← Chapters

ရှချင်းယင်

Vol. 120 Ch. 1793

ရှချင်းယင်

Vol. 120 Ch. 1793

ဆူဇီမိုသည် သူ့လက်ထဲရှိပုလင်းနှင့် ဖုန်မှုန့်ဖယ်ရှားအဆောင်ကိုကြည့်ပြီး ညင်သာစွာပြုံးလိုက်၏။ သူက အမျိုးသမီးငယ်ကိုကြည့်ပြီး မေးလိုက်လေသည်။

“မိန်းမပျို... ခင်ဗျားကို ကျုပ်ဘယ်လိုခေါ်ရမလဲ”

ထိုမေးခွန်းက အနည်းငယ်မပြေပြစ်ရာကျလေသည်။

ဘာပဲပြောပြော အပြင်လူများအတွက်တော့ သူတို့နှစ်ယောက်ကြား အဆင့်အတန်းနှင့် ကျင့်ကြံမှုအဆင့် ကွာဟချက်က ကြီးမားလေသည်။

သို့သော်လည်း အမျိုးသမီးငယ်၏ မျက်လုံးထဲတွင် အပြစ်တင်လိုသည့် မည်သည့်အရိပ်အယောင်မှမရှိဘဲ သူမက ညင်သာစွာပြုံးရုံသာပြုံးပြလိုက်၏။

“မင်းကိုယ်မင်း ဘာကောင်ထင်နေတာလဲ”

ထိုစဥ်မှာပင် ခေါင်းဆောင်တပ်မှူးလျန့်က ရှေ့သို့တက်လှမ်းလာပြီး ဆူဇီမိုကို အေးစက်စွာစိုက်ကြည့်လိုက်၏။

“မင်းလိုမျိုးအောက်တန်းစားတစ်​ယောက်က သခင်မလေးရဲ့နာမည်ကို မေးဖို့ အဆင့်မမီဘူး”

“အောက်တန်းစား...”

ဆူဇီမိုက မျက်ခုံးပင့်ကာကြည့်လိုက်၏။

သူ့ကျင့်ကြံမှု၏ ဤအဆင့်ထိ တစ်စုံတစ်ယောက်က သူ့ကို အောက်တန်းစားဟုခေါ်ဆိုသည်ကို သူကပထမဆုံးအကြိမ်ကြားရခြင်းဖြစ်၏။

“လျန့်ချိုး”

အမျိုးသမီးငယ်က မျက်မှောင်အနည်းငယ် ကြုတ်ပြီး မနှစ်မြို့ဟန်ဖြင့် တစ်ချက်စွေကြည့်လိုက်၏။

“ဒီမှာရှိတဲ့လူတိုင်းက အောက်ဘုံကနေတက်လှမ်းလာကြတာချည်းပဲ... ငါတို့ကြားမှာ အဆင့်အတန်းခွဲခြားမှု မရှိရဘူးလို့ ငါနင့်ကို ဘယ်နှစ်ခါပြောခဲ့ပြီးပြီလဲ”

“နင်က သူ့ထက် နှစ်သုံးလေးသောင်းပိုစောပြီး တက်လှမ်းလာရုံပဲ... နင်သူ့ကိုဘာလို့လှောင်ရတာလဲ”

“သခင်မ... ခင်ဗျားပြောတာမှန်ပါတယ်”

လျန့်ချိုးက ပျက်ယွင်းသွားသောအမူအရာနှင့်အတူ သူ၏ ခေါင်းကို ငုံ့လိုက်သော်လည်း သူက ခွန်းတုံ့ပြန်ရဲခြင်း မရှိပေ။

အမျိုးသမီးငယ်က ဆူဇီမိုကိုကြည့်ပြီး တောင်းပန်သလိုပြုံးပြလိုက်၏။

“ကျွန်မရဲ့နာမည်က ရှချင်းယင်... လျန့်ချိုးက ပင်ကိုယ်အားဖြင့်မဆိုးပါဘူး... သူက ဒီတိုင်းပဲစိတ်လိုက်မာန်ပါပြောမိလိုက်ရုံပဲ... အဲ့ဒါကို စိတ်ထဲထည့်မထားပါနဲ့”

ဆူဇီမိုကပြုံး၍ ခေါင်းညိတ်ပြလိုက်၏။

လျန့်ချိုးက ဆူဇီမိုကို တိတ်တဆိတ်ဖြင့် စိုက်ကြည့်ပြီး အမျိုးသမီးငယ်ကို တီးတိုးပြောဆိုလိုက်၏။

“သခင်မ... ဒီနေရာမှာ ဘာမှမရှိတော့ဘူးဆိုရင် သွားကြရအောင်”

အမျိုးသမီးငယ်က ခေါင်းညိတ်လိုက်ပြီး နောက်တစ်ဖန်လှည့်ထွက်သွားလေသည်။

“ကဲကဲ... တော်လောက်ပြီ... အားလုံးပဲ မင်းတို့ရဲ့ စိတ်ဝိညာဥ်စိုက်ခင်းတွေကို သွားပြန်ကြည့်ကြဦး... ဒီမှာကြည့်စရာဘာမှမရှိတော့ဘူး”

ရှချင်းယင်နှင့် လျန့်ချိုးတို့ ထွက်ခွာသွားသည်ကိုတွေ့မြင်သောအခါ သွမ့်ထျန်လန်က ခါးကိုမတ်ပြီး လူတိုင်းကို ဝံကြွားစွာ အမိန့်ပေးလိုက်၏။

လူများစွာသည် ဆူဇီမိုကို သနားနေသောအမူအရာများဖြင့် ကြည့်လိုက်ကြပြီးနောက် လူစုခွဲထွက်ခွာသွားကြ၏။

သွမ့်ထျန်လန်က ဆူဇီမိုရှိရာသို့ လျှောက်လှမ်းလာလေသည်။

သူက ဝဝဖိုင့်ဖိုင့်ဖြစ်ပြီး အရပ်မောင်းမြင့်မားခြင်းမရှိပေ။ သူသည် ဆူဇီမိုရှေ့သို့ရောက်ရှိလာသောအခါ သူက ခေါင်းကိုပင်မော့၍ ကြည့်လိုက်ရ၏။

ဆူဇီမို၏ အမူအရာက မှင်သေသေဖြင့် ရှိနေပြီး သူ၏ အကြည့်က တည်​ငြိမ်နေ၏။

သွမ့်ထျန်လန်က လှောင်ရယ်လိုက်လေသည်။

“တောသားလူနုံ... ဘာမှမပူနဲ့ မင်းကိုအရင်ဆုံးအနားယူဖို့ သခင်မက အမိန့်ပေးထားတယ်... အဲ့ဒါကြောင့် ငါမင်းကိုအခက်တွေ့အောင်လုပ်မှာ မဟုတ်ဘူး”

“ဒါနဲ့... မင်းက အဲ့ဒီနေရာမှာ နေရလိမ့်မယ်”

သွမ့်ထျန်လန်က မလှမ်းမကမ်းတွင်ရှိသော ကောက်ရိုးတဲတစ်လုံးကို လက်ညိုးထိုးပြလိုက်၏။

ဆူဇီမိုသည် ထိုလူကို အရေးလုပ်လိုစိတ်မရှိပေ။ တွင်းချိုင့်နားသို့လျှောက်လှမ်းသွားပြီး သူက စတုရန်းကြေးမီးဖိုကို သိမ်းဆည်းကာ ကောက်ရိုးတဲရှိရာသို့ လျှောက်လှမ်းသွားလေသည်။

“ထွီ...”

ဆူဇီမို၏ နောက်ကျောကိုကြည့်ပြီး သွမ့်ထျန်လန်က တံတွေးထွေးကာ လှောင်ရယ်လိုက်လေသည်။

“ငါ့လခွမ်းတဲ့မှ... အဆင့် ၁ မဟူရာအင်မော်တယ်တစ်ယောက်က ဘာတွေလာပြီးဇောင်းကြွနေတာလဲ”

“နောက်ရက်နဲနဲနေရင် ဘာလဲဆိုတာ မင်းသိရလိမ့်မယ်”

ကောက်ရိုးတဲသည် ဝါးကုတင်တစ်လုံး စားပွဲတစ်လုံးနှင့် ဝါးထိုင်ခုံအချို့နှင့်အတူ ရိုးရှင်းပြီး အကြမ်းထည်ဆန်လေသည်။ ဆူဇီမိုသည် စတုရန်းကြေးမီးဖိုထဲမှာ သူ၏ ခန္ဓာကိုယ်ကို ကွေးညွှတ်၍ နှစ်ပေါင်းများစွာကုန်ဆုံးခဲ့ရပြီး မဟူရာတွင်းနက်ထဲကနေ ယခုတင်လွတ်မြောက်လာခဲ့ခြင်းဖြစ်၏။

သူ့အတွက်တော့... ဤကောက်ရိုးတဲက ယခုအချိန်မှာ သုခဘုံတစ်ခုဖြစ်လေသည်။

ဆူဇီမိုသည် တဲထဲသို့ဝင်ရောက်သွားပြီးနောက် သူသည် ဖုန်မှုန့်ဖယ်ရှားအဆောင်ကို ချိုးခြေကာ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားတစ်ခုကို သူ့ပေါ်သို့ လွှမ်းခြုံသွားစေ၏။

တစ်ခဏချင်းမှာပင် သူ့ခန္ဓာကိုယ်ပေါ်ရှိ အညစ်အကြေးများက လုံးဝပျောက်ကွယ်သွားလေသည်။

သူသည် သိုလှောင်အိတ်ထဲကနေ အစိမ်းရောင်ဝတ်စုံအသစ်တစ်စုံကို ထုတ်ယူပြီး အဲ့ဒါကို ဝတ်ဆင်ကာ စဥ်းစားတွေးတောနေ၏။

သူသည် အထက်ဘုံသို့ တက်လှမ်းလာပြီး နဂါးအသူရာချောက်နက်ကြယ်သို့ ရောက်ရှိလာခဲ့သော်လည်း သူ့မှာ သံသယများစွာရှိနေဆဲ ဖြစ်၏။

အကြီးမားဆုံး သံသယမှာ ဤနေရာက ဘယ်ကမ္ဘာထဲတွင် ပါဝင်သလဲဆိုတာပင်။

လူတိုင်းသည် အောက်ဘုံကနေ တက်လှမ်းလာသည်ဟု ရှချင်းယင်က ပြောခဲ့လေသည်။

သူမသည် နှင်းလေတောင်ကြောရိုးရှိ လူတိုင်းကို ရည်ညွှန်းပြောဆိုတာလား... သို့မဟုတ် နဂါးအသူရာချောက်နက်ကြယ်တစ်ခုလုံးကိုပြောနေတာလား…

ကြယ်တစ်ခုလုံးကိုပြောနေတာဆိုလျှင် အဲ့ဒါက ထူးဆန်းနေလေသည်။

ဤကဲ့သို့ ကြီးမားသော ကြယ်တစ်စင်းပေါ်မှာ အထက်ဘုံ၏ ဒေသခံသက်ရှိများ မရှိကြဘူးလား။

နောက်ပြီး အဲ့ဒီမှာ သူ့ကျင့်ကြံမှု၏ ကိစ္စလည်းပါဝင်လေသည်။

သူသည် ကောင်းကင်ဘုံကပ်ဘေး လေးခုကိုဖြတ်ကျော်၍ တက်လှမ်းလာပြီးနောက် အဆင့်-၁ မဟူရာအင်မော်တယ်တစ်ယောက်သာ ဖြစ်လာခဲ့၏။

ဒါ့အပြင် သူစိုက်ပျိုးရမည့် အင်မော်တယ်ဆေးပင်နှစ်ပင်၏ အသုံးဝင်ပုံကိုလည်း မသိရှိပေ။

ထိုစဥ်မှာပင် အပြင်ဘက်ကနေ ခြေသံများထွက်ပေါ်လာ၏။

ဆူဇီမိုက မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။

သွမ့်ထျန်လန်က သူ့ကိုပြဿနာရှာဖို့အတွက် ဒီထက်ပိုပြီး မစောင့်နိုင်တော့ဘူးလား။

“လူငယ်လေး”

ထိုစဥ်မှာပင် တံခါးဝနားသို့ လူတစ်ယောက်ရောက်ရှိလာပြီး ညင်သာစွာခေါက်ကာ အော်ခေါ်လိုက်၏။

ဆူဇီမိုက အနည်းငယ်မှင်တက်သွား၏။

“ဝင်ခဲ့လေ”

ထိုလူက တံခါးကို တွန်းဖယ်ပြီး ဝင်ရောက်လာခဲ့၏။

သူ၏ မျက်နှာက အညိုရောင်ဖြစ်ပြီး ရိုးသားပုံရသော မျက်နှာအမူအရာရှိလေသည်။ သူသည် ဆူဇီမိုဘက်ကနေ ဝင်ရောက်ပြောဆိုပေးခဲ့သော လူများထဲမှတစ်ယောက်ဖြစ်လေသည်။

ဆူဇီမိုက ဤလူအပေါ် ကောင်းမွန်သော ထင်မြင်ချက်တစ်ချို့ရှိလေသည်။

ဆူဇီမိုသည် အညစ်အကြေးများကို သန့်စင်ပြီး သေသပ်စွာဝတ်ဆင်ထားသည်ကို တွေ့မြင်သောအခါ ထိုလူက မှင်တက်သွား၏

“လူငယ်လေး... မင်းက တော်တော်ငယ်သေးတာပဲ... ရုပ်ရည်ကလည်း သန့်သန့်ပြန့်ပြန့်နဲ့ စာပေပညာရှင်တစ်ယောက်လိုပဲ”

သူက ပြုံး၍ပြောလိုက်လေသည်။

အဲ့ဒီနောက် သူသည် တစ်စုံတစ်ရာကို အမှတ်ရသွားသည့်အလား မျက်လုံးပြူး၍ မေးလိုက်လေသည်။

“လူငယ်လေး... မင်းဒဏ်ရာတွေဘယ်ရောက်ကုန်တာလဲ... စောစောတုန်းက...”

“အဲ့ဒါတွေက ဒဏ်ရာအသေးအဖွဲလေးတွေပါ... သခင်မလေးပေးတဲ့ဆေးလုံးတွေကို စားပြီးတဲ့နောက် ကျုပ်အဆင်ပြေသွားပါပြီ”

ဆူဇီမိုက သူ့လက်ထဲရှိပုလင်းကို ဝေ့ယမ်းပြလိုက်၏။

တကယ်တော့... အဲ့ဒါသည် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာ၏ စွမ်းအားကြီးမားသော ပြန်လည်ကုသနိုင်စွမ်းကြောင့်သာဖြစ်လေသည်။

ဆူဇီမိုသည် စကားလမ်းကြောင်းပြောင်းပြီး သူ၏ လက်သီးနှစ်ဖက်ကို ယှက်ပြလိုက်၏။

“ကျုပ်ခင်ဗျားကို ဘယ်လိုခေါ်ရမလဲ... တာအိုရောင်းရင်း ခင်ဗျားဘာလို့ ဒီကိုရောက်လာတာလဲ”

“ဟေး... “

ထိုလူက လက်ကာပြလိုက်၏။

“နှင်းလေတောင်ကြောရိုးမှာ စည်းမျဥ်းစည်းကမ်းတွေ များများစားစားမရှိဘူး... မင်းက ငါ့ကို လူအိုကြီးယန်လို့ခေါ်လို့ရတယ်... ကြံဖန်ပြီးပြောရရင်တော့ ငါက အင်မော်တယ်လယ်သမားတစ်ယောက်ပေါ့... တကယ်တော့ ငါက ဒီတိုင်းသာမန်လယ်သမားတစ်ယောက်ပါပဲ”

“ဒါနဲ့... ကျုပ်အခုချိန်ထိ သေချာမသိသေးဘူး... ဝိညာဥ်အားဖြည့်မြက်နဲ့ မိုးနှင်းပန်းတွေကို ဘယ်လိုနေရာမှာ သုံးရတာလဲ”

ဆူဇီမိုက လူအိုကြီးယန်၏ စကားလမ်းကြောင်းအတိုင်း လိုက်ပါပြောဆိုလိုက်၏။

“အဲ့ဒီအင်မော်တယ်ဆေးပင်တွေကို အမြုတေစုဖွဲ့ဆေးလုံးလို့ခေါ်တဲ့ အင်မော်တယ်ဆေးလုံးတစ်လုံးကို သန့်စင်တဲ့နေရာမှာ သုံးတာပဲ”

လူအိုကြီးယန်က ပြောလိုက်၏။

“မင်းက ကောင်းကင်နဲ့မြေကြီး အမြုတေချီကို စုပ်ယူဖို့အတွက် ပုံမှန်ဝင်သက်ထွက်သက်ကိုပဲ သုံးမယ်ဆိုရင် မင်းရဲ့ကျင့်ကြံမှုက အရမ်းကို နှေးကွေးသွားလိမ့်မယ်... အဲ့ဒီ အမြုတေစုဖွဲ့ဆေးလုံးတွေကို စားသုံးမှပဲ မင်းက အမြုတေချီကို ပိုကောင်းကောင်းစုပ်ယူနိုင်ပြီး မင်းရဲ့ကျင့်ကြံမှုအဆင့်ကလည်း တိုးတက်လာလိမ့်မယ်”

“ကျုပ်သိပြီ”

ဆူဇီမိုက နားလည်သဘောပေါက်သွားလေသည်။

အထက်ဘုံမှပညာရှင်များ ထျန်ဟွမ်ကုန်းမြေတိုက်သို့ ဆင်းသက်လာပြီး သူတို့အားလုံးသည် တျဲယွဲ့၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရစဥ်က သူမသည် အမြုတေစုဖွဲ့ဆေးလုံးများစွာကို သူ့အား ပေးခဲ့လေသည်။

ထိုအမြုတေစုဖွဲ့ဆေးလုံးများသည် ယခုအခါ သိုင်းတာအိုပင်မခန္ဓာ၏ လက်ထဲသို့ရောက်ရှိနေ၏။

အဲ့ဒါကိုတွေးမိချိန်၌ ဆူဇီမိုသည် ရင်တစ်ချက်ထိတ်သွားလေသည်။ သူက သိုင်းတာအိုပင်မခန္ဓာနှင့် ဆက်သွယ်မှုတစ်ခုတည်ဆောက်ဖို့အတွက် အချိန်တစ်ခုယူဖို့ ပြင်ဆင်လိုက်လေသည်။

လူအိုကြီးယန်က ပြောလိုက်၏။

“လူငယ်လေး... မင်းက အခုမှတက်လှမ်းလာတာ အထက်ဘုံမှာ အောက်ဘုံနဲ့ လုံးဝမတူတဲ့ ကိစ္စတွေအများကြီးရှိတယ်... မင်းနောက်ပိုင်းဒုက္ခမရောက်အောင် ငါမင်းကိုကြိုပြောထားမယ်”

“ကျေးဇူးတင်ပါတယ်ဗျာ”

ဆူဇီမိုက လက်သီးနှစ်ဖက်ကို ယှက်ပြီး ကျေးဇူးတင်ကြောင်းပြသလိုက်၏။

ယခုအချိန်မှာ သူ၏ သံသယများနှင့်ပတ်သက်၍ မည်သူကမှရှင်းလင်းမပေးနိုင်မှာကို သူက စိုးရိမ်ပူပန်နေ၏။

လူအိုကြီးယန်က ပြောလိုက်လေသည်။

“အထက်ဘုံမှာ ကျင့်ကြံဖို့ဆိုရင် ကောင်းကင်နဲ့မြေကြီး အမြုတေချီကို လိုအပ်တယ်... မတူညီတဲ့ ကျင့်ကြံရေးနည်းစနစ်တွေမှာ မတူညီတဲ့သက်ရောက်မှုတွေရှိတယ်”

“အထက်ဘုံရဲ့ လေဟာနယ်က အရမ်းကိုတည်ငြိမ်ပြီးတော့ မြေပြင်ကလည်း ပိုပြီးတော့တောင့်တင်းခိုင်မာတယ်... ငါတို့အောက်ဘုံမှာတုန်းကလို... လေဟာနယ်ကို သာမန်ကာလျှံကာ ဆုတ်ဖြဲပစ်ပြီး သွားလာဖို့က ဘယ်လိုမှ မဖြစ်နိုင်ဘူး”

ဆူဇီမိုက ခေါင်းညိတ်လိုက်၏။

သူပထမ ဆင်းသက်လာစဥ်တုန်းက သူသည် တစ်စုံတစ်ရာလွဲမှားနေသည်ကို ခံစားမိခဲ့ပြီးပြီဖြစ်၏။

လူအိုကြီးယန်က ခဏမျှတွေးတောပြီး ဆက်ပြောလိုက်၏။

“နောက်ပြီး ငါတို့မဟူရာအင်မော်တယ်တွေက အထက်ဘုံမှာ သွေးကနေပြန်လည်မွေးဖွားခြင်းကို မထုတ်ဖော်နိုင်ဘူး... မင်းအဲ့ဒါကိုလည်း သတိထားရမယ်”

“ဒဏ္ဍာရီလာ ကမ္ဘာမြေအင်မော်တယ်အရှင်တွေတောင် သွေးကနေပြန်လည်မွေးဖွားခြင်းကိုမပြောနဲ့ ပြတ်တောက်သွားတဲ့လက်တွေကိုပဲ ပြန်ပေါက်စေနိုင်တယ်”

ထိုနေရာအရောက်တွင် ဆူဇီမိုသည် ဘုရင်ယွင်ရို၏ လက်ချက်ဖြင့် ဖျက်ဆီးခံခဲ့ရသော နဂါးဖီးနစ်အစစ်အမှန်ခန္ဓာကို တွေးမိသွားပြီး သူ၏ အကြည့်က အေးစက်လာခဲ့၏။

All Chapters