ကမ္ဘာကြီး၏နှလုံးသား...ကာလရှည်ကြာမျှော်လင့်ချက်၏အဆုံးသတ်
Vol. 22 Ch. 321
ခိုင်ရှန်းခေတ်၏ ငါးနှစ်.....
နှစ်သစ်ကူးပွဲတော်အပြီးတွင် တကျန်းတွင် နေရာတိုင်း၌ ကောလာဟလမျိုးစုံ ထွက်ပေါ်ခဲ့သည်။
ဧကရာဇ်ကို လုံချီ ဘုရားကျောင်းမှ ကယ်တင်ခဲ့ပြီး ဧကရာဇ်က တာအိုဘိုးဘေးအား ထီးနန်းတက်ရန် တောင်းပန်ခဲ့သည်။
နှောင်းဧကရာဇ်တိုင်ကျုံးနှင့် တာအိုဘိုးဘေးသည် ဆရာ၊တပည့်သာမက သားအဖများလည်းဖြစ်ကြသည်။
တာအိုဘိုးဘေးက တကျန်း၏ ပထမဆုံးဧကရာဇ်ဖြစ်သင့်သော်လည်း မဟာယာနနဂါးမျှော်စင်၏ ဖိနှိပ်ခြင်းကို ခံခဲ့ရသည်။
ကောလဟာလမျိုးစုံက အဆုံးမရှိ စီးဆင်းလာပြီး တကျန်းတခွင် ထိတ်လန့်စေပါသည်။
မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ နားထောင်ရုံဖြင့် ထိတ်လန့်သွားရပေမည်။
ဒါကို သူတို့ ဘယ်လို သတ္တိရှိရှိ လုပ်နိုင်တာလဲ.........
ကောလဟာလတွေကြောင့် ဒုက္ခရောက်နေတဲ့ ပြည်သူတွေကိုလည်း ဆွဲဆောင်နိုင်ခဲ့ပေသည တာအိုဘိုးဘေး မပေါ်လာသည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်ပြီး တကျန်း ရုန်းရင်းဆန်ခတ်ဖြစ်တဲ့အခါ တချို့က တာအိုဘိုးဘေးကို အရေးယူမပေးလို့ အပြစ်တင်ကြသည်။ သို့သော် အချိန်ကြာလာသည်နှင့်အမျှ တာအိုဘိုးဘေးကို အပြစ်တင်ရန် ဂရုမစိုက်နိုင်တော့ပေ။
ယခု ကောလဟာလများ ကြားလိုက်ရသဖြင့် မျှော်လင့်ချက်များ နှလုံးသားထဲတွင် တောက်လောင်လာသည်။
အကယ်၍ တာအိုဘိုးဘေးသာ နှောင်းဧကရာဇ်တိုင်ကျုံး၏ဖခင်အရင်းဖြစ်လျှင် တာအိုဘိုးဘေးက ဧကရာဇ်မင်းမြတ်၏အသနားခံချက်များကို နားထောင်ပြီး ထီးနန်းတက်လိုစိတ်ရှိပါက၊ ဖရိုဖရဲအချိန်ကာလများကို အဆုံးအဖြတ်ပေးမည်ဖြစ်သည်။
လဝက်မပြည့်မီတွင်၊ တကျန်းရှိ နေရာတိုင်းတွင် လူများရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ထိုကောလဟာလများကို ကြားနိုင်မည်ဖြစ်သည်။
ဘုရင်ခံများလည်း ထိုသတင်းကြောင့် ထိတ်လန့်တုန်လှုပ်ကြပြီး သာမန်ပြည်သူပြည်သားများကလည်း ထိုသို့သောအနာဂတ်ကို တောင့်တကြသည်။
မြောက်ပိုင်းနယ်စပ်ရှိနန်းတော်တွင်......
မြောက်ပိုင်းနယ်စပ်ဘုရင်ခံသည် မှုန်မှိုင်းသောအမူအရာဖြင့် စားပွဲထိပ်ပိုင်းတွင် ထိုင်နေသည်။
စားပွဲဝိုင်းတွင် သူ၏ရဲရင့်သော စစ်ဗိုလ်ချုပ်များ၊ ဗျူဟာမှူးများနှင့် ပြည့်နေသည်။ ထိုအချိန်တွင် သူတို့အားလုံး ကောလဟာလများကို ဆွေးနွေးနေကြသည်။
“ဒီကောလဟာလတွေ ပျံ့နှံ့တာ အရမ်းမြန်တယ်.... ဒါတွေကို တွန်းအားပေးနေတဲ့ စွမ်းအားတစ်ခုရှိရမယ်!"
“ဒါက လွန်လွန်းတယ်.... တာအိုဘိုးဘေးက တကျန်းရဲ့ ပထမဆုံး အိမ်ရှေ့မင်းသား ဖြစ်နိုင်ပါ့မလား...."
" တာအိုဘိုးဘေးကို မွေးကတည်းက လူစားထိုးခဲ့ရင် သူ ဘာလို့ လက်စားမချေခဲ့တာလဲ....."
“တစ်စုံတစ်ယောက်က တာအိုဘိုးဘေးရဲ့ စွမ်းအားကို ချေးငှားချင်နေတယ်.... ဘယ်ဘုရင်ခံ လုပ်ခဲ့တာလဲ။ မျိုးရိုးမတူတဲ့ဘုရင်ခံတော့ မဖြစ်နိူင်ဘူး...အဲဒီလိုလုပ်ရင် သူတို့အတွက် အကျိုးမရှိနိုင်တဲ့အပြင် သူတို့ရဲ့ စိတ်ဓာတ်ကိုပါ ထိခိုက်စေမှာ.....”
သူ့လက်အောက်ငယ်သားတွေရဲ့ ဆွေးနွေးမှုကို နားထောင်ရင်း မြောက်ပိုင်းနယ်ခြားဘုရင်ခံ စိတ်ရှုပ်ထွေးနေသည်။
အမှန်တရားကို သူသိသည်.....ဒါတွေက ကောလဟာလမဟုတ်တဲ့ အမှန်တရားပင်ဖြစ်သည်။
အမှန်တရားကိုသိသောကြောင့် ထိတ်လန့်နေခြင်းဖြစ်သည်။
တာအိုဘိုးဘေး အမှန်တကယ် ထီးနန်းတက်လိုခြင်း ရှိ၊မရှိ သူမသိသေးပေ။
တာအိုဘိုးဘေးထံမှ သတိပေးခြင်းခံရပြီးကတည်းက သူသည် ပုန်ကန်ရန် အကြံအစည်မရှိဝံ့ပေ။ တကျန်း ကမောက်ကမ ဖြစ်နေရင်တောင်မှ လက်လွတ်စပါယ် ပြုမူဝံ့မည် မဟုတ်ပေ။ ယင်းအစား သူသည် ငြိမ်းချမ်းစွာနေထိုင်ပြီး အခြေအနေပြောင်းလဲလာရန် စောင့်ဆိုင်းနေခဲ့သည်။ အမှန်ပင်၊ သူ့တွင် ဧကရာဇ်ရာထူးအတွက် ရည်မှန်းချက် အရိပ်အယောင်များ ရှိနေသည်မှာ သဘာဝပင်ဖြစ်သည်။ သို့သော်၊ သူသည် ထီးနန်းတက်ရန် အားတင်းစောင့်ဆိုင်းနေခဲ့ရသည်။
သို့သော် တာအိုဘိုးဘေး နန်းတက်ရန် ဧကရာဇ်က တောင်းဆိုသည့် သတင်းများ ရှိလာလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။
"ခမည်းတော် ဘယ်လို ထင်လဲ"
ငွေရောင် ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားသော လူငယ်တစ်ယောက်က စကားစတင်ပြောပြီး လူတိုင်း၏ အာရုံကို မြောက်ပိုင်းနယ်ခြာဘုရင်ခံထံ လွှဲပေးလိုက်သည်။
မြောက်ပိုင်းနယ်ခြားဘုရင်ခံ၏ မျက်နှာတွင် ရုပ်ဆိုးသောအမူအရာရှိသည်ကို သတိပြုမိကြသည်။ ကောလဟာလတွေ မမှန်ဘူးဆိုရင် သူ ရယ်မောလိုက်တာ ဒါမှမဟုတ် ဒေါသတကြီးပြုမူတာမျိုး ဖြစ်သွားနိုင်ပေမယ့် သူဘာကြောင့် ဒီလိုအမူအရာမျိုးရှိနေတာလဲ......
ဖြစ်နိုင်ပါ့မလား....
ဖြစ်နိုင်ချေကို တွေးပြီး နှလုံးသားတွေ တဒိန်းဒိန်းခုန်နေခဲ့သည်။
မြောက်ပိုင်းနယ်ခြားဘုရင်ခံက ခေါင်းကို ဖြည်းညှင်းစွာမော့ပြီး...... "လုံချီ ဘုရားကျောင်းကို ခရီးထွက်မယ်။ အဲဒီမတိုင်ခင်က ကိုယ့်သဘောနဲ့ကိုယ်ဘာမှ လုပ်ပိုင်ခွင့် မရှိဘူး...”
သူ့အသံတွင် ပင်ပန်းနွမ်းနယ်မှု အရိပ်အယောင်များ ရှိနေသဖြင့် လူတိုင်း၏ နှလုံးသားကို ပို၍ပင် လေးလံစေခဲ့သည်။
မြောက်ပိုင်းဘုရင်ခံသည် ကောလဟာလများ မဟုတ်မမှန်ကြောင်း တခွန်းမျှ မငြင်းဆန်ခဲ့ပေ။
တိမ်ပင်လယ်ထက်တွင် ကျန်းချန်ရှန်း ယနှင့် မုလင်းလော့တို့ ဘေးချင်းယှဉ်ရပ်နေ၏။
“ဒီမှာ ကောင်းကင်ကိုးဆင့်ကို ငါတည်ဆောက်ပြီး ကောင်းကင်တရားရုံးကို ထူထောင်မယ်....အဲ့အချိန်ကျရင် တစ်စုံတစ်ယောက်က ကြီးစွာသော ကုသိုလ်တရားတွေ ရရှိမယ်ဆို အင်မော်တယ်နတ်ဘုရားဖြစ်လာနိုင်မယ်.... ငါ ဧကရာဇ်ဖြစ်ချင်ရတဲ့ အကြောင်းရင်းက သူတို့ကို လမ်းပြပြီး ကောင်းကင်ဘုံနန်းတော်နဲ့ တကျန်းရဲ့ ကံကောင်းခြင်းတွေကို ချိတ်ဆက်ဖို့ပဲ......”
"ငါတို့ရဲ့သားလေး တကျန်းကို သိမ်းပိုက်ပြီး ဧကရာဇ်ဖြစ်လာအောင် ငါလမ်းခင်းပေးမယ်.... သူ့မှာကုသိုလ်တရားတွေ ပြည့်စုံပြီး ကောင်းကင်ကိုတက်လှမ်းနိုင်တဲ့အခါ အင်မော်တယ်နတ်ဘုရားဖြစ်လာပြီး ကောင်းကင်ဧကရာဇ်အဖြစ် နတ်ဘုရားတွေကို အုပ်စိုးလိမ့်မယ်။”
ကျန်းချန်ရှန်းက အေးဆေးတည်ငြိမ်စွာနဲ့ ပေါ့ပေါ့ပါးပါးပဲ ပြောပေမယ့် မုလင်းလော့က ဒါကို ကြိုတင်မြင်ယောင်နေနှင့်ပြီ.......
သူတို့နှစ်ယောက် အိမ်ထောင်မပြုသေးပေမယ့် သားလေးအကြောင်း ပြောနေကြပြီ။ မုလင်းလော့၏ နှလုံးသားတွင် ချိုမြိန်ခြင်းများဖြင့် ပြည့်နေသည်။ သူမသည် အပေါ်ယံတွင် အေးစက်သောကိုယ်ရည်ကိုယ်သွေးရှိပုံရသော်လည်း သူမလေ့ကျင့်နေချိန်တွင်လည်း ဒီအကြောင်းကို စိတ်ကူးယဉ်နေမည်ဖြစ်သည်။ အရင်တုန်းကတော့ မဖြစ်နိုင်ဘူးလို့ ထင်ခဲ့ပေမယ့် ဒီလိုအခွင့်အရေးမျိုး ရလာဖို့ မမျှော်လင့်ထားခဲ့ပေ။
မုလင်းလော့က..... "ကျွန်မသာ အင်မော်တယ်ဖြစ်လာရင် သက်တမ်း တိုးလာနိုင်မလား"
ကျန်းချန်ရှန်းက.... "အင်မော်တယ် နတ်ဘုရားတွေရဲ့ သက်တမ်းကို တိုးဖို့ ငါ့မှာ နည်းလမ်းတွေ ရှိတယ်"
မုလင်းလော့က နှုတ်ခမ်းကို ကိုက်လိုက်ပြီး..... “ မေးစရာရှိတယ်..."
ကျန်းချန်ရှန်းက သူမကို လှည့်ကြည့်လိုက်ပြီး ....."မင်းက ဟွာဂျန်ရှင်း.....ဟွာဂျန်ရှင်းက မင်းပဲ....အနာဂတ်မှာ မင်း လူဝင်စားပြန်ဖြစ်ခဲ့ရင် မင်းကို ငါဆက်ရှာနေမှာဖြစ်လို့ ဒီအထောက်အထားကို မင်း ဂရုစိုက်နေစရာမလိုဘူး "
ဒီအဖြေကိုကြားတော့ မုလင်းလော့ သူမခဏလောက် ထိတ်လန့်သွားခဲ့သည်။
"တကယ်တော့ ညီမလည်း ခန့်မှန်းပြီးပါပြီ.... အဲဒါကို စိတ်မ၀င်စားပါဘူး.... ညီမနဲ့မုမိသားစု ဒီကိုရောက်လာရတဲ့အကြောင်းအရင်းက ဇီယုဆိုတဲ့နာမည်ကိုကြားခဲ့ရလို့ပါ....."
"အစ်ကိုချန်ရှန်း... မဟုတ်သေးဘူး...အရှင်မင်းမြတ်...နောက်ထပ်ဆက်လုပ်မှာလဲ"
ကျန်းချန်ရှန်းက တချက်ပြုံးလိုက်ပြီး ညာလက်ကို မြှောက်လိုက်ပြီး မိုးကုပ်စက်ဝိုင်းဆီသို့ လက်ဝှေ့ယမ်းလိုက်သည်။
မုန်တိုင်းတစ်ခု တိုက်ခတ်နေပြီး!
မုလင်းလော့ တစ်ခုခုကို ခံစားမိသွားပုံရပြီး သူမ၏ လှပသော မျက်နှာထား သိသိသာသာ ပြောင်းလဲသွားသည်။
"တကျန်းရဲ့ ကံကောင်းခြင်းတွေ... ပျောက်ကွယ်သွားပြီလား?"
ကျန်းချန်ရှန်းက..... "ဟုတ်တယ်၊ ကံကောင်းခြင်းတွေကို အသစ်တဖန်ပုံစံပြောင်းဖို့ အချိန်တန်ပြီ"
မုလင်းလော့အနေဖြင့် ကံတရား၏ ပုံစံအသစ်ကို မစဉ်းစားမိခဲ့ပေ။ အဲဒီအစား ကျန်းချန်ရှန်း ဘယ်လောက် အစွမ်းထက်လဲ ဆိုတာကိုသာ တွေးနေမိသည်။
ဒါက ဘယ်လိုခွန်အားမျိုးလဲ......သူမလဲ ဒီလိုခွန်အားမျိုးပိုင်ဆိုင်ချင်တယ်....
တကျန်း၏ကံကောင်းခြင်းများ ပျောက်ကွယ်သွားပြီး တကျန်းတွင် မငြိမ်မသက်မှုများ ပိုမိုပြင်းထန်လာသည်။
ဘုရင်ခံများလည်း ဖြစ်ပျက်ခဲ့သမျှကို နားမလည်သဖြင့် ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။
ရွှမ်တင်းမြို့တော်၏အဓိကခန်းမအတွင်းတွင်.......
ကျူထျန်းကျာက စိုးရိမ်တကြီးဖြင့် နဂါးပလ္လင်ရှေ့တွင် ခေါက်တုံ့ခေါက်ပြန်လမ်းလျှောက်နေသည်။
အနက်ရောင်ဝတ်အမျိုးသား၊ တာအိုဆရာတော်ချင်ရှုနှင့် ရှုမန်တို့လည်း ရုပ်ဆိုးသောအမူအရာများဖြင့် ခန်းမထဲတွင် ရပ်နေကြ၏။
အမြဲတမ်းဗျူဟာမှူးဖြစ်ခဲ့ဖူးသော အနက်ရောင်ဝတ်အမျိုးသားမှာလည်း စိတ်ရှုပ်ထွေးနေ၏။
ဘာတွေဖြစ်ကုန်တာလဲ.........
တကျန်းပြည်တွင်း၌ နှစ်ပေါင်းများစွာ စစ်ဖြစ်ခဲ့သော်လည်း မင်းဆက်၏ ကံကြမ္မာက အားကောင်းနေဆဲဖြစ်သည်။ ချင်းလျန်မျိုးနွယ်စုက မတိုက်ခိုက်သေးတဲ့အတွက် မင်းဆက်ရဲ့ ကံကြမ္မာက ဘယ်လို ပြိုလဲသွားမလဲ......
ထိုအချိန်တွင် ခန်းမထဲသို့ လေပြင်းတိုက်ခတ်လာပြီး နဂါးအသွင်ပြောင်းစံအိမ်ကြီး၏ စံအိမ်သခင် ကျူထျန်းဇီ ပေါ်လာသည်။
"တကျန်းကံကြမ္မာ အပြောင်းအလဲရဲ့ နောက်ကွယ်ကတရားခံက မင်းလား...."
ကျူထျန်းဇီထံမှ အစွမ်းထက်သော အငွေ့အသက်များ ပေါက်ကွဲထွက်လာပြီး နက်နဲသော အသံဖြင့် ပြောသည်။ ကျူထျန်းကျာ အလွန်ထိတ်လန့်သွားပြီး နဂါးပလ္လင်ပေါ်သို့ လဲကျသွားသည်။ တာအိုဆရာတော်ချင်ရှုနှင့် ရှုမန်တို့က မလှုပ်မယှက်ဘဲ အမြန်ပြန်ဆုတ်သွားခဲ့သည်။
ကျူထျန်းဇီက ကျူထျန်းကျာကို ငုံ့ကြည့်လိုက်ပြီး အနက်ရောင်ဝတ်ထားသော အမျိုးသားကိုပါ ကြည့်နေမိသည်။
အနက်ရောင်ဝတ်ထားသူရဲ့ မျက်နှာဖုံးတစ်ဝက်လောက်က သူ့ကို နားမလည်နိုင်အောင် ဖြစ်သွားစေပြီး သူ့ရဲ့အမူအရာတွေကို မမြင်နိုင်အောင် ဖုံးကွယ်ထားပေးသည်။
“ဒါက ကျုပ်တို့နဲ့ ဘာမှမဆိုင်ဘူး.... ကျုပ်တို့က အစိုးရပိုင်းကိုပဲ ချုပ်ကိုင်ချင်တာ..... မင်းဆက်ရဲ့ကံကြမ္မာကို ထိခိုက်စေချင်ရင် ဧကရာဇ်မင်းကို ဘာကြောင့် ထိန်းချုပ်နေမှာလဲ... ကျုပ်အမြင်အရတော့ ဧကရာဇ်မင်း တစ်ခုခုဖြစ်သွားတာ ဖြစ်နိုင်ချေရှိပြီး သူက လုံချီဘုရားကျောင်းမှာ ရှိနေတယ်…”
အနက်ရောင်ဝတ်ထားသူ၏စကားမဆုံးသေးသော်လည်း သူ့အဓိပ္ပါယ်က သိသာထင်ရှားနေသည်။
ကျူထျန်းဇီ မျက်မှောင်ကြုတ်လိုက်ပြီးစိတ်ထဲတွင် ရှုပ်ယှက်ခတ်နေသည်။ကျူခွမ်းကျိက တကျန်း၏ ရာဇပလ္လင်အတွက် တိုက်ပွဲဝင်နေမှန်း သူမသိခဲ့ပေ။ နောက်ပိုင်းတွင် ကျုခွမ်းကျိ အသတ် ခံခဲ့ရသည်။ ထို့နောက် ကျူထျန်းကျာက ကျုခွမ်းကျိ၏ရည်မှန်းချက်ကို အမွေဆက်ခံပြီး နဂါးအသွင်ပြောင်းစံအိမ်ကိုပါ ထောင်ချောက်ထဲသို့ဆွဲသွင်းခဲ့သည်။
တကယ်တော့ ကျူထျန်းဇီလည်း တကျန်း၏ ကံကြမ္မာ အပြောင်းအလဲဟာ တာအိုဘိုးဘေးနဲ့ ဆက်စပ်နေတယ်လို့ မှန်းဆခဲ့သည်။ ဒါကြောင့် သူစိတ်ရှုပ်နေခြင်းဖြစ်သည်။
တာအိုဘိုးဘေးက တကျန်းကို ဂရုမစိုက်တော့ကြောင်း အခြားသူတွေလို သူလည်းပဲ ခန့်မှန်းခဲ့ဖူးသည်။ သို့သော်လည်း တာအိုဘိုးဘေးသာ တကျန်း၏ ကံကြမ္မာကို ဖျက်ဆီးခဲ့လျှင် အဓိပ္ပါယ် ကွဲပြားသွားမည်ဖြစ်သည်။
ဆိုလိုတာက တာအိုဘိုးဘေးက မကျေမနပ်ဖြစ်နေလို့ပဲ.......တာအိုဘိုးဘေးသာ
မကျေနပ်ရင် ကြီးကြီးမားမား ဖြစ်သွားလိမ့်မယ်........
ကျူထျန်းဇီ ထိုအကြောင်းကို ပိုတွေးလေလေ စိတ်ရှုပ်လေလေဖြစ်ပြီး နဖူးမှ ချွေးအေးများ စီးကျလာသည်။
အနက်ရောင်ဝတ်ထားသူက.... “တာအိုဘိုးဘေးနဲ့ ပတ်သက်တာ တစ်ခုခုရှိတယ်ဆိုရင်တောင် သူလုပ်နေတာ မဟုတ်ဘူး...... တကျန်းရဲ့ ကံကြမ္မာက ချက်ချင်း ပြန့်ကျဲသွားတာ..... ဒါဟာ အင်အားကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ ပျက်စီးမှု မဟုတ်ဘူး...... ကြီးကြီးမားမား တစ်ခုခုတော့ ဖြစ်သွားနိုင်တယ်…”
“မှားတယ်...ဒါ ငါလုပ်တာ......"
မထူးခြားသော အသံတစ်ခု ထွက်ပေါ်လာပြီး လူတိုင်း လှည့်ကြည့်လိုက်ကြသည်။
ကျူထျန်းကျာက သူ့ပခုံးပေါ် လက်တစ်ဖက်ဖြင့် ဖိထားသောကြောင့် ထိတ်လန့်သော အကြည့်ကို ထုတ်ဖော်လိုက်သည်။ မထင်မှတ်နိုင်သော စွမ်းအားတစ်ခုက သူ့အပေါ်ကို ဖိစီးနေကာ သူ့ခန္ဓာကိုယ် မလှုပ်နိုင်ရုံတင်မကဘဲ သူ့ရဲ့အစစ်အမှန်ချီဓာတ် အေးခဲသွားခဲ့သည်။
သူ့အနောက်ဘက်က လူကိုလှည့်ကြည့်လိုက်တော့ ဉီးခေါင်းနောက်မှာ နေရောင်တောက်နေသည့် ရုပ်ပုံသဏ္ဍာန်ကို မြင်လိုက်ရသည်။
ကျန်းချန်ရှန်း.......
တုနှိုင်းမဲ့ယန်အလင်းတန်းက သူ့ခန္ဓာကိုယ်အပေါ်ပိုင်းကို ဖုံးအုပ်ထားကာ သူ့ကို သေမျိုးကမ္ဘာသို့ ဆင်းသက်လာခဲ့သည့် အမတနတ်တစ်ပါးကဲ့သို့ ဖြစ်လာကာ လူတိုင်းကို ဖိအားများပေးစွမ်းနေသည်။
ကျူထျန်းဇီက ချက်ချင်း ဒူးထောက်လိုက်ပြီး..... "မင်္ဂလာပါ... တာအို ဘိုးဘေး..."
တာအို ဘိုးဘေး??????
တာအိုဆရာတော်ချင်ရှုနှင့် ရှုမန်တို့၏ အမူအရာများမှာ ကြောက်ရွံ့ထိတ်လန့်သွားသဖြင့် သိသိသာသာ ပြောင်းလဲသွားသည်။
တကျန်းမှာ တာအိုဘိုးဘေးကို မသိတဲ့သူရှိလို့လား....
"ဘာလို့ ထိတ်လန့်နေတာလဲ...မင်း ဘာအမှားလုပ်ထားလို့လဲ. "
ကျန်းချန်ရှန် ၏ အသံထွက်ပေါ်လာပြီး ကျူထျန်းဇီခင်မျာ အကန့်အသတ်မရှိ ဖိအားများကြောင့် အလွန်မသက်မသာခံစားနေရသည်။
ကျူထျန်းဇီက တုန်တုန်ယင်ယင်နဲ့ ......“ကျုပ်မှားသွားခဲ့ပါတယ်...… သားသမီးတွေကို ကောင်းကောင်းမသွန်သင်နိုင်ခဲ့ပါဘူး.... …”
သူ့အား အလွန်နှိမ့်ချသည်ကိုမြင်တော့ ကျူထျန်းကျာ ပို၍ပင် စိတ်ပျက်အားငယ်သွားကာ သူ့နှုတ်ခမ်းများ ဖြူဖျော့သွားခဲ့သည်။
အနက်ရောင်ဝတ်အမျိုးသား၊ တာအိုဆရာတော်ချင်ရှု နှင့် ရှုမန်တို့ကတော့ စကားမပြောဝံ့ကြပေ။
ကျန်းချန်ရှန်းက သူ့ညာလက်ကို မြှောက်လိုက်ပြီး ကျူထျန်းကျ ရဲ့ ပုခုံးကို ထပ်ပြီး ပုတ်လိုက်ကာ ခဏအတွင်း ကျူထျန်းကျာ ဖုန်မှုန့်အဖြစ်သို့ ပြောင်းလဲသွားသည်။
ဤမြင်ကွင်က အခြားလူများကို ထိတ်လန့်သွားစေပြီး ချက်ချင်း ထွက်ပြေးသွားခဲ့သော်လည်း တံခါးရှေ့တွင် မမြင်နိုင်သော အင်အားဖြင့် ပိတ်ဆို့ခံထားရသည်။
ကျူထျန်းဇီ မော့ကြည့်လိုက်တော့ ကျူထျန်းကျာရဲ့ ပြာတွေက လေထဲမှာ ပျံ့လွင့်နေသည်ကို တွေ့လိုက်ရပြီး နာကျင်စွာ ခေါင်းငုံ့ကာ အံကြိတ်သည်းခံနေရသည်။
"ထွက်လာခဲ့..."
ကျန်းချန်ရှန်းအမိန့်ပေးလိုက်သည်နှင့် မြေပြင်မှ အနက်ရောင်အရိပ်တစ်ခု ထွက်ပေါ်လာသည်။
အရိပ်မည်းကြီးက ကျန်းချန်ရှန်းကို ထိတ်လန့်စွာကြည့်ကာ တုန်တုန်ယင်ယင်အသံဖြင့် "မင်း... မင်းဘယ်လိုလုပ်လိုက်တာလဲ"
သူသည် မြေအောက်၌ ပုန်းအောင်းနေသော်လည်း မမြင်နိုင်သော စွမ်းအားတစ်ခုဖြင့် အတင်းဆွဲထုတ်ခံခဲ့ရသည်။ သူသည် တောနက်ကြီးထဲတွင် အကြာကြီး လှည့်လည်နေခဲ့သော်လည်း ဤကဲ့သို့သော စွမ်းအားမျိုးကို ပထမဆုံးအကြိမ် ကြုံဖူးခြင်းဖြစ်သည်။
"မင်းက ထက်မြက်တဲ့ နည်းဗျူဟာကို တီထွင်ပြီး မင်းဆက်ရဲ့ ကံကြမ္မာကို မင်းလက်ထဲမှာ ရှိတယ်လို့ ထင်နေတာပဲ.... ဒီအခြေအနေတိုင်းဆို မင်းလက်ထဲမှာရှိနေသေးတယ်လို့ ထင်သေးလား....."
ကျန်းချန်ရှန်း တိုးတိုးလေးမေးပေမယ့် သူ့စကားက လူတိုင်းရဲ့နှလုံးသားကို ထိုးဖောက်သွားတဲ့ ချွန်ထက်တဲ့ဓားသွားသဖွယ်ပင်........
အနက်ရောင်ဝတ်ထားသူက ဖြည်းညှင်းစွာဖြင့်.... " တာအိုဘိုးဘေး....တကျန်းရဲ့ ကံကြမ္မာကို ဘာလို့ ချေမှုန်းလိုက်တာလဲ..... အခု ကောလဟာလတွေ နေရာအနှံ့ပျံ့နှံ့နေပြီး တာအိုဘိုးဘေးက တကယ်ပဲဧကရာဇ်ဖြစ်ချင်နေတာလား...."
"မှန်တယ်ဆိုရင် ဘာလုပ်သင့်လဲ"
ကျန်းချန်ရှန်းက အနက်ရောင်ဝတ်ထားသူကို စိုက်ကြည့်နေပြီး သူ့လေသံမှာ ဘာမှမထူးခြားသေးပေ။
အနက်ရောင်ဝတ်ထားသူက ပြုံးလိုက်ပြီး.... “တာအိုဘိုးဘေးက အစွမ်းထက်ပါတယ်.... တာအိုဘိုးဘေးက နန်းတက်ချင်နေတာကြာပီဆိုရင် ငါတို့ဘာလို့ဒီလိုကြံစည်ရမှာလဲ"
ကျန်းချန်ရှန်းက.... "အိုး...... ရာဇပလ္လင်ကို ရယူဖို့အတွက် တခြားမျိုးနွယ်စုတွေနဲ့တောင် ဆက်သွယ်ခဲ့တယ်မလား.... တွေးကြည့်ရအောင်.... သူတို့ကို ထျန်ရှုမျိုးနွယ်စုလို့ခေါ်တယ်မဟုတ်လား"
သူပြောပြီးသည်နှင့် အနက်ရောင် ဝတ်ရုံလူ၏ အမူအရာ ပြောင်းလဲသွားသည်။
အရိပ်မည်းကြီးလည်း ထိတ်လန့်သွားကာအလျင်စလိုဖြင့်..... " ကျုပ်က ထျန်ရှုမျိုးနွယ်စုကမှန်း သိတဲ့အတွက် သွားခွင့်ပြုပါ...ကျုပ်ဘယ်တော့မှပြန်မလာတော့ပါဘူး....."
ကျန်းချန်ရှန်းက သူ့ကို လျစ်လျူရှုပြီး.... "ရှုမန်ဆိုတဲ့ ကလေးကလွဲရင် မင်းတို့အားလုံး သေရလိမ့်မယ်.... တကျန်းကို တက်မက်နေကြတဲ့မင်းတို့မှာ အစွမ်းအစဘယ်လောက်ရှိလဲ ပြကြစမ်း....."
ထိုစကားကိုကြားလိုက်သောအခါ ရှုမန် အံ့အားသွားကာ ဝတ်ရုံနက်လူသားနှင့် တာအိုဆရာတော်ချင်ရှုတို့ကိုလှည့်ကြည့်လိုက်သည်။
အနက်ရောင်ဝတ်ထားသူက အော်ဟစ်ပြီး..... “အမှိုက်က အမှိုက်ပဲ.... မျှော်လင့်ထားသည့်အတိုင်း မအောင်မြင်သေးဘူးပဲ....ဒါပေမယ့် တာအိုဘိုးဘေးရဲ့ စွမ်းအားကို မြည်းစမ်းကြည့်ကြတာပေါ့..... တာအိုဘိုးဘေးရဲ့လက်ထဲမှာ သေသွားတာဟာ ငါမျှော်လင့်ထားတဲ့ ရလဒ်တစ်ခုပဲလေ.......”
သူပြောပြီးသည်နှင့် တပြိုင်နက် ကျန်းချန်ရှန်းဆီသို့ ရုတ်တရက် ပြေးသွားကာ နောက်ဆက်တွဲပုံရိပ်ယောင်များ ချန်ရစ်ခဲ့သည်။ သူ့အရှိန်က အရမ်းမြန်ပြီး ချက်ချင်းဆိုသလို ကျန်းချန်ရှန်း ရှေ့ကို ရောက်လာခဲ့သည်။ လျှို့ဝှက်ဆန်းကြယ်သော အနက်ရောင်စွမ်းအင်များဖြင့် ဝန်းရံထားသည့် သူ၏ညာဖက်လက်ဖဝါးကို မြှောက်လိုက်ပြီး ကျန်းချန်ရှန်းကိုရိုက်ချလိုက်လေသည်။
ဝုန်းးးးးး
အနက်ရောင်ဝတ်ထားသူသည် နဂါးလှေကားထစ်များပေါ်မှ ရုတ်တရက် ပြုတ်ကျလာပြီး သူ၏ ကြွက်သားများနှင့် အရိုးများ ကျိုးပဲ့သွားကာ ခန်းမတစ်ခုလုံး သွေးများ စီးကျလာခဲ့သည်။
အစကနေအဆုံးအထိ ကျန်းချန်ရှန်း တချက်မျှ မလှုပ်ရှားခဲ့ပေ..........