← Chapters

နတ်နဂါးတစ်ကောင် နိုးထလာခြင်း

Vol. 120 Ch. 1790

နတ်နဂါးတစ်ကောင် နိုးထလာခြင်း

Vol. 120 Ch. 1790

မဟူရာတွင်းနက်ထဲမှာ အခြားသောသက်ရှိများရှိမည်ဆိုလျှင် သူတို့သည် တလက်လက်တောက်ပနေသော စတုရန်းကြေးမီးဖိုကို သေချာပေါက် ရှာဖွေတွေ့ရှိပေလိမ့်မည်။

စတုရန်းကြေးမီးဖို၏ အနားသုံးဖက်က ယိုယွင်းပျက်စီးနေသော်လည်း မီးဖို၏ နံရံတစ်ဘက်ပေါ်ရှိ အက်ကွဲကြောင်းများက ပြန်လည်ကောင်းမွန်လာခဲ့လေပြီ။

မီးဖို၏ ပြန်လည်ကောင်းမွန်လာသော နံရံပေါ်တွင် အပေါ်သို့ နွယ်တက်နေသော နတ်နဂါးတစ်ကောင်၏ ပုံစံကို ထွင်းထုထားလေသည်။ အဲ့ဒါက အသက်ဝင်နေပြီး အင်အားကြီးမားသော စွမ်းပကားတစ်ခုကို ဖြာထုတ်ပေးနေ၏။

မီးဖို၏ နံရံပေါ်တွင် ထွင်းထုထားသော နတ်နဂါးသည် သူ၏ မျက်လုံးနှစ်ဖက်ကိုမှိတ်ကာ သူ၏ ဦးခေါင်းက ကျယ်ပြောလှသော လောကကို မျက်နှာမူနေ၏။

ရုတ်တရက်ဆိုသလို...

နတ်နဂါးသည် အသက်ဝင်လာပုံရပြီး သူ၏ မျက်လုံးနှစ်ဖက်က ရုတ်တရက်ပွင့်လာခဲ့၏။ သူ၏ အကြည့်က နက်ရှိုင်းနေပြီး သက်ရှိများအားလုံးကို မထီမဲ့မြင်ပြုနိုင်သည့် ပြိုင်ဘက်ကင်းအော်ရာတစ်ခုကို ဖြာထုတ်ပေးလာ၏။

“ဂါး...”

ခမ်းနားထည်ဝါသော နဂါးဟိန်းသံတစ်သံက ထွက်ပေါ်လာခဲ့၏။

နတ်နဂါးသည် မီးဖို၏ နံရံပေါ်ကနေ ဖြည်းဖြည်းချင်း ကြွတက်လာခဲ့၏။ ၎င်းကို အေးစက်စက်အလင်းတစ်ခုဖြင့် တောက်ပနေသည့် အစိမ်းရောင်ကြေးခွံများက ဖုံးအုပ်ထားပြီး သူ၏ လက်သည်းများက အရာရာတိုင်းကို ထိုးဖောက်နိုင်သည့်အလား အလွန်တရာထက်ရှနေ၏။

စတုရန်းကြေးမီးဖိုပေါ်ရှိ နတ်နဂါးက အမှန်တကယ် အသက်ဝင်လာခဲ့လေသည်။

သူသည် ဘေးပတ်လည်ကို ကြည့်ရှုပြီးနောက် သူရောက်ရှိနေသည့်နေရာကို နားလည်သိရှိသွားပုံရ၏။ သူ၏ ဧရာမအမြီးက စတုရန်းကြေးမီးဖိုကို ရစ်ပတ်ပြီး အရပ်တစ်ဘက်သို့ ပျံသန်းလိုက်လေသည်။

“နဂါးဟိန်းသံလား”

စတုရန်းကြေးမီးဖိုထဲမှာ ဆူဇီမိုက ငေးငိုင်ပျောက်ဆုံးနေသော အမူအရာတစ်ခုနှင့်အတူ တီးတိုးရေရွတ်လိုက်၏။

“ငါက ထင်ယောင်ထင်မှားတွေ လျှောက်ကြားနေတာလား”

အဲ့ဒီနောက် ချက်ချင်းပင် သူသည် ဦးတည်ဘက်တစ်ခုဆီသို့ ရုတ်တရက်အလျင်အမြန်ရွေ့လျားသွားသည့်အလား သူ၏ ခန္ဓာကိုယ်က အတွင်းဘက်နံရံနှင့် ပြင်းထန်စွာ ရိုက်ခတ်မိသွားလေသည်။

သူသည် ထိုကဲ့သို့မခံစားရတော့သည်မှာ အရမ်းကိုကြာမြင့်သွားခဲ့လေပြီ။

မဟူရာတွင်းနက်ထဲမှာ ဆူဇီမိုသည် အချိန်စီးဆင်းမှု ၊ ဦးတည်ဘက် သို့မဟုတ် သူရွေ့လျားနေသလားဆိုတာကိုပင် အာရုံမခံနိုင်ခဲ့တော့ပေ။ သို့သော် ယခု ထိုခံစားချက်များအားလုံးက သူ့ထံသို့ ပြန်လည်ရောက်ရှိလာခဲ့ပြီဖြစ်၏။

သူက အဲ့ဒါကို မယုံကြည်နိုင်သေးပေ။

အတန်ကြာပြီးနောက် ဆူဇီမိုသည် သူ၏ ခန္ဓာကိုယ်က ပေါ့ပါးသွားသည်ဟု ရုတ်တရက်ခံစားလိုက်ရ၏။

သူသည် ကျဥ်းကျုတ်သော စတုရန်းကြေးမီးဖိုထဲမှာရှိနေသေးသော်လည်း သူသည် ရူးချင်စရာကောင်းသော ထိုခံစားချက်ကို ဆက်လက်၍ မရရှိတော့ပေ။

အတန်ကြာအောင် စောင့်ဆိုင်းနေခဲ့ရသော အော်ရာတစ်ခုက ကောင်းကင်ဘုံကိုးလွှာ သက်ရှိမြေဆီလွှာကနေတစ်ဆင့် စတုရန်းကြေးမီးဖိုထဲသို့ စိမ့်ဝင်ထိုးဖောက်လာခဲ့၏။

အဲ့ဒါသည် ကောင်းကင်နှင့်မြေကြီး အမြုတေချီဖြစ်ပုံရလေသည်။

ထို့နောက်ချက်ချင်းပင် ဆူဇီမိုသည် အချိန်စီးဆင်းမှုကို အာရုံခံမိလိုက်၏။

“ငါက မဟူရာတွင်းနက်ထဲကနေ ထွက်လာနိုင်ခဲ့ပြီလား”

ဆူဇီမို၏ မျက်လုံးက တုန်လှုပ်မှုဖြင့် ပြူးကျယ်သွား၏။ အစိမ်းရောင်နတ်နဂါးသည် စတုရန်းကြေးမီးဖိုကိုရစ်ပတ်ပြီး မဟူရာတွင်းနက်ထဲကနေ ရုန်းထွက်လာစဥ် သူ၏ စွမ်းအားက ကုန်ခန်းသွားပုံရပြီး အရောင်အဝါမှေးမှိန်သွားလေသည်။

မဟူရာတွင်းနက်ထဲမှာ အချိန်ကြာမြင့်စွာ လွင့်မျောနေခဲ့ပြီးနောက် စတုရန်းကြေးမီးဖိုသည် ဘုရင်ယွင်ရို တိုက်ခိုက်ခဲ့သောနေရာနှင့် လုံးဝကို သွေဖယ်သွားခဲ့လေပြီ။

ဘေးပတ်ဝန်းကျင်သည် ကြယ်တချို့လွင့်မျောနေသော ကြယ်တာရာကောင်းကင်ဖြစ်လာခဲ့၏။

ကြယ်များ၏ အခြားတစ်ဘက်တွင် အဆုံးမဲ့သည်ဟုထင်ရသော ဧရာမအရိပ်ကြီးတစ်ခုရှိနေ၏။

နတ်နဂါးသည် ခဏမျှအာရုံခံပြီးနောက် စတုရန်းကြေးမီးဖိုကို သဲ့ယူကာ ထိုအရိပ်၏ ဘေးနားရှိ ကြယ်တစ်စင်းထံသို့ ဆင်းသက်လိုက်လေသည်။

အစကတော့ စတုရန်းကြေးမီးဖို၏ ဆင်းသက်လာမှုအရှိန်အဟုန်သည် ထိန်းချုပ်မှုအောက်မှာရှိနေလေသည်။

နတ်နဂါးကနေ ဖြာထုတ်ပေးနေသည့်အလင်းရောင်က မှေးမှိန်သွားပြီး နောက်ဆုံးမှာတော့ အဲ့ဒါသည် အစိမ်းရောင်အလင်းတန်းတစ်ခုအသွင်ပြောင်းလဲကာ စတုရန်းကြေးမီးဖို၏ နံရံနှင့် ပြန်လည်ပေါင်းစည်းသွားခဲ့လေသည်။

စတုရန်းကြေးမီးဖိုသည် ထိန်းချုပ်မှုကနေ လွတ်ထွက်သွားပြီး ပို၍လျင်မြန်စွာကျဆင်းလာခဲ့၏။

စတုရန်းကြေးမီးဖိုထဲမှာ ဆူဇီမိုသည် တစ်စုံတစ်ရာလွဲမှားနေသည်ကို ရုတ်တရက် နားလည်သိရှိသွား၏။ သူက ကောင်းကင်ဘုံကိုးလွှာ မြေဆီလွှာကို ကပျာကယာသိမ်းဆည်းပြီး သူ၏ စိတ်ဝိညာဥ်အသိစိတ်ကို ထုတ်ဖော်ကာ အပြင်ဘက်ရှိအခြေအနေကို စစ်ဆေးကြည့်ချင်လေသည်။

ထိုအခိုက်အတန့်မှာ ဘေးပတ်ဝန်းကျင်သည် စတုရန်းကြေးမီးဖို၏ အလွန်တရာလျင်မြန်စွာ ကျဆင်းမှုကြောင့် မီးတောက်များဖြင့် လောင်ကျွမ်းနေခဲ့ပြီဖြစ်၏။

ဆူဇီမိုသည် မဟူရာတွင်းနက်ထဲမှာ အချိန်ကြာမြင့်စွာ နေထိုင်ခဲ့ရပြီး ယခုရုတ်တရက် လွတ်မြောက်လာသည့်အခါ သူ၏ တုံ့ပြန်မှုက နှေးကွေးသွားဆဲ ဖြစ်၏။

သူက ထိတ်လန့်သွားပြီး စတုရန်းကြေးမီးဖို၏ အလျင်အဟုန်ကို ထိန်းချုပ်ချင်သော်လည်း အဲ့ဒါက နောက်ကျလွန်းသွားခဲ့လေပြီ။

ဘုန်း...

အဲ့ဒီမှာ ကျယ်လောင်သောမြည်သံတစ်သံ ထွက်ပေါ်လာ၏။

စတုရန်းကြေးမီးဖိုသည် ကြယ်တစ်စင်းပေါ်သို့ ပြင်းထန်စွာ ကျဆင်းသွားခဲ့ပြီဖြစ်ပြီး တထောင်းထောင်းထလာသော ဖုန်လုံးများနှင့်အတူ ကြီးမားသောတွင်းချိုင့်တစ်ခုကို ဖြစ်ပေါ်သွားစေ၏။

ဆူဇီမိုသည် စတုရန်းကြေးမီးဖိုထဲမှာရှိနေသော်လည်း သူသည် ကြီးမားပြင်းထန်သော ရိုက်ချက်တစ်ခုကို တွေ့ကြုံခံစားရကာ လွင့်စင်ထွက်သွားလေသည်။ သူသည် မြေပြင်ပေါ်မှာပေပေါင်းများစွာ ဒလိမ့်ခေါက်ကွေးလိမ့်ဆင်းပြီးမှ ရပ်တန့်သွားခဲ့၏။

ဤတစ်ခေါက်မှာတော့ ဆူဇီမိုက ဒဏ်ရာအပြင်းအထန် ရရှိသွားခဲ့လေပြီ။ သူ၏ ဦးခေါင်းထဲမှာ ချာချာလည်နေပြီး သူ၏ အရွတ်များနှင့် အရိုးများက ကွဲထွက်ကုန်သကဲ့သို့ ခံစားနေရ၏။

တကယ်တော့... ဘုရင်ယွင်ရို၏ တိုက်ခိုက်မှုနှင့် မဟူရာတွင်းနက်ထဲရှိ ရူးချင်စရာကောင်းသော ခံစားချက်နှင့်နှိုင်းစာလျှင် ဤထိခိုက်ဒဏ်ရာများက သူ့အတွက် ဘာမှမဟုတ်ပေ။

သူ့အတွက်အရေးကြီးဆုံးမှာ ရှင်သန်နိုင်ဖို့သာဖြစ်လေသည်။

သူသည် ဘုရင်ယွင်ရို၏ လိုက်လံဖမ်းဆီးမှုနှင့် မဟူရာတွင်းနက်ထဲကနေ လွတ်မြောက်လာခဲ့လေပြီ။

သူ့ခန္ဓာကိုယ်ပေါ်ရှိ နာကျင်မှုက မခံမရပ်နိုင်အောင်ဖြစ်ပြီး သူသည် ဖုန်များသဲများနှင့် အလိမ်းလိမ်းဖြစ်နေသော်လည်း ဆူဇီမိုသည် ကျေနပ်နှစ်ခြိုက်နေမိ၏။

ထိုစဥ်မှာပင် လူများစွာသည် ရုတ်ရုတ်သဲသဲ အသံကိုကြားလိုက်ရပြီး ဤနေရာသို့ အပြေးအလွှားလာနေကြသည့်အလား အဝေးကနေ ဆူညံပွက်လောရိုက်နေသောအသံများကို ကြားလိုက်ရလေသည်။

ဆူဇီမိုက ရယ်မိသွားလေသည်။

သူသည် မဟူရာတွင်းနက်ထဲမှာ မည်သည့်အသံ သို့မဟုတ် မည်သည့်အသက်ဓာတ်မှ မရှိဘဲ အချိန်ကြာမြင့်စွာ လွင့်မျောနေခဲ့ရ၏။

ဤလူများသည် မိတ်ဆွေများလား ရန်သူများလား သို့မဟုတ် သူတို့သည် ဘယ်လိုတည်ရှိမှုမျိုးဖြစ်သည်ကို သူမသိရှိသော်လည်း ထိုအသံများသည် ယခုအချိန်မှာ ဆူဇီမိုအတွက် အလွန်တရာနွေးထွေးပျူငှာမှုရှိနေသည်ဟုထင်ရ၏။

“ဘာဖြစ်သွားတာလဲ... ဘာလို့အဲ့လောက်ထိ အုန်းအုန်းကျက်ကျက်ဖြစ်နေကြတာလဲ”

“စောစောက မိုးပေါ်ကနေ မီးလုံးတစ်လုံးထိုးဆင်းလာတာကို ငါတွေ့လိုက်တယ်... အဲ့ဒါက ဥက္ကာခဲတစ်ခုဖြစ်မယ်ထင်တယ်... ကြည့်ရတာတော့ အဲ့ဒါက သွမ့်ထန်လန်ရဲ့ စီရင်ပိုင်ခွင့်အောက်က စိတ်ဝိညာဥ်စိုက်ခင်းဖြစ်တဲ့ပုံပဲ”

ချက်ချင်းပင် ဆူဇီမိုသည် အဝေးကနေချဥ်းကပ်လာနေသော ရှုပ်ယှက်ခတ်နေသည့် ခြေသံများကို ကြားလိုက်ရ၏။

“ဟာ... ဘယ်လိုတောင်လဲဟ”

တစ်စုံတစ်ယောက်က ပင့်သက်ကို ရှိုက်လိုက်၏။

“အဲ့ဒီဥက္ကာခဲကြောင့် ဖြစ်လာတဲ့တွင်းချိုင့်ကြီးက စိတ်ဝိညာဥ်စိုက်ခင်းရဲ့ ဆယ်မူကျော်ကိုတောင် ဖျက်ဆီးပစ်လိုက်တာပဲ... အမြုတေအားဖြည့်မြက်နဲ့ မိုးနှင်းပန်းတွေ အကုန်လုံးက ပျက်စီးသွားပြီ”

“ဟီးဟီး... အဲ့ဒါက သဘာဝကပ်ဘေးတစ်ခုပဲ ဘယ်သူ့ကိုမှ အပြစ်တင်လို့မရဘူး... သွမ့်ထန်လန့်ကတော့ ငိုရလွန်းလို့ သေတောင်သွားနိုင်တယ်”

တစ်စုံတစ်ယောက်က အူမြူးအားရစွာပြောလိုက်၏။

“အသံကိုလျှော့ထားစမ်းပါ... မင်းပြောတာသူမကြားစေနဲ့ အဲ့ဒီဝတုတ်က အရမ်းကိုစိတ်ဆတ်တယ်... တော်ကြာ မင်းပြောတာကို သူသိသွားရင် ငါတို့ပေါ်ကို သူ့ရဲ့ဒေါသတွေလာပုံချနေဦးမယ်”

ဆူဇီမိုသည် ပြင်းထန်စွာကျဆင်းမှုကနေ ယခုအချိန်ထိ ပြန်လည်သက်သာမလာသေးပေ။ သူသည် မြေပြင်ပေါ်မှာ ခြေပစ်လက်ပစ်လဲချပြီး သူ၏ ဒဏ်ရာများကို ကုသဖို့အတွက် တိတ်တဆိတ်ဖြင့် အားဖြည့်နေ၏။

အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာ၏ ပြန်လည်ကုသနိုင်စွမ်းအရ ဤကဲ့သို့သော ဒဏ်ရာများသည် နာရီဝက်မကြာခင်မှာပင် သက်သာပျောက်ကင်းသွားနိုင်၏။

အဲ့ဒါက ပါးလွှာသော်လည်း ဆူဇီမိုသည် သူ၏ ဘေးပတ်လည်မှ ကောင်းကင်နှင့်မြေကြီး အမြုတေချီကို အာရုံခံမိနိုင်၏။

သူထင်တာ မမှားဘူးဆိုလျှင် ဤနေရာက အထက်ဘုံလောက ဖြစ်ရပေမည်။

အထက်ဘုံလောကမှာ လောကသုံးထောင်ရှိပြီး သူသည် ဘယ်ကမ္ဘာသို့ ကျဆင်းသွားခဲ့သည်ကို မသိရသေးပေ။

မလှမ်းမကမ်းကနေ လာနေသည့်လူများ ပြောဆိုနေကြသည့် အမြုတေအားဖြည့်မြက်နှင့် မိုးနှင်းပန်းများကို သူတစ်ခါမှ မကြားဖူးပေ။

“အာ...”

ထိုစဥ်မှာပင် တစ်စုံတစ်ယောက်က အံအားတသင့်ရေရွတ်လိုက်၏။

“အဲ့ဒါက ဥက္ကာခဲကြွေကျတာ မဟုတ်လောက်ဘူး... ဟိုတွင်းချိုင့်အောက်မှာ ကြေးမီးဖိုတစ်လုံးရှိနေတယ်”

“တကယ်ပဲ ဟုတ်တယ်ဟ”

လူများစွာသည် ချဥ်းကပ်လာကြပြီး သူတို့ထဲမှ အချို့သည် သူတို့၏ စူးစမ်းလိုစိတ်ကို မထိန်းနိုင်ဘဲ ကြေးမီးဖိုကိုမတင်ရန်အတွက် တွင်းချိုင့်ထဲသို့ ခုန်ချလိုက်ကြ၏။

“ဟင်း...”

ထိုလူက အသက်ရှုထုတ်လိုက်လေသည်။ ကြေးမီးဖိုကို မယူလိုက်ပြီးနောက် သူက အဲ့ဒါကို ပြင်းထန်စွာပစ်ချလိုက်၏။

“ဒါကြီးကတော်တော်လေးတာပဲ”

“ဒီကြေးမီးဖိုက ဘယ်အဆင့်ဓမ္မရတနာပါလိမ့်”

အဲ့ဒါက ဘာဓမ္မရတနာပဲဖြစ်ဖြစ် သုံးစားလို့ မရတော့ဘူး... ဒီလောက်တောင် ယိုယွင်းပျက်စီးသွားမှတော့ ဘာများလုပ်လို့ရဦးမှာလဲ”

ထိုလူသည် ကြေးမီးဖိုကို သူ၏ ခြေရင်းသို့ ပစ်ချပြီး ပြန်လှည့်မကြည့်တော့ပေ။

ကြေးမီးဖိုသည် ကောင်းကင်ထ​က်ကနေ အရှိန်အဟုန်ဖြင့်ကျဆင်းလာပြီး မြေပြင်နှင့်ပြင်းထန်စွာရိုက်ခတ်မိသောကြောင့် ကြေမွပျက်စီးသွားသည်ဟု လူတိုင်းက အလိုလိုတွေးထင်လိုက်ကြ၏။

ဆူဇီမိုက စိတ်ထဲကနေ ရယ်မောလိုက်လေသည်။

စတုရန်းကြေးမီးဖို၏ နံရံတစ်ဘက်က ပြန်လည်ကောင်းမွန်လာသော်လည်း အခြားသောနံရံသုံးဘက်က ချုံးချုံးကျနေဆဲ ဖြစ်၏။

ဤလူများကို မပြောနှင့် ဘုရင်ယွင်ရိုကဲ့သို့ ပညာရှင်တစ်ဦးပင်လျှင် အဲ့ဒါကို အကဲဖြတ်များခဲ့လေသည်။

“ဟိုမှာရှိတဲ့ ပေပေါင်းများစွာရှည်လျားတဲ့တွင်းချိုင့်ကြီးက ဘာလို့ဖြစ်လာတာလဲ”

တစ်စုံတစ်ယောက်က တွင်းချိုင့်၏ အစွန်းတစ်ဘက်ကို လက်ညိုးထိုးပြီး မျက်မှောင်ကြုတ်လိုက်၏။

လူတိုင်းသည် ထိုတွင်းချိုင့်ရှိရာဘက်သို့ လှည့်ကြည့်လိုက်ကြ၏။

“ဟိုမှာ... တစ်ယောက်ယောက်ရှိတဲ့ပုံပဲ”

“ဒီတွင်းချိုင့်က မြေပြင်ပေါ်မှာလဲကျနေတဲ့ အဲ့ဒီလူကြောင့်ဖြစ်လာတာလား”

“မြန်မြန်ကြည့်ကြဦး”

“ဘာမှကြည့်စရာမလိုတော့ဘူး... စိတ်ဝိညာဥ်စိုက်ခင်းကတောင် ဒီလောက်အတိုင်းအတာအထိ ပျက်စီးသွားတယ်ဆိုမှတော့... အသွေးအသားခန္ဓာကိုယ်တစ်ခုက အဲ့ဒါကို ဘယ်လိုလုပ် ခံနိုင်ရည်ရှိမှာလဲ သူက သေသွားတာဖြင့် ကြာနေလောက်ပြီ”

All Chapters