← Chapters

အခန်း (၂)

Vol. 1 Ch. 2

အခန်း (၂)

Vol. 1 Ch. 2

"ဒင်.. သင် တစ်မိနစ် လေ့ကျင့်လိုက်တဲ့အတွက် ကျင့်ကြံခြင်းအခြေခံ အတွေ့အကြုံရမှတ် ၁မှတ်ကို အဆ၁၀၀ ရရှိပါတယ်"

"............."

"ဒင်.. သင်က တစ်နာရီ လေ့ကျင့်ပြီးတဲ့နောက်မှာ ခန္ဓာကိုယ် ပြုပြင်ခြင်း အဆင့်၃ကို အောင်မြင်စွာ ရောက်ရှိသွားပါပြီ"

ထိုအချိန်မှာပင် ကျန်းချန်သည် သူ၏ ခန္ဓာကိုယ်စွမ်းအားက ယခင်ကထက် ပို၍ သန်မာလာသည်ကို ခံစားလာရ၏။

"မယုံနိုင်လောက်အောင်ကို ဒီအဆတစ်ရာ စနစ်က မိုက်လွန်းတယ်ဟ"

သူက တစ်နာရီသာ အတွင်းအား ကျင့်ကြံခဲ့သော်လည်း ခန္ဓာကိုယ် ပြုပြင်ခြင်းအဆင့်၂ကနေ ၃အထိ ဖြတ်ကျော်နိုင်သွားခဲ့ပြီ မဟုတ်ပါလား။

"ငါ့ခန္ဓာကိုယ်ရဲ့ ယခင်ပိုင်ရှင်က ခန္ဓာကိုယ်ပြုပြင်ခြင်း အဆင့်၂ မှာ တစ်နှစ်ကြီးတောင် ပိတ်မိနေခဲ့တာပဲ"

"အတွင်းအားလေး ကျင့်ကြံတာတောင် ဒီလောက်အလုပ်ဖြစ်တယ်ဆိုတော့ အတွင်းအားကို အထောက်အကူဖြစ်စေတဲ့ ဆေးတစ်လုံးသာ သောက်လိုက်ရင် ဘယ်လိုများ ဖြစ်လာနိုင်မလဲ"

ကျန်းချန်က မျက်လုံးများ တောက်ပလာပြီး ချက်ချင်းပင် စွမ်းအားမြှင့်ဆေးတစ်လုံးကို ထုတ်ယူကာ သောက်လိုက်သည်။

ဤစွမ်းအားမြှင့်ဆေးသည် ပထမအဆင့် ဆေးဝါးဟု မသတ်မှတ်နိုင်သည့် အဆင့်နိမ့် ဆေးဝါးတစ်မျိုးသာ ဖြစ်၏။

သို့သော် ဤအဆင့်နိမ့် ဆေးဝါးအမျိုးအစားကပင် ခန္ဓာကိုယ်ပြုပြင်ခြင်း အဆင့်ရှိသူများကို အတွင်းအားကျင့်ရာတွင် အထောက်အကူဖြစ်စေပြီး ရလဒ်ကို နှစ်ဆရရှိစေနိုင်၏။

"ဒင်.. သင်က စွမ်းအားမြှင့်ဆေးကို သောက်လိုက်တဲ့အတွက် တိုးတက်မှုအတွေ့အကြုံရမှတ် ၁၀၀​ကို အဆ၁၀၀ ရရှိခဲ့ပါတယ်"

"ဒင်.. သင်က ခန္ဓာကိုယ်ပြုပြင်ခြင်း အဆင့်လေးကို ဖြတ်ကျော်သွားပါပြီ"

"ဒင်.. သင်က ခန္ဓာကိုယ်ပြုပြင်ခြင်း အဆင့်ငါးကို ဖြတ်ကျော်သွားပါပြီ"

"ဒင်.. သင်က ခန္ဓာကိုယ်ပြုပြင်ခြင်း အဆင့်ခြောက်ကို ဖြတ်ကျော်သွားပါပြီ"

ကျန်းချန်က စွမ်းအားမြှင့်ဆေးကို သောက်ပြီးနောက်မှာပင် တိုးတက်မှုအသံများကို ဆက်တိုက်ကြားလိုက်ရသဖြင့် ခေါင်းပင် မူးဝေမလို ဖြစ်သွားခဲ့သည်။

"အဆင့်တောင်မရှိတဲ့ စွမ်းအားမြှင့်ဆေး တစ်လုံးလောက် သောက်လိုက်တာနဲ့ တခြားသူတွေ တစ်နှစ်လောက် ကြိုးစားရမယ့် အဆင့်သုံးဆင့်ကို တစ်ခါထဲ တက်သွားတာတဲ့လား"

"ငါတို့ ကျန်းမိသားစုရဲ့ လူငယ်တွေထဲမှာ လင်ယွင်ကျောင်းတော်ကို ဝင်သွားခဲ့တဲ့ ပါရမီရှင် ကျန်းရှင်းကို ထည့်မတွက်ရင် အသန်မာဆုံးပါ ဆိုတဲ့ ကျန်းယွင်ဟုန်တောင် ခန္ဓာကိုယ်ပြုပြင်ခြင်းအဆင့်ငါးမှာပဲ ရှိသေးတယ်"

"ဒါဆို ငါက အခု ကျန်းယွင်ဟုန်ထက် ပိုပြီး သန်မာလာပြီပေါ့"

"ဒီ အဆတစ်ရာ စနစ်က တကယ်ကို မယုံနိုင်လောက်အောင် မိုက်လွန်းတယ်...ဒီအတိုင်းဆို လင်ယွင်ကျောင်းတော်က ပါရမီရှင်တွေကိုတောင် အနိုင်ယူနိုင်မှာပဲ"

"ဒီနေ့က ငါ့ရဲ့ ဝင်ခွင့်ကို အပိုင်စီးပြီး လင်ယွင်ကျောင်းတော်ထဲ ဝင်ဖို့ ကျန်းယွင်ဟုန် စီစဉ်နေတဲ့နေ့ပဲ"

ကျန်းချန်က ခပ်တိုးတိုး ရေရွတ်လိုက်သည်။

သူ၏ မျက်လုံးထဲတွင် အလင်းရောင်များ ပြင်းထန်စွာ တောက်ပလာခဲ့သည်။

"ငါအခုသွားမယ်.. ကျန်းယွင်ဟုန်ကို အံ့အားသင့်စေမယ်.. ငါပိုင်ဆိုင်သင့်တဲ့ အရာမှန်သမျှ တခြားတစ်ယောက်ကို ခိုးယူခွင့်မပြုနိုင်ဘူး"

ကျန်းချန်က ချက်ချင်းပင် တံခါးကိုဖွင့်ကာ အပြင်သို့ ထွက်ရန်ပြင်လိုက်သည်။

သို့သော် သူတံခါးဖွင့်ပြီး မထွက်သွားခင်မှာပင် တံခါးရှေ့၌ လူတစ်ယောက်က ပိတ်ရပ်နေပြီး သူ့ကို တားဆီးလိုက်သည်။

ကျန်းချန်က ထိုလူကိုကြည့်ကာ လေသံခပ်မာမာ ပြောလိုက်သည်။

"ကျန်းခွမ်.. မင်းဘာဖြစ်လို့ ငါရှေ့မှာ တားဆီးနေတာလဲ"

"သခင်လေးကျန်းချန်.. မဟာအကြီးအကဲက သခင်လေးကို ဒီနေ့တစ်နေ့လုံး အခန်းထဲမှာပဲနေဖို့ အမိန့်ချလိုက်တယ်.. ဘယ်ကိုမှသွားခွင့်မပြုထားဘူး"

ကျန်းခွမ်က ကောက်ကျစ်စွာပြုံး၍ ပြောလိုက်သည်။

ကျန်းအိမ်တော်တွင် သခင်ကျန်းဝူရ ရှိစဥ်က ကျန်းခွမ်သည် ကျန်းချန်ကို လေးစားစွာ ဆက်ဆံခဲ့သော်လည်း ယခုအခါတွင်မူ ကျန်းချန်အပေါ် လေးစားမှု တစ်စိုးတစိမျှ မရှိတော့ပေ။

"ကျန်းခွမ်.. ငါသခင်လေး သွားချင်တဲ့နေရာကို မင်းမှာ တားပိုင်ခွင့်မရှိဘူး.. ခွေးကောင်းက လမ်းမပိတ်ဘူး.. ခုငါ့ရှေ့ကဖယ်စမ်း"

ကျန်းချန်၏ မျက်လုံးထဲတွင် အလွန်ပြင်းထန်သည့် အေးစက်စက် အရှိန်အဝါ တစ်ခု ထွက်ပေါ်လာသည်။

မဟာအကြီးအကဲ ကျန်းချမ်ဟဲသည် ကျန်းယွင်ဟုန်၏ အဘိုး ဖြစ်သည်။

ထို့ကြောင့် သူ့ကို တားထားသည်မှာ ကျန်းယွင်ဟုန်ကို အခွင့်ရေးပေးဖို့သာ ဖြစ်နိုင်၏။

ကျန်းချန်က ခွေးနဲ့နှိုင်းယှဉ်ပြီး ပြောလိုက်ရာ ကျန်းခွမ်၏ မျက်နှာက မည်းမှောင်သွားခဲ့သည်။

"သခင်လေးချန်း.. ကျေးဇူးပြုပြီး စကားကို ဆင်ဆင်ခြင်ခြင်ပြောပါ.. ဒါက မဟာအကြီးအကဲရဲ့.."

"ဖြောင်းး"

ကျန်းခွမ် စကားမဆုံးခင်မှာပင် ကျန်းချန်က သူ့လက်ကိုမြှောက်ကာ ကျန်းခွမ်၏ သောက်ခွက်ကို လက်ဝါးဖြင့် ရိုက်ချလိုက်သည်။

"ဒင်.. သင်က မျက်နှာကို လက်ဝါးဖြင့် ရိုက်လိုက်တဲ့အတွက် တိုးတက်မှုအတွေ့အကြုံရမှတ် ၁၀မှတ်ကို အဆ၁၀၀ ရရှိပါတယ်"

"ဒင်.. သင့်ရဲ့ အခြေခံလက်ဝါးနည်းစနစ်က ပြီးပြည့်စုံတဲ့အဆင့်ကို ရောက်သွားပြီး ဝမ်ဖျင်ကိုယ်ခံပညာရဲ့ လေခွဲလက်ဝါး အဆင့်အထိ အောင်မြင်စွာ မြှင်တင်နိုင်ခဲ့ပါပြီ"

အပိုင်း(၂) ပြီး၏

All Chapters