← Chapters

အင်မော်တယ်နှင့်နတ်ဘုရားများ၏ရွှေခေါတ်............

Vol. 22 Ch. 320

အင်မော်တယ်နှင့်နတ်ဘုရားများ၏ရွှေခေါတ်............

Vol. 22 Ch. 320

ကျန်းရွှမ်ကျန့်၏စကားကိုကြားတော့ ခြံဝင်းအတွင်းရှိလူတိုင်းက သူ့ကိုကြည့်နေကြသည်။

ကျိဝူကျွင်းက ကျန်းရွှမ်ကျန့်ကို သဘောကျမှုအပြည့်နဲ့ကြည့်နေတာကြောင့် တခြားသူတွေ အံ့ဩနေကြသည်။

" ဆရာတော်က အင်မော်တယ်.... သူဘယ်လိုဧကရာဇ်ဖြစ်နိုင်မှာလဲ...."

ပိုင်ချီက ထိုသို့အော်ဟစ်လိုက်ပြီး ကျန်းထျန်းမင်က ကျန်းရွှမ်ကျန့်ကို စိုက်ကြည့်ရင်း မည်သူမည်ဝါဖြစ်သည်ကို စူးစမ်းနေသည်။

"ဧကရာဇ်...အရမ်းစိတ်မကောင်းဖြစ်နေတာလား"

"ကျစ်....ကျစ်.... မင်းရာထူးကို စွန့်လွှတ်လိုက်တာ ကောင်းပါတယ်... ဒီလွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်း .တကျန်းရဲ့ဧကရာဇ်တွေကကျရှုံးခဲ့တာ အမှန်ပဲလေ....”

“တကယ်တော့ ဒါဟာ ပုံမှန်ပါပဲ..... ရှေးခေတ်ကတည်းက အချုပ်အခြာအာဏာရှင်မင်းဆက်က လူအများစုက သဘောထားပျော့ပျောင်းကြတယ်....အချိန်တိုင်း မင်းကောင်းမင်းမြတ်ပေါ်ထွန်းလာဖို့ဘယ်ဖြစ်နိုင်ပါ့မလဲ...."

“ဒါ သူတို့ရဲ့အပြစ်လို့လဲ မမြင်မိပါဘူး..... ဧကရာဇ်ယန်ဝူ၊တင်းဟွာ၊ဟုန်ကျုံးတို့က ရည်မှန်းချက်ကြီးမားပေမယ့် ကန့်သတ်ချက်တွေကို မဖြတ်ကျော်နိုင်ခဲ့ကြပြီး..... အမှန်အကန် အပြစ်တင်ရမည့်သူက အန်ကျုံးပဲ... သူကတကယ့် အမှိုက်ပဲ!”

ကျန်းရွှမ်ကျန့်က လူတိုင်း၏ ဆွေးနွေးချက်ကို နားထောင်ရင်း မော့မကြည့်ခဲ့ပေ။ သူ့နဖူးကို မြေကြီးနဲ့ ဖိထားပြီး သွေးတွေ စီးကျလာသည်။ ခဏအကြာတွင် တာအိုဘုရားကျောင်းထဲမှ အသံတစ်ခုထွက်ပေါ်လာပြီး......

"အထဲဝင်လာခဲ့"

တာအိုဘုရားကျောင်း တံခါးကိုလည်း ဖွင့်ပေးခဲ့သည်။

ကျန်းရွှမ်ကျန့် သူ့မျက်လုံးထဲတွင် မျက်ရည်စများဖြင့် မော့ကြည့်လိုက်ရင်း ရုတ်တရက် ထိတ်လန့်သွားသည်။ သူ့ဒူးတွေက အမြစ်တွယ်နေပုံရပြီး မတ်တပ်မရပ်နိုင်တော့ပေ။

"ကောင်စုတ်လေး.... မင်းဘာကိုစောင့်နေတာလဲ.... မင်း တောင်းဆိုချင်တာတွေကို မြန်မြန် ဘိုးဘေးကို သွားပြောပြလေ....."

ဓားနတ်ဘုရားက ကျန်းရွှမ်ကျန့်ရဲ့ ပခုံးကို ပုတ်ပြီး တိုက်တွန်းလိုက်သည်။

ထိုအခါမှသာကျန်းရွှမ်ကျန့် သတိပြန်ဝင်လာပြီး အမြန်ထလိုက်သည်။ ခရမ်းရောင်တိမ်တိုက်နန်းတော်ထဲကို လျှောက်သွားရင်း တုန်လှုပ်နေစဉ် သူ့နောက်က တံခါးလည်း အလိုလို ပိတ်သွားလေသည်။

ပိုင်ချီ၊ ရဲရွှမ်နှင့် အခြားသူများကတော့ တာအိုဘိုးဘေးနှင့်ကျန်းရွှမ်ကျန့် တို့ဘာပြောကြမည်ကို စူးစမ်းလေ့လာနေကြသည်။

တာအိုဘုရားကျောင်းထဲသို့ ဝင်ပြီးနောက် ကျန်းရွှမ်ကျန့်သည် ဘုရားကျောင်းအတွင်းရှိအပြင်အဆင်က နန်းတော်တစ်ခုနှင့် ဆင်တူပြီး အလွန်ကျယ်ဝန်းကြောင်း သိလိုက်ရသည်။ သူ့အကြည့်တွေက ကျန်းချန်ရှန်း ဆီကိုရောက်သွားတော့ ကျန်းချန်ရှန်းက ဦးခေါင်းနောက်တွင် လွင့်မျောနေသော ယန်အလင်းတန်းနှင့်အတူ ဆုတောင်းဖျာပေါ်တွင် ထိုင်နေသည်။ ယန်အလင်းက ကျန်းရွှမ်ကျန့် သူ၏ရုပ်ရည်သွင်ပြင်ကို စူးစူးစိုက်စိုက်ကြည့်ရန် မဖြစ်နိုင်လောက်အောင် တောက်ပနေသော နေလုံးငယ်လေးတစ်ခုကဲ့သို့ ဖြစ်နေသည်။

သူသည် အမှန်ပင် အင်မော်တယ်ဖြစ်သည်!

ကျန်းရွှမ်ကျန့်၏ စိတ်ထဲတွင် ထိုသို့သော အတွေးတစ်ခု ပေါ်လာသည်။ သူသည် ကျန်းချန်ရှန်းထံသို့ လျင်မြန်စွာ လျှောက်သွားကာ ဒူးထောက်၍ သုံးကြိမ်တိုင်တိုင် ဉီးညွှတ်လိုက်သည်။

“ဘိုးဘေး…ဘိုးဘေး…”

ကျန်းရွှမ်ကျန့် အသေအချာအတည်ပြုရန်ခေါ်ဆိုလိုက်သည်။ သူ့ဘိုးဘေးနဲ့ အကြိမ်ပေါင်း မရေမတွက်နိုင်အောင် တွေ့ဆုံဖို့ စိတ်ကူးယဉ်ခဲ့ပေမယ့် ဒီအချိန်မှာတော့ သူ ဘာပြန်ပြောရမှန်းကို မသိတော့ဘဲ သူ့စိတ်က ဗလာကျင်းနေသည်။

ပြန်ထူးသံမကြားရတော့ ကျန်းရွှမ်ကျန့် တဖြည်းဖြည်း ငြိမ်သက်သွားပြီး သူ့အတွေးများ ပြန်လည်ကောင်းမွန်လာသည်။

ထိုအချိန်တွင် ကျန်းချန်ရှန်းက.... "မင်း အဲဒါကို သေချာစဉ်းစားပြီးပြီလား.... မင်းအတွက် ငါဘာလုပ်ပေးရမှာလဲ"

ကျန်းရွှမ်ကျန့်က အသက်ပြင်းပြင်းရှူပြီး.... “ဘိုးဘေး...နန်းတက်ပါ ”

သူက ကျန်းချန်ရှန်းကို ပြတ်သားတဲ့အမူအရာနဲ့ မော့ကြည့်ပြီး..... "အတိတ်က ဧကရာဇ်တွေအားလုံး မှားခဲ့တယ်.... ပြဿနာရဲ့ အရင်းခံက မင်းမျိုးမင်းနွယ် မဟုတ်ဘဲ ကံတရားကြောင့်ပါ.... ကံကြမ္မာသယက ဧကရာဇ်တွေရဲ့ သက်တမ်းကို ကန့်သတ်ထားတာကြောင့် သန်မာလာဖို့မဖြစ်နိုင်ဘူး...ဘိုးဘေးက အင်မော်တယ်ဖြစ်တာကြောင့် ဘိုးဘေးရဲ့

သက်တမ်းကို ကံကြမ္မာက ကန့်သတ်ထားမှာမဟုတ်ဘူး...ဘိုးဘေးသာလျှင် တကျန်းကိုကယ်တင်နိုင်မှာပါ!"

ကျန်းချန်ရှန်းက အေးဆေးတည်ငြိမ်စွာဖြင့်.... "အနာဂတ်မှာ တကျန်းရဲ့ကံကြမ္မာကို ငါ ပြုပြင်မယ်....ဒါဆို ကံကြမ္မာကဧကရာဇ်တွေရဲ့ သက်တမ်းကို ကန့်သတ်ထားတော့မှာမဟုတ်ဘူး..."

ကျန်းရွှမ်ကျန့် ထိုစကားကိုကြားသောအခါ ပို၍စိတ်လှုပ်ရှားလာပြီး..... "ဒါက အသုံးမဝင်ဘူး.... ကျွန်တော်နဲ့ ကျွန်တော့်မျ်ိုးဆက်က တကျန်းကို နှစ် 200 အတွင်း ထိတ်လန့်သွားစေနိုင်လောက်အောင် ပြုပြင်ပေးနိုင်မယ့် တကယ့် အစွမ်းထက်တဲ့ ကျွမ်းကျင်သူတွေ ဖြစ်လာဖို့ ခက်ခဲပါလိမ့်မယ်.... အကယ်၍ ကျွန်တော်တို့သာ အခြားသော ဘုရင်ခံတွေဆီ ထီးနန်းအပ်နှင်းမယ်ဆိုရင်လဲ နှောင်းဧကရာဇ်တိုင်ကျုံးရဲ့ဆန္ဒကို မနာခံသလို ဖြစ်လိမ့်မယ်...ဘိုးဘေး နန်းတက်မှသာလျှင် တကျန်းကို လုံးဝပြောင်းလဲပစ်နိုင်မှာ....ဘိုးဘေးသာ တကျန်းရဲ့ ဧကရာဇ်ဖြစ်လာပြီးရင် နှစ်ရာနဲ့ချီကြာတဲ့အခါ နောက်ထပ် ရင့်ကျက်တဲ့ မျိုးဆက်ကို ရွေးချယ်လိုက်မှသာ နှောင်းဧကရာဇ် တိုင်ကျုံးရဲ့ အမိန့်ကို ဖီဆန်ရာမရောက်မှာပါ......"

“ကျွန်တော် ဧကရာဇ်မဖြစ်နိုင်တော့ဘူး.....ဒီရာထူးကိုရပြီးကတည်းက ကျွန်တော့်ကြောင့် အရာရာဖရိုဖရဲဖြစ်ကုန်ပြီး နိုင်ငံသားအားလုံးရဲ့ မုန်းတီးမှုကို ခံယူနေရတယ်.... နောက်ပြီး ဧကရာဇ်လည်း မဖြစ်ချင်တော့ဘူး....ကျွန်တော့်မှာဧကရာဇ်ဖြစ်ဖို့ အရည်အချင်းမရှိဘူး”

ထိုအချိန်တွင် ကျန်းရွှမ်ကျန့် ၏မျက်ရည်များ မရပ်တန့်နိုင်တော့ပေ။ယခုချိန်၌ သူ့အဖေနှင့်သူ့အစ်ကို ကျန်းရွှမ်နျန် အကြောင်းကိုသာ တွေးနေမိသည်။

“ကျွန်တော့်အစ်ကိုက ကျွန်တော့်အတွက် လမ်းခင်းပြီး တန်ခိုးကြီးတဲ့ ဘုရင်တစ်ပါးဖြစ်လာအောင် ပံ့ပိုးပေးခဲ့တယ်၊ ဒါပေမယ့် ကျွန်တော်က စိတ်မြန်လွန်းတယ်… အစ်ကို့ကို သေစေခဲ့ပြီး ဒီလိုအခြေအနေနဲ့ ကြုံခဲ့ရတယ်....နောက်ဆုံးခွန်အားကိုတောင် ဖျက်စီးပစ်ခဲ့တယ်...... ဘိုးဘေး...ကျွန်​တော်က ဧကရာဇ်ဖြစ်ဖို့တကယ် မသင့်တော်တဲ့သူပါ... ငယ်ငယ်ကတည်းက ဧကရာဇ်မဖြစ်ချင်ခဲ့ပါဘူး.."

ကျန်းရွှမ်ကျန့် ဝမ်းပန်းတနည်းငိုနေပြီး သူ့လေသံက နာကျည်းမှု၊ အပြစ်ရှိစိတ်တွေနဲ့ ပြည့်နှက်နေသည်။

အစကတည်းက သူ့အစ်ကို ကျန်းရွှန်နျန်ကို ဧကရာဇ်ဖြစ်မည်ဟု ဆုံးဖြတ်ခဲ့သည်။ ထို့ကြောင့် ဧကရာဇ်ဖြစ်ရန်ပင် မစဉ်းစားခဲ့ပေ။ သူသည် အရွယ်ရောက်သည့်တိုင်အောင် ဤစိတ်ဓာတ်ကို ထိန်းသိမ်းခဲ့သည်။

ကျန်းချန်ရှန်းက သူ့စကားကို နားထောင်ရင်း၊ သူလည်း ဒီပြဿနာကို အလေးအနက်ထားပြီး တွေးတောနေသည်။

သူသည် အင်မော်တယ် တစ်ယောက်ဖြစ်လာပြီးနောက် ဤကမ္ဘာတွင် ပြိုင်ဘက်ကိုရှာဖွေရန် ခဲယဉ်းသည်။ ဒါကြောင့် အချိန်အတိုင်းအတာတစ်ခုအထိ အနားယူဖို့ဆိုတာ မဖြစ်နိုင်သေးပေ။ ထို့အပြင် ကျန်းဇီယု၏ဝိညာဉ်ကို သူမြင်ခဲ့သည်။

အချို့သောနောင်တများက ဖန်တီးပြီး ကံကောင်းခြင်းအမှတ်များနှင့် အမွှေးတိုင်အရေအတွက်များတိုးလာစေရန် လမ်းခင်းပေးနိုင်သည်။

.........................

နံနက်စောစောတွင် မုလင်းလော့ လုံချီတောင်သို့ ပြန်လာပြီး ချန်းလီနှင့် ကိုယ်တော်ပိုင်လည်း ထိုနေရာတွင် ရှိနေသည်ကို တွေ့လိုက်ရသည်။

သူမ ကျိဝူကျွင်း၏ နံဘေးသို့ ရောက်ရှိလာပြီး...... "ဧကရာဇ်ရောက်နေတာလား" ဟု အသံတိုးတိုးဖြင့် မေးလိုက်တော့

ကျိဝူကျွင်းက ခေါင်းညိတ်ပြီး...... "သူ အထဲဝင်သွားတာ တစ်လခွဲနီးပါးရှိပြီ မထွက်လာသေးဘူး"

ကျောက်စားပွဲရှေ့က ချန်းလီကို လှည့်ကြည့်လိုက်ပြီး...... “ချန်းလီ....တကျန်းရဲ့ အတွင်းရေးပဋိပက္ခတွေက နှစ်ပေါင်းများစွာ ကြာခဲ့ပြီ..... အခုချိန်ထိ လူမျိုးခြားမျိုးနွယ်စုတွေရဲ့ ရန်စွယ်တွေရှိနေသေးတယ်...ဒါတွေ ဘယ်တော့ ပြီးဆုံးမှာလဲ”

ချန်းလီက တာအိုဘုရားကျောင်းကို တစ်ချက်ကြည့်လိုက်ပြီး..... "မကြာမီ၊ တကျန်းရဲ့တကယ့်ရွှေခေတ်ကြီး ရောက်ရှိလာတော့မယ်" ဟုသာ ပြောကြားခဲ့သည်။

ကိုယ်တော်ပိုင်က..... “ ကံဆိုးတာက ဧကရာဇ်က အသုံးမကျဘဲ ကံကြမ္မာကို ဖြုန်းတီးပစ်လိုက်တယ်လေ......”

"ဒါဆို အခုလက်ရှိမှာ တကျန်းရဲ့ဧကရာဇ်ဖြစ်ဖို့ ဘယ်သူ သင့်တော်မလဲ.....မြောက်ပိုင်းနယ်ခြားဘုရင်ခံကို ဧကရာဇ်အဖြစ်တင်မြှောက်လို့မရဘူးလား..."ဟု ရဲရွှမ်က ကူကယ်ရာမဲ့စွာ မေးလိုက်သည်။

ဓားနတ်ဘုရားက "ကျန်းလော့ကလည်း တော်တော်ကောင်းပါတယ်"

မည်သူမဆို ဧကရာဇ်ဖြစ်ရန် သင့်လျော်ကြောင်းကို လူတိုင်း စတင်ဆွေးနွေးကြသည်။

ခဏအကြာတွင် တာအိုဘုရားကျောင်းတံခါး ရုတ်တရက်ပွင့်လာပြီး ကျန်းရွှမ်ကျန့် ထွက်လာခဲ့သည်။ သူ့မျက်နှာတွင် အပြုံးတစ်ခုရှိနေပြီး တာအို၀တ်ရုံကို ပြောင်းလဲဝတ်ဆင်ထားသည်။ယခုချိန်၌ သူသည် စိတ်ဓာတ်မြင့်မားပြီး တက်ကြွမှုအပြည့်ရှိနေသည်။

လူတိုင်းက သူ့ကိုကြည့်နေပြီး ပိုင်ချီ စကားပြောခါနီးမှာ ကျန်းချန်ရှန်းက ကျန်းရွှမ်ကျန့် နောက်ကနေ လိုက်နေတာကို တွေ့လိုက်ရသည်။

ကျန်းချန်ရှန်းကို မြင်သောအခါ မုလင်းလော့၏ မျက်လုံးများ တောက်ပလာသည်။ သူမ ချက်ချင်း ရှေ့ကို လျှောက်လာပြီး ....."အောင်မြင်ခဲ့လား?"ဟုမေးတော့ ကျန်းချန်ရှန်းက ပြုံးပြီး ခေါင်းညိတ်ပြလိုက်သည်။

ကျန်းရွှမ်ကျန့်က ဘေးနားသို့ တိတ်တဆိတ် လျှောက်သွားပြီး သူ့ဘိုးဘေးအတွက် လမ်းဖယ်ပေးလိုက်တော့

ပိုင်ချီက အလျင်စလိုမေးဖြင့်... "ဆရာတော်....ဘယ်လိုစီစဉ်ထားလဲ..."ဟုမေးလိုက်သည်။

အားလုံးက ကျန်းချန်ရှန်းကို စိုက်ကြည့်နေကြသည်။

ကျန်းချန်ရှန်းက မုလင်းလော့ ရဲ့လက်ကို ကိုင်လိုက်ပြီး .....“မင်းကိုလက်ထပ်မယ်လို့ ကတိပေးခဲ့တယ်မလား.... ဒီကတိကို ဖြည့်ဆည်းပေးမယ်..."

အားလုံးအံ့အားသင့်သွားပြီး မုလင်းလော့ကလည်း အံ့သြစွာဖြင့် ......"ရှင်ဘယ်တုန်းက ကတိပေးခဲ့တာလဲ....."

ပိုင်ချီက လေးလေးနက်နက် ပြုံးလိုက်ပြီး "ဟွာဂျန်ရှင်းကို ဆရာတော် ကတိပေးခဲ့တာ ငါမှတ်မိတယ်" ဟု ပြောလိုက်သည်။

ကျန်းချန်ရှန်းက သူမကိုကြည့်ကာ..... “ဟုတ်တယ်....နောက်ဘဝမှာ သူ့ကို ပွင့်ပွင့်လင်းလင်း လက်ထပ်မယ်လို့ ကတိပေးခဲ့တယ်....”

ပိုင်ချီ အံသြသွားပြီး ကျန်းချန်ရှန်း ဘာကိုဆိုလိုသည်ကို နားမလည်နိုင်တော့ပေ။

မုလင်းလော့ ထိုစကားကိုကြားသောအခါ သူမ၏စိတ်နှလုံးသားတုန်လှုပ်သွားပြီး သူမ၏အမူအရာ ရှုပ်ထွေးလာသည်။ သူမ၏ ယခင် ခန့်မှန်းချက်များ မှန်နေပုံရသည်။

ချန်းလီကတော့ ကျန်းချန်ရှန်း ဘာကိုဆိုလိုသည်ကို ရှင်းရှင်းလင်းလင်း ခန့်မှန်းခဲ့သည်။ သူက ချက်ချင်း ရှေ့ကို လှမ်းလာပြီး ဦးညွှတ်လိုက်ကာ...... "ကျေးဇူးတင်ပါတယ် တာအိုဘိုးဘေး..... ဒါက တကျန်းအတွက် ကောင်းချီးပါပဲ!”

ကိုယ်တော်ပိုင်နှင့် ကျိဝူကျွင်းတို့က တစ်ခုခုကို တွေးတောနေပုံရပြီး သူတို့၏ အမူအရာမှာ အံ့သြဖွယ်ကောင်းအောင် သိသိသာသာ ပြောင်းလဲသွားသည်။

“ကျုပ် ထီးနန်းတက်ပြီးရင် တကျန်းကလူတွေကို အင်မော်တယ်ဖြစ်ဖို့ အခွင့်အရေး ပေးချင်တယ်.....တာအိုဘိုးဘေးက နှစ်ပေါင်းရာနဲ့ချီ လောကီလောကနဲ့ဝေးကွာနေခဲ့ပြီး နောက်ဆုံးလက်ကျန်ဘဝမှာ ဘုရင်တစ်ပါးအဖြစ် ခံယူတော့မယ်.... ကြီးမြတ်တဲ့ ကုသိုလ်တရားတွေနဲ့ တကျန်းအတွက်ရွှေခေါတ်ကိုဖန်တီးပေးမယ်....မင်းတို့ ဒီဇာတ်လမ်းကို ဘယ်လိုမြင်လဲ...."

ကျန်းချန်ရှန်းက အေးအေးဆေးဆေးပြောနေသော်လည်း အားလုံးရဲ့ အသက်ရှုသံတွေ မြန်ဆန်လာသည်။

တာအိုဘိုးဘေးက တကျန်း၏ဧကရာဇ်ဖြစ်လာတော့မည်ဖြစ်သည်။

သူတို့အားလုံး တာအိုဘိုးဘေး နန်းတက်ဖို့အကြောင်းကို စိတ်ကူးယဉ်ခဲ့ကြသော်လည်း ကျန်းချန်ရှန်းက ၎င်းတို့အား အမြဲငြင်းဆိုခဲ့သည်။

အခုတော့ မျှော်လင့်ထားသည့်အတိုင်း ဖြစ်လာပြီမို့ လူတိုင်း စိတ်လှုပ်ရှားနေကြသည်။

"ဟုတ်တယ်...ဆရာတော်က တကျန်းရဲ့ဧကရာဇ်ဖြစ်သင့်တယ်!"

"ဧကရာဇ်တွေရဲ့ သက်တမ်းကို ဖိနှိပ်ခြင်းက ဆရာတော်အပေါ် အလုပ်မဖြစ်တော့ဘူး...."

"ဟားဟား...ဆရာတော်သာ

နန်းတက်ရင် ဘယ်သူ ခုခံဝံ့မှာလဲ။"

“အင်မော်တယ်တွေရဲ့ ရွှေခေတ်? ငါတို့တွေ အင်မော်တယ် ဖြစ်လာနိုင်မလား.....”

ကျန်းရွှမ်ကျန့် ပြုံးလိုက်မိပြီး သူ့ဘိုးဘေးကို ယုံကြည်လာသည်ဟု ခံစားမိသောကြောင့် အနည်းငယ်ပင် ကျေနပ်နေမိသည်။ ထို့အပြင်၊ သူ၏ဘိုးဘေးများမြင်ယောင်ခဲ့သော အင်မော်တယ်များအကြောင်း တွေးတောသောအခါတွင် အလွန်စိတ်လှုပ်ရှားနေပါသည်။

တကျန်းက တကယ်ကို မြင့်တက်သွားတော့မယ်......

ချန်းလီက...... "တကျန်းက ပရမ်းပတာဖြစ်နေပြီ.... ဧကရာဇ်က သူ့ဘိုးဘေးကိုထီးနန်းတက်စေပြီး အညစ်အကြေးတွေကို သုတ်သင်ဖို့ တောင်းဆိုခဲ့တယ်...ဒါဟာ ဇာတ်လမ်းကောင်းတစ်ခုဖြစ်လာမှာ သေချာပါတယ်။ ဒါပေမယ့် တစ်ယောက်ယောက်က ဆရာတော်ရဲ့နောက်ခံကို သက်သေပြဖို့ လိုတယ်....."

သူပြောပြီးသည်နှင့်တပြိုင်နက်၊ မဟာ တာအို၏မျက်လုံး ကျန်းချန်ရှန်း၏နဖူးပေါ်တွင်ပေါ်လာသည်။ ရွှေရောင်အလင်းတန်းကြီးက စူးရှပြီး လူတိုင်း အံ့အားသင့်သွားကြသည်။ ကျန်းထျန်းမင်ကတော့ သူ၏တတိယမျက်လုံးကို မသိစိတ်ကြောင့် ထိလိုက်မိသည်။

ကျန်းချန်ရှန်းက... “ယန်ချယ် အသက်ရှင်နေပါသေးတယ်...သူ သက်သေပြပေးပါလိမ့်မယ်...."

ထိုစကားဆုံးသည်နှင့် ကောင်းကင်ကို မော့ကြည့်ပြီး.... “ငါ့ရဲ့နောင်တကို ပြင်ဖို့ အချိန်တန်ပြီ..... အဲဒါက ငါ့အတွက်တင်မကဘူး...မင်းအတွက်လဲပါတယ်....”

သူဘယ်သူကို ရည်ညွှန်းတယ်ဆိုတာ ဘယ်သူမှ နားမလည်ပေမယ့် သူတို့ရဲ့ စိတ်လှုပ်ရှားမှုတွေ လျော့မသွားခဲ့ပေ။

ယခု တာအိုဘိုးဘေး နန်းတက်ရန် ဆုံးဖြတ်လိုက်သည်နှင့် အနာဂတ်က စိတ်ဝင်စားစရာကောင်းလာပြီး ဘုရင်ခံများမည်သို့ တုံ့ပြန်မည်ကို သိချင်နေကြသည်။

ရွှမ်တင်းမြို့ရှိခန်းမတစ်ခုတွင်.....

ကျူခွမ်းကျိ ၏သား ကျူထျန်းကျာ သည် မှုန်ကုပ်ကုပ်နှင့် ကုလားထိုင်ပေါ်တွင် ထိုင်နေသည်။ ထိုအတောအတွင်း အနက်ရောင်ဝတ်အမျိုးသားတစ်ယောက်၊ တာအိုဆရာတော်ချင်ရှုနှင့် ရှုမန်တို့က စားပွဲတဖက်တချက်တွင် ထိုင်နေကြပြီး တိတ်ဆိတ်နေ၏။

ကျုထျန်းကျာက အနက်ရောင်ဝတ်အမျိုးသားကို စိုက်ကြည့်ကာ..... "ဧကရာဇ်က လုံချီဘုရားကျောင်းကို သွားပြီ.....ငါတို့ဘာဆက်လုပ်သင့်လဲ.... တာအိုဘိုးဘေးက သူ့ဒေါသတွေကို နဂါးအသွင်ပြောင်းစံအိမ်ဆီပုံချမှာလား....”

အနက်ရောင်ဝတ်ထားသူက ခေါင်းယမ်းပြီး..... “တာအိုဘိုးဘေးက ဧကရာဇ်ကို ကာကွယ်ပေးနေတယ်.... ဧကရာဇ်အတွက် အမျက်ဒေါသ ဖြေပေးချင်တယ်ဆို အစောကြီးကတည်း လှုပ်ရှားနေလောက်ပြီပေါ့..... မင်းအဖေနဲ့ အန်ချန်းဘယ်လိုသေသွားသလဲဆိုတာ မမေ့နဲ့.....အဲ့တုန်းက တာအိုဘိုးဘေးက ရွှမ့တရားရုံးကို ချွေးသိပ်နိုင်ခဲ့တယ်..... အခု ဧကရာဇ် မရှိတော့တာ ကောင်းတာပဲလေ.... ဒီအချိန်မှာ တကျန်းရဲ့ လက်အောက်ခံဘုရင်တွေကို တိုက်ဖို့ ငါတို့ရဲ့ ကိုယ်ပိုင်အရည်အချင်းတွေကို အားကိုးရလိမ့်မယ်... လောလောဆယ်တော့ ငါတို့က အင်အားကြီးတယ်.... ဧကရာဇ်မရှိရင်တောင် တကျန်းနင်းချေပြီး မင်းဆက်သစ်ကို စတင်နိုင်မှာပါ!”

ရှုမန် ထိုနေ့က မြင်ကွင်းကို ပြန်မြင်ယောင်နေမိသည်။ အခြားမျိုးနွယ်စုမှငူ့ဆရာသခင်သည် တာအိုဘိုးဘေးကို စော်ကားပြီးနောက် သေဆုံးသွားခဲ့သည်။

သူသည် အပေါ်ယံတွင် ငြိမ်သက်နေပုံရသော်လည်း အတွင်းထဲတွင်တော့ အလွန်စိတ်လှုပ်ရှားနေပါသည်။ ဤလူတွေ တာအိုဘိုးဘေးကို မောက်မာစွာပြောဆိုနိုင်လောက်အောင် သတ္တိကောင်းနေကြသည်။

ကျုထျန်းကျာ ထိုစကားကိုကြားသောအခါတွင် အဓိပ္ပါယ်ရှိသည်ဟု ခံစားလိုက်ရသည်။ တာအိုဘိုးဘေး စွက်ဖက်ချင်တယ်ဆိုရင် ဟိုတုန်းကတည်းက ဝင်စွက်ဖက်ခဲ့လိမ့်မယ်....ဒီနေ့အထိ ဘာလို့စောင့်နေမှာလဲ.......

"ကောင်းပြီ ဒါဆို တကျန်းကို တရားမျှတစွာတိုက်ခိုက်မယ်.... ငါ့ရန်သူတွေက ဘယ်သူလဲ”

နဂါးအသွင်ပြောင်းစံအိမ်နှင့် အနက်ရောင်ဝတ်အမျိုးသားတို့၏ ပံ့ပိုးမှုရှိနေသောကြောင့် တကျန်းရှိ ရည်မှန်းချက်ကြီးပြီး ရက်စက်သောလူများကို ကျူထျန်းကျာ ဂရုစိုက်နေမည်မဟုတ်ပေ။

တစ်နာရီလောက်ကြာတော့

အနက်ရောင်ဝတ်အမျိုးသားနှင့် တာအို ဆရာတော်ချင်ရှုတို့ ၎င်းတို့၏နေအိမ်သို့ ပြန်ခဲ့ကြသည်။

ခြံဝင်းရှိ ကျောက်စားပွဲရှေ့တွင် ထိုင်နေကြစဉ် မြေပြင်မှ အရိပ်တခုပေါ်ထွက်လာပြီး လူလုံးသဲကွဲစွာမမြင်ရပေ။

"ငါတို့ ဘယ်လောက်ကြာအောင် စောင့်ရမှာလဲ.... အကြီးအကဲတွေ စိတ်မရှည်တော့ဘူး....."

အနက်ရောင် အရိပ်က နက်ရှိုင်းသော အသံဖြင့် ပြောလိုက်တော့

အနက်ရောင်ဝတ်အမျိုးသားက ဝိုင်တစ်ခွက်ကို တစ်ကျိုက်တည်း သောက်လိုက်ကာ.... "ထျန်ရှုမျိုးနွယ်စုတွေ မစောင့်နိုင်ရင် ဘာလို့ တကျန်း ကို တိုက်ရိုက်မတိုက်ခိုက်ကြတာလဲ......"

အနက်ရောင်အရိပ်က တိတ်ဆိတ်နေ၏။

တာအိုဆရာတော်ချင်ရှုက သူ့ကိုကြည့်ကာ "ချင်းလျန်မျိုးနွယ်စု ဘယ်တော့ရောက်လာမှာလဲ" ဟု မေးလိုက်သည်။

အနက်ရောင်ဝတ်အမျိုးသားက အရက်ခွက်ကိုချလိုက်ပြီး အနက်ရောင်အရိပ်ကို လှမ်းကြည့်လိုက်သည်။

ချင်းလျန်မျိုးနွယ်စုက သူတို့၏ နှလုံးသားများကို ဖိနှိပ်ထားသော တောင်တစ်ခုလိုပင်။ သူတို့ ချင်းလျန်မျိုးနွယ်စုကိုတိုက်ခိုက်ပြီး တာအိုဘိုးဘေးကို တိုက်ခိုက်ရန် စောင့်ဆိုင်းနေခဲ့ကြသည် မဟုတ်လော.......

All Chapters