← Chapters

အခန်း (၁၄)

Vol. 1 Ch. 14

အခန်း (၁၄)

Vol. 1 Ch. 14

"ဟက်.. ဒီကောင်က အရူးပဲ.. သူတကယ်ပဲ ခန္ဓာကိုယ်ပြုပြင်ခြင်း ဆေးလုံးကို သန့်စင်ချင်နေတာလား"

ကျောင်းသားတစ်ယောက်က ကျန်းချန်ကို သံသယ အကြည့်ဖြင့် ကြည့်နေခဲ့သည်။

"ဟားဟား.. တချို့လူတွေက စွမ်းအားမြှင့်ဆေးလုံးကို မတော်တဆ သန့်စင်နိုင်တာနဲ့ပဲ သူတို့ကိုယ်သူတို့ အတော်လေး ဟုတ်နေပြီလို့ ထင်နေကြတယ်"

"ခန္ဓာကိုယ်ပြုပြင်ခြင်းဆေးလုံးက ပထမအဆင့် ဆေးဝါးပဲ.. ပထမအဆင့် အဂ္ဂိရတ်သခင်တွေတောင် ဆေးဖော်စပ်ရာမှာ အောင်မြင်မှုနှုန်း အလွန် နည်းပါးတယ်.. ဒီကောင့်ရဲ့ ယုံကြည်မှုက ဘယ်ကလာမှန်း ငါတကယ်မသိဘူး"

လင်းယန်က ကျယ်လောင်စွာ လှောင်ရယ်လိုက်သည်။

ကျန်းချန်က လင်းယန်၏ လှောင်ပြောင်မှုကို ဂရုမစိုက်ဘဲ ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။

ဒုတိယအဆင့် အဂ္ဂိရတ်သခင်၏ ခွန်အားနှင့် စနစ်၏ အလိုအလျောက် အစပျိုးသည့် အဆ 100 အောင်မြင်မှုနှုန်းဖြင့်ဆိုလျှင် ခန္ဓာကိုယ်ပြုပြင်ခြင်း ဆေးလုံးကို မျက်စိမှိတ်ကာ ဖင်ထောင်၍ပင် သန့်စင်နိုင်ပေသည်။

"အရိုးဖောက်မြက် နဲ့ သွေးငိုပန်းတို့လို ခန္ဓာကိုယ်ပြုပြင်ခြင်း ဆေးလုံးကို သန့်စင်ရာမှာ အဓိကကျတဲ့ ပစ္စည်းတွေ လိုအပ်လို့ ကျေးဇူးပြုပြီး ကူညီပေးပါလို့ ဆရာမစုကို တောင်းဆိုပါတယ်"

ကျန်းချန်က ပြုံးကာ စုလင်းရှန်းကို ပြောလိုက်သည်။

စုလင်းရှန်းက ဘာစကားမှ မပြောဘဲ အရိုးဖောက်မြက်နှင့် သွေးငိုပန်းကို အလျင်အမြန်ထုတ်ယူကာ ကျန်းချန်ရှေ့ရှိ စားပွဲတွင် တင်ထားလိုက်သည်။

ကျန်းချန်က ဆေးဖက်ဝင်ပစ္စည်းများကို စစ်ဆေးပြီးနောက်တွင် အဂ္ဂိရတ်ပြုလုပ်ရန် မီးဖို၏ အပူချိန်ကို မြှင့်လိုက်သည်။

သူ၏ လှုပ်ရှားမှုများက တုန်လှုပ်ခြင်း အလျဥ်းမရှိဘဲ အလွန်တရာ ချောမွေ့နေခဲ့သည်။

ဆယ်မိနစ်မပြည့်ခင်မှာပဲ ကျန်းချန်သည် ဆေးဖက်ဝင်ပစ္စည်းများ အားလုံးကို ဆေးမီးဖိုထဲသို့ တစ်ခုပြီးတစ်ခု ပစ်ထည့်လိုက်သည်။

သို့သော် ထိုအချိန်မှာပင် စာသင်ခန်းတံခါးကနေ လေပြင်းများက ရုတ်တရက် တိုက်ခတ်လာ၏။

တခဏအတွင်း ကျန်းချန် ထိန်းချုပ်ထားသည့် မီးသည် လေပြင်းအောက်တွင် မတည်မငြိမ် ဖြစ်သွားခဲ့သည်။

ထို့နောက်တွင် ဆေးမီးဖို၏ အတွင်းပိုင်းသည် မငြိမ်မသက်ဖြစ်လာပြီး ဆေးမီးဖိုသည် တုန်ခါနေခဲ့၏။

ဤသည်မှာ ရှေ့ပြေးနိမိတ် ဖြစ်သည်။

"သနားစရာပဲ"

ထိုမြင်ကွင်းကိုမြင်လျှင် စုလင်းရှန်းသည် ဝမ်းနည်းစွာဖြင့် ခေါင်းခါယမ်းလိုက်သည်။

ကျန်းချန်သည် ခန္ဓာကိုယ် ပြု​ပြင်ခြင်းဆေးကို ယခုတစ်ကြိမ် သန့်စင်ရာတွင် အမှန်တကယ်ပင် ကောင်းမွန်စွာ လုပ်ဆောင်နိုင်ခဲ့သည်။

စုလင်းရှန်း၏ ခန့်မှန်းချက်အရ မတော်တဆမှု မဖြစ်သရွေ့ ခန္ဓာကိုယ်ပြုပြင်ခြင်းဆေးကို သန့်စင်နိုင်မည့် ကျန်းချန်၏ အောင်မြင်မှုရာခိုင်နှုန်းသည် အနည်းဆုံး ၈၀မှ ၉၀ ရာခိုင်နှုန်းခန့် ရှိသည်။

သို့သော် လေပြင်းကြောင့် ကျန်းချန်၏ စည်းချက်ညီညီ လှုပ်ရှားမှုများသည် လုံးဝ ပြတ်တောက်သွားခဲ့ချေပြီ။

အဂ္ဂိရတ်ပညာရပ်သည် သိမ်မွေ့သော လုပ်ဆောင်မှုတစ်ခုဖြစ်ပြီး ပြင်ပအကြောင်းတရားများသည် အဂ္ဂိရတ်လုပ်ရာတွင် ကျရှုံးမှုကို ဖြစ်ပေါ်စေနိုင်သည်ါ

ထိုအကြောင်းတရားကြောင့် အဂ္ဂိရတ်သခင် အများစုသည် အဂ္ဂိရတ် လုပ်ဆောင်သောအခါတွင် အလုံပိတ်ခန်းထဲတွင်သာ လုပ်ဆောင်ဖို့ ရွေးချယ်တတ်ကြသည်။

ကျန်းချန်၏ အဂ္ဂိရတ် လုပ်ငန်းစဥ်အတွက် ဝမ်းနည်းနေချိန်တွင် စုလင်းရှန်းသည် ကျန်းချန်က ယန်းယန် မြက်ပင်တစ်ပင်ကို အမှန်တကယ် ကောက်ယူခဲ့ပြီး အရွက်နှစ်ရွက်ကို အမြန်ခြွေကာ မီးဖိုထဲသို့ ပစ်ထည့်လိုက်သည်ကို မြင်လိုက်ရသည်။

ချက်ချင်းဆိုသလိုပင် လှုပ်ယမ်းနေသော ဆေးမီးဖိုသည် တခဏအတွင်း ငြိမ်ကျသွားခဲ့၏။

ထိုမြင်ကွင်းကြောင့် စုလင်းရှန်း၏ လှပသော မျက်လုံးများသည် ရုတ်တရက် ပြူးကျယ်သွားခဲ့သည်။

"ဟားဟား.. ကျန်းချန်.. ယန်းယန်မြက်က ခန္ဓာကိုယ် ပြုပြင်ခြင်းဆေးကို သန့်စင်ဖို့အတွက် ပါဝင်ပစ္စည်း မဟုတ်ဘူး.. မင်းက ခန္ဓာကိုယ်ပြုပြင်ခြင်း ဆေးကို သန့်စင်ရာမှာ လိုအပ်တဲ့ ဆေးဖက်ဝင်ပစ္စည်းတွေကိုတောင် နားမလည်ဘဲ ဆေးလုံးကို သန့်စင်ချင်နေတာပဲ"

ကျန်းချန်၏ အဂ္ဂိရတ်လုပ်ဆောင်နေသည့် အခြေအနေကို အာရုံစိုက်၍ ကြည့်နေသော လင်းယန်က လှောင်ပြောင်လိုက်သည်။

ကျန်းချန်က လျစ်လျူရှုလိုက်ပြီး ဆေးလုံးသိပ်သည်းရန် အတွက် လက်ဟန်များကို အလျင်အမြန် ပြုလုပ်လိုက်သည်။

မကြာခင်မှာပင် ယခင်ကထက် အဆပေါင်းများစွာ ပို၍ပြင်းထန်သော ဆေးလုံးမွှေးရနံ့သည် ဆေးမီးဖိုထဲက တဖြည်းဖြည်း စိမ့်ထွက်လာခဲ့သည်။

"ဒင်.. ပထမအဆင့် ခန္ဓာကိုယ်ပြုပြင်ခြင်း ဆေးလုံးကို အောင်မြင်စွာ သန့်စင်နိုင်တဲ့အတွက် အတွေ့အကြုံရမှတ် ၁၀၀၀ကို အဆ၁၀၀ ရရှိပါတယ်"

"ဒင်.. သင်က တတိယအဆင့် အဂ္ဂိရတ်သခင်အဆင့်ကို အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ပါပြီ"

ကျန်းချန်က ဆေးမီးဖိုကို ဖွင့်ကာ လက်မအရွယ်ခန့်ရှိ ဆေးလုံးတစ်လုံးကို ထုတ်၍ လင်းယန်အား ပြုံးပြလိုက်သည်။

"မင်းအတွက်တော့ စိတ်မကောင်းဘူး.. ငါအောင်မြင်သွားပြီ"

"ဒါ.. ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ"

လင်းယန်သည် ကျန်းချန်၏ လက်ထဲမှ ခန္ဓာကိုယ် ပြုပြင်ခြင်းဆေးလုံးကို စိုက်ကြည့်ရင်း ယင်ကောင်ကို မျိုချမိသလို ခံစားလိုက်ရသည်။

"သူ တကယ်ကြီး အောင်မြင်ခဲ့တာလား"

"ကျန်းချန်က တော်လိုက်တာ.. ပထမအဆင့် ဆေးလုံးကိုတောင် အောင်အောင်မြင်မြင် သန့်စင်ပေးနိုင်တယ်"

"ဒါဆို သူက ရွှေအဆင့်ကျောင်းသား ဖြစ်ပြီပေါ့.. ဒီကောင်က ကောင်းကင်ကို ခြေတစ်လှမ်းထဲနဲ့ လှမ်းလိုက်တာပဲ"

ခဏအကြာတွင် အားလုံးသည် ကျန်းချန်ကို မနာလို မုန်းတီးသော အကြည့်များဖြင့် ကြည့်လိုက်ကြသည်။

အခန်း(၁၄) ပြီး၏

All Chapters