← Chapters

ပန်းသုံးပွင့်ဆုံစည်းခြင်း.... သိုင်းနတ်ဘုရားနယ်ပယ်......

Vol. 22 Ch. 316

ပန်းသုံးပွင့်ဆုံစည်းခြင်း.... သိုင်းနတ်ဘုရားနယ်ပယ်......

Vol. 22 Ch. 316

အဆင့်မတက်ခင်မှာ ကျန်းချန်ရှန်း၏သန်မာမှုက အမွှေးတိုင်အရေအတွက် ဘီလီယံ ဆယ်ဂဏန်းကျော်သွားပြီဖြစ်သည သူ၏ဝိညာဉ်စွမ်းအားသည်လည်း သေမျိူးများစိတ်ကူးနိုင်သောနယ်ပယ်ထက် ကျော်လွန်သွားခဲ့သည်။ ဒါတောင်မှ ကြီးကျယ်ခမ်းနားတဲ့ မြစ်ကို မျှော်ကြည့်ရင်း အံ့သြနေရဆဲပင်....

အရမ်းကြီးမားလွန်းတယ်.....

ဤအဓိပ္ပါယ်မရှိသောခံစားမှုက စိတ်ဝိညာဉ်မှ တိုက်ရိုက် ဆင်းသက်လာသည်။မိမိထက် အဆပေါင်းများစွာ ပိုပြင်းထန်တဲ့ တန်ခိုးကြီးတဲ့ တည်ရှိမှုတွေကို ကြောက်ရွံ့ခြင်းက လူသားတိုင်း၏ပင်ကိုယ်ဗီဇပင်မဟုတ်ပေလော....

မရေမတွက်နိုင်သော ကြယ်များဖြင့် မြစ်ကြီးကို အလှဆင်ထားပြီး ကျန်းချန်ရှန်းက ကြယ်များထဲမှ တစ်ခုကို အာရုံစိုက်လိုက်သောအခါတွင် သူ့အမူအရာ ပြောင်းလဲသွားပြန်သည်။

ထိုကြယ်များတွင် သက်ရှိသတ္တဝါများလည်းရှိနေပေသည်။

ကျန်းချန်ရှန်း ဒီမြစ်ကြီးအကြောင်း ပိုသိချင်လာမိသည်။

ဒီမြစ်ရဲ့ မူလအစက ဘာလဲ.... ဘယ်ကို စီးဆင်းသွားမှာလဲ.....

သူတွေးနေစဉ်မှာပင် နီမြန်းသော မျက်လုံးတစ်စုံက မြစ်ကြီး၏နောက်ကွယ် အမှောင်ထုထဲတွင် ရုတ်တရက် တောက်ပလာသည်။ ဤမျက်လုံးတစ်စုံ၏ ရှေ့တွင် မြစ်ကြီးတစ်စင်းလုံးကပင် သေးငယ်သွားပုံရသည်။

သက်ရောက်မှုကို ခံစားလိုက်ရသောအခါ ကျန်းချန်ရှန်း၏ အသိစိတ် ပျောက်ကွယ်လုနီးပါး ဖြစ်သွားသည်။ ဒီအကြည့်တွေကို ကြည့်ပြီး သူ့နှလုံးသား ထိတ်လန့် တုန်လှုပ်သွားသည်။

ဒါက ဘယ်လိုဖြစ်တည်မှုမျိုးလဲ.....

ထိုနီမြန်းသော မျက်လုံးများကို ကြည့်လိုက်သောအခါ မူးဝေသွားသည်။

ခဏကြာတော့ နီမြန်းသော မျက်လုံးများ မရှိတော့သလို ပျောက်ကွယ်သွားကာ သူ့စိတ်ဝိညာဉ်အပေါ် ဖိစီးနေသည့် ဖိအားများလည်း ပျောက်ကွယ်သွားသည်။ ကျန်းချန်ရှန်း ထိုမြစ်ကြီးကို နောက်တစ်ကြိမ် ပြန်ကြည့်သောအခါတွင် ယခင်ကဲ့သို့ တုန်လှုပ်ခြင်း မရှိတော့ပေ။

မျှော်မှန်းထားသည့်အတိုင်း နှိုင်းယှဉ်ကြည့်လျှင် အရာအားလုံး၌ ကွာခြားမှုရှိမည်သာ....

ကျန်းချန်ရှန်း တွေးနေတုန်းမှာပဲ သူ့အသိစိတ်က ရုတ်တရက် အောက်ကိုကျဆင်းသွားပြီး အာကာသအပိုင်းအစအလွှာများကို ဖြတ်သန်းပြီးနောက် တိမ်တိုက်ထဲသို့ ပြုတ်ကျသွားသည်။ ကြီးမားကျယ်ပြန့်သောမြစ်ကြီးသည်လည်း သူ့အမြင်အာရုံမှ တဖြည်းဖြည်းကွယ်ပျောက်ကာ အမှောင်ထဲသို့ ပျောက်ကွယ်သွားသည်။

ယခုအခါ ငရဲနှင့်ကမ္ဘာဖျက်စီးခြင်းသစ်ပင်ကို သူတွေ့မြင်ခဲ့ရသော်လည်း တခဏချင်းတွင် ငရဲ၏ ပို၍နက်ရှိုင်းသောနေရာသို့ ကျဆင်းသွားခဲ့သည်။

ရုတ်​တရက်​ရပ်​တန့်ပြီး ရှေ့ကိုမျှော် ​ကြည့်​လိုက်​တော့ အောက်ခြေတွင် အဆုံးမဲ့ မီးပင်လယ်ကြီး ရှိနေကြောင်း သတိပြုမိလိုက်သည်။ မော့ကြည့်လိုက်တော့ တိမ်မည်းတွေနဲ့ ဖုံးလွှမ်းနေပြီး ဒီဧရိယာရဲ့ အပေါ်ပိုင်းကို မမြင်နိုင်တော့ဘဲ တခြားကမ္ဘာမှာ ရှိနေသလိုပင်.....

မီးပင်လယ်ထဲတွင် အကောင်ကြီးကြီးတစ်ကောင် ကူးခတ်နေပြီး အချို့က ငါးနှင့်တူသည်၊ အချို့မှာ ဘီလူးများနှင့်တူကြပြီး အချို့မှာ နဂါးများနှင့်စပါးအုံးမြွေများနှင့်တူသည်။ ၎င်းတို့အားလုံးက အရွယ်အစား ကြီးမားပြီး ကြောက်မက်ဖွယ်ကောင်းသော အော်ရာများထုတ်လွှတ်နေသည်။

"ဒီနေရာက ဘာလဲ.."

ထူးဆန်းသော အခြေအနေသို့ ရောက်ရှိသွားသည်ကို သူနားလည်ခဲ့သည်။ သက်ရှိသတ္တဝါများက သူ့ကို မမြင်နိုင်သော်လည်း အရာခပ်သိမ်းကို စူးစမ်းနိုင်သည်။

ဒါက ဘာလဲ......

သုံးလောကရဲ့အလွန်ကို ရောက်သွားတာလား.....

တစ်ချိန်တည်းမှာပင် ခရမ်းရောင်တိမ်တိုက်နန်းတော်၌ထိုင်နေသော ကျန်းချန်ရှန်း၏ခန္ဓာကိုယ် လေထဲသို့ ဖြည်းညှင်းစွာမြှောက်တက်လာကာ သူ့ခေါင်းပေါ်ရှိ အလင်းတန်းများ စတင်ပျံ့လွင့်လာပြီး ကြယ်အလင်းတန်းများကို ထုတ်လွှတ်သည့် ထူးဆန်းသော ပန်းသုံးပွင့်ကို ဖြစ်ပေါ်စေသည်။

ကောင်းကင်နှင့်မြေကြီး၏ ဝိညာဉ်စွမ်းအင်သည်လည်း မြင်သာထင်သာရှိ၍ သူ့ပတ်ဝန်းကျင်တွင် အရောင်အမျိုးမျိုးရှိသော လေစီးကြောင်းငါးခုအဖြစ် ပုံပေါ်လာသည်။ သူ၏ဝိညာဉ်နှင့်ကိုယ်ခန္ဓာကွဲကွာကာ ကောင်းကင်နှင့်မြေကြီး၏ဝိညာဉ်စွမ်းအင်၏အနှစ်သာရကိုခံစားရင်း သူနှင့်အတူဘေးချင်းကပ်ထိုင်နေခဲ့သည်။

…..........

ချီယွမ်တစ်ယောက် ချောက်ကမ်းပါးပေါ်တွင်ထိုင်ကာ အောက်ဘက်က ရှုခင်းကိုငုံ့ကြည့်နေစဉ် သူ့ဘေးနားသို့ လူတစ်ယောက် ရောက်လာသည်။ထိုသူက ရွှေချည်ထိုး ခရမ်းရောင် ၀တ်ရုံကိုဝတ်ဆင်ထားသည့် ချောမောသော အမျိုးသားတစ်ဦးဖြစ်သည်။

ထိုသူမှာ ကျန်းရွှမ်ကျန့်ပင်ဖြစ်ချေသည်။

ကျန်းရွှမ်ကျန့်က ဦးညွှတ်လိုက်ပြီး.... "ဆရာကြီးကို လာနှုတ်ဆက်တာပါ"

ချီယွမ်က လောကီလောကကို မြင်နိုင်သည့် နက်နဲသောအကြည့်ဖြင့် မိုးကုပ်စက်ဝိုင်းကို ကြည့်လိုက်ပြီး.....

“ဒီခရီးမှာ အခန့်မသင့်ရင် သေတောင်သေသွားနိုင်တယ်...မင်းတကယ် ဆုံးဖြတ်ပြီးပြီလား....."

ကျန်းရွှမ်ကျန့်က.... "အစ်ကိုက ကျွန်တော့်ကို ငယ်ငယ်ကတည်းက ကောင်းကောင်းဆက်ဆံခဲ့တယ်။ အခုချိန်ကျွန်တော့်အစ်ကိုက ကျုခွမ်းကျိကြောင့် ရွှမ်ထင်းမှာပိတ်မိနေတယ်... သေရမယ်ဆိုရင်တောင် သူ့ကို ကယ်ရမယ်"

"မင်း လုံလောက်အောင်မသန်မာသေးဘူး...."

"ဟုတ်ပါတယ်... ဒါပေမယ့် အစ်ကို့ကို အကြာကြီး စောင့်မစေချင်ဘူး...."

"ဒါဆို သွားတော့..."

ချီယွမ်က မျက်လုံးများကို ဖြည်းညှင်းစွာမှိတ်လိုက်ပြီး သက်ပြင်းချလိုက်သည်။

ကျန်းရွှမ်ကျန့် ခဏတုံ့ဆိုင်းသွားပြီး .....

"အန်ချန်းကိုတွေ့ရင်..."

"သူ သေသေရှင်ရှင် ငါဂရုမစိုက်ဘူး..."

"နားလည်ပါပြီ....."

ကျန်းရွှမ်ကျန့် ဦးညွှတ်ပြီး လှည့်ထွက်သွားပြီးနောက် လေထဲမှာ ပျောက်ကွယ်သွားခဲ့သည်။

ချီယွမ်က..... " ကံကြမ္မာက ဆန်းကြယ်တယ်.... ဒါပေမယ့် အချိန်က မင်းကို မစောင့်ဘူး"

…......

တာအိုဘုရားကျောင်းအတွင်း၌......

ကျန်းချန်ရှန်း ရုတ်တရက် မျက်လုံးပွင့်လာသည်။ မဟာတာအို၏အမြင်အာရုံကြောင့် သူ့မျက်လုံးများမှ ရွှေရောင်အလင်းတန်းများ တဖျပ်ဖျပ်လင်းလက်နေပြီး နတ်ဘုရားတစ်ဆူလိုပင်ထင်ရသည်။

"ပန်းသုံးပွင့်ထိပ်မှာ စုဝေးပြီး ချီဒြပ်စင်ငါးပါးက မူလပုံစံအဖြစ်စုဝေးတယ်...ဝိညာဉ်နဲ့ ခန္ဓာကိုယ်ကလည်း တစ်သားတည်းဖြစ်လာတယ်..... နှစ်ပေါင်းသုံးရာကျော်ခါးသီးစွာကျင့်ကြံပြီးနောက် အင်မော်တယ်ဖြစ်နိုင်ခဲ့ပြီ...."

ကျန်းချန်ရှန်း ထိုသို့ရေရွတ်နေရင်း တာအိုကျင့်စဉ်၏ ဒသမအဆင့် သူ့စိတ်ထဲတွင် ပေါ်လာသည်။

သူရုတ်တရက် တာအိုဘုရားကျောင်းကနေ ပျောက်ကွယ်သွားပြီး နောက်တစက္ကန့်မှာတော့ သူ့ခေါင်းထက်မှာ မှောင်မဲနေတဲ့ ကောင်းကင်ကြီးပေါ်လာခဲ့သည်။

မော့ကြည့်လိုက်တော့ ကောင်းကင်မှာ မြစ်ရေကို မမြင်ရပေ။

အတားအဆီးကို ဖြတ်ကျော်နိုင်သည်ဟု သူခံစားရသော်လည်း ထိုသို့မလုပ်ခဲ့ပါ။ ထိုလျှို့ဝှက်ဆန်းကြယ်သော မျက်လုံးတစ်စုံကို သူ မမေ့နိုင်ပေ။ တကယ့်ကို ကြောက်စရာကောင်းပေသည်။ သူသာ ကောင်းကင်ပေါ်က အတိဒုက္ခကို ကျော်ဖြတ်နိုင်ရင် တစ်ဖက်သားရဲ့ အာရုံစိုက်မှုကို သေချာပေါက် ဆွဲဆောင်နိုင်လိမ့်မည်။

သူ ခေါင်းငုံ့ပြီး ကောင်းကင်မြင်ကွင်းနယ်မြေတစ်ခုလုံးကို အုံ့မိုးကြည့်လိုက်တော့........

"တကျန်းက တကယ်ကိုသေးငယ်တာပဲ..."

ကျန်းချန်ရှန်း ထိုသို့ရေရွတ်နေရင်း သူ၏ဝတ်ရုံက လေနှင့်အတူလွင့်မြောနေသည်။

အဆုံးမရှိသော သမုဒ္ဒရာကြည့်လိုက်ပြန်တော့လဲ တောအုပ်ထဲက ရေကန်တခုသဖွယ် သေးငယ်နေသည်။

ဝုန်းးးးဝုန်းးးးးး

ကျန်းချန်ရှန်း၏ ဦးခေါင်းထက်တွင် မိုးကြိုးတိမ်တိုက်များ လျင်မြန်စွာ ကျယ်ပြန့်လာပြီး ပြင်းထန်စွာ လျှံတက်လာသည်။

ကျန်းချန်ရှန်း မျက်လုံးမှိတ်ကာ တရားထိုင်လိုက်တော့ ကောင်းကင်နှင့်ကမ္ဘာမြေရတနာကြေးမုံ သူ့ရှေ့တွင်ပေါ်လာပြီး ဉီးခေါင်းအနောက်ဘက်တွင် အနှိုင်းမဲ့ယန်အလင်းတန်းများ တောက်ပလာသည်။

ကျန်းချန်ရှန်း အမွှေးတိုင်အရေအတွက်ကို စစ်ဆေးကြည့်လိုက်တော့.....

[လက်ရှိ အမွှေးတိုင်အရေအတွက်... ၂၆,၄၁၂,၈၃၄,၄၄၁]

အမွှေးတိုင်အရေအတွက် ၃ ဘီလီယံအထိ တိုးလာခဲ့ပြီဖြစ်သည်။

ကျန်းချန်ရှန်း ရုတ်တရက် တစ်ခုခုကို တွေးပြီး စနစ်၏သတိပေးချက်ကိုစစ်ဆေးကြည့်လိုက်တော့......

[ရန်ဝူခေါတ်၏ 6 နှစ်တွင် သင်မှတ်သားခဲ့သော ဝမ်ချန်း အောင်မြင်စွာ လူပြန်ဝင်စားခဲ့ပြီး ကောင်းကင်မြင်ကွင်းနယ်မြေတွင် မွေးဖွားခဲ့သည်။]

[ရန်ဝူခေတ် ၈ နှစ်တွင် သင်မှတ်သားခဲ့သော သမုဒ္ဒရာလေးစင်းပဏ္ဍိတ အောင်မြင်စွာ လူပြန်ဝင်စားပြီး ဖုန်းဆိုးနယ်မြေတွင် မွေးဖွားခဲ့သည်။]

[ရန်ဝူခေါတ် ၉ နှစ်တွင် သင်မှတ်သားထားခဲ့သော ကျန့်ယင်း အောင်မြင်စွာ လူပြန်ဝင်စားခဲ့ပြီး ချင်းရှန်မျိုးနွယ်စုတွင် မွေးဖွားခဲ့သည်။]

[ရန်ဝူခေတ် ၁၁ နှစ်တွင် သင်အမှတ်အသားပြုသော လီတိုင်ချွမ်းသည် ရှေးဟောင်းအပျက်အစီး နယ်မြေတွင် အောင်မြင်စွာ လူပြန်ဝင်စားခဲ့သည်။"

မိတ်ဆွေဟောင်း လေးယောက် လူဝင်စားပြန်ဖြစ်ကုန်ပြီ....တကျန်းအတော်အ​ခြေနေဆိုးနေပြီပဲ....

ကျန်းချန်ရှန်း ငုံ့ကြည့်လိုက်တော့ တကျန်း၏ နေရာတိုင်း၌ စစ်ဖြစ်နေကြပြီး စစ်မီးတောက်လောင်နေကာ ပြည်သူပြည်သူများ အသက်ရှင်ဖို့ရုန်းကန်နေရသည်။

စိတ်ဝိဉာဉ်နယ်ပယ်အဆင့်လောက်နှင့် ဤအကြောင်းအရာကို ဆွေးနွေးနေကြသော ယုံကြည်သူအများအပြားလည်း ရှိခဲ့သည်။ ကြည့်ရတာ ချန်းလီ၏ အစီအစဥ် လွဲချော်သွားခဲ့ပုံရသည်။

ကျန်းချန်ရှန်း သူ့အကြည့်တွေကို ပြန်ရုတ်သိမ်းလိုက်သည်။

သူ၏ တာအိုနှလုံးသားက အချိန်အတော်ကြာ တည်ငြိမ်နေပြီး တကျန်း၏ ယာယီအခက်အခဲများကြောင့် တုန်လှုပ်သွားမည်မဟုတ်ပေ။

ယခုတွင် အတိဒုက္ခကို ဦးစွာကျော်ဖြတ်ရပေမည်။

ဝုန်းးးးးးးးးး

မိုးခြိမ်းသံထွက်ပေါ်လာသော်လည်း ကျန်းချန်ရှန်းက အမွှေးတိုင်အရေအတွက်ကိုသုံး၍ အကာအကွယ်မဖန်တီးသေးဘဲ စိတ်စွမ်းအားကျင့်စဉ်ကိုသာအာရုံစိုက်၍ကျင့်ကြံနေသည်။

လက်ရှိရင်ဆိုင်နေရသောအတိဒုက္ခက ဖျက်စီးခြင်းနှင့် ဘဝအသစ်တည်ဆောက်ခြင်းကို တပြိုက်နက်တည်း လုပ်ဆောင်ပေးနိုင်သည်။

"ငါတို့သိုင်းလောကကို ဘယ်သူ နှောင့်ယှက်ဝံ့တာလဲ......."

အော်သံတစ်ခုထွက်ပေါ်လာပြီး ကျန်းချန်ရှန်း မော့ကြည့်လိုက်သည်။ မိုးကြိုးများ ခွဲထွက်သွားသည်ကို မြင်လိုက်ရပြီး လျှပ်စီးလက်ကာ တောက်ပနေသော တန်ခိုးကြီးရုပ်သွင်ကို မြင်လိုက်ရသည်။ထိုလူက ပေတစ်ထောင်ကျော် မြင့်မားပြီး ကိုယ်လုံးကိုယ်ပေါက်ကလည်း အလွန်ကြံ့ခိုင်သန်မာသည်။ ထိုသူ၏ အသွင်အပြင်ကို မမြင်နိုင်သော်လည်း သူ၏ရုပ်သွင်ကို ကြည့်ရုံဖြင့် သူ့အပေါ် ကြီးမားသော ဖိအားကို ခံစားနိုင်သည်။

ဟမ်?

သိုင်းလောက?

ထိုသူက ဤသိုင်းလောကကို ဖန်တီးပေးသည့် အစွမ်းထက်သောတည်ရှိမှုဖြစ်နိုင်သလား....

ကျန်းချန်ရှန်း အံ့သြသွားသည်။ တာအိုကမ္ဘာကို သူဖန်တီးတုန်းကလိုပဲ ဒီသိုင်းကမ္ဘာမှာ ပိုင်ရှင်ရှိတယ်လို့ သူ သံသယရှိခဲ့တာ ကြာပါပြီ။ သို့သော် တစ်ခုခုလွဲနေပြီဟုလည်း ခံစားမိသည်။ တာအိုကမ္ဘာမှာ တခုခုထူးဆန်းနေလျှင် ကျန်းချန်ရှန်း ချက်ချင်းသိနိုင်သည်။

၎င်းကိုကြည့်ခြင်းအားဖြင့် ဤသိုင်းလောကတွင် သခင်တစ်ဦးရှိသော်လည်း ထိုသခင်က ကောင်းကင်နှင့်မြေကြီးကို မထိန်းချုပ်နိုင်ပေ။ဤသည်မှာ ကောင်းကင်အထက်က ဝိဉာဉ်အကာအကွယ်နှင့် ဆက်စပ်နေပေမည်။

ကျန်းချန်ရှန်းက မြစ်ကြီး၏နောက်ကွယ်ရှိ လျှို့ဝှက်ဆန်းကြယ်သော မျက်လုံးတစ်စုံကိုပင် တွေးတောနေမိသည်။ ဒီနှစ်ခုစလုံးက တူညီတဲ့အရာတွေလား.....

အဖြေဆက်မရှာတော့ဘဲ ကောင်းကင်အတိဒုက္ခဆင်းသက်လာမည့်အချိန်ကို စောင့်မျှော်နေခဲ့သည်။

လျှပ်စီးများကြားမှ ဧရာမလူကြီးက သူ့အဖြေကို မစောင့်ဘဲ လက်ဖဝါးကို ချက်ချင်း ဝှေ့ယမ်းလိုက်သည်။ထိုအခါ လောကတခွင်ကို မိုးကြိုးလျှပ်စီးများ ဖုံးလွှမ်းသွားသည်။

ထိုမိုးကြိုးများကို ခုခံရန် ကြီးမားသော အတားအဆီးတစ်ခုကို ဖွဲ့စည်းရတော့မည်။

"သိုင်းဘုရားနယ်ပယ်၊ အံ့သြစရာတော့ မဟုတ်ဘူး..."

ဧရာမလူကြီး ထိုသို့ ရေရွတ်လိုက်ပြီး လက်ဖဝါးကို ထပ်ခါ​ဝှေ့ယမ်းလိုက်သည်။ ဤတစ်ကြိမ်တွင်၊ သူ၏လက်များမှ ကောင်းကင်နှင့်မြေကြီးကို ဖျက်ဆီးနိုင်သော စွမ်းအားဖြင့် အဆုံးမရှိသော မိုးကြိုးများ ဆင်းသက်လာချေပြီ....

ဂျိန်းးးးးဂျိန်းးးးဂျိန်း.....

မိုင်ပေါင်း တစ်သန်းကျော် အချင်းဝက်တွင်း မိုးကြိုးများအဆက်မပြတ်ပစ်ခတ်နေသည်။

ကျန်းချန်ရှန်း တိတ်တဆိတ် သက်ပြင်းချလိုက်သည်။ ကံကောင်းထောက်မစွာဖြင့် ဒါတွေကို ကြိုတွေးပြီး ဝေးလံခေါင်သီရာဆီပြေးလာခဲ့သည်။မဟုတ်ရင် ရှီပြည်နယ်တခုလုံး ဖွတ်ဖွတ်ညက်ညက်ကြေနေလောက်ပြီ......

ဤမိုးကြိုးများက ကောင်းကင်အတိဒုက္ခ၏ တစ်စိတ်တစ်ပိုင်းမျှသာဖြစ်ကြောင်း သူပြောနိုင်သည်။ တဖက်လူက ၎င်း၏ဆန္ဒကို အားကောင်းစေရန် ကောင်းကင်အတိဒုက္ခ၌ ပေါင်းစည်းပြီး သူ့ကိုသတ်လိုခြင်းဖြစ်နိုင်သည်။

ဒါဟာလည်း အတိဒုက္ခတစ်ခုဖြစ်သောကြောင့်၊ ၎င်းကို ကျော်ဖြတ်ရပေလိမ့်မည်။

ကျန်းချန်ရှန်း၏ အမူအရာ ခိုင်ကြည်လာပြီး ကောင်းကင်နှင့်မြေပြင် ရတနာကြေးမုံကိုလည်း ကန့်သတ်ချက်အထိရောက်အောင် အသက်သွင်းခဲ့ပြီး မျက်လုံးများကို ဖြည်းညှင်းစွာမှိတ်ထားစဉ် နှစ်ထပ်အတားအဆီးတစ်ခုကို ဖန်တီးခဲ့သည်။

အဆုံးမဲ့မိုးကြိုးများ ပိုမိုများပြားလာပြီး အရွယ်အစားလည်း လျင်မြန်စွာ တိုးလာခဲ့သည်။

ကောင်းကင်တွင် မငြိမ်မသက်ဖြစ်မှုများသည် တကျန်းတွင် အပြောင်းအလဲဖြစ်စေပြီး နေရာများစွာ၌ သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်နေပေလိမ့်မည်။

စစ်မြေပြင်တစ်ဖက်မှာ သောင်းနဲ့ချီတဲ့ စစ်သည်တွေ တိုက်ပွဲဝင်နေကြပြီး မြင်းတပ်များကလည်း ပြေးလွှားတိုက်ပွဲဝင်နေသည်။ ကောင်းကင်ယံ၌ သိုင်းပညာ ကျွမ်းကျင်သူများက ကြယ်ကြွေသလို အချင်းချင်း တိုက်ခိုက်ကြပြီး သွေးချောင်းစီးနေချေပြီ....

ဝုန်းးးးးးးး

ထိုစဉ် ရုတ်တရက် မြေပြင် ပြင်းထန်စွာ လှုပ်ခါပြီ ကွဲထွက်သွားသည်။ အလောင်းများနှင့် ဒဏ်ရာရ စစ်သည်များ အက်ကြောင်းများထဲသို့ ကျသွားကာ တိုက်ပွဲဝင်ဆဲဖြစ်သော စစ်သားများနှင့် သိုင်းပညာရှင်များ ချက်ချင်း ရပ်တန့်ကာ ရုတ်တရက်ဖြစ်ပေါ်လာသော

ငလျင်ဒဏ်ကို အမြန်ရှောင်တိမ်းခဲ့သည်။

ဤစစ်မြေပြင်တွင်သာမက အခြားနေရာများတွင်လည်း ရေကြီးခြင်း၊ မုန်တိုင်းများ၊ မိုးသီးကြွေခြင်းစသည့် သဘာဝဘေးအန္တရာယ်အမျိုးမျိုးကို ကြုံတွေ့ခဲ့ရသည်။

ချန်လဲ့ပြည်နယ်၊ ရွှမ်ထင်းမြို့...........

ဤသည်မှာ ဘုရင်ခံ ကျုခွမ်းကျိ၏ မြို့တော်ဖြစ်သည်။ ဧကရာဇ်၏ အမိန့်ဖြင့် ဤမြို့ကို တည်ထောင်ခဲ့ခြင်းဖြစ်ပြီး တကျန်း၏ မြို့တော်အဖြစ် သတ်မှတ်ခံထားရသည်။

နန်းတော်အတွင်းရှိ ကျယ်ပြောလှသော ညီလာခံခန်းမရှေ့တွင် ကျန်ရွှမ်ကျန့် မြေပြင်ပေါ်တွင် ဒူးထောက်နေသည်။ လှံကို လက်နှစ်ဘက်ဖြင့်ကိုင်ကာ လှံအကူအညီဖြင့် တုန်တုန်ယင်ယင် မတ်တပ်ရပ်လိုက်တော့ သူ့ခြေထောက်အောက်မှာ သွေးအိုင်တခုဖြစ်ပေါ်နေ၏။

သူ ခေါင်းကို ဖြည်းညှင်းစွာ မော့လိုက်တော့ သွေးအလိမ်းလိမ်းဖြင့် ဆံပင်များကပ်ငြိနေနေသောလည်း စူးရှသော မျက်ဝန်းအစုံ၌ အဆုံးမဲ့သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသည်။

ပလ္လင်တော်ရှေ့တွင် ရှိနေ​သော လူသုံးယောက်.......

အန်ချန်း၊ ကျန်းရှုနျန်နှင့် ကျုခွမ်းကျိ.....

အန်ချန်းက အနက်ရောင်ဝတ်ရုံကို ၀တ်ဆင်ထားပြီး သူ့လက်ထဲတွင် ငှက်မွှေးယပ်တောင်ကို ကိုင်ထားသည်။ သူ့မျက်နှာပေါ်တွင် ဆိုးသွမ်းသောအမူအရာရှိပြီး သူ့လက်တစ်ဖက်က ကျန်းရှုနျန် ၏ပခုံးပေါ်တွင် ရှိနေသည်။

ကျုခွမ်းကျိက နဂါးဝတ်ရုံကို ၀တ်ထားပြီး လက်ကိုနောက်ပစ်ထားကာ သူ၏အရှိန်အဟုန်က နန်းတွင်းတစ်ခုလုံးကို တုန်လှုပ်သွားစေသော သက်တံတစ်ခုကဲ့သို့ပင်......

မိုးကြိုးတိမ်တိုက်များက ကောင်းကင်ယံတွင် လှိုင်းထလာကာ ကောင်းကင်နှင့် မြေကြီးကြားရှိ လေထုကို ဖိအားပေးနေသလိုပင်....

"ဝေ့ဝမ်.... မင်းရဲ့တပ်သားတွေကို မြို့ပြင်မှာ မြှုပ်ထားပြီးပြီ၊ မင်းရဲ့ ခွန်အားနဲ့ ဒီကို ဘယ်လို သတ္တိရှိရှိ လာရဲတာလဲ....."

ကျုခွမ်းကျိ ၏အမူအရာက ညိုးငယ်နေပြီး သူ့လေသံမှာ လူသတ်လိုသောဆန္ဒပါ၀င်နေသည်။

သူ သူတော်စင်ချီကိုတော့ ကြောက်သည်။

ကျန်းရွှမ်ကျန့်က သူ့မျက်နှာပေါ်ရှိ သွေးများကို သုတ်လိုက်ပြီး.... "သူခိုးကောင်... မင်းက ငါတို့ကျန်းမိသားစုရဲ့ နယ်မြေကို ခိုးသွားခဲ့တယ်.... ဒီနေ့ သေရမယ်ဆိုတောင် ငါတို့ကျန်းမိသားစုရဲ့ မာနကိုချိုးနှိမ်ဖို့မစဉ်းစားနဲ့!"

ကျန်းရှုနျန်က အံကြိတ်လိုက်ပြီး.... "ရွှမ်ကျန်း..ငါ့ကို စိတ်မပူပါနဲ့... ပြေးတော့!"

ကျန်းရွှမ်ကျန့်က သူ့အစ်ကိုကို ကြည့်ပြီး.....

"အစ်ကို...ငယ်ငယ်ကတည်းက ကျွန်တော့်ကိုအကာအကွယ်ပေးခဲ့တယ်...အခု အစ်ကို့ကို ဘယ်လိုထားခဲ့ရက်မှာလဲ... တောင်းပန်ပါတယ် ...အခုလို ပုံစံမျိုးဿိမမြင်ရက်ဘူး...."

ကျန်းရွှမ်ကျန့်က လှံကိုအားပြု၍ ကျုခွမ်းကျိ ဆီသို့ လျှောက်သွားကာ လှံသွားဖြင့် မြေပြင်ပေါ်တွင် နီမြန်းသောမျဉ်းကြောင်းကို ဆွဲလိုက်သည်။

ကျုခွမ်းကျိက မျက်မှောင်ကြုတ်ကာ.... "ငါတို့ တကယ်သတ်ရမှာလား?"

အန်ချန်းက...."ဟုတ်ပါတယ် ငါတို့ သူတို့ကို သတ်ရမယ်..... အခုချက်ချင်းသတ်ပစ်ရမယ် မဟုတ်ရင် နောက်ထပ်ဘုရင်ခံတွေရောက်လာလိမ့်မယ်!"

ကျုခွမ်းကျိ သက်ပြင်းချလိုက်ပြီး ညာလက်ဖဝါးကို ဖြည်းညှင်းစွာ မြှောက်လိုက်ကာ အစစ်အမှန်ချီဓာတ်များကိုစုစည်းလိုက်သည်။

ကျန်းရှုနျန် ဤမြင်ကွင်းကိုမြင်သောအခါ သူ့မျက်လုံးများ ပြူးကျယ်လာပြီး သွေးတလုတ်အန်လ်ိုက်မိသည်။

ဝုန်းးးးးး

ထိုစဉ် အန်ချန်းနှင့် ကျုခွမ်းကျိ တို့ကို ပျံသန်းစေခဲ့သော ပြင်းထန်သော အော်ရာတစ်ခု ရုတ်တရက် ပေါက်ကွဲသွားသည်။ ကောင်းကင်ငါးခုနယ်ပယ် ကျွမ်းကျင်သူ ကျုခွမ်းကျိတစ်ယောက် နန်းတော်နံရံများနှင့်တိုက်မိကာ အပျက်အစီးပုံထဲတွင် လဲကျနေသည်။

ကျန်းရှုနျန်၏ နဖူးပေါ်ရှိ ဆံချည်မျှင်တစ်ချောင်းသည် အလင်းရောင်နှင့်အတူ လွင့်ထွက်နေပြီး အပြာရောင်ဓားရိပ်တစ်ခု သူ့ပတ်ဝန်းကျင်တွင် လွှမ်းခြုံထားသည်။

သူ၏သရဖူ မြေပြင်ပေါ်သို့ကျသွားပြီး ရှည်လျားသောဆံပင်များ လေထဲတွင် တဖျပ်ဖျပ်လွင့်နေသည်။ သူက အန်ချန်း နဲ့ ကျုခွမ်းကျိ ကို မကြည့်ဘဲ သူ့ညီငယ် ကျန်းရွှမ်ကျန့်ကိုသာကြည့်နေ၏။

All Chapters