သိုင်းဧကရာဇ်နယ်မြေကို ကျော်လွန်သောနယ်ပယ်
Vol. 22 Ch. 318
ထုံးစံအတိုင်း ကျန်းချန်ရှန်းက ဒုတိယရွေးချယ်မှုကို ရွေးချယ်ခဲ့သည်။
ကျန်းချန်ရှန်းက ကျင့်ကြံမှုအဆင့်ကိုအခြေကျအောင်လုပ်ဆောင်ပြီးနောက်....
"ကံကြမ္မာလုပ်ဆောင်ချက်ကို အသက်သွင်းပါ........"
“ကံကောင်းခြင်းအမှတ်များသည် ကျင့်ကြံသူများ အတိဒုက္ခ ကျော်လွှားနိုင်အောင်ကူညီပေးနိုင်ပြီး ၎င်းတို့၏ကံတရားကို တိုးပွားစေနိုင်သည်။ သင်၏လက်ရှိကံကောင်းခြင်းအမှတ်မှာ 1မှတ် ဖြစ်သည်။ နောက်ဆက်တွဲလုပ်ဆောင်ချက်များကို အနာဂတ်တွင် အစပျိုးပါမည်။ ]
အတိဒုက္ခကို ကျော်လွှားနိူင်မည့် နောက်ထပ်နည်းလမ်းတခု........
အခုတခေါက် အတိဒုက္ခဖြတ်ကျော်ရာတွင် အမွှေးတိုင်အရေအတွက် ဘီလီယံ 20 ခန့်သုံးစွဲခဲ့ရပြီး နောက်အခါတွင် သည့်အထက်ပိုများလာနိုင်ဖွယ်သာရှိသည်။ထို့ကြောင့် အခုလို နောက်ထပ် ဝှက်ဖဲတခုရှိနေခြင်းက ပိုကောင်းသည်မဟုတ်လော....
ကံကြမ္မာလုပ်ဆောင်ချက်ကိုဖွင့်လိုက်သောအခါတွင်၊ သူ၏ကံကောင်းခြင်းအမှတ်များ တိုးလာသည်။
ကံကြမ္မာလုပ်ဆောင်ချက်က အမွှေးတိုင်စနစ်နဲ့မတူဘူးပဲ.....
တိုက်ဆိုင်စွာပင်၊ သူသည် တကျန်းကို ပြန်လည်တည်ဆောက်ရန်အတွက် သူ၏ကံကြမ္မာကို အသုံးပြုလိုခဲ့သည်။
တကျန်းပိုမို အဆင်ပြေလာလေ သူ့အတွက် အမွှေးတိုင်အရေအတွက်တွေ များများရနိုင်လေပင်....ကံကောင်းခြင်းအမှတ်နှင့် အမွှေးတိုင်အရေအတွက်များက အချင်းချင်း ထောက်ပံ့နိုင်ကြသည်။
ကျန်းချန်ရှန်း တွေးတာကို ရပ်လိုက်ပြီး တာအိုကျင့်စဉ်ကို နားလည်ဖို့ အာရုံစိုက်လိုက်ပြန်သည်။
ကောင်းကင်နှင့်မြေကြီး၏ ဝိညာဉ်စွမ်းအင်များ သူ့ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာပြီး သူသည် ဤသ်ိုင်းပညာလောကတစ်ခုလုံးတွင် တစ်ဦးတည်းသောကျင့်ကြံသူဖြစ်သောကြောင့် ကြီးမားလှသော ဝိညာဉ်စွမ်းအင်များကို အလိုအလျောက် စုပ်ယူနိုင်ခဲ့သည်။
အချိန်တွေက တစ်နေ့ပြီးတစ်နေ့ ကုန်ဆုံးကာ ရာသီလေးခု ကူးပြောင်းသွားခဲ့ချေပြီ......
ခိုင်ရှန်းခေါတ် ၄ နှစ်မြောက်နှစ်.........
ကျန်းချန်ရှန်း မျက်လုံးဖွင့်လိုက်တော့ ဝိဉာဉ်အာရုံခံနတ်ဘုရားဓားဖြင့် Soul Sense Divine Sword မှ ဖွဲ့စည်းထားသော ဓားအသီအရင် ထိုနေရာတွင် ရှိနေဆဲဖြစ်ပြီး မည်သူတဉီးတစ်ယောက်မျှသူ့အနားသို့ မချဉ်းကပ်ရဲကြပေ။
တိုတောင်းသောနှစ်တွင်၊ သူ၏ကံကောင်းခြင်းအမှတ်များ သန်း 100 ကျော်အထိ တိုးလာခဲ့သည်။
“အတိဒုက္ခကို ကျော်ဖြတ်ချိန်မှာ ကြားလိုက်ရတဲ့ အသံက ဘယ်လောက် တန်ခိုးကြီးသလဲ သိချင်တယ်”
ကျန်းချန်ရှန်း စိတ်ထဲကနေ အမွှေးတိုင် တွက်ချက်မှု လုပ်ဆောင်ချက်ကို အသုံးပြုခဲ့သည်။
[အမွှေးတိုင် 230,060,005,000 လိုအပ်သည်။ ဆက်လုပ်ရန် ဆန္ဒရှိပါသလား။]
အမွှေးတိုင်အရေအတွက် ဘီလီယံ ၂၃၀ တန်ကြေးက တကယ်ကို အစွမ်းထက်ပေသည်။
"ငါ ဘယ်လောက် သန်မာလဲသိချင်တယ်"
[အမွှေးတိုင် 560,078,000,000 လိုအပ်သည်။ ဆက်လုပ်လိုပါသလား။]
အမွှေးတိုင်အရေအတွက် ၅၆၀ ဘီလီယံ.....
မဆိုးဘူး!
ကျန်းချန်ရှန်းအနေဖြင့် ဤလောက၏သခင်ကို အနိုင်ယူနိုင်သော်လည်း လောလောဆယ် အပြင်မထွက်ချင်ပေ။ သိုင်းလောကက ကျယ်ပြောလှသဖြင့် သည်အတိုင်းနေပြီး အမွှေးတိုင်အရေအတွက်များကို စုဆောင်းနေခြင်းက ပိုကောင်းလိမ့်မည်။
ကျန်းချန်ရှန်း ရုတ်တရက် မျက်မှောင်ကြုတ်လိုက်ပြီး ချက်ခြင်းမှာပဲ၊ ထောင်ပေါင်းများစွာသော ဓားများ
မူလနေရာမှ ပျောက်ကွယ်သွားပြီး သူကိုယ်တိုင်လည်း ခရမ်းရောင်တိမ်တိုက်နန်းတော်သို့ ပြန်ရောက်သွားခဲ့သည်။
ပထမဦးစွာ တကျန်းကို ခြုံငုံကြည့်လိုက်တော့ တကျန်းတခွင်လုံး ပရမ်းပတာဖြစ်နေသော်လည်း ဧကရာဇ်ရှိနေဆဲဖြစ်သည်။ လက်ရှိအချိန်တွင် ရဲရွှမ်နှင့်ဓားနတ်ဘုရားကသာ ဧကရာဇ်ကို ကယ်တင်နိုင်ခဲ့သည်။
တကျန်းက ကောင်းမွန်နေသေးသားပဲ ပြိုလဲသွားတဲ့ အတိုင်းအတာအထိတော့ မဆိုးရွားသေးဘူး......
ကျန်းချန်းရှန်း ထိုသို့တွေးပြီးနောက် မဟာဖန်ဆင်းခြင်းပညာရပ်ကို အမွေဆက်ခံခဲ့သည်။
မဟာဖန်ဆင်းခြင်းပညာရပ်က မိမိအလိုရှိသမျှကို ဖန်တီးနိုင်သော ဖန်တီးမှုနည်းပညာတစ်ခုဖြစ်သည်။ သို့သော်လည်း လူသားများနှင့် မိမိထက် သန်မာသော တည်ရှိမှုကို ဖန်တီးနိုင်ခြင်း မရှိပေ။
ဤပညယရပ်တွင် ဖန်ဆင်းခြင်းဆိုင်ရာနိယာမများပါ၀င်သည်။ ကောင်းကင်နှင့် မြေကြီးတွင် ဖန်ဆင်းခြင်းဆိုင်ရာ နိယာမများက အခြေခံအုတ်မြစ်ဖြစ်သည်။ အရာခပ်သိမ်းကို ဖန်တီးနိုင်ပြီး အဆုံးမရှိသော ကြီးထွားလာနိုင်သည်။
ကျန်းချန်ရှန်း ထိုပညာရပ်ကို အမွေဆက်ခံဖို့ ရက်အတော်ကြာအောင် အချိန်ကုန်ခဲ့ပြီး မဟာဖန်ဆင်းခြင်းပညာရပ်ကို စတင် လေ့ကျင့်ခဲ့သည်။
ဤပညာရပ်က သူ့အကြံအစည်အတွက် ပြီးပြည့်စုံသည်။ သူသည် အနာဂတ်တွင် အမတနတ်ဘုရားများနေထိုင်ရန် ကောင်းကင်ထက်တွင် ကောင်းကင်ကိုးခုကို ဖန်တီးချင်သည်။
လအတော်ကြာပြီးနောက် မဟာဖန်ဆင်းခြင်းပညာရပ်ကို အပြည့်အဝကျွမ်းကျင်ခဲ့သည်။ထို့ကြောင့် မတ်တပ်ထရပ်ပြီး ခရမ်းရောင်တိမ်တိုက်နန်းတော်ထဲက ထွက်လာခဲ့သည်။
နေရောင်ခြည် သူ့အပေါ်ကို ဖြာကျလာတဲ့အခါ တစ်သက်တာ အချိန်ကုန်ဆုံးသွားသလို ခံစားလိုက်ရသည်။
ဤအောင်မြင်မှုအတွက် အတော်ကြာကြာအချိန်ယူခဲ့ရပြီး ယခင်ကနှင့် လုံးဝကွဲပြားသွားခဲ့သည်။ ဤသည်ကိုကြည့်ခြင်းအားဖြင့် အနာဂတ်အောင်မြင်မှုများသည်လည်း ရက်အနည်းငယ်အတွင်း ပြီးဆုံးမည်မဟုတ်ကြောင်း သုံးသပ်နိုင်သည်။
ပိုင်ချီ၊ကျန်းထျန်းမင်၊ရွှေကျီးကန်း၊တိုင်ဝ၊တိုင်ရှီးတို့က သူ့ကို အံ့အားသင့်စွာ လှည့်ကြည့်ကြပြီး ပိုင်လုံကတော့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေဆဲပင်......
“ဘိုးဘိုး နောက်ဆုံးတော့ တံခါးပိတ်ကျင့်ကြံနေရာကနေ ထွက်လာပြီပေါ့... အောင်မြင်စွာ ဖြတ်ကျော်ပြီးပြီလား....."
ကျန်းထျန်းမင်က ကျန်းချန်ရှန်းဆီသို့ ပြေးသွားပြီး စိတ်လှုပ်ရှားစွာ မေးလိုက်သည်။
ကျန်းချန်ရှန်းက သူ့ကိုပြုံးပြလိုက်ပြီး.....
“မင်းတောင် အရပ်တော်တော်ရှည်လာပြီပဲ.... အချိန်တော်တော်ကြာသွားပုံရတယ်...."
ပိုင်ချီက.... “ဟုတ်တယ်လေ....ဆရာကြီး တခါးပိတ်ကျင့်ကြံနေတာ ၁၄ နှစ်ရှိပြီ.... ဧကရာဇ်အသစ် ပြောင်းသွားပြီ.....လက်ရှိမှာ ကျန်းရွှမ်ကျန့်က ဧကရာဇ်ဖြစ်နေပြီ...ဒါပေမယ့် ဘုရင်ခံတွေကြိုးဆွဲရာကနေရတဲ့ ရုပ်သေးဘုရင်ဖြစ်နေတယ်....သူ့မျိုးဆက်ရဲ့ ပါရမီရှင်တစ်ယောက်ကလည်း ငယ်ငယ်ရွယ်ရွယ်နဲ့ သေဆုံးသွားခဲ့တယ်.... ဒါတွေကြောင့် ကိုယ်တော်ပိုင်လည်း အတော်စိတ်ဓာတ်ကျနေတယ်...."
ကျန်းချန်ရှန်းက ဘာသိဘာသာ ခေါင်းညိတ်ပြလိုက်ပြီး အပျင်းပြေအကြောဆန့်နေသည်။
ဒါကိုမြင်တော့ ပိုင်ချွက စိတ်လှုပ်ရှားစွာနဲ့..... “ဆရာတော် လှုပ်ရှားတော့မလို့လား..."
တခြားသူတွေလည်း ပိုင်ချီ နည်းတူ စိတ်လှုပ်ရှားနေခဲ့ကြသည်။
“ဟုတ်တယ်၊ ဒါပေမယ့် တကျန်းအတွက်တော့မဟုတ်ဘူး...”
အင်အားကြီးသော မျိုးနွယ်တစ်ခု တကျန်းဆီ အဝေးမှ ချဉ်းကပ်လာနေပြီး သူတို့ရောက်လာသည်နှင့် တကျန်း ပျက်စီးသွားမှာ သေချာပေသည်။ ချဉ်းကပ်လာနေသော မျိုးနွယ်စုက ချင်းလျန်မျိူးနွယ်စုဖြစ်ပြီး တပ်ဖွဲ့အင်အားက အရင်ကထက် အများကြီး သာလွန်နေသဖြင့် အလေးအနက်ထားနေသည်မှာ ထင်ရှားသည်။ အလွန်ဆုံးငါးနှစ်အတွင်း သူတို့သည် တကျန်းကိုရောက်ရှိမည်ဖြစ်သည်။
ကျန်းချန်ရှန်း စိတ်ထဲကနေ တွက်ချက်မှုအချို့လုပ်ဆောင်နေပြီ..... ဤ ချင်းလျန်မျိူးနွယ်စု စစ်တပ်တွင် အသန်မာဆုံး ကျွမ်းကျင်သူသည် အမွှေးတိုင်အရေအတွက် ၇ ဘီလီယံကျော် တန်ကြေးရှိပြီး ကောင်းကင်နှင့်မြေပြင်
ဧကရာဇ်နယ်ပယ် ကျွမ်းကျင်သူ စုစုပေါင်း ခြောက်ဦးရှိသည်။ မဟာကန္တရမင်းဆက်၏ အင်အားကြီးမျိုးနွယ်စု ပီသစွာ ချင်းလျန်မျိုးနွယ်စု၏ အင်အားက ပေါ့သေးသေးမဟုတ်ခဲ့ပေ။
" ဘိုးဘိုး ကျွန်တော်လည်းလိုက်ချင်တယ်.... ကျေးဇူးပြုပြီး အတူခေါ်သွားပေးပါ!”
ကျန်းထျန်းမင်က စိတ်လှုပ်ရှားစွာ တောင်းဆိုနေတော့ ကျန်းချန်ရှန်း ခဏတုံ့ဆိုင်းသွားပြီး "ကောင်းပြီ ငါ့နောက်လိုက်ခဲ့..... ကျန်တဲ့သူတွေ လုံချီတောင်ကို စောင့်ရှောက်ထားကြ”
ပိုင်ချီက ရယ်လိုက်ပြီး.... " လုံချီတောင်ကို ဘယ်သူတိုက်ခိုက်ဝံ့မှာလဲ...."
" ထျန်းမင်...မင်းရဲ့ အိပ်မက်ကို မမေ့နဲ့......"
..........................
ကျယ်ပြောလှသော မြေပြင်တခုလုံး တုန်ဟီးနေပြီး ချင်းလျန်မျိုးနွယ်စု၏ ကြောက်မက်ဖွယ်ကောင်းသော ဘီလူးကြီးများ ရှေ့သို့ ချီတက်လာနေကြသည်။
သူတို့အားလုံးတွင် ကျားခေါင်းနှင့်လူသားခန္ဓာကိုယ်ရှိကြပြီး အရပ်မြင့်မားကြသည်။
အရပ်အရှည်ဆုံးက ပေ ၁၀၀၀၀ မြင့်ပြီး အပုဆုံးကတောင် ပေ ၁၀၀၀ မြင့်သည်။ လမ်းတစ်လျှောက်ရှိ တောင်များသည် ၎င်းတို့နှင့် နှိုင်းယှဉ်ပါက မြေပုံလေးများသဖွယ်သေးငယ်နေသည်။
၎င်းတို့ကို ဦးဆောင်သူမှာ ပေထောင်ပေါင်းများစွာ မြင့်မားသော ချင်းလျန်မျိုးနွယ်စု၏ ကျွမ်းကျင်သူ ခြောက်ဦးဖြစ်သည်။ ကောင်းကင်နှင့်မြေပြင်ဧကရာဇ်နယ်ပယ် ခြောက်ယောက်တို့ မြေကြီးပေါ်တွင် လမ်းလျှောက်နေကြကာ နတ်ဘုရားများကဲ့သို့ အဖြူရောင်အရိုးချပ်ဝတ်ကို ၀တ်ဆင်ထားကြသည်။
သူတို့ရှေ့က ရက်စက်ကြမ်းကြုတ်တဲ့ သားရဲတွေတောင် ချင်းလျန်မျိုးနွယ်စုကို မြင်သည်နှင့် အမြှီးကုပ် ပြေးကုန်ကြပြီ........
ခပ်လှမ်းလှမ်းက ချောက်ကမ်းပါးတစ်ခုပေါ်၌ လေဟာနယ်ထဲမှာ လူနှစ်ယောက် ရုတ်တရက်ထွက်ပေါ်လာသည်။ ၎င်းတို့မှာ ကျန်းချန်ရှန်းနှင့် ကျန်းထျန်းမင်တို့ဖြစ်သည်။
ကျန်းထျန်းမင် မျက်လုံးများကို ဖွင့်လိုက်ပြီး ချက်ချင်းပင် ထိတ်လန့်သွားသည်။
သူ့အတွက် ချင်းလျန်မျိုးနွယ်စုကို ပထမဆုံးအကြိမ်မြင်ဖူးခြင်းဖြစ်ပြီး ပတ်ပတ်လည်ကို ကြည့်လိုက်တော့ မိုးကုပ်စက်ဝိုင်းကနေ ဖြတ်လျှောက်နေတဲ့ ဧရာမ နတ်ဘုရားတွေလို ဖြစ်တည်မှုတွေကို အတိုင်းသားမြင်နေရသည်။
“ဘိုးဘိုး ဒီကောင်ကြီးတွေနဲ့တိုက်ခိုက်မှာလား......?"
ကျန်းထျန်းမင် မျက်လုံးပြူးပြီး ထိတ်လန့်တကြား မေးလိုက်သည်။
ကျန်းချန်ရှန်းက ရှေ့ကိုကြည့်လိုက်ရင်း..... “ဟုတ်တယ်...ငါတို့ ဒီကောင်တွေကိုမတားရင် တကျန်းပျက်စီးလိမ့်မယ်....."
"သူတို့က ချင်းလျန်မျိုးနွယ်စုထဲက ဟုတ်ရဲ့လား....."
ချင်းလျန်မျိုးနွယ်စု၏ဒဏ္ဍာရီကို ကျန်းထျန်းမင် ကြားဖူးသည်။တကျန်းက နှစ်ပေါင်းရာနှင့်ချီ ငြိမ်သက်နေခဲ့သော်လည်း ချင်းလျန်မျိုးနွယ်စုနှင့် အပြင်းအထန် တိုက်ခိုက်ခဲ့ဖူးသည်။ ထိုတိုက်ပွဲအပြီးတွင်၊ တကျန်း၏သိုင်းပညာရှင်များက ၎င်းတို့၏ အစွမ်းသတ္တိသည် ကြီးမားသော တောရိုင်းမျိုးနွယ်စုများရှေ့တွင် ဖော်ပြရန် မထိုက်တန်ကြောင်း သဘောပေါက်လာသည်။
သို့သော် လက်ရှိတိုက်ပွဲတွင် ချင်းလျန်မျိုးနွယ်စု၏ သူရဲကောင်း မည်မျှရှိသနည်း......
အမြင်အာရုံ အလွန်ကောင်းမွန်နေပြီဖြစ်သော်လည်း ချင်းလျန်မျိုးနွယ်စုမှ သူရဲကောင်း မည်မျှရောက်လာသည်ကို ကျန်းထျန်းမင် မရေတွက်နိုင်ပေ။ အရေအတွက်အတိအကျကို မရေတွက်နိုင်သော်လည်း ရန်သူများက အလွန်အားကောင်းကြောင်း၊ အထူးသဖြင့် မြင့်မားသောတောင်တန်းများကဲ့သို့ကြီးမားလှသော ခန္ဓာကိုယ် ခြောက်ခူကိုတော့ အတိုင်းသား မြင်နေရသည်။
“ဘိုးဘိုး သူတို့က ဘယ်နယ်ပယ်တွေလဲ....."
"အားအနည်းဆုံးက ကောင်းကင်နယ်ပယ်...... သိုင်းဘုရင်နယ်ပယ်ရဲ့ အထက်မှာ မဟာစံပြသူတောင်စင်နယ်ပယ်ရှိပြီး သူ့အထက်မှာ ကောင်းကင်နဲ့မြေပြင်ဧကရာဇ်နယ်ပယ် ရှိတယ်လို့ ပြောနိုင်ပါတယ်..... ကောင်းကင်နဲ့မြေပြင်
ဧကရာဇ်နယ်ပယ်ရောက်နေသူတွေကို လူသားလောကမှာ သိုင်းဧကရာဇ်လို့ခေါ်ကြတယ်....အခုလာနေတဲ့ စစ်တပ်မှာ ကောင်းကင်နဲ့မြေပြင်ဧကရာဇ်နယ်ပယ်တွင် ကျွမ်းကျင်သူခြောက်ဦးရှိတယ်....”
ကျန်းထျန်းမင် မျက်လုံးပြူးသွားသည်။ ကိုယ်တော်ပိုင်နှင့် ကျိဝူကျွင်းတို့ တည်ရှိခြင်းကြောင့် သူ့အမြင်အရ သိုင်းဧကရာဇ်များသည် တန်ခိုးအကြီးဆုံး သတ္တဝါများဖြစ်သည်။ ယခု ဤသို့အစွမ်းအထက်ဆုံး သတ္တဝါခြောက်ကောင်နှင့် ရင်ဆိုင်ကြရတော့မည်လား။
သူ့စိတ်လှုပ်ရှားမှုကို မျိုသိပ်ပြီး ........“ဒါဆို မဟာစံပြသူတော်စင်နဲ့သိုင်းဘုရင် နယ်ပယ်မှာကျွမ်းကျင်သူ ဘယ်နှစ်ယောက်ပါလဲ...."
"ငါ အဲဒါတွေအားလုံးကို ရေတွက်လို့ မရဘူး....."
ကျန်းထျန်းမင် စိတ်လှုပ်ရှားစွာ လက်သီးဆုပ်ထားလိုက်မိသည်။
ထိုအချိန်တွင်၊ ကျန်းချန်ရှန်းက သူ့ပခုံးကို ဖိလိုက်ပြီး သူ့ခန္ဓာကိုယ်ထဲသို့ ထူးဆန်းသော အင်အားတစ်ခု ရောက်ရှိလာပြီး သူ၏ စိတ်ခံစားမှုများကို ချက်ချင်း တည်ငြိမ်သွားစေသည်။
“ဒီတိုက်ပွဲကို ကြည့်လိုက်ပါ.....မဟာကန္တရမင်းဆက်ရဲ့ အင်အားကြီးမျိုးနွယ်စုတွေရဲ့ အစွမ်းသတ္တိကို နားလည်န်ိုင်အောင် မင်းကိုခေါ်လာခဲ့တာ...ဒီတိုက်ပွဲကို တိုက်ဖို့ သိုင်းဘုရင်နယ်ပယ် ကျွမ်းကျင်သူတောင် မလုံလောက်သေးဘူး..... မင်း ကြိုးကြိုးစားစား လေ့ကျင့်ရမယ်...သိုင်းဧကရာဇ်နယ်ပယ်ဆိုတာ သေမျိုးတွေရဲ့ကန့်သတ်ချက်ဆိုပေမယ့် မင်းရဲ့ ကန့်သတ်ချက်မဟုတ်ဘူး....."
ကျန်းချန်ရှန်းက အဝေးကို လှမ်းကြည့်ရင်း တည်ငြိမ်စွာ ပြောလိုက်သည်။
ကျန်းထျန်းမင်က ခေါင်းညိတ်ပြီး “ စိတ်မပူပါနဲ့...ဘိုးဘိုး စိတ်မပျက်စေရပါဘူး "
ချင်းလျန်မျိုးနွယ်စု၏ အင်အားကို နားလည်ပြီးနောက်၊ တိုက်ပွဲဝင်စိတ်ပို၍ပင်ပြင်းထန်လာသည်။
သူ့အဘိုးက ဒီလို အင်အားကြီးတဲ့မျိုးနွယ်စုကို ဘယ်လို ရင်ဆိုင်မလဲ.......
ကျန်းထျန်းမင်၏ အကြည့်အောက်တွင် ကျန်းချန်ရှန်းက သူ့လက်ကို ဖြည်းညှင်းစွာ မြှောက်လိုက်ပြီး ရွှေအကြေးခွံရတနာသစ်ပင် သူ့ရှေ့တွင် ပေါ်လာသည်။
ထိုသစ်ပင်ကို ကြည့်ရင်း ကျန်းထျန်းမင်၏မျက်ဝန်းတစုံ တောက်ပလာကာ ဤ မြင့်မြတ်သော ရတနာကြောင့် သူ အံ့ဩသွားသည်။
“ဘိုးဘိုးက ဘယ်နယ်ပယ်မှာလဲ...သိုင်းဧကရာဇ်နယ်ပယ်ကို ကျော်သွားပြီလား....."
“မင်း ဘယ်သူ့ကိုမှမပြောပြနဲ့.....သိုင်းဧကရာဇ်ပယ်ရဲ့အထက်မှာ ဘယ်နယ်ပယ်ရှိလဲ သိလား...."
"ကျွန်တော်သေချာမသိဘူး..."
သူပြောပြီးတာနဲ့ ရွှေရောင်အလင်းတန်းများ တောက်ပလာတော့သည်။
...........................................
တောထဲ၌........
ရဲရွှမ်နှင့် အဝါရောင်၀တ်စုံဝတ်ထားသူတစ်ယောက် လိုက်ဖမ်းခံနေရပြီး သူတို့နှစ်ဦး တောအုပ်တစ်ခုပြီးတစ်ခု ဖြတ်သန်းသွားရာ နေရာတိုင်းတွင် သစ်ရွက်ခြောက်များ လွင့်ပျံသွားကြသည်။ ဓားနတ်ဘုရားသည် သနားစရာကောင်းသော ကျန်းရွှမ်ကျန့်ကို သယ်ဆောင်ကာ လျင်မြန်စွာ ထွက်ခွာသွားခဲ့သည်။
တစ်ဖက်မှာတော့ တောင်တွေ ပေါက်ကွဲပြီး ဖုန်မှုန့်တွေ လွင့်နေခဲ့ကာ ကျိဝူကျွင်းနှင့် တခြားလူတစ်ယောက် တိုက်ခိုက်နေကြသည်။
ကျိဝူကျွင်းက နဂါဝိဉာဉ်ငွေလှံကို အသုံးပြုနေပြီး သူမ၏ စစ်မှန်သောချီဓာတ်များက မိုင်ရာနှင့်ချီ၍ ကြီးမားပြီး ခွန်အားကြီးကာ သူမ၏ ကိုယ်ဟန်အနေအထားမှာ လွှမ်းမိုးမှုအပြည့်ရှိနေသည်။ သူမကို တိုက်ခိုက်သူမှာ ဝတအနက်ရောင်ဝတ် အမျိုးသားဖြစ်ပြီး ပထမစစ်ဆင်ရေး၏ နောက်ကွယ်မှ သခင်ဖြစ်သည်။
"ရှင် ဘယ်သူလဲ "
ကျိဝူကျွင်းက တဖက်လူကို လူသတ်ချင်စိတ်အပြည့်ဖြင့် ခပ်ပြတ်ပြတ်မေးလိုက်သည်။
အနက်ရောင်ဝတ်အမျိုးသားကို အနက်ရောင်ဓာတ်ငွေ့များဖြင့် ဝန်းရံထားပြီး မျက်နှာဖုံးအောက်ရှိ မျက်ဝန်းတစုံက ရှည်လျားကျဉ်းမြောင်းနေသည်။ သူက ကျိဝူကျွင်းကို စိုက်ကြည့်ပြီး .....
"မင်းဘယ်သူအတွက် အလုပ်လုပ်နေတာလဲ...တာအိုဘိုးဘေးအတွက်လား ? တာအိုဘိုးဘေးက ဧကရာဇ်ကို ကာကွယ်ဖို့တောင်းဆိုထားတာလား...."
ကျိဝူကျွင်းက “တာအိုဘိုးဘေးက လောကီလောကနဲ့ ဝေးကွာတယ်..... ဒီအရာတွေကို သူဘာကြောင့် ဂရုစိုက်နေမှာလဲ.... ငါတို့ကသာ နင့်ရဲ့အကြံအစည်တွေကို ဖျက်ဆီးပစ်ချင်နေတာ....."
ဝုန်းးးးးးးးး
သူမ၏ အသွင်အပြင် ပြောင်းလဲလာပြီး တိုက်ပွဲဝင်နတ်ကိုးပါးပညာရပ်ကိုပါ ထုတ်သုံးနေပြီဖြစ်သည်။ သူမ၏လှံချက်ကြောင့် သူမ၏ အစစ်အမှန်ချီများ ပင်လယ်ကဲ့သို့ လွင့်ထွက်သွားပြီး လမ်းတစ်လျှောက်ကတောင်တန်းများကို ချေမှုန်းပစ်လိုက်သည်။
အနက်ရောင်ဝတ်အမျိုးသားက ဝတ်ရုံလက်ကို ဝှေ့ယမ်းပြီး နက်ရှိုင်းသောကမ္ဘာမှ ထွက်လာပုံရသည့် အနက်ရောင်လေပြင်းများဖြင့် ၎င်းကို ပိတ်ဆို့လိုက်သည်။ စစ်မှန်သောချီဓာတ် စမ်းချောင်းနှစ်စင်း တိုက်မိပြီး ကြောက်မက်ဖွယ်ရာ လေပြင်းများ တိုက်မိသွားသည်။ ဓားနတ်ဘုရားပင် အဝေးသို့ ပျံလွင့်လုနီးပါးဖြစ်ခဲ့သည်။
"မင်း... မင်းကိုဘယ်သူလွှတ်လိုက်တာလဲ..."
ကျန်းရွှမ်ကျန့်က အားနည်းသောအသံဖြင့် ပျော့ညံ့စွာမေးလိုက်သည်။ သူ့မျက်လုံးများတွင် ကျေးဇူးတင်သည့်အငွေ့အသက်စိုးစဉ်းမျှမရှိပေ။
နှစ်တွေကြာလာတာနဲ့အမျှ ဘုရင်ခံ အများအပြားက သူ့ကို လုယူချင်ကြပြီး ဒါတွေကို ကျင့်သားရလာခဲ့ပြီ......
ဓားနတ်ဘုရားက ခေါင်းမလှည့်ဘဲ “ဘယ်သူမှလွှတ်လိုက်တာမဟုတ်ဘူး....တာအိုဘိုးဘေးက ကျန်းမိသားစုရဲ့နယ်မြေတွေကို တခြားသူလက်ထဲမပါသွားစေချင်ဘူး...."