ကမ္ဘာကြီးပေါင်းစည်းခြင်း.....ထျန်းကျင်း......
Vol. 22 Ch. 322
“မဖြစ်နိုင်ဘူး… မဟုတ်ဘူး… ဒါ ဘယ်လိုဖြစ်ရတာလဲ…”
အနက်ရောင်၀တ်ထားသူက မြေပြင်ပေါ်တွင် လဲလျောင်းရင်း နာကျင် စွာ အော်ဟစ်လိုက်သည်၏ သူ့မျက်နှာဖုံး ကွဲသွားကာ သူ့မျက်နှာမှာ စိတ်ပျက်အားငယ်မှုနှင့် မယုံကြည်မှုများ ပြည့်နှက်နေသည်။
တာအိုဘိုးဘေးနှင့်ရင်ဆိုင်ရာတွင် သူရှုံးမည်ကို သိသော်လည်း ဤမျှလောက်မြန်မည်ဟု မမျှော်လင့်ထားပေ။
သူ တာအိုဘိုးဘေးကိုတောင် မထိလိုက်ရသေးဘူး.......
ကျန်းချန်ရှန်းက သူ့ကို ငုံ့ကြည့်နေပြီး သူ့ကို အသက်ရှင်ခွင့်ပေးရတဲ့ အကြောင်းရင်းက သူ့မှာ မေးစရာရှိလို့ပင်ဖြစ်သည်။
အနက်ရောင်ဝတ်အမျိုးသား ချက်ခြင်းရှုံးနိမ့်မှုကို မြင်လိုက်ရသဖြင့် ဆရာတော်ချင်ရှုနှင့် အနက်ရောင်အရိပ်တို့ ထိတ်လန့်သွားကြသည်။ ရှုမန်က တိတ်တဆိတ် ဝမ်းမြောက်ဝမ်းသာဖြစ်ကာ တာအိုဘိုးဘေးအား ကျေးဇူးတင်နေလေ၏။
တာအိုဘိုးဘေးက သူ့ကို လွှတ်ပေးတာ ဒုတိယအကြိမ်ပင်.....
ကျန်းချန်ရှန်းက အနက်ရောင်အရိပ်ကို ကြည့်ပြီး ..." ဒေါသမထွက်နဲ့.... ငရဲပြည်ရောက်သွားတာနဲ့ မင်းရဲ့အပေါင်းအပါတွေနဲ့တွေ့ရမှာပါ...."
ဤသို့ဖြင့် ကြောက်မက်ဖွယ်ကောင်းသော ဖိအားတစ်ခု ကျဆင်းသွားကာ ဖယောင်းတိုင်မီး ငြိမ်းသွားသလိုမျိုး အနက်ရောင်အရိပ် ချက်ချင်း ပျက်သုဉ်းသွားသည်။
ကျန်းချန်ရှန်းက အနက်ရောင်ဝတ်ထားသူကို ကြည့်ပြီး.... “မင်း ကျန့်ယင်းကိုသတ်ခဲ့တယ်မလား...ထားလိုက်တော့ မေးရမှာပျင်းတယ်"
မမြင်နိုင်သော စွမ်းအားတစ်ခုက အနက်ရောင် ဝတ်ထားသူ၏ဦးခေါင်းကို ပင့်မြှောက်လိုက်သည် ။ သူသည် ကြိုးတစ်ချောင်းတပ်ထားသော ရုပ်သေးရုပ်တစ်ရုပ်နှင့်ပင်တူနေသည်။
တာအိုဘိုးဘေးကို မြင်လိုက်သည်နှင့် ရွှေရောင်အလင်းတန်းတစ်ခုကိုပါမြင်လိုက်ရသည်။
မဟာတာအိုမျက်လုံး
ရှုမန်၊ ဆရာတော်ချင်ရှု နှင့် ကျူထျန်းဇီ တို့ တာအိုဘိုးဘေးတို့၏ နဖူးပေါ်ရှိ ရွှေရောင်ဒေါင်လိုက်မျက်လုံးကို ကြည့်လိုက်ကာ အားလုံး အံ့အားသင့်သွားကြသည်။
တာအိုဘိုးဘေးက တကယ်ပဲ ကျန်းမိသားစုဝင်တစ်ယောက်ပဲ......
အတိအကျပြောရလျှင် တကျန်းဧကရာဇ်သည် တာအိုဘိုးဘေးမှဆင်းသက်လာသူဖြစ်သည်။
တော်ဝင်သွေးမျိုးဆက်တွင် မျက်ခုံးနှစ်ခုကြား၌ ဒေါင်လိုက်အမှတ်အသားတစ်ခုရှိခဲ့ပြီး ၎င်းသည် သိုင်းလောကတွင်သာမက သာမာန်လူအများကြားတွင်ပါ ပျံ့နှံ့သွားခဲ့သည်။
တာအိုဘိုးဘေး၏ တတိယမျက်လုံးက ထူးခြားလှပြီး တခါမြင်ဖူးရုံနှင့် တသက် မေ့မရနိုင်ပေ။
မကြာခင်မှာပဲ ကျန်းချန်ရှန်းက အနက်ရောင်ဝတ်လုံနဲ့ လူရဲ့စိတ်အာရုံကို မွှေနှောက်ဖတ်ရှုပြီးပြီဖြစ်သည်။
သူ့လက်ကို မြှောက်လိုက်ပြီး အနက်ရောင်ဝတ်ထားသူ၏ ခန္ဓာကိုယ်ထဲက အနက်ရောင်အော်ရာများကို စုပ်ယူလိုက်ကာ.....
"ရှောင်ပုခူ? အာဃာတဟောင်းတွေ ရှိမယ်လို့ မမျှော်လင့်ထားဘူး....ထားလိုက်ပါတော့ အခု ငရဲကိုသွားပြီး လူဝင်စားပြန်ဖြစ်ဖို့ကြိုးစားပါ......”
မဟာယာနနဂါးမျှော်စင်အကြီးအကဲ ရှောင်တုထျန်း၏သား ရှောင်ပုခူ......
ထျန်းဟိုင်မြို့သို့သွားပြီးနောက် ဤကလေးအား ကျန့်ယင်းက ဖမ်းမိခဲ့ပြီး အလွန်ဒုက္ခရောက်ခဲ့သည်။ နောက်ပိုင်းမှာတော့ ထျန်းဟိုင်မြို့ကို မဟာကန္တရမင်းဆက်သို့ ပြောင်းရွှေ့သွားတဲ့အခါ ရှောင်ပုခူသည် လျှို့ဝှက်ဆန်းကြယ်တဲ့ စွမ်းအားတစ်ခုကို မတော်တဆ ရရှိခဲ့သည်။ဤသည်မှာ ကျန့်ယင်းကို သေဆုံးစေခဲ့သော စွမ်းအားပင် ဖြစ်သည်။
“ကျန်းမင်းဆက် အနှစ်တစ်ထောင် တည်တံ့ဖို့ မဖြစ်နိုင်ဘူး။ မင်းကြောင့်ကျန်းမင်းဆက်ကျဆုံးလိမ့်မယ်...ဒါ့အပြင် မင်းဆက်များစွာ ဖျက်ဆီးခံရရုံသာမက စီရင်စု ဆယ့်သုံးခုကိုလည်း ဒုက္ခဆင်းရဲများ ကျရောက်စေလိမ့်မယ်…”
မသေဆုံးမီ ရှောင်တုထျန်းကျိန်ဆိုခဲ့သော ကျိန်စာအကြောင်း တွေးတောနေခဲ့မိသည်။
ဒီနေ့အဖြစ်ကိုမြင်ရင် ရှောင်တုထျန်း ဘယ်လိုနေမလဲ.......
ကျန်းချန်ရှန်း ပြုံးလိုက်ပြီး ဆရာတော်ချင်ရှုကို မော့ကြည့်လိုက်သည်။
ရှောင်ပုခူ၏ ခန္ဓာကိုယ် ဖုန်မှုန့်များအဖြစ်သို့ ပြောင်းလဲသွားပြီး ခန်းမထဲတွင် ပြန့်ကျဲနေသည်။
ကျန်းချန်ရှန်း သူ့ကို စိုက်ကြည့်တဲ့အခါ ဆရာတော်ချင်ရှု အရမ်းစိတ်လှုပ်ရှားနေပြီး နဖူးပေါ်ရှိ အနက်ရောင် အမှတ်အသားပါ တွန့်လိမ်သွားသည်။
"မင်းဘယ်သူ့ခန္ဓာကိုယ်ကို သိမ်းပိုက်ထားတာလဲ...."ဟု ကျန်းချန်ရှန်း အေးစက်စွာမေးလိုက်သည်။
ဆရာတော်ချင်ရှုက လှောင်ပြောင်သံဖြင့်... “မျှော်လင့်ထားတဲ့အတိုင်း မင်းကို ဖုံးကွယ်လို့ မရဘူးပဲ.... တာအိုဘိုးဘေး.... မင်းတကယ်ပဲ အထက်ကမ္ဘာကလား.... အထက်ကမ္ဘာကလူတစ်ယောက်က ဒီနေရာကို ဘယ်လိုလူဝင်စားနိုင်မှာလဲ....."
ကျန်းချန်ရှန်းက..... "မင်းနောက်ကွယ်ကလူကို ငါကိုယ်တိုင်ဖြေပေးပါ့မယ်"
သူသည် ညာလက်ကို မြှောက်လိုက်ပြီး ဆရာတော်ချင်ရှုအား လက်ဖဝါးကို ညွှန်လိုက်သည်။
ဆရာတော်ချင်ရှု အိပ်မက်မက်နေသည်..... သူသေပြီဟု အိပ်မက်မက်သော်လည်း သူ့ခန္ဓာကိုယ်က ပြန်လှုပ်ရှားလာသည်။ ကိုယ်ပိုင်လက္ခဏာကို ဖုံးကွယ်ပြီး ကောင်းကင်နှင့်မြေကြီးကြားတွင် လျှောက်လှမ်းနေပြီး သူ့ခန္ဓာကိုယ်ကို ဘေးနားမှ ကြည့်နေရသည်။
သူ့ခန္ဓာကိုယ်သည် တာအိုဘိုးဘေးနှင့်ကြုံတွေ့သေယအခါ ရင်းနှီးသည်ဟု ယောင်ဝါးဝါး ခံစားမိသည်။
“ဆရာတော်....”
ရင်းနှီးသောအသံတစ်ခုက ဆရာတော်ချင်ရှု၏အသိစိတ်ကို လက်တွေ့ကမ္ဘာသို့ပြန်လည်ခေါ်ဆောင်ခဲ့သည်။ မျက်လုံးကို ဖြည်းညှင်းစွာဖွင့်ကြည့်လိုက်တော့ သူ့ရှေ့မှာ ရပ်နေတဲ့ လူတစ်ယောက်ကို တွေ့လိုက်ရသည်။
"ချန်... ချန်ရှန်း....."
ဆရာတော်ချင်ရှု မျက်မှောင်ကြုတ်ပြီး တုံ့ဆိုင်းစွာဖြင့် မေးလိုက်သည်။
ကျန်းချန်ရှန်းက သူ့မျက်နှာကို ယန်အလင်းတန်းဖြင့် ဖုံးကွယ်ထားခြင်းကိုရုတ်သိမ်းထားသည်။ ဒါတောင် အနှစ်သုံးရာကြာပြီးတဲ့ နောက်မှာတော့ သူ့ရဲ့ စိတ်နေစိတ်ထား ပြောင်းလဲသွားခဲ့ပြီး နိုးထလာတဲ့ ဆရာတော်ချင်ရှုကို မသေချာမရေရာ ဖြစ်စေခဲ့သည်။
“ဟုတ်ပါတယ်...ကျွန်တော် ချန်ရှန်းပါ....”
ကျန်းချန်ရှန်းက ပြုံးပြီး ပြောလိုက်သည်။ ဆရာတော်ချင်ရှု၏ ဝိညာဉ်ကို ပြန်တွေ့သောအခါ သူ စိတ်လှုပ်ရှားသွားသည်။
ဆရာတပည့်နှစ်ယောက် အဝါရောင်နွေဦးစမ်းချောင်း အနားတွင် ရပ်နေကြသည်။ ဆရာတော်ချင်ရှုက သူ့ခေါင်းကို လှည့်ကြည့်တော့ ရှည်လျားစွာတန်းစီနေသော ဝိဉာဉ်များကိုတွေ့လိုက်ရသည်။ စိတ်ဝိညာဉ်နှင့် တကယ့်လူသားကြားတွင် ကြီးမားသော ခြားနားချက်တစ်ခု ရှိခဲ့သည်။ မှိန်ပျသော မြေအောက် လောကတွင် ဝိညာဉ်များသည် ကြည်လင်တောက်ပနေပြီး စိမ်းစိုနေသော မီးရောင်ဖြင့် လင်းထိန်နေသည်။
ဆရာတော်ချင်ရှုက..... "ငါသေပြီလား?"
ကျန်းချန်ရှန်းက... “ဟုတ်တယ် ဒါက ငရဲပဲ .. ငရဲကိုရောက်ပြီးတာနဲ့ ဆရာတော် လူပြန်ဝင်စားပြန်ဖြစ်နိုင်ပြီ...ဆရာတော်ရဲ့နောက်ဆုံးခရီးကို လိုက်ပို့ပေးဖို့ကျွန်တော်ဒီကိုရောက်နေတာ....."
ဆရာတော်ချင်ရှုက ကျန်းချန်ရှန်းကို သေချာအကဲခတ်ကာ....."ချန်ရှန်း မင်းပြောင်းလဲသွားပြီ.....အချိန်တော်တော်ကြာသွားပုံရတယ်နော်....”
"ဟုတ်တယ်...အချိန်တွေအတော်ကြာခဲ့ပြီ......"
"လုံချီ ဘုရားကျောင်းရော တကျန်းပါ အင်မတန်တိုးတက်နေပြီ...."
ကျန်းချန်ရှန်းက လုံချီ ဘုရားကျောင်း၏အခြေအနေကို အတိုချုံးပြောပြပြီး ဆရာတော်ချင်ရှု ထိုစကားကိုကြားသောအခါ ပြုံးလိုက်သည်။
ကျန်းချန်ရှန်း ငယ်ငယ်ကတည်းက သူနဲ့ ဆရာတော်ချင်ရှုကြားမှာ ပြောစရာ သိပ်မရှိခဲ့ပေ။ အခုလည်း အရင်လို ပြောစရာစကားသိပ်မရှိခဲ့ပေ။ ခဏကြာတော့ နှစ်ယောက်သား တိတ်ဆိတ်သွားပြန်သည်။
ဆရာတော်ချင်ရှုက ကျန်းချန်ရှန်း၏ ပခုံးကို ပုတ်ရန် သူ့လက်ကို မြှောက်လိုက်သော်လည်း သူသည် စိတ်ဝိညာဉ်သာဖြစ်သောကြောင့် ဘာမှမထိတွေ့နိုင်ပေ။
“ သေတယ်ဆိုတာ ဒီလိုမျိုးလား...တော်တော်ကောင်းသားပဲ....မင်းပြန်တော့ ငါလည်း သွားတော့မယ်...."
ဆရာတော်ချင်ရှုက တခစ်ခစ်ရယ်ပြီး အဝေးကလူတန်းရှည်ဆီသို့ လျှောက်သွားသည်။
ကျန်းချန်ရှန်းကတော့ သူထွက်သွားတာကို ကြည့်နေခဲ့သည်။
ခြေလှမ်းဆယ်လှမ်းလှမ်းပြီးနောက်၊ ဆရာတော်ချင်ရှု ရုတ်တရက် ရပ်လိုက်ပြီး သူ့ကို လှည့်ကြည့်လိုက်သည်။
ဆရာတပည့်နှစ်ယောက် တစ်ယောက်ကို တစ်ယောက် ကြည့်နေကြပြီး ဆရာတော်ချင်ရှုက ဘာမှ မပြောဘဲ ပြုံးရုံသာပြုံးပြီး လမ်းဆက်လျှောက်သွားသည်။
ကျန်းချန်ရှန်း ဆရာတော်ချင်ရှု၏ ကျောပြင်ကို ကြည့်ကာ သက်ပြင်းချလိုက်သည်။ထို့နောက် အပြစ်ပေး အကြီးအကဲထံသို့ သတင်းစကားတခု တိတ်တဆိတ် ပေးပို့ပြီး ပျောက်ကွယ်သွားခဲ့သည်။
ဆရာတော်ချင်ရှု ပြန်လှည့်ကြည့်
သောအခါ ကျန်းချန်ရှန်းကို မတွေ့ရတော့ပေ။
" တာအိုဘိုးဘေး? ဒါဆို ဒီနာမည်က အမှန်ပဲပေါ့...."
...................................
စက်တင်ဘာလတွင် နောက်ထပ် ကောလာဟလတစ်ခု တကျန်းတွင် ပျံ့နှံ့ခဲ့သည်။ လာမည့်နှစ်အစတွင် တာအိုဘိုးဘေးသည် ကျင်းချန်တွင် မင်းဆက်သစ် တည်ထောင်ပြီး ကံကြမ္မာကိုအသစ်ပြန်လည်ပြင်ဆင်မည်ဖြစ်သည်။
ယခင်ကကဲ့သို့ပင် ကောလာဟလများက အလွန်လျင်မြန်စွာ ကျယ်ပြန့်လာသည်။ဤကောလဟယလ၏ နောက်ကွယ်တွင် မည်သူရှိမည်ကို မသိနိုင်ပေ။
တုံလင်းပြည်နယ်၏မြို့တော်တွင်.......
ခရိုင်ဝန်ကြီး ယုလင်း မျက်မှောင်ကြုတ်ကာ စားပွဲထိပ်တွင် ထိုင်နေပြီး သူ့ဘေးနားက လက်ဖက်ရည်ခွက်ကို ကောက်ယူလိုက်တော့ လက်ဖက်ရည်မကျန်တော့တာကို တွေ့လိုက်ရသည်။
ထိုအချိန်တွင် စစ်သူကြီးတစ်ဦး ပြေးဝင်လာပြီး သူ့ရှေ့တွင် ဒူးထောက်လိုက်ကာ.....
"ဝန်ကြီးချုပ်ဟောင်းချန်းလီက နှစ်ကုန်ရင် ရှီပြည််နယ်ကို လာခဲ့ဖို့ သခင်ကြီးဆီ ဖိတ်ကြားလွှာပို့လိုက်ပါတယ်...."
" တာအိုဘိုးဘေး နန်းတက်တော့မယ်ဆိုတဲ့ သတင်းက မှန်ပါတယ်... သခင်ကြီး မဘယ်လိုထင်ပါသလဲ..."
ထိုစကားကိုကြားတော့ ယုလင်း၏ ခန္ဓာကိုယ်သည် ချက်ချင်း ပျော့ခွေသွားပြီး သူ့မျက်နှာမှာ ချွေးအေးများဖြင့် ဖုံးလွှမ်းသွားသည်။
" တာအိုဘိုးဘေး ထီးနန်းတက်မယ်... တာအိုဘိုးဘေးက ဘုရင်လုပ်မယ်.... ရယ်စရာကောင်းတယ်။ ရယ်စရာကောင်းတယ်..... ငါတို့တွေ နှစ်ပေါင်းများစွာ တိုက်ပွဲဝင်ခဲ့ကြပေမယ့် တာအိုဘိုးဘေးက လက်လေးတချက်မြှောက်လိုက်ရုံနဲ့ ဘုရင်ဖြစ်သွားရောလား....ဟားးးးဟားးး ရယ်စရာကောင်းလိုက်တာ...."
စစ်သူကြီးက ယုလင်းကိုမော့ကြည့်ပြီး “ တာအိုဘိုးဘေး နန်းတက်တော့မယ်...ကျွန်တော်တို့ တိုက်သင့်သလား မတိုက်ဘူးလား....”
ယုလင်း သူ့ကို စိုက်ကြည့်ရင်း.... " တာအိုဘိုးဘေးတွေသာ တိုင်ကျုံးရဲ့ အဖေဆိုရင် ငါတို့က ဘာဖြစ်မလဲ....သူခိုးတွေလား.... ငါကတော့ သူ့အမိန့်ကိုမနာခံနိုင်ဘူး....အခုချက်ချင်းကြေငြာလိုက်စမ်း.... တုံလင်း ပြည်နယ်ကို လုံခြုံရေးတင်းကြပ်ပါ.... တခြားဘုရင်ခံတွေဆီ ငါကိုယ်တိုင်စာရေးပြီး သေချာမေးမြန်း... …”
ယုလင်း စကားမဆုံးခင်မှာ စစ်သူကြီးက ယုလင်းကို ခေါင်းဖြတ်ကွပ်မျက်လိုက်သည်။ သူ့လည်ပင်းမှ စမ်းရေကဲ့သို့ သွေးများ စီးကျလာကာ စစ်သူကြီး၏ မျက်နှာမှာ သွေးများ စွန်းထင်းနေသည်။စစ်သူကြီးက ကြောက်မက်ဖွယ်ကောင်းသော အပြုံးတစ်ခုကို ထုတ်ဖော်လိုက်ပြီး မတ်တပ်ထရပ်ကာ ယုလင်း၏ခေါင်းပြတ်ကို ခြေတစ်ဖက်ဖြင့် နင်းလိုက်သည်။
"မင်း တာအိုဘိုးဘေးရဲ့ ဆန္ဒကို မနာခံဘူးလား... တာအိုဘိုးဘေးမှာ ယုံကြည်သူတွေ ဘယ်လောက်ရှိသလဲ သိရဲ့လား....မင်းမှားနေတယ်... မင်းက သူခိုးပဲ.... ဒါပေမယ့် ငါကတော့ သူခိုးကိုသတ်ခဲ့တဲ့ တာဝန်သိစစ်သူကြီးဖြစ်သွားပြီ...."
ဘန်းးးးးး
သူသည် ယုလင်း၏ဦးခေါင်းကို ခြေတစ်ဖက်ဖြင့် ဖိနင်းလိုက်ရာ ဉီးနှောက်နှင့်သွေးစများ ရောနှောကာ မြေပြင်တစ်ခုလုံး ပြန့်ကျဲသွားသည်။
နှစ်ကုန်ပိုင်းတွင် နှင်းများထူထပ်စွာကျဆင်းနေပြီး နှစ်ပေါင်းများစွာကြာအောင် ဆိတ်သုဉ်းခဲ့သည့် သ်ိုင်းတောင်ထွတ် တစ်ဖန်ပြန်လည်အသက်ဝင်လာခဲ့သည်။ နေ့တိုင်း ဘုရားဝတ်ပြုသူ အများအပြား တောင်ပေါ်သို့တက်လာကြပြီး ကျင်းချန်မြို့၏ တံခါးလေးပေါက်တွင် ရထားများ၊ မြင်းများဖြင့် ပြည့်နေသည်။
လုံချီ တောင်ပေါ်၌.....
ကျန်းချန်ရှန်းက လက်ဖက်ရည်သောက်နေပြီး ကျန်းရွှမ်ကျန့်နှင့်အတူ ချန်းလီ၊ ကိုယ်တော်ပိုင်၊မုရွမ်းဂန်၊ရှုထျန်းကျိနှင့် ယန်ချယ်တို့လဲ အတူရှိနေကြသည်။
“ဘုရင်ခံ ၄၇ယောက်က သူတို့ရဲ့ စစ်တပ်အာဏာကို လွှဲပြောင်းပေးဖို့ ရွေးချယ်ခဲ့ပြီး ဘုရင်ခံ ၁၈ယောက်ကိုတော့ သူတို့ရဲ့လက်အောက်ငယ်သားတွေက သတ်ပစ်ခဲ့တယ်...."
ချန်းလီသည် လက်ရှိတွင် တကျန်း၏ အရေးကိစ္စများကို သတင်းပို့နေပါသည်။
ကျန်းရွှမ်ကျန့်ကတော့ ထိုသတင်းကြားပြီး တိတ်တဆိတ် ထိတ်လန့်သွားသည်။
ဘိုးဘေးဆီက စာကြောင်းလေးတစ်ကြောင်းကြောင့် တကျန်းတခုလုံးဗြောင်းဆန်ကုန်ပြီ........
ကျန်းချန်ရှန်းကတော့ မတုန်လှုပ်ပေ။ သူ၏နောက်လိုက်များစွာ တကျန်းတွင်ရှိပြီး ချန်းလီက ကောလာဟလများကိုဖြန့်ရန်အတွက် စိတ်ဝိဉာဉ်နယ်ပယ်ကျွမ်းကျင်သူများကိုအသုံးပြုနေပါသည်။ ဘုရင်ခံများ မည်မျှပင် ခက်ခက်ခဲခဲ စုံစမ်းစစ်ဆေးနေပါစေ ကောလဟာလ၏ အရင်းအမြစ်ကို ရှာမတွေ့ပေ။
ချန်းလီတင်ပြပြီးသည်နှင့် ကိုယ်တော်ပိုင် က...... "တာအိုဘိုးဘေး၊ နန်းတော်ကို ပြန်လည်ပြုပြင်ပြီးပါပြီ.... တိုင်းပြည်အတွက်ကံကြမ္မာလက်နက်ကို တကယ်တည်ဆောက်ဖို့ မလိုအပ်ဘူးလား”
ကိုယ်တော်ပိုင်က နေရာစုံသွားလာဖူးသဖြင့် သူ့လက်အောက်တွင် ပညာရှင်အဖွဲ့တစ်ဖွဲ့ရှိကာ ၎င်းတို့အားလုံးသည် မြင့်မြတ်သောမင်းဆက်မှဖြစ်ပြီး ကံကြမ္မာနှင့်ပတ်သတ်သည့်ကိစ္စများကို ကျွမ်းကျင်ကြသည်။
ကျန်းချန်ရှန်းက..... “မလိုပါဘူး..... ကံတရားကို ကိုယ်တိုင်ဖန်တီးပေးပါ့မယ်....."
သူသည် နန်းတက်ပွဲအခမ်းအနားတွင် သူ၏ကံကြမ္မာကို ထူထောင်ရန် ပြင်ဆင်ထားပြီး တကျန်းက သူ၏ကံတရားကို လက်ခံကာ ကာကွယ်မှုကို ခံစားနိုင်စေရန်အတွက် တကျန်းတစ်ခုလုံးကို သူ့ကံတရားနှင့် ဖုံးအုပ်ထားမည်ဖြစ်သည်။ တကျန်းပြည်သူများ အားကောင်းလာသည်နှင့်အမျှ တိုင်းပြည်ကံကြမ္မာ အားကောင်းလာကာ သူ၏ကံကြမ္မာသည်
လည်း အားကောင်းလာမည်ဖြစ်သည်။
တစ်နည်းအားဖြင့် သူသည် တကျန်း တစ်ခုလုံးကို ကျွန်အဖြစ်ခိုင်းစေခြင်းနှင့် ညီမျှသည်။ သို့သော် တကျန်းအတွက် ငြိမ်းချမ်းရေးပေးနိုင်သရွေ့ ၎င်းအား ကျွန်အဖြစ် သတ်မှတ်မည်မဟုတ်ပေ။ ဒါက ကျန်းချန်ရှန်း နန်းတက်ရတဲ့ အကြောင်းရင်းတွေထဲက တစ်ခုပင်ဖြစ်သည်။
သူသည် လူသားမျိုးနွယ်နှင့် မဟာကန္တာရမင်းဆက်ကို ပေါင်းစည်းရန် တကျန်းကို ဦးဆောင်လိုခဲ့သည်။ ထိုအခါ မျိုးနွယ်စုအားလုံ သူ၏ကံတရားတွင် ပေါင်းစည်းပြီး ပိုမိုအားကောင်းလာစေရန် ကူညီပေးနိုင်လိမ့်မည်။
အင်မော်တယ်တာအို တည်ထောင်ဖို့ အတွက်တော့ လောလောဆယ်တော့ သူ ဘာမှ မလုပ်နိုင်သေးပေ။
ပြောရရင်တော့ ထူးဆန်းနေပေလိမ့်မည်။ သူသည် ဤလောက၏အရှင်သခင်ထက်ပင် ခွန်အားကြီးနေပြီဖြစ်သည်။
သိုင်းတာအိုကမ္ဘာ ဖြစ်သော်လည်း သူသည် အခြားသူများကို ကျင့်ကြံနည်းများ မဖြန့်ဝေနိုင်ခဲ့ပေ။
သိုင်းတာအိုကမ္ဘာ........
ဤကမ္ဘာသည် အင်မော်တယ်အာအိုကိုလက်မခံနိုင်ရုံသာမက ၎င်းကို ငြင်းပယ်သည့် မြင့်မားသော စည်းမျဉ်းများလည်း ရှိသည်ဟု သူသံသယရှိခဲ့သည်။
လုံလုံလောက်လောက် ကြံ့ခိုင်နေသရွေ့တော့ သူ အလျင်လိုနေစရာမလိုပေ။
အင်မော်တယ်မက်မွန်ပင်ကို တာအိုကမ္ဘာတွင် စိုက်ပျိုးထားပြီးဖြစ်သည်။အင်မော်တယ်မက်မုံပင်သည် အနောက်ဘက်သို့ ခရီးသွားခြင်းဒဏ္ဍာရီထဲကမက်မုံပင်ဆိုသည်မှာ ချဲ့ကားပြောဆိုနေခြင်းမဟုတ်ပေါ အသီး သီးရန် အနှစ်တစ်ထောင်သာ လိုအပ်ပြီး အသီး တစ်လုံးသည် လူသားတစ်ယောက်၏ သက်တမ်းကို အနှစ် ၁,၀၀၀ သာ သက်တမ်းတိုးနိုင်သည်။
အနှစ် 1,000 လုံလောက်ပြီ!
ကျန်းချန်ရှန်းက လူတိုင်းကို ကြည့်ပြီး.....
“ကျန်အသေးအဖွဲ ကိစ္စတွေကို ဝန်ကြီးချုပ် သုံးယောက်ဆီလွှဲထားခဲ့မယ်။ လာမယ့်နွေဦးရာသီမှာ အရာအားလုံးကို ပြင်ဆင်ထားရမယ်.....”
ဝန်ကြီးချုပ်သုံးဦးမှာ ချန်လီ၊ကိုယ်တော်ပိုင်နှင့် ယန်ချယ်တို့ဖြစ်သည်။
ယန်ချယ်သည် ယန်မိသားစု၏ နောက်ကွယ်မှ သခင်ဖြစ်သည်။ သူသည် နှစ်ပေါင်းများစွာ တံခါးပိတ်ကျင့်ကြံနေခဲ့ပြီး ယခုအချိန်တွင် သူ့ကို ကျန်းချန်ရှန်းက ဆင့်ခေါ်ခဲ့ခြင်းဖြစ်သည်။ သူကိုယ်တိုင်လည်း ကျန်းချန်ရှန်း အတွက် အလုပ်လုပ်ရန် ဆန္ဒရှိသည်။
ယန်ချယ်က စိတ်ဝင်တစားဖြင့်.... " တာအိုဘိုးဘေး ... နန်းတက်ပြီးရင် တကျန်း ဆိုတဲ့ နာမည်ကို ပြောင်းမှာလား... "
ကျန်းချန်ရှန်းက “မင်းဆက်သစ်ဖြစ်တော့ အသွင်အပြင်အသစ်နဲ့စတင်ရမယ်...ဒီနယ်မြေကို ကောင်းကင်မြင်ကွင်းနယ်မြေလို့ အမည်ပေးခဲ့တယ် မဟုတ်လား...အခူကစပြီး တကျန်းကို ထျန်းကျင်းလို့ အမည်ပြောင်းလိုက်ပြီ..... ထျန်းကျင်းမှာ အရာရှိများတွေက အရပ်ဘက်နှင့် စစ်ဘက်ရေးရာတွေကနေ ကုသိုလ်ကံတရားတွေ စုဆောင်းနိုင်တယ်... လုံလောက်တဲ့ကုသိုလ်ကံတရားရှိရင် အနာဂတ်မှာ ကောင်းကင်နန်းတော်ကို တက်လှမ်းနိုင်ပြီး အင်မော်တယ်နတ်ဘုရားတွေရဲ့ ကံကြမ္မာကို ခံစားနိုင်မယ်......”
ကောင်းကင်နန်းတော်.......
လူတိုင်း၏ မျက်လုံးများ တောက်ပလာသည်။ ချန်းလီမှလွဲ၍ လူတိုင်း၏အသက်ရှူသံများ လျင်မြန်လာပြီး အင်္ကျီလက်စများမှာလည်း တုန်ရီနေသည်။
ဒါသာကြောက်လန့်နေခြင်းမဟုတ်ဘဲ စိတ်လှုပ်ရှားနေကြခြင်းကြောင့်သာပင်......