တာအိုကျင့်စဉ်၏ ဒသာမအဆင့်သို့ ရောက်ရှိခြင်း.....
Vol. 22 Ch. 317
ကျန်းရွှမ်ကျန့်က ကျန်းရွှမ်နျန်ကို တုန်လှုပ်သော အကြည့်ဖြင့်ကြည့်နေပြီး တလောကလုံး၌ သူတို့ညီအစ်ကိုနှစ်ယောက်တည်းသာရှိနေသည်ဟုထင်ရသည်။
ဆံပင်တွေဖွာလန်ကျဲနေတဲ့ ကျန်းရွှမ်နျန် က ပြုံးလိုက်ပြီး.....
"ရွှမ်ကျန့်... မင်းမင်းဆက်ကို ပြန်တည်ဆောက်ချင်ရင် မင်းစိတ်ခံစားမှုတစ်ခုတည်းကို အားကိုးလို့မရဘူး.... ဒီနေ့ မင်းကို လမ်းကြောင်းမှန်ပေါ်ရောက်အောင်ပို့ပေးမယ်..."
အန်ချန်းလည်း အကွာအဝေးတခုထိရောက်အောင် လွင့်ပျံသွားပြီး သွေးအလိမ်းလိမ်းဖြင့် ကျုခွမ်းကျိနည်းတူ ရုပ်ပျက်ဆင်းပျက်ဖြစ်နေသည်။ သူတို့နှစ်ယောက်က ကျန်းရွှမ်နျန်ကို မယုံကြည်နိုင်စွာ ကြည့်လိုက်ကြသည်။
"ဒါ ဘယ်လိုစွမ်းအားလဲ"
ကျုခွမ်းကျိ ထိတ်လန့်စွာ အော်ဟစ်လိုက်ပြီး သူ့စကားသံမှာ ကြောက်စိတ်တွေ ပြည့်နှက်နေသည်။
အန်ချန်း၏ အမူအရာ မည်းမှောင်သွားသည်။ သူ ကျန်းရွှမ်နျန်နဲ့ အကြာကြီးအတူရှိခဲ့ပေမယ့် ဒီလို စွမ်းအားကို ပထမဆုံး ခံစားခဲ့ရခြင်းပင်.....
ကျန်းရွှမ်နျန်က သူ့ဘယ်ဘက်လက်ကို မြှောက်ပြီး အဝေးကနေ ညွှန်ပြလိုက်တော့ အပြာရောင်ဓားရိပ်ကလည်း ထို့အတူ လှုပ်ရှားနေချေပြီ.....
ဝိဉာဉ်အာရုံခံနတ်ဘုရားဓား.....
ကျန်းရွှမ်နျန်က ကျန်းရွှမ်ကျန့်ကို စိုက်ကြည့်ပြီး..... "ရွှမ်ကျန့်၊ တကျန်းက မင်းကိုပဲ အားကိုးရလိမ့်မယ်...
တကျန်းရဲအခြေခံအုတ်မြစ်ကို ဖြတ်တောက်လို့မရတာကို မမေ့ပါနဲ့....”
ဝုန်းးးးးးး
ဝိဉာဉ်အာရုံခံနတ်ဘုရားဓားက အတားအဆီးမရှိ အရှိန်အဟုန်ဖြင့် ပျံသန်းလာနေပြီ....
ကျုခွမ်းကျိ မသိစိတ်ကြောင့် ထွက်ပြေးသွားပြီး အန်ချန်းတစ်ယောက် မျက်လုံးပြူးကာ အလိုလိုအော်ချင်သော်လည်း ဝိဉာဉ်အာရုံခံနတ်ဘုရားဓားက သူ့ခန္ဓာကိုယ်ကို ထိုးဖောက်သွားချေပြီ.... သူ၏ခန္ဓာကိုယ် အပိုင်းပိုင်းကွဲအက်ကာ လေနှင့်အတူ ပြန့်ကျဲသွားသည်။
ဝိဉာဉ်အာရုံခံနတ်ဘုရားဓားက မရပ်နားသေးဘဲ ကျုခွမ်းကျိကို ဆက်လက်တိုက်ခိုက်ခဲ့သည်။
ကျုခွမ်းကျိ လှည့်ကြည့်လိုက်တော့ အန်ချန်း အသတ်ခံရတာကိုတွေ့လိုက်ရသဖြင့် ထိတ်လန့်စွာ မျက်လုံးပြူးသွားသည်။ မသိစိတ်ကြောင့် သူ့လက်ဖဝါးတွေကို ဝှေ့ယမ်းလိုက်ပြီး သူ့ခန္ဓာကိုယ်ထဲက နဂါးပုံသဏ္ဍာန် အစစ်အမှန်ချီကို ပစ်လွှတ်လိုက်သည်။ ထိုအခါကိုးကောင်းကင်ကနေ ကြားန်ိုင်သော နဂါးဟိန်းသံထွက်ပေါ်လာသည်။
ဝိဉာဉ်အာရုံခံနတ်ဘုရားဓားက နဂါးပုံသဏ္ဍာန် အစစ်အမှန်ချီမှတဆင့် အလွယ်တကူ ထိုးဖောက်ဝင်ရောက်ကာ ကျုခွမ်းကျိ၏ ခန္ဓာကိုယ်ကို ဖုန်မှုန့်အဖြစ်သို့ ပြောင်းလဲစေခဲ့သည်။
အင်အားကြီးသောရန်သူနှစ်ဦးကို အဆက်မပြတ်သတ်ပြီးနောက် ဝိဉာဉ်အာရုံခံနတ်ဘုရားဓား ပျောက်ကွယ်သွားသည်။
အစမှအဆုံးအထိ ကျန်းရွှမ်နျန်က ကျုခွမ်းကျိကိုရော အန်ချန်းကိုပါ မကြည့်ခဲ့ပေ။ သူက ကျန်းရွှမ်ကျန့် ကို အဝေးကနေ မမှိတ်မသုန်ငေးကြည့်နေသည်။
ကျန်းရွှမ်ကျန့် တစ်စုံတစ်ခုကို သဘောပေါက်သွားပုံရပြီး သူ့အမူအရာ သိသိသာသာ ပြောင်းလဲသွားကာ ကျန်းရွှမ်နျန် ဆီသို့ အမြန်ပြေးသွားခဲ့သည်။
ကျန်းရွှမ်နျန်က သူ၏ညာလက်ကို မြှောက်လိုက်ပြီး လေထုကို စုပ်လိုက်တော့ ထက်ရှသောဓားတစ်ချောင်း အပျက်အစီးများကြားမှ ပျံထွက်သွားပြီး သူ့ရင်ဘတ်ကို ထိုးဖောက်ဝင်ရောက်သွားသည်။
ကျန်းရွှမ်ကျန့်က သူ့အစ်ကို ဒဏ်ရာသွေးတိတ်စေရန် အသည်းအသန်ကြိုးပမ်းနေရှာသည
ကျန်းရွှမ်နျန်က ဝမ်းနည်းစွာ ပြုံးလိုက်ပြီး “တော်တော့... ဘာမှမထူးတော့ဘူး...မင်းက အခုချိန်ကစပြီး ဧကရာဇ်ဖြစ်သွားပြီ…”
ကျန်းရွှမ်ကျန့်က အံကြိတ်ကာ ....."ဘာလို့လဲ? ကျွန်တော်တို့ လွတ်မြောက်နိုင်ပြီလေ…”
“မင်း လွတ်မြောက်နိုင်မှာ မဟုတ်ဘူး… ငါတို့ ဘိုးဘေး ချန်ရစ်ခဲ့တဲ့ ရတနာတွေကပဲ မင်းရဲ့ အသက်ကို အကာအကွယ် ပေးနိုင်တယ်.... ရွှမ်ကျန့်၊ ငါ မင်းကို တစ်ခုပြောမယ်.... သေချာမှတ်ထားပါ…”
ကျန်းရွှမ်နျန်၏ မျက်လုံးများက အာရုံစူးစိုက်မှုမှ ကင်းလွတ်စပြုလာသော်လည်း ပြောစရာရှိတာကို ဆက်လက်၍ တိုးတိုးပြောသည်။
ကျန်းရွှမ်ကျန့်၏မျက်နှာတွင် မျက်ရည်များ ဖုံးလွှမ်းနေသော်လည်း သူနောက်ထပ်ပြောမည့်စကားကိုကြားသောအခါ တုန်လှုပ်သွားခဲ့သည်။
"ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ... သူက ကျန်းမိသားစုရဲ့ ဘိုးဘေးဆို ဘာလို့ မကူညီခဲ့တာလဲ...."
ကျန်းရွှမ်ကျန့်က မယုံကြည်နိုင်စွာ မေးလိုက်သည်။
ကျန်းရွှမ်နျန်က အားတင်းပြုံးပြပြီး....
"ဒါက သူ မကူညီလို့ မဟုတ်ဘူး.... ငါတို့က ကိုယ့်ကိုကိုယ် သက်သေပြချင်တာ..ဒါပေမယ့်လည်း ငါတို့ရဲ့ အဖေ၊ငါတို့ရဲ့အဘ်ိုးက ကောင်းမွန်တဲ့ဧကရာဇ်တွေမဟူတ်ခဲ့ကြဘူး...သူတို့က နှောင်းဧကရာဇ်ကျင်းထိုင်ကျုံးနဲ့ ကျင်းထျန်ကျုံးတို့ကို ခြေဖျားတောင်မမှီခဲ့ဘူး...."
ကျန်းရွှမ်ကျန့် တိတ်ဆိတ်သွားသည်။
ကျန်းရွှမ်နျန်က အဝေးက နန်းတော်တစ်ခုတွင် ရပ်နေသူတစ်ယောက်ကို တွေ့လိုက်ရသည်။ထိုသူက မျက်နှာဖုံးစွပ်ထားပြီး အနက်ရောင်ဝတ်ရုံဝတ်ထားကာ သေမင်းတမာန်ကဲ့သို့ သူတို့နှစ်ယောက်ကို အဝေးကနေသာ ကြည့်နေသည်။
"မင်းမထိန်းနိုင်ရင် သူ့ကိုရှာဖို့ နည်းလမ်းရှာပါ... .."
ကျန်းရွှမ်နျန် ခက်ခက်ခဲခဲ စကားပြောခဲ့ပြီး အမြင်အာရုံ ပို၍ မှုန်ဝါးလာကာ စကားမဆုံးခင်မှာပဲ သေဆုံးသွားခဲ့သည်။
ကျန်းရွှမ်ကျန့်က သူ့အစ်ကို၏အလောင်းကို တင်းတင်းကျပ်ကျပ်ပွေ့ဖက်ထားရင်း တိတ်ဆိတ်နေသည်။ သူ့မျက်ရည်များနှင့် သွေးများ ရောယှက်ကာ ကျန်းရွှမ်နျန် ၏ မျက်နှာပေါ်သို့ တသွင်သွင် စီးကျလာသည်။
ကြီးမားသော နန်းတော်ကြီးတခုလုံး တိတ်ဆိတ်သွေ့ခြောက်နေသည်မှာ သင်္ချိုင်းတစ်ခုနှင့်ပင် ဆင်တူနေသည်။
............................
ကောင်းကင်ထက်မှာ ကောင်းကင်အတိဒုက္ခက ဆက်ရှိနေဆဲပင်......
ဂန္တဝင် တောင်တန်းနှင့်မြစ်များနှင့်
ကောင်းကင်နှင့်မြေပြင်ကြေးမုံကို သုံးထားသော်လည်း ကျန်းချန်ရှန်းအနေဖြင့်
သူ၏အမွှေးတိုင်များကိုမသုံးရသေးပေ။
နှစ်ပေါင်းများစွာ စုဆောင်းပြီးနောက် မှော်လက်နက်နှစ်ခုက အသွင်ပြောင်းသွားခဲ့ပြီး ၎င်းတို့နှစ်ခုက သိုင်းဧကရာဇ်နယ်ပယ်အဆင့်လောက်ကို အလွယ်တကူ နှိမ်နင်းနိုင်သောကြောင့် ကောင်းကင်အတိဒုက္ခ၏အစောပိုင်းအဆင့်များကို တွန်းလှန်ရန် ပြဿနာမဟုတ်ပေ။
ဧရာမလူကြီးက သူ့လက်ကို အဆက်မပြတ် ဝှေ့ယမ်းကာ ထောင်ပေါင်းများစွာသော မိုးကြိုးများ တစ်ခုပြီးတစ်ခု အဆက်မပြတ်ကျဆင်းကာ ကြီးမားကျယ်ပြန့်သော မိုးကြိုး ပင်လယ်ကြီးတစ်ခု ဖြစ်လာသည်။ ဤအတိဒုက္ခက အချို့သော ရှေးဟောင်းတည်ရှိမှုများကို စွဲဆောင်ထားသော်လည်း ကောင်းကင်အတိဒုက္ခ၏စွမ်းအားက ၎င်းတို့အတွက်ပင် ကြောက်စရာကောင်းလွန်းလှသဖြင့် မချဉ်းကပ်ဝံ့ကြဘဲ အဝေးကသာ စောင့်ကြည့်နေခဲ့ကြသည်။ ထို့အပြင်၊ မိုးကြိုးများကို ဖောက်ထွင်းမမြင်န်ုင်သောကြောင့် အတိဒုက္ခခံယူနေရသော ကျန်းချန်ရှန်း ကို မမြင်နိုင်ပေ။
ကျန်းချန်ရှန်းသည်လည်း တန်ခိုးကြီးသော အော်ရာအချို့ကို ခံစားလိုက်ရသည်။ထိုသူများက မဟာကန္တရမင်းဆက်၌ ထိပ်တန်းတန်ခိုးရှင်များဖြစ်သော်လည်း ကျန်းချန်ရှန်းအတွက်တော့ လုံလောက်အောင်သန်မာသူဟုပင်မဆိုနိုင်ပေ။
အတိဒုက္ခမဖြတ်ကျော်ခင်ကပင် သူ၏ ခွန်အားက သိုင်းဧကရာဇ်နယ်ပယ်ထက် များစွာကျော်လွန်နေပြီဖြစ်သည်။ အတိဒုက္ခကိုဖြတ်ကျော်ပြီးလျှင် ဘယ်လောက် သန်မာလာမလဲဆိုတာကို မျှော်လင့်နေမိတော့သည်။
ထိုအချိန်တွင် ဧရာမလူကြီးက သူ့လက်ကို မြှောက်ကာ မိုးကြိုးများကို ဓားတစ်လက်အဖြစ်သိပ်သည်းလိုက်သည်။ ဓါးသွားပေါ်တွင် ထောင်ပေါင်းများစွာသော မိုးကြိုးများ ရောယှက်ပြီး ဤတိုက်ခိုက်မှုက သူ့ရဲ့ မှော်ရတနာနှစ်ခုကိုပင် တုန်လှုပ်စေခဲ့သည်။
ကျန်းချန်ရှန်း၏ သွေးချီပင် ကမောက်ကမ ဖြစ်နေသည်။
ချက်ချင်း ခေါင်းကိုမော့ပြီး မဟာတာအို ရဲ့ မျက်လုံးတွေကို ဖွင့်လိုက်တော့ သူ့က်ုဗဟိုပြုကာ တခဏချင်းတွင် မရေမတွက်နိုင်သော ကြီးမားသော ရွှေမျက်လုံးများ မိုင်တစ်သောင်းအကွာအဝေးတွင် ပေါ်လာသည်။
“ဟမ်.... ဒီကံကြမ္မာကို စိုက်ပျိုးပြီးပြီ..... ငါ့ကမ္ဘာကနေ မင်းထွက်သွားတာကို ငါစောင့်နေမယ်!"
သို့သော်လည်း ကျန်းချန်ရှန်း ဒါတွေကို ဂရုမစိုက်ဘဲ အတ်ိဒုက္ခကို ကျော်ဖြတ်ရန် အာရုံစိုက်ခဲ့သည်။
မကြာခင်မှာပဲ ကောင်းကင်က မိုးကြိုးတွေ ခရမ်းရောင်ပြောင်းလာသည်။ ခရမ်းရောင်မိုးကြိုက စိတ်ဝိညာဉ်ကို ဖိနှိပ်ရန် စွမ်းအားဖြင့် ဆင်းသက်လာသော်လည်း ကျန်းချန်ရှန်းက ၎င်းတို့ကို တွန်းလှန်ရန် မဟာတာအိုမျက်လုံးကို အသုံးပြုနေဆဲဖြစ်သည်။
ခရမ်းရောင်မိုးကြိုးများ အချိန်အတော်ကြာအောင် တည်တံ့နေခဲ့ပြီး ခရမ်းရောင်ကနေ အနီရောင်ပြောင်းသွားသောအခါ ကျန်းချန်ရှန်း အလွန်တုန်လှုပ်သွားစေသည့် ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်ကို ခံစားလိုက်ရပြီး အမွှေးတိုင်အရေအတွက်ကိုသုံး၍ ဒိုင်းကာတစ်ခုချက်ချင်းဆင့်ခေါ်လိုက်ရသည်။
ဝုန်းးးးဝုန်းးးးဂျိန်းးးးးးး
အနီရောင် မိုးကြိုးများ သူ့ကို အဆက်မပြတ် ရိုက်ခတ်နေပြီး အမွှေးတိုင်အရေအတွက် အလွန်လျင်မြန်စွာ ကျဆင်းလာသည်။ သို့သော်လည်း အံကြိတ်၍သည်းခံရုံမှတပါးအခြားမရှိပေ။
အနီရောင်မိုးကြိူးများကအပြင်းထန်ဆုံးသော မိုးကြိုးများမဟုတ်ကြောင်း စနစ်က သတိပေးထားပြီးသားပင်....
မျှော်လင့်ထားသည့်အတိုင်း အနီရောင်မိုးကြိုး ၉၉စင်း ပစ်ခတ်ပြီးနောက် ခရမ်းနက်ရောင်မိုးကြိူးများ ရုတ်တရက် ပေါ်လာသည်။ ဒါဇင်နဲ့ချီတဲ့ ခရမ်းနက်ရောင် အလင်းတန်းတွေဟာ အရှိန်ပြင်းပြင်းနဲ့ ဓား၀င်္ကပါတစ်ခုလို ဆင်းသက်လာသည်။ မိုးကြိုးတချက်ကိုခုခံဖို့ အမွှေးတိုင်အရေအတွက် နှစ်ဘီလီယံနီးပါး အသုံးပြုခဲ့ရသည်။
ဤကောင်းကင်အတိဒုက္ခက အမှန်တကယ်ပင် အသက်ဆုံးရှုံးနိုင်လောက်သည်။
ကျန်းချန်ရှန်း ထိုသို့တွေးနေပေမယ့် မကြောက်ခဲ့ပေ။ အဲဒီအစား သူ့ရဲ့ တိုက်ပွဲဝင်စိတ်ဓာတ်ကသာ ပိုမိုမြင့်မားလာသည်။
ယခုအချိန်တွင် အင်မော်တယ်နယ်ပယ်သို့ရောက်ရန် ခြေတစ်လှမ်းသာ ကွာဝေးတော့သည်။
သူ အင်မော်တယ်တစ်ယောက် ဖြစ်ကိုဖြစ်ရမည်......
လုံချီတောင်ပေါ်က ခြံဝင်းထဲတွင်....
ကောင်းကင်ပေါ်က မည်းမှောင်နေတဲ့ တိမ်တိုက်တွေကို ကြည့်ပြီး ပိုင်ချီက....
“ဒီဖြစ်စဉ်က ရက်အတော်ကြာနေပြီ.... တကျန်းရဲ့ ကံကောင်းခြင်းတွေ ပျောက်ကွယ်သွားတော့မှာလား...."
တာအိုဘုရားကျောင်းကို လှည့်ကြည့်လိုက်တော့ တံခါးကို တင်းတင်းစေ့ထားဆဲဖြစ်ပြီး လှုပ်ရှားမှုမရှိပေ။ သူ့သခင် ဘယ်အချိန်မှာ အောင်မြင်စွာ ဖြတ်ကျော်နိုင်မလဲဆိုတာ သူမ တွေးနေမိသည်။
ကျိဝူကျွင်းက.... "မူမိန်းကလေးက ဧကရာဇ်ကို ကယ်တင်ဖို့ မူမိသားစုကို ဦးဆောင်ခဲ့တယ်....တကျန်း ပြန်အဆင်ပြေသွားမှာပါ..."
ရုတ်တရက် ကောင်းကင်ကနေ လူတစ်ယောက် ဆင်းသက်လာသည်.....
ကျန်းထျန်းမင်.......
ယခုအချိန်တွင် သူသည် ပန်းချီကားချပ်ထဲမှ ထွက်လာသလို သူရဲကောင်းဆန်ပြီး ချောမောသော လူငယ်တစ်ယောက်၏ ကိုယ်ဟန်အနေအထားကို ပိုင်ဆိုင်ထားသည်။
"ကျွန်တော် ရွှမ်နျန်အတွက် လက်စားချေချင်ပါတယ်......."
ကျန်းထျန်းမင် အံကြိတ်လိုက်သည်။ ငယ်ငယ်ကတည်းက ခြံဝင်းထဲကလူတွေကအပြင် ကျန်းရွှမ်နျန် နဲ့သာ သူငယ်ချင်းဖြစ်ခဲ့ဖူးသည်။ အချိန်ကာလတိုတောင်းခဲ့သော်လည်း မှတ်မိနေသေးသည်။
ကျန်းရွှမ်နျန် ကြေကွဲဖွယ်သေဆုံးသွားကြောင်းကို ကြားသောအခါ ယူကြုံးမရခံစားခဲ့ရသည်။
ကျိဝူကျွင်းက..... "ဒါဆို မင်းဘာလို့ ကောင်းကောင်းမလေ့ကျင့်တာလဲ"
ကျန်းထျန်းမင်က သူ့ကို စိုက်ကြည့်ရင်း..... “ကျွန်တော် အပြင်းအထန် လေ့ကျင့်နေတယ်၊ ဒါပေမယ့် သိုင်းဘုရင်နယ်ပယ်က တနေ့တည်းနဲ့ ရောက်နိုင်တဲ့နယ်ပယ်မဟုတ်ဘူး....ဆရာလဲ အဆင့်မတက်ရသေးဘူးမလား..."
ကျိဝူကျွင်းက မတ်တပ်ထရပ်ပြီး.....
“ငါမကြာခင် အဆင့်တက်တော့မှာ...အဆင့်တက်ပြီးရင် တောင်အောက်ဆင်းပြီးရွှမ်ထင်းမြို့ကို ခရီးထွက်မလို့..."
ဒါကိုကြားတော့ ကျန်းထျန်းမင်က....
"ဆရာ...ကျွန်တော့်အတွက်ဟင်းရည်သောက်ဖို့ ချန်ထားလို့မရဘူးလား"
ကျိဝူကျွင်းက သူ့ကို လျစ်လျူရှုပြီး တောင်ပေါ်မတက်ခင် ပိုင်ချီကို စကားအနည်းငယ်ပြောခဲ့သည်။
မြေဝိညာဉ်သစ်ပင်ပေါ်တွင် နားနေသော ရွှေကျီးကန်းက အော်ရာအချို့ကို အာရုံခံမိသဖြင့် မိုးကုပ်စက်ဝိုင်းကို ကြည့်လိုက်သည်။
“အေး...ဒီဖရိုဖရဲအခြေနေတေံ ဘယ်အချိန်ပြီးဆုံးမှာလဲ.....တစ်ယောက်ယောက်က လက်ဆောင်တွေ လာမပို့တာကြာပြီ....."
ပိုင်ချီက မြေပြင်ပေါ်တွင် လှဲနေပြီး ညည်းညူလိုက်သည်။
........................
တကျန်တွင် ဘုရင်ခံ အချင်းချင်း စစ်တိုက်ခဲ့ကြပြီး နှစ်စဉ်နှစ်တိုင်း ဘုရင်ခံအချို့ ကျဆုံးကြပြီး ကျန်ရစ်ခဲ့သူများကတော့ ပိုမိုအားကောင်းလာကြသည်။ တကျန်း အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲသွားပြီး အဆိုပါ လက်အောက်ခံနိုင်ငံများပင် ရာထူးအာဏာရရှိရေး တိုက်ပွဲတွင် ပါဝင်ခဲ့ကြသည်။ ဧကရာဇ်က လက်အောက်ခံဘုရင်ခံများအတွက် အသုံးချစရာ လက်နက်တစ်ခုဖြစ်လာပြီး ကျန်းမိသားစု၏ အာဏာသည်လည်း ချောက်ကမ်းပါးအောက်ခြေသို့ ကျဆင်းသွားစေသည်။
ပိုင်ချီက ခရမ်းရောင်တိမ်တိုက်နန်းတော်၏ အဝင်ဝကို မျှော်တလင့်လင့်ဖြင့် ကြည့်လိုက်သည်။
ဆရာကြီး အောင်အောင်မြင်မြင် အဆင့်တက်နိုင်ရင် အရာအားလုံး ပိုကောင်းလာမှာပါ.......
သို့သော် ကျန်းမိသားစု၏သားမြေးများထဲတွင် မည်သူက ထီးနန်းဆက်ခံရန် သင့်လျော်သနည်း......
ကျန်းချန်ရှန်းကတော့အတိဒုက္ခကို ကျော်လွှားနေဆဲပင်........
သူ၏ အမွှေးတိုင်များ ကုန်ဆုံးသွားခဲ့ပြီး လက်ရှိတွင် အတိဒုက္ခကို ကျော်လွှားရန်အတွက် သူ၏ မှော်အစွမ်းနှင့် မှော်ရတနာများကို အသုံးပြုနေရသည်။
အခုထိကောင်းကင်အတိဒုက္ခ၏တန်ခိုးအာဏာ ပျောက်ကွယ်သွားမည့်လက္ခဏာမပြသေးပေ။ ဤသည်မှာ သူခံစားဖူးသမျှအကြာဆုံးသောအတိဒုက္ခဖြစ်သည်။
ကျန်းချန်ရှန်းပေါ်တွင် ထောင်ပေါင်းများစွာသော ရွှေရောင်မိုးကြိုးများ ရောယှက်နေသည်။ သူသည် မထင်မှတ်ထားသော နာကျင်မှုကို ခံနိုင်ရည်ရှိသော်လည်း ပို၍ပင် စိတ်လှုပ်ရှားနေပါသည်။
ကောင်းကင်အတိဒုက္ခက သူ့ကိုစိတ်ပျက်အောင် စွမ်းအောင်နိုင်မည်မဟုတ်ပေ။
ဒါဟာ သူ့ရဲ့အလိုလိုသိစိတ်ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် သူသည် စတင်ပြောင်းလဲနေပြီဖြစ်ပြီး၊ ကောင်းကင်အတိဒုက္ခ၏စွမ်းအား ပိုမိုအားကောင်းလာခြင်းမရှိသောကြောင့်ဖြစ်သည်။
ကျန်းချန်ရှန်း၏ခန္ဓာကိုယ်ရှိ တာအို အသီး ပွင့်လန်းလာပြီး မှော်စွမ်းအင်အသစ်များ ထွက်လာပြီး သူ၏ကိုယ်ခန္ဓာနှင့် စိတ်ဝိညာဉ်ကို အာဟာရဖြည့်ပေးကာ သူ့ကို ပိုသန်မာစေသည်။
သူ ဖြည်းညှင်းစွာ ထရပ်လိုက်တော့ မှော်ရတနာနှစ်ခုသူ့ပတ်ဝန်းကျင်တွင်ပျံဝဲနေပြီး တုနှိုင်းမဲ့ယန်အလင်းတန်းကလည်း နေရောင်ခြာ်သဖွယ် လင်းလက်နေသည်။ ရွှေရောင်လျှပ်စီးကြောင်းများ ပြိုကျသောအခါ၊ လှိုင်းလုံးများအဖြစ်သို့ ပြောင်းလဲသွားကာ အဝေးမှစောင့်ကြည့်နေသူများကို ထိတိလန့်သွားစေခဲ့သည်။
မှော်စွမ်းအင်များက ကျန်းချန်ရှန်း ၏ခြေဖဝါးအောက်တွင် ကြာပန်းခုံတစ်ခုအဖြစ် ပေါင်းစပ်သွားသည်။ သူသည် ကောင်းကင်အတိဒုက္ခ၏ကောင်းချီးများကို ခေါင်းမော့ရင်ကော့၍ လက်ခံခဲ့သည်။
ကြာပန်းကို နင်းကာ လေထဲတွင် အင်မော်တယ် အရိုးများကိုသိပ်သည်းစေပြီး တာအိုသဘောတရားကို နားလည်ကာ ကောင်းကင်နှင့် မြေကြီး၏ ဝိညာဉ်ကို ပုံသွင်းခဲ့သည်။
သူ၏ မှော်စွမ်းအားများ အဆက်မပြတ် ပျံ့နှံ့သွားပြီး အလင်းတန်းများအဖြစ်သို့ ပြောင်းလဲကာပျောက်ကွယ်သွားသည်။ သူ့စိတ်ထဲတွင် ပိုမိုလေးနက်သော စိတ်စွမ်းအားကျင့်စဉ်များပေါ်လာသည်။
အင်မော််တယ် လမ်းစဉ်လျှောက်လှမ်းရာတွင် မရှိမဖြစ် လိုအပ်သော အင်မော်တယ်တာအိုနှလုံးသားကျင့်စဉ်.....
ကျန်းချန်ရှန်း ဉာဏ်အလင်းပွင့်သောအခြေနေသို့ တဖန်ရောက်ရှိသွားပြန်သည်။
မည်မျှကြာသွားသည်ကို မည်သူမျှ မသိခဲ့ကြပေ။
ကောင်းကင်အတိဒုက္ခ အားနည်းစပြုလာပြီး ကျန်းချန်ရှန် ၏ခန္ဓာကိုယ်ရှိ တာအိုသစ်သီးကလည်း ပိုမိုအားကောင်းသော မှော်စွမ်းအားထုတ်လွှတ်ပေးနေသည်။ မကြုံစဖူးသော ခွန်အားခံစားမှုက သူအလိုရှိသမျှကို လုပ်နိုင်သည်ဟု ခံစားရစေသည်။
အချိန်အတော်ကြာပြီးနောက် ကောင်းကင်အတိဒုက္ခ ပျောက်ကွယ်သွားခဲ့သည်။
ကျန်းချန်ရှန်း ကြာပန်းပေါ်တွင် ဖြည်းညှင်းစွာ ထိုင်ချလိုက်တေယ့ အကန့်အသတ်မရှိသော မှော်စွမ်းအားများ မြင့်တက်လာပြီး မရေမတွက်နိုင်သော ဝိဉာဉ်အာရုံခံနတ်ဘုရားဓားများ မိုင်သန်းပေါင်းများစွာ အချင်းဝက်ကို လွှမ်းခြုံကာ နေရာတိုင်းတွင် တွဲလွဲခိုနေသည်။ကျန်းချန်ရှန်း ကျင့်ကြံမှုကို သိပ်သည်းနေချိန်၌ ပြင်ပကမ္ဘာမှ စူးစမ်းလိုသော မျက်လုံးများကို ဟန့်တားဖို့ ဓားအစီအရင်တခု ဖန်တီးခဲ့သည်။
အချိန်တွေ တရွေ့ရွေ့ကုန်ဆုံးနေ၏........
ကျန်းချန်ရှန်း၏ မှော်စွမ်းအားတိုးတက်မှု ရပ်သွားသောအခါတွင် သူ့မျက်လုံးရှေ့တွင် အကြောင်းကြားစာများ ပေါ်လာသည်။
[ခိုင်ရှန်း ခေတ် 3 နှစ်တွင်၊ သင့်ရဲ့ကျင့်ကြံမှု အလွန်တိုးတက်လာပြီး တာအိုကျင့်စဉ် ၏ ဒသမအဆင့်ကို နားလည်နိုင်ခဲ့သည်။ သင်သည် ကောင်းကင်နှင့်မြေကြီး၏ အတိဒုက္ခကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့သည်။ ထို့ကြောင့် ရှင်သန်ခြင်းဆုလာဘ်အဖြစ် မဟာဖန်ဆင်းခြင်းနတ်ဘုရားစွမ်းရည်ကို ရရှိခဲ့သည်။]
[သင်သည် ဆဋ္ဌမအကြိမ် အတိဒုက္ခကို အောင်မြင်စွာ ကျော်ဖြတ်ခဲ့ကြောင်း တွေ့ရှိရသည်။ သင့်ရဲ့ကျင့်ကြံခြင်းနည်းစနစ်က ကောင်းကင်နှင့်မြေပြင်တာအိုနှင့် မသက်ဆိုင်သည့်အတွက် အောက်ပါ
ရွေးချယ်စရာနှစ်ခုအနက်မှ တခုကိုသာရွေးချယ်နိုင်သည်]
[1-ကျင့်ကြံခြင်းကို စွန့်လွှတ်လိုက်ပါက လက်ရှိ ကျင့်ကြံမှုစွမ်းအားကို လောကသုံးသောင်းနယ်ပယ်အဖြစ်သို့ ပြောင်းလဲ့သတ်မှတ်ပေးမည်"]
[2: ဆက်လက်ကျင့်ကြံမည်..... အင်မေည်တယ်များက သက်ရှိအားလုံးထက် သာလွန်၍ ရိုသေလေးစားခံထိုက်သူများဖြစ်ကြသည်။ ကျင့်ကြံမှု လမ်းကြောင်းသည် ကောင်းကင်တာအို၏လမ်းစဉ်ကို လိုက်နာရန်ဖြစ်သည်။ ကံတရား၏လုပ်ဆောင်ချက်ကိုအသက်သွင်းနိုင်သည်။]