းသား ဖြစ်နေသည်။

"ဒါ.. ဒါက"

ဒါကငါစိတ်တိုင်းကျ ပြုလုပ်ထားတဲ့ ကျောက်စိမ်းလည်ဆွဲတစ်ခုပဲ.. ဆရာသခင် တစ်ယောက်က ဒီကျောက်စိမ်းလည်ဆွဲကို ကောင်းချီးပေးခဲ့သေးတယ်.. အဖိုးကြီးချန်းကို သိတယ်မဟုတ်လား

"ချန်းချောင်ရဲ့ အဖေကိုပြောတာလား"

"ဟုတ်တယ်.. ချန်းချောင်ငယ်စဉ်က အဖျားအရမ်းတက်တဲ့အတွက် ချန်းချောင်ရဲ့အဖေက ကောင်းချီးပေးတဲ့ ဆရာသခင်ကို ရှာဖွေခဲ့တယ်.. ရလဒ်အနေနဲ့ ဒီဆရာသခင်ရဲ့ ကောင်းချီးပေးမှုကြောင့် ချန်းချောင်က အပြည့်အဝပြန်လည်ကျန်းမာလာခဲ့တယ်.. အဲဒီ ဆရာသခင်နဲ့ ဒီကျောက်စိမ်းလည်ဆွဲကို ကောင်းချီးပေးခဲ့တဲ့ ဆရာသခင်က တစ်ယောက်တည်းပါပဲ.. ကလေးက ဒီကျောက်စိမ်းလည်ဆွဲကို ကြိုက်မှာ သေချာတယ်"

စကားပြောနေရင်း ဖေဖေဝမ်က မေမေဝမ်၏ နားကြပ်ကို ကောက်ကိုင်လိုက်ပြီး ပြုံးရွှင်စွာပြောလိုက်သည်။

"ကလေး.. ဒီကျောက်စိမ်းလည်ဆွဲကို သဘောကျလား"

သူ၏စကားဆုံးသည်နှင့် ဝမ်မိသားစုအိမ်ငယ်လေး အတွင်းရှိ ပရိဘောဂများသည် တစ်ပြိုင်နက် တုန်ခါလာခဲ့သည်။

ထိုအချိန်တွင် ဝမ်လင်းသည် မေမေဝမ်၏ ဝမ်းဗိုက်မှ ပေါက်ကွဲထွက်လာသော လေလှိုင်းလုံးများကို မြင်လိုက်ရသည်။

ထို့နောက်တွင် ကျောက်စိမ်းလည်ဆွဲသည် လုံးဝကို ကွဲကြေသွားတော့သည်။

လေလှိုင်းလုံးများကလည်း နောက်ထပ် ဖြစ်မလာတော့ဘဲ ငြိမ်သက်သွားခဲ့သည်။

ဖေဖေဝမ်၊ မေမေဝမ်နှင့် ဝမ်လင်း ..........

သူတို့သုံးယောက်က ဤမြင်ကွင်းကို ယခင်က မြင်ဖူးသလို ခပ်ရေးရေး ခံစားလိုက်ရသည်။

ဝမ်လင်း အံ့အားသင့်လောက်အောင်ပင် မေမေဝမ်၏ ဒုတိယကိုယ်ဝန်သတင်းသည် လျင်မြန်စွာပင် ပျံ့နှံ့သွားခဲ့သည်။

နွေရာသီအားလပ်ရက်၏ ၃၃ရက်မြောက်ဖြစ်သော စက်တင်ဘာလ ၁၅ ရက်နေ့ မနက်ခင်းတွင် ဝမ်လင်းသည် ကျိုးရီထံမှ မက်ဆေ့ချ်ကို လက်ခံရရှိခဲ့သည်။

ကျိုးရီက သူ့ထဲသို့ အသံမက်ဆေ့ချ် ပေးပို့လိုက်ခြင်းဖြစ်၏။

"ဆရာ.. ဆရာ့မှာညီလေး ဒါမှမဟုတ် ညီမလေး ရတော့မယ်လို့ကြားတယ်.. အဲဒါတကယ်ပဲလား"

ထိုမေးခွန်းကြောင့် ဝမ်လင်းက အံ့ဩသွားခဲ့သည်။

မေမေဝမ်၏ ဒုတိယကိုယ်ဝန်အကြောင်းကို ပင်လယ်ရွာလေးမှ လူများသာလျှင် သိထားကြသည်။

ဝမ်ကျန်းနှင့် လျူချင်းရီတို့က ယမန်နေ့က ထိုအကြောင်းကိုသတိပြုမိလျှင်ပင် ထိုအကြောင်းကို မည်သူ့ကိုမှ တစ်စုံတစ်ရာပြောခဲ့မည်မဟုတ်ပေ။

အကြောင်းအရင်းမှာ ၎င်းတို့က အခြားသူများ၏ကိစ္စကို စပ်စုဖို့ နေနေသာသာ အလွန် အလုပ်များနေသောကြောင့် ဖြစ်သည်။

နောက်တစ်ချက်မှာ ထိုနှစ်ယောက်က ပါးစပ်မဖွာ၍ ဖြစ်၏။

ထို့ကြောင့် ဝမ်လင်းက မေးခွန်းသင်္ကေတ ၃ ခုကို ပေးပို့လိုက်သည်။

???

ဝမ်လင်း၏တပည့်ဖြစ်သောကြောင့် ကျိုးရီက ထိုမေးခွန်း၏ အနှစ်သာရကို ချက်ချင်းပင် ဆုပ်ကိုင်မိလိုက်သည်။

သတင်းက မှန်ကန်နေလျှင် သူ့ဆရာက မဟုတ်ဘူးဟု ပြတ်ပြတ်သားသား အဖြေပေးလိမ့်မည် မဟုတ်ပါလော။

ဤမေးခွန်းသင်္ကေတ၏ အဓိပ္ပါယ် မင်းဘယ်လိုသိလဲ ဟူသောအဓိပ္ပါယ် ဖြစ်၏။

ရိုးသားစွာဝန်ခံရလျှင် ကျိုးရီသည် အမှတ်တမဲ့ သိခဲ့ရခြင်းဖြစ်သည်။

ကြေးမုံနန်းတော် အဖြစ်အပျက်ကို ဖြေရှင်းပြီးနောက်တွင် ဗုံးပစ်စီနီယာ အင်မော်တယ်သည် သစ်သီး ၂ သေတ္တာကို ဝယ်ယူခြင်းဖြင့် ၎င်းတို့၏ အကူအညီအတွက် မဟာဗျူဟာ လှည့်ဖြားမှု အထွေထွေရုံး၏ ဝန်ထမ်းတိုင်းကို ဆုချရန်စီစဉ်ခဲ့သည်။

ဆိုရလျှင် ဗုံးပစ်စီနီယာအင်မော်တယ်သည် ပင်လယ်ရွာ၏ အလွန်ကျော်ကြားသော လိမ္မော်သီးများဖြင့် ဆုချရန်စီစဉ်ခဲ့ခြင်း ဖြစ်၏။

အဆုံးသတ်တွင် ကျိုးရီသည် ဗုံးပစ်စီနီယာ အင်မော်တယ်၏ တာဝန်ပေးမှုဖြင့် ပင်လယ်ရွာကို ကားမောင်းသွားသည့်အခါတွင် ရွာသားများက မေမေဝမ်၏ ကိုယ်ဝန်အကြောင်းနှင့်ပတ်သတ်၍ စိတ်ပါလက်ပါ ဆွေးနွေးနေသည်ကို တွေ့လိုက်ရသည်။

ပင်လယ်ရွာလေးတွင် ဖိုးဖိုးဝမ်သည် အာရုံစူးစိုက်မှု၏ ဗဟိုချက် ဖြစ်ရာ ရွာသားများက ဝမ်မိသားစု အကြောင်းကို ဆွေးနွေးနေခြင်းမှာ အထူးအဆန်း မဟုတ်ပေ။

ထို့ကြောင့် သစ်သီးဝယ်ရန် ရောက်လာသည့် ကျိုးရီသည် မေမေဝမ်၏ ကိုယ်ဝန်အကြောင်းကို မမျှော်လင့်ဘဲ သိလိုက်ရသည်။

ထိုအချိန်တွင် သူ၏နှလုံးသားထဲမှ တုန်လှုပ်ခြောက်ခြားမှုက ပြောမပြတတ်လောက်အောင်ပင်။

သူ့အတွက်မူ သူ့ဆရာဝမ်လင်းသည် အလွန်တရာ သန်မာနေခဲ့ပြီ ဖြစ်သည်။

မေမေဝမ်၏ ဒုတိယမြောက်ကလေးသည် မည်သို့သော နတ်ဘုရား ဖြစ်မည်ကို သူတကယ် စိတ်ကူးပင် မယဉ်နိုင်ခဲ့ပေ။

အကယ်၍သာ မောင်နှမနှစ်ယောက် ရန်ဖြစ်လျှင် ရင်သပ်ရှုမောဖွယ်ရာ တိုက်ပွဲမြင်ကွင်းများ ဖြစ်ပေါ်လာနိုင်သည် မဟုတ်ပါလော။

ကျိုးရီ၏ ရှင်းပြချက်ကိုကြားပြီးနောက် ဝမ်လင်းက တိတ်ဆိတ်သွားခဲ့သည်။

ဝမ်မိသားစု အိမ်ငယ်လေးအနီးတွင် အိမ်နီးနားချင်း မည်သူမှ မရှိသဖြင့် မေမေဝမ်၏ ဒုတိယမြောက်ကိုယ်ဝန်အကြောင်းကို မည်သူမျှ သိမည်မဟုတ်ပေ။

ပင်လယ်ရွာလေးသည် မေမေဝမ်၏ ကိုယ်ဝန်အကြောင်းကို ပျံ့နှံ့စေသည့် တစ်ခုတည်းသောနေရာ ဖြစ်မည်မှာ သေချာသည်။

ဝမ်လင်းက မေမေဝမ်၏ ကိုယ်ဝန်သတင်း ထူးထူးခြားခြားပျံ့နှံ့သွားလိမ့်မည်ဟု မထင်ထားခဲ့ပေ။

ဝမ်လင်းသည် မေမေဝမ်၏ ဆန္ဒအရ အထူးသတင်းကို ထိန်းသိမ်းထားရန် ကျိုးရီအား အမိန့်ပေးခဲ့သည်။

သူ၏တပည့်ဖြစ်သည့် ကျိုးရီကလည်း သူ၏အမိန့်ကို သဘာဝအတိုင်း နာခံခဲ့၏။

သို့ရာတွင် အဆုံးသတ်တွင် မေမေဝမ်၏ ကိုယ်ဝန်သတင်းသည် မဟာဗျူဟာလှည့်ဖြားမှု အထွေထွေရုံး၏ လူတိုင်းဆီသို့ ရောက်ရှိသွားသည်။

နောက်တစ်နေ့ မွန်းလွဲပိုင်းတွင် ဗုံးပစ်စီနီယာ အင်မော်တယ်သည် ဒုတိယကိုယ်ဝန်ကို ဂုဏ်ပြုရန်အတွက် အရေးပေါ် အစည်းအဝေး တစ်ခုကိုပင် ကျင်းပခဲ့ပြီး လူတိုင်းသည် လက်ဆောင်များ ပြင်ဆင်ခြင်းဖြင့် အလုပ်များနေခဲ့ကြသည်။

ကျိုးရီက ငိုချင်စိတ်ပင် ပေါက်လာသည်။

ဤကိစ္စက သူနှင့် အမှန်တကယ် မသက်ဆိုင်ခဲ့ပေ။

ဝမ်လင်းက ကျိုးရီထံမှ ရှင်းပြချက်ကို တောင်းခံခဲ့သည်။

ဆရာ.. ဒါက ကျွန်တော့်အပြစ် မဟုတ်ပါဘူး

ကျိုးရီက မက်ဆေ့ချ်ဖြင့် ပုံများစွာကို ပေးပို့လိုက်သည်။

ဝမ်လင်းက ထိုပုံထဲတွင် ပင်လယ်ရွာရှိ လိမ္မော်သီးထုပ်များကို မြင်လိုက်ရသည်။

လိမ္မော်သီးများကို ကြည့်၍ လတ်ဆတ်သော လိမ္မော်သီးများသည် ပို၍ပင်အရသာရှိသည် ဟူသော စကားကို သူသတိရမိသည်။

ထိုအချိန်တွင် သူသည် လိမ္မော်သီးကို ထုပ်ထားသည့် စက္ကူပေါ်မှစာကို ဖတ်လိုက်ရသည်။

"ဂုဏ်ယူပါတယ် ဦးလေးဝမ်.. မင်းရဲ့ဒုတိယမြေးလေး အတွက် ဂုဏ်ယူပါတယ်"

အပိုင်း(၁၀၁၈) ပြီး၏

All Chapters