← Chapters

မီးဖိုထဲက စကားလုံးများ

Vol. 120 Ch. 1787

မီးဖိုထဲက စကားလုံးများ

Vol. 120 Ch. 1787

ဆူဇီမိုသည် စတုရန်းကြေးမီးဖိုအတွင်းရှိ အန္တရာယ်ကနေ မလွတ်​​မြောက်နိုင်ခင်မှာပင် သူသည် ၎င်းပေါ်ကို သက်ရောက်လာသော စုပ်ယူအားတစ်ခုကို ခံစားလိုက်ရ၏။

သူသည် မည်သို့မှ မတတ်နိုင်ဘဲ အဆုံးမဲ့ချောက်နက်ထဲသို့ ကျဆင်းသွားလေသည်။

ထို့နောက် ချက်ချင်း မဟူရာတွင်းနက်နှင့် ပတ်သက်သည့် ဘုရင်ယွင်ရို၏ အံအားတသင့်ရေရွတ်မှုကို ဆူဇီမိုက ကြားလိုက်ရ၏။

“မဟူရာတွင်းနက်တဲ့လား”

“အဲ့ဒါက ဘာပါလိမ့်”

ဆူဇီမို၏ အသိစိတ်ထဲမှာ သူ၏ အမြုတေစိတ်ဝိညာဥ်နှစ်ခုတွင် အဆုံးစွန်ယင်နှင့်ယန်၏ စွမ်းအားများပါဝင်နေပြီး သူတို့က ဖြည်းဖြည်းချင်းလှည့်ပတ်နေ၏။ သူ၏ အော်ရာက ဆက်တိုက်မြင့်တက်လာပြီး ရူးသွပ်ပေါက်ကွဲတော့မည့် အခြေအနေတစ်ရပ်သို့ စတင်ဝင်ရောက်လာကာ လဲပြိုကျတော့မည့် အရိပ်လက္ခဏာများပြသလာ၏။

ဆူဇီမိုသည် အခြားမည်သည့်အရာကိုမှ ထပ်မံ၍ မစဥ်းစားနိုင်တော့ပေ။

သူ၏ အသိစိတ်က ကသောင်းကနင်းဖြစ်လာခဲ့လေပြီ။

ဖန်တီးခြင်းကြာခုံသည် အောက်ဘက်ကနေ အမြုတေစိတ်ဝိညာဥ်နှစ်ခုရှိရာသို့ အစိမ်းရောင်အလင်းစီးကြောင်းများကို ​ပို့လွှတ်ပေးနေခြင်းကြောင့်သာ မဟုတ်လျှင် သူ၏ ဝိညာဥ်က ပျက်ပြယ်သွားသည်မှာ ကြာနေလောက်လေပြီ။

သူသည် အတွင်းပိုင်းရော အပြင်ပိုင်းမှာပါ အခက်အခဲပြဿနာများနှင့် ရင်ဆိုင်နေရ၏။

မဟူရာတွင်းနက်သည် အပြောင်းအလဲများစွာဖြစ်ပေါ်ပြီးနောက် အထက်ဘုံ၏ ကြယ်တာရာကောင်းကင်ထဲမှာသာ ဖြစ်ပေါ်လာနိုင်သော မြင်ကွင်းတစ်ခုဖြစ်လေသည်။

၎င်းသည် သက်ရှိများအားလုံးကို ဝါးမျိုနိုင်ပြီး အင်မော်တယ်ဘုရင်များပင်လျှင် ထိုအထဲသို့ ခြေချရဲခြင်းမရှိပေ။

စတုရန်းကြေးမီးဖိုက မဟူရာတွင်းနက်၏ စုပ်ယူခြင်းခံလိုက်ရသည်ကို တွေ့မြင်သောအခါ ဘုရင်ယွင်ရိုက တုန်လှုပ်သွားပြီး ဒေါသချောင်းချောင်း ထွက်သွားလေသည်။

သူသည် ဖန်တီးခြင်းကြာပဒုမ္မာကို ရရှိတော့မည့်ဆဲဆဲမှာပင် ၎င်းသည် မဟူရာတွင်းနက်ထဲသို့ ကျဆင်းသွားခဲ့၏။ သူ့မှာ သိပ်သည်းပြင်းထန်သော တိုက်ခိုက်ရည်ခွန်အားရှိသည်ဆိုလျှင်တောင် သူက ထိုအချိန်မှာ ဘာမှမတတ်နိုင်တော့ပေ။

ရွှစ်...

ထိုစဥ်မှာပင် ငွေရောင်အလင်းစီးကြောင်းတစ်ခုသည် မိုးကြိုးလျှပ်စီးတစ်ခုကဲ့သို့ ကြယ်တာရာကောင်းကင်၏ အစွန်းတစ်ဘက်ကနေ ထွက်ပေါ်လာပြီး မဟူရာတွင်းနက်ထဲသို့ ချက်ချင်းပင်ဝင်ရောက်သွား၏။

အဲ့ဒါက မြင်မြီးကျာပွတ်တစ်ခုဖြစ်လေသည်။

၎င်းက အသိစိတ်ရှိသည့်အလား မြင်းမြီးကျာပွတ်ပေါ်ရှိ ငွေရောင်ချည်မျှင်များက အလွန်တရာ ထူးခြားဆန်းပြားနေ၏။

သူတို့သည် မဟူရာတွင်းနက်ထဲသို့ ဝင်ရောက်သွားပြီး စတုရန်းကြေးမီးဖိုကို အထဲကနေပြန်လည်ဆွဲယူချင်နေ၏။

တိုက်ခိုက်လိုက်သောသူက ဘုရင်ယွင်ရိုမဟုတ်ဘဲ အခြားသောတစ်ယောက်ဖြစ်လေသည်။

သည့်ယခင်က ဘုရင်ယွင်ရိုသည် လျှို့ဝှက်ဆန်းကြယ်သော အမျိုးသမီးနှင့်တိုက်ခိုက်နေစဥ် ဤလူက ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း မရှိပေ။

သို့သော်လည်း ထိုအခိုက်အတန့်မှာ ဖန်တီးခြင်းကြာပဒုမ္မာက မဟူရာတွင်းနက်၏ ဝါးမျိုခြင်းခံရတော့မည်ကို တွေ့မြင်သောအခါ သူက နောက်ဆုံးမှာ ငြိမ်မနေနိုင်တော့ဘဲ ဓမ္မရတနာတစ်ခုကို ဆင့်ခေါ်ထုတ်လိုက်လေသည်။

သို့သော်လည်း မြင်းမြီးကျာပွတ်ပေါ်ရှိ ငွေရောင်ချည်မျှင်များက မဟူရာတွင်းနက်ထဲသို့ ဝင်ရောက်သွားသည့်ခဏမှာပင် မှေးမှိန်ကျသွားလေသည်။

ငွေရောင်ချည်မျှင်များသည် စတုရန်းကြေးမီးဖို၏ အထက်သို့ရောက်ရှိလာချိန်မှာ သူတို့သည် အရှိန်အဟုန်ကုန်ဆုံးသွားခဲ့ပြီဖြစ်ပြီး မဟူရာတွင်းနက်၏ စွမ်းအားဖြင့် ဆုတ်ဖြဲခြင်းကိုခံလိုက်ရ၏။

တစ်ခဏချင်းမှာပင် ငွေရောင်ချည်မျှင်များက ဖုန်မှုန့်များအဖြစ်သို့ ကြေမွပျက်စီးသွားလေသည်။

ထိုအချိန်တိုအတွင်းမှာ စတုရန်းကြေးမီးဖိုသည် မဟူရာတွင်းနက်၏ အနက်ပိုင်းထဲသို့ တိုးဝင်ကာပျောက်ကွယ်သွားခဲ့လေပြီ။

“အား...”

လျှို့ဝှက်ဆန်းကြယ်သော အမျိုးသမီးက ထိုသည်ကို တွေ့မြင်သောအခါ သက်ပြင်းချ၍ နောက်သို့ဆုတ်ခွာသွား၏။

ဘုရင်ယွင်ရို၏ မျက်နှာက သတ်ဖြတ်လိုစိတ်ဖြင့် ပြည့်နှက်နေ၏။

သူက သူမနောက်သို့ပြေးလိုက်တော့မည့်ဆဲဆဲမှာပင် ဘေးကနေ အသံတစ်သံထွက်ပေါ်လာ၏။

“မသွားနဲ့တော့... မင်းရဲ့တိုက်ခိုက်ရည်ခွန်အားက သူ့ထက်သန်မာတယ်ဆိုပေမယ့် မင်းက သူ့ကိုလိုက်မီမှာ မဟုတ်ဘူး”

“အဲ့ဒီအမျိုးသမီးက ဘယ်သူလဲ”

ဘုရင်ယွင်ရို၏ အမူအရာက ညိုမဲနေလေသည်။

“အဲ့ဒီအမျိုးသမီးကို မြူခိုးတစ်လွှာက လွှမ်းခြုံထားတဲ့ပုံပဲ... သူ့ရဲ့ရုပ်ရည်သွင်ပြင်ကို ရှင်းရှင်းလင်းလင်း မမြင်ရဘူး... သူဘယ်သူလဲဆိုတာ မင်းပြောနိုင်လား”

ကြယ်တာရာကောင်းကင်၏ အခြားတစ်ဘက်မှာ မြင်းမြီးကျာပွတ်ပြောင်တစ်ခုကိုကိုင်ဆွဲထားသည့် ပုံရိပ်တစ်ခုက ခပ်ရေးရေးပေါ်ထွက်လာ၏။

အဲ့ဒါသည် စောစောက စတုရန်းကြေးမီးဖိုကို ပြန်ဆွဲယူချင်သော ပုဂ္ဂိုလ်ဖြစ်လေသည်။

“ငါမပြောနိုင်ဘူး”

ထိုလူကပြောလိုက်၏။

“ဒါပေမဲ့... ကောင်းကင်ဘုံကမ္ဘာမှာ အဲ့လိုနည်းလမ်းမျိုးကိုပိုင်ဆိုင်ထားတဲ့လူက များများစားစား မရှိလောက်ဘူး “

“သေစမ်းကွာ”

ဘုရင်ယွင်ရိုက မကျေမချမ်းဖြစ်နေပြီး မုန်းတီးစွာပြောလိုက်၏။

“ငါက အဲ့ဒီကောင်လေးရဲ့ ကိုယ်ပွားတစ်ခုကို ဖျက်ဆီးဖို့အတွက်နဲ့ မင်းကိုပါခေါ်လာခဲ့ရတာ”

ထိုလူကလည်း အနည်းငယ် မကျေမနပ်ဖြစ်နေပုံရပြီး အေးစက်စွာနှာတစ်ချက်မှုတ်လိုက်၏။

“ငါက မင်းနဲ့လိုက်လာပြီး ဘာမှမရတဲ့အပြင် ငါ့ရဲ့ ကောင်းကင်လိုဏ်ဂူ ဓမ္မရတနာတစ်ခုကိုပါ ဆုံးရှုံးလိုက်ရတယ်... ငါ့ရဲ့ မြင်းမီးကျာပွတ်ကို နှစ်ပေါင်းသိန်းချီကြာအောင် ပျိုးထောင်လာခဲ့ရတာ... အဲ့ဒါက အခုတော့ ဒီမဟူရာတွင်းနက်ထဲမှာ ပျက်စီးသွားပြီ”

ရုတ်တရက် ဘုရင်ယွင်ရိုက ပြောလိုက်၏။

“ဒါပေမဲ့... ငါတို့နှစ်ယောက်လုံး အတွက်မှားခဲ့ကြတာပဲ... အဲ့ဒီ ယိုယွင်းပျက်စီးနေတဲ့ ကြေးမီးဖိုက တကယ့်ကိုရှားရှားပါးပါး ရတနာတစ်ခုပဲ”

“မှန်တာပေါ့ကွာ”

ထိုလူက ခေါင်းညိတ်ပြလိုက်၏။

“ငါ့ရဲ့ မြင်းမြီးကျာပွတ်က မဟူရာတွင်းနက်ထဲမှာ ဆုတ်ဖြဲခံလိုက်ရတယ်... ဒါပေမဲ့ အဲ့ဒီကြေးမီးဖိုက အက်ကွဲကြောင်းတွေနဲ့ ပြည့်နှက်နေတာတောင် လုံးလုံးကြေမွမသွားဘူး... သူ့မှာ စွမ်းအားကြီးမာတဲ့ နောက်ခံတစ်ခုရှိတယ်ဆိုတာ သိသာနေပြီ”

“ဒါပေမဲ့ အဲ့ဒါကို အခုပြောလည်း အလကားပဲ... မဟူရာတွင်းနက်ထဲကို ကျဆင်းသွားတဲ့ အဲ့ဒီကြေးမီးဖိုကို ဘယ်လိုမှပြန်ယူနိုင်မှာ မဟုတ်တော့ဘူး”

ထိုသို့ပြောပြီးသည်နှင့် ထိုလူ၏ ပုံရိပ်က တဖြည်းဖြည်း ဖျော့တော့ကာ ပျောက်ကွယ်သွားလေသည်။

ဘုရင်ယွင်ရိုက နေရာမှာပင် မတ်တတ်ရပ်ပြီး မလှမ်းမကမ်းရှိမဟူရာတွင်းနက်ကို ငေးကြည့်နေ၏။

အတန်ကြာအောင်မတ်တတ်ရပ်နေပြီးနောက် သူက မကျေမချမ်းဖြစ်နေသော်လည်း ဘာမှမတတ်နိုင်ဘဲ ထွက်ခွာသွားလေသည်။

.......

မဟူရာတွင်းနက်ထဲမှာ မည်သည့်အချိန် သို့မဟုတ် မည်သည့်အလင်းရောင်မှ မရှိပေ။

အတွင်းမှာရှိသောလေဟာနယ်သည် အဆက်မပြတ် တွန့်လိမ်၍ ထိုအထဲသို့ကျဆင်းလာသော မည်သည့်အရာမဆို မဟူရာတွင်းနက်၏ စွမ်းအားဖြင့် အပိုင်းပိုင်းဆုတ်ဖြဲခံရပေလိမ့်မည်။

အဲ့ဒီမှာမဟူရာတွင်းနက်၏ စွမ်းအားကို ခုခံနိုင်သော အဆုံးစွန်ရတနာတစ်ခုခုရှိမည်ဆိုလျှင်တောင် သူတို့သည် ဤနေရာကနေ မည်သို့မျှ ပြန်လည်ထွက်ခွာနိုင်တော့မည် မဟုတ်ပေ။

မဟူရာတွင်းနက်က အဆုံးမဲ့မှောင်မည်းသော သမုဒ္ဒရာတစ်စင်းကဲ့သို့ဖြစ်၏။

ထိုအခိုက်အတန့်မှာ ပျက်စီးယိုယွင်းနေသော လေးထောင့်ကျကျကြေးမီးဖိုတစ်လုံးက ထိုသမုဒ္ဒရာထဲမှာ လွင့်မျောနေ၏။

ပုံမှန်အခြေအနေအောက်မှာဆိုလျှင် အမှောင်ထုဖြင့်ပြည့်နှက်နေသည့် မဟူရာတွင်းနက်ထဲမှာ မည်သည့်အလင်းရောင်မှ မရှိသင့်ပေ။

သို့သော် ယခုအခါ စတုရန်းကြေးမီးဖိုက ခပ်ဖျော့ဖျော့အရောင်အဝါတစ်ခုကိုဖြာထုတ်ပေးနေ၏။

ဒါ့အပြင် အချိန်ကြာလာသည်နှင့်အမျှ စတုရန်းကြေးမီးဖိုကနေ ဖြာထုတ်ပေးနေသည့် အလင်းရောင်က သိပ်သည်းအားကောင်းလာခဲ့၏။

စတုရန်းကြေးမီးဖိုအတွင်းမှာ ထူးဆန်းသောအပြောင်းအလဲတစ်ရပ်က ဖြစ်ပွားနေ၏။

မဟူရာတွင်းနက်ကနေ ခြေမွှဖျက်ဆီးပစ်ခဲ့သော မြင်းမြီးကျာပွတ်၏ ငွေရောင်ချည်မျှင်များသည် ငွေရောင်ဖုန်မှုန့်များအဖြစ် ပြောင်းလဲသွားသောအခါ သူသည် မဟူရာတွင်းနက်ထဲမှာ ပြန့်ကျဲသွားသင့်လေသည်။ သို့သော်လည်း ထူးဆန်းသည်မှာ စတုရန်းကြေးမီးဖိုထဲကနေ စွမ်းအားကြီးမားသော စုပ်ယူအားတစ်ခုက ပစ်လွင့်ထွက်ပေါ်လာပြီး ငွေ​ရောင်ဖုန်မှုန့်များအားလုံးကို စုပ်ယူလိုက်လေသည်။

ငွေရောင်ဖုန်မှုန့်များသည် ကောင်းကင်ဘုံကိုးလွှာ သက်ရှိမြေဆီလွှာကိုဖြတ်ကျော်ပြီး စတုရန်းကြေးမီးဖိုထဲသို့ ကျဆင်းလာခဲ့၏။

ဆူဇီမို၏ အသိစိတ်က ရှုပ်ထွေးနောက်ကျိနေသော်လည်း သူက အဲ့ဒါကို အာရုံခံမိနိုင်ဆဲ ဖြစ်၏။

ထို့နောက်ချက်ချင်းပင် စတုရန်းကြေးမီးဖိုက ဆူပွက်လာနေသည်ကို သူက အာရုံခံမိလိုက်၏။

ထိုအပူက ဆူဇီမိုကို မထိခိုက်စေသော်လည်း ၎င်းသည် ငွေရောင်ဖုန်မှုန့်များအားလုံးကို အရည်ဖျော်ချကာ အလွန်တရာစွမ်းအားကြီးမားသော အော်ရာတစ်ခုကို ထွက်ပေါ်လာစေ၏။

ငွေရောင်ဖုန်မှုန့်များက ကြေမှုန့်နေသော်လည်း ၎င်းသည် ဘာပဲပြောပြော ကောင်းကင်လိုဏ်ဂူဓမ္မရတနာတစ်ခုဖြစ်ခဲ့ဖူး​လေသည်။

၎င်းမှာပါဝင်သော ပစ္စည်းများနှင့် စွမ်းအားက အလွန်တရာ တုန်လှုပ်စရာ​ကောင်းလေသည်။

ထိုအခိုက်အတန့်မှာ စတုရန်းကြေးမီးဖိုသည် ငွေရောင်ဖုန်မှုန့်များကို အရည်ဖျော်ချပြီးနောက် သူ့သဘောနှင့်သူ ထိုစွမ်းအားကို စတင်စုပ်ယူနေ၏။

စတုရန်းကြေးမီးဖိုသည် ငတ်ပြတ်နေသော လူတစ်ယောက်ကဲ့သို့ ထိုစွမ်းအားကို အားရပါးရ ဝါးမျိုနေလေသည်။

စတုရန်းကြေးမီးဖိုမှာ အနား​လေးဖက်ပါရှိလေသည်။

ထိုဖြစ်စဥ်အတွင်း စတုရန်းကြေးမီးဖို၏ အတွင်းဘက်နံရံများပေါ်ရှိ အက်ကွဲကြောင်းက တစ်စတစ်စ ပြန်လည်ကောင်းမွန်လာနေ၏။

အစတုန်းက ကောင်းကင်ဘုံကပ်ဘေး၏ ဆေးကြောသန့်စင်မှုကိုခံယူပြီး ကောင်းကင်နှင့်မြေကြီး အမြုတေချီကို စုပ်ယူပြီးနောက် စတုရန်းကြေးမီးဖိုမှာ ပြောင်းလဲမှုတချို့ရှိလာခဲ့ပြီဖြစ်၏။

၎င်းသည် ခပ်ဖျော့ဖျော့အရောင်အဝါတစ်ခုကို ဖြာထုတ်ပေးခြင်းဖြင့် တုံ့ပြန်လာခဲ့ပြီးပြီဖြစ်လေသည်။

သို့သော်လည်း မီးဖိုသည် ယိုယွင်းပျက်စီးနေဆဲ ဖြစ်ပြီး ပြန်လည်ကောင်းမွန်လာမည့် မည်သည့်လက္ခဏာကိုမှ မပြသခဲ့ပေ။

သို့သော် ယခုအခါ စတုရန်းကြေးမီးဖိုသည် ငွေရောင်ဖုန်မှုန့်များကို ဝါးမျိုသန့်စင်ပြီးနောက် သူဘာသာသူ ပြန်လည်ကုသနေ၏။

ဆူဇီမိုသည် ထိုသည်ကိုသတိထားမိသောအခါ ကျေနပ်နှစ်ခြိုက်သွား၏။

ထိုစဥ်မှာပင် သူ၏ အသိစိတ်ထဲမှာ နောက်ထပ်ကြမ်းတမ်းသော ရိုက်ခတ်သံတစ်သံက ထွက်ပေါ်လာ၏။

သူသည် မိုးကြိုးပစ်ချခံရသည့်အလား ဆူဇီမို၏ မျက်နှာက ဖြူဖျော့သွားပြီး သူက သတိလစ်လုမတတ် ဖြစ်သွားရလေသည်။

သူ၏ အသိစိတ်ထဲမှာ အမြုတေစိတ်ဝိညာဥ်နှစ်ခုကြား ရစ်ပတ်မှုသည် သိပ်သည်းအားကောင်းလာပြီး သူက အဲ့ဒါကို ဆက်လက်၍ တောင့်မခံနိုင်တော့ပေ။

သူက အဖြေတစ်ခုကို မစဥ်းစားနိုင်ဘူးဆိုလျှင် သူ၏ အမြုတေစိတ်ဝိညာဥ်နှစ်ခုက လုံးဝလဲပြိုကျသွားပြီး သူ၏ ဝိညာဥ်ကပါ လွင့်ပြယ်သွားရပေလိမ့်မည်။

“အား... အား... အား...”

ဆူဇီမိုသည် သူ၏ လက်သီးနှစ်ဖက်ကိုဆုပ်ပြီး အလွန်တရာနာကျင်နေသော အမူအရာနှင့်အတူ အော်ဟစ်လိုက်၏။

ရုတ်တရက်ဆိုသလို... ။

ဆူဇီမို၏ မျက်လုံးရှေ့တွင် ရွှေရောင်အလင်းတစ်ခုက ဖြာလပ်သွားသည်ဟုထင်ရ၏။

သူက မျက်လုံးနှစ်ဖက်ကို ပြူးကျယ်၍ အဲ့ဒါကိုကြည့်လိုက်၏။

စတုရန်းကြေးမီးဖို၏ အနားတစ်ဘ​က်ပေါ်ရှိ အက်ကွဲကြောင်းများက ကောင်းမွန်လာခဲ့ပြီး အတွင်းဘက်နံရံများ၏ တစ်ဘက်ပေါ်တွင် စာကြောင်းတချို့ပေါ်ထွက်လာခဲ့လေသည်။ ထိုစာကြောင်းများက ရွှေရောင်ဖျော့ဖျော့အလင်းတစ်ခုနှင့်အတူ တလက်လက်တောက်ပနေ၏။

All Chapters