← Chapters

ဘိုးဘေးတို့အား နန်းတက်ရန် ဖိတ်ကြားခြင်း........

Vol. 22 Ch. 319

ဘိုးဘေးတို့အား နန်းတက်ရန် ဖိတ်ကြားခြင်း........

Vol. 22 Ch. 319

တာအိုဘိုးဘေး ?

ဒီစကားကိုကြားတော့ ကျန်းရွှမ်ကျန့် ရဲ့ ထုံကျင်တဲ့စိတ်က ချက်ချင်းနိုးကြား

လာသည်။သူက မျက်လုံးပြူးပြီး တုန်တုန်ယင်ယင်အသံနဲ့....... "တာအိုဘိုးဘေးနဲ့ ခင်ဗျားရဲ့ဆက်ဆံရေးက ဘယ်လိုလဲ"

ဓားနတ်ဘုရားက..... “ကျုပ်က တာအိုဘိုးဘေးလက်အောက်မှာ ကျင့်ကြံနေတဲ့သိုင်းပညာရှင်ပါ......”

ဒီအဖြေကို ကျန်းရွှမ်ကျန့် ကြားလိုက်တဲ့အခါ သူ့ရင်ထဲမှာ ခံစားချက်တွေ တဟုန်းဟုန်းတောက်လောင်နေခဲ့သည်။ နာကျည်းမှု၊ ရှက်ရွံ့ခြင်း၊ ဒေါသ၊ ကြည်နူးစရာ အံ့သြစရာ စသဖြင့် ခံစားချက်တွေ ရောထွေးနေ။

"ဒါပြီးရင်... တာအိုဘိုးဘေးကို တွေ့နိုင်မလား"

ကျန်းရွှမ်ကျန့်သေသေချာချာ မေးလိုက်တော့ဓားနတ်ဘုရားက “တာအိုဘိုးဘေး. နှစ်ပေါင်းများစွာ တံခါးပိတိကျင့်ကြံနေတယ်..... သူ့ကို ဘယ်တော့တွေ့နိုင်မလဲဆိုတာတောင် မသေချာဘူး"

တံခါးပိတိကျင့်ကြံနေတယ်?

ကျန်းရွှမ်ကျန့် ရုတ်​တရက်​ ဉာဏ်အလင်းပွင့်သွားခဲ့သည်။ သူ့ဘိုးဘေး မလှုပ်ရှားခဲ့တာ မထူးဆန်းတော့ဘူး.... တံခါးပိတ်ကျင့်ကြံနေလို့ပေါ့.......

တာအိုဘိုးဘေးလို ပညာရှင်တစ်ယောက်သာ တံခါးပိတိကျင့်ကြံပြီးရင် ဘယ်လောက် သန်မာလာနိုင်မလဲ......

သူ စိတ်ကူးမကြည့်နိုင်ပေမယ့် စိတ်ပျက်အားငယ်နေတဲ့ သူ့ဘဝဟာ အချိုးအကွေ့တစ်ခုဆီကို ဦးတည်သွားတော့မယ်ဆိုတာ သူသဘောပေါက်ခဲ့ချေပြီ။

သို့သော် တာအိုဘိုးဘေးနှင့်တွေ့ဆုံပြီးနောက် သူဘာလုပ်သင့်သနည်း....ယ

ကျန်းရွှမ်ကျန့် တကယ်ကို စိတ်ရှုပ်ထွေးသွားပြီး သူ့ဘဝရဲ့ ပထမသက်တမ်းတဝက်ကို ပြန်သတိရလာပါတော့သည်။

............................

ရွှေရောင်အလင်းတန်းများကြားတွင် မရေမတွက်နိုင်သော ရွှေအပ်များ သဲသဲမဲမဲ ရွာနေသကဲ့သို့ အကန့်အသတ်မရှိ မြေပြင်ကို တရစပ်တိုက်ခတ်နသည်။ ချင်းလျန်မျိုးနွယ်စုစစ်သည်များ တယောက်ပြီး တယောက် အသတ်ခံခဲ့ရပြီး သွေးများ မြေပြင်ပေါ်တွင် ချောင်းစီးနေပြီ........

ကျန်းထျန်းမင်တစ်ယောက် ကောင်းကင်ကို ဖုံးလွှမ်းနေသော ရွှေအကြေးခွံ ရတနာသစ်ပင်ကို ကြည့်ကာ ပါးစပ်မစိနိုင်တော့ပေ။

ကောင်းကင်တစ်ခုလုံးကို ရွှေအကြေးခွံရတနာသစ်ပင်၏ အကိုင်းအခက်များဖြင့် ဖုံးအုပ်ထားပြီး အရွက်တစ်ရွက်က တောင်တစ်လုံးထက်ပိုကြီးသည်။ ဤကြီးမားကျယ်ပြန့်မှုမျိုးက တုန်လှုပ်ချောက်ချားပြီး အားကောင်းလှသည်။ သူ့အမြင်အာရုံနှင့်ပင် ရွှေအကြေးခွံရတနာသစ်ပင် တစ်ခုလုံးကို အပြည့်အဝမမြင်နိုင်ပေ။

ရွှေအကြေးခွံရတနာသစ်ပင် အောက်တွင်၊ ချင်းလျန်မျိုးနွယ်စုတစ်ခုလုံး သစ်ပင်အောက်ရှိ ပုရွက်ဆိတ်အုံလိုဖြစ်နေပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အရပ်ရပ်သို့ ထွက်ပြေးနေရသလိုဖြစ်နေရှာသည်။ ကောင်းကင်နှင့် မြေပြင်ဧကရာဇ် နယ်ပယ် ကျွမ်းကျင်သူ ခြောက်ဦးစလုံး ကောင်းကင်သို့ ပျံတက်ကာ ရွှေအကြေးခွံ ရတနာသစ်ပင်ကို ဝိုင်းထားခဲ့သည်။ သူတို့၏ ခွန်အားက သိုင်းဧကရာဇ်များနှင့် ယှဉ်နိုင်သော်လည်း သစ်ပင်ကို လှုပ်ခါရုံသာ တတ်နိုင်သည်။

အမည်မသိ တန်ခိုးကြီးသော တည်ရှိမှုတစ်ခုနှင့် ရင်ဆိုင်နေရသော်လည်း ချင်းလျန်မျိုးနွယ်စုကတော့ မကြောက်ခဲ့ပေ။ သူတို့အားလုံး ရွှေအကြေးခွံရတနာသစ်ပင်ကို ဆက်လက်တိုက်ခိုက်ခဲ့ကြသည်။

"ချီတက်ကြ!"

"ဒါက တကျန်းကပညာရှင်ရဲ့ သစ်ပင်ပဲ!"

"ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ? ခေါင်းဆောင်ခြောက်ယောက်တောင် ဒီသစ်ပင်ကို ဘာမှလုပ်လို့မရဘူး....”

"တကျန်းကလူတွေက ဘယ်မှာလဲ....."

"ချင်းလျန်မျိုးနွယ်စုတွေဘာကြောင့် ဒီကို ရောက်နေတာလဲ..... ငါတို့သေရင်တောင် ဒီသစ်ပင်ကို ခုတ်ပစ်ရမယ်....”

ချင်းလျန်မျိုးနွယ်စုမှ စစ်သည်များက ရတနာသစ်ပင်၏ တိုက်ခိုက်ခြင်းကို ရှောင်တိမ်းရင်း ကျိန်စာတိုက်ခဲ့ကြသည်။ သူတို့ပတ်ပတ်လည် မိုင်ဆယ်သန်းချီသော ဧရိယာကို မဆုတ်မနစ် တရစပ် ဗုံးကြဲသလို ရွှေအလင်းတန်းများဖြာကျနေသည်။ ဤအကွာအဝေးသည် နဂါးသွေးကြောတိုက်ကြီး၏အရွယ်အစားထကိကျော်လွန်သွားခဲ့သည်။

ကျန်းထျန်းမင်က ကျန်းချန်ရှန်းကို လှည့်ကြည့်လိုက်သည်။ တည်ငြိမ်အေးဆေးသော အသွင်အပြင်ကို မြင်လိုက်ရတော့ သူ့ရင်ထဲတွင် ကြည်နူးမှု လွန်ကဲလာသည်။

အစွမ်းထက်လွန်းတယ်......

သူက စိတ်လှုပ်ရှားစွာဖြင့်... “ဘိုးဘိုး....ဒါက ဘယ်လို နတ်လက်နက်မျိုးလဲ.....ဒါမှမဟုတ် ရက်စက်တဲ့ သားရဲလား”

တကျန်းမှ သိုင်းပညာရှင်သည်များသည် ရက်စက်ကြမ်းကြုတ်သော သားရဲများ၏ သွေးအနှစ်သာရကို စုပ်ယူရန် နည်းပညာအချို့ အသုံးပြုနိုင်သည်။ အချို့က ရက်စက်ကြမ်းကြုတ်သော သားရဲ၏ ခန္ဓာကိုယ်ကိုပင် တွန်းလှန်နိုင်ကြသည်။

ကျန်းချန်ရှန်းက ပြုံးလိုက်ပြီး "ဒါကို အင်မော်တယ်လက်နက်တခုလို့ပဲသိထားလိုက်....."

အင်မော်တယ်လက်နက်?

ကျန်းချန်ရှန်းက.... “ထျန်းမင်... သေချာကြည့်ထား....နောက်တွေ့ရမယ့်အရာကသိုင်းဧကရာဇ်ထက်သာလွန်တဲ့ စွမ်းအားတစ်ခုပဲ.... ဒါဟာ မင်းတစ်သက်လုံးလိုက်ရှာရမယ့် စွမ်းအားပဲ!”

သူ လေထဲသို့ ခုန်တက်လာပြီး ရွှေအကြေးခွံ ရတနာသစ်ပင်ဆီ ပျံသန်းသွားတဲ့ ရွှေရောင်အလင်းတန်းအဖြစ် ပြောင်းလဲသွားလေသည်။

ကျန်းထျန်းမင်၏မျှော်လင့်ချက်နှင့် စိတ်လှုပ်ရှားနေသောအမူအရာအောက်တွင် ကျန်းချန်ရှန်းက ထျန်းရှန်းဓမ္မကို ရုတ်တရက် အသက်သွင်းပြီ ရွှေရောင်အကိုင်းအခက်ပေါ်တွင် ရပ်နေလိုက်သည်။သူ့ဉီးခေါင်းအနောက်က တုနှိုင်းမဲ့ယန်အလင်းတန်း၏ နေရောင်ခြည်သည် တောက်ပသော နေမင်းထက်ပင် ပို၍ တောက်ပနေ၏။

ချင်းလျန်မျိုးနွယ်စုခေါင်းဆောင် ခြောက်ဦးလည်း ထိတ်လန့်သွားကြသည်။ သူတို့ ရပ်တန့်ပြီး ကျန်းချန်ရှန်း၏ကြီးမား သန်မာသော ရုပ်သွင်ကို မျှော်ကြည့်ကြသည်။

သူ့ရှေ့တွင်၊ ချင်းလျန်မျိုးနွယ်စု၏ ကိုယ်လုံးကိုယ်ပေါက်ပင်လျှင် အလွန်သေးငယ်နေပုံရသည်။

ကျန်းထျန်းမင် အံသြသွားသည်။

သူ့ဘိုးဘိုးက ဘယ်လိုလုပ် ဧရာမလူသား ဖြစ်သွားတာလဲ.......

တုနှိုင်းမဲ့ယန်အလင်းတန်းက တောက်ပသောအလင်းရောင်ဖြင့် လင်းလက်တောက်ပနေပြီး ချင်းလျန်မျိုးနွယ်စုမှ စစ်သည်များ ကျန်းချန်ရှန်း ၏မျက်နှာကို မမြင်ရအောင် တားဆီးထားသည်။

သို့သော် မဟာတာအိုမျက်ဝန်းကိုတော့မြင်နေရသည်။

မဟာတာအိုမျက်လုံး၏ ရွှေရောင်အလင်းတန်းသည် နေရောင်ထဲတွင် အလွန်မြင့်မြတ်ပြီး မသေမျိုးအမတနတ်ဘုရားတပါးလိုပင်ထင်ရသည်။

ကျန်းထျန်းမင် မသိစိတ်ကြောင့် သူ့တတိယမျက်လုံးကို ထိလိုက်ပြီး........ “မျှော်လင့်ထားသလိုပဲ၊ ဒါက ငါ့အဘိုးဆီက အမွေရခဲ့တာ..... ဒါပေမယ့် ငါ့တတိယမျက်လုံးက ဘာလို့ ဒီလောက်တောင် မခန့်ညားရတာလဲ”

သူ့အဘိုးရဲ့ နောက်ဆက်တွဲ လှုပ်ရှားမှုတွေကို စောင့်ကြည့်ရင်း အနာဂတ်မှာ သူ့ရဲ့တတိယမျက်လုံးကို ပိုသုံးရမယ်ဆိုတာ သေချာစိတ်ဆုံးဖြတ်လိုက်သည်။

တတိယမျက်လုံးတွင် အခြားစွမ်းရည်များရှိကြောင်း သူအမြဲတမ်းခံစားခဲ့ရသော်လည်း အခုထိ မဖွံ့ဖြိုးသေးပေ။

ချင်းလျန်မျိုးနွယ်စုစု၏ ဆံပင်နီခေါင်းဆောင်က ဒေါသတကြီးမေးလိုက်ရာ သူ့လေသံမှာ ကြောက်ရွံ့မှုများနှင့် ပြည့်နှက်နေသည်။

" သင်ဘယ်သူလဲ...."

ကျန်းချန်ရှန်း၏ ခွန်အားကို မမြင်နိုင်သလို ဒီလို ကြောက်စရာကောင်းတဲ့ တည်ရှိမှုကို သူ တစ်ခါမှ မကြုံဖူးပေ။

"တကျန်းကလူတွေ ငါ့ကို တာအိုဘိုးဘေးလို့ ခေါ်ကြတယ်..... တကျန်းပြည်သူတွေက ငါ့ကိုလေးစားကြည်ညိုတာကြောင့် သူတို့တွေကို ကာကွယ်ပေးရမယ်..... မင်း တကျန်းကို ကျူးကျော်တာ ဒါပထမဆုံးအကြိမ်မဟုတ်ဘူး.... ဒါကြောင့် မင်းဒုက္ခရောက်ရလိမ့်မယ်....."

ကျန်းချန်ရှန်း အပေါ်စီးမှ မတ်တတ်ရပ်ကာ ဘာမှမထူးခြားသော အမူအရာဖြင့်ပြန်ဖြေလိုက်သည်။

ဝုန်းးးးးးး

သူ့မျက်လုံးထဲက ရွှေရောင်အလင်းတန်းတစ်ခု ထွက်လာပြီး လျင်မြန်လွန်းလှသဖြင့် မည်သူမျှ သာမန်မျက်စိဖြင့် မမြင်နိုင်ခဲ့ပေ။

ချင်းလျန်မျိုးနွယ်စု၏ ခေါင်းဆောင်တစ်ဦး၏ ခန္ဓာကိုယ် ကြေမွသွားသည်။ ရွှေရောင်အလင်းတန်းများ ဆင်းသက်လာပြီး လမ်းတလျှောက် လျင်မြန်စွာ ကျယ်ပြန့်လာပြီး ချင်းလျန်မျိုးနွယ်စု စစ်တပ်ကို ဖြတ်ကျော်သွားသည်။ ရွှေရောင်အလင်းတန်းနှင့် ထိမိသော ချင်းလျန်မျိုးနွယ်စုစစ်သူရဲများအားလုံး ပြာများအဖြစ်သို့ ကြေမွသွားကြကာ ချောက်နက်ကြီးတခု မြေပြင်တွင်ပေါ်ထွက်လာပြီး ကမ္ဘာအဆုံးအထိ ပြန့်နှံ့သွားခဲ့သည်။

အလင်းတန်းတစ်ခုက ချင်းလျန်မျိုးနွယ်စုမှ စစ်သည် ထောင်ပေါင်းများစွာကို အနည်းဆုံး သေဆုံးစေခဲ့သည်။

ကမ္ဘာကြီးတခုလုံး တိတ်ဆိတ်နေ၏........

ချင်းလျန်မျိုးနွယ်စု၏ ကျန်ခေါင်းဆောင်ငါးဦးစလုံး အလွန်ထိတ်လန့်သွားကာ ၎င်းတို့၏ ခန္ဓာကိုယ်များ တောင့်တင်းလာသည်။

တစ်ချက်လှုပ်ရုံဖြင့် ချင်းလျန်မျိုးနွယ်စု တစ်ခုလုံး ၎င်းတို့၏ တိုက်ပွဲဝင်လိုစိတ်ကို ဆုံးရှုံးသွားခဲ့ပြီး အဆုံးမရှိသော စိတ်ပျက်အားငယ်မှုနှင့် ကြောက်ရွံ့မှုများသာ သူတို့၏နှလုံးသားများကို ဖုံးလွှမ်းသွားခဲ့သည်။

“မင်းတို့ ထွက်မပြေးတာ ပိုကောင်းမယ်..... မဟုတ်ရင် မင်းတို့အားလုံး သေရလိမ့်မယ်.....”

ကျန်းချန်ရှန်း၏ အသံက ကောင်းကင်နှင့် မြေကြီးကြားတွင် တစ်ဖန် ပဲ့တင်ထပ်ကာ ချင်းလျန်မျိုးနွယ်စု၏ စစ်သူရဲများအားလုံးကို တုန်လှုပ်သွားစေသည်။

ကျန်းထျန်းမင် အလွန်စိတ်လှုပ်ရှားနေသဖြင့် မူးမေ့လဲလုနီး ဖြစ်နေသည်။ နှစ်ထောင်ပေါင်းများစွာ တည်ရှိခဲ့သော သဘာဝအတားအဆီးတစ်ခုလို အဆုံးမရှိသောချောက်ကြီးကို ကြည့်လိုက်သောအခါ၊ ဤကဲ့သို့သော အဖျက်စွမ်းအားမျိုးကို စိတ်ကူးကြည့်လို့ပင်မရတော့ပေ။

အစွမ်းထက်လွန်းတယ်........

သိုင်းဧကရာဇ်လို အစွမ်းထက်သော တစ်စုံတစ်ယောက်အား တစ်ချက်တည်းဖြင့် ဖျက်ဆီးပစ်နိုင်သည်။

“ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ… ကောင်းကင်နဲ့ မြေပြင်ဧကရာဇ်နယ်ပယ်က ကျွမ်းကျင်ပညာရှင်ရဲ့ ခန္ဓာကိုယ်!!!!!…”

ချင်းလျန်မျိုးနွယ်စုရဲ့ ဆံပင်အနီရောင်ခေါင်းဆောင် ထိတ်လန့်တုန်လှုပ်သွားသည်။

ကောင်းကင်နှင့်မြေပြင်ဧကရာဇ် နယ်ပယ်သို့ ရောက်ရှိသူတိုင်းသည် ၎င်းတို့၏ သက်တမ်းစေ့နေလျှင်ပင် ဖျက်ဆီး၍မရသော ခန္ဓာကိုယ်ရှိမည်ဖြစ်သည်။

ကောင်းကင်နှင့်မြေပြင်ဧကရာဇ်နယ်ပယ် ကျွမ်းကျင်ပညာရှင်၏အလောင်း ဖျက်ဆီးခြင်းခံရသည်ကို သူတို့ တစ်ခါမှ မကြားဖူးခဲ့ပေ။

သို့သော်လည်း သူတို့ရှေ့က မြင်ကွင်းက သူတို့ရဲ့ မျက်လုံးတွေကို သစ္စာဖောက်နေပြီး သူတို့ရဲ့ မကြောက်မရွံ့စိတ်တွေကို စိတ်ပျက်လက်ပျက် ဖြစ်စေခဲ့သည်။

"မင်းတို့ အသက်ရှင်ချင်လား"

ကျန်းချန်ရှန်းက ချင်းလျန်မျိုးနွယ်စုခေါင်းဆောင်ငါးဦးကို ငုံ့ကြည့်ကာ မေးလိုက်သည်။

ချင်းလျန်မျိုးနွယ်စု၏ဆံပင်နီခေါင်းဆောင်က တုန်လှုပ်သောအသံဖြင့်.....

“ဟုတ်…ဟုတ်ကဲ့”

"ချင်းလျန်မျိုးနွယ်စုက လူသားမျိုးနွယ်ကို နှစ်ကြိမ်တိုင်တိုင် တိုက်ခိုက်ခဲ့တယ်..... နောက်ထပ်နှစ်ယောက်ရဲ့အသက်ကိုယူပြီးရင် ကျန်တဲ့သူတွေ အသက်ရှင်လိမ့်မယ်.....'

ကျန်းချန်ရှန်း၏ အသံက အလွန်အေးစက်နေသည်။

ခေါင်းဆောင်ငါးဦး မဖြေမီတွင် မဟာတာအိုမျက်လုံးအစွမ်းဖြင့် ကောင်းကင်နှင့် ကမ္ဘာဧကရာဇ်နယ်ပယ် ကျွမ်းကျင်သူတစ်ဦးကို ဖျက်ဆီးပစ်သည့် နောက်ထပ် ရွှေရောင်အလင်းတန်းတစ်ခုကို ပစ်ခတ်လိုက်လေသည်။

ချင်းလျန်မျိုးနွယ်စုမှ မည်သည့်စစ်သားမျှ ကြွေးကြော်ခြင်းမပြုဝံ့ဘဲ ကျန်းချန်ရှန်း သူတို့ကို ပစ်မှတ်ထားမည်ကို စိုးရိမ်သဖြင့် သူတို့အားလုံး ထိတ်လန့်နေကြသည်။

အကြွင်းမဲ့ ခွန်အားနှင့် ရင်ဆိုင်ရသောအခါတွင် ၎င်းတို့သည် အသက်ရှင်ဖို့ကိုသာ ဒူးထောက်တောင်းဆိုရပေမည်။

ဝုန်းးးးးးး

နောက်ထပ် ရွှေရောင်အလင်းတန်းတစ်ခု ထွက်လာပြီး ကောင်းကင်နှင့် ကမ္ဘာမြေကို လင်းထိန်းသွားစေပြန်သည်။

ဧကရာဇ်နယ်ပယ်ကျွမ်းကျင်သူများနှင့် ချင်းလျန်မျိုးနွယ်စု၏ ထောင်သောင်းချီသော စစ်သည်တော်များရှေ့မှောက်၌ ကျယ်ပြောလှသော မြေကြီးပေါ်တွင် ချောက်ကြီးတစ်ခုနှင့် ဆင်တူသော ချောက်နက်သုံးခု ပေါ်လာသည်။ သဲမုန်တိုင်းတောင်မှ သူတို့ကို လုံးလုံးမဖုံးနိုင်တော့ပေ။

"မင်းတို့ရဲ့အမှားတွေအတွက် မင်းတို့ပေးဆပ်ရမယ်.... ဒူးထောက်ကြစမ်း!”

ကျန်းချန်ရှန်း၏ အသံတွင် ဖိနှိပ်မှုများ ပြည့်နှက်လာသည်။ ချင်းလျန်မျိုးနွယ်စု ၏ ကျန်ခေါင်းဆောင် သုံးဦးစလုံး ချက်ချင်း ဒူးထောက်ကာ အခြားသူများလည်း အလားတူ ဒူးထောက်လိုက်ကြသည်။

ထိုအချိန်တွင် သူတို့၏နှလုံးသားထဲတွင် အရှက်တရားမရှိခဲ့ပေ။ အဆုံးမရှိသော အကြောက်တရားနှင့် ဘေးဆိုးကြီးမှ လွတ်မြောက်လိုစိတ်သာရှိနေကြသည်။

အဝေးက ဒူးထောက်နေသော ကြီးမားသောရုပ်သဏ္ဍာန်များကို ကြည့်လိုက်တော့ ကျန်းထျန်းမင် သူ့လက်သီးများကို တင်းတင်းဆုပ်ထားသည်။

ကြီးစိုးလွန်းတယ်......

သိုင်းဧကရာဇ်ဆိုတာဘာလဲ....ဒါကမှ ကမ္ဘာ့ နံပါတ်တစ်ရဲ့ စွမ်းအားပဲ......

ကျန်းထျန်းမင်က မြင့်မားပြီး အင်အားကြီးသော ကျန်းချန်ရှန်းကို မျှော်ကြည့်ကာ သူ့အသိစိတ်၏ နက်နဲသောနေရာ၌ဤ မြင်ကွင်းကို ဘယ်တော့မှ မေ့မရနိုင်အောင် ရေးထွင်းထားသည်။

“လူသားမျိုးနွယ်စုကသာ ဧကရာဇ်မျိုးနွယ်အသစ် ဖြစ်လာလိမ့်မယ်လို့ ငါမျှော်လင့်တယ်......ချင်းလျန်မျိုးနွယ်စုက တော်ဝင်မျိုးနွယ်စုလက်အောက်မှာ သစ္စာရှိပြီး အစွမ်းထက်တဲ့မျိုးနွယ်အဖြစ် ဆက်လက်တည်ရှိနေရမယ်.... မင်းတို့ဆန္ဒမရှိရင် မင်းတို့ရဲ့နယ်မြေဆီ ငါကိုယ်တိုင်သွားမယ်!"

"မှတ်ထားပါ၊ ငါမင်းတို့ကို ဒုတိယအကြိမ် အခွင့်အရေးမပေးဘူး......"

ကျန်းချန်ရှန်း သူ၏ညာလက်ကို မြှောက်လိုက်တော့ ကောင်းကင်ကို ဖုံးလွှမ်းနေသော ရွှေအကြေးခွံ ရတနာသစ်ပင် ကျုံ့သွားပြီး သူ့လက်ထဲသို့ လျင်မြန်စွာ ကျဆင်းလာသည်။ ဤမြင်ကွင်းသည် ချင်းလျန်မျိုးနွယ်စု၏ အသက်ရှင်ကျန်ရစ်သော ခေါင်းဆောင်သုံးဦး၏ နှလုံးသားထဲတွင် ကြောက်ရွံ့မှုကို နက်နက်ရှိုင်းရှိုင်း လှုံ့ဆော်ပေးခဲ့သည်။

သူတို့မျက်စိရှေ့မှာ ဖြစ်ပျက်နေတာတွေကို နားမလည်နိုင်တော့ဘူး.....

ကျန်းချန်ရှန်းက ဝတ်ရုံလက်စကို ဝှေ့ယမ်းလိုက်ပြီး ချင်းလျန်မျိုးနွယ်စု၏ အလောင်းအားလုံးကို ဖယ်ရှားခဲ့သည်။ ချင်းလျန်မျိုးနွယ်စုမှ စစ်သည်တော်များ အသိစိတ်ကပ်လာသောအခါ ကျန်းချန်ရှန်း ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။

ကျန်းထျန်းမင် မတုံ့ပြန်နိုင်ခင်မှာ သူ့ပခုံးကို ဆုပ်ကိုင်ထားတဲ့ လက်တစ်စုံကို ခံစားလိုက်ရပြီး ကမ္ဘာကြီးတခုလုံး ချာချာလည်သွားခဲ့သည်။

သူ မျက်လုံးကို ပြန်ဖွင့်လိုက်သောအခါ၊ လုံချီတောင်ပေါ်ကခြံဝင်းဆီသို့ ပြန်ရောက်နေပြီဖြစ်သည်။

ကျန်းထျန်းမင် တုန်တုန်ယင်ယင်ဖြင့် ထို နေရာတွင်သာ မတ်တပ်ရပ်နေ၏။

ကျန်းချန်ရှန်း တဖက်လှည့်ပြီး ဘုရားကျောင်းထဲကို လျှောက်သွားတော့ ပိုင်ချီ က ကျန်းထျန်းမင်ရဲ့ မူမမှန်မှုကို ကြည့်ပြီး........ "ဘာဖြစ်နေတာလဲ?"

"အရမ်းပြင်းထန်တယ်! ပြင်းထန်လွန်းတယ်......ပြင်းထန်လွန်းတယ်!”

ကျန်းထျန်းမင် အရူးတယောက်လို

အော်ဟစ်နေသဖြင့် ပိုင်လုံတောင် လန့်နို့သွားခဲ့သည်။

ပိုင်ချီက ဒေါသတကြီးဖြင့် ......

"ဆရာကြီးသန်မာတာ အခုမှသိတာလား...မမြင်ဖူးတာလဲမဟုတ်ဘဲနဲ့ဘာအရူးထနေတာလဲ....."

ကျန်းထျန်းမင်က လက်သီး ဆုပ်ထားပြီး......

“ခင်ဗျား နားမလည်ပါဘူး! သူက အရမ်းသန်မာတယ်....."

ခရမ်းရောင်တိမ်တိုက်နန်းတော်ထဲသို့ဝင်ပြီးနောက် ကျန်းချန်ရှန်း ဆုတောင်းဖျာပေါ်တွင်ထိုင်ကာ ယခင်တိုက်ပွဲအကြောင်း ပြန်တွေးနေခဲ့သည်။

ချင်းလျန်မျိုးနွယ်စုကို တိုက်ခိုက်သောအခါတွင် သူ၏ လုပ်ရပ်များက ကောင်းကင်နှင့် မြေပြင်၏ စည်းမျဉ်းများကို နှောင့်ယှက်လိမ့်မည်ဟု ရှင်းရှင်းလင်းလင်း ခံစားခဲ့ရသည်။ ကောင်းကင်နှင့် မြေပြင်ရဲ့ တန်ခိုးစွမ်းအားက သူ့ကို ငြင်းပယ်ခဲ့သည်။ ဟုတ်ပါတယ်..... ဒါဟာ သူ့ကို ငြင်းပယ်ရုံသာဖြစ်ပြီး သူ့ကို လုံးဝမနှောင့်ယှက်နိုင်ခဲ့ပေ။

"ငါက ဒီလောကနဲ့မသက်ဆိုင်သလိုပဲ......"

ကျန်းချန်ရှန်း အတိုင်းအတာတစ်ခုအထိ တိတ်တဆိတ် တွေးတောကာ သူသည် အမှန်တကယ်ပင် ကျူးကျော်သူဖြစ်ကြောင်း နားလည်လာခဲ့သည်။

သို့သော် သူ့တွင် ရွေးချယ်စရာမရှိပေ။ ရှင်သန်ရန်အတွက် အဆုံးအထိ ကျူးကျော်ရမည်သာ.......

ပိုင်ချီ နှင့် ရွှေကျီးကန်းတို့၏ အော်ဟစ်သံများ ခရမ်းရောင်တိမ်တိုက်နန်းတော်အပြင်ဘက်တွင် ထွက်ပေါ်လာသည်။ ကျန်းထျန်းမင် ရှင်းပြသည်ကို နားထောင်ပြီးသည်နှင့် ခြံဝင်တခုလုံး ဖရိုဖရဲဖြစ်ကာ ဆူညံသွားသည်။

"ခိုင်ရှန်းခေတ်၏ 4 နှစ်တွင်....ချင်းလျန်မျိုးနွယ်စုက တကျန်းကို ဝါးမျိုရန် ရည်ရွယ်ချက်ဖြင့် စစ်တပ်စေလွှတ်ကာ တိုက်ခိုက်ခဲ့သည်။ သင်သည် သူတို့၏ဝိုင်းရံမှုမှ လွတ်မြောက်ခဲ့ပြီး ဘေးဆိုးတစ်ခုမှ လွတ်မြောက်ခဲ့သည်.... ရှင်သန်ခြင်းဆုလာဘ်အဖြစ် အင်မော်တယ်မက်မွန်ပင်ကိုရရှိသည်”

ကျန်းချန်ရှန်း ရှေ့မှာ အကြောင်းကြားချက်တစ်ခု ပေါ်လာသဖြင့် ပြုံးလိုက်မိသည်။

မျှော်လင့်ထားသည့်အတိုင်း၊ ချင်းလျန်မျိုးနွယ်စုက သူ့ဆီ ကြီးမားသောလက်ဆောင်တစ်ခု ပေးပို့ခဲ့သည်။

အင်မော်တယ် မက်မွန်ပင်.........

ဒီသစ်ပင်ကသီးတဲ့ မက်မွန်သီးတွေဟာ ဒဏ္ဍာရီတွေအတိုင်း သက်ရှိသတ္တဝါတွေရဲ့ သက်တမ်းကို တိုးပေးနိုင်မလားလို့ သူတွေးနေမိသည်။

နှစ်လကြာပြီးနောက်........

ဆောင်းဦးရာသီတွင် လုံချီ တောင်တခွင်၌ ပန်းချီကားတစ်ချပ်ကဲ့သို့ အဝါရောင်သစ်ရွက်များဖြင့် ပြည့်နှက်နေသည်။

အဲဒီနေ့မှာ ကျိဝူကျွင်း၊ ရဲရွှမ် နဲ့ ဓားနတ်ဘုရားတို့ဟာ တခြားလူတစ်ယောက်နဲ့အတူ တောင်ပေါ်သို့ ပြန်လာခဲ့ကြသည်။

" ဘိုးဘေး တံခါးပိတ်ကျင့်ကြံနေတာ မထွက်လာသေးဘူးလား "ဟု ရဲရွှမ်က မေးလိုက်သည်။

ကျန်းထျန်းမင် ရောက်လာပြီး ဘုရားကျောင်းကို လက်ညှိုးထိုးပြလိုက်ကာ....

"ဘိုးဘိုး.. အဆင့်တက်ပြီးလို့ အေးအေးဆေးတရားထိုင်နေတယ်....."

သူစကားမဆုံးခင်မှာ ဓားနတ်ဘုရားရဲ့နောက်ကွယ်မှာရှိနေတဲ့ ကျန်းရွှမ်ကျန့် ဟာ ဘုရားကျောင်းရှေ့ကို ရုတ်တရက် ပြေးသွားပြီး ဒူးထောက်ကာ နဖူးကို မြေပြင်နှင့်ထိလိုက်သည်။

"ကျွန်တော်က အခြေအနေကို ပြောင်းပြန်လှန်ဖို့ သိက္ခာမဲ့ပြီး စွမ်းအားမရှိသူပါ.. တာအိုဘိုးဘေး နန်းတက်ပြီး တကျန်းရဲ့ အမွေအနှစ်ကို နောက်ထပ် အနှစ် 300 ဆက်လက်ထိမ်းသိမ်းပေးပါ!"

All Chapters